Thursday, May 27, 2010

ဂျူလီယာပို့ပေးခဲ့တဲ့မေးလ်နဲ့ ဟောဒီကဗျာကိုရေးဖွဲ့တယ်


ဂျူလီယာပို့ပေးခဲ့တဲ့မေးလ်နဲ့ ဟောဒီကဗျာကိုရေးဖွဲ့တယ်
ဆောင်းယွန်းလ

ဂျူလီယာရေးလိုက်တဲ့ မေးလ်ထဲမှာ
မီးတွေမှောင်နေတယ်
ပြီးတော့..မီးတွေလောင်နေတယ် အချစ်ရေတဲ့...

ကျည်ဆန်ပါတဲ့ ဗုံးတွေကွဲနေတယ်
ရေမပါတဲ့ ပုံးတွေပေါက်နေတယ်
ကန်တွေခြောက်နေတယ် မြစ်ရေနောက်နေတယ် အချစ်ရေတဲ့...

မြေထုခြောက်နေတယ် လေထုပျောက်နေတယ်
ငတ်မွတ်မှုက အစာအိမ်မှာ အပင်ပေါက်နေတယ်
မေတ္တာတွေပျောက်နေကြတယ်
ပြီးတော့..သစ္စာတွေဖောက်နေကြတယ် အချစ်ရေတဲ့...

တချို့ကလည်း
အဆန်မပါတဲ့ အမြှောက်တွေဖောက်နေရင်း
အသံ“အ”နေတဲ့ ဇာတ်ကိုခင်းထားကြတော့
လေညင်းကလေးနဲ့ ဝေးနေတာကြာလှပေါ့ အချစ်ရေတဲ့…

လူမှုရှုခင်းကအစ
သဘာဝရှုခင်းအလယ် နိုင်ငံ့ရှုခင်းအဆုံး
စ လယ် ဆုံး မီးလောင်ပြာဖုံးနေပြီး
လူဖြစ်ရှုံးနေခဲ့ရတာလည်း ကြာလှပေါ့ အချစ်ရေတဲ့…

ဂျူလီယာရယ်…
နင်ရေးလိုက်တဲ့ အီလက်ထရောနစ် မေးလ်ထဲက
မျက်ရည်ပြာတွေဝဲနေရှာတဲ့ စကားလုံးဝါဝါတွေကို
နှလုံးသားမရှိတဲ့မျက်စိနဲ့ ဖတ်ကြည့်လို့ရနိုင်မတဲ့လားကွယ်.....

ဂျူလီယာရေ..ကောင်မလေးရဲ့
ငါက ရင်ခုန်တတ်ရုံရှင်သန်နေတဲ့ နှလုံးသားတစုံနဲ့
တိုင်းပြည်ရဲ့သတ်ပုံတွေကို ဖွင့်ဖတ်ကြည့်ခဲ့သူမဟုတ်ပါဘူး.....

တိုင်းရေး ပြည်ရာကိစ္စမှာ
ဟိုအချစ်သီချင်းလေးတပုဒ်ထဲကလို
“မြင်ရုံကြင်ရုံ ရင်ခုန်စွာပင်
အဝေးကနေပဲ တိတ်တိတ်ချစ်လို့”တော့ မရနိုင်ဘူးဆိုတာ
နင်လည်းကောင်းကောင်းသိမှာပါ ဂျူလီယာ…..

ဒါကြောင့်..အနက်ရှိုင်းဆုံးသော ဒဏ်ရာတွေရနေခဲ့သူဟာ
တဘဝလုံးစာအနာကို နှလုံးသားနဲ့ဝါကျဖွဲ့လို့
နင်ပို့ပေးခဲ့တဲ့မေးလ်နဲ့ ဟောဒီကဗျာကိုရေးဖြစ်ခဲ့တယ် ဂျူလီယာ…..။ ။

ဆောင်းယွန်းလ
© http://www.saungyunela.blogspot.com/
Ethnic Watch Statement, May 22, 2010

Wednesday, May 26, 2010

လူကြီး/လူကောင်း

လူကြီး/လူကောင်း
မောင်ယုပိုင်

ခုကနေစ အရန်မီးသတ်တပ်ဖွဲ့ထဲ ဝင်လိုက်တယ်။ နောက်မကျသေးပါဘူး။
ချစ်သူတစ်ယောက်၊ ကြင်နာသူတစ်ယောက်၊ ကလေးမလေးတစ်ယောက်
ပေါင်းသုံးယောက် ‘အဖော်’ ရှာထားတယ်။

အခုမှ စမယ်၊ ဒါပေမယ့် ဘာသင်တန်းမှ မတက်တော့ဘူး။
ဘာအနာဂတ်စီမံကိန်းမှ မဆွဲတော့ဘူး။ အခြေအနေအရ အပြောင်းအလဲရှိနိုင်တယ်။

သဘာဝဘေးအန္တရာယ်ကပ်၊ စီးပွားရေးကပ်၊ အခု ကပ်ရောဂါ၊
ကမ္ဘာနဲ့ချီ ဖြစ်လာမှတော့လည်း မတတ်နိုင်ဘူး။
ကိုယ့်ဖက်က ခုခံအားကျဆင်းမသွားဖို့ပဲ။

အသွားအလာပျက်စရာ မရှိပါဘူး။
‘စာ’ ပိုဖတ်လာတယ်။ စွဲလည်းစွဲလန်းပြီး တတ်လည်းတတ်နိုင်တာ
ရုပ်ရှင်/တေး/ကဗျာပဲ ကျန်တော့တယ်လို့ ကိုယ့်အကြောင်းကိုယ် ရှင်းလာတယ်။

အကြိမ်ရာထောင် အမှားထဲက သင်ခန်းစာယူရင်း ကဗျာအက်ဒီဆင် မီးသီးလင်းလာတယ်။
ရှာဖွေရင် ရှာဖွေတဲ့ အလုပ်တစ်ခု တိုးရုံပဲရှိမယ်ဆိုတဲ့ ‘ဇင်’ သဘောနဲ့ပြောရရင်
ကဗျာဟာ ငါ့ခန္ဓာမှာ ရှိပြီးသား။ ငါ ဥာဏ်ရောက်သလောက် ပြောသွားမယ်။

ငရဲနဲ့ ကောင်းကင်ဘုံဟာ ငါ့အထဲမှာ။ အိန်ဂျယ်ရော ဒီမွန်ပါ ငါ့အထဲမှာ။
ဆိုတော့ လေတွေနည်းနည်း လျော့လာတယ်။

ဘယ်သူတွေ တရားပျက်ပျက်ပေါ့၊ ရန်သူ မရှိဘူး၊
ဒါပေမယ့် မိတ်ဆွေလည်း လက်ချိုးရေလို့ ရလာတယ်။
ပစ္စုပ္ပာန်နဲ့တည့်တည့် ကျလာတယ်။ စိတ်ကိုတစ်နည်းနည်းနဲ့
ပြောင်းလဲစေတာ ကြိုက်လာတယ်။ ငါ့ဘို့နဲ့ သူမဘို့ပဲ စဉ်းစားတော့တယ်။

ဘဏ်ဓါးမြရုပ်ရှင်တွေ ကြိုက်လာတယ်။
ဘာဖြစ်လဲ၊ မသိရင် မသိဘူးပေါ့၊ မရှိရင် မရှိဘူးပေါ့။ ကားချပ်တွဲတွေ
ကြိုက်ရင်ကြိုက်တယ်ပေါ့၊ သောက်လုံးစားလုံး ကြီးရင် ကြီးတယ်ပေါ့။

ဒါပေမယ့်ပေါ့၊ ငတေမာရင် ပြီးရောတော့ မဟုတ်ဘူး။
ယနေ့နိုင်ငံတကာကို မသိလို့တော့ မဟုတ်ဘူး။
ဝေါ့ဒစ္စနေရဲ့အဆုံးအမတွေ မေ့သွားလို့ မဟုတ်ပါဘူး။

ဒိထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး။
တစ် ဒီအရပ် ဒီဇာတ်မှာ
နှစ် အသက်ကလေးက နည်းနည်းရလာတဲ့ အကြောင်းပါပဲ။ ။

မောင်ယုပိုင်
(၂၀ဝ၉ ဇူလိုင်)
© http://www.mgyupie.co.cc/
ကဗျာဆရာ ကိုစောဝေ ပြန်လည်လွတ်မြောက်လာ

Tuesday, May 25, 2010

Red Cross: ဝေဒနာ များနေပါစေ စေတနာ မရှားစေနဲ့

Red Cross: ဝေဒနာ များနေပါစေ စေတနာ မရှားစေနဲ့

ကြက်ခြေနီဆိုတာ ပြောဘို့တောင် မလိုအောင် မွန်မြတ်-လိုအပ်တဲ့ လုပ်ငန်းပါ။ မီးသတ်ဆိုတာလည်း မီးသတ်ရတာအပြင် မြို့ပြ (အက်ဆီးဒင့်) တခုခုဖြစ်ရင် အသက်ကို ပဓာနမထားဘဲ အကူအညီပေးရတဲ့ ကုသိုလ်အလုပ် ဖြစ်ပါတယ်။ ကြက်ခြေနီ၊ မီးသတ်အဖွဲ့တွေဟာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ ရေကြီး၊ မီးလောင်၊ မုန်တိုင်းမွှေ၊ မြေပြို၊ လေယာဉ်ပျက်၊ ငလျင်လှုပ်၊ ရထားမှောက်၊ ဒုက္ခရောက်တာမှန်သမျှ တီဗွီက မြင်နေနေရတာမို့ “သာဓု” ပါဗျို့။

တွေ့ဖူးသမျှ ဘေးအန္တရာယ်ကျ၊ ဒုက္ခရောက်ရတာတွေမှာသာ Red Cross, Rescue Team တွေက ကူညီကြရတယ်။ တခြားနေရာ၊ တခြားအလုပ် ဒီလူတွေ ၀င်ရှုတ်တာ မတွေ့ဖူးသေးဘူး။ တခြား (ကင့်ပိန်း) တွေမှာပါတာကိုလည်း တီဗွီရော၊ ရုပ်ရှင်မှာပါ မကြည့်ဖူးသေးဘူး။ သူတို့ကို တတ်ကျွမ်းအောင်လည်း သင်ပေးထားသလို အသုံးအဆောင်မှန်သမျှကိုလည်း ခေတ်နဲ့အညီ၊ နည်းပညာနဲ့အမီ တပ်ဆင်ပေးထားကြတယ်။ ကြက်ခြေနီအလုပ်၊ မီးသတ်အလုပ်နဲ့ မဆိုင်တာတွေကိုတော့ သင်ပေးတာ၊ ဆင်ပေးတာ မတွေ့ဖူးဘူး။ ဗဟုသုတ နည်းသေးလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။

အမြဲ ယူနီဖေါင်း ၀တ်ရတာ စစ်သား၊ ရဲသား၊ စက်ရုံလုပ်သား စသူများမှာ ထုံးစံပါ။ ပရဟိတ စိတ်ဓါတ်ဟာ လူ့စိတ်ဓါတ် ဖြစ်လို့ အဖွဲ့ဝင်ဖြစ်စရာ၊ ယူနီဖေါင်းမပါလည်း စေတနာဟာ စေတနာပါပဲ။ မြို့နယ်တခုမှာ တာဝန်ကျတုန်းက တွေ့ရတာတခု။ ယူနီဖေါင်းတွေတော့ ရှိပါရဲ့၊ အရစ်တွေရော၊ အပွင့်တွေပါ။ မီးသတ်ကားကတော့ အင်ဂျင်ကမကောင်း၊ တာယာကဟောင်း၊ ရောင်းလည်း မဖြစ်။ မီးသင့်ရင် သူတို့အရင် ပုဆိုး ခါးတောင်းကျိုက်တွေက ကိုယ့်ရေပုံးကိုယ် ဆွဲလာကြရတယ်။

ကြက်ခြေနီဆိုတာ လူငယ်ဘ၀က စကြတာများတယ်။ လူငယ်ဘ၀မှာ စေတနာမှန်သူ၊ ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်သူ၊ မလုပ်သင့်တာ မလုပ်သူတွေဟာ ကြီးလာရင်လည်း ဒီအတိုင်း ဖြစ်လာတတ်တယ်။ သေးသေးမို့ အရေးမကြီးပါဘူး။ ငယ်သေးတော့ ဘာအရေးလဲဆိုတာ မမှန်ဘူး။ “မဆိုင်တာ၊ မလိုတာ၊ သွားလုပ်သူဟာ ဆိုင်တာ၊ လိုတာကျ မလုပ်မိတော့တာ” ဖြစ်လေ့ ရှိတယ်။

ဆွစ်ဇာလန်နိုင်ငံကို ချီးကျူးဘို့ ကောင်းတာတွေထဲမှာ ကမ္ဘာစစ်ကြီးတွေတိုင်း ကြားနေခဲ့နိုင်တာ၊ အကောင်းဆုံး ဘဏ်တွေ ရှိတာ၊ အကောင်းဆုံး နာရီနဲ့ မောင်းချဓားကအစ precision instruments ပစ္စည်းတွေ ထုတ်လုပ်တာအပြင် သူ့နိုင်ငံသား Henry Dunant က မျိုးစေ့ချတဲ့ “ကြက်ခြေနီ”လည်း ပါတယ်။

(ဟင်နရီ-ဒူးနန့်) ဟာ စီးပွါးရေးသမားပါ။ သွားရင်းလာရင်း လူလေးသောင်း သေကြေခဲ့ရတဲ့ Austro-Sardinian စစ်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ရာကနေ ကြက်ခြေနီဇာတ်လမ်း စခဲ့တာပါ။ တတိယ နပိုလီယန် ခေတ်ပေါ့။ အသောကဘုရင်ရဲ့ ကာလိင်္ဂစစ်ပွဲကြီးအပြီး ဗုဒ္ဓဘာသာ ထွန်းကား-စည်ပင်စေနိုင်ခဲ့သလိုမျိုး၊ စစ်ပွဲကနေ ကောင်းတဲ့ သင်္ခန်းစာ ယူနိုင်ခဲ့တဲ့ နောက်ဥပမာတခုလည်း ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းရှာတတ်တာ ပညာရှိပါပဲ။

Henry ကနေ A Memory of Solferino စာအုပ်ကို ၁၈၆၂ မှာ ရေးထုတ်ခဲ့တယ်။ နောက်နှစ်မှာ Committee of the Five ဖွဲ့ခဲ့တယ်။ ငါးဦးကော်မတီရဲ့ စိတ်ဝင်စားဘို့ ကောင်းလှတဲ့ အချက်ကတော့ သူက စီးပွါးရေးသမား၊ ကျန်းမာရေး ပညာရှင်နှစ်ဦး၊ ဥပဒေပညာရှင်တဦးနဲ့ စစ်ဗိုလ်ချုပ်တဦးတို့ ပါခဲ့ကြတာဖြစ်တယ်။ (ပရော်ဖက်ရှင်နယ်) ခြားနားကြပေမယ့် စေတနာ အားကောင်းကြရာမှာ သွားတူနေကြတယ်။ “အတူတွဲလုပ်ကြလျှင် အောင်မြင်သည်။” ဆိုတာကို ပြတာပါဘဲ။ “ကြီးကျယ်တဲ့ အရာကို ငါတို့ချည်းသာ လုပ်လို့ မရပါလား” လို့လည်း သင်ခန်းစာပေးလိုက်တယ်။

(ဒူးနန့်) ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်ကို နှစ်စဉ် World Red Cross and Red Crescent Day ကမ္ဘာ့ကြက်ခြေနီနေ့လို့ သတ်မှတ်ထားတယ်။ ဒီနှစ်မှာ အထူးပြုဘို့ ဆောင်ပုဒ်ကတော့ “မြို့ကြီး-ပြကြီးတွေ များလွန်းလာလို့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းတွေ” ဆိုတာ ဖြစ်ပါတယ်။

ကြက်ခြေနီ အမှတ်အသားကို ၁၈၆၄ ပထမအကြိမ် (ဂျနီဗာ-ကွန်ဗင်းရှင်း) ပြီးတဲ့နောက် ဆွစ်ဇလန်နိုင်ငံ အလံအရောင်ကို ပြောင်းပြန်ပြုထားတဲ့ “အဖြူခံပေါ် အနီရောင် ကြက်ခြေ” ကို သတ်မှတ်ခဲ့ကြတယ်။ နောက်မှာ ကြက်ခြေနီလိုပဲ လခြမ်းနီ Red Crescent အမှတ်အသားကို စသုံးခဲ့ကြတာကတော့ (အော်တိုမန်-အင်ပါယာ) နဲ့ ရုရှားစစ် (၁၈၇၇-၁၈၇၈) က ဖြစ်တယ်။ အခု အဲလိုနိုင်ငံပေါင်း ၃၃ ခုရှိနေပြီ။ ၂၀၀၅ ခုနှစ်မှာ Red Crystal ကိုပါ တချို့တိုင်းပြည်တွေမှာ သုံးနိုင်လာကြတယ်။ Red Star of David ဆိုတဲ့ အစ္စရေးတို့ လုပ်ချင်တာကတော့ တရားဝင် မဖြစ်သေးပါဘူး။

Emblems တွေ အမျိုးမျိုး ရှိပါစေ၊ နိုင်ငံတွေ ကွဲပြားပါစေ၊ ပြောင်းလို့မရ၊ ပြောင်းဘို့မသင့်တဲ့ “ကြက်ခြေနီရဲ့အနှစ်” ကတော့ Mercy and Absolute Nuetrality “သနားညှာတာစိတ် နဲ့ အကြွင်းမဲ့-ဘက်မလိုက်မှု” ဖြစ်ပါတယ်။

“ဘက်မလိုက်” ဆိုတာ Non-Aligned ကို ပြောတာ မဟုတ်ဘူး။ Non-Aligned Movement (NAM) ဆိုတဲ့ ဘက်မလိုက် လှုပ်ရှားမှုဆိုတာ စစ်အေးခေတ်မှာ ဘယ်ဘက်မှ မလိုက်ခဲ့တဲ့ အုပ်စုဖြစ်ပြီး၊ စစ်အေးခေတ် နောက်မှာတော့ အစိုးရတွေနဲ့ချည်း ဖွဲ့ထားတဲ့အဖွဲ့ ဖြစ်လို့ United Nations ကုလသမဂ္ဂလိုပဲ ရေများ-ရေနိုင်၊ မီးများ-မီးနိုင်။ အစိုးရတွေ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ကြဘူး။

ကြက်ခြေနီရဲ့ Nuetrality ဆိုတာ စစ်ဖြစ်နေတဲ့ အုပ်စုနှစ်ခုရှိရင် ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဘက်မလိုက်ရဘူး။ အစိုးရဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ် ဘက်မလိုက်ရဘူး။ မတည့်တဲ့၊ အယူအဆကွဲတဲ့၊ ဘက်နှစ်ဘက်မှာလည်း အစိုးရအကြိုက်၊ အတိုက်အခံ အကြိုက် ဘယ်ဘက်ကိုမှ မလိုက်ရတာ ဖြစ်ပါတယ်။

Absolute အကြွင်းမဲ့သဘောကို ပိုလို့တောင် သိဘို့-လိုက်နာဘို့ လိုပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ခွဲခြားမှု လုံးဝကင်းရတယ်။ ဒုက္စရောက်နေတာ၊ ကျိုးပဲ့နေတာ၊ သေလုမြောပါး ဖြစ်နေတာတွေကိုသာ စေတနာစိတ် ထားပါလေ။ “စေတနာနဲ့ စာနာစိတ်ဟာ အမိန့်လာမှ ထွက်ရတာ မဟုတ်ပါ။”

Dr. တင့်ဆွေ
(၂၄-၅-၂၀၁၀)

Friday, May 21, 2010

အတည် အမြဲတွေးလို့ ထွီကနဲ ထွေးစို့ ...


အတည် အမြဲတွေးလို့ ထွီကနဲ ထွေးစို့ ... တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

ကျနော့်မှာက သက်မွေးဝမ်းကျောင်းအလုပ်များဖြင့် မအားလှ ...။ ကိုယ့်ဘ၀လေးကိုယ် ကျကျနန လူမွေးသူမွေးပြောင်အောင် ကိုယ့်ဦးနှောက် ကိုယ့်အသိဉာဏ်အား အရင်းပြု၍ ငွေစကြေးစလေး ရှာဖွေရပ်တည်နေသူ ဖြစ်၏။

ယနေ့ ထုံးစံအတိုင်း ကျနော့်ရုံးခန်းထဲတွင် ကော်ဖီထိုင်သောက်ရင်း နာရီကြည့်လိုက်တော့ မနက်ခုနှစ်နာရီ နှစ်ဆယ်ရှိပြီ။ သူငယ်ချင်းဖြစ်သူ ကိုလွဏ်းဆွေက အင်တာနက်မှတဆင့် “ဟေ့ ... ကိုယ့်လူ ... ရေးလိုက် မရေးလိုက်မလုပ်နဲ့လေ၊ ခုချိန်မှာ လူထုအတွက် အမြဲရေးနေသင့်တယ်” ဟု ပြော၏။ ကျနော်က ကျနော့်အခန်းတံခါးဝတွင် ပြူတစ်ပြူတစ်လုပ်နေသော ထုတ်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးကို ၀င်လာရန် လက်ယပ်ခေါ်လိုက်၏။

ပြီးနောက် ကိုလွဏ်းဆွေကို “ဟေ့လူရေ ... နအဖကတော့ အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်လွန်းတယ်ဗျို့။ ဒီလူတွေ စောက်ရှက်မဲ့တာ ကမ်းက ကုန်ကိုမကုန်နိုင်ဘူးပဲ” ဟု ပြန်ပြောလိုက်၏။ ကျနော်က ကိုလွဏ်းဆွေ လှမ်းပြောသည်ကို ဖတ်လိုက်၏။ ထို့နောက် ခေတ်ပြိုင်အင်တာနက်စာမျက်နှာသို့ သွားကြည့်ဖြစ်တော့၏။ ဒီတခါတော့ ကျနော် သရော်စာရေးမည်မဟုတ်။ တည်တည်တံ့တံ ဝေဖန်ပါမည်။

နအဖ၏ ဗိုလ်သိန်းစိန်တို့က စစ်ဗိုလ်ချုပ်နှင့် ၀န်ကြီးချုပ်ဆိုသည်မှာ နိုင်ငံရေးရာထူးဖြစ်သည်ဟု အတည်ပေါက်တွေပြောကာ ကြံ့ဖွတ်ပါတီ ထထောင်လိုက်သည်က မထူးဆန်းလှပါ။ သို့သော် ဒီလူတွေ အရှက်မဲ့တာ ကမ်းကုန်နိုင်သေးဘူးပဲကိုးဟုတော့ အံ့သြလိုက်မိပါသည်။ မြို့လည်လမ်းဆုံလမ်းခွက အိမ်သာတလုံးတွင် အခင်းကြီး ထိုင်သွားနေစဉ် ၀ုန်းကနဲ နံရံလေးဘက်ပြိုသွားပြီး ဝန်းကျင်အရပ်လေးမျက်နှာက လမ်းသွားလမ်းလာများ အလည်တွင် စက္ကူမရှိ၊ ရေမရှိ၊ ဖင်ပြောင်ငုတ်တုတ်ဖြစ်ရသည်ထက်ပင် ရှက်ဖို့ကောင်းလှသော်လည်း အနှီဆရာသမားတို့က “တူမကြီး အဲဒီမဲပြားလေးတွေ ကမ်းလိုက်စမ်းပါ၊ အီအီးကုန်းဖို့”ဟုပင် ပြောနေသည့်သယောင်။

ယခု ဆွေးနွေးလိုသည်မှာ ယခင်အပတ်က ကျနော် ဘာသာပြန်ခဲ့သည့် ဒေါက်တာခင်ဇော်ဝင်းဆိုသူ၏ ခပ်နိမ့်နိမ့်စာတမ်းနှင့် ယခုလက်ရှိ ကျယ်လောင်နေသော ဦးခင်မောင်ဆွေတို့ လေးငါးဦးအုပ်စု၏ကိစ္စပင် ဖြစ်ပါတော့ ၏။ ထိုအကြောင်းတို့ကို ပြောရမည်ဆိုလျှင် မည်သည့်အခါကမျှ လက်ကြောတင်းအောင် အလုပ်လုပ်ပြီး ရိုးရိုးသားသား ထမင်းရှာမစားဖူးခဲ့သည့် သောင်းထွန်း (ဘားမားဖန်းမှ သန်းပေါင်းများစွာသော အမေရိကန်ဒေါ်လာတို့ကို ကိုင်ဆောင်သုံးစွဲနေသူ)၊ ဇော်ဦး၊ အောင်နိုင်ဦးတို့နှင့် မြန်မာပြည်တွင်းမှ သခင်တင်မြ၊ ကျော်ဝင်း၊ မောင်စူးစမ်းတို့၏ အောက်တန်းကျလှပုံကိုပါ ဆွေးနွေးရမည်ဖြစ်ပေသည်။

ဒေါက်တာဇာနည် ဗိုလ်ချုပ်ခင်ညွန့်နှင့် ဆွေးနွေးရန် လုပ်သည့်ကိစ္စတုန်းက ကျနော်မှတ်မိသေး၏။ ဒေါက်တာဇာနည်ကို မီဒီယာဒုံးကျည်ဖြင့် ၀ိုင်း ခရေပွင့်ခြွေကြ၏။ ဟိုလိုလို ဒီလိုလိုနှင့် ရူးချင်ယောင်ဆောင်သွားသော ဘိုဘိုကျော်ငြိမ်းတို့တော့ မလွတ်သာလွတ်သာ ကပ်လွတ်သွား၏။ ဇော်ဦးတို့ မြန်မာပြည်တွင်းသို့ ၂၀၀၈ ခုနှစ်က ဝင်ရောက်သွားခဲ့၏။ ကြပ်ပြေးနေပြည်တော်အထိ ချီတက်ဖြစ်ခဲ့သည်ဟုသိရ၏။ ထိုကိစ္စတုန်းက တော်တော်များများက သိကြပါ၏။ သိသိနှင့် ငြိမ်နေခဲ့သလို အားလုံးက တုံဏှိဘာဝေနေကြ၏။ ကျနော်က မနေနိုင်တော့ ထရေးဖြစ်၏။ သို့သော် အားလုံးကို ရောမွှေပတ်တုတ်သည့်ထဲတွင်သာ တကြောင်းစ နှစ်ကြောင်းစ ပါသွား၏။ သိပ်အသေးစိတ်မကျ။ အောင်နိုင်ဦးတို့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး တွတ်ထိုး၏။ ဧရာဝတီလို လက်ဝေခံ သတင်းဌာနလေးကလည်း ယခုအခါ ခင်မောင်ဆွေကို ပွဲအကြီးအကျယ်ထုတ်၏။ ထိုဧရာဝတီကိုလည်း မြန်မာလို ပြောတတ်၍ အင်္ဂလိပ်လို ဘာသာပြန်တတ်ပြီး ရိုရိုကျိုးကျိုးရှိလျှင် မြိုးမြိုးမြက်မြက်ရသော (သတင်းသမား အလုပ်ဖြင့် လူစွာလုပ်နေသော) ဆရာသမားတို့က ရေဒီယိုမှ ပွဲထပ်ထုတ်ပြန်၏။ ကိစ္စမရှိ။ သူများ ထမင်းလုတ်ကို ပုတ်ချရန်မလို။ သို့သော် အနှီသကောင့်သားတို့ မျိုဆို့နေသော ထမင်းလုတ်သည် တိုင်းရင်းသားပြည်သူလူထု၏ ငတ်မွတ်ဆာလောင်ခြင်း သောကတွေကို ဟင်းလျာလုပ်၍ ဝဖြီးစိုပြေနေစေသည့် ပွဲတော်တည်ခြင်းဆိုလျှင်တော့ ဝေဖန်ရမည်ဖြစ်၏။

ကျနော်က စစ်တပ်ကို မမုန်း။ စစ်တပ်ကို သံယောဇဉ်အမြဲရှိ၏။ မတတ်သာသည့်အဆုံး လွန်လွန်းလာသဖြင့် သာ ထချခဲ့ခြင်းဖြစ်၏။ စစ်ဗိုလ်စစ်သားများကိုလည်း တကယ့်ယောက်ျားကောင်းပီသပြီး လေးစားအားကိုးဖွယ် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ်မြင်လိုလှ၏။ ကျနော့်အနေဖြင့် သွေးမြင်လျှင် မူးလဲ၊ ဆိုက်ကားဘီးပေါက်လျှင် ပြားနေအောင် ဝပ်သည့်အထိ ကြောက်တတ်သော်လည်း သွားလေသူ ကျနော့်အကိုကြီး၏ သူရဘွဲ့နှင့် ငွေဓားကို အမြဲအားကျခဲ့ဖူးသည်မှာ လူပျိုပေါက်ကတည်းက ဖြစ်၏။ မဟုတ်လျှင် မဟုတ်၊ မတရားလျှင် မတရား ဆိုသည်ကိုတော့ ကြံရာပါ လူယုတ်မဟုတ်လျှင် ဝေဖန်ရမည်၊ ပြောရမည်၊ ဆန့်ကျင်ရမည်ဖြစ်၏။ ဒါကလည်း စစ်တပ်ကိုမှမဟုတ် မည်သူ့ကိုမဆိုဖြစ်၏။

ထိုအကြောင်းရင်းတို့ကြောင့် ကျနော်တို့ ခေတ်စကားနှင့်ပြောရမည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စကတည်းက ဖီးလ်မလာခဲ့။ ရေရေလည်လည်အောက်သည့် ကိစ္စများကိုလည်း ကျနော် ဝေဖန်ခဲ့၏။ ကျနော် အသည်းနာသည်မှာ အာရှတိုက်ကြီးတွင် ကျနော်တို့ ငမွဲ၊ ငပြာ၊ ဖာနှင့် သူတောင်းစားဆိုသည့် ဘ၀ကို ရောက်နေရသည့်ကိစ္စသာဖြစ်၏။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဒီမိုကရေစီနည်းကျကျ ရပ်ခံခဲ့ချိန်တွင် အီးတလုံးမပေါက်ခဲ့သောသူများက စာနယ်ဇင်းများ၊ သတင်းဌာနများမှတဆင့် ခပ်ညံ့ညံ့ လေပစ်လက်ကူ ယောက်ျားတန်မဲ့ ထမိန်အလံထူနေသည့်ကိစ္စများအား ရွံ့လွန်းလှသဖြင့်ဖြစ်၏။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးခင်မောင်ဆွေတို့လိုလူတွေ များနေခဲ့လို့များ ဘာအလုပ်မှ မဖြစ်ခဲ့သလားဟုပင် သုံးသပ်ရတော့မည်လိုလို ...။

ဦးခင်ဇော်ဝင်း ရေးခဲ့သောစာက ဦးခင်မောင်ဆွေတို့အုပ်စုနှင့် နိုင်ငံခြားသံတမန်များ ကြားပွဲစားလုပ်ပေးသည့် စာဖြစ်သော်လည်း တဖက်မှကြည့်လျှင် ဦးခင်မောင်ဆွေတို့အုပ်စုအပေါ် အထက်ဆီးကအမြင်ဖြင့် ခပ်ကြောကြော ရေးထားသည့်စာ ဖြစ်၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အငြိုးတကြီး ဂွင်မိုက်တုန်း ၀င်ကိုက်မှ ဆိုသည့် လက်ဟန်ခြေဟန်ဖြစ်၏။ ထိုလက်ဟန်ခြေဟန်တို့နောက်မှ တဖန် ဦးခင်မောင်ဆွေတို့ကလည်း ထပ်ချပ် လိုက်လာသည်ကို မြင်ရသည်မှာ ၀ဲနာကို ကိုက်လျက် တအီအီ အသံပေးနေသည့် ဘုန်းကြီးကျောင်းအောက်က အုပ်စုနှင့် တူပြန်၏။ ကေးဝဋ်ပုဏ္ဏားကို အသပြာခွဲတမ်း ဝေခိုင်းသလို ဖြစ်သည်နှင့်တူသည့် ဦးခင်မောင်ဆွေတို့ အဖွဲ့က ဦးခင်ဇော်ဝင်းကို အားကိုးပြေးရှာသည့်ကိစ္စ နောက်ပိုင်း ဖြစ်ရပ်များမှာ ဦးဗိုလ်ငပြောင်ဝန်ကြီးချုပ် အရှက်မဲ့သည့်နှင်နှင်ပင် ဖြစ်တော့၏။

နိုင်ငံရေးအသက်ကယ်လှေအဖြစ် ပါတီထောင်မည်ဆို၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှဲဒိုးပါတီတခု၊ ကိုယ်ပွားပါတီတခုလိုလို ဆိုသည်ကို တရားဝင်ပြော၏။ ဦးခင်ဇော်ဝင်း၏ စာထဲတွင် ကျန်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များအားလုံးကို ထောင်ထဲဆွဲသွင်းနိုင်စေရန် စကားများ သုံးစွဲထား၏။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုခံယူမည် ပြောသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိထိမိမိ စော်ကားထားသေး၏။

ထိုကိစ္စများသည် အဆက်အစပ်မဲ့သော ကိစ္စရပ်များမဟုတ်။ သောင်းထွန်းတို့နှင့် ဦးခင်မောင်ဆွေ ဆက်စပ် ပတ်သက်မှုတခု၊ ဇော်ဦးတို့နှင့် ပြည်တွင်းမှ မိမိကိုယ်မိမိ ပညာတတ်ကြီးများဟု ယူဆသည့်သူများနှင့် ဒွေးရောယှက်တင် ဖြစ်မှုတခု၊ မြန်မာ့နိုင်ငံရေးကို ၀င်ရောက်သြဇာပေးလိုကြသော မျက်နှာဖြူ မျက်နှာမဲ မျက်နှာဝါတို့ထံမှ သဒ္ဓါကြေးဖြင့် လည်ပတ်နေသောသူများ၏ ဘေးတီးမှုကလည်းတခု၊ အရာရာသည် သူ့ကွင်းဆက်နှင့်သူ ဆက်စပ်နေသော ကိစ္စများဖြစ်၏။

ယခုအခါ ပြည်သူများတွင် သောက်စရာ မျက်ရည်သာကျန်၍ ထမင်းနပ်မမှန်၊ ကျန်းမာရေးဆိုင်ရာကိစ္စ၊ သိက္ခာတရားပိုင်းဆိုင်ရာဆို ဝေလာဝေးဘ၀တွေနှင့် နအဖစစ်အုပ်စု၏အောက်တွင် တုံးအောက်ကဖားများ ဖြစ်နေကြရသည့်အထဲ အထက်ဖော်ပြပါ ဆရာများက တုံးကြားက မြွေလိုဖြစ်နေ၏။ အနှစ် (၂၀) ပတ်လုံး မြန်မာ့နိုင်ငံရေးဖြင့် လုပ်ကိုင်စားလာကြသော သောင်းထွန်းတို့၊ ဇော်ဦးတို့၊ အောင်နိုင်ဦးတို့၊ ခင်ဗျားတို့  သမ္မာအာဇီဝနည်းကလေးနဲ့များ လက်ကြောတင်းအောင် ထမင်းရှာစားဖို့ မကြိုးစားချင်ကြတော့ဘူးလား ဟုပင် မေးရမလိုဖြစ်၏။

ထိုသူတို့၏ လေကြီးလေကျယ် လေထုအောက်တွင် ဦးခင်မောင်ဆွေတို့လို ခပ်ယိုင်ယိုင်၊ ခပ်နဲ့နဲ့လူတွေ ယိမ်းသွားသည်မှာ မဆန်းလှ။ ဦးခင်မောင်ဆွေကို လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ဝန်းကျင်ခန့်က တခါတွေ့ခဲ့ဖူး၏။ ထိုစဉ်အခါက လင့်ခ်ရိုဘာကား ခဲရောင်နှင့်၊ ပင်နီတိုက်ပုံ၊ ကချင်ပုဆိုး၊ လွယ်အိတ်တလုံးနှင့်၊ နိုင်ငံရေးပါတီတခု၏ အကြီးတန်းခေါင်းဆောင်၊ မဆလခေတ် အရာရှိဟောင်း တယောက်အဖြစ် ...။

ထိုစဉ်က စကားမပြောခဲ့ဖြစ်ပါ။ ပြောဖြစ်လောက်အောင်လည်း အကြောင်းအရာမရှိခဲ့သလို ဆွေးနွေးရန်လည်း စိတ်မင်စားခဲ့ပါ။ ကိုယ်က အင်မတန်ငယ်လွန်းသည့် ချာတိတ်၊ သူတို့က ဘ၀အတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံ၊ ဖြတ်သန်းမှုအတွေ့အကြုံကြီးသည့် ခေါင်းဆောင်များဆိုတော့ ကိုယ့်ကိုလည်း စိတ်ဝင်တစား ပြောစရာမရှိဟုသာ မြင်ခဲ့မိပါသည်။ တကယ်တော့ သတ္တုချကြည့်လျှင်မူ ဦးခင်မောင်ဆွေတို့လို ခပ်ပျော့ပျော့လူတွေနှင့် သောင်းထွန်းတို့လို လုပ်စားတွေ ပေါင်းစပ်ဆက်နွယ်သွားမှုသည် တမျိုးတော့လည်း ကောင်းသည်ဟု ပြောရမလိုဖြစ်၏။

အကြောင်းမူကား ဖောက်ပြန်သူသည် ဖောက်ပြန်သူနှင့် ပေါင်းမည်ဖြစ်၏။ လေပုတ်ထုတ်ဆေး ဦးသုဝေတို့၊ ကိုယ့်သားလောက် ကလေးတွေများတွေ့လျှင် အဆီဖူး အလိုလိုခါတတ်သော ဦးကျော်ငြိမ်းသမီးတို့အဖွဲ့တို့၊ ခွပ်ဒေါင်းအလံကို ထောင်ကာ အောက်အီးအီးအွတ်ဟု တညလုံး အသံကောင်းဟစ်နေသော ရဲထွန်း၊ အေးလွင်တို့ အုပ်စု၏ကြားတွင် ကြံ့ဖွတ်ပါတီကို ၀င်ပြိုင်ရန် ခြေစစ်ပွဲဝင်လိုကြသည်ဆိုလျှင်လည်း ၀င်ကြပါ။ သမိုင်းဆိုသည့်အရာသည် အညှာတာကင်း၏။ ဘက်လိုက်မှုမရှိ။ နိုင်သူရေးသော ကိုယ်ရည်သွေး မှတ်တိုင်နှင့် ပကတိ သမိုင်းသည် လွန်စွာ ကွာခြားလှသော ကိစ္စဖြစ်၏။

ကျနော့်အနေနှင့် ယနေ့အထိ သောင်းထွန်းတို့၊ ဇော်ဦးတို့၊ အောင်နိုင်ဦးတို့၏ နအဖနှင့် ပလူးပလဲလုပ်၊ ပလဲပနံသင့်ရေးစီမံကိန်းများအား ယခင် ဒေါက်တာဇာနည်ကို ၀ိုင်းဖဲ့ခဲ့ကြသော သူများမသိကြ၍လော သို့မဟုတ် မ.က.ဒ.တနှင့် ပတ်သက်ခဲ့ဖူးသဖြင့် ရေငုံနှုတ်ပိတ်နေကြခြင်းလောကိုလည်း သေသေချာချာ မတွေးတတ်ပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မာနယ်ပလောကျပြီးသည်အထိ တလျှောက်လုံး ကိုယ့်တပ်ရင်းတပ်ဖွဲ့နှင့် ရပ်တည်ခဲ့ကြသော ကျောင်းသားတပ်မတော် ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဆရာဦးအေးဆောင်တို့ အင်အားစုမှ ရဲဘော်များ၊ လူ့ဘောင်သစ်ပါတီမှ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာရပ်တည်နေထိုင်ရသော ရဲဘော်များ၊ စစ်အာဏာရှင်ကို ဘ၀ပေးတော်လှန်ခဲ့သော ရဲဘော်များနှင့် မည်သည့်အခါကမျှ လက်နက် မကိုင်ခဲ့ဖူးသော်လည်း စစ်အာဏာရှင်စနစ်က တိုင်းပြည်ကို နွံနစ်သည့်ဘ၀မှ မြေပက်ကြားအက်ကာ မြေမြိုသည့်ဘဝသို့ အရောက်ပို့နေသည်ကို ငြိမ်မခံနိုင်ကြတော့သော ပြည်တွင်းပြည်ပ နေရာအသီးသီး ရောက်နေကြသည့် ရဲဘော်များအနေနှင့် အခြေခံအတွေးအခေါ်နှင့် တူညီသည့် ရပ်တည်ချက် ယခုအထိ ရှိနေကြသည်ဟု ကျနော် ယုံကြည်ပါသည်။

ကျနော်တို့ဆန့်ကျင်ရမည်မှာ နအဖ၏ လမ်းစဉ်နှင့် စစ်အာဏာရှင်စနစ်ကိုသာမဟုတ်။ အချောင်သမားလုပ်ရပ်နှင့် ဒီမိုကရေစီအရေး ဗန်းပြကာ ဆူဖြိုးဝဖြီးနေကြသော လုပ်စားများကိုလည်း ဘီလူးစည်းလူ့စည်း ခွဲခြားဆက်ဆံရန် လိုအပ်၏။ ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသည်ဟုဆိုသော စကားသည်မှန်၏။ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်ကြံနေထိုင်နိုင်သော ကာလသို့ ရှေးရှူချီတက်ရာတွင် ဒီမိုကရေစီရေးပန်းတိုင်သို့ ဦးတည်သည့် လမ်းကြောင်းအား အထက်ပါစကားစုလေးတခုဖြင့် လမ်းချော်ယိမ်းယိုင်သွားခွင့် ပေး၍မရ။ ပေးလိုက်လျှင် ဒီမိုကရေစီမရှိသော အနေအထားတွင် ဖောက်ပြန်သူ၊ လက်ကြောမတင်းသူ၊ ကိုယ့်ထမင်းကိုယ် သမ္မာအာဇီဝဖြင့် ရှာမစားခဲ့ဖူးသူများက ငါးပွက်ရာငါးစာချ လုပ်သမျှကို “သြော် ... လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပေသကိုး” ဆိုသော မှတ်ချက်ဖြင့်သာ သက်မချရင်း တစ်က ပြန်စနေရလျှင်ဖြင့် မနိပ်လှ ...။

ယခုအခါ မြန်မာနိုင်ငံ၏ ဂေဟစနစ် လုံးဝပျက်စီးကျိုးပဲ့သွားပြီ ဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကြောင့်ပါဟု ရောချ၍မရ။ ယခု အပူဒဏ်အောက်ဝယ် ရေတွင်းရေကန်တို့ ခန်းခြောက်၏။ လျှပ်စစ်မီးမရှိ။ လျှပ်စစ်မီးမရှိတော့ စက်ရေတွင်းငယ်များမှ ရေတင်ရန် မီးစက်မောင်းကြရ၏။ စက်ရေတွင်းငယ်များဖြင့် စီးပွားရှာသူများကလည်း နေ့မအားညမအား မောင်းကြ၏။ ထိုအတွက် မီးစက်လည်ရသဖြင့် ဆီဖိုးမြင့်တက်လာ၏။ ဆီဖိုးမြင့်တက်လာတော့ အခြားကုန်ဈေးနှုန်းများလည်း အလိုအလျောက် လိုက်တက်လာ၏။ သုံးစရာ သောက်စရာ ရေမရှိသည့်ကြားထဲ စားစရာ နေစရာ စရိတ်စက ကပါ တက်လာ၏။

ပြည်တွင်းရှိ စီးပွားရေးသမားတို့ကလည်း ဆူလွယ်နပ်လွယ် ကိစ္စများကိုသာ လုပ်ရဲ၏။ အရင်းအနှီးကြီး စိုက်လုပ်ပြန်လျှင်လည်း ဒီခေတ် ဒီလူတွေအောက်တွင် သူဌေးဘ၀မှ ခွေးဘ၀သို့ တန်းရောက်သွားမည်မှာ မုချဖြစ်သည်ကို သိကြ၏။ ဒီတော့ ဆူလွယ်နပ်လွယ်များကိုလုပ်ရင်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဌာနဆိုင်ရာ အကြီးအကဲများ ဗိုလ်ချုပ်များနှင့် ပေါင်းစား ပင်းစားကြ၏။ ကုန်းကောက်စရာမရှိသော လူထုမှာတော့ သေချင်ပါသဖြင့် ရေမရှိတဲ့ချောင်း နှာခေါင်းဖော်သေရန်သာ ကျန်တော့၏။

မြန်မာ့စီးပွားရေးလောကတွင် တကယ်တမ်း regulation တွေ၊ standard တွေ ဘာမှမရှိ။ ပေးနိုင်ကမ်းနိုင် ကပ်နိုင်လျှင် ရသည့်အနေအထားဖြင့် လာဘ်သိန်းငါးရာဖိုးထိုးလျှင် အမြတ်သိန်းနှစ်ထောင်ဖိုးလောက် ပြန်ရမည့် လုပ်ငန်းများကိုသာ စီးပွားရေးသမားများက လုပ်ကာ သူတို့ကြောင့် တိုင်းပြည်၏ ရာသီဥတု မည်မျှပျက်စီး ဖောက်ပြန်မည်ကို တချက်မတွေး။ ယခုတော့ နှစ်ပေါင်း (၂၀) ဆိုသော ကာလတိုကလေး အတွင်းမှာပင် တိုင်းပြည်၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အလုံးစုံ ပျက်စီးထိုးကျသွားခဲ့သည်မှာ သွပ်တပြားရှိလျှင် ကြက်ဥကြော်လို့ရသည့် အဖြစ်သို့ ထိုးဆင်းသွား၏။ ဒီအနေအထားမျိုးတွင်ပင် စက်မှုဝန်ကြီးဆိုသည့် ငကြွားက နိုင်ငံခြားသတင်းထောက်များအား ပင့်ဖိတ်ကာ သွပ်ပြားပေါ် နှမ်းဆီလောင်း ကြက်ဥခွဲချကာ သံယောင်းမဖြင့်ထိုးရင်း မြန်မာ့သိပ္ပံနှင့် နည်းပညာတိုးတက်မှု၏ မှတ်တိုင်သစ် စိုက်ထူသည့် အထိမ်းအမှတ် နေစွမ်းအင်သုံး ဆိုလာဒယ်အိုးကြီးအား အောင်မြင်စွာ တီထွင်လိုက်နိုင်ပြီဖြစ်ကြောင်း ကွန်ပြူတာဖြင့် ထိန်းညှိမောင်းနှင်သည့် နွားဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားစီမံကိန်းလို အတည်ပေါက်တွေ ကြွားချင်ကြွားပါလိမ့်ဦးမည်။

ဦးသန်းရွှေတို့ ... ခင်ဗျားတို့လည်း ယခု တိုင်းပြည်ဖြစ်ပျက်နေသော အနေအထားတို့ကို သိမည်ဖြစ်သည်။ သိလည်းသိသင့်သည်။ ၂၀၀၈ အခြေခံဥပဒေဆိုသည့်ကိစ္စကို ဇွတ်မလုပ်ဘဲ ရွေးကောက်ပွဲကို ဇွတ်မတင်ဘဲ အမြန်ဆုံး သူမနာ ကိုယ်မနာ ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ရှိရှိသမျှ တိုင်းရင်းသား (အင်ထု ထားသော အင်အားစုများမဟုတ်) အဖွဲ့များကို တိုင်ပင်ဆွေးနွေး၍ တိုင်းပြည်၏အနာဂတ်အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။ တိုင်းပြည်၏ လက်ရှိအခြေအနေမှ အကောင်းဘက်သို့ ဦးတည် ပြင်ဆင်ယူရန် ကျနော်တို့ချည်း မတတ်နိုင်ပါ။ ကုလနှင့်အတူ ကမ္ဘာ့နိုင်ငံကြီးများမှ နည်းပညာနှင့် ငွေကြေးအကူအညီများစွာ လိုအပ်ပါသည်။ ပြန်လည်ထူထောင်ရေးကိစ္စကို လုပ်ရန်အတွက် တိုင်းပြည်၏ စီးပွားရေးပိတ်ဆို့ခံရမှု အကူအညီ ဖြတ်တောက်ခံရမှုများကို ဖျက်သိမ်းရန် လိုအပ်၏။ ထိုသို့ဖျက်သိမ်းရန်မှာ ဦးသန်းရွှေတို့အနေဖြင့် credibility ရှိသောသူများဖြစ်သည်ဆိုသော သက်သေပြချက်လုပ်ရန်လိုအပ်၏။ လက်ပူတိုက် ကုလားဖန်ထိုး၍ ရသည့်ကိစ္စမဟုတ်။

နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးကိစ္စကို မေ့ထား၍ မရသလို ယခု ပျက်စီးနေသော သဘာ၀၀န်းကျင် ထိန်းသိမ်းရေးသည်လည်း အဓိကကျလွန်းလှပါသည်။ ထိုအရာများကို ဆောင်ရွက်ရန် ခေတ်မီနည်းပညာများ၊ စက်ကိရိယာများ လိုအပ်သည်။ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးရမည်။ နှစ်တိုဖြင့် မြေဆီထိန်းနိုင်သော အပင်များ စိုက်ရမည်။ တပြိုင်နက်တည်း နိုင်ငံ၏သယံဇာတဖြစ်သော ကျွန်းနှင့် အခြားသစ်မာများကိုလည်း ညှပ်၍ စိုက်ပျိုးရမည်။ ထို့နောက် မိုးတုများ ဖန်တီးရမည်။ လယ်မြေထိမ်းသိမ်းရေးနှင့် ရေပေးဝေရေးစနစ်ကို အစမှ ပြန်လည်ပြင်ဆင်ရမည်ဖြစ်၏။ ထိုကိစ္စများအားလုပ်ဆောင်ရန် စစ်အာဏာရှင်စနစ်နှင့် ထစ်နေ၏။ ယခု ဥတုရာသီ အနေအထားအရ ပိုမိုဆိုးဝါးသော မုန်တိုင်းများ ၀င်လာနိုင်၏။ ဘူမိဗေဒသဘောအရလည်း ငလျင်လှုပ်မှုများ ဖြစ်လာနိုင်၏။ ထိုဘေးဆိုးများ ထပ်မံဖြစ်လာလျှင် နာဂစ်တုန်းက အဘယ်မျှ အရှက်မဲ့ခဲ့ကြသည်ကို လေးလပတ် အစည်းအဝေးတွင် ဦးသန်းရွှေအနေနှင့် ဗိုလ်ချုပ်များ၏ မျက်နှာကို တယောက်ချင်းကြည့်၍ မေးကြည့်နိုင်ပါ၏။

စစ်ဗိုလ်ချုပ်များသည် မန်နေဂျာကောင်းများလည်းမဟုတ်။ ခေါင်းဆောင်မှုအရည်အချင်းကို နားမလည်သလို ပြည့်ဝသော ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်များလည်းမဟုတ်။ ထိုအနေအထားတွင် တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ ခေါင်းဆောင်နိုင်သော၊ စီစဉ်ညွှန်ကြား ထိန်းမတ်နိုင်သော၊ ခေါင်းဆောင်ကောင်းများ၊ ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်သာလို၏။ နွေကာလ ရပ်ကွက်ထဲတွင် ဆိုက်ကားဖြင့် လှည့်လည်ကာ မီးဘေး အန္တရာယ်ကာကွယ်သည့် လှုံ့ဆော်မှုများတွင် ဖွင့်သော ဦးထွန်းရွှေ၏ သီချင်းတပိုဒ်လို သူခိုးဓါးပြထက်ဆိုးတဲ့ ရန်သူဟာ ဆိုသည့်ဘဝမှ အားကိုးလောက်ဖွယ် တပ်မတော်ခေါင်းဆောင်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရန် လိုအပ်လှပါ၏။

တဗိုလ်တမင်းဖြင့် လက်နက်အားကိုး ကိုယ်ကျိုးရှာရုံသာ တတ်သည့်အဆင့်သို့ လျှောကျသွားသော မြန်မာ့တပ်မတော် မျိုးဆက်ဟောင်း ဗိုလ်ချုပ်များ၏ ဖျက်ဆီးမှုအောက်တွင် တပ်မတော်သည် အဖတ်ဆည်မရအောင် ပျက်စီးနေသည့် အနေအထားမှ ၀န်ထမ်းကောင်း နိုင်ငံ့သားကောင်းများအနေဖြင့် ပြန်လည်ဂုဏ်ဆောင်နိုင်ရန်နှင့် ပြည်သူလူထုဘ၀ နာလံထနိုင်ရန် သက်ဆိုင်သူအားလုံး အကျေအလည် နားလည်မှုတည်ဆောက်ကာ ညှိယူ၍ သွေးစည်းညီညွတ်ကြလျှင်တောင်မှ အနည်းဆုံး မျိုးဆက်တခုခန့်ကြာအောင် တည်ဆောက်ယူရမည်ဖြစ်သည်။

ရှေ့လျှောက် ကျနော်တို့ မြန်မာနိုင်ငံကို ကောင်းစေလိုသူများ လက်တွဲ၍ အများကြီး လုပ်ရဦးမည်ဖြစ်၏။ ငွေကြေးစနစ်ကို ပြောင်းလဲပြင်ဆင်ရမည်။ ဈေးကွက်စနစ်ကို ထိန်းချုပ်ရမည်ကို ထိန်းချုပ်၍ ဖွင့်သင့်သည်ကို ဖွင့်ပေးရမည်။ ပညာရေးစနစ်ကို ပြန်လည်ပြင်ဆင်ရမည်။ ကျန်းမာရေးစနစ်ကို ပြန်လည်ပြင်ဆင်ရမည်။ ဌာနဆိုင်ရာများကို ပြန်လည်ပြင်ဆင်ရမည်။ နိုင်ငံခြားရေးရာပေါ်လစီကို ပြန်လည်ပြင်ဆင်ရမည်။ မိတ်ဆွေရွေးချယ်မှုကို ပြန်လည်ပြင်ဆင်ရမည်။ ကုန်သွယ်မှုကို စည်းနှင့် စနစ်နှင့်ဖြစ်အောင်၊ စက်မှုလုပ်ငန်းများကို regulation များ၊ standard များဖြင့် ဖြစ်အောင် ပျိုးထောင်ရမည်။ လယ်ယာစိုက်ပျိုးရေးစနစ်ကို မိရိုးဖလာစိုက်ပျိုးရေးစနစ်မှ စက်မှုအင်အားသုံး စိုက်ပျိုးရေးစနစ်အဖြစ် ပြောင်းလဲရမည်။ ပြည်တွင်းဈေးကွက်တွင် စားသုံးသူပြည်သူလူထုအနေနှင့် ပေါပေါများများ စားသုံးနိုင်၍ အာရှနှင့် အနီးဈေးကွက်ကို ကောက်ပဲသီးနှံ တင်ပို့နိုင်ရမည်။ သဘာဝစွမ်းအင်ကို အတိုင်းအတာ အကန့်အသတ်ဖြင့် ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသည့် နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ရောင်းချခြင်း ... စသော စည်းစနစ်များ ရှိရမည်။

နည်းပညာမရှိလျှင် စွမ်းအင်မရှိ၊ စွမ်းအင်မရှိလျှင် နည်းပညာ မထွန်းကား။ နည်းပညာနှင့် စွမ်းအင်ထွန်းကားရန် ပြည်တွင်းပညာရှင်များ၊ ပြည်တွင်းစက်မှုလုပ်ငန်းများကို အားပေးရမည်။ အစိုးရမှ အာမခံပေးရမည်။ လုပ်ချင်လာအောင်၊ လုပ်နိုင်လာအောင် မြေတောင်မြှောက်ပေးရမည်။ ဆောက်လုပ်ထားသော ဆည်မြောင်းစနစ် များကို ပြန်လည်ဆန်းစစ်ရမည်လည်းဖြစ်၏။ ယခုဆွေးနွေးသည်မှာ အပေါ်ယံ အင်မတန်ကျသည့် ဆွေးနွေးချက်များသာ ဖြစ်သေး၏။

ဘာသာရပ်ဆိုင်ရာ တကယ်တတ်ကျွမ်းသော ပညာရှင်များ မြောက်မြားစွာလို၏။ ကျနော်တို့ မြန်မာလူမျိုးများသည် ညံ့သော တုံးသော လူမျိုးများမဟုတ်ကြ။ လူငယ်များကို နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်များ စွာစေလွှတ်ရမည်လည်း ဖြစ်၏။ ထိုသို့လုပ်ဆောင်ရာတွင်လည်း ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့လို အနေအထားမျိုးဖြင့် လုံးချာလိုက်မနေရန်အတွက် တဘ၀လုံးတွင် တခါလောက်ကလေး အတ္တကင်းကင်းနှင့် သန်းပေါင်းများစွာသော ပြည်သူလူထု၏ ဘ၀များကို တချက်ကလေးငဲ့ပြီး ဆွေးနွေးဆုံးဖြတ်ကြပါဟု မေတ္တာရပ်ခံလိုပါသည်။

နောက်တက်မယ့် ငနဲ၊ စောက်ရှက်မယ့်ဆဲတော့ မဖြစ်စေလိုတော့ပါ။

ထို့အတူ ပြည်သူလူထုနှင့် ဒီမိုကရေစီလိုလားသူအားလုံးကလည်း ဟိုလိုလို ဒီလိုလို၊ ဟိုမရောက် ဒီမရောက် ဖောက်ပြန်ရေးသမားများဖြစ်ကြသော သောင်းထွန်း၊ ဇော်ဦး၊ အောင်နိုင်ဦးတို့နှင့် ပြည်တွင်းမှ ဦးခင်ဇော်ဝင်းတို့လို၊ ဦးခင်မောင်ဆွေတို့လို လူများကိုလည်း မျက်နှာမြင်လျှင် ထွီကနဲ တံတွေးဖြင့် ထွေးနိုင်လောက်အောင် ပြတ်သားကြပါဟု တိုက်တွန်းလိုပါသည်။ မောင်စူးစမ်းတို့၏ ယူတိုးပီးယားနှင့် ကျော်ဝင်းတို့၊ သခင်တင်မြတို့၏ ဘိုလိုလို ပဲလိုလို အဘိဓမ္မာ လေချဉ်တက်မှုအောက်တွင် ပါးစပ်အဟောင်းသားဖြင့် သို့လော သို့လော တွေဝေမိန်းမောနေခြင်းဖြင့် အချိန်ကုန်ခံ၍မဖြစ်တော့ ...။

အကြောင်းမူကား ရန်သူသည် အတွေးအခေါ် အယူအဆ ရပ်တည်ချက် မတူချိန်၊ လူထုအကျိုးအတွက် ၎င်းတို့မှ လက်တွဲမလုပ်နိုင်ချိန်တွင် ရန်သူဖြစ်သော်လည်း လူထုအကျိုးအတွက် နှစ်ဘက်အလျှော့ပေး နားလည်မှုထူထောင်ကာ တလမ်းထဲသွား တခရီးတည်း ချီတက်ချိန်တွင် ရန်သူမဟုတ်တော့ပေငြား ဖောက်ပြန်ရေးသမား ဆိုသည်ကား ရန်သူထက်ဆိုးသော အမြဲတမ်း ခြံခုန်အကွက်ချောင်းနေသော ကျင့်ဝတ်ပိုင်းဆိုင်ရာများကြောင့် မည်သည့်အခါမှ ယုံကြည်မျက်နှာသာပေး၍မရသဖြင့် ဖြစ်ပါ၏။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)


Thursday, May 20, 2010

ဆည်မြောင်း နိုင်ငံတော်ကြီး

သရုပ်ဖော်ပုံ - ကာတွန်း ဟန်လေး



မျက်နှာဖုံးဆောင်းပါး
ဆည်မြောင်း နိုင်ငံတော်ကြီး
ဒေးဗစ် ပက် ဧရာဝတီမဂ္ဂဇင်း (ဧပြီလ၊ ၂၀၁၀။ အတွဲ ၁၈၊ အမှတ် ၄)
မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရတို့က ကချင်ပြည်နယ်ထဲတွင် ရေအားလျှပ်စစ် ထုတ်ယူရန်အတွက် ရေကာတာ ဆည်ကြီး ပေါင်း ၇ ခု တည်ဆောက်ရန် ပြင်ဆင်နေကြသည်။ သို့သော် ထိုဆည်ကြီးများ ဆောက်လုပ်ခြင်းသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နှင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်သည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကိုလည်း ပြည်သူများ သုံးစွဲခွင့် ရလိမ့်မည်မဟုတ်ပေ။

ကြီးမားသော ဆည်ကြီးများ တည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူခြင်းသည် ဒေသခံ လူ့အဖွဲ့အစည်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို အကြီး အကျယ် ထိခိုက် ပျက်စီးစေသောကြောင့် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချနေသည်မှာ ကာလ အတန်ကြာပြီ ဖြစ်သည်။ သို့သော် ထိုအဆိုကို လက်မခံသူများလည်း ရှိနေပါသေးသည်။ တခြားသူများ မဟုတ်။ ဆည်ကြီးများ တည်ဆောက်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းနေသူများ ဖြစ်သည်။ လက်တွေ့ကျကျ စဉ်းစားသူများက ဆည်ကြီးများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားသည် သေချာပေါက် အားကိုးအားထား ပြုနိုင်ပြီး လျှပ်စစ်ဓာတ်အား မရှိသော နိုင်ငံတခုသည် ခေတ်သစ်ကမ္ဘာကြီးထဲတွင် ရှင်သန်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။

သို့သော် ထိုအဆိုပြုချက်သည် မြန်မာနိုင်ငံတွင် ပြောင်းပြန်ဖြစ်နေသည်။ ဆည်ကြီးများ တည်ဆောက်ခြင်း အကျိုးဆက်ကြောင့် လူအများအပြား သေဆုံးခြင်း၊ ကျေးရွာများ ဖျက်ဆီးခံရကာ သစ်တောများ အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းခြင်းကိုလည်း ရင်ဆိုင်နေရသည်။ ထို့အပြင် ဆည်တည်ဆောက်ခြင်းကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး ကစဥ့်ကလျား ဖြစ်သွားသော အကူအညီမဲ့ ဒေသခံများအကြား ငှက်ဖျား အပါအဝင် ရောဂါဘယများ ပိုမိုဖြစ်ပွားလာသည်။

မြန်မာပြည်သူလူထု အကျိုးအတွက် စစ်အစိုးရက ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ဆိုသည်မှာ နောက်ဆုံးတွင် ရှားပါးပစ္စည်း တမျိုးသာ ဖြစ်နေမလားဟု မေးရန် ရှိတော့သည်။

မြန်မာနိုင်ငံသား ၅၅ သန်းသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား လိုလားတောင့်တနေသူများထဲတွင် ပါဝင်သည်။ ရန်ကုန်မြို့ရှိ အိမ်ထောင်စုများ၊ ရုံးများနှင့် လုပ်ငန်းဌာနများတွင် ရရှိသော လျှပ်စစ်ဓာတ်အားသည် တရက်လျှင် သုံးနာရီ၊ လေးနာရီထက် မပိုပါ။ မကြာခဏ မီးဖြတ်ခံရသည်။ မီးမမှန်၍ အလုပ်မတွင်ခြင်းကလည်း ကြီးမားသော ပြဿနာ ဖြစ်သည်။ အိမ်နီးချင်းများ စုပေါင်း၍ မီးစက်ဝယ်ကာ လျှပ်စစ်ပြဿနာကို ဖြေရှင်းရသည်။ အိမ်ထောင်စု အများအပြားမှာ ဖယောင်းတိုင်နှင့် မီးခွက်ကို အားကိုး၍သာ ညစာစားခြင်း၊ စာဖတ်ခြင်းတို့ကို ပြုလုပ်ကြရသည်။

မီးမလာသောကြောင့် လူထုအတွင်း ဖြစ်တောင့်ဖြစ်ခဲ ဆူဆူပူပူဖြစ်သည်ကိုပင် မကြာသေးခင်က တွေ့ရသည်။ ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး မြို့တော်ဖြစ်သော မော်လမြိုင်တွင် စာမေးပွဲကာလအတွင်း မီးမှန်မှန် မလာသောကြောင့် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ထိုကျောင်းသားများသည် ယခင်မျိုးဆက်ဟောင်း ကျောင်းသားများကဲ့သို့ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တောင်းဆိုခြင်းမဟုတ်ဘဲ ကျောင်းစာ လေ့လာနိုင်ရန်အတွက် လျှပ်စစ်မီး မှန်မှန် ရရေးကိုသာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများကို စွမ်းအင်အရင်းအမြစ်များ ရောင်းချနေသည့် မြန်မာနိုင်ငံ၌ မန္တလေးကဲ့သို့သော ဒုတိယအကြီးဆုံး မြို့တော်တွင် မီးမှန်မှန်မလာခြင်းသည် အသေးအဖွဲ ကိစ္စဟု ပြော၍မရပါ။ ပြီးခဲ့သည့် ဇူလိုင်လက မန္တလေးတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံများ စွမ်းအင် ညီလာခံ ကျင်းပနေစဉ် မီးမှန်မှန် လာစေရန် စစ်အစိုးရက တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ရွှေလီမှ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၀ဝ ဝယ်ယူခဲ့ပြီး တမြို့လုံး မီးလင်းအောင် ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အေဂျင်စီမှ မကြာသေးမီက ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀ဝ၆ တွင် မြန်မာနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၈၄ ကီလိုဝပ်သာရှိကြောင်း သိရသည်။ တရုတ်နှင့် ထိုင်းတွင် သုံးစွဲသော ပျမ်းမျှ လျှပ်စစ်ဓာတ်အားနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းသာရှိ၍ အိန္ဒိယနိုင်ငံနှင့်ဆိုလျှင် ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

ထိုသို့ လျှပ်စစ်သုံးစွဲမှု နိမ့်ကျနေရခြင်းမှာ မြန်မာနိုင်ငံအတွင်း ယိုယွင်းနေသော စီးပွားရေးကြောင့်ဖြစ်ပြီး စီးပွားရေး နာလန်မထူ နိုင်ခြင်းမှာလည်း စစ်အစိုးရ၏ ဆယ်စုနှစ်နှင့် ချီ၍ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ဖြစ်သည်။ ယင်းကြောင့် စွမ်းအင် လိုအပ်နေသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ရင်းမြစ်များအပေါ် အမြတ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရကို နှစ်ပေါင်း နှစ်ဆယ်နီးပါး ကျောထောက်နောက်ခံ ပြုပေးခဲ့သော အဓိကနိုင်ငံမှာ တရုတ်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံမှ ထွက်ရှိသော ပေါများလှသည့် စွမ်းအင်အရင်းအမြစ် အများစုကို အခြားသော နိုင်ငံများထက် ရရှိခံစားနေသော နိုင်ငံမှာလည်း တရုတ်သာ ဖြစ်သည်။

၂၀ဝ၈ ခုနှစ် စက်တင်ဘာလတွင် Earth Rights International အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ် ကုမ္ပဏီကြီး ၇၀ နီးပါးသည် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ သတ္ထု တူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းပေါင်း ၉၀ တွင် ပါဝင်ဆောင်ရွက်နေသည်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဆက်လက်ရရှိဖို့အတွက် တရုတ်ဟာ စစ်အစိုးရကို နိုင်ငံရေးအရ ထောက်ခံမှု ပေးခြင်း၊ လက်နက်ရောင်းချပေးခြင်း၊ အတိုးမဲ့ ချေးငွေထောက်ပံ့ခြင်း စတာတွေနဲ့ ပံ့ပိုးကူညီနေပါတယ်”ဟု ဝါရှင်တန် အခြေစိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ကချင်ပြည်နယ်တွင် အကြီးစားဆည် ၇ ခု တည်ဆောက်ရန် မြန်မာ့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် တရုတ် စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(China Power Investment Corporation - CPI)တို့ အကြား ၂၀ဝ၆ ကတည်း က သဘောတူညီချက် ရခဲ့သည်။ သို့သော် ထိုအကြောင်းကို စစ်အစိုးရပိုင် မီဒီယာက ၂၀ဝ၉ ခုနှစ် ဇွန်လ ၁၆ ရက်ကျမှ မြန်မာနှင့် တရုတ်အကြား အဆိုပါကိစ္စများ ဆောင်ရွက်ရန် နှစ်ဘက် သဘောတူညီချက် ရသည်ဟု ဖော်ပြခဲ့သည်။

ဧရာဝတီမှ ရရှိထားသော သတင်း အချက်အလက်များအရ CPI ကုမ္ပဏီသည် ၂၀ဝ၇ ခုနှစ် မတ်လ ၇ ရက်ကတည်းက ယူနန် စွမ်းအင်ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။ တရုတ် ကုမ္ပဏီနှစ်ခု၏ ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံရှိ ဆည်များမှ တင်ပို့သော လျှပ်စစ်ဓာတ်အားကို ယူနန်ပြည်နယ် လျှပ်စစ် ကွန်ရက်မှ တဆင့် ဖြတ်သန်း၍ တရုတ်ပြည် အတွင်းသို့ တင်ပို့မည်ဟူသော သဘောတူညီချက် ပါဝင်သည်။

CPI ကုမ္ပဏီသည် အခြားသော တရုတ် ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ ဆည်တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ အတွက် ဘဏ္ဍာရေးအရ အကူအညီပေးနေပြီး တချိန်တည်းတွင် ယူနန် စွမ်းအင်ကုမ္ပဏီကလည်း လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးမည့် လိုင်းကြိုးများကို တည်ဆောက်နေသည်။ ထိုလိုင်းကြိုးများသည် တရုတ်ပြည် အနောက်တောင်ဘက်ပိုင်းသို့ ဓာတ်အား ပို့လွှတ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ကျောက်မီးသွေးကို စွမ်းအင်အဖြစ် ယခုအထိ အဓိကထား သုံးစွဲနေရသော စက်မှုလုပ်ငန်းများရှိရာ တရုတ်ပြည် အရှေ့ဘက်ခြမ်းအတွက် ပစ်မှတ်ထားသည့် တရုတ်၏ “အနောက်မှ အရှေ့သို့ စွမ်းအင် ဖြန့်ဖြူးရေး မူဝါဒ”အရ ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ ဆည်များမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားသည် မြန်မာနိုင်ငံအတွင်း လိုအပ်နေသော နေရာများ၌ သုံးစွဲခွင့် ရမရ ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ဝေသော တရုတ်အစိုးရပိုင် “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်း၌ တရုတ်ပြည် နိုင်ငံတကာ အင်ဂျင်နီယာ အကြံပေးလုပ်ငန်း ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူး Zhou Jiachong က ဧရာဝတီမြစ်ရိုး တလျှောက်၌ ဆည်ကြီးများ တည်ဆောက်ရန် အစိုးရနှစ်ခုအကြား သဘောတူညီချက်များ၂၀ဝ၉ ကတည်းကရထားပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ဆည်ကြီးများမှ ထွက်ရှိလာမည့် စုစုပေါင်း လျှပ်စစ်ဓာတ်အားသည် မီဂါဝပ် ၁၆၀ဝ၀ ရှိမည် ဖြစ်ပြီး ထိုင်းတနိုင်ငံလုံးတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား၏ သုံးပုံနှစ်ပုံ ရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည်တွင် လက်ရှိသုံးစွဲနေသော လျှပ်စစ် ဓာတ်အားထက် ဆယ်ဆ များပြားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အကြံပေး ကော်ပိုရေးရှင်းသည် တရုတ်၏ နိုင်ငံပိုင် လုပ်ငန်းတခု ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဆည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကျွမ်းကျင်သူ ပညာရှင်များ အဆိုအရ ဆည်ကြီးများ အပြည့်အစုံ တည်ဆောက် ပြီးစီးသွားပါက မြန်မာနိုင်ငံသည် တနှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၀ဝ၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ သို့သော် လျှပ်စစ်ဓာတ်အားကို စစ်အစိုးရက အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနေသမျှ ကာလပတ်လုံး မြန်မာပြည်သူများအနေဖြင့် ဆည်ကြီးများကြောင့် ရရှိလာသည့် လျှပ်စစ် ဓာတ်အားကို သုံးစွဲရသည်ထက် လူမှုဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်ကိုသာ ခံစားရလိမ့်မည်ဟု ဆိုသည်။ စစ်အစိုးရ အနေဖြင့် အာဏာ ဆက်လက်တည်မြဲရေးအတွက် လျှပ်စစ်ဓာတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချရန် သေချာသလောက် ရှိနေပေသည်။

တရုတ်ခေါင်းဆောင်ပိုင်း အနေဖြင့်လည်း မြန်မာပြည်တွင် ဖြစ်နေသော နိုင်ငံရေး ပြဿနာများကြောင့် ရင်းနှီးမြုပ်နှံထားသော ငွေကြေးများ မဆုံးရှုံးဘဲ တတ်နိုင်သရွေ့များများပြန်ရရန် ရေရာသေချာသည့် လုပ်ဟန်ကိုသာ ဆက်လက် ကျင့်သုံးပေလိမ့်မည်။

“မြန်မာနိုင်ငံဟာ တရုတ်ပြည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံသေးသလို လူလည်း နည်းပါတယ်၊ ထွက်လာသမျှ လျှပ်စစ်ဓာတ် အားလုံးကို ပြည်တွင်းမှာ ကုန်အောင်မသုံးစွဲနိုင်ပါဘူး၊ ဒါကြောင့် တရုတ် ကုမ္ပဏီများအနေနဲ့ မြန်မာပြည်မှာ ဆည်တည်ဆောက်မှုတွေ ပြီးသွားရင် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံထဲ တင်သွင်းဖို့ စဉ်းစားရပါတယ်”ဟု Zhou Jiachong က “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်းသို့ ပြောသည်။

မြန်မာပြည် ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိလာမည့် အကျိုးအမြတ်များအတွက် တရုတ်ကုမ္ပဏီများက အစွမ်းကုန် ကြိုးစားနေကြသည်။ လိုအပ်သည့် အတိုင်းအတာ တွက်ချက်မှုများ ပြီးဆုံးပြီဖြစ်၍ ကချင်ပြည်နယ် မြစ်ဆုံဒေသ၌ ဆည်တည်ဆောက်ရေး လုပ်ငန်းများ စတင်ရန်အသင့် ဖြစ်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် တည်ဆောက်မည့် ဆည်ကြီး ၇ ခုအနက် မြစ်ဆုံသည် ပထမဆုံး ဆည်ကြီးဖြစ်ပြီး တရုတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။ ဆည်အပြီးတွင် ရေလွှမ်းမည့် ဧရိယာအကျယ်သည် စင်္ကာပူနိုင်ငံ၏ အကျယ်အဝန်းနှင့် ညီမျှမည်ဖြစ်သည်။

ယခုအခါ ထိုစီမံကိန်းသည် ဆက်လက်အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေသည်။ စစ်အစိုးရက ယင်းဆည်ကြီး တည်ဆောက်ခြင်းအားဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရလိမ့်မည်ဟု ရည်မှန်းထားဟန်လည်း ရှိသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံး၌ မဝေးတော့သည့် အနာဂတ်တွင် နိုင်ငံတော်သည် လျှပ်စစ်ဓာတ်အားကို တနိုင်ငံလုံး ဖူလုံရုံမက ပိုလျှံသည်အထိ ထုတ်လုပ်နိုင်တော့မည်ဟု ခေါင်းကြီးတပ်ကာ ရေးသားဖော်ပြခဲ့သည်။ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော်မှ ထုတ်လုပ်နိုင်မည့် စွမ်းအင်ကို အသေးစိတ် ရေးသား ဖော်ပြထားပြီး အနာဂတ်၌ လျှပ်စစ်စွမ်းအင်ကို သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ အနေဖြင့်လည်း လျှပ်စစ် ဓာတ်အားကို ပေါပေါများများ သုံးစွဲနိုင်တော့မည်ဖြစ်၍ သတင်းကောင်းပါးလိုက်ကြောင်း ရေးသား ဖော်ပြထားသည်။

ဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားသည် နိုင်ငံတွင်း အိမ်သုံးနှင့် စက်မှုလုပ်ငန်းများ၌ အလုံအလောက် သုံးစွဲနိုင်သည် ဟူသော တွက်ချက်မှုသည် ဖြစ်နိုင်စရာ ရှိပါသည်။ ရှမ်းပြည် မြောက်ပိုင်း၌ တည်ရှိသော ရွှေလီ (၁) ဆည်သည် တရုတ်-မြန်မာ စီမံကိန်းတခု ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ သတ္ထုတွင်းလုပ်ငန်းနှင့် သတ္ထုအရည်ကြို လုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးထားသည်။ ထို့အပြင် ယူနန်ပြည်နယ် အတွင်းသို့လည်း လျှပ်စစ်ဓာတ်အားများ ပို့ပေးနေသေးသည်။ သို့သော် ဆည်အသစ်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ မျှဝေသုံးစွဲမည်ဆိုသည့် ကိစ္စမှာ ဖြစ်နိုင်သည်ဟု မထင်ပေ။

သြစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်(Macquarie University) မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ရှောင် တာနဲလ် (Sean Turnell)က “အရင်တုန်းက မြန်မာနိုင်ငံကနေ ရေအားလျှပ်စစ် တင်ပို့ခဲ့တာတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့တာတွေကို နှိုင်းယှဉ် ပြောရရင် မြန်မာနိုင်ငံသားတွေအဖို့ ကချင်ပြည်နယ်မှာ တည်ဆောက်တဲ့ ဆည်တွေကနေ ထုတ်လုပ်မယ့် လျှပ်စစ် ဓာတ်အားကို လုံလုံလောက်လောက် သုံးစွဲရမယ်လို့ မထင်ပါဘူး” ဟုပြောကြားခဲ့သည်။

“ကချင်ပြည်နယ် လူထုအနေနဲ့ စစ်အစိုးရနဲ့ တရုတ် ဆောက်လုပ်ရေး အဖွဲ့တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”ဟု ရှောင် တာနဲလ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် ဆည် ၇ ခုမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့သာ တိုက်ရိုက်တင်ပို့မည်ဟု ထောက်ပြသွားခဲ့သည်။

“တခုလုံး ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရဟာ ရေတိုအကျိုးကိုပဲ အလွန်အကြူးကြည့်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ စွမ်းအင်နဲ့ နောင်အတွက် အရံထားရမယ့် စွမ်းအင်တွေ အားလုံးကို ငွေမြန်မြန်ပေါ်လိုတာနဲ့ ထုတ်ရောင်းနေတဲ့ သဘောမျိုးဖြစ်နေပါတယ်”ဟုလည်း ရှောင် တာနဲလ်က ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများက သူတို့အသံကို နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်နိုင်ငံက ကြားရန် ကြိုးစားအားထုတ်နေသည်။

ကချင် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အဖွဲ့မှ ထုတ်ဝေခဲ့သော“ရေကြီးမှုကို ခုခံတွန်းလှန်ခြင်း”ဆိုသည့် အစီရင်ခံစာတွင် CPI ကုမ္ပဏီအား မြစ်ဆုံနှင့် ကချင်ဒေသအတွင်း ဆည်များ တည်ဆောက်နေခြင်းကို အမြန်ဆုံး ရပ်ဆိုင်းပါရန် တောင်းဆိုထားသည်။ ထို့အတူ ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ပေါက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် မဖြစ်ပွားရန်လည်း တောင်းဆိုထားသည်။

သာမန်အားဖြင့် တရုတ်အစိုးရသည် ထိုကဲ့သို့ ဖိအားပေးတောင်းဆိုမှုများကို အဖက်လုပ်လေ့ မရှိပါ။ သို့သော် ၂၀ဝ၄ ဧပြီလ အတွင်းက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်ပြည်ထဲရှိ “နုမြစ်” ခေါ် သံလွင်မြစ် အတွင်း တည်ဆောက်မည့် ဆည် ၁၃ ခုကို သဘာဝပတ်ဝန်းကျင် ပြဿနာအား စိုးရိမ်သောကြောင့် စီမံကိန်းများ ခေတ္တရပ်ဆိုင်းလိုက်သည်ဟု ကြေညာသောအခါ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ အနေဖြင့် ရှားရှားပါးပါး အောင်ပွဲ ရခဲ့ဖူးသည်။ ထို့နောက် ဆည် ၁၃ ခု အစား ၄ ခုသာ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလကမူ ဆည် ၃ ခုသာ တည်ဆောက်တော့မည်ဟု ထပ်မံကြေညာခဲ့သည်။ Liuku ဆိုသည့် ဆည်ကို တည်ဆောက်အပြီး ထွက်ရှိလာသော လေ့လာ ဆန်းစစ်ချက်များအရ တရုတ်အစိုးရက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ အပြုသဘောဆောင်သည့် အချက်များ ရှိနေသော်လည်း တရုတ်အစိုးရက ဆည်တည်ဆောက်မှုများကို မည်သို့ဆုံးဖြတ်ချက်ချမည် ဆိုသည်မှာ ခန့်မှန်းရ ခက်နေဆဲ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်သာ အဓိက အာရုံထားသော တရုတ် အစိုးရသည် တခြားသော စိုးရိမ်ဖွယ်ကိစ္စများကို ထည့်သွင်းတွက်ချက်လေ့ မရှိပေ။

နိုင်ငံတကာ မြစ်ကြောင်းများ ကွန်ရက် အဖွဲ့မှ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ပီတာ ဘော့စ်ဟတ်က “တရုတ်အစိုးရ တွက်ချက်တဲ့ ပြည်တွင်းဈေးကွက်ရဲ့ အကျိုးအမြတ်ဆိုတာ တကယ်တော့ ပါးပါးလေးပါ။ အနာဂတ်မှာ တိုးတက်လာမယ့် စီးပွားရေး ကြီးထွားမှု အလားအလာဟာ အကန့်အသတ် ရှိပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်းကနေ လိုအပ်တဲ့ အကျိုးအမြတ် နောက်ထပ် မရတော့ဘူးဆိုရင် ကုမ္ပဏီတွေဟာ နိုင်ငံရပ်ခြားက ဈေးကွက်တွေမှာ၊ အကျိုးအမြတ်ပိုရတဲ့ လုပ်ငန်းတွေမှာ ဆက်ပြီး ပြိုင်ဆိုင်ကြဦးမှာပဲ”ဟု ဆိုသည်။

မြန်မာပြည်တွင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဘဝင်မကျသူများချည်းသာ ရှိသည်မဟုတ်။ ဘ၀င်ကျသူများလည်း ရှိနေသည်။ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ယင်းတို့၏ စီးပွားဖက်များ အနေဖြင့် အိတ်ထဲမှ ငွေစိုက်စရာ မလိုဘဲ ရရှိလာမည့် အကျိုးအမြတ်များကို ထုထည်ကြီးကြီး ခွဲဝေယူကြပါဦးမည်။ ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့၏ တွက်ချက်မှုအရ မြစ်ဆုံဆည် တခုတည်းမှ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းဖြင့် ရရှိနိုင်သည့် ငွေကြေး ပမာဏမှာ တနှစ်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၅၈ သန်းခန့် ဖြစ်သည်။

စစ်အစိုးရအတွင်း ခြစားမှုများနှင့် စီးပွားရေး စီမံခန့်ခွဲမှုများ လွဲမှားနေခြင်းသည် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင် ကန့်ကွက် သူများအတွက် မျှော်လင့်ချက်ကောင်း ဖြစ်လာနိုင်သည်။ ရေရှည်အတွက် ထိုစီမံကိန်းများကို မြန်မာစစ်အစိုးရနှင့် ပူးတွဲလုပ်ရန် တရုတ်တို့ဘက်မှ အယုံအကြည် ကင်းမဲ့လာနိုင်ဖွယ်ရှိသည်။ သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားဖက်များသည် ယခုအချိန်တွင် ပုဂ္ဂလိကပိုင် ပြုခြင်းဆိုသည့် ရုပ်ဖျက်ထားသော ခေါင်းစဉ်အောက်တွင် နိုင်ငံ၏ အရင်း အမြစ်များကို အကျိုးစီးပွားအတွက် လောဘတကြီး ခွဲဝေယူကာ အလုပ်ရှုပ်နေကြသည်။ ကချင်ပြည်နယ်အတွင်းရှိ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသူများထံမှ ရရှိလာမည့် ငွေဆိုသည်မှာ အိပ်မက်ပမာသာ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် လူထုသည် ယခင်က မွဲနေသည်ထက် ပိုမို မွဲပြာကျလာမည်ကိုသာ မြင်ရပေတော့မည်။

Dam Nation By David Paquette ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

© ဧရာဝတီမဂ္ဂဇင်း (http://www.irrawaddy.org/bur)

Dam Nation

COVER STORY
Dam Nation
By DAVID PAQUETTE Irrawaddy Magazine APRIL, 2010 - VOLUME 18 NO.4 
Burma and China prepare to build seven hydroelectric dams in Kachin State that will not provide the people of Burma with jobs, security or even electricity.

Large-scale hydroelectric dams have long been decried for the immense damage they do to the environment and rural communities. Not everyone agrees, however, that the problems associated with mega-dams outweigh their benefits. After all, say pragmatists, dams are a reliable supply of electricity, without which no country can hope to survive in the modern world.

But in Burma, such arguments fall flat. Not only do massive dam-building projects take an especially high toll on people’s lives—besides destroying villages and the environment, they result in intensifying human rights abuses and make diseases such as malaria more prevalent—they also come without a payoff for the general population.

At the end of the day, the electricity they generate—the only benefit the Burmese people can expect to get from them—remains as scarce as ever.

The 55 million people of Burma are among the most power-starved in the world. In Rangoon, many households, offices and workplaces receive no more than three or four hours of electricity a day. Power cuts are frequent and productivity is severely disrupted. Neighborhoods band together to buy generators; families eat dinner and read books at night by kerosene lamps.

Recently, the lack of electricity even resulted in a rare display of public unrest. Last March, students in Moulmein, Burma’s third largest city, took to the streets in protest ahead of their exams. But unlike earlier generations of student activists, they did not demand freedom or democracy—they wanted electricity so they could study.

In a country that is now a key supplier of energy resources to its neighbors, it is no small irony that when Burma’s second largest city, Mandalay, hosted an Association of Southeast Asian Nations (Asean) conference on energy cooperation last July, the electricity department had to purchase 300 MW of electricity from the Chinese border town of Ruili to light up the city.

According to the most recent data from the International Energy Agency, in 2006 the average Burmese consumed just 84 KW of electricity per year—just five percent of the average Chinese or Thai, and 16 percent of the average Indian.

This disparity in energy consumption—a result of a depressed domestic economy that has languished under decades of military mismanagement—has made Burma eminently exploitable by countries straining to meet the energy needs of their own, more vibrant economies. And after two decades as the ruling regime’s primary international backer, China now enjoys a strong lead in the race to claim a lion’s share of Burma’s rich natural resources.

In September 2008, EarthRights International reported that it had identified no fewer than 69 Chinese multinational corporations involved in at least 90 hydropower, mining, and oil and natural gas projects in Burma.

“In pursuit of Burma’s natural resources, China has provided Burma with political support, military armaments and financial support in the form of conditions-free loans,” said the Washington-based environmental watchdog.

Plans were hatched quietly in 2006 between the Burmese Ministry of Electric Power and the state-run China Power Investment Corporation (CPI) to clear the way for seven mega-dams in Kachin State in northern Burma. However, it was not until June 16, 2009, that the Burmese state media reported that the government had signed a Memorandum of Understanding with CPI on the project.

In a leaked memo obtained by The Irrawaddy, CPI confirmed it had met with representatives from the Yunnan Power Grid Company on March 7, 2007, and negotiated a deal whereby “electricity yielding from Myanmar [Burmese] hydropower projects [will] be transmitted back to China via the Yunnan power network.”

In other words, CPI is providing most of the financing for the dam projects, along with a handful of other Chinese investors, while Yunnan Power is building the transmission lines to transfer the electricity to southwestern China. This fits in with China’s West-to-East Power Transmission Policy, a wider initiative that aims to supersede the country’s reliance on coal mining in its industrial east.

But notably absent from these plans is any indication of how the dams will help Burma to address its own energy needs.

In the January issue of China Investment, a state-run magazine, Zhou Jiachong, the director of China International Engineering Consulting Corporation, one of the Chinese state enterprises involved in the Kachin State dam projects, confirmed that companies representing the two governments had made an agreement in 2009 for hydroelectric development along the Irrawaddy River that would have a combined electricity generating capacity of 16,000 megawatts—about two-thirds the entire capacity of neighboring Thailand and more than 10 times Burma’s current supply.

Experts estimate that Burma has a total hydroelectric capacity of 45,000 MW per annum if it is fully realized. However, the people of Burma, who must bear the social and environmental costs associated with mega-dams, will see little, if any, of this energy as long as government policy remains focused on catering to countries that help to keep the Burmese generals in power.

For its part, China’s chief concern is to ensure that it maximizes the return on its investment—something that doesn’t depend on tapping into Burmese demand.

“Myanmar is a smaller country with less population relative to China,” Zhou told China Investment. “Most of the electricity generated cannot be consumed domestically. So for Chinese companies, they have to consider power transmission back to China when developing Myanmar’s hydropower resources.”

Sufficiently certain that their Burmese hydropower projects will pay off, the Chinese companies are moving ahead at full speed. On Feb. 8, China’s People’s Daily reported that feasibility studies had been completed and construction work was ready to begin on the Myitsome Dam, located at the source of the Irrawaddy River. The first phase of the project—the first of seven mega-dams in Kachin State that will cost the Chinese an estimated US $16 billion—will entail flooding an area the size of Singapore.

Now that the projects are ready to proceed, the Burmese regime has made a belated and perfunctory attempt to win public support for its ambitious plans to reshape vast areas of the country’s landscape.

In a front-page report in The New Light of Myanmar on Dec. 31, under a headline, “Country Will Achieve Electricity Sufficiency With Surplus Production Across the Nation in Near Future,” the Ministry of Electric Power (1) detailed in full the potential capacities of Burma’s more than 30 hydroelectric projects, and concluded by announcing the “good news” that “the people will enjoy [an] adequate supply of electricity, and the factories and workshops would use the power round the clock in the near future.”

Although it is possible that some of the output from the dams will indeed be used to meet domestic industrial needs—as in the case of the Shweli I Dam in northern Shan State, another Sino-Burmese joint venture that provides energy to mines and smelters in the country’s north, as well as to China’s Yunnan Province—there is little reason to believe the new dams will be much of a boon to average Burmese consumers.

“I think we can safely assume, based on past practice and what we understand are the arrangements relating to Burma’s export of hydroelectricity now, that the Burmese people will receive near enough to no benefit at all from the dams being constructed in Kachin State,” said economist Sean Turnell of Macquarie University in Australia, a long-time observer of Burma’s economy.

“Indeed, we can be certain that the people in Kachin State will suffer—as their rights and properties are trampled underfoot by both the Burmese regime and Chinese construction crews,” said Turnell, who estimated that more than 80 percent of the electricity produced by the seven dams will be sent straight to China.

“The whole scenario,” he said, “is an extraordinary illustration of the short-sightedness of the regime, [which is] willing to sacrifice Burma’s current and long-term energy needs for quick cash up front.”

With so much at stake, civil society groups in Kachin State are now trying hard to make their voices heard outside Burma—especially in China.

In a report titled “Resisting the Flood,” the Kachin Development Networking Group (KDNG) calls on CPI “to immediately stop construction of the Myitsone Dam and other dams in Kachin State, and to avoid complicity in multiple serious human rights abuses associated with the project.”

Although China is often seen as impervious to such pressure, in April 2004, environmentalists won a rare victory when Chinese Prime Minister Wen Jiaobao called for the suspension of one project to build 13 dams on the Nu (Salween) River because of environmental concerns. The number of dams to be constructed was later reduced to four, but last May this was cut to three, after work on the Liuku Dam was halted pending a more thorough impact assessment.

Despite such positive signs, however, China’s decision-making on such issues remains opaque. Ultimately, economic considerations in China are likely to override other concerns.

According to Peter Bosshard, the policy director of International Rivers Network: “Profit margins in [China’s] home market are notoriously slim and the potential for further growth is limited. Once the companies acquire the latest hydropower technology, they are eager to compete for contracts in more profitable overseas markets.”

Of course, not everyone in Burma is dissatisfied with the hydropower scheme. Without risking much financial investment of their own, the military elite and the profiteers close to them will rake in massive rewards for their part in the sell-off. Revenue from electricity sales from the Myitsone Dam alone is estimated to be at least $558 million per year, according to KDNG.

Ironically, the regime’s reputation for corruption and economic mismanagement may now be the best hope for opponents of the dams, as it could undermine Chinese confidence in the long-term viability of the projects. If greed does get the better of the generals and their cronies, who are now busy making sweetheart deals for future control of Burma’s resources under the guise of privatization, it may close the floodgates on funding and spare the people of Kachin State a deluge of “development” that will only leave them more impoverished than they already are.

Photographed in 2008, the Xiaowan Dam is the fourth in a series of mega-dams on the upper Mekong River financed by China. It began filling its reservoir in October 2009 and will be 292 meters (958 feet) high and cover an area of 190 sq km (73 sq miles) when fully operational in 2012. Critically low water levels downstream on the Mekong During this year's dry season have been reported, attributed in part to China's construction of dams on the river. (Photo: MARCUS Q. RHINELANDER)

© Irrawaddy Publishing Group (http://www.irrawaddy.org/)

ကိုဇာဂနာဖတ်ဖို့ ဟာသ

ကိုဇာဂနာဖတ်ဖို့ ဟာသ
ပျော်တော်ဆက်သာဂိ 

ရန်သူကို မိတ်ဆွေဖွဲ့ကြပါ …
မေ ၂၀၊ ၂၀၁၀။

ကိုဇာဂနာရေ

ခင်ဗျား မဖတ်ရမယ့် စာတွေရေးပြန်ပေါ့။ ကျနော့်ကို မေးကြတယ်ဗျ။

ကိုဇာဂနာနဲ့ ကျနော်နဲ့က နှစ်ပေါင်းများစွာ (ခင်ဗျားက အသက်အလွန်ကြီးပြီး၊ ကျနော်က အလွန်ငယ်တယ်ဗျာ) ကွာတယ်။ မိုင်ပေါင်းများစွာ ဝေးတယ် (ကျနော်က ရန်ကုန်မှာ၊ ခင်ဗျားက မြစ်ကြီးနား)။ ပြီးတော့ ငယ်ပေါင်း ကြီးဖော်ကြီး ကျနေတာပဲ ပြောဆိုနေလိုက်တာ။ ခင်ဗျား မိဘတွေ၊ မိသားစုတွေနဲ့လည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ဘာကြောင့် ဒီလိုမျိုး စာတွေ နင်ပဲ ငဆ ရေးနေတာလဲလို့ မျက်မှောက်ကြုတ်ကြတယ်ဗျ။ ကျနော်ကတော့ ဖြေသာအောင်ပဲ ဖြေပါတယ်။ အကိုဇာဂနာဆိုတာ ပြည်သူ့အချစ်တော်၊ ပြည်သူ့သူရဲကောင်း၊ ပြည်သူ့ဂုဏ်ရည် စာရင်းဝင်ဗျာ။ ကျနော်တို့ပရိသတ်တွေက ချစ်ခင် ရင်းနှီးစွာနဲ့ တင်ဆက်နေတဲ့သဘော၊ စကားဝိုင်းတွေမှာ အမြဲရှေ့တန်းပို့တဲ့သဘောပါ ခင်ဗျာ။

စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီရေး သူရဲကောင်းတွေကို အိမ်ဦးခန်းမှာ နေရာမရအောင် အစွမ်းကုန်လုပ်နေသမျှကာလပတ်လုံး ကျနော်တို့ရဲ့ စာနယ်ဇင်းစာမျက်နှာတွေမှာ ပရိသတ်တွေရဲ့ စာပေအိမ်ဦးခန်းမှာ သူတို့ကို ဦးထိပ်ပန်ဆင်ထားရမယ်လို့ ကျနော်ကတော့ ခိုင်ခိုင်မာမာကြီး ယူဆလို့ သည်စာတွေကို အခန်းဆက်ရေးနေပါကြောင်း ဖြေရှင်းချက် ပေးသွင်းပါတယ် ခင်ဗျား။

ဘယ်နှယ့် - အာဏာပါးကွက်သားတွေ၊ ပုဆိန်ရိုးတွေကို စာပေအိမ်ဦးခန်းမှာ ဒူးတုပ်ရိုသေစွာ ဦးတင်ပြီးတော့ “ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများ ပါးပိတ်ရိုက်လိုက်ပါသလဲခင်ဗျာ။ ခင်ဗျားက ဘယ်ဘက်လက်နဲ့ ရိုက်တာလဲခင်ဗျာ။ အော် ဦးဝင်းတင် သွားတွေကို တချောင်းစီ ရိုက်ချိုးလိုက်တာ ခင်ဗျားလား။ အဲသလို လုပ်လိုက်ရတာကို ဘယ်လိုများ ခံစားရပါသလဲခင်ဗျာ။ ကိုဇာဂနာ့ကို ဘယ်လိုများ နှိပ်စက်ခဲ့တာလဲခင်ဗျာ။ ပရိသတ်ကြီးကို ပြောပြလိုက်ပါဦးခင်ဗျာ …” လို့တော့ အဲသလို သူမျိုးတွေကို ပွဲထုတ်ပြီး ကလောင်စွမ်းမပြ၀ံ့လို့ ကိုယ်ချစ်ခင်သူတွေ အကြောင်းကို ရင်ပတ်ကြီးဖွင့်ပြီးပဲ သာဂိတို့ကတော့ ရေးပါရစေ။

အံမယ် … ကျနော်က သည်လိုမျိုး ခါးခါးသီးသီးရေးတော့ ကျနော်က ရန်သူကို မိတ်ဆွေမလုပ်နိုင်သူလို့ လက်ညှိုးထိုးကြမယ်ဗျ။ သာဂိတို့က ရန်သူကို မိတ်ဆွေ လုပ်ချင်ပါတယ်။ အခုလည်း ရန်သူတွေကို မိတ်ဆွေလုပ်နေတာပါပဲ။ ဥပမာ - အကိုတို့ထောင်ဝင်စာကို အနှောက်အယှက်ပေးနေတဲ့ ထောင်မှူးတွေ၊ ထောင်ဝန်ထမ်းတွေ၊ ထောက်လှမ်းရေးတွေ၊ လက်မရွံ့ လူမိုက်တွေကို လဘက်ရည်တွေ ခေါ်တိုက်၊ မုန့်တွေ ၀ယ်ကျွေးပြီး မိတ်ဆွေ ဖွဲ့ချင်တာပေါ့ ခင်ဗျာ။ မိတ်ဆွေတွေသာ ဖြစ်သွားရင် ကိုဇာဂနာ့ကို ထောင်ထဲမှာ အကျဉ်းအကြပ်ထဲ ဘယ်ထားမှာလဲ။ သူတို့ အိမ်ပေါ်ကို ခေါ်တင်ခိုင်းထားပြီး ဇိမ်နဲ့ သွားနေခိုင်းမှာပေါ့။ မြစ်ကြီးနားထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ထောင်ဝန်ထမ်းတွေရဲ့ အိမ်ဦးခန်းမှာ ခေါ်တင်ခိုင်းထားမှာပေါ့ဗျာ။ ရန်သူတွေ မိတ်ဆွေတွေ ဖြစ်ကုန်မှတော့ ဘယ့်နှယ် သည်လူတွေကို ထောင်ဝန်ထမ်း မိသားစုတွေ အားလုံးရဲ့ ခေါင်းပေါ်တင်ခိုင်းထားမှာပေါ့လေ။

တလောက မြန်မာသံရုံးမှာ အခွန်လာဆောင်တဲ့ အမျိုးသမီးတယောက်ရဲ့ ပြောလိုက်တဲ့စကားကို ခုချိန်ထိ နားထဲမထွက်သေးဘူးဗျာ။ (စင်္ကာပူသံရုံး လို့ ကြားတယ်)။ သံရုံးဝန်ထမ်းတွေက အလွန် လူပါးဝတာကလား။ အခွန်လာဆောင်တဲ့သူတွေ၊ ပြည်ပတွင် ကောင်းမွန်စွာ နေထိုင်ကြောင်း လက်မှတ်လေးတွေ ထုတ်ပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်တဲ့ မြန်မာတွေကို အလွန် မောက်မာ ရိုင်းစိုင်းစွာ ဆက်ဆံတာ အလွန်နံမယ်ကြီးတယ်လေ။ အဲသည် အမျိုးသမီးက ကောင်တာရှေ့ကနေ စိတ်ဆိုးပြီးတော့ ပြောတယ်တဲ့ …

“ဟဲ့ အကောင်တွေ၊ ကောင်မတွေ … နင်တို့ကို ငါတို့ ပေးထားတဲ့ အခွန်တွေနဲ့ နင်တို့ တမျိုးလုံး တဆွေလုံး မြိုဆို့ပြီး နင်တို့တွေက ငါတို့ကိုများ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေသေးတယ်။ လာခဲ့ကြစမ်း နင်တို့တတွေ။ နင်တို့ ပါးစပ်ကို ဟခိုင်းပြီး ငါ့ခြေမနဲ့ နင်တို့ လည်ချောင်းကို ကလော်ထုတ်လိုက်ရင် ငါတို့ကျွေးထားတဲ့ ထမင်းတွေ အတောင့်လိုက် ထွက်ကျလာမယ် …” တဲ့

အဲသည်လို ပြောလိုက်တာတဲ့။ သံရုံးဝန်ထမ်းတွေ မျက်နှာဆိုတာ ဘယ်သွားထားရမှန်း မသိဘူးတဲ့။ သို့သော် သိန်းစိန်တို့ ဉာဏ်ဝင်းတို့တောင်မှ မျက်နှာကြော မာမာပဲ နေနိုင်သေးတာ ဆိုတော့ ဒေသနာဆုံးသော်လည်း တရားမရကြကုန် …။

ဟဲဟဲ … ပြောချင်တာကတော့ ကိုဇာဂနာရယ် … ပြည်သူတွေသာ အမိအဖ၊ ထမင်းရှင်တွေ ဆိုတာ သူတို့ သေချာသိပြီဆိုရင် ကျနော်တို့တတွေနဲ့ သူတို့ မိတ်ဆွေ ဖြစ်တာ သေချာပြီပေါ့။ အခုဟာက သူတို့တတွေက ကျေးဇူးရှင်တွေ ဖြစ်နေတယ်လို့ အထင်ရောက်နေ၊ ကျနော်တို့ကလည်း “ဟဲ့ လာခဲ့စမ်း - နင်တို့လည်ချောင်းထဲကို ငါ့ခြေမနဲ့ ကလော်ထုတ်လိုက်ရ …” လို့ ခဏ ခဏ မပြောဖြစ်တော့ သူတို့လည်း အမေ့မေ့အလျော့လျော့ ဖြစ်ကြရှာတယ်။ သနားစရာ …

ရန်သူတွေကို မိတ်ဆွေ ဖွဲ့တယ် ဆိုတဲ့နေရာမှာ ကျနော်တို့ကလည်း အမြင်ပြောင်းဖို့ လိုတယ် ထင်တယ် ကိုဇာဂနာရယ့်။ ဥပမာ - အင်န်အယ်ဒီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ သွားပေါင်းတဲ့ ဟို အင်န်အယ်ဒီအပဲ့အစင်လေးတွေကို ကျနော်တို့က အကောင်းမြင်ရမယ်။ သူတို့တတွေက အင်န်အယ်ဒီထဲ ကုပ်ကပ်နေပြီး ကပ်တီး ကတ်ဖဲ့တွေ လုပ်နေရင် အလုပ်ဘယ်တွင်မှာတုံးလေ။ သူတို့တတွေ စစ်အစိုးရနဲ့ သွားပေါင်းပြီး ကပ်တီး ကပ်ဖဲ့တွေ သွားလုပ်နေကြတော့ ဟိုဗိုလ်သန်းရွှေတို့ အုပ်စု မြန်မြန် အလုပ်တွေပျက်၊ ပေါက်ကရလေးဆယ်မက ပြသနာပေါင်း ၄ သင်္ချေနဲ့ ကမ္ဘာတသိန်း ဖြစ်ကုန်ကြမှာပေါ့။ မကောင်းလားဗျာ။

၂၀၁၀ လွှတ်တော်ကြီးတို့ ရွေးကောက်ပွဲတို့ မြန်မြန်လုပ်ကြ၊ မြန်မြန်ပြီးအောင် လုပ်ကြမှ ဖြစ်မယ်။ သူတို့တတွေက ဒီမိုကရေစီဖက်မှာ ယောင် ခြောက်ဆယ်လုပ်ပြီး နေနေကြရရင့် မသကာ နက်ဖြန်သဘက် ဒီမိုကရေစီတွေ ဘာတွေ ထီပေါက်သလို ရသွားကုန်ရင် သူတို့က အချောင် ပြည်သူ့ဂုဏ်ရည်တွေ ဘာတွေ ရကုန်၊ ဂုဏ်တွေ မော်ကွန်းတွေ ၀င်ကုန်ဦးမယ်လေ။ အခုဟာက ဟိုဖက်ထဲ စောစောစီးစီး သွားပေါင်းပြီး မြောက်တကြွကြွနဲ့ ခုန်လိုက်ပေါက်လိုက် လုပ်နေတာ ကောင်းတယ်ဗျ။ ကျနော်တို့ ဒီမိုကရေစီဖက်မှာလည်း ထိထိရောက်ရောက် စွန့်လွှန့်စွန့်စား ရင်းနှီးမြုပ်နှံပြီး နေကြတဲ့သူတွေမှ မဟုတ်တာ ကိုဇာဂနာရယ် … မြန်မြန် သဘောပေါက်ပြီး ဘက်ပြောင်းသွားတာ အေးတယ်လေ အကို။

စစ်အစိုးရကလည်း ကျနော်တို့ သဘောထားမှန်ကို သိသွားလို့ကတော့ အဲသည်လိုလူမျိုးတွေကို သူတို့ဖက်မှာတောင် လက်မခံဘဲ ပြန်အမ်းပြီး ကျနော်တို့ဖက် အတင်း ပြန်တွန်းလွှတ်၊ ပြန်မောင်းထုတ်လိုက်မှာတောင် စိုးရိမ်ရတယ်။ ဟေ့ … ဟေ့ … ၂၀၁၀ ရွေးကောက်ပွဲတို့ ၂၀၁၀ လွှတ်တော်တက်မယ့် သူတွေ … နင်တို့ စစ်အစိုးရဖက်မှာ တသက်လုံးသာ နေကြပါဟေ့။ ငါတို့ ဒီမိုကရေစီဖက် ပြန်မလာကြနဲ့နော် … ဆန်ကုန် မြေလေး ရေရှား မီးမလာ ဖြစ်ကုန်မှာ စိုးလို့ … (အဟိ)။

ကိုဇာဂနာလည်း စဉ်းစားပြီး စာရင်းပြုစုထားလေ။ အကိုနဲ့ စိတ်မတွေ့တဲ့သူတွေကို ခုချိန်မှာ မြန်မြန် စစ်တပ်နဲ့ ပေါင်းခိုင်းပါ။ ဒီဖက်မှာလည်း အပိုဖြစ်မယ့်သူတွေ အတင်းဆွဲမထားပါနဲ့။ မြှောက်သာပေးလိုက်ပါ အကိုရာ။ ကျနော်လည်း ပြည်ပက အချို့ အာလူးများ၊ အစားကြီး၊ အလုပ်မဖြစ်တွေ၊ ပညာတတ်ကြီးတွေ၊ ဘာကြီး ညာကြီး ဆိုသူတွေကို စာရင်းလုပ်ပြီး စစ်တပ်နဲ့ မြန်မြန်သွားပေါင်းခိုင်းဖို့ မိုးမခကတဆင့် တိုက်တွန်းထားတယ်။

ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး မအောင်မြင်တာ ဘယ်နှယ့် ညာနှယ့် ပြောမနေနဲ့တော့ ကျနော်တို့ဖက်မှာ အကျိုးမဖြစ်သူတွေကို ဟိုဖက်ကို မြန်မြန် တွန်းပို့လိုက်ပါ။ ကြားဖူးတယ် မဟုတ်လားအကို - ဟိုးတုံးက လူတယောက် ဒုက္ခရောက်စေချင်ရင် ဓာတ်စက်တို့၊ ကင်မရာတို့ ၀ယ်ပေးလိုက် … ဟုတ်လား။ အဲသည်လူလဲ ကြွားချင်တာနဲ့ ဓာတ်ပြားဖိုး၊ ဖလင်ဖိုးတွေ ၀ယ်ရလွန်းလို့ မွဲရောဆိုတာ။ အခုကတော့ အမြင်ကပ်လို့ကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲသာ ၀င်ခိုင်းလိုက်ပေတော့။ စစ်အစိုးရဖက်မှာ အဲလိုလူတွေများလေ သူတို့ မြန်မြန် ကိစ္စတုံးလေပဲပေါ့။

ကျနော်တို့က အတင်းတားနေမယ်၊ အပြစ်တင်နေမယ် ဆိုရင် ကျနော်တို့တွေနဲ့ ရန်သူတွေ ဖြစ်ကုန်မယ်။ အခု သူတို့ကို ခွင့်ပြုလိုက်၊ သွားပါစေ … ဒါဆိုသူတို့ကလည်း ကျေနပ်ပြီး ပျော်ပြီး သွားကြမယ်။ ကျနော်တို့တွေကိုလည်း မိတ်ဆွေတွေလို ကျေးဇူးတွေတောင် တင်ကုန်အုံးမယ်။ ဟို အင်န်အယ်ဒီ အပဲ့အစင်ကလေးတွေ၊ ဟို ၈၈ အတုအယောက်ကလေးတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဦတင်ဦး၊ ဦးဝင်းတင်တို့ကိုသာမက၊ ထောင်ထဲက ကိုဇာဂနာတို့၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ မနီလာသိန်းတို့ကို ထိခြင်းကြီး ၅ ပါးနဲ့ ကန်တော့ပြီး ကျေးဇူးတွေ တင်ပြီး ဟိုဖက်က စစ်အစိုးရနဲ့ သွားပေါင်း။ ဒီဖက်မှာ မအောင်မြင်တဲ့ ဉာဏ်ပညာကြီးတွေကို သယ်ဆောင်ပြီး ဟိုဖက်မှာ လျောက်ပြီး လုပ်။ ကာလနာတွေ တိုက်ကုန်ကြ။ မကောင်းလားဗျာ။

ဒါကြောင့် ဟိုစာရေးဆရာကြီး တဦးက ဖောက်ထွက်တွေးခိုင်းတယ် မဟုတ်လားဗျာ။ ကိုလိုနီခေတ်က ဗြိတိသျှစိတ်တိုင်းကျ ဆီးနိတ်တို့၊ လွှတ်တော်တို့၊ ၀န်ကြီးတို့ လုပ်ခဲ့ကြသူတွေကို သခင်ကိုယ်တော်မှိုင်းတောင် တားခဲ့လို့မှ မရတာပဲလေ။ သူတို့ဆုတောင်းက ဂေါတမနဲ့ တွေ့နေတာတောင် ဒေ၀ဒတ်နဲ့ ရွေးပေါင်းချင်တာကို အပြစ်မတင်ပါနဲ့ ကိုဇာဂနာ။ သွားပါစေပေါ့ မိတ်ဆွေတို့ရေ … ပေါ့။

မိတ်ဆွေတွေထဲမှာလည်း အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်း (စာရေးဆရာမ မေတ္တာဦး) တို့လည်း ပါတယ် ကိုဇာဂနာ။ သူတို့တတွေက ဒေါ်စုရဲ့ အိမ်ကို အတင်းလိုက်လုနေတာ မဟုတ်လား။ လုပါစေ။ လုကြပါစေ။ သူတို့ကို ရန်သူလို့ သဘောမထားစေချင်ဘူး ကိုဇာဂနာ။ သူတို့တတွေက ဒီမိုကရေစီဘက်တော်သား အယောင်ဆောင်ပြီး ဒေါ်စုနဲ့ အတူ အကျယ်ချုပ်သွား အကျခံနေရင် ကျနော်တို့မှာ သူတို့အတွက် အလုပ်ပိုရှုပ်ဦးမယ်လေ။ တော်ကြာ သူတို့ကိုပါ နိုဘယ်ဆုကို ခွဲပေးရမယ်။ နိုဘယ်ဆုတွေ ဘာတွေ ရပြီးမှ စိတ်ပြောင်းသွားပါပြီဆိုပြီး နေပြည်တော်မှာ ဗိုလ်သန်းရွှေ အထိမ်းအမှတ် တိရစ္ဆာန်ရုံကြီး ဆောက်လုပ်ရေးမှာ သွားပြီး အလှူကြီး သွားပေးလိုက်ရင် ကျနော်တို့ မျက်နှာတွေပျက်၊ ရင်တွေ ကျိုးရချည်ရဲ့။ (ဂျွတ် ဆိုပြီးတော့ …)။

အခု သူတို့တွေက မူလ ဇာတိရုပ် အစွယ်တဖွေးဖွေးနဲ့ စစ်အစိုးရ အလိုကျ တရားတွေ စွဲ၊ လူကြမ်းတွေလုပ်နေကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဘက်တော်သားတွေဟာ အလွန်ကြီးကျယ် မြင့်မြတ်သွားတာပေါ့ဗျာ။ အောင်ဆန်းဦးတို့ လဲ့လဲ့နွယ်သိန်းတို့ တရားစွဲပေးနေလို့သာ ဒေါ်အောင်ဆန်းစုကြည်မှာ အပျင်းပြေရရှာတယ်လို့ သဘောထားပါ။ အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ပျင်းနေရရှာမယ်။ အိမ်ကြီးကလည်း ပျက်စီးယိုယွင်းနေပြီ။ အခုလို တရားရုံးမှာ ရင်ဆိုင်နေရတော့ ပြည်သူတွေရဲ့ မေတ္တာတွေ အပြန်အလှန် ပေးပို့လို့ရတာပေါ့ ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ကိုအောင်ဆန်းဦးနဲ့ မလဲ့လဲ့နွယ်သိန်းပါ လို့ ကျနော်တို့ လက်မှတ်ထိုးကင်ပိန်းလုပ်အုံးမယ်။ အင်ယားကန်ကြီး ကောလာတာ ဒေါ်စုကြောင့် ဆိုပြီး အမှုဆင်ပြီး တရားဆိုင်ကြပါဦးလို့။ သူတို့ စွဲနေ ဆိုနေမှ ဒေါ်စုတယောက် သက်ရှိထင်ရှား ဉာဏ်ပညာကြီးမားစွာ ရှိနေကြောင်း လူထုက အဆက်မပြတ် သိရရှာတာ။ သူတို့ကို မိတ်ဆွေလို့ သတ်မှတ်ကြပါ။

ကဲဗျာ … အခု နောက်ပိတ်ဆုံး မြန်မာတပြည်လုံး မိုးခေါင်ရေရှား ကပ်ဘေးဆိုက် အပူပွားနေတာနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်သန်းရွှေကြီးတို့ တအုပ်လုံးကို ရန်သူလို မမြင်ပါနဲ့ ခင်ဗျာ။ သူတို့တတွေခင်မျာ လက်နက်ကလွဲပြီး ဘာနဲ့မှ တိုင်းပြည်ကို မအုပ်ချုပ်တတ်ဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ ပြုပြင် တည်ဆောက် ကယ်တင်နေရတာ ဖြစ်ပါတယ်။ ဒါတွေကို အမိုက်တရားအပိတ်ခံနေရသူ တပ်မတော်သားတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေကို ကျနော်တို့ရဲ့ သစ္စာရေတပေါက်နဲ့ အမြင်မှန်ကို ပေးဖို့ အခွင့်အရေး ရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သဘာဝရင်းမြစ်တခုဖြစ်တဲ့ ရေကလေး တပေါက်တောင်မှ တွန့်တိုတဲ့ အာဏာရှင်တစုနောက်ကို ဘယ်ပြည်သူတွေကလိုက်မှာတုံး။ (ဟို အင်န်အယ်ဒီ အပဲ့အစင်၊ ၈၈ အတုအယောင်နဲ့ အခွင့်အရေးနောက်လိုက် စစ်တပ်အလိုတော်ရိတွေက လွဲရင်ပေါ့လေ … )။ သူတို့ အသိဉာဏ် နုံနဲ့လေလေ၊ သူတို့တွေဖက်မှာ အလိုတူ အလိုပါတွေ များများ ပူးပေါင်းပြီး မိုက်မဲကြလေလေ … ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေမှာ လူသန့် စိတ်သန့် လူတော် လူကောင်း သူတော်ကောင်း ပညာရှိများနဲ့ တိုင်းပြည်အရေး၊ ပြည်သူအရေးကို လွတ်လပ်ပွင့်လင်း ရဲဝံ့တည်ကြည်စွာ ရွက်ဆောင်နိုင်ကြမှာ ဖြစ်တယ် ဆိုတာကို အကျိုးမျှော်ပြီး နိဗ္ဗာန်ဆော်လိုက်ရပါကြောင်း။

ဒီဒေသနာတော်အဆုံး၌ စစ်အာဏာရှင်နဲ့ အလိုတော်ရိတို့ နောက်လိုက်တို့ အကျွတ်တရား မရကြကုန်။ (မရတာ အေးတယ်ဗျာ။ ငရဲပြည်မှာ သူတို့အတွက် အထူးခန်းတွေ ပြင်ထားတာ အဟောသိကံ မဖြစ်စေချင်လို့ … အဟိ)

ကဲ … ကိုဇာဂနာ ရှည်ပါစေ … (သက်တော်ရာကျော်)

© မိုးမခ (http://moemaka.com/)

သောကြာသားများ အတွက် မိုးတား ဂါထာ

သောကြာသားများအတွက် မိုးတားဂါထာ
ရန်ကုန်သားတာတေ Wednesday, May 19, 2010

ချင်းမိုင်နေ ဦးရုက္ခစိုးကြီးမှာ ရုက္ခစိုးလိုမနေဘဲ ဆတ်ဆော့မိသောကြောင့် ဖိုးရှုပ် သတင်းသွားယူရာ ဘန်ကောက်ရှိ ရှပ်နီများ ဆန္ဒပြသည့် နေရာသို့ ရောက်သွားခဲ့သည်။ သေနတ် ဖောက်သံများကို မကြောက်လှသော်လည်း မတော် ချော်မှန်လျင် လူကြားမကောင်း ဖြစ်မည် စိုးသောကြောင့် ဖနောင့်နှင့်တင်ပါး တသားတည်းနေအောင် ပြေးခဲ့ရာ ရန်ကုန် ရောက်မှ လွတ်ပြီ ကျွတ်ပြီဟူ၍ စိတ်ဒုန်းဒုန်းချပြီး ရပ်လိုက်မိတော့၏။

ရန်ကုန်မြို့လယ်တွင်တော့ ပုဆိုးကို ရင်ခေါင်းတက်ဝတ်ထားပြီး ကျွတ်မကျစေရန် ခါးပတ်စည်းထားသည့် ဦးသိန်းဂိန်မှာ အစိမ်းရောင်အလံများကိုင်၍ ညွှန်ကြားမှုများ ပြုလုပ်နေသည်။ သူ့ဘေးတွင် ချိုကုပ်ဒူးကြီးကို ခေါင်းတညိတ်ညိတ် ကျေနပ်သည့် မျက်နှာနှင့် တွေ့လိုက်ရသည်။ 

ရုက္ခစိုး။ ။ ဟောဟဲ … ဟောဟဲ … မောလိုက်တာဗျာ … ရေလေး တပေါက်လောက် တိုက်စမ်းပါ။

သိန်းဂိန်။ ။ ဟာ … မတိုက်နိုင်ပါဘူး။ သောက်ချင်ရင် ကျော်သူ့ဆီ သွားတောင်း သောက်။ ပြီးရင် ကြံ့ဖွံ့ပါတီ စာရင်းထဲ ထည့်မှတ်ထားလိုက်။

ဦးသိန်းဂိန်စကားကြောင့် ဦးရုက္ခစိုး အံ့သြကာ ပါးစပ်အဟောင်းသား ပွင့်သွားသော်လည်း ဦးသိန်းဂိန်ဘေးတွင် ရပ်နေသည့် ချိုကုပ်ဒူးကြီးကတော့ သဘောအခွေ့ကြီး ခွေ့သည့်ဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။

ချိုကုပ်။ ။ ဒါနဲ့ ဦးရုက္ခစိုးကြီးက ဘယ်ကဘယ်လို ရောက်လာတာလဲဗျ။ ချွေးတွေလည်း ရွှဲလို့ပါလား။

ရုက္ခစိုး။ ။ ဖိုးရှုပ်နဲ့အတူ ဘန်ကောက်က ရှပ်နီဆန္ဒပြပွဲလိုက်သွားတာ။ သေနတ်တွေ ဖောက်နေလို့ ထွက်ပြေးလာတာလေ။ ကြောက်စရာကြီးဗျာ။ ပစ်နေလိုက်ကြတာ။

ချိုကုပ်။ ။ အတော်ညံ့တဲ့ကောင်တွေ။ အဲဒါ အစောကြီးကတည်းက လုပ်ရမှာ။ လက်ညှိုးလေး တချက်ကွေးလိုက်ရင် အားလုံးငြိမ်သွားမယ်လို့ ကျုပ် အစကတည်းက အကြံပေးတာကို နားမထောင်လို့ ခုလို ဖြစ်ရတာ။

ဦးသိန်းဂိန်။ ။ ဟုတ်ပါ့ဗျာ၊ ကျုပ်တို့ ချိုကုပ်ဒူးကြီးသာဆိုရင် ပွဲ အငြိမ်ပဲ။ ရှပ်နီမကလို့ … သင်္ဃန်း အဝါ ဖြစ်ဖြစ် အပြုတ် ဖြုတ်ပစ်မှာ။

ဦးသိန်းဂိန်က ပြောရင်း ခါးပတ်ကိုဆွဲတင်၊ ပုဆိုးကိုဆွဲချနှင့် ဂနာမငြိမ်ဖြစ်နေသည်။

ချိုကုပ်။ ။ ဘယ်လိုဖြစ်နေတာလဲ သိန်းဂိန်ရယ်၊ အိနြေ္ဒရရနေမှပေါ့။

သိန်းဂိန်။ ။ ပုဆိုးဝတ်ကျင့် မရှိလို့ပါဗျာ။ နောက်တော့လည်း ပုဆိုးနဲ့ပဲ ဝါးကျင့်ရှိသွားမှာပါ။ သြော် ယောင်လို့ … ပုဆိုး ဝတ်ကျင့် ရှိသွားမှာပါ ပြောတာ။

ထိုစဉ် “ရေကုသိုလ်” ဆိုသည့် ကားတစီး သူတို့နားတွင်လာရပ်သည်။ ဦးသိန်းဂိန်က အစိမ်းရောင် ခြင်္သေ့ပုံပါသည့် အလံတခုကို ထိုကားတွင် သွားစိုက်ရင်း …. “ဦးရုက္ခစိုး ရေဆာတယ်ဆို၊ သောက်လေ … သောက်လို့ရပြီ” ဟုဆိုသည်။

ရုက္ခစိုး။ ။ ရေလှူတာပဲဗျာ ကိုယ့်ဘာသာလှူလည်း ရတာပဲ။ ဘာလို့ သူများဟာမှာ သွားတံဆိပ်တပ်တာလဲ။

သိန်းဂိန်။ ။ ဒါကတော့ … ကျုပ်တို့က ရေအတွက်လောက်နဲ့ အလုပ်ရှုပ် မခံချင်တော့လို့ပါ။ ခုဆို ကျုပ်တို့ ဓားပြ တိုက်ထားတာ … အဲ ယောင်လို့ … ကျုပ်တို့ကို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက လှူထားတာ သိန်း၇ထောင်ကျော်ရနေပြီ။

ရုက္ခစိုး။ ။ အဲဒါတွေက ဘာလုပ်ဖို့လဲ။

သိန်းဂိန်။ ။ ငွေတိုးပေးစားပြီး အမြတ်ထဲက များများကို ပါတီအတွက်ဘုန်းမယ်၊ ကျန်တာ စာကြည့်တိုက်တွေအတွက် သုံးမယ်။ စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ မကြားဖူးဘူးလား။ လူတွေက စာမဖတ်လို့ သူ့ကျွန်ဘဝ ရောက်ရတာလေ ...။ စာဖတ်ရင် သူ့ကျွန်ဘဝ မရောက်တော့ဘူး၊ အချင်းချင်း ကျွန်ပြုရုံပဲ။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတဲ့သဘောပေါ့။ အဲဒါကျုပ်ပြောတာ မဟုတ်ဘူးနော် … ဆော်ကြမ်းပြောတာ။ ဟဲဟဲ။

ရုက္ခစိုး။ ။ စာမဖတ်ခင် ရေငတ်နေတာကို ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။ ။ သြော် … အဲဒီ အသေးအဖွဲတွေကတော့ ကျော်သူတို့ လုပ်ပါလိမ့်မယ်။

ထိုစဉ် ချိုကုပ်ဒူးကြီးက “တိတ်တိတ်နေကြစမ်းဗျာ … ဒီမှာ ဂါထာရွတ်နေတာ အနှောင့်အယှက်ဖြစ်တယ်” ဟု ပြောရင်း လက်အုပ်ချီကာ ပါးစပ်ကလည်း ပွစိပွစိလုပ်နေသည်။

ရုက္ခစိုး။ ။ ဘာဂါထာလဲဗျ။

သိန်းဂိန်။ ။ ရှူး … တိုးတိုး … စက်ကွင်းမလွတ် ဖြစ်သွားမယ် ဘာမှတ်လဲ။ မိုးတား ဂါထာ ရွတ်နေတာဗျ။

ရုက္ခစိုး။ ။ ဘယ်လို … မိုးတား ဂါထာ ဟုတ်လား။ မိုးမရွာလို့ လူတွေ ဒုက္ခရောက်နေတာကို မိုးက ဘာလို့ တားရတာလဲ။

သိန်းဂိန်။ ။ သောကြာသားတွေ အတာစားပြီးတဲ့နောက် သေကိန်းရှိတယ် ဆိုလို့ ဗေဒင်က မသေအောင် မိုးတားရမယ်လို့ ဟောလို့ပါ။

ထိုအချိန်တွင် ချိုကုပ်ဒူးကြီး ဂါထာရွတ်ပြီးသွားပြီဖြစ်သည်။

ချိုကုပ်။ ။ ဘယ်သူသေသေ ငရွှေ မာရင်ပြီးရော ဆိုတဲ့ စကား ရှိတယ်မဟုတ်လား ဦးရုက္ခစိုးရယ်။ ကမ္ဘာမီးလောင် သားကောင်တောင် ခြကို နင်းသေးတာပဲ။

သိန်းဂိန်။ ။ ကမ္ဘာမီးလောင် သားကောင် ချနင်းပါ။

ချိုကုပ်။ ။ ငါသိတယ် မရှည်နဲ့။ (ဦးရုက္ခစိုးဘက် ပြန်လှည့်၍) ခုတော့ အားလုံးပြီးသွားပါပြီ။ ကျုပ် ဂါထာကြီးလည်း အောင် သွားပြီ။

ရုက္ခစိုး။ ။ ဟုတ်လား … ဘယ်လို အောင်သွားတာလဲ။

ချိုကုပ်။ ။ သောကြာသားတွေ သေမယ် ဆိုတော့ ကျုပ်တို့၊ သိန်းဂိန်တို့ မောင်သောင်းတို့အတွက် လန့်သွားတာပေါ့ဗျာ။ အဲဒါ ဗေဒင်လည်း မေးရော … မိုးတားဂါထာကို ကျုပ်ကိုယ်တိုင် ရွတ်ရမယ်တဲ့။ မှန်လိုက်တာဗျာ … အဲဒီဂါထာလည်း ရွတ်ရော မိုးကခေါင် … လူတွေလည်း ရေဒုက္ခရောက် … ဘာပြောကောင်းမလဲ၊ ကျုပ်ကလည်း ဆက်ရွတ်၊ လူတွေလည်း ဆက် ဒုက္ခရောက် … အဲဒီအချိန်မှာပဲ ယတြာ ကျေသွားတာ။

အားပါးတရ ပြောနေသည့် ချိုကုပ်ဒူးကြီးကို ဦးရုက္ခစိုးက “တယ်ဟုတ်တဲ့ ဂါထာပါလားဗျ” ဟု ပင့်ပေးလိုက်သည်။

ချိုကုပ်။ ။ ဟုတ်တယ်လေ … နာမည်ကြီး သောကြာသားတွေချည်းပဲ ဆက်တိုက်သေလိုက်တာ မတွေ့ဘူးလား … ဟော … သာဂဒိုး၊ သန်းမြင့်အောင်၊ သုမောင် … သုံးယောက်တောင်မှပဲ။ အဲဒီမှာ ဗေဒင်ဆရာက ပြောတယ်၊ ယတြာကျေသွားပြီ ဆက်ရွတ်စရာ မလိုတော့ဘူးတဲ့။

ရုက္ခစိုး။ ။ ကျုပ်သိတာတော့ အစိုးရမင်းတွေ မကောင်းရင် မိုးခေါင်တယ်တဲ့ … ဂါထာတောင် ရွတ်စရာ မလိုပါဘူးဗျာ။ အလိုလို မိုးခေါင် နေပြီးသားပဲ။ ပါးစပ်ညောင်းရုံပဲရှိမှာပေါ့။

သိန်းဂိန်။ ။ ဟာ … အဲဒီလို မပြောနဲ့လေ။ မင်းမကောင်းလို့ မိုးခေါင်ပေမယ့် လူတွေက အလိုက်ကမ်းဆိုးမသိ လွန်ဆွဲ နေကြတာ။ တော်ကြာ မိုးက တားမရဘဲ ရွာလာရင် ယတြာပျက်သွားမှာပေါ့။

ချိုကုပ်။ ။ ကဲ ကဲ ပြောမနေနဲ့တော့ … မလိမ်မိုး မလိမ်မာလေးတွေ ခွင့်လွှတ်လိုက်ပါ။ ပြီးသွားပြီပဲ … ။

ထိုအချိန်၌ လက်ဖက်ရည်ဆိုင်တဆိုင်တွင်ဖွင့်ထားသည့် တီဗီဖန်သားပြင်ပေါ်၌ ဘန်ကောက်ဆန္ဒပြသူများကို နှိမ်နင်းသည့် သတင်း ပြသနေသည်ကို သူတို့အားလုံး မြင်လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ချိုကုပ်ဒူးကြီးက ပြုံးကာ ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေသည်။

ချိုကုပ်။ ။ ကြည့်လိုက်စမ်း … သူများနိုင်ငံတွေမှာ အလုပ်မရှိအလုပ်ရှာ ဆန္ဒပြတဲ့သူတွေကို ဖြေရှင်းရတာနဲ့ တိုင်းပြည် မငြိမ်မသက်ဖြစ်နေရပြီ။ တို့ တိုင်းပြည်ဆို ဒါမျိုး ဘယ်တော့မှမဖြစ်ဘူး။ တိုင်းပြည် ငြိမ်ဝပ်ပိပြားဖို့ကို အမြဲ ဦးစားပေးတယ်။ မှတ်ထားသိန်းဂိန် မင်း နိုင်ငံတော်သမ္မတ ဖြစ်လာရင်လည်း အဲဒီကိစ္စကိုပဲ ဦးစားပေးဖြေရှင်း ကြားလား။ မီးလာဖို့တို့၊ ရေရှိဖို့တို့ ကုန်ဈေးနှုန်း ကြီးတာတို့၊ လူတွေ ငတ်နေတာတို့၊ ရောဂါဘယ ထူပြောတာတို့၊ သဘာဝဘေးဒဏ် မကာကွယ်နိုင်တာတို့ … ဘာမှ အရေးမကြီးဘူးနော်။

ချိုကုပ်ဒူးကြီး၏ ဆုံးမစကားအပြီးတွင် ဦးသိန်းဂိန်မှာ အလွန်လေးစား၊ ရိုသေ၊ အားကျသော မျက်နှာနှင့် ချိုကုပ်ဒူးကြီးကို ကြည့်ရင်း လက်အုပ်ချီ၍ “မှန်ပါ့ဘုရား” ဟု ပြောလိုက်သည်နှင့် တပြိုင်နက်တည်း မဝတ်တတ်ဝတ်တတ် ဝတ်ထားသော ပုဆိုးလည်း ကွင်းလုံး ကျွတ်ကျသွားလေတော့သည်။

© ဧရာဝတီမဂ္ဂဇင်း (http://www.irrawaddy.org/bur)

Tuesday, May 11, 2010

အရှုံး - Lose

အရှုံး

ဘဝမှာ
အနိုင်မရရင်ရှိစေ
သရေပွဲတော့ဖြစ်ချင်ကြ
ဂျိုးလူးဝစ်ကပြောဘူးတယ်
သူရှုံးခဲ့တဲ့ပွဲတွေဆို
အမှတ်မရချင်တော့ဘူးတဲ့။

မြွေအရေခွံလဲတဲ့အခါ
နာကျင်ရတဲ့ဝေဒနာ
မြွေသာသိသမို့
အရေခွံရှိတဲ့နေရာ
မြွေမရှိနိုင်တော့ပါ။

ဒုက္ခတွေနဲ့ ရောပြွန်းနေတဲ့
ချာလီချက်ပလင်ရဲ့ဟာသ
အူနာအောင်ရယ်ရသလို
ရင်နင့်အောင်လဲ ခံစားရပေါ့။

ပင်လယ်ကို အရောက်သွားမယ် ဆိုကာမှ
ခရုကောက်ဖို့ သက်သက်လားတဲ့
မေးရက်ကြတာ သဘာဝကျပါတယ်။

မောင်အေးနီ
(နွယ်နီမဂ္ဂဇင်း၊ ၂၀၀၁ နိုဝင်ဘာ)

L O S E

In life
May be I could not win
I want it to draw.
Joe Lewis said once,
He never wants to remember
About his losing game.

When the snake changed its skin,
How it gets painful cast
That only snake could know.
So will not resides again
Where it old skin remained.

All around in trouble of
Charlie Chaplin humoring,
Make us to heartfelt laugh
And sadly feeling in emotion.

Though I declared as I go to sea,
People asked if only to quest for snail;
No wonder whether they could be queries.

Maung Aye Ni
(Nwe Ne Magazine, 2001 November)

(Translated in May 2002, Kuala Lumpur)

Thursday, May 6, 2010

မလေးရှား UNHCR မှ မြန်မာလူမျိုးများအား ခွဲခြားဆက်ဆံနေမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်များအဖွဲ့(ABMRC)မှကန့်ကွက်ရှုံ့ချ

ABMRC 6.5

UNHCR (Malaysia) must avoid discrimination

Burma Democratic Concern (BDC): UNHCR (Malaysia) must avoid discrimination
05 May 2010

Burma Democratic Concern (BDC) today calls for UNHCR (Malaysia) to respect human rights and to avoid discrimination dealing with Burmese refugees from Burma.

Burma is make up with Burmese (Bamar), Kachin, Kayar, Karean, Chin, Mon, Arakan and Shan. Burmese refugees fled from Burma due to military regime’s extreme repression. People of Burma voted for Daw Aung San Suu Kyi as their leader and they don’t agree with junta illegitimate rule in Burma. Military regime sees no difference in oppressing people of Burma and always uses ultimate force to crush all the opposition regardless of religion, race or ethnicity.

There are more than 70, 000 Burmese refugees in Malaysia according to the official figures. Since Malaysia is not party to the 1951 Refugee Convention or its Protocol, refugees are vulnerable to detention and deportation.

While we applaud the UNHCR tireless efforts helping refugees but we also have reports that UNHCR office in Malaysia is not fair in dealing with Burmese refugees issues. Addition, some of the officers at the UNHCR (Malaysia) office is creating climate of discrimination with regard to dealing with Burmese refugees.

Burma Democratic Concern (BDC) is very concerned on the reports that some UNHCR (Malaysia) officers have misunderstood that the ruling Burmese military junta does not suppress ethnic Burmese people in Burma because they are the majority ethnic group and Buddhist.

Based on unreasonable assumption which is totally wrong, most of the Burmese applying for refugees at the UNHCR (Malaysia) offices are mostly turned down.

“I am surprised to learn some UNHCR (Malaysia) officers’ misconception towards refugees from Burma. These vulnerable refugees had suffered enough at the hand of brutal military regime and they don’t deserve the injustice again especially applying for the refugee at the one of the world’s most respected humanitarian organisation, UNHCR. Mr António Guterres should addresses this matter in the matter of urgency unless it would tarnish UNHCR’s long track record of good reputation”, said Myo Thein, the Director at the Burma Democratic Concern (BDC).

Burma Democratic Concern (BDC) calls for the UN High Commissioner for Refugees Mr António Guterres to investigate fully and take timely action to avoid further discrimination.

For more information please contact Myo Thein at 00-44-78 7788 2386 or 00-44-20 8493 9137.

Burma Democratic Concern (BDC)

Tuesday, May 4, 2010

မလေးရှား ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဗမာလူမျိုးများအပေါ် အနိုင်ကျင့်ခွဲခြားဆက်ဆံမှုများ


မလေးရှား ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဗမာလူမျိုးများအပေါ် အနိုင်ကျင့် ခွဲခြား ဆက်ဆံမှုများ

မလေးရှား UNHCRမှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင်များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့် ကင်းကွာနေပါသည်။

“ကာကွယ်စောင့်ရှောက်မှုခံယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ်” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီး (UNHCR) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦးရဲ့ လူသားဆန်သော အတွေးအခေါ်နှင့် ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ဝန်ထမ်း အားလုံးလည်း တွေးခေါ်ခံစား လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည် ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရားသော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့် အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့် ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထဝီ သမိုင်းကြောင်းနှင့် လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။

ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု (Discrimination) ပြစ်မှုနှင့် မတရားသော ဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ “မတရားအပြစ်ပေးခံရတော့မည် ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။” ဟူသော အချက်ကိုလည်း ချိုးဖောက်ရာကျပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံး အသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင် ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပါသည်။

မလေးရှား UNHCRမှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင်များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့် ကင်းကွာနေပါသည်။

အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်း ကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင် ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိနေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေး ဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်တွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲ နေထိုင်ရသော မြန်မာနိုင်ငံသားအားလုံးကို စာနာနားလည်မှု မပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့် ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိမူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားဖြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ဝင်ရောက်ခြင်းတို့ကြောင့် မတရားညှင်းပန်းနှိပ်စက် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိသူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူများဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င် လူမှုရေးအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှု ခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့် မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့် တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ၊ အမြင်မရှင်းမှုများ ဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနားလည်မှု ကင်းသော UNHCR အရာရှိတို့၏ သားကောင်ဘ၀ ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့် ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့် ပတ်သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေ ပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲ ပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတ ဖြစ်အောင် လုပ်ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ် တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြာပြီ ဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခိုလှုံခွင့် လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကို လက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင် ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ် ရထားသူများ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့် နိုင်ငံမဲ့များအားလုံးကို တရားမ၀င် ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သမားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေနေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာ နိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စလင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများ နေထိုင်ကြသည်ဟု ဆိုထားပါသည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း ခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံခြင်းနှင့် တရားမျှတမှုမရှိသော လုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင်သာအောင် ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှုနှင့် ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရသူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ ရိုးသားသော တစ်ချို့ဆိုလျှင်  ဘ၀ပျက်ကာ မကောင်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေ ရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက်ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း (သို့) ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက် တင်ပေးထားရမယ်” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ။ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင် မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံစေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း ဗမာအဖွဲ့အစည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ်ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိများရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ် ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသောအကြောင်းများလည်း ရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြုထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်းရင်းသား အဖွဲ့အစည်းများ ရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ်လာနိုင်ပါသည်။ စစ်ဖိနပ်အောက် နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့်ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ် လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်းပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအမှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး (ဘီအာအို) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက်ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများက ပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာ ရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့၏ လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများ ဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်း ဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့် လုပ်ကိုင်ကူညီ ဆောင်ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့ သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည် အဖွဲ့အစည်းတစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကား မပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့်မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏ စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ်ဝမ်းကွဲကြမလို ဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်း အတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြား ဆက်ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အသားအရောင် ဘာသာ မခွဲခြားရေးနှင့် လူသားအားလုံး အတူတူ ညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုးများအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကို ခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသော ဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူသားစစ်စစ် ဖြစ်သောကြောင့် လူသားတိုင်း ခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရမည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူ ဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသော လုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူ များစွာရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသား ထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင် အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့ မြန်မာနိုင်ငံသား ကလေးငယ်များနှင့် အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံး အမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခုချိန်ကစပြီး အားလုံး ညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ
၎ရက်၊ မေလ၊ ၂၀၁၀။

A

B

C

The Kitchen မီးဖိုချောင်