Friday, August 29, 2008

Joe Biden and Burma

Joe Biden and Burma
By WAI MOE
Friday, August 29, 2008

Democratic presidential candidate Barack Obama applauds with his running mate Joe Biden after his acceptance speech at the Democratic National Convention at Invesco Field at Mile High in Denver Thursday. (Photo: AP)

The Democratic Party senator from Delaware, Joseph R. Biden, has been under the glare of the international media spotlight this week after being nominated as US presidential candidate Barack Obama’s running mate for the US election in November.

Joe Biden is familiar to Burma lobbyists in Washington, DC. As the chairman of the Senate Foreign Relations Committee, he has been prominent in the shaping of US policy on Burma in recent years, say observers in the US capital.

Alongside senators Mitch McConnell, Dianne Feinstein and congressmen Joseph Crawley, Joseph Pitts and Tom Lantos (who died in February 2008), Biden is often outspoken in his criticism of the Burmese regime.

Most recently, Biden spearheaded the Tom Lantos Block Burmese JADE (the Junta’s Anti-Democratic Efforts) Act 2008, which was signed into law by President Bush on July 29. The bill renews the act of 2007 restricting the import of gems from Burma and tightening sanctions on mining projects.

“The bill is a tribute to my dear friend, Tom Lantos, who worked tirelessly on behalf of human rights for the people of Burma, and stood by them throughout their long struggle for democratic civilian rule,” Biden said in July.

“We must continue Tom’s work. Working together with the international community, including the Association of Southeast Asian Nations (Asean), the EU, India and China, I look forward to the day when a democratic, peaceful Burma will be fully integrated into the community of nations.”

The Tom Lantos Block Burmese JADE Act marks the outline of a strong US policy on Burma. The act has three aims: to impose new financial sanctions and travel restrictions on the leaders of the junta and their associates; to tighten the economic sanctions imposed in 2003 by outlawing the importation of Burmese gems to the United States; and to create a new position of US “Special Representative and Policy Coordinator” for Burma.

The US special envoy is to work with Burma’s neighbors and other interested countries, such as the European Union (EU) and Asean.

According to Biden’s web site, the US envoy’s mission is also to develop a comprehensive approach to the Burma crisis, including pressure, dialogue and support for non-governmental organizations providing humanitarian relief to the Burmese people.

Diplomatic sources told The Irrawaddy that US officials have sat with their Chinese counterparts on Burma issues as many as 15 times this year, and that the US special envoy to Asean, Scot Marciel, has reportedly met with several Burmese officials in Rangoon.

“As far as I know, the US government knows that they need to have dialogue with the Burmese junta,” said Aung Naing Oo, a Burmese political commentator in Thailand.

“But whether the US policy on Burma changes doesn’t just depend on the new men in the US administration. We also need to be aware that Burmese lobby groups are quite strong in Washington.”

After the Burmese junta’s crackdown on Buddhist monks and demonstrators in September, 2007, Biden was quoted as saying: “The violent crackdown on unarmed civilians is a great tragedy. The international community must work together to end almost two decades of disastrous military dictatorship in Burma and promote the peaceful transition to civilian rule.”

He also noted that the Burmese junta relied heavily on military and economic assistance from China, Russia, India, and Thailand “to sustain its grip on power.”

Several Burmese dissidents said that Obama’s choice of running mate is a positive sign for Burma’s democracy movement. “If Joe Biden becomes the US Vice President, I think it will be a good thing for the people of Burma,” said Bo Kyi, the joint-secretary of the Assistance Association for Political Prisoners-Burma, a Burmese human rights group in exile.

Nyo Ohn Myint of the opposition National League for Democracy-in-exile said if the Democrats win the US election in November, the Obama administration, including Senator Biden, could instigate an effective Burma policy.

He added that Maung Maung, the secretary-general of the National Council of the Union of Burma, attended the Democratic National Congress in Denver this year by invitation of the Democratic Party.

Obama and Biden’s rival, Republican John McCain, is also known to be a firm supporter of Burma’s democracy movement. He met detained democracy leader Aung San Suu Kyi in the 1990s in Rangoon.

In May, McCain said of the Cyclone Nargis disaster: “It does highlight the fact that they (the Burmese people) live under one of the most excessive and repressive regimes in the world. We also need to put more pressure on this illegal, corrupt government in Burma to make them change.”

In January 2008, Thaung Tun, the UN representative of Burma’s government in exile, the National Coalition Government of the Union of Burma, said that he didn’t expect a “big change” in US policy from a new administration, because all the candidates shared the same views on Burma.

http://www.irrawaddy.org/

Monday, August 25, 2008

ဂမ္ဘာရီဆိုတဲ့ ဂန္ဘလား


မြန်မာနိုင်ငံ ပြဿနာကို ဝင်ရောက်ကူညီ ဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကု လအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယားနိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာ စစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသား ပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါလက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေးမဟုတ်ဘူး”လို့ ဂမ်ဘာရီ အဲဒီ တုန်းက ပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တစ်ကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာ အာဏာရှင်စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကို လမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလမှာ နာမည်ကျော် စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်းရင်းသားလူထုခေါင်းဆောင် ကင်ဆာရိုဝီဝါကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက်ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား”တယောက်သာဖြစ်တယ်။ လူသတ်သမားဖြစ်တယ်လို့ စီအဲန်အဲန် ရုပ်သံအစီအစဉ် တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေ နည်းလမ်းတကျ တရားရုံးတင် စစ်ဆေးခဲ့တာဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ် လျှောက်လဲခွင့်ရခဲ့ကြောင်း ဂမ်ဘာရီကပြောပါတယ်။ ဒါပေမယ့် အပြင်တရားရုံးမှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြ သက်သေတွေကို စစ်အစိုးရကငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့် မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကိုသွားပြီး သေဒဏ်ကိစ္စ လက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယား သံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့ မရခဲ့ပေမယ့် တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီး ယား ဘဏ္ဍာရေးဌာနကို ပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့် အသတ်မဲ့ ရင်းမြစ်တွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင် အဘာချာတစ်ယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာ မအားဆေး) ဆေးလွန်လို့ သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုး ဖက်တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြားတာတွေ မလုပ် ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခေါ်ယူသူကောင်းပြုပေးပြီး လက်ထောက်အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန်ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်းထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီး ယားနိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာ နန်နဲ့ အဘာချာနဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိက ချိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ (ကိုဖီအာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကိုပိတ်ဆို့ အရေး ယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက်လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါသေးတယ်။)

အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တဲ့ (အဘာချာ အာဏာသိမ်းလို့ သမ္မတ မဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမင်းဒိတ် စွန့် လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေးခဲ့တာ ဖြစ်ပါ တယ်။ အာဘီယိုလာခမျာ အဘာချာသေပေမယ့် သမ္မတမဖြစ်လိုက်ဘဲ ထောင်ထဲမှာပဲ သေသွားခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင်ကော် မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၅ တုန်းကလည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြောပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက် နိုင်ဂျီးရီးယားအသိုင်း အဝိုင်းက ကန့်ကွက်ခဲ့ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အ ရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ဘီးလို ဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဘာချာ လက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေးကာကွယ် ပေးခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်း သားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့ အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံကာကွယ်လျှောက်လဲ ပေးခဲ့သူ ဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမယ့် သစ်ပင်က ဘယ်တော့မှမမေ့ဘူးလို့ နိုင်ဂျီးရီးယား ပြည်သူတွေက ဆိုပါတယ်။ ကင် ဆာရိုဝီဝါဆိုတဲ့ နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ် ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေး စွန်းထားတဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးလှုပ် ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုန်းက ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ် လပ်တရားမျှတအောင် လုပ်မယ်ဆိုပြီး နအဖအခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြမြေပုံတွေ ကို အသိအမှတ်ပြုတဲ့ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူး ကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့ တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံး ပြီးမြောက်အောင်မြင်သွားအောင်လုပ်ဖို့ ခယဝယ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံ သက်သက် အတွက် ဂမ်ဘာရီနဲ့ တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်းပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက် လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေ တပ်မှူး တပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာဖြစ် ပါကြောင်း။

ဂါမဏိ
http://drlunswe.blogspot.com/

"The ax forgets. The tree remembers." (African proverb)

Friday, August 15, 2008

The Bystander Effort, the boycott by Ashin Lay







ပွဲကြည့်သူလက်ထဲက သပိတ်
အရှင်လေး
သြဂုတ် ၈၊ ၂ဝဝ၈

(၁)
ကိုယ်တစ်ယောက်ထဲ အဖော်ကျဲလည်း
ဇွဲသန် မယုတ် နောက်မဆုတ်နဲ့
မုခ်ဝရှေ့မှာ လက်တကမ်း။
(တင်မိုး)

မွေးနေ့နဲ့ပတ်သက်ပြီးလား၊ အခြားနေ့တစ်နေ့နဲ့ ပတ်သက်ပြီးလားတော့ တိတိကျကျ မမှတ်မိ။ ဆရာ တင်မိုးက လူထု ဒေါ်အမာအတွက် ရေးပေးလိုက်တဲ့ ကဗျာတိုလေးတစ်ခုလို့တော့ အကြမ်းအားဖြင့် မှတ်မိနေတယ်။ တကယ်တော့ ဒီလိုကဗျာမျိုး ကို ဘယ်နှစ်ဘယ်အချိန်က ဘယ်သူ့အတွက် ဘယ်သူက ရေးပေးတာမျိုးဆိုတာကို တိတိကျကျ မှတ်မိနေသင့်တာ။ ဟုတ်တယ်လေ။ ဒီလောက်ရသမြောက်ပြီး အဓိပ္ပါယ်လေးနက်တဲ့ကဗျာဟာကို။ သို့ပေမယ့် ကိုယ်ကလည်း ခုနှစ်သက္ကရာဇ်တွေ၊ အချိန်အခါတွေ မှတ်ရတာမျိုးဆို အလွန်ငြီးငွေ့တာ။ ဒီတော့လည်း အဲဒီဘက်မှာ အလွန်အားနည်းတာ။ ပြောရလျင် ကိုယ့်မွေးနေ့ သက္ကရာဇ်ကိုတောင် ရုတ်တရက်ပြောဖို့ မေ့လျင်မေ့နေတတ်တာ။ ဒါကတော့ ကိုယ်က ဗေဒင် မမေးရပါပဲ ရင်းနှီးတဲ့ ဗေဒင် ဆရာတွေနဲ့ တွေ့တဲ့အခါ ဘယ်နေ့မွေးလည်းမေးတတ်လို့ နှုတ်ထဲ တွေ့ရာကို ပြောနေကြမို့ ကိုယ့်မွေးနေ့က ကဘောက်တိ ကဘောက်ချာ ဖြစ်နေတာလည်း ပါသပေါ့။

ခုလို နေ့လတွေမှတ်တာ ဝါသနာ မထုံတော့လည်း အရေးဆိုလျင် တစ်ခုခုကို တိတိကျကျပြန်ပြောနိုင်ဖို့ ခက်နေတတ်ပါတယ်။ ဒါကြောင့် အထက်က ကဗျာလေးကိုလည်း ဘယ်တုံးကရေးခဲ့တယ်ဆိုတာကို တိတိကျကျ ပြန်မပြောနိုင်ပါဘူး။ ဒါပေမယ့် ကဗျာလေးရဲ့အကြောင်းအရာနဲ့ အဓိပ္ပါယ်လေးကတော့ စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ကိုပဲ စွဲကျန်နေရစ်ပါတယ်။

ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ဆိုလျင် တစ်ယောက်ထဲပင်ဖြစ်စေဦး၊ မလျော့တမ်းဇွဲနဲ့ ဆက်လက် လျှောက်လှမ်းသွားမယ် ဆိုလျင် ပန်းတိုင်ကို ဧကန်ရောက်မှာ။ အားမလျော့နဲ့။ အားမငယ်နဲ့။ ဆက်လျောက်ပါ၊ ဆက်သွားပါတဲ့။ ဘယ်လောက်ခွန် အားဖြစ်ဖွယ် စကားပါလဲ။ တိုတိုနဲ့ ထိထိမိမိရှိတဲ့ ကဗျာလေး။ အသံကလည်း ချိုပါဘိသနဲ့။ တခေါက်ဖတ်ကြည့်ရုံနဲ့ပဲ စွဲငြိ အမှတ်ရနိုင်လောက်တာ။

(၂)
ကိုယ်ကိုယ်တိုင်ကသာ ဘယ်အားကစားမှ မကစားတတ်တာ။(ဒါလည်းကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က အခွင့်အလမ်း ဖန်တီး မပေးနိုင်ခဲ့တာလည်း ပါမှာပါ)တရားသဖြင့် ယှဉ်ပြိုင်ကြတဲ့ အားကစားတွေဆိုလျင် အားကစားနည်းပေါင်းစုံလောက်ကိုပဲ ဝါသနာပါတာ။ လက်ဝှေ့ပွဲက လွဲရင်ပေါ့။ လက်ဝှေ့ကိုတော့ အားကစားတစ်ရပ်လို့ မမြင်နိုင်တာကြောင့် ဝါသနာမပါတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီတော့ အားကစားပေါင်းစုံကို ဝါသနာပါတော့ အခွင်သာလျင် အားကစားပွဲတွေကို ကြည့်နေကြပါ။ အထူးသဖြင့် ကမ္ဘာနဲ့ချီကျင်းပတဲ့ ကမ္ဘာ့အားကစားပွဲကြီးတွေဆိုလျင်ဖြင့် အားကစားတွင်သာမက၊ ဖွင့်ပွဲ ပိတ်ပွဲစတဲ့ အနုပညာမြောက် အခမ်းအနားကြီးတွေကိုလည်း စိတ်ဝင်တစား ကြည့်တတ်ပါတယ်။

ခုလည်း ကမ္ဘာ့အိုလံပစ်ပွဲကြီး။ တရုတ်နိုင်ငံမှာ ကျင်းပနေတယ်။ ပီကင်းမှာ ကျင်းပတာမို့ ပီကင်းအိုလံပစ်တဲ့။ တရုတ်အစိုးရ အဆိုအရတော့ အကြီးကျယ်အခမ်းနားဆုံး အားကစားပွဲတော်ကြီးတဲ့။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်နိုင်ဘူး။ ကြီးကျယ်မှု ခမ်းနားမှုဆိုတာတွေကို အံ့သြဘနန်း လုပ်ပြနိုင်တာသက်သက်နဲ့ တိုင်းတာလို့မှ မဖြစ်နိုင်တာ။ လူ့အရိုးခေါင်းတွေ ရာထောင်သိန်းသန်းမက ပုံပြပြီး အရိုးတောင်ကြီး ဖန်တီးပြနိုင်တာမျိုးကို ခမ်းခမ်းနားနားလုပ်ပြနိုင်သူလို့ ဘယ်လိုလုပ် ကင်ပွန်းတတ်နိုင်မှာလဲ။

တကယ်တော့ တရုတ်အစိုးရဆိုတာက ကမ္ဘာပေါ်က ကိုယ်ကျင့်တရားခေါင်းပါးတဲ့၊ ကိုယ့်ပြည်သူ ပြည်သားတွေကို မတရား နှိပ်စက် ညှင်းဆဲသတ်ဖြတ်နေတဲ့ ခေါင်းဆောင်ဆိုးတွေကို မြှောက်ထိုးပင့်ကော် အားပေးထောက်ပံ့ပြီး အဲဒီလိုနိုင်ငံတွေက သယံဇာတတွေနဲ့ သူ့အာဏာအင်ပါယာကို ခိုင်မာအောင် တည်ဆောက်နေတာ။ သူ့စီးပွါးရေးကို အားကောင်းအောင် လုပ်နေတာ။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသလိုမျိုး။ ဘယ်သူတွေ မသာဖြစ်ဖြစ် ၊ ဝတို့ သာသာယာယာဖြစ်လျင် ပြီးရော ဆိုတာမျိုး။

ဒါကြောင့် သူ့အားကစားပွဲကြီးက ကြီးကျယ်ခမ်းနားတယ်ဆိုလျင်တောင် အပြစ်မဲ့တဲ့ သူ့ပြည်သူပြည်သားတွေရဲ့ သွေးစက်တွေ၊ ချွေးစက်တွေ ဘယ်လောက်တောင် လိမ်းကျံထားမယ်၊ ကိုယ့်ပြည်သူပြည်သားတွေရဲ့ ထမင်းလုပ်တွေလည်း ဘယ်လောက်ပါမယ်ဆိုတာ ခန့်မှန်း တွက်ဆလို့မှ မရတာ။

ကိုယ်ကတော့ ရှင်းတယ်။ အဲဒီလို လူ့ကျင့်ဝတ်တရားဖောက်ပြားချို့ယွင်းတဲ့သူတွေရဲ့ လုပ်ရပ်တွေကို ဘယ်နည်းနည်းနဲ့မှ အား မပေးနိုင်၊ မထောက်ခံနိုင်ဘူး။ ဒါကိုမှားတယ်လို့ ဆိုလျင်လည်းဆိုတော့။

(၃)
ဒီနေ့အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဘာကလေမြို့မှာ ရှစ်လေးလုံး နှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနေ့ရယ်လို့သတ်မှတ်ကာ မြန်မာအလံတင်ပွဲကျင်းပတယ်။ အဲဒီကိုတော့ အချိန်လုံးဝမရလို့ မသွားနိုင်ခဲ့ဘူး။ ညနေပိုင်းမှာလည်း ဆန်ဖရန်စစ္စကို မြို့လည်မှာရှိတဲ့ Union Square ရင်ပြင်မှာ “မြန်မာနေ့” စုပေါင်းကျင်းပတယ်။ အဲဒီကိုတော့ သွားနိုင်ခဲ့တယ်။

ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ စစ်ကျွန်အောက်ကလွတ်မြောက်ရေးကို လူတိုင်းအလိုရှိပေမယ့် ဘာဖြစ်လို့ မလွတ်မြောက်နိုင် ဖြစ်နေကြတာလဲလို့ ကိုယ်စဉ်းစားမိတဲ့အချက်ထဲမှာ (Bystander)မဆိုင်သလို ရပ်ကြည့်နေသူ၊ စောင့်ကြည့်နေသူတွေ၊ ကိုယ့် ကိုယ်စားတစ်ဦးတစ်ယောက်က လာလုပ်ပေးမှာပဲလို့ မျှော်လင့်နေသူတွေ များနေလို့လို့ ကိုယ်ကယုံကြည်နေတယ်။

ဒါကြောင့် ကိုယ်ကတော့ ကိုယ့်ပြည်လွတ်မြောက်ရေးအတွက် လုပ်တဲ့ပွဲမျိုးဆိုလျင် တတ်နိုင်သမျှ ရောက်အောင်သွားတယ်။ ဒါပေမယ့် ခုထိ ဘာမှဖြစ်မလာသေးတာအတွက်တော့ ကိုယ့်ကိုယ်ကိုလည်း အားမရသလို ကိုယ်လိုလုပ်နေကြသူတွေကိုလည်း အားမရဘူး။ အဲ ဘာမှမလုပ်ပဲ ဘေးထိုင်ဘုပြော ရေစုန်ကို ပေါလော မြှောလိုက်နေချင်တဲ့ တာဝန်မဲ့လူသားတွေကိုတော့ နာကျည်းဒေါသဖြစ်တယ်။ ဒီလိုသူတွေ ဘယ်လို စိတ်ဓာတ်မျိုးနဲ့များ အသက်ရှင်ရပ်တည်လို့ နေနိုင်ကြပါလိမ့်လို့လည်း စဉ်းစားမရအောင်ဖြစ်မိတယ်။

(၄)
ရှစ်လေးလုံး အနှစ်နှစ်ဆယ် ပတ်လည်တဲ့။ တကယ်တော့ ဒီပွဲမျိုးကို ပျော်ပျော်ရွှင်ရွှင် မြိုင်မြိုင်ဆိုင်ဆိုင် အောင်ပွဲခံတဲ့အနေနဲ့ ကိုယ့်မြေကိုယ့်ရေပေါ်မှာ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူနွှဲပျော် ကျင်းပရမှာ။ ခုတော့ တစ်နယ်ဝေးမှာ ကြေကွဲဝမ်းနည်းစရာပွဲအဖြစ် ပြုလုပ်ကြရတယ်။ ကိုယ်တို့က ဝမ်းနည်းစွာ ငိုကြွေးနေချိန်မှာ ကိုယ့်မြေကိုယ့်ရွာက ထွက်တဲ့ သယံဇာတ၊ ကျောက်သံပတ္တမြား၊ သစ်၊ ဝါး၊ ကုန်ကုန်ပြောရလျင် ပုတ်သင်လို တောက်တဲ့လို အကောင်ကစပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားပြီး ကြီးပွား တိုးတက်လာတဲ့သူတွေက ကမ္ဘာ့အိုလံပစ်လိုပွဲကြီးကို ခမ်းခမ်းနားနားကြီးနွှဲလို့။

အားကစားကို ဘယ်လောက်ပဲ စိတ်ဝင်စားစား။ ယှဉ်ပြိုင်မှုကို ဘယ်လိုပဲ အားကျအားကျ။ ကိုယ်ကတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်။ ပီကင်းအိုလံပစ်ကို သပိတ်မှောက်ထားလိုက်တယ်။ ပြိုင်ပွဲမပြောနဲ့။ ပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ သတင်းဆိုလျင်တောင်မှ မဖတ်ပဲ၊ မကြည့်ပဲ၊ နေလိုက်မယ်။

ကိုယ့်ရဲ့ထောက်ခံအားပေးမှု တရုတ်အစိုးရ မရနိုင်တာတော့ လုံးဝသေချာတယ်။ တစ်ယောက်ထောက်ခံမှု မရတော့ကော၊ ဘာအရေးလဲလို့၊ မေးချင်မေးနိုင်တယ်။ ကြားဖူးတာရှိတယ်။

မျက်စဉ်းရည်လေးတွေ တစက်ချင်းခပ်ပေမယ့် ပုလင်းထဲက မျက်စဉ်းရေတွေအားလုံး ကြာလာတော့ ကုန်သွားတယ်တဲ့။ ပျားကောင်လေးတွေ နှုတ်သီးဖျားလေးနဲ့ တစက်ချင်းစုရာကနေ ပျားရည်တွေ အများကြီးဖြစ်လာတယ်တဲ့။ ချလေးတွေ ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးနဲ့ ကိုက်ချီစုတာ ဧရာမ ချတောင်ပို့ကြီးတွေ ဖြစ်လာတယ်တဲ့။

ကိုယ်က ခုမှအိုလံပစ်ကိုသာ သပိတ်မှောက်တာ မဟုတ်ဘူး။ ဗမာစစ်အာဏာရှင် လူဆိုးတွေကို သက်ဆိုးရှည်ဖို့ အထောက်အပံ့ဖြစ်စေနိုင်လို့မို့ ရှယ်ဗရွန်(Chevron) ဓာတ်ဆီဆိုင်က ဓာတ်ဆီဆိုလျင် ဘယ်တော့မှ မထည့်ဘူး။ ကိုယ်ကိုယ်တိုင် ဝယ်သုံးရတာမျိုးဆိုလျင် မိတ်အင်ချိုင်းနား(Made In China) ဆိုတဲ့ တရုတ်နိုင်ငံလုပ် ပစ္စည်းမျိုးဆို တတ်နိုင်သမျှ မဝယ်ဖြစ်အောင် ရှောင်လေ့ရှိတယ်။ လုံးဝရှောင်တိမ်းလို့ မဖြစ်နိုင်ဘူးဆိုလျင်တောင် နှစ်ခုသုံးခု ဝယ်မည့်အစား တစ်ခုလောက်ပဲဝယ်တယ်။

ဒီလိုတစ်ယောက်ထဲ သပိတ်မှောက်နေရုံနဲ့ ဘာထူးမှာလဲလို့ မမေးပါနဲ့။ ပြောခဲ့သလို ခြလေးတွေ၊ ပျားလေးတွေတောင် တောင်ပို့ကြီးတွေ၊ ပျားလဘို့ကြီးတွေဖြစ်အောင် တည်ဆောက်နိုင်သေးတာ။ တစ်နေ့မှာ ကိုယ့်လုပ်ရပ် အောင်မြင်မလာဘူး၊ အကျိုးရှိလာနိုင်စရာ မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ကိုယ့်လိုသူတွေ တိုးတက်များပြား မလာနိုင်ဘူးလို့လည်း ဘယ်သူပြောနိုင်မှာ လဲ။

ဘာပဲဖြစ်ဖြစ်၊ တကယ်လို့ ကိုယ်တစ်ယောက်ထဲဖြစ်နေလို့ အဖော်ကျဲ၊ အဖော်ကွဲနေလျင်တောင် ကိုယ်ကတော့ ဇွဲသန်မယုတ်မလျော့ဘဲ အားမာန်အပြည့်နဲ့ ရှေ့ဆက်လို့လျှောက်ကာ နေဦးမှာပဲ။ ။

ဇာဂနာ (သို့မဟုတ်) လူထုနှလုံးသည်းပွတ်နှင့် ရင်ခုန်သူ

ဇာဂနာ (သို့မဟုတ်) လူထုနှလုံးသည်းပွတ်နှင့် ရင်ခုန်သူ
မင်းဟန်(ဆောင်းပါး-ခေတ်ပြိုင်)

(က)
ကိုသူရ မိခင်၏ဇာတိက မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကဖြစ်သည်။ အထက်တန်း ကျောင်းသား မောင်သူရ ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း မိခင်ဇာတိ တောင်စွန်းသို့ အလည်ရောက်၍ နေသည်။ ဆွေမျိုးများ နှင့်တရုန်းရုန်း။ ကေလာသတောင်သို့ တက်သည်။ ကျိုက်ထီးဆောင်း ဘုရားသို့ သွား၏။ ဆွေမျိုးညီအစ်ကို မောင် နှမများနှင့်။ ရန်ကုန်သား မောင်သူရ ကျေးလက်တွင် ပျော်နေ၏။ ထိုစဉ် တောင်စွန်းသို့ အငြိမ့်ပွဲဝင်၏။ အငြိမ့်က မော်လမြိုင်အငြိမ့်။ ဗလာပွဲပင်။ စင်ထိုးသည်နှင့် မောင်သူရ အငြိမ်မနေနိုင်တော့ စင်ပေါ်တက်ချင်နေ၏။ ဆွေမျိုးများက မြှောက်ပေးကြ၏။ အငြိမ့်မှ လူရွှင်တော်ကြီးများနှင့် ရင်းနှီးအောင် ကြိုးစားပေးကြ၏။ မြို့ခံများက ဧည့်ခံရင်း လူရွှင်တော်ကြီးများနှင့်ရင်းနှီးသွားကြသည်။

လူရွှင်တော်ကြီးနှစ်ယောက်က မောင်သူရအား ပျက်လုံးတွေ တိုက်ပေး၏။ သင်ပေး၏။ မောင်သူရက ခြေတကြွကြွ။ ဆွေမျိုးများကလည်း အားပါးတရ။

ညရောက်ပြီ။ အငြိမ့်ထွက်ပြီ။ (၁၅)နှစ်သား မောင်သူရလည်း လူရွှင်တော်အ၀တ်အစားများနှင့် စင်ပေါ်မှာ။ ညနေက လူရွှင်တော်ကြီးများ တိုက်ပေးထားသည့် ပျက်လုံးများကို ပျက်ရန်အသင့်။ စင်ပေါ်ရောက်တော့ ညနေက ပျက်လုံးများ သင်ပေးခဲ့သည့် လူရွှင်တော်ကြီး နှစ်ယောက်က လူရွှင်တော်လေး မောင်သူရအား လှည့်၍ပင် မကြည့်။ သူတို့နှစ်ဦးပင် ပျက်လုံးများအား ရေပက်မ၀င် ပျက်၍နေကြ၏။ ပရိတ်သတ်က တ၀ါးဝါး တဟားဟား။ လူရွှင်တော်လေး မောင်သူရ ငေါင်၍ နေသည်။ ဘယ်အချိန် သူဝင်ပျက်ရပါ့မလဲ။ တွေး၍ ကြည့်၏။ ငေး၍ ကြည့်၏။

ဤသို့နှင့် ဇာတ်စင်ပေါ်၌ တောကြည့်တောင်ကြည့် ဖြစ်၍လာသည်။ ပရိသတ်အား ကြည့်ရင်း အားငယ်လာသည်။ လူရွှင်တော်ကြီး နှစ်ယောက်ကတော့ မှင်မောင်းအပြည့်နှင့် ပျက်၍ ကောင်းဆဲ။ တဖြည်းဖြည်းနှင့် လူရွှင်တော်လေး မောင်သူရ ဇာတ်စင်ပေါ်၌ နေရင်း ရင်ထဲ၌ မျက်ရည်တွေ ပြည့်လာ၏။ အငြိမ့်စင် တိုင်အကွယ်သို့ မသိမသာခိုဝင်ရင်း တိုးဝင်ရင်းနှင့်။ ပရိသတ်အား မျက်နှာမပြ၀ံ့တော့။ နှင်းမှုန်များအောက်၌ မောင်သူရ ချွေးများးစို၍ နေခဲ့ရ၏။

ထိုစဉ်က ဇာဂနာဟူ၍ မဖြစ်သေး။ “ကျနော့် ဘ၀မှာ ဘယ်လိုမှ မမေ့နိုင်ခဲ့သလို သင်ခန်းစာ အကြီးကြီးရခဲ့တဲ့ အချိန်တခုပါပဲ။ ကိုယ့်မှာ ကျည်ဆန်မရှိလို့ဆိုပြီး သူများပစ်တာ ခံခဲ့ရတာပါ။ သည့်အတွက်ကြောင့်လည်း ကျနော်ဝမ်းစာပြည့်အောင် ကြိုးစားခဲ့ရသလို နေရာရအောင် ကြိုးစားခဲ့ရပါတယ်” ( ရတီ -၂၀၀၆ ခုနှစ် မတ်လ - စာမျက်နှာ ၁၇၄ မှ ) “ဇာဂနာ”

(ခ)
ကိုသူရ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားဘ၀တွင် ကျောင်းအတွင်း ကပွဲများ၌ အငြိမ့်ကဖြစ်လာ၏။ ဆဌမအကြိမ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ဘွဲနှင်းသဘင် အခမ်းအနား၌ အငြိမ့်ပွဲပါ၏။ ကိုသူရတို့၏ အငြိမ့်။ “ပုလဲသွယ်အငြိမ့်” ဟူ၍ အမည်ပေးသည်။ အခြား ကျောင်းသားများနှင့်အတူ ကိုသူရလည်း လူရွှင်တော် လုပ်သည်။ ပုလဲသွယ်အငြိမ့်တွင် လူရွှင်တော် လေးယောက်ရှိ၏။ မိုလာ၊ စကေလာ၊ တင်ချာနှင့် ဇာဂနာဟူ၍ အမည်ပေးကြ၏။ အားလုံး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများနှင့် ရင်းနှီးသည့် အသုံးအဆောင် အမည်များ။ ဤတွင် ကိုသူရမှ ဇာဂနာဖြစ်လာခဲ့၏။ (ကို)ဇာဂနာ၏ အနုပညာဖြေဖျော်မှုက သစ်ပုပ်ပင်နှင့် အင်းယားကမ်းစပ်၌ပင် ရပ်၍မနေ။ ပြည်သူလူထုအတွင်းသို့ တိုး၍ စီးဝင်ရန် ကြိုးစား၏။ ရန်ကုန်တက္ကသိုလ် (လှိုင်)မှ အနုပညာရှင်များနှင့် ပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမတွင် ဖျော်ဖြေခဲ့ကြ၏။ ဂီတဘက်မှ ကိုင်ဇာ၊ ဗထူး ချစ်၊ မောင်မောင်ချန်တို့နှင့် တွဲမိလာခဲ့၏။

(ဂ)
ရန်ကုန်မြို့တော်ခန်းမရှေ့ စင်တင်ဖျော်ဖြေပွဲ ပြီးသည့်နောက် (ကို)ဇာဂနာ စဉ်းစားသည်။ ကံ့ကော်တောအား ကျော်ခဲ့ပြီ။ လူထုကြီးအတွင်း များများနဲ့မြန်မြန် ပျံ့နှံ့နိုင်အောင် အနုပညာကို ဘယ်လိုဖြန့်မလဲ။ အငြိမ့်စင်ပေါ် တက်ကပါက တပွဲကြည့်မှ ပရိသတ်က ငါးထောင်၊ တသောင်း။ နည်းသည်။ အားမရ။ (ကို)ဇာဂနာ စဉ်းစား၏။ ကြားခံမီဒီယာ အသုံးပြုရမည်။ အများဆုံးနှင့် အမြန်ဆုံး ပျံ့နှံ့နိုင်သည်က ရုပ်မြင်သံကြား။ TVပရိသတ်က သန်းဂဏန်းအထိရှိသည်။ တနိုင်ငံလုံး တနံတလျား။ ချက်ချင်းပျံ့နှံ့မည်။ ဤတွင် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ် တွင် ဖျော်ဖြေအငြိမ့် ကပြနိုင်ရေးအတွက် (ကို)ဇာဂနာ လုံးပမ်း၏။

၁၉၈၄ ခုနှစ်။ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်အား မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေနိုင်ရေးအတွက် (ကို)ဇာဂနာ ကြိုးစား၏။ ထိုစဉ်က “မိုးနတ်သူဇာအငြိမ့်”အား ထူထောင်ပြီးဖြစ်သည်။ မင်းသမီးက (မ)သီတာဝင်း။ လူရွှင်တော်များက တတ်တူ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့် ဇာဂနာ တို့ဖြစ်သည်။ ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ်တွင် (ကို)ဇာဂနာက သမိုင်းရေးရာ နောက်ခံထားသော အငြိမ့်ခန်းအား လုပ်ချင်၏။ (ကို)ဇာဂနာ အချိန်ပေး၍ လုပ်ခဲ့ရသည်။ ရှေ့မီ အနုပညာသည်ကြီးများနှင့် တွေ့၏။ မေး၏။ မှင်တက်ခဲ့ရ၏။ အမေ (ဒေါ်)အောင်ကြည်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဂီတလုလင်မောင်ကိုကို၊ (ဒေါ်)ထား၊ မြန်မာ့အသံ ဦးသစ္စာတို့က (ကို)ဇာဂနာအား ကူညီပေးကြ၏။ လမ်းညွှန်ပေးခဲ့ကြ၏။ ဤသို့နှင့် သမိုင်းအချက်အလက် များအား (ကို)ဇာဂနာ မှတ်သား ရှာဖွေခဲ့ရ၏။
၁၉၄၇ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်ဌာနအား ဆရာကြီး ဦးဥာဏ ခေါင်းဆောင်၍ ဖွဲ့စည်းခဲ့၏။ ပြဇာတ်ဌာန၏ ဌာနမှူးက ဒဂုံဆရာတင်။ ဆရာရန်နိုင်စိန်က ထိုဌာန၏ ၀န်ထမ်း တဦး။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ လွတ်လပ်ရေးရလျှင် မြန်မာ့အသံမှ ထုတ်လွှင့်ရန် လွတ်လပ်ရေးသီချင်း တပုဒ်လိုသည်။ ရှိပြီးသီချင်းက ဆရာရွှေတိုင်ညွန့် ရေးသည့် ဂျပန် ခေတ်ရွှေရည်စိမ် လွတ်လပ်ရေးပေးတုန်းက သုံးခဲ့သည့် သီချင်းဖြစ်သည်။ မသုံးချင်။ သို့နှင့် သီချင်းသစ်အား ရွေးကြ၏။ ဆရာကြီးဦးဥာဏက စာသားရေးပြီး ဆရာရန်နိုင်စိန်က အသံထည့်၏။ ဤသို့နှင့် လွတ်လပ်ရေးသီချင်းသစ် တပုဒ်ရလာ၏။ ဤသီချင်းအား ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀)မိနစ်တွင် မြန်မာ့အသံမှ လွတ်လပ်ရေး ကြေညာပြီးသည်နှင့် ထုတ်လွှင့်ခဲ့၏။

ဤသီချင်းအား (ကို)ဇာဂနာက ၁၉၈၄ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာ့ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ် ဖြေဖျော် ခန်းတွင် “မိုးနတ်သူဇာ အငြိမ့်” ၏ အဖွင့်သီချင်းအဖြစ် ပြန်၍ ဖော်ထုတ်ခဲ့၏။

“… ဗမာဟေ့ ဗမာ ကမ္ဘာရှေ့မှာ ဗမာဟေ့လို့ ကြွားဝင့်စရာ တို့အဆင့်အတန်းနဲ့ လျှမ်းတင့် ဝေဆာပြီ ဒါတို့ပြည် ဒါတို့မြေ ဒါတို့ပြည် အဖိုးမဖြတ်တဲ့ လွတ်လပ်ရေးနဲ့ အေးချမ်းသာယာစည် တိုင်းရင်းသား လူမျိုးတိုင်းသည် အခွင့် အရေးညီညီ တကယ်လွတ်လပ်ပါပြီ” (ရတီ-၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် ၊ စာမျက်နှာ ၁၇၃ မှ)

(ဃ)
ဇာဂနာနှင့် မိုးနတ်သူဇာက ခွဲ၍မရတော့။ တွဲ၍သာ မြင်နေကြရသည်။ ဇာဂနာ၏ ပျက်လုံးများက လူထုကြားမှ လာသည့် ပျက်လုံးများဖြစ်၍ လူထုနှင့်ထိမိ၏။ ခေတ်ကြီးက သရော်စာများနှင့် ပြည့်နေ၍ ဇာဂနာ၏ ပျက်လုံးများက ခေတ်နှင့်ညီ၍နေသည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေရသလို နိုင်ငံအနှံ့ မြို့ကြီးများတွင်လည်း စင်တင်၍ ဖျော်ဖြေကြရသည်။ ဇာဂနာက မိုးနတ်သူဇာအား ဤမျှနှင့် အားမရ။ ရပ်မနေချင်။ အငြိမ့်သဘင်အား ပြောင်းလဲချင်၏။ ဤတွင် မိုးနတ်သူဇာမှ စလိုသည်။

ထိုင်မသိမ်းတွေဝတ်၊ ဆံထုံးကြီးတွေထုံးပြီး အငြိမ့်မင်းသမီးတွေ ကနေတာကြာပြီ။ ရိုးလောက်ပြီ။ ကိုရီးယားမှာလို၊ ဗီယက်နမ်မှာလို ယပ်တောင်ယိမ်းတွေ၊ လယ်သမားယိမ်းတွေလိုမျိုးနှင့် အငြိမ့်ကို တင်ဆက်ချင်သည်။

ကောက်စိုက်သမ သီချင်း။ အငြိမ့်မင်းသမီးနှင့်အဖွဲ့က ကောက်စိုက်သမ၀တ်စုံနဲ့ လယ်ကွင်းထဲတွင် ကောက်စိုက်ရင်း သီချင်းဆိုမည်။ ပြီးလျှင် အကအပိုဒ်ပြောင်း။ ဒီတော့ မင်းသမီးဝတ်စုံ နှင့်ပြန်ကမည်။ တင်ဆက်ပုံပြောင်းမည်။ အကြောင်းအရာက လူထုဘ၀သို့ ၀င်မည်။

ညဘက် အပျိုမလေးတွေအနား ကာလသားလူပျိုတွေ လူပျိုလှည့်မည်။ လသာသာတွင်။ ကောင်မလေးတွေက ဗိုင်းငင်ချင် ငင်နေကြမည်။ လူပျိုကာလသားတွေက အနားတွင် စကားထာဝှက်မည်။ ကျေးလက်ကို ဖော်မည်။ သီချင်းက ကျေးလက်သီချင်း။ ပြီးလျှင်တော့ အငြိမ့်မင်းသမီးက အကစွမ်းရည်ပြဖို့ အတွက်ကတော့ စင်ပေါ်တက်ပြီး ကစေမည်။ ဤတွင်လည်း မင်းသမီး၏ အကကို တယောက်တည်း ကနေသည်ထက် ပို၍ “ကြွ”စေရန် အားဖြည့်မှုအဖြစ် ဟာမိုနီယိမ်းအဖွဲ့ကို ထည့်မည်။ မင်းသမီးနှင့် ယိမ်းအဖွဲ့၏ အကသည် ဆန့်ကျင်ဘက်ဆန်မည် ဆိုသော် ကြည့်သူအမြင်တွင်မူ လိုက်ဖက်မှု ရှိနေရမည်။ ဤသို့ မိုးနတ်သူဇာတွင်စ၍ အငြိမ့်ရှုတင်အား ပြောင်းချင်၏။ ပြောင်းလဲလိုသော ဇာဂနာနှင့် ရှေးရိုးစွဲတို့အကြား ပြဿနာဖြစ်၏။

ပဋိပက္ခသည် ကြီး၍လာသည်။ နောက်ဆုံး မိုးနတ်သူဇာ ကွဲခဲ့၏။ မင်းသမီး (မ)သီတာဝင်း ဦးဆောင်သည့် မိုးနတ်သူဇာနှင့် (ကို)ဇာဂနာ အသစ်ထူထောင်သည့် မြပုဏ္ဏာမာအငြိမ့် ဟူ၍။

မြပုဏ္ဏာမာတွင် (ကို)ဇာဂနာနှင့် တွဲဖက်အညီဆုံးက “အရိုင်း” ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော တင်ဆက်မှု အသစ်များနှင့် မြပုဏ္ဏာမာအား စခဲ့ကြ၏။ မြန်မာ့ရုပ်မြင်သံကြားမှ “အမှတ်တရ ရတနာပုံ” အစီအစဉ်တွင် မြပုဏ္ဏာမာ၏ “ရှေးအငြိမ့်၊ အမျိုးသားအငြိမ့်”အစီအစဉ်တို့အား တင်ဆက်ဖျော်ဖြေခဲ့၏။ (ကို)ဇာဂနာ၏ “နေကောင်းသွားမှာပါ” ၊ “ အားလည်း နာတယ်၊ ခင်လည်း ခင်တယ်” ၊ “သနားတယ်” ၊ “သိနေတယ်လေ” ။ ပျက်လုံးများက လူထုစကား ဖြစ်၍လာသည်။

လူရွှင်တော်များနှင့် ပျက်လုံးများမှာမူ ပြောစရာမရှိ။ “အား” ကောင်းသည်ဟု ဆိုရမည်။ မြပုဏ္ဏာမာ၏ အငြိမ့်ခန်း အဖွင့်အား ပရိသတ် စိတ်ဝင်စားရန် (ကို)ဇာဂနာတို့ ပြင်ကြရပြန်သည်။ မင်းသမီး၏ အကအား ပရိသတ်က တခုတ်တရ ထိုင်ပြီး ကြည့်ရှုချင်စေရန် မြပုဏ္ဏာမာ၏ အငြိမ့်အဖွင့်တေးထပ်အား အမျိုးသားနေ့ ဂုဏ်ပြုတေးထပ်နှင့်စသည်။ ရုပ်ရှင်မင်းသားကြီး (ဦး)၀င်းဦးက ရေးပေး၏။

“….. မျိုးမြန်မာ စံပမာပြုသိရန်ဆို ကနက်၏သဏ္ဍန် သီဟာကြငှာန်း ရွှေနန်းရွှေထီး ပြည်ကြီး ဟန်ထည် စည်တီး သံကြွယ် တခေတ်တချိန်ကလျှမ်း...” (ရတီ-၂၀၀၆ခုနှစ် ဖေဖော်ဝါရီလထုတ် စာမျက်နှာ -၁၈၁ မှ)

(င)
၁၉၈၈ ခုနှစ် “၈”လေးလုံး အရေးတော်ပုံကြီးအတွင်း၌ (ကို)ဇာဂနာသည် အနုပညာရှင် တဦးအနေနှင့် ဒီမိုကရေစီအရေး တိုက်ပွဲတွင် တက်တက်ကြွကြွ ပါဝင်ခဲ့၏။ ရန်ကုန်မြို့ရှိ လူထုတရားပွဲများတွင် (ကို)ဇာဂနာက အုပ်စိုးသူ အာဏာရှင်များအား သရော်သည့် ပျက်လုံးများက ထိမိလှ၏။

မကြာ။ ၁၉၈၈ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက (ကို)ဇာဂနာအား ရန်ကုန်မြို့ ဘားလမ်းရှိ စံပယ်ဦးစာပေတိုက် အတွင်းမှာပင် ၀င်ရောက်၍ ဖမ်းဆီးခဲ့၏။ အငြိမ့်စင် မီးရောင်အောက်မှ နံရံလေးဘက်အကြား အမှောင်တိုက်အတွင်းသို့ (ကို)ဇာဂနာ ရောက်သွားခဲ့တော့၏။ သို့သော် (ကို)ဇာဂနာ၏ ပျက်လုံးများကမူ လူထုအကြား၌ ပျံ့နှံ့၍နေ၏။ စစ်အုပ်စုမှ သေနတ်ပြ၍ (ကို)ဇာဂနာ၏ ပျက်လုံးများအား ဖမ်းဆီး၍မရ။

(စ)
“အင်းစိန်”မှ ပြန်လာခဲ့ပြီးနောက် (ကို)ဇာဂနာ အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရတော့။ အာဏာရှင်တို့သည် (ကို)ဇာဂနာ၏ ပျက်လုံးများအား ဒီဝီဇံတပ်မကြီးတခု၏ ကျည်ပစ်အားထက် ကြောက်လန့်ဟန်တူ၏။ (ကို)ဇာဂနာအား အ ငြိမ့်ကခွင့် လုံးဝခွင့်မပြုတော့။

(၁၉)နှစ်လုံးလုံး (ကို)ဇာဂနာ အငြိမ့်ကခွင့်မရ၊ ပျက်လုံးထုတ်ခွင့်မရ။ ကန့်လန့်ကာ။ မီးရောင်အောက်၌ ဖျော်ဖြေ ကပြခွင့်မရသည့် (ကို)ဇာဂနာ။ ဘာလုပ်မည်နည်း။ သူ၏ အနုပညာက “ရပ်”၍ မနေ။ “အ”၍ မသွား။ လူထုထံသို့ စီးဝင်ရန် ကြိုးစားဆဲ။ (ကို)ဇာဂနာသည် ကန့်လန့်ကာ မီးရောင်အောက်မှနေ၍ ပိတ်ကားဖလင်ကြားနှင့် ဖန်သားပြင်သို့ ကူးပြောင်းရန် သူ့၏အနုပညာအား လူထုထံသို့ စိမ့်ဝင် စီးဆင်းစေပြန်၏။

ဤတွင် ဟာသသရုပ်ဆောင် (ကို)ဇာဂနာ ဒါရိုက်တာ မောင်သူရဟူ၍ ဖြစ်လာခဲ့ပြန်၏။ အငြိမ့်စင်တွင် ကိုယ်တိုင် မီးရောင်အောက်သို့ မ၀င်နိုင်သော်လည်း ကန့်လန့်ကာ နောက်ကွယ်မှနေ၍ ၀ါယမ စိုက်ပြန်သည်။ ကင်းကောင်၊ ဂေါ်ဇီလာ၊ ညောင်ညောင်၊ ထင်ပေါ်၊ ဒိန်းဒေါင်၊ အာနိုး၊ ထိန်ထိန်၊ စုတ်ဖွား၊ ချက်စူးတို့အား (ကို)ဇာဂနာက မီးရောင်အောက်သို့ ရောက်အောင်ပို့ပေး၏။

အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရသည့် (ကို)ဇာဂနာသည် ဖန်သားပြင်မှတဆင့် “မိုးအငြိမ့်”ဟူ၍ VCDနှင့် လူထုအား ဖျော်ဖြေပြန်၏။ အောင်မြင်၏။ လူထုမှ အားပေး၏။ ထို့နောက် ရာဇာနေ၀င်းနှင့် “ရာဇာကြီး နှစ်ပါးခွင်”အား ဒါရိုက်တာ မောင်သူရမှ ရိုက်၏။ အငြိမ့်စင်မြင့်မှ လုပ်ချင်သည်များအား လုပ်ခွင့်မရခင် (ကို)ဇာဂနာမှ လုပ်နေခြင်း ဖြစ်၏။ သြခက်စတြာနှင့် နှစ်ပါးက၏။ မြေ၀ိုင်းအကလည်း ပါ၏။

အငြိမ့်စင်မြင့်မှစ၍ ပရိသတ်သိခဲ့ရသော (ကို)ဇာဂနာသည် (၁၉)နှစ်လုံးလုံး အငြိမ့်ကခွင့်မရခဲ့။ သို့သော် လူထုပရိသတ်ကမူ လူရွှင်တော် ဇာဂနာအဖြစ် သူတို့၏ နှလုံးသည်းပွတ်၌ စွဲမြဲစွာ ထင်နေဆဲ။ အငြိမ့်ကပြခွင့် မရသည့်နောက် ရုပ်ရှင်နှင့် ဗွီဒီယိုတို့တွင် သရုပ်ဆောင်သည်။ ဟာသသရုပ်ဆောင် (ကို)ဇာဂနာအဖြစ် လူထုပရိသတ်က လက်ခံအားပေးကြ၏။ တဖန် ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားများရိုက်၏။ ဒါရိုက်တာ မောင်သူရအဖြစ်နှင့်။ ဒါရိုက်တာ မောင်သူရ ရိုက်ကူးသည့် ဇာတ်ကားများက မဲပြာပုဆိုးကားများ မဟုတ်။ တွေးစရာပါ၏။ စဉ်းစားရန်ပါ၏။ နိမိတ်ပုံ များ သုံး၏။ သင်္ကေတများ ပါ၏။ ထူးသည်ဟု ဆိုရမည့်ကားများ။

(ဆ)
လွန်ခဲ့သည့် (၂)နှစ်လောက်က ကြည့်ခဲ့ရသည့် VCD ဇာတ်ကားအား ပြန်၍သတိရမိသည်။ ဒါရိုက်တာက မောင် သူရ။ မင်းသမီး တယောက်မှ မပါ။ မင်းသားဟု ပြော၍ရမည်က လူမင်း။ အဓိက ဇာတ်ကောင်များက (ကို)ဇာဂနာနှင့် (ကို)ကျော်သူတို့ နှစ်ယောက်။ ဇာတ်ရံများ ပါသည်။ အားလုံး လူရွှင်တော်များပင်။ ညောင်ညောင် တယောက်ကိုတော့ မှတ်မိနေ၏။ (ကို)ကျော်သူနှင့် (ကို)ဇာဂနာ တို့နှစ်ယောက် ငွေကြေးပြည့်စုံသည့် လုပ်ငန်းရှင်ကြီးများ။ သူတို့နှစ်ယောက် အလောင်းအစား ပြုလုပ်ကြ၏။ အခြေခံမရှိသော သူတယောက်အား ငွေကြေးများ ပုံပေးလိုက်လျှင် ဘာဖြစ်သွားမလဲ။ အလုံးစုံပျက်စီးခြင်းသို့ ဆိုက်သွားမည်လား။ ဒါမှမဟုတ် ...။

လောင်းကြေးက ကော်ဖီခါးခါး တခွက်ကြေး။ ဤတွင် ဒါရိုက်တာ မောင်သူရ ရိုက်ပြ၏။ လူမင်းက ရန်ကုန်ဆင်ခြေဖုံး ကျူးကျော် ရပ်ကွက်တွင် နေသည်။ ပထွေးက အရက်သမား၊ အမေက ပထွေးကို ကြောက်ရသည်။ ပထွေးက မင်းသားကြီး (ဦး)အောင်လွင်။ လူမင်းက မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုတွင် လုပ်သည့် အလုပ်ကြမ်းသမား။ ပထွေးနှင့် ကြီးခဲ့ရသည့် လူငယ်တဦး။ ပညာမသင်ခဲ့ရ။ လောကနီတိ မသိ။ လုပ်ခထဲမှ ပထွေးအား အရက်ဖိုးပေးရသည်။ ဤဇာတ်ကောင် လူမင်းအား (ကို)ကျော်သူနှင့် (ကို)ဇာဂနာက ငွေကျပ်ဆယ်သိန်း ခေါ်ပေးပြီး သူဘာဖြစ်မည်ကို အလောင်းအစားလုပ်ကြ၏။ မကြာ ငွေဆယ်သိန်းအား မစီမံတတ်၍ လူမင်း အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်သွား၏။ မိခင်သေ၏။ ဘ၀ပျက်၏။

ဤတွင် (ကို)ကျော်သူနှင့် (ကို)ဇာဂနာတို့၏ ဒိုင်ယာလော့များနှင့် ဇာတ်လမ်းအားပို့၏။ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေးဓနတို့ကား ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပဲ ပိုင်ဆိုင်နေပါက မိမိနှင့် မိမိပတ်ဝန်းကျင်ကိုပါ အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်စေကြောင်း။ ပြီးပြီ။

သို့သော် ကျနော်က ဒါရိုက်တာ မောင်သူရရိုက်ပြသည့် “နိမိတ်ပုံ”များအား ရှာနေမိသည်။ လူမင်းအား လူမင်းအ ဖြစ် မမြင်တော့။

(ကို)ဇာဂနာက အနုပညာတွင် အဘက်ဘက်မှ အောင်မြင်သည်ဟု ဆိုရမည်။ ဘာကြောင့်နည်း။ (ကို)ဇာဂနာက သူ၏အနုပညာအား သူ၏နှလုံးသားနှင့် ဖန်တီး၏။ သူ့နှလုံးသွေးက လူထု၏ နှလုံးသွေးနှင့် ဆက်၍ စီးမျှောနေသည်။ လူထုရင်ခုန်လျှင် (ကို)ဇာဂနာ ရင်ခုန်၏။ လူထု ရယ်ရွှင်လျှင် (ကို)ဇာဂနာ ရယ်ရွှင်၏။ လူထုတိုက်ပွဲဝင်လျှင် ထိုတိုက်ပွဲ၌ (ကို)ဇာဂနာရှိ၏။ ထို့ကြောင့် (ကို)ဇာဂနာ၏ အနုပညာက လူထု၏ အနုပညာ။ လူထုနှလုံး သည်းပွတ်မှ လာသည့် အနုပညာ…။

(ပြည်သူ့အနုပညာရှင်များအား ဂုဏ်ပြုပါသည်)

http://drlunswe.blogspot.com/

ငရဲနှင့် နိဗ္ဗာန်ဘုံကြားက လပွတ္တာ

ငရဲနှင့် နိဗ္ဗာန်ဘုံကြားက လပွတ္တာ

ငြိမ်းချမ်းငြိမ်း

လပွတ္တာဆိုသည့် နာမည်သည် မေလ၂ရက်နေ့က မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်က လုန်းမုန်တိုင်းနှင့်အတူ ကမ္ဘာ့သတင်းမီဒီယာများတွင် တမဟုတ်ချင်း ကျော်ကြားလာခဲ့သည့် နာမည်ဖြစ်သည်၊၊ ယခင်က မြန်မာနိုင်ငံကိုပင် ကောင်းကောင်းမသိခဲ့သော နိုင်ငံခြားသား အချို့မှာလည်း နာဂစ်၊ ဧရာဝတီ၊ ဘိုက လေးနှင့် လပွတ္တာ စသည့်နာမည်များကို ကောင်းကောင်း ရင်းနှီးခဲ့ရသည်၊၊ အချို့သော စာရင်းဇယားများ၏ အ ဆိုအရ လပွတ္တာမြို့ကလေး တခုတည်းမှာပင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကျပ်သိန်းပေါင်းထောင်ချီ ပျက်စီး ဆုံးရှူံးခဲ့ရသလို လူတသိန်းကျော်အထိ သေကြေပျက်စီး ဆုံးရှူံးခဲ့ရသည်ဟု ဆိုသည်၊၊ တွေးကြည့်ပါ၊၊ ကမ္ဘာ ပျက်မတတ် ခံစားခဲ့ရသည့် လပွတ္တာမြို့သူမြို့သားများနှင့် အနီးအပါး မြို့နယ်ကျေးရွာများမှ မြို့သူမြို့သားများ အတွက် ငရဲတမျှဖြစ်ခဲ့မည်မှာ ဧကန်မလွဲပင်။ သို့သော်လည်း ယခုအချိန်တွင်မူ အချို့အချို့သောလူများအ တွက် လပွတ္တာမှာ နယူးယောက်မြို့နှင့်ပင် မလဲနိုင်သည့် နိဗ္ဗာန်ဘုံ ဖြစ်နေပေသည်။

မေလ ၂ ရက်နောက်ပိုင်း နာဂစ်အလွန်တွင် ပြည်တွင်းအခြေစိုက် နိုင်ငံတကာ NGO များ၊ ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် အရေးပေါ်ရောက်လာကြသည့် နိုင်ငံတကာ NGO များ၊ ခါတော်မီ NGO များနှင့် NGO ကိုယ်စားလှယ်များ ၎င်းတို့၏ ကူညီထောက်ပံ့ရေး ရှေ့တန်းစခန်းအဖြစ် လပွတ္တာသို့ ရောက်ရှိပြီး နောက်တွင်မူ နာဂစ်မုန်တိုင်းဒဏ် ခံရသည်ဆိုသည်မှာ အိမ်မက်အလားပင် အစစ ပြောင်းလဲခဲ့သည်၊၊ လပွတ္တာမြို့လယ်ရှိ အိမ်ကြီးအိမ်ကောင်းများမှာ NGO များ၊ အကူအညီပေးရေး မစ်ရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရုံးခန်း၊ ဆေးခန်းနှင့် ဂိုဒေါင်များ ဖွင့်ရန်အတွက် ငှားရမ်းထားသောကြောင့် အဆမတန် ဈေးတက်ခဲ့ရသည် (အချို့ သော အိမ်များမှာ ဒေါ်လာနှင့်ပင် ငှားရသည်ဟုဆိုသည်)။ ထို NGO များအတွက် ရိက္ခာတင်သွင်းသူများ၊ ဆေးဝါး၊ အစားအစာနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသူ ရန်ကုန်စီးပွားရေးသမားများမှ ထပ်ချပ်မကွာ လိုက်ပါ ငှားရမ်းကြသောကြောင့်လည်း လပွတ္တာမြို့ထဲတ၀ိုက်တွင် ဌာနေများနည်းပါးသွားပြီး အိမ်ငှားခများမှာ အဆမ တန် ဈေးမြင့်သွားရခြင်းဖြစ်သည်ဟုဆိုသည်။ ယခင်က သာမန်မြို့ငယ်ကလေးတခုမျှသာဖြစ်သော လပွတ္တာမှာ နေ့ချင်းညချင်းဆိုသလို လန်ခရူဇာကားကြီးများ၊ NGO ကားများ၊ ၁၀ ဘီးတပ်ကားများ၊ ပျားပန်းခတ်ရာမြို့ ဖြစ် ခဲ့ရသည်၊၊

နာဂစ်ဒဏ်ကြောင့် ရွာပါပျောက်ခဲ့ရသည့် ပြင်စလူ၊ မကျီးပင်၊ ဘီဒူး၊ စလူစိပ် စသည့်ဒေသများမှ ရွာသူရွာ သားများမှာ အိမ်မက်ဆိုးထဲမှ ရုန်းမထွက်နိုင်သေးသော်လည်း NGO များနှင့် စီးပွားလမ်းဖြောင့် နေသူ များကမူ နောက်ထပ်မုန်တိုင်း ထပ်ဖြစ်ပါစေဦးဟု ကျိတ်၍ပင် ဆုတောင်းနေကြမလားမသိဟု ထိုဒေသမှ ပြန်လာသည့် ရန်ကုန်စာနယ်ဇင်း လူငယ်တဦး၏ ရင်ဖွင့်သံကို ကြားရသည့်အခါ အံ့သြဘနန်း ဖြစ်ရလေ သည်၊၊

ရန်ကုန်အခြေစိုက် ဂျာနယ်များတွင် ရေးခွင့်မရသည့် သူ၏ခရီးစဉ် အတွေ့အကြုံအရ “သူတို့ လူကြီးသား သမီးတွေလေ (နအဖ အရာရှိများ၏ သားသမီးများကို ဆိုလိုခြင်းဖြစ်သည်၊၊) NGO တော်တော်များများမှာ ၀င် လုပ်နေကြပြီ၊၊ အလုပ်ခေါ်ကတည်းက သာမန်လူက ရဖို့မလွယ်ဘူး၊ ဆရာဝန်နဲ့ အတွေ့အကြုံရှိထားပြီးသား သူတွေသာ ရကြတယ်”ဟု သူက ဆိုသည်၊၊ “တကယ်တော့ သူတို့တွေက ပြည်သူထဲကို ရောက်အောင် ဆင်းကြတာ မဟုတ်ဘူး၊၊ ရန်ကုန်၊ မြောင်းမြ၊ လပွတ္တာလောက်မှာပဲနေပြီး နေ့စားဝန်ထမ်းတွေကို ပြန်ငှားပြီး ခိုင်းထားတာ” ဟု သူက ဆက်ပြောပြသည်၊၊

ရန်ကုန်အခြေစိုက် စေတနာ့ဝန်ထမ်း အကူအညီပေးရေးအဖွဲ့မှ လူငယ်တဦးဆီကတော့ “လပွတ္တာမြို့ပေါ်မှာ တော့ NGO တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတွေနဲ့ နိုင်ငံခြားသား အကူအညီပေးရေးအဖွဲ့တွေဆို တာ ပျော်ပွဲစားထွက်လာသလိုပါပဲဗျာ၊၊ ဒုက္ခသည်တွေကတော့ ဘာမှသိပ်အခြေအနေ ထူးမလာဘူး” ဆိုသည့် ညည်းတွားသံကို ကြားရသည်၊၊ “လပွတ္တာက အရင်လပွတ္တာ မဟုတ်တော့ဘူး အခု လပွတ္တာဗျ၊၊ NGO အ၀ယ် တော်အရာရှိ ကိုကိုကြီးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီက မာကတ်တင်း မမလေးသတင်းဆို တမြို့လုံးသိ၊ Aid Worker တဖြစ်လဲ ဆရာဝန်မလေးနဲ့ ဥရောပတိုက်သား ကိုကိုတို့ရဲ့ အချစ်ဇာတ်လမ်းတွေလည်း ရှိသေးတယ်” ဟု သူက ရင်ဖွင့်ခဲ့သေးသည်၊၊

ဒုက္ခသည်များအတွက် အကောင်းဆုံး မနက်ဖြန်ကို မျှော်ရမ်းမှန်းဆ ရှိလို့မဆုံးသေးစေကာမူ NGO ၀န်ထမ်း များ၊ အရာရှိများနှင့် နိုင်ငံခြားသားများကတော့ ရီပို့ (report) ဟု ခေါင်းစဉ်တပ်ထားသည့် ခရီးတွင် ပုသိမ်၊ ချောင်းသာတွင် သွားရောက်အပန်းဖြေခြင်းနှင့် စနေ၊ တနင်္ဂနွေ၌ ရန်ကုန်ရှိ နိုက်ကလပ်များတွင် အပန်းဖြေ ခြင်းတို့ဖြင့် လောကနိဗ္ဗာန် ဖြစ်နေပေသည်၊၊ NGO များတွင် အလုပ်အကိုင်ရရန်အတွက် စိတ်အားထက်သန် သော မြန်မာမိန်းကလေးများအကြားတွင် ရေပန်းစားနေသော သတင်းတခုမှာလည်း “ဒီ NGO မှာ အလုပ်ရ ချင်ရင် Country Director ဦးဘယ်သူနဲ့ပိုင်မှ” ဆိုသည့် သတင်းမျိုးကလည်း မကြားချင်မှ အဆုံးဖြစ်သည်။ သို့ သော်လည်း ထို NGO များနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကား နအဖအာဏာ ပိုင်များ၏ တားမြစ်ချက်၊ ညွှန်ကြားချက်များနှင့် အမိန့်များကိုမူ တွင်တွင်ကြီး လိုက်နာကြပြီး မလောက်ငှသော ရွက်ဖျင်တဲများတွင် စုပြုံနေရသော ဒုက္ခသည်များ၏ အကျပ်အတည်းနှင့် ဆီနဲ့ရေလို ကွားခြားနေသော အဖြစ်မျိုးကို လပွတ္တာမြို့ မင်းလမ်းမပေါ်တွင် တွေ့နိုင်သည်ဟု ဆိုသည်၊၊ လူ ၁၅ ယောက်ခန့် နေထိုင်၍ရသော နှစ်ထပ်အိမ်ကြီးပေါ် တွင် NGO တခုမှ စီမံကိန်းဒါရိုက်တာကြီးတဦးနှင့် မော်ဒယ်ဂဲလ် တဖြစ်လဲ NGO ၀န်ထမ်းမလေးတို့ နှစ်ဦးသား ချစ်စခန်း ဖွင့်ထားသည့်ကိစ္စမှာလည်း ကြားရသူအပေါင်း တရားကျစရာတဲ့၊၊

လပွတ္တာနှင့် ပြင်စလူနယ်ဘက်မှ ပြန်လာသော စာနယ်ဇင်းသမားတဦး၏ ညည်းသံမှာမူ “အခုတော့ လပွတ္တာမှာ ရက်ဘတ်တလာ (လေရူးသုန်သုန် ၀တ္ထုကြီးထဲမှ ဇာတ်ကောင်)တွေ အများကြီးပဲဗျ၊၊ တချို့တွေကတော့ ဒုက္ခ သည်တွေကို ကူညီချင်တာနည်းနည်း NGO မှာ တနှစ်လောက်လုပ်ပြီးရင် နိုင်ငံခြားက သူတို့ရုံးတွေမှာ ပြောင်း လုပ်လို့ရပြီဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေက များများ”ဟု ဆိုသည်၊၊ သူ၏ ရန်ကုန် အပြန်လမ်းတွင်လည်း “ခါတော်မီ ခေတ်ပျက်လူနပ်ချမ်းသာများ …… နွားနှစ်ကောင် စည်အောင်ပဖေ ကျောင်း ဘ၀လောက်ကိုတောင် ပြန်မရတော့သည့် ဒုက္ခသည်များ …… အလုပ်အကိုင်ရှားပါးမှု နွံအတွင်းမှ ရုန်းမထွက်နိုင်သည့် မြန်မာ အမျိုးသမီးလေးများ၊ ငါးပွက်ရာ ငါးစာချပြီး ဘနဖူးသိုက်တူးသည့် စီးပွားရေးသမားများဖြင့် အတွေးတွေ ကြေး စည်လို သံစုံမြည်နေခဲ့သည်ဟုဆိုသည်၊၊

ငြိမ်းချမ်းငြိမ်း

Thursday, August 14, 2008

ကာရစ်ဘီယံ ကွင်းဆက်

ကာရစ်ဘီယံ ကွင်းဆက်
ဝီလီယံ ဘွတ် သြဂုတ် ၁၄ ၊ ၂၀၀၈


ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများက ဗြိတိန်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ပြုထားရာ ကာရစ်ဘီယံ ပင်လယ်ကွေ့ရှိကျွန်း ငယ်များနှင့် ဘာမြူဒါဒေသကို အသုံးချ ပုံဖျက်ကာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေလျှက်ရှိသည်။ ဤနည်းအားဖြင့် သူတို့က နိုင်ငံတကာ စီးပွားပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်ကွင်းနိုင်ကြသလို၊ လူအများအာရုံစိုက် ဝေဖန်ခံရခြင်းမှလည်း ကင်းလွတ်ခွင့် ရနေစေသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က စစ်အစိုးရကို အထီးကျန်ဖယ်ကျဉ်ထားရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုများ ဖြစ်ပေါ်လာစေရန် ဖိအားပေးသည့်အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားကြသော်လည်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်ငန်းက ကြီးထွားတိုးတက်နေလျက် ရှိသည်။

ဤကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအချို့မှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ၀င် ရောက်လာနေကြပြီး ၎င်းနိုင်ငံများက စီးပွားပိတ်ဆို့ဒဏ်ခတ်သည့် မူအပေါ်လည်း ဆန့်ကျင်ရပ်တည်နေခဲ့ကြသည်။ သို့သော် ဤရင်းနှီးမြှုပ်နှံမှုများတွင် အနောက်တိုင်းကုမ္ပဏီများက ဘဏ္ဍာရေးအရ ပတ်သက်ဆက်စပ်မှုများလည်း ရှိနေကြပြီး ၎င်းတို့က ပုံဖျက်ဖုံးကွယ်၍ ဆောင်ရွက်နေကြသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုနေကြသည်။

မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဖော်ပြခဲ့ရာတွင် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၀၅ သန်းအနက် ၉၀ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများအတွက် ၀င်ရောက်လာခဲ့ကြသည်ဟု ဆိုပါသည်။

စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၄၇၅ သန်းမှာ စွမ်းအင်တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများသို့ ၀င်ရောက် မြှုပ်နှံခဲ့ကြပြီး ၂၀၀၆ ခုနှစ် ပမာဏနှင့် နှိုင်းယှဉ်လျှင် ၃ ဆခွဲကျော် တိုးတက်များပြားလာခဲ့သည်ဟု ၎င်းဝန်ကြီး ဌာန၏ စာရင်းများအရ သိရှိကြရသည်။

မြန်မာနိုင်ငံက ဖော်ပြရာတွင် ၂၀၀၇ ခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှုများ၏ ၄၀ ရာခိုင်နှုန်းမှာ ဗြိတိန်မှလာကြသည်ဟု ဆိုပါသည်။ ဗြိတိန်အစိုးရမှာ မြန်မာစစ်အစိုးရအပေါ် ကျယ်ကျယ်လောင်လောင် ပြစ်တင်ဝေဖန်ထားပြီး ပိုမိုတင်းကျပ်သည့် အရေးယူမှုများ ချမှတ်ရန်လည်း တလျှောက်လုံး တိုက်တွန်းလာခဲ့သည်။

သို့သော်လည်း လန်ဒန်ရှိ ဗြိတိန်အစိုးရကမူ တိုး၍ ရင်းနှီးမြှုပ်နှံမှုများ ပြုနေသည်ဟူသည့် အချက်ကို ငြင်းပယ်နေဆဲဖြစ်ပါသည်။ သူတို့က ဖော်ပြကြရာတွင် ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ကုမ္ပဏီများအပေါ် အစိုးရနှင့် ပြည်သူများ၏ ဖိအားပေးမှုနှင့် ဥရောပသမဂ္ဂက ကမကထပြုနေသည့် အရေးယူ ဆောင်ရွက်မှုများကြောင့် တနှစ်လျှင် အနည်းဆုံး ဒေါ်လာ ၃ သိန်းမျှအထိ ကျဆင်းနေသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် စာရင်းကိန်းဂဏန်းများမှာလည်း ရာနှုန်းပြည့် ယုံကြည်ကိုးစား၍ မဖြစ်နိုင်ပါ။ အကြောင်း မှာ မြန်မာ့စီးပွားရေးက မမြင်သာသည့် တွင်းနက်ကြီးသဖွယ်ဖြစ်နေပြီး ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)တို့ကပင် သူတို့၏ ဖွံ့ဖြိုးရေးချေးငွေများပေးအပ်မည့် နိုင်ငံများစာရင်းမှ ပယ်ဖျက်ထားခဲ့ကြပါသည်။ မြန်မာနိုင်ငံက ကြွေးမြီများပေးဆပ်ရန် ပြဿနာရှိနေပြီး ဘဏ္ဍာရေးအရ ကူညီထောက်ပံ့နိုင်ရန် အနိမ့်ဆုံးလိုအပ်သည့် စာရင်းဇယားများကိုလည်း တင်သွင်းရန် ပျက်ကွက်နေကြပါသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ အခြားနေရာများမှ ငွေကြေးများ စီးဝင်နေကြဆဲ ဖြစ်သည်။ ဤသို့ငွေကြေးစီးဝင်နေသည့် နေရာများတွင် အခွန်ကင်းလွတ် ရှောင်တိမ်းနိုင်ရာဟု လူသိများကြသည့် ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းများ (British Virgin Islands) နှင့် ဘာမြူဒါကျွန်းများ ပါဝင်နေသည်ကို တွေ့ရှိလာကြပြီ ဖြစ်သည်။

၎င်းဗြိတိသျှအစောင့်အရှောက်ခံ ကျွန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ အများအပြားက မှတ်ပုံတင်ထားကြပြီး အမေရိကန်၊ ဗြိတိန်စသည့် သူတို့၏ အစိုးရများက စီးပွားဒဏ်ခတ်ပိတ်ဆို့ထားသည့် အခြေအနေကိုလည်း ရှောင်ကွင်း၍ ဆောင်ရွက်နိုင်ကြပါသည်။ ထိုမျှမက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုရန်လည်း မူရင်းနေရာကို ပုံဖျက်ဖုံးကွယ်ထားနိုင်ကြပါသည်။

"ကျနော်တို့ ပြောနိုင်သလောက်ကတော့ ဗြိတိသျှကုမ္ပဏီတွေက မြန်မာနိုင်ငံမှာသွားပြီး ရင်းနှီးမြှုပ်နှံနေတာ မဟုတ်ပါဘူး။ ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်း၊ ဒါမှမဟုတ် ဘာမြူဒါမှာ လက်ခွဲဖွင့်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေက သူတို့ရဲ့ကုမ္ပဏီအခွဲ တွေကတဆင့် မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံနေကြတာပါ" လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign UK ၏ ဒါရိုက်တာ မာ့က် ဖာမာနာ (Mark Farmaner) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။

“ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းနဲ့ ဘာမြူဒါက ယူကေရဲ့အစောင့်ရှောက်ခံဒေသတွေ ဖြစ်နေတော့ (မြန်မာစစ်အစိုးရအနေ နဲ့) ဗြိတိသျှ ရင်းနှီးမြှုပ်နှံမှုဆိုပြီး မှတ်ပုံတင်စာရင်းသွင်းလိုက်တာပါ။ ကျနော်တို့က ၁၀ နှစ်တိုင်တိုင် ယူကေ အစိုးရကို ဒီလို နေရာမျိုးတွေကို ပိတ်ပစ်ဖို့၊ ဗြိတိန်နိုင်ငံကို ဒီလိုအသုံးချခံနေရတဲ့ အနေအထားမျိုးကို ရပ်ဆိုင်းဖို့ တိုက်တွန်းနေခဲ့တာပါ။ သူတို့ကတော့ ငြင်းပါတယ်။ ဥရောပသမဂ္ဂ တခုလုံးအနေနဲ့ စတင်လှုပ်ရှားလာတာမျိုး ဖြစ်စေချင်တယ်လို့သာ ပြောနေကြပါ တယ်"ဟု မာ့က် က ပြောသည်။

"ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ်(Total)နဲ့ အမေရိကန်ရေနံကုမ္ပဏီ ယူနိုကယ်၊ ချယ်ဗရွန် (Unocal/Chevron) တို့ က ဘာမြူဒါကတဆင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြပါတယ်။ ဒါတွေအားလုံးကို စစ်အစိုးရရဲ့စာရင်းမှာ ဗြိတိန်ရဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် တွက်ချက်ဖော်ပြနေကြတယ်"ဟု လည်း ၎င်းက ဆိုသည်။

Burma Campaign UK အဖွဲ့က မြန်မာစစ်အစိုးရနှင့် စီးပွားဆက်ဆံနေကြသည့် ကုမ္ပဏီများ ကို အမည်စာရင်းဖော်ပြ၍ "ရှက်ဖွယ်ကုမ္ပဏီများ" အဖြစ် စာရင်းပြုစုခဲ့ပါသည်။

ဤသို့ "နာမည်ပျက် ကုမ္ပဏီများ"စာရင်းတွင် နိုင်ငံရပ်ခြားကုမ္ပဏီ ၁၅၄ ခုကို အမည်ဖော်ပြထားပြီး နောက်ဆုံးစာရင်းများအရ ရေနံနှင့် သဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ လက်ခွဲကုမ္ပဏီ များမှတဆင့်ဖြစ်စေ ပါဝင်ပတ်သက်နေကြသည့် ကုမ္ပဏီ ၃၃ ခု ရှိ နေပါသည်။

"နောက်ဆုံးစာရင်းဖြည့်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကတော့ သတင်းအချက်အလက် အသစ်တွေရတာရယ်၊ မြန်မာနိုင်ငံ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်တိုးလာလို့ပါ"ဟု ဤလှုပ်ရှားမှု၏ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ ဂျော်နီ ချက်တာတွန် (Jonny Chatterton) က ဆိုပါသည်။

နောက်ဆုံးပြုစုထားသည့် စာရင်းများအရ ရေနံ၊ သဘာဝဓာတ်ငွေလုပ်ငန်းနှင့် ရေအားလျှပ်စစ်စသည့် အခြားစွမ်းအင်ဆိုင် ရာလုပ်ငန်း စီမံချက်များတွင် အသစ်ဝင်ရောက်မြှုပ်နှံလာသည့် ကုမ္ပဏီ ၁၄ ခု ရှိနေပါသည်။

ဤသို့ ပုံဖျက်ဝင်လာကြသည့် ကုမ္ပဏီများသည် MPRL E&P Limited (အမ်ပီအာရ်အယ်လ် အီး အဲန် ပီ လီမီတက်)နှင့် ချိတ်ဆက်၍ ၀င်လာကြသည်ကို တွေ့ရပါသည်။ ၎င်းကုမ္ပဏီက စင်္ကာပူနိုင်ငံတွင် ဌာနချုပ်ဖွင့်လှစ်ထားသော်လည်း ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခုဖြစ်သည်။

၎င်း MPRL E&P ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် ကုန်းတွင်း မန်းရေနံမြေအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ပါသည်။ မကြာသေးမီကာလတွင် ၎င်းကုမ္ပဏီက ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ အေ-၆ လုပ်ကွက် (A 6 Block) တွင်လည်း ရင်းနှီးမှုများပြုခဲ့ကြောင်း Burma Campaign UK အဖွဲ့က ဆိုပါသည်။

ဤသို့ အခွန်ကင်းလွတ်ခွင့်ရရာ ဒေသများကို အခြေခံ၍ ရင်းနှီးမြှုပ်နှံလာသည့် ကုမ္ပဏီတခုမှာ ဖိုးကပ်စ် အင်နာဂျီ (Focus Energy)ဆိုသည့် ကုမ္ပဏီဖြစ်ပြီး ကုန်းတွင်းရေနံတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ဖိုးကပ်စ် အင်နာဂျီ ကုမ္ပဏီ၏ ရုံးမှာ ရန်ကုန်မြို့တွင်ပင် အခြေစိုက်ထားသော်လည်း ဗြိတိန်ရှိ လှုပ်ရှားနေသူများ၏ လေ့လာတွေ့ရှိချက်အရ ဗြိတိသျှကုမ္ပဏီတခု ဖြစ်နေပြီး ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခု ဖြစ်ပါသည်။

ထို့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူများက မြန်မာနှင့် အခြားအာရှနိုင်ငံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ပြစ်တင်ဝေဖန်ခံနေရသည့် မလေးရှား သစ်ကုမ္ပဏီတခုဖြစ်သော ရင်မ်ဘူနန် ဟိုင်ဂျူးအုပ်စု (Rimbunan Hijau Group) ကလည်း မကြာသေးမီက ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ၎င်း၏ လက်ခွဲ ရင်မ်ဘူနန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Rimbunan Petrogas)ကို အသုံးချ၍ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အတွင်းသို့ ခြေချလာခဲ့ပါသည်။

"ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းနဲ့ ဘာမြူဒါဒေသက ဗြိတိသျှ အစောင့်ရှောက်ခံနယ်တွေပါ။ ဘာမြူဒါကျွန်းက အလွန်သေးပေမယ့် နိုင်ငံရပ်ခြားငွေကြေးလုပ်ငန်းတွေနဲ့ အလွန်ကြွယ်ဝချမ်းသာနေကြပါတယ်။ တနိုင်ငံလုံး ကော်ဇောခင်းထားနိုင်လောက်တဲ့အထိ ချမ်းသာနေကြပါတယ်"ဟု ဟောင်ကောင်အခြေစိုက် ငွေကြေး ခ၀ါချမှု ကိစ္စ ကျွမ်းကျင်သူ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုများအတွက် အန္တရာယ် အကဲဖြတ်ပေးနိုင်သူ ပီတာ ဂဲလို (Peter Gallo) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြပါသည်။

"သိပ်ပြီး လက်ခံယုံကြည်ဖွယ်မရှိတဲ့ ရှင်းပြချက်တခုကတော့ (ဗြိတိသျှ) အစိုးရအနေနဲ့ ဒီ ကာရစ်ဘီယံ ပင်လယ်ကွေ့ဒေသ က ကျွန်းငယ်လေးတွေကို အခွန်ကိစ္စ ရှောင်တိမ်းတဲ့ နေရာတွေမှာ အသုံးချဖို့ အားပေးအားမြှောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ လုပ်လာလိုက်တာ နောက်ဆုံး ဘရိတ်အုပ်ဖို့ ခက်လာတဲ့ အနေအထားရောက်လာတယ်လို့ ပြောကြပါတယ်။ ပင်လယ်ရပ်ခြားမှာ စီးပွားရင်းနှီးမြှုပ်နှံကြတဲ့ ကိစ္စတွေအတွက် ရှောင်တိမ်းအလွဲသုံးစားလုပ်လို့ အကောင်းဆုံး အခြေအနေပါ" ဟု လည်း ၎င်းက ဆိုသည်။

ဤနာမည်ပျက်စာရင်းတွင်ပါသည့် တခြားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများမှာ စကော့တလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံများတွင် အခြေစိုက်ထားပြီး သူတို့နိုင်ငံများက ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့ အရေးယူမှုမူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြသည်ကို တွေ့ကြရပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ရရှိရေး အသည်းအသန်ရှာတော်ပုံ ဖွင့်နေကြချိန်၊ ရေနံဈေးနှုန်းများက ခေါင်ခိုက်အောင် မြင့်တက် နေကြချိန်တွင် တချို့သော နိုင်ငံများနှင့် ကုမ္ပဏီများက အမျိုးသား အကျိုးစီးပွားနှင့် အကျိုး အမြတ်ကို ရှေ့တန်းတင် ဆောင်ရွက်လာကြပါသည်။

တရုတ်နိုင်ငံက အရာကိစ္စအားလုံးထက် ကိုယ်ကျိုးစီးပွားသာ ရှေ့တန်းတင်ဆောင်ရွက်သည့်နေရာ၌ နာမည်ကြီးပြီး မြန်မာ နိုင်ငံတွင် တိုး၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသလို မြန်မာစစ်အစိုးရကိုလည်း နိုင်ငံရေးအရ ထောက်ခံအားပေးမှုများ ပြုနေပါသည်။ ထိုင်းနိုင်ငံကလည်း နှစ်ရှည်လများ မြန်မာစစ်ဗိုလ်ချုပ်များထံမှ ဓါတ်ငွေ့ဝယ်ယူ၍ ငွေကြေးထောက်ပံ့နေခဲ့ သည်။ ယခုအခါ အိန္ဒိယနိုင်ငံကလည်း ဤလမ်းကြောင်း လိုက်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မြန်မာစစ်အစိုးရက လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများ မျက်ဝါး ထင်ထင် တွေ့ကြုံခဲ့ရခြင်းအပါအ၀င် ပြီးခဲ့သည့် မေလက မုန်တိုင်းသင့်ဒုက္ခသည်များအပေါ် လူမဆန်စွာ လျစ်လျူရှုခဲ့မှုများကို အကျယ်အပြန့် တွေ့ခဲ့ကြရပြီးနောက်ပိုင်းတွင် ဤသို့ မြင်ရသည့် စာရင်းကိန်းဂဏန်းများက အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ပင် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံကြသူများအနေဖြင့်လည်း တခဏတာမျှ အနည်းဆုံး ပြန်စဉ်းစားကြည့်ဖို့ ကောင်းသောအခြေအနေ ဖြစ်သည်။

စစ်အစိုးရက ကြေညာထုတ်ပြန်ထားသည့် နှစ်စဉ် ဘတ်ဂျက် ရသုံးငွေစာရင်း၏ တ၀က်ကျော်ကို စစ်တပ်အတွက် အသုံး ချနေပြီး ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၁.၄ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ အတွက် သုံးစွဲနေပါသည်။ အာရှတိုက်၏ နောက်ထပ် အဆင်းရဲဆုံး နိုင်ငံတခုဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံထက်စာလျှင် ဤကဏ္ဍများတွင် သုံးစွဲမှု တ၀က်မျှ လျှော့နည်း နေပါသေးသည်။ ကာကွယ်ရေးအသုံးစာရိတ်ကို ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ နှစ်ခုပေါင်းထက် ပို၍သုံးစွဲနေသည်မှာ အာရှတိုက်တွင်မြန်မာတနိုင်ငံတည်းသာ ရှိပါတော့သည်။ ဤအခြေ အနေများကြောင့်လည်း မြန်မာနိုင်ငံတွင် ကလေးသေနှုန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထအမြင့်ဆုံးနိုင်ငံ ဖြစ်နေရပါသည်။

William Boot ရေးသားသည့် The Caribbean Connection ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

http://www.irrawaddy.org/bur

The Caribbean Connection By WILLIAM BOOT


Gas and oil companies are using offshore tax havens to disguise their investments in Burma

BANGKOK — GAS and oil companies are using British offshore tax havens in the Caribbean and Bermuda to disguise their investments in Burma, avoiding international sanctions and public attention.

Despite US and EU sanctions, intended to isolate the military regime and force democratic change, Burma’s natural gas industry in particular is booming.

Some of the investment comes from neighboring China, Thailand and India, countries that oppose sanctions. However, human rights campaigners say there is still considerable financial involvement by Western companies—and much of it is camouflaged.

Burma’s Ministry of National Planning and Development has reported that more than 90 percent of US $505 million invested in the country in 2007 went into gas and oil development.
The sum of $475 million that went into energy exploration and production was over three and a half times more than in 2006, according to the ministry figures.

Burma claims that almost 40 percent of the 2007 oil and gas investment came from Britain—a country whose government has been vociferously campaigning against the military regime and calling for tighter sanctions.

The London government insists that British investment has been reduced to less than $300,000 a year because of public and state pressure on companies and EU-led initiatives.

No figures coming out of Burma can be 100 percent trusted because the country’s economy is a black hole. Even the World Bank and the International Monetary Fund have crossed the country off their developing countries loan aid lists because the ruling junta has defaulted on repayments and refuses to present the minimum accounting necessary to qualify for financial help.

But the money still flows into Burma from other sources, which are now revealed to include offshore tax havens Bermuda and the British Virgin Islands.

A number of oil and gas industry businesses have registered in these British dependencies as a way of flouting sanctions imposed by their own countries—such as Britain and the US—or in an attempt to disguise the sourcing of investments in Burma.

“As far as we can tell this isn’t British companies investing in Burma, it is foreign companies setting up subsidiaries in the BVI (British Virgin Islands) or Bermuda and investing in Burma via those subsidiaries,” Mark Farmaner, director of the Burma Campaign UK in London told The Irrawaddy.

“As BVI and Bermuda count as UK territories, it gets registered [by the Burmese regime] as UK investment. For 10 years, we have been calling on the UK government to close this avenue and stop the UK being used in this way, but they refuse, saying they want the EU to move as a whole.

“[French oil company] Total and [US oil company] Unocal/Chevron invested via Bermuda. All this gets counted as UK investment in the regime’s figures.”

Burma Campaign UK publishes a “name-and-shame” list of companies it identifies as doing business with Burma.

The so-called “dirty list” names 154 foreign companies and the latest identifies 33 firms investing in oil and gas exploration and production, either directly or as ancillary service providers.

“New companies added to the list are the result of new information and an influx of new investment in Burma’s gas sector,” said the campaign’s coordinator Johnny Chatterton.

The latest list identifies 14 new companies moving into oil, gas and other energy-related activities such as hydroelectric projects.

Foreign companies linked to the camouflage include MPRL E&P Limited, headquartered in Singapore but registered in BVI.

MPRL E&P has invested more than $100 million, mostly in the onshore Mann oil field but also recently in the A-6 block off the Arakan coast, said the Burma Campaign.

Another firm investing in Burma via the tax havens is Focus Energy, drilling for onshore oil.

The Focus Energy offices are in Rangoon but the UK campaigners identify the company as British and registered in BVI.

Rimbunan Hijau group, a large Malaysian logging company accused by human rights activists of labor abuses in Burma and other Asian countries, has also recently used the BVI to register its subsidiary Rimbunan Petrogas to enter the oil and gas sectors in Burma.

“The likes of the BVI and Bermuda are British territories. Bermuda is so small, and so wealthy because of its offshore financial business that it could afford to have the whole country carpeted,” Hong Kong-based money-laundering expert and financial risk assessor Peter Gallo told The Irrawaddy.

“The cynical explanation is that [the British] government encouraged these little Caribbean territories to get into the tax fiddling business. Having started down that road, however, the problem now is that it is very difficult to put the brakes on them.

“These small countries have built their economies on the quirks of company law. The offshore services business, however, is vulnerable to abuse.”

Other oil and gas industry firms on the “dirty list” are openly based in Scotland, Denmark, Germany, the Netherlands and the US and simply flout their countries’ support for sanctions.

The desperate hunt for more oil and gas as demand and prices rocket means that some companies and countries put profit and national interest first.

China has a reputation for putting self-interest above all else and is increasingly investing in, and politically supporting, Burma. Thailand also has a long record of buying gas from the generals, and now India is following suit.

But in the light of military atrocities against unarmed civilians in Burma and the widely recorded callous indifference of the regime following the devastating cyclone in May, some disturbing statistics should at least make investors pause for thought.

The regime spends half its declared national budget on the armed forces and just 1.4 percent of gross domestic product on health and education, less than half that spent by Cambodia, the next poorest country in Asia. Burma is the only country in Asia whose defense budget is greater than that of health and education combined. Burma has the fourth highest child mortality rate in the world.

http://www.irrawaddymedia.com/

Friday, August 8, 2008

မြန်မာ့လူမှုရေး မီးတောင်ကြီး ပေါက်ကွဲရန် အသင့်ဖြစ်နေ

မြန်မာ့လူမှုရေး မီးတောင်ကြီး ပေါက်ကွဲရန် အသင့်ဖြစ်နေ
လယ်ရီဂျေဂင်
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 10:00 - မြန်မာစံတော်ချိန်

သံဃာများနှင့်လူထုက စစ်ခေါင်းဆောင်များကို ခြိမ်းခြောက်နေ
မြန်မာတနိုင်ငံလုံးကို ရပ်တန့်သွားစေခဲ့ပြီး တိုင်းပြည်၏ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျလုဆဲဆဲ ဖြစ်စေခဲ့သည့် ဒီမိုကရေစီရေး လူထုဆန္ဒပြပွဲကြီး ဖြစ်ပွါးခဲ့သည်မှာ အနှစ် ၂ဝ ရှိသည့် အခါတွင် မြန်မာနိုင်ငံကို အပြောင်းအလဲ ဖြစ်စေနိုင်ခဲ့လောက်သည့် အကောင်းဆုံး အခွင့်အရေးမှာ ယခုအခါ အတိတ်တွင် ကျန်ရစ်ခဲ့ပါပြီ။ နောက် ၁ လကျော်ကြာလျှင်ပင် စစ်တပ်က ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အကြမ်းဖက်ကာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ချေမှုန်း ပစ်လိုက်သည်။

ထိုအချိန်မှစ၍ စစ်မှန်သော နိုင်ငံရေး အပြောင်းအလဲကို ဖြစ်စေနိုင်လောက်သည့် လှုပ်ရှားမှုဟူ၍ အနည်းအကျဉ်းသာ တွေ့ခဲ့ရတော့သည်။ နှစ် ၂ဝ ကြာ၍မှ တိုးတက်မှု တစုံတရာကို မမြင်ရသောအခါ မြန်မာပြည်သည် နောက်ဆယ်စုနှစ်ပေါင်း များစွာ စစ်အာဏာရှင် စနစ်အောက်တွင် နေရတော့မည်ဟု မြန်မာလူမျိုး အများအပြားက ယုံကြည်လာကြတော့သည်။

သို့သော် ယမန်နှစ်က ခေတ်သစ်ကြီးသို့ ရောက်တော့မည်လောဟု မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာပြန်သည်။ သံဃာတော်များ လမ်းပေါ်သို့ ထွက်လာပြီး စစ်အစိုးရကို ဆန္ဒပြကြကာ ရွှေဝါရောင် တော်လှန်ရေးတည်း ဟူသော လှုပ်ရှားမှုသစ်တရပ် ပေါ်ထွက်လာခဲ့သည်။ ဤတကြိမ်တွင်လည်း စစ်တပ်က အင်အားသုံး၍ ရက်ရက်စက်စက် နှိမ်နင်းခဲ့ရပြန်သည်။ တိုင်းပြည်တွင်းရှိ လှုပ်ရှား တက်ကြွသူ အများအပြားလည်း ထောင်ကျသူကျ၊ မြေအောက်လျှိုးသူလျှိုးရ ဖြစ်ကုန်ပြန်သည်။

မယ်မယ်ရရ လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း လွန်ခဲ့သောနှစ် ၂ဝ အတွင်း မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများ ဖြစ်ခဲ့သည်ကိုတော့ လွန်ခဲ့သော နှစ်က အဖြစ်အပျက်များက သက်သေပြနေသည်။ ပြည်တွင်းရှိ မြန်မာလူမျိုး စီးပွါးရေးသမား အများအပြားက မြန်မာနိုင်ငံသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် လူမှုရေး မီးတောင်ကြီး ဖြစ်နေပြီဟု ကျနော့်အား ပြောခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပါပြီ။ လိုနေတာ မီးပွါးလေးပါပဲ၊ အဲဒါကလဲ အချိန်မရွေး ပေါ်လာနိုင်တာပဲ ဟု သူတို့က ပြောကြပါသည်။

လွန်ခဲ့သောနှစ် ၂ဝ သြဂုတ်လ နောက်ပိုင်း ဖြစ်ပွါးခဲ့သော အဖြစ်အပျက်များကို မည်သူကမျှ နောက်တကြိမ် ပြန်မဖြစ်ချင်ကြတော့ပါ။ ဆန္ဒပြပွဲများကို စစ်တပ်က အညှာတာ ကင်းမဲ့စွာ နှိမ်နင်းခဲ့ရာတွင် ကျောင်းသားများနှင့် လှုပ်ရှားတက်ကြွသူများ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးအုန်းဂျော်ကမူ ဤအရေးအခင်းတွင် သေသူမှာ ၄ ဦးသာ ရှိပါသည်၊ ယင်းတို့မှာလည်း အချင်းချင်း တက်နင်းမိကြ၍သာ သေခြင်းဖြစ်ကြောင်း၊ စစ်တပ်က ပစ်၍ မဟုတ်ကြောင်း ကျနော့်ကို အကြောက်အကန် ပြောဖူးပါသည်။ ခွဲခြမ်းစိတ်ဖြာ လေ့လာသူ အများစုကမူ စစ်တပ်က ပစ်ခတ်၍ လူ ၃ဝဝဝ ခန့် သေဆုံးခဲ့နိုင်သည် ဟု ဆိုခဲ့ပြီး စစ်တပ်က တိုးတိုးတိတ်တိတ် ပွင့်ပွင့်လင်းလင်း ဝန်ခံသည်က မူ လူပေါင်းအနည်းဆုံး ၆ဝဝဝ သေဆုံးခဲ့သည်ဟု ဆိုပါသည်။

အမှန်စင်စစ် ယခု ထိန်းသိမ်းခံနေရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နီးစပ်သည့် ထောက်လှမ်းရေး အရာရှိတဦးက လွန်ခဲ့သော နှစ်အနည်းငယ်က ကျနော့်ကို ပြောပြဖူးသည်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကိုယ်ပိုင် ခန့်မှန်းချက်အရပင် သေဆုံးသူပေါင်း ၁ဝဝဝဝ ကျော်သည်ဟု ဆိုသည်။ “အလောင်း တော်တော်များများက တိတ်တိတ်ကလေး မီးသဂြိုလ် လိုက်တာ၊ ဒီတော့ အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အထောက်အထားလဲ မရှိတော့ဘူးပေါ့” ဟု သူက ပြောပါသည်။ ဤသို့ အလားတူ အဖြစ်အပျက်မျိုး ယမန်နှစ် စက်တင်ဘာ၊ အောက်တိုဘာလများကလဲ ဖြစ်ခဲ့ဖွယ် ရှိပါသည်။ သို့သော် အတိုင်းအတာ ပမာဏကမူ အတော်ပင် နည်းပါလိမ့်မည်။

လူအများစု နားမလည်ကြသေးသည့် အချက်မှာ လွန်ခဲ့သောနှစ် ၂ဝ က ဖြစ်ပွါးခဲ့သည့် “လူထုလှုပ်ရှားမှု” ကြီးသည် စစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့လုနီးနီး ဖြစ်ခဲ့သည် ဆိုသည့်အချက် ဖြစ်သည်။ “ကျနော်တို့ ဆန္ဒပြသမားတွေကို အလျှော့ပေး လိုက်လျောလိုက်ဘို့ နဲနဲလေး လိုတော့တာဗျ” ဟု ယခုအခါ လာဘ်စားမှု၊ နိုင်ငံတော် ပုန်ကန်မှုတို့နှင့် ထောင်ဒဏ် ၁၉၇ နှစ်ကျခံနေရသော အကြီးတန်း ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးချုပ် သိန်းဆွေက သူ၏ ရင်းနှီးသော မိတ်ဆွေတဦးကို ပြောပြခဲ့ပါသည်။ “ဆန္ဒပြပွဲတွေသာ နောက်ထပ် ၂ ပတ်လောက် ဆက်ဖြစ်နေရင် ကျနော်တို့ အလျှော့ပေးပြီး စစ်တန်းလျားကို ပြန်ရတော့မှာ” ဟု သူက တွေးတွေးဆဆ ပြောခဲ့ပါသည်။

သို့သော် ဆန္ဒပြသူများက အရင် လက်လျှော့ အရှုံးပေးလိုက်ကြသည်။ ထောင်ပေါင်းများစွာ သေခဲ့ရပြီး ထို့ထက်ပိုသော အရေအတွက်က နိုင်ငံရပ်ခြားသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ လွန်ခဲ့သောနှစ် ၂ဝ ကျောင်းသားများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများ ပြီးကတဲက မြန်မာ ၂ သိန်းခွဲကျော် နိုင်ငံရေး ခိုလှုံခွင့် ယူခဲ့ရသည်။ ပထမအသုတ်က တောတောင်များကို ကျော်ဖြတ်၍ မြန်မာနိုင်ငံ နယ်စပ်ဒေသများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ကို ရောက်လာခဲ့သည်။ မြန်မာတပ်ဖွဲ့များက တွေ့ရာနေရာတွင် ပစ်သတ်မည်စိုး၍ ယင်းတို့ကို ရှောင်ကွင်းကာ ထွက်ခွါလာခဲ့ကြရသည်။ လမ်းတွင်အဖျား ရောဂါနှင့် အခြားရောဂါ မျိုးစုံဖြစ်သော ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး တို့ကို ခံခဲ့ကြရသည် သာမက လမ်းတွင် စားနပ်ရိက္ခာ ပြတ်တောက်မှုကိုလည်း ကြုံခဲ့ကြရသေးသည်။

သူတို့ အများအပြားကို ယခုအချိန်အထိ မြန်မာစစ်တပ်ကို အံတု တိုက်ခိုက်နေသေးသည့် တိုင်းရင်းသား သူပုန်အဖွဲ့များက အကူအညီများ ပေးခဲ့ကြသည်။ အထူးသဖြင့် ကချင်၊ ကရင်၊ ကရင်နီနှင့် ရှမ်းသူပုန်အဖွဲ့များ ဖြစ်သည်။ ဤအခြေအနေက မြန်မာ အတိုက်အခံများကို တိုင်းရင်းသား အုပ်စုများ၏ တရားဝင် စိုးရိမ်ပူပန်မှုနှင့် တောင်းဆိုမှုများကို အသိအမှတ် ပြုစေခဲ့သည်။ သူတို့၏ အရေးတော်ပုံကို ဒီမိုကရေစီ လှုပ်ရှားမှုက အသိအမှတ်ပြုခဲ့ပြီး သူတို့ အနာဂါတ် နိုင်ငံရေး စီမံကိန်းများ၏ အစိတ်အပိုင်းတရပ် ဖြစ်လာခဲ့သည်။

ထောင်ပေါင်းများစွာသော သူတို့တွင် စိတ်ထိခိုက်ဖွယ် ရင်နာစရာ ဇာတ်လမ်းများ ရှိကြသည်။ သူတို့ကို နောက်ထပ် နှစ် ပေါင်း ၂ဝ ကျော် မတွေ့ကြရတော့သည့် မိဘများ၊ ညီအကို မောင်နှမများကို ခွဲခွါ ထားရစ်ခဲ့ကြရသည်။ အချို့မှာ သူတို့ ကလေးငယ်များကို လွတ်လပ်ရေးခရီး လမ်းခရီးရှည်ကြီး၏ ဒဏ်ကို မခံနိုင်မည်စိုး၍ အဖိုးအဖွါးများနှင့် ထားခဲ့ကြရသည်။ ဤကလေးငယ်များသည် သူတို့ မိဘများကို မတွေ့မမြင်ဖူး၊ အချို့ဆိုလျှင် သူတို့ မိဘများကို စကားပင် မပြောဖူးဘဲ အရွယ် ရောက်လာခဲ့ကြသည်။

ဤစွန့်လွှတ်ခဲ့ရမှုများသည် ထွက်ပြေးလာခဲ့သူများကို သာမက ကျန်ရစ်ခဲ့သူများ အပေါ်တွင်လည်း ဖျက်မရသည့် အမာရွတ်များ ကျန်ရစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ကျိုးပဲ့၍ ဒုက္ခိဖြစ်နေသော လူ့အဖွဲ့အစည်း ဖြစ်သည်။ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း လွန်ခဲ့သောနှစ် ၂ဝ အတွင်း လှုပ်ရှားမှုအပေါ် တက်ကြွ၍ မဟာဗျူဟာကျသော ခေါင်းဆောင်မှုကို မပေးနိုင်ခဲ့။ ဤဒီချုပ်၏ မအောင်မြင်ခဲ့မှုများကြောင့် ပါတီတွင်း အထင်အမြင် သေးမှုများပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြင့် ဤခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းရန် ၁၉၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို လူထု အများအပြားက လှမ်းမျှော် ကြည့်လာကြသည်။

ဝန်ကြီးချုပ်နှင့် ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းပြီးနောက် ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျောင်းသား ခေါင်းဆောင်များ လွတ်လာသည့်အခါ အကောင်းမြင် အယူအဆများ ပြန်လည် မွေးဖွါးလာပြန်သည်။ “နောက်ဆုံးတော့ ဖြစ်နိုင်စရာကောင်းတဲ့ ခေါင်းဆောင်က ကိုကိုကြီးပဲ” ဟု အမည်မဖေါ်လိုသူ မြန်မာပညာရှင် တဦးက အဆိုပါ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာအပြီးတွင် ပြောကြားခဲ့သည်။ “သူက အတိုက်အခံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အထက်ဆုံးသူ တဦးဘဲ” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

သို့သော် အနှစ် ၂ဝ ကြာသည့် အချိန်တွင် အဆိုပါ အဓိက ခေါင်းဆောင်များမှာလည်း ခဏလေးသာ လွတ်လပ်စွာ နေလိုက်ရပြီး ထောင်ထဲသို့ တဖန် ရောက်သွား ပြန်သည်။ သို့သော် အရေးကြီးသည့် အချက်မှာ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ငွေဖေါင်းပွမှုများကို ကန့်ကွက် ဆန္ဒပြသည့် ဆန္ဒပြပွဲများအတွက် အခြေခံကောင်းများကို ချမှတ်ပေးခဲ့သည်။ သူတို့သည် ထိုနှစ်အစောပိုင်းက တိုင်းပြည်၏ စီးပွါးရေး ဒုက္ခများနှင့် စပ်လျဉ်းသည့် လူထုကြား ဆွေးနွေးပွဲများနှင့် စာများ ထုတ်ဝေ ဖြန့်ချိပေးပို့သည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ ထိုအခါ သူတို့ကို နောက်တကြိမ် အသံတိတ်သွားစေရန် စစ်အစိုးရ အတွက် အပူတပြင်း လိုအပ်လာပြန်သည်မှာ အံ့သြစရာ မရှိပါ။

ယမန်နှစ်က ဆန္ဒပြပွဲများ၏ အဓိက အကြောင်းအချက်ကြီးဖြစ်သော လောင်စာဆီနှင့် စားသောက်ကုန် ဈေးနှုံးများ တက်နေမှုမှာ ယခုထိ ဆက်ဖြစ်နေဆဲ ရှိသည်။ ဆင်းရဲမွဲတေမှု အဆင့်အောက် ရောက်နေသော မြန်မာလူထုမှာ ပိုမို များပြားလာနေသည်။ ဤပြဿနာသည် နောက်ထပ် လမ်းပေါ်တွင် ဆန္ဒပြပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် မီးခဲ ပြဿနာများ ဖြစ်သည်။ လူအများ သိပ်သတိမထားမိလိုက်သည့် အချက်မှာ ယမန်နှစ်က ဖြစ်ပွါးခဲ့သည့် ဆန္ဒပြပွဲများတွင် အရေးပါသော အစိတ်အပိုင်းမှ ဆန္ဒပြပွဲတွင် လူငယ် အများအပြား ပါဝင်ခဲ့သည့်အချက် ဖြစ်သည်။ ဤအသက် ၃ဝ အောက် လူငယ်များသည် ၁၉၈၈ ခုနှစ် သြဂုတ်လ ဆန္ဒပြပွဲများအကြောင်း မမှတ်မိ မသိရှိနိုင်ကြပါ။ သူတို့၏ နောင်တော်များလိုပင် ၂ဝဝ၇ ခုနှစ် သြဂုတ်လ အရေးအခင်းက သူတို့ကို နိုင်ငံရေး ဇာတ်သွင်းပေးလိုက်ပြန်သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ အရေးအခင်း ပြီးကတဲက သိသိသာသာ တိုးတက်လာသည့် အချက်မှာ စစ်အစိုးရအပေါ် လူထု၏ ဒေါသ ဖြစ်သည်။ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ရွှေဝါရောင် တော်လှန်ရေးက လူထု၏ နာကျည်းမှုနှင့် အမျက်ဒေါသကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ မကြာသေးခင်က ဖြစ်ပွါးခဲ့သည့် ဆိုင်ကလုံး၏ ဖျက်ဆီးမှုကို စစ်အစိုးရက ချက်ချင်း တုံ့ပြန် ဆောင်ရွက် အရေးယူမှု မရှိခဲ့ခြင်းက ဘာလာလာ လုပ်နိုင်သည် ဆိုသည့် စစ်အစိုးရ၏ ပုံရိပ်ကို နောက်ထပ်အိုးမဲ သုတ်လိုက်ပြန်သည်။ ပိုအရေးကြီးသည့် အချက်မှာ ဤအကြပ်အတည်းကို အရပ်သားများနှင့် လူမှုရေး အုပ်စုများက မိမိတို့ဘာသာ တုံ့ပြန် ဆောင်ရွက်နိုင်ခဲ့ခြင်းက သူတို့ကိုယ်သူတို့ ပိုမို ယုံကြည်မှု ရရှိသွားစေခဲ့သည်။

မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများ ကြောက်ရွံ့စိုးရိမ်နေသည်မှာ သံဃာတော်များနှင့် လူထုက အစိုးရကို နောက်တကြိမ် ထပ်ချရန် ပြင်ဆင်နေသလား ဆိုသည့်အချက် ဖြစ်သည်။ သူတို့ကို နှိမ်နင်းရန် အလွန် ကြမ်းတမ်း ပြင်းထန်သည့် အစီအစဉ်များ ချမှတ် ကြိုးပန်းနေပြန်သည်။ ဤသို့ နောက်ထပ် လမ်းပေါ်ထွက် ဆန္ဒပြကြမည့် အရိပ်အယောင်ကို မမြင်ရသေးသော်လည်း စစ်ခေါင်းဆောင်များ အတွက်တော့ အကျပ်ရိုက်စရာ အခြေအနေများနှင့် ကြုံနေရသည်။ ဖွဲ့စည်းပုံ ဥပဒေတွင် ပြဌာန်းထားရှိသည့်အတိုင်း စစ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲသည့် နည်းဖြင့် လူထု၏ ထောက်ခံမှုကို ရမလားဟု လုပ်နေရပြန်သည်။ ဤအစီအစဉ်အရ ၂ဝ၁ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ပေးရမည် ဖြစ်သည်။

ယခုအချိန်ကား မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည့် အချိန် ဖြစ်သည်။ ဤရွေးကောက်ပွဲများ မတိုင်မီတွင် ဆန္ဒပြပွဲများနှင့် အပြောင်းအလဲများ မြန်မာပြည်တွင် ဖြစ်ပွါးလာနိုင်သည်။ နောက် ၂ နှစ် ဆိုသော အချိန်ကာလသည် တကယ့်ကို မတည်ငြိမ်သော ကာလ ဖြစ်သည်။ သံဃာများနှင့် ကျောင်းသားများ ခေါင်းဆောင်သည့် နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

(လယ်ရီဂျေဂင်၏ Burma's social volcano ready to erupt ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

Burma's social volcano ready to erupt

Burma's social volcano ready to erupt
Commentary
Larry Jagan
Wednesday, 06 August 2008 19:07

'Monks and masses threaten military leaders'
Twenty years after the mass pro-democracy demonstrations brought Burma to a standstill for months and threatened to topple the country's one-party state, it is tempting to believe Burma's best chance for change is a thing of the past. More than a month later, in September 1988, the army moved against the protesters and crushed the democratic movement.

Since then, there seems to have been very little movement towards genuine political change. Many Burmese believed that with 20 years of no progress, Burma is destined to remain under a military dictatorship for decades to come.

But the hopes of a new era were again raised this time last year, when the country's monks joined the street protests against the military regime and spawned a new movement dubbed the Saffron Revolution. Again the military were forced to crush the movement with brutal force. And the country's activists were jailed or forced underground.

The events of last year showed that things have changed in Burma over the last 20 years, even if much of it is intangible. For years, many local Burmese businessmen have been telling me, Burma is a social volcano ready to erupt – all it needs is a spark, and that could come any time now.

No one wants a repeat of the massive social upheaval that happened in the wake of the events of August 20 years ago. Thousands of students and activists died as the military mercilessly crushed the protests. The foreign minister at the time Ohn Gyaw told me that only four people died – and they were killed in the stampede not by soldiers' guns, he insisted. Most analysts suggest some 3,000 people died in the military's mopping up operations, while the military openly admit -- albeit privately – that at least 6,000 perished.

In fact a military intelligence officer close to the former intelligence chief, who is now under house arrest, told me a few years ago that General Kin Nyunt's own assessment was that more than 10,000 people were killed. "Many bodies where quietly cremated so that there was no evidence of the massacre," he said. The same seems to have happened last September and October, although on a much smaller scale.

What most people don't understand is that the "people's movement" 20 years' ago came very close to toppling the military government. "We were on the brink of giving in to the protesters," the senior intelligence officer, Brigadier General Thein Swe – now serving 197 years in prison for corruption and treason – told a close mutual friend. "If the demonstrations had gone on for another two weeks, we would have been forced to give up and withdraw back to the barracks," he had mused.

But the protesters gave up first – leaving thousands dead – and even more forced to flee abroad. More than a quarter of a million Burmese have sought political refuge since the end of the student-led protests 20 years ago. The first batch took months to trudge through the jungles in Burma's border areas close to China, India and Thailand. They had to elude Burmese troops who would have killed them on sight, and suffered illness and disease on the way – many were decimated by diarrhoea, malaria, dengue fever and lack of food.

Many were helped in their escape by the ethnic rebel groups who were still fighting the Burmese Army – especially the Kachin, Karen, Karenni and Shan. This also helped forced the Burman opposition to recognise the legitimate concerns and claims of the ethnic groups, and helped their cause to become recognised by the democracy movement and become part of the political plans of the future.

Thousands have poignant personal stories of tragedy. All left parents and siblings behind who they have not seen for more than 20 years. Others left their young children behind with their grandparents as they would not have survived the arduous journey to freedom. These young children have grown into adults without seeing and some cases talking to their parents.

These sacrifices that have been made by the activists have left an indelible mark on both those who fled abroad as well as those who stayed behind. Burma is a fractured and crippled society. The National League for Democracy, led by the detained opposition leader, Aung San Suu Kyi -- though it overwhelmingly won the elections in 1990 -- has failed to provide an active and strategic leadership to the movement over the last 20 years. There is growing disenchantment with the NLD's failure to lead, which has led to many looking to the student leaders of 1988 to fill the vacuum.

After they were released from prison – in November 2004 – in the aftermath of the arrest of the then Prime Minister and intelligence chief, Khin Nyunt there was a rebirth of optimism. "At last there is a possible leader in Ko Ko Gyi," said a Burmese academic after their release from prison on condition of anonymity. "He's the most intelligent member of the opposition, apart from Aung San Suu Kyi herself" he added.

But 20 years on, these key leaders are back in prison, after a short interlude of freedom. More importantly they laid the grounds for last year's anti-inflation protests, with their letter campaign and public discussion of the country's economic woes earlier in the year. No wonder the regime has been anxious to silence them again.

The root causes of last year's protests remain – fuel and food prices continue to rise, forcing even more Burmese people below the poverty line. This is the tinderbox that could ignite into further street protests at any moment. The crucial element of last year's demonstrations, which seems to have been relatively unnoticed, was the high level of participation of young people in the protests. This generation, under 30, cannot remember August 1988, so August 2007 politicised them in the same way as their predecessors.

What has grown appreciably since August 1988, is the public anger against the military regime. Last year's Saffron Revolution has added to the process of public disenchantment and resentment. The devastation of the recent cyclone and the military's failure to react quickly has further tarnished the military regime's image of invincibility. More importantly the response of the civilian and social groups to the crisis has further strengthened their self-belief.

Burma's top military rulers fear the monks and the masses may be preparing to relaunch their campaign against the government. They have again adopted draconian measures in an effort to repress them. Although there are no signs as yet, of another pro-democracy movement taking to the streets, the military leaders are in a quandary, for they now have to seek the public's support in they seek to move from military to civilian government as outlined in the new constitution. There are to be general elections in 2010

It is in times of uncertainty – as there will be in the run up to these polls – that protest and change seem to happen in Burma. The next two years are likely to be volatile – and more protests, led by the monks and the students are almost certain.

http://www.mizzima.com

Friday, August 1, 2008

နာမည်ကျော် ဗေဒင်ဆရာ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်

နာမည်ကျော် ဗေဒင်ဆရာ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်
အေးလဲ့ သြဂုတ် ၁၊ ၂၀၀၈


နာမည်ကျော် ဗေဒင်နက္ခတ္တ ဆရာ၊ စာရေးဆရာ မင်းသိင်္ခသည် ယနေ့နံနက်က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။

“မနက် ၆ နာရီခွဲ ဝန်းကျင်လောက်က ဆုံးတာ၊ အဓိကကတော့ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ဆုံးသွားပါတယ်”ဟု သုခကမ္ဘာ ဆေးခန်းမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

အဆိုပါ မင်းသိင်္ခ (အမည်ရင်း ဦးအောင်ထွန်း) သည် ကွယ်လွန်ချိန် တွင် အသက် ၇၀ နှစ်ရှိပြီး ရန်ကုန်မြို့ ကျောက်မြောင်း တွင် အဖ ပန်းချီဆရာ ဦးစံရှိန်နှင့် အမိဒေါ်တင်တို့မှ ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမ ၇ ဦးရှိသည့်အနက် သားအကြီးဆုံးဖြစ်သည်။

မင်းသိင်္ခ၏ တပည့်တဦးဖြစ်သူ ဇင်ယော်နီက “အဘမဆုံးခင်က မနေ့ မနက်ပိုင်းလောက်မှာ ဆေးရုံတင်လိုက်ရသေးတယ်၊ အခု အဘရဲ့ အလောင်းကိုတော့ မှော်ဘီကိုပြန်သယ်လို့ မရတော့တဲ့အတွက် ရေဝေး သုသာန် ရေခဲတိုက်မှာ ထားပါတယ်” ဟု ပြောသည်။

မင်းသိင်္ခသည် ၂၀၀၃ ခုနှစ်ကတည်းက နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရပြီးနောက်ပိုင်း ကျန်းမာရေး မကောင်းဖြစ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။

မင်းသိင်္ခသည် စိန်ပေါလ် ကျောင်းတွင် ဆယ်တန်းတက်နေချိန် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ကြောင်းနှင့် အလံနီကွန်မြူနစ် ပါတီတွင် ၀င်ရောက်လှုပ်ရှားခဲ့မှုကြောင့် ထောင် ၇ နှစ် ကျခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း ၁၉၇၀ ကျော်ကာလများ၌ တောင်ကြီးမြို့တွင် ဗေဒင် စတင်ဟောကြားပြီး စာလည်း ရေးကြောင်းသိရသည်။

၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်ရောက်ပြီး မင်းသိင်္ခသည် မနုစာရီ လုံးချင်းဝထ္ထုဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး နာမည်ကျော် “ဆားပုလင်းနှင်းမောင်”ဇာတ်လမ်းတွဲများမှာ စာဖတ်ပရိသတ်များ အကြားတွင် စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရကြောင်းကို စာဖတ်သူတဦးက ယခုလို ပြောသည်။

“အသက်၁၁နှစ်သား အရွယ်ကတည်းက “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်၊ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ ကိုမိုးဆွေ၊ မိုးသီး၊ ကိုသေတ္တာတို့က စွန့်လွှတ်စွန့်စားတယ်၊ အနစ်နာခံတယ်၊ ဒါတွေဟာ လူငယ်တွေကို စံပြထားလောက်တဲ့ ဇာတ်ကောင်တွေဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။

မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား စတဲ့စာအုပ်များမှာလည်း မင်းသိင်္ခ၏ ရေပန်းအစားဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။

မင်းသိင်္ခသည် ၁၉၈၈ အရေးအခင်း ဖြစ်ပွားချိန်တွင်လည်း တရားဟောပြောခဲ့မှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့လယ်တွင် အဖမ်းခံခဲ့ရပြီး ထပ်မံ၍ နှစ်ရှည်ထောင်ဒဏ် ကျခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ထောင်မှ ပြန်လွတ်သည်။

ထောင်မှ ထွက်လာပြီးနောက်ပိုင်းတွင် မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ ခြံတွင်နေထိုင်ပြီး လက္ခဏာ၊ ဂမ္ဘီရ၊ ဗေဒင်၊ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြား၊ ယတြာပေးခြင်း အလုပ်များကို လုပ်ကိုင်ခဲ့သည်။

မင်းသိင်္ခသည် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် မြန်မာမင်း (၁၂၂)ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် ၂၀၀၉ ခုနှစ်အတွက် နက္ခတ္တ ဗေဒ ပါရဂူဘွဲ့ နှင့် ဗေဒင်ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (၂) ခုကိုလည်း သွားရောက်ယူရမည်ဟု သိရသည်။

မင်းသိင်္ခ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ၌ ရေဝေးသုသာန်တွင် ဂူသွင်း င်္သဂြိုလ်မည် ဖြစ်ကြောင်း ဇင်ယော်နီက ပြောသည်။

စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခင်္ကွယ်လွန်

စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခင်္ကွယ်လွန်
မြန်မာပြည်ကောင်းဖို့နီးပြီဟု မကွယ်လွန်ခင်ပြောခဲ့
ပီတာအောင်/ ၁ သြဂုတ် ၂၀၀၈


စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခ အသက် (၇၀) နှစ်သည် ယနေ့နံနက် (၆) နာရီက ရန်ကုန်မြို့ သုခ ကမ္ဘာ အထူးကုဆေးခန်း၌ နှလုံးသွေးကြောရပ် ရော ဂါဖြင့် ကွယ်လွန်သွားသည်ဟု ၎င်း၏ တပည့်သားချင်းများက ပြောသည်။

နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင်(၄)ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။

မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ၀င်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ အယူတော်မင်္ဂလာခြံဝင်းအတွင်း၌ နေထိုင် ကာ ဗေဒင်၊ လက္ခဏာ၊ ဂမ္ဘီရ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြားပေးနေသူဖြစ်ပြီး ထင်ပေါ်ကြော်ကြားသူတို့အတွက် နာမည်အပေးကောင်းသူတဦးဖြစ်သည်။

အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂)ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဆရာမင်းသိင်္ခသည် ရှစ်လေးလုံးအရေးအခင်းတွင် လူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်အစိုးရ ကို ဝေဖန်တိုက်ခိုက်သည့် ဟောပြောမှုကြောင့် အာဏာသိမ်း န၀တ စစ်အစိုးရ၏ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ခံခဲ့ရသော်လည်း နှစ်ပြည့်မနေရခင် ပြန်လွတ်လာခဲ့သည်။

မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင်သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လ၀န်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။

မင်းသိင်္ခသည် မနုစာရီ ၀တ္ထုဖြင့် စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး မကွယ်လွန်ချိန်အထိ ဗေဒင်ကျမ်း စာအုပ်များအပါအ၀င် လုံးချင်းစာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ‘မနုစာရီ’ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ ကောင်းမွန်စွာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် ဒုတိယအကြိမ် ရိုက်နှိပ်သောအချိန်၌ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သည်။ ‘ဆားပုလင်းနှင်းမောင်’ လုံးချင်းဝတ္ထုများ တစ်အုပ်ပြီးတစ်အုပ် ထွက်လာခဲ့သည်။

မြန်မာစာဖတ်ပရိသတ်များအတွက် ‘ဆားပုလင်းနှင်းမောင်’သည် မြန်မာရှားလော့ဟုမ်း ဖြစ်လာခဲ့သည်။ မင်းသိင်္ခ၏ အခြားလူကြိုက်များသော ဇာတ်လိုက်များမှာ ‘ပုဏ္ဏားဘကွန်း’ နှင့် စနေမောင်မောင်’ တို့ဖြစ်သည်။

၎င်းကွယ်လွန်ချိန်၌ ဇနီးဟောင်း ဒေါ်အေးအေးနှင့် သားတဦးတို့ ကျန်ရစ်သည်။ ၎င်း၏ ဈာပနကို သြဂုတ် (၅) ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ရန် အစီအစဉ်ရှိ ကြောင်းသိရသည်။ ။

A

B

C

The Kitchen မီးဖိုချောင်