Showing posts with label nldla. Show all posts
Showing posts with label nldla. Show all posts

Monday, March 7, 2011

တပ်ပေါင်းစုများကို လေ့လာခြင်း

တပ်ပေါင်းစုများကို လေ့လာခြင်း
ထွန်းအောင်ကျော်

တပ်ပေါင်းစုကြီးဖွဲ့ပြီး ၎င်းတပ်ပေါင်းစုထဲမှ တပ်ပေါင်းစုလေး ထပ်ဖွဲ့ပြီးထားခြင်းသည် ထိရောက်မှုထက် လုပ်ငန်းရှုပ်ထွေးမှု၊ အုပ်စုဖွဲ့မှု လုပ်ရပ်များဖြစ်ကြောင်း ထင်ရှားစွာ မြင်ရမည်ဖြစ်သည်။ တော်လှန်ရေးစကားဖြင့် ပြောလျှင် အိမ်ကြီးထဲတွင် အိမ်ငယ်ဆောက်သည့် သဘော၊ မလုပ်သင့်သည့် သဘောဟု မြင်သည်။

မြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် ပြည်သူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ တပ်ပေါင်းစုများဖွဲ့ပြီးရင်း ဖွဲ့ခြင်း ဖြင့် ဒီမိုကရေစီ ရရှိမလာဘဲ တပ်ပေါင်းစုများသာ မှိုလိုပေါက်လာခဲ့သည်ကို ဘာလုပ်သင့်သလဲဆိုသည့် ဆောင်းပါးတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

တချို့က တပ်ပေါင်းစုတခုတည်း ဖြစ်သည်ကို လိုလားပါသည်၊ သို့ရာတွင်မဖြစ်နိုင်၊ ဘယ်သူကမှ သူတို့ တပ်ပေါင်းစုများကို ဖျက်လိမ့်မည်မဟုတ်ဟု စောဒကတက်ကြသည်။ ဖြစ်စေချင်သည်၊ သို့ရာတွင် မဖြစ်နိုင်ဟု လက်လျော့ချင်ကြသည်။ ထို့ကြောင့် တပ်ပေါင်းစု မှိုလိုပေါက်နေသည့် ဇစ်မြစ်ကို တင်ပြ၍ ထိုတပ်ပေါင်းစုများကို ဘယ်သို့ ချုံ့ပစ်နိုင်သည်ကို တင်ပြဆွေးနွေးရန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

လွတ်မြောက်နယ်မြေတွင် NDF (National Democratic Front) အမျိုးသား ဒီမိုကရက်တစ်တပ်ပေါင်းစုကို မေလ ၁၂ ရက်နေ့၊ ၁၉၇၆ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၉) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောဘသင်စိန်၊ ဒုဥက္ကဋ္ဌအဖြစ် ခိုင်စိုး၊ နိုင်အောင်၊ အထွေထွေအတွင်းရေးမှူး ဇင်ကျုံးနှင့် ဗဟိုအလုပ်အမှုဆောင် (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

NDF အဖွဲ့ဝင် အဖွဲ့အစည်းများမှာ

(၁) ရခိုင်လွတ်မြောက်ရေးပါတီ (ALP) Arakan Liberation Party

(၂) ချင်းအမျိုးသားတပ်ဦး (CNF) Chin National Front

(၃) လားဟူဒီမိုကရက်တစ်တပ်ဦး (LDF) Lahu Democratic Front

(၄) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) Pa Laung State Liberation Font

(၅) ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO) Pao People Liberation Organization

(၆) ဝအမျိုးသားအဖွဲ့ (WNO) Wa National Organization

(၇) မွန်ပြည်သစ်ပါတီ (NMSP) New Mon State Party

(၈) ကယန်းပြည်သစ်လွတ်မြောက်ရေးတပ် (KNLP) Kayan Newland Party

(၉) ကရင်အမျိုးသားအစည်းအရုံး (KNU) Karen National Union တို့ ဖြစ်ပါသည်။

မြန်မာပြည် ဒီမိုကရကစ်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒ.မခ) Democratic Alliance of Burma (DAB) ကို ရှစ်လေးလုံး အရေးအခင်းပြီး မဒတ (NDF) မှ ကြီးမှူး၍ တောတွင်းသို့ ထွက်လာကြသော ကျောင်းသားများကို စုစည်းကူညီ၍ ကျောင်းသား ညီလာခံကြီးကို နိုဝင်ဘာလ (၁) ရက်နေ့ မှစ၍ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ထို့ကြောင့် နိုဝင်ဘာလ ၅ ရက်၊ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Student’s Democratic Front (ABSDF) ကို မွေးဖွားခဲ့ပါသည်။ ABSDF ပေါ်ပေါက်လာခြင်းနှင့် ၎င်းကျောင်းသားအင်အားစုများ NDF နှင့် ပေါင်းစပ်နိုင်ရန်အတွက် ABSDF ဖွဲ့ပြီး ဆယ့်သုံးရက်အကြာတွင် ရေကျော် (ခရက်ဒေး)စခန်း၌ နိုဝင်ဘာလ ၁၈ ရက် ၁၉၈၈ ခုနှစ်တွင် NDF ကိုယ်စားလှယ်များ၊ ABSDF ကျောင်းသား ခေါင်းဆောင်များ၊ မြန်မာပြည် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မီတီ (CRDB) ကိုယ်စားလှယ်များ၊ Over Sea Burmese Liberation Front (OBLF), Over Sea Karen Organization အဝေးရောက် ကရင်အစည်းအရုံး (OKO), All Burma Young Monk Union မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ (ABYMU), People’s Liberation Front ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF), People’s Patriotic Party ပြည်သူ့ပြည်ချစ်ပါတီ (PPP), Muslim Liberation Organization Burma မြန်မာနိုင်ငံ မွတ်စလင်လွတ်မြောက်ရေးအဖွဲ့(MLOB), All Burma Muslim Union (ABMU), General Strike Committee (GSE) တို့ဖြင့် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ကို ဖွဲ့စည်းခဲ့ကြပါသည်။

DAB သည် NDF ကို ကျောင်းသားအဖွဲ့၊ မြန်မာဒီမိုကရေစီအင်အားစုများ, ရဟန်းပျိုအဖွဲ့စသည့်အဖွဲ့ (၁၀) ဖွဲ့ ထပ်ပေါင်း၍ ဖြစ်လာသည့် ပိုမိုကြီးမားသည့် တပ်ပေါင်းစုဖြစ်လာသော်လည်း မူလ တပ်ပေါင်းစုNDF သည် ရှိမြဲရှိနေခဲ့သည်။

လွတ်တော်ကိုယ်စားလှယ်များ နယ်စပ်သို့ ထွက်ပြေးလာကြပြီးအနောက် NCGUB ဖွဲ့စည်းပြီးသည့်အခါ NLD အဖွဲ့ဝင်များလည်း တသဲသဲ ထွက်လာခဲ့ကြသဖြင့် NLD (LA) ကို ဖွဲ့စည်းခဲ့ပြန်ပါသည်။ လွှတ်တော်အမတ်မင်းများ NCGUB ဖွဲ့ပြီး နောက်နှစ်အတော်ကြာတွင် ထပ်ထွက်လာကြရာ၌ တိုင်းရင်းသားပါတီမှ အမတ်များပါ ပါဝင်လာခဲ့ပြီး အမတ်ဦးရေ (၃၀) ကျော်ခန့် ရှိလာခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို ဖွဲ့စည်းကြပြန်သည်။

DAB တွင် NLD (LA) ပါတီက မဝင်ဘဲနှင့် ဒေါက်လေးထောက်စံနစ်ကို ကြွေးကြော်ကြပြီး NCUB ကို ဖွဲ့စည်းကြပြန်သည်။ NCUB တွင် NDF, DAB, MPU နှင့် NLD (LA) တို့ ပါဝင်သည်။

နောက်ပိုင်း DAB တွင် ဝင်လာခဲ့သည် အဖွဲ့ဝင်သစ်များမှာ-

(၁) ပြည်သူ့တိုးတက်ရေးပါတီ (People Progressive Front) PPF

(၂) ပြည်သူ့ကာကွယ်ရေးတပ် (People’s Defense Force) PDF

(၃) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (Democratic Party for New Society) DPNS

(၄) ရခိုင်ဒီမိုကရက်တစ်ပါတီ (Democratic Party of Arakan) DPA

(၅) ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy) ALD

(၆) နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Naga NLD)

(၇) မြိတ်ထားဝယ် ညီညွတ်ရေးတပ်ဦး (MDUF)

(၈) ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအင်အားစု (NDD)

(၉) မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (FTUB) တို့ဖြစ်သည်။

DAB တွင် စုစုပေါင်းအဖွဲ့ဝင် (၂၅) ဖွဲ့ ရှိလာခဲ့သည်။ ပထမတွေ့မြင်သည့်အချက်မှာ တိုင်းရင်းသား နိုင်ငံရေးပါတီများ လူ့ဘောင်သစ် ပါတီတို့ DAB တွင် အဖွဲ့ဝင် အဖြစ် ဝင်ကြသော်လည်း NLD ပါတီ လွက်မြောက်နယ်မြေမှာ မဝင်ဘဲ သီးသန့် ရပ်တည်နေခြင်းသည် အဓိပ္ပါယ်မရှိ ဖြစ်နေသည်။ အခွင့်ထူး ခံယူထားသည်ဟု ပြတ်သားစွာမြင်သည်။ ပါတီကြီးသည် ငယ်သည်မရှိ၊ တန်းတူအခွင့်အရေး ရှိရမည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲဝင်နိုင်ထားသည့် ပါတီဖြစ်သည့်အတွက် တောတွင်းရောက်သည့်အခါ တပ်ပေါင်းစုထဲသို့ မဝင်ဘဲ သီးခြားရပ်ပြီး NCUB ဖွဲသည့်အခါ ဒေါက်တိုက်ကြီး တခုအဖြစ် ပါဝင်သည်မှာ အကြည့်ရဆိုးလှပါသည်။ မဖြစ်သင့်ပါ၊ ဒါကတချက်။

NCUB ဖွဲ့စည်းခြင်း အခြေခံအင်အားစုများ-

NCUB= DAB+ NLD (LA)+ MPU ကို တွေ့ရမည်ဖြစ်သည်။

NDF တွင် တိုင်းရင်းသား လက်နက်ကိုင် (၉) ဖွဲ့ရှိသည်။

DAB= NDF (၉) ဖွဲ့+ ၁၈ ဖွဲ့= ၂၇ ဖွဲ့

NCUB= NDF(၉) ဖွဲ့ + ၁၈ ဖွဲ့+ NLD (LA) + MUP= ၂၉ ဖွဲ့ရှိသည်။

နောက်ဆုံး ပေါ်ပေါက်လာတဲ့ တပ်ပေါင်းစုကတော့ ဘော်ချက်ဖို့ လုပ်ထားသည့် တပ်ပေါင်းဟု မြင်ပါသည်။ နောက်ဆုံးပေါ် 7 Alliances ဆိုသည်မှာ-

NCUB+ NCGUB+ ENC+ WLB+ FDB+ NYF+ SYCB အဖွဲ့များ ပေါင်းထားခြင်းဖြစ်ကြောင်း ဟိတ်ဟန်ထုတ်ထားသော်လည်း အနှစ်သာရမှာ NCUB အား (၆) ဖွဲ့နှင့် ထပ်ပေါင်းထားခြင်းဖြစ်သဖြင့် NCUB ထက် ပိုမိုကြီးသယောင် ထင်ရပေသည်။ သေသေချာချာလေ့လာလျှင် NCGUB သည် NCUB တွင် ပါဝင်သည့် MPU မှ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သဖြင့် NCUB အဝန်းအဝိုင်းတွင်းပင် ရှိသည်။ ထို့အပြင် ENC သည် ဟန်ညောင်ရွှေမှ ဦးစီးပြီး ဥရောပမှ ထောက်ပံ့ငွေဖြင့် ၂၀၀၁ ခုနှစ် သြဂုတ်လတွင် ထူထောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ ENC တွင် ပါဝင်သော အဖွဲ့အစည်းများသည် တော်လှန်ရေးအဖွဲ့အစည်းများ (NDF)၏ လက်ခွဲအဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

တချို့ ပြည်ပရောက် တိုင်းရင်းသားမျာကို ငွေကြေးထောက်ပံ့ပြီး တိုင်းရင်းသားအဖွဲ့များ ဖွဲ့ခိုင်းခြင်းဖြင့် တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုသယောင် ဟန်ပြထားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ENC သည် တိုင်းရင်းသားခေါင်းဆောင်တချို့နှင့် ပြည်ပရောက်တိုင်းရင်းသား ပညာတတ်များကို တိုင်းရင်းသားအမည်ခံ အဖွဲ့အစည်းများအဖြစ် ငွေပေးစည်းရုံး ဖွဲ့စည်းထားသည့် အဖွဲ့သက်သက်သာ ဖြစ်သည်။ ENC အဖွဲ့ဝင်များ၏ နာမည်ကို ကြည့်လျှင်ပင် အကြံအဖန် ငွေရှိ၍ ဖွဲ့စည်းထားကြောင်း တွေ့ရမည် ဖြစ်သည်။ Arakan National Council, Chin National Council, Kachin National Organization, Karen State Coordinating Body, Karenni State Coordinating Body, Mon State Coordinating Body, Shan State Representative Council ဆိုသည့် နံမည်များသည် တိုင်းရင်းသားလူမျိုး အမည်သာ ကွဲသွားပြီး အဖွဲ့အစည်းများ ပုံသဏ္ဍာန်အမည်ကအစ ဆင်တူ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

ဟန်ညောင်ရွှေက ငွေထုပ်ပိုက်၍ (ENC) ကြီးကြပ်စီစဉ် ချထားဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။ Women’s League of Burma သည်လည်း တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ အမျိုးသမီးများကို ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။ ဥပမာ KNU အဖွဲ့အစည်းမှ KWO သည် ပင်မ KNU အဖွဲ့ခွဲပင်ဖြစ်သည်။ WLB အဖွဲ့ဝင်အများစုမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများမှ အမျိုးသမီးများဖြစ်ကြသည်။ WLB အနေနှင့် DAB သို့ဝင်သင့်သည်။

FDB Forum for Democracy in Burma (FDB) သည် ABFSU- FAC, ABSDF, BWU, DPNS, NDD, PDF, YCOWA နှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ပုဂ္ဂလိကများ ပါဝင်သည်ဟု ဆိုထားပါသည်။ FDBသည် အဖွဲ့မဟုတ် ဖိုရမ်ဖြစ်သည်။ FDB ဖိုရမ်တွင် တက်ရောက်သူများသည် DAB အဖွဲ့ဝင်အများစု ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ဖိုရမ်ကို အဖွဲ့အမည်ခံ၍ 7 Alliance အဖွဲ့ထဲ ထည့်ထားခြင်းသည် ရိုးသားခြင်းမရှိဟု မြင်သည်။

တပ်ပေါင်းစုကြီးဖွဲ့ပြီး ၎င်းတပ်ပေါင်းစုထဲမှ တပ်ပေါင်းစုလေး ထပ်ဖွဲ့ပြီးထားခြင်းသည် ထိရောက်မှုထက် လုပ်ငန်းရှုပ်ထွေးမှု၊ အုပ်စုဖွဲ့မှု လုပ်ရပ်များဖြစ်ကြောင်း ထင်ရှားစွာ မြင်ရမည်ဖြစ်သည်။ တော်လှန်ရေးစကားဖြင့် ပြောလျှင် အိမ်ကြီးထဲတွင် အိမ်ငယ်ဆောက်သည့်သဘော၊ မလုပ်သင့်သည့် သဘောဟုမြင်သည်။

တပ်ပေါင်းစု တစုတည်း ဘာကြောင့် မလုပ်နိုင်သနည်း? တပ်ပေါင်းစုအတွင်းမှာ ငါတို့အုပ်စုဖွဲ့၍ လူလယ်ကျရန်လား? တပ်ပေါင်းစုကို ညီညွတ်စွာ ဝိုင်းဝန်းလုပ်ဆောင်ရင်း ညီညွတ်ရေး တည်ဆောက်ရန်လား? မေးကြဘို့ အချိန်ရောက်ပြီ။ FDB သည် လူလယ်ကျပြီး တပ်ပေါင်းစုကြီးကို အားနည်းစေရန် ဦးတည်ထားသည်ဟု သုံးသပ်သည်။ ညီညွတ်ရေးကို ရှေးရှုသော လုပ်ရပ်မဟုတ်ဟု မြင်သည်။ အားလုံးတွဲလုပ်ကြဘို့ထက် အုပ်စုဖွဲ့ပြီး ခွဲလုပ်ဘို့ ကိုယ့်မြင်းကိုယ်စိုင်းကြဘို့ စီစဉ်လုပ်ဆောင်မှုဟု မြင်သည်။

FDB ကို ဦးဆောင်နေသူမှာ NDD ဖြစ်သည်။ NDD ကိုကြည့်လျှင် ABSDF မှ ခွဲထွက်၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ ABSDF ၏ ဦးဆောင်မှု ဗဟိုကော်မီတီ တခုလုံးနီးပါး နှုတ်ထွက်၍ လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်တော့ဟု စွန့်လွှတ်ထူထောင်ခဲ့သော အဖွဲ့ဖြစ်သည်။ ABSDF ကို ဦးဆောင်နေသော ဗဟိုကော်မီတီ တခုလုံးက NDD အသွင်ပြောင်းပြီး ရဲဘော်များကို ငါတို့နောက်မလိုက်ရင် မင်းတို့ ၆ လခံရင် ကံကောင်းဟု ခွဲထွက်သွားသည့်သူများ ဖြစ်သည်။

ABSDF ကို သံယောဇဉ်ထားဘို့ မဆိုထားနှင့် ABSDF အဖွဲ့အစည်းကြီး ပျက်စီးရာ ပျက်စီးကြောင်းကို အဓိက လုပ်ဆောင်ခဲ့သည်မှာ NDD ပင် ဖြစ်သည်။ ABSDF အဖွဲ့အစည်း ခေါင်းဆောင်များဘဝမှ လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်၍ ထွက်သွားပြီး တစင်ထောင်ခြင်းကို မပြောလိုပါ။ အစကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်၍ ဝင်လာကြသူများ မဟုတ်ခြင်းကို ၎င်းတို့လုပ်ရပ်က သက်သေပြခဲ့ပြီး ဖြစ်သည်။

ဆိုးဝါးသည်က ABSDF အတွက် ရရှိထားသည့် ရုံးသုံးပစ္စည်း Computer များကအစ၊ အဆုံးသယ်ယူဘို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သံလွင်စခန်း တပ်ရင်းမှူး သိန်းဆန်း ယနေ့ မဲဆောက်မြို့တွင် ရှိနေပါသေးသည်။ သိန်းဆန်းမှ တယ်လီဖုန်းဆက် အကူအညီတောင်းသဖြင့် ထိုကိစ္စကို လုံးဝလက်မခံနိုင်ကြောင်း အင်တာနက်မှ ရေးသား ကန့်ကွက်ခဲ့သဖြင့် Computer တဝက် ခွဲယူသွားခဲ့ခြင်း ခံခဲ့ရပါသည်။

အမှန်စင်စစ် ABSDF အတွက် ပေးထားသော ပစ္စည်းများသည် NDD နှင့် လုံးဝ မဆိုင်ပါ။ ထို NDD သည် FDB ကို ဦးဆောင်ပြီး တပ်ပေါင်းစုထဲတွင် နောက်ထပ် တပ်ပေါင်းစုတခု ထပ်ဖွဲ့ခြင်းသည် စေတနာမှန် မမှန် စဉ်းစားဘို့လိုကြောင်း တင်ပြလိုက်ပါသည်။

လူငယ်အဖွဲ့အစည်းများ ပါဝင်သော Youth လူငယ်တွေ့ဆုံဆွေးနွေးပွဲ ဖိုရမ်ကိုလည်း အဖွဲ့အစည်းတခု အသွင်အဖြစ် FDB ထဲတွင် ထည့်သွင်းထားခဲ့သည်။ သတိမထားမိပါက အဖွဲ့အစည်းများသဖွယ် ထင်ယောင်ထင်မှား ဖြစ်နိုင်ချေရှိသည်။ အဓိကပညာပြချက်မှာ တပ်ပေါင်းစုထဲတွင် အုပ်စုဖွဲ့ချယ်လှယ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးအရ အမြတ်ထုတ်ရန် မရိုးသားသော ကြိုးစားအားထုတ်မှုပင်ဖြစ်သည်။

အချုပ်အားဖြင့် 7 Alliance သည် Proposal နိုင်ငံရေးအတွက် တီထွင်ဖန်တီးချက်တခုသာ ဖြစ်သည်။ တပ်ပေါင်းစုများ မှိုလိုပေါက်လာခြင်းကြောင့် ထိုတပ်ပေါင်းစုများအောက်တွင် “ပြည်တွင်းလှုပ်ရှားမှု” လုပ်ငန်းများအတွက်ဟုဆိုကာ UG လုပ်ငန်းအကြောင်း၊ အကြောင်းပြ၍ စာရင်းပျောက် လုပ်စားကွက်များ ဖန်တီးယူနိုင်ပြီး တော်လှန်ရေးအဓွန့်ရှည်အောင် လုပ်စားခွင့် ရရှိနိုင်ကြမည်ဖြစ်သည်။

ထို့ကြောင့် တခုတည်းသော တပ်ပေါင်းစု ပြုလုပ်လိုလျှင် NLD (LA) နှင့် MPU နှစ်ဖွဲ့က DAB ဖွဲ့ဝင်အဖြစ် ဝင်လိုက်လျှင် DAB သည် ပြီးပြည့်စုံသော အဖွဲ့အားလုံးပါဝင်သည့် တပ်ပေါင်းစုကြီးအဖြစ် ရပ်တည်လာနိုင်မည် ဖြစ်သည်။ ထို DAB ဆိုသည့်နာမည်ကို မသုံးလျှင်လည်း ပါဝင်သော အဖွဲ့အစည်းအားလုံး၏ သဘောထားကို ရယူ၍ နာမည်အသစ်တခုကို ရွေးနိုင်သည်။ ထိုအခါ ထို DAB တပ်ပေါင်းစုသည် အဖွဲ့အစည်းအသီးသီးကို ကိုယ်စားပြုသော တခုတည်းသော တပ်ပေါင်းစုအဖြစ် ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။

သို့မဟုတ်ပါက NDF မှ နိုင်ငံခြားဆက်ဆံရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းဆက်ဆံရေး၊ သီးခြားလုပ်သလို DAB မှာလည်း သီးခြား လုပ်ဆောင်မှုများ၊ NCUB မှလည်း သီးခြားလုပ်ဆောင်မှုများ ဒွေးရောယှက်တင် ဖြစ်နေပြီး မြင်သာထင်သာမရှိဘဲ စစ်အစိုးရကို တိုက်ခိုက်ရာတွင် စုစည်းမှု အင်အားမရှိဘဲ အားနည်းနေပေလိမ့်မည်။

ထိုကြောင့် စစ်အာဏာရှင်စံနစ်ကို တကယ်ဖြိုဖျက်လိုပါက တစည်းတလုံးတည်းသော ကျစ်လစ်ခိုင်မာသည့် တပ်ပေါင်းစုတခု ပေါ်ထွက်လာရန် စေတနာသန့်သန့်ဖြင့် ဝိုင်းဝန်းကြိုးစားကြဘို့ လိုသည်။ ကျွန်ုပ်တင်ပြသော ယူဆချက်ကို ဖြစ်သင့်သည်ဟု ယုံကြည်ပါက စာဖတ်သူများအနေဖြင့် ဝိုင်းဝန်းထောက်ခံအားပေးကြဘို့ အထူးသဖြင့် ထောက်ခံစာများ ရေးသား၍ ထိုအဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များကို တိုက်တွန်း ဖိအားပေးကြဘို့ တာဝန်ရှိပေသည်။ စိတ်ထဲမှာ ကြိတ်၍ ထောက်ခံနေရုံနှင့် ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ပါ။ ကိုယ်တိုင်ပါဝင် ပြောဆိုရေးသားပေးကြဘို့ လိုအပ်သည်ဟု ပြောချင်ပါသည်။

ထိုအဖွဲ့ (၂၉) ဖွဲ့ကို ဖိတ်ကြားပြီး ညီလာခံကြီးတခု လုပ်သင့်သည်။ ထိုညီလာခံကြီးမှ တခုတည်းသော တပ်ပေါင်းစုကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ အဖွဲ့အစည်းအားလုံး ပါဝင်သော တခုတည်းသော တပ်ပေါင်းစုကို မတည်ဆောက်နိုင်သမျှ ကာလပတ်လုံး စစ်အာဏာရှင်စံနစ်ကို တိုက်ရန် ဒုံးဝေးနေဦးမည် ဖြစ်သည်။

ပရိုပိုဆယ်စားပြီး နယ်စပ်တွင် လပ်ယားလပ်ယား လုပ်နေမည်လော၊ တကယ်ထိုးစစ်ဆင်နိုင်မည့် အင်အားစုတရပ်ကို ဖန်တီးယူကြမည်လော စဉ်းစားဘို့ အချိန်တန်ပြီ။ နိုင်ငံခြားထောက်ပံ့ငွေများ အဖွဲ့အစည်း အသီးသီး ဖြတ်တောက်ခံလာရခြင်းမှာ မရိုးသားမှု၊ လိမ်ညာမှု၊ တော်လှန်ရေးကို စိတ်ရော ကိုယ်ပါ မယုံကြည်မှုတို့ကြောင့် ဖြစ်သည်။

ဖော်ပြပါ ဇယားကွက်တွင် ကြည့်ပြီး တပ်ပေါင်းစုတခုတည်းပြုရန် အလှမ်းမဝေးကြောင်း၊ လုပ်လျှင် ဖြစ်နိုင်ကြောင်း ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။ တော်လှန်ရေးရဲဘော် အားလုံးကို ပြောချင်သည်မှာ တော်လှန်ရေးကို သစ္စာရှိပါ၊ ရိုးသားပါ၊ ငွေရဘို့ တော်လှန်ရေး လုပ်နေခြင်းမဟုတ်၊ လွတ်လပ်ရေးရဘို့ တော်လှန်ရေးလုပ်နေခြင်း ဖြစ်သည်။

ငွေရချင်လျှင် အလုပ်ထွက်လုပ်ပါ။ ငွေနောက်လိုက်၍ တော်လှန်ရေးကို ရောင်းမစားဘို့၊ ပြည်သူ့မျက်နှာ ထောက်ကြဘို့လိုပြီ။ ပြည်သူ့မျက်နှာမထောက်ဘဲ ဖောက်ပြန်နေသူများ၊ ကိုယ်ကျိုးရှာ အုပ်စုဖွဲ့နေသူများကို ရှင်းဘို့လိုပြီဟု ပြောလိုက်ပါရစေ။

နိဂုံးအားဖြင့် ယခင်လုပ်စားခဲ့သည်များကို ခဝါချသင့်ပါသည်။ ယနေ့မှစ၍ အကျင့်ဆိုးများကို ပြင်ကြပါ။ အုပ်စုဖွဲ့ခြင်းထက် ဘယ်သူဘယ်လောက် လုပ်နိုင်သည် ခံယူချက် ပြင်းထန်မှု(Commitment) ရှိရှိ ညီညီညွတ်ညွတ်နှင့် ယနေ့မှစ၍ တခုတည်းသော တပ်ပေါင်းစုဖွဲ့ပြီး လုပ်ကြမည်ဟု ပိုင်းဖြတ်လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

ထွန်းအောင်ကျော်

Monday, October 4, 2010

မလေးရှားရှိ မြန်မာ အကူအညီပေးရေး အဖွဲ့များ ဒုက္ခသည်မှတ်ပုံတင်ခွင့် ရောင်းစား

မလေးရှားရှိ မြန်မာ အကူအညီပေးရေး အဖွဲ့များ ဒုက္ခသည်မှတ်ပုံတင်ခွင့် ရောင်းစား
ကိုထွေး Monday, October 04, 2010

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြုလုပ်ပေးနေသည့် ဒုက္ခသည် မှတ်ပုံတင်ခွင့်ကို ရရှိနေသော အဖွဲ့အစည်းများက ယင်းမှတ်ပုံတင်ခွင့်ကို အကျိုးစီးပွားအတွက် ရောင်းစားနေကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား) (NLD-LA)၊ ဗမာဒုက္ခသည် ကယ်ဆယ်ရေး အသင်း (BRO)၊ ချင်းဒုက္ခသည်ကော်မတီ (Chin Refugee Committee-CRC)၊ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ (ARRC) အပါအဝင် အဖွဲ့အစည်းများက ယင်းသို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မျက်မြင်သက်သေ မြန်မာအသိုင်းအ၀န်းက ပြောသည်။

BRO နှင့် NLD-LA အဖွဲ့ဝင် တဦးဖြစ်သော ကိုမောင်က “ကျနော့်မှာ အဖွဲ့ဝင်ကတ်လည်းရှိတယ်။ လစဉ်ကြေး ရင်းဂစ် ၆၀ (၁၈၀၀ ကျပ်) လောက်ပေးလာတာ တနှစ်လောက်ရှိပြီ။ အခု UN က ဒုက္ခသည် မှတ်ပုံတင်ခွင့် ပေးတော့လည်း ကျနော့်ကို ဘာမှ မပြောဘူး။ ပိုက်ဆံပေးနိုင်တဲ့သူတွေကို ပေးလိုက်တယ်။ ပိုက်ဆံယူပြီး လုပ်နေကြတယ်” ဟုပြောသည်။

UNHCR က ဒုက္ခသည် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အထောက်အထားများ ထုတ်ပေးခြင်းကို သြဂုတ်လ ၁၇ ရက် နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။

“မလေးရှားမှာ ကျနော်နေထိုင်ခွင့်အတွက် လတ်မှတ် တခုမှမရှိဘူး။ UNHCR ကလည်း အဲဒီလို အဖွဲ့အစည်းတွေကိုပဲ ထုတ်ပေးတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ရခိုင်နှင့် ဗမာများကို မလေးရှား UNHCR က နှစ်အတန်ကြာ လျစ်လျူရှုထားပြီးနောက် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒုက္ခသည် မှတ်ပုံတင်ရန် လူဦးရေ ၆၀၀၀ ခန့်ကို မြန်မာ အဖွဲ့အစည်းများထံ ချပေးခဲ့ကြောင်း ယင်းအဖွဲ့အစည်းများနှင့် နီးစပ်သူများက ဆိုသည်။

UNHCR တွင် ဒုက္ခသည် အဖြစ် မှတ်ပုံတင်ခွင့် ရရှိထားသူများသည် ဆေးကုသမှုခံယူပါက ကုန်ကျစရိတ်၏ တ၀က်သာ ကျခံရမည်ဖြစ်သည့်အပြင် မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပါက UN တာဝန်ရှိသူများက လိုက်လံ ဆောင်ရွက်ပေးလေ့ရှိသဖြင့် မလေးရှားရှိ မြန်မာ အလုပ်သမားများအကြား ဒုက္ခသည် မှတ်ပုံတင်ခွင့် ရေပန်းစားလျက်ရှိသည်။

မလေးရှားတွင် လာရောက် အလုပ်လုပ်ကိုင်နေသော ဆန်နီက “ကျနော့် သူငယ်ချင်းက NLD-LA နဲ့ မှတ်ပုံတင်တာ ရင်းဂစ် ၇၀၀ (ကျပ် ၂ သိန်း ၁ သောင်းခန့်) ပေးရတယ်။ BRO က ရင်းဂစ် ၅၀၀ (ကျပ် ၁ သိန်းခွဲ) ပေါက်ဈေးရှိတယ်။ ကျနော်လည်း မှတ်ပုံတင်၊ မတင် စဉ်းစားနေတာ” ဟု ဧရာဝတီသို့ ပြောသည်။

CRC ၊ NLD-LA ၊ BRO စသော အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ပါက ရင်းဂစ် ၃၁၀ မှ ရင်းဂစ် ၇၀၀ အထိ ပေါက်ဈေးရှိပြီး အခကြေးငွေပေး၍ ဆောင်ရွက်ခြင်းသည် အဖွဲ့ဝင်များထက် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်ရရန် ပိုမို သေချာကြောင်းလည်း သိရသည်။

ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသည့် ကိုကျော်ထူးအောင်က “မလေးရှား NLD က ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆောင်ရွက်နေသလိုလို အသံလွှင့်တယ်။ တကယ်တော့ ဒုက္ခသည် မှတ်ပုံတင်ချင်တဲ့သူတွေဆီက ပိုက်ဆံ ကောက်နေတာ။ အဲဒါကို မခံချင်လို့ အလိမ်ခံရတဲ့ လူတယောက်နဲ့ အင်တာဗျူးကို ကျနော် ဘလော့ဂ်ပေါ်မှာ တင်လိုက်တယ်” ဟု ဆိုသည်။

ယင်းစွပ်စွဲချက်ကို မလေးရှား NLD-LA နှင့် ARRC တို့က ငြင်းဆိုခဲ့သော်လည်း BRO အဖွဲ့ကမူ ယင်းကိစ္စအတွက် ဖြေကြားပြောဆိုနိုင်မည့်သူ မရှိဟု ဧရာဝတီက ဆက်သွယ်ရာတွင် ပြန်ကြားခဲ့သည်။

မလေးရှား UNHCR သည် မြန်မာနှင့် ရခိုင်များကို ဒုက္ခသည်အဖြစ် အသိအမှတ် မပြုဘဲ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများကြောင့် ဇွန်လ ၆ ရက်နေ့က ရခိုင် ဒုက္ခသည် ၅၀၀ ခန့် UNHCR ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

တလလျှင် ၂ ကြိမ် ထုတ်ဝေ ဖြန့်ချိနေသည့် မလေးရှားနိုင်ငံ အခြေစိုက် သူရိယ ဂျာနယ် အယ်ဒီတာက “UNHCR က ချင်းနဲ့ ရိုဟင်ဂျာတွေကို အခွင့်အရေး ပိုပေးထားတယ်။ တခြားလူမျိုးတွေကိုတော့ ခွဲခြားဖိနှိပ်မှုတွေ လုပ်နေတယ်။ ဒါဟာ ဒုက္ခသည် အစစ်တွေ မှတ်ပုံတင်ခွင့်ရဖို့အတွက် အခက်အခဲ ဖြစ်တယ်” ဟု ပြောသည်။

“ကျနော်မှတ်မိသလောက် ပြောရရင် အရင်က မလေး UNHCR မှာ ချင်းစကားပြန် တယောက်ပဲ ထားပေးတယ်။ တခြားလူမျိုးတွေအတွက် စကားပြန်မရှိဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဧရာဝတီက ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ UNHCR ကို ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ဖြေကြားခြင်း မရှိခဲ့ပေ။

ချင်းခေါင်းဆောင်များက မလေးရှားရှိ UNHCR သို့ သွားရောက် တောင်းဆိုမှုကြောင့် ဒုက္ခသည်များအဖြစ် ချင်းလူမျိုးများကို ၂၀၀၁ မှ စတင်၍ အသိအမှတ် ပြုခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ဇွန်လမှ ၂၀၁၀ မတ်လ အထိ CRC ကို ဒုက္ခသည် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ လတ်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း CRC မှ ပူးတွဲ အကောင်ထည်ဖော်သူ တဦးဖြစ်သူ Kennedy Lal Ram Lian က ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်ကလည်း သောင်းဂဏန်းလောက်ရှိတဲ့ လူတွေကို လိုက်ပြီးတော့ မကြီးကြပ်နိုင်တော့ အဖွဲ့ခွဲလေးတွေကိုပဲ ကိုင်တွယ်ခိုင်းတယ်။ သူတို့ ကိုင်တွယ်ထားတဲ့ စာရင်းတွေဆိုတော့ အဲဒီမှာ တချို့ လွဲချော်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီကိစ္စကို အတိအကျ သွားပြီးတော့ လေ့လာနိုင်တဲ့ အတိုင်းအတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ချင်းအဖွဲ့ အနေဖြင့် မှတ်ပုံတင်ကြေးအဖြစ် လူတဦးလျှင် ရင်းဂစ် ၃၀ (ကျပ် ၉၀၀၀ ခန့်) ကောက်ခံကြောင်း၊ ဒုက္ခသည် မှတ်ပုံတင်ခွင့်အတွက် ကူညီ ဆောင်ရွက်ပေးရသူများကို ဖုန်းခ၊ ခရီးစရိတ် စသော ကုန်ကျ စရိတ်များအတွက် ပြန်လည်ထောက်ပံ့ ပေးရသည်များလည်း ရှိကြောင်း ဆိုသည်။

သို့သော်လည်း CRC နှင့် ဒုက္ခသည် မှတ်ပုံတင်ခွင့် ရရှိရန် ဆောင်ရွက်ခဲ့သည့် အမည်မဖော်လိုသူ တဦးက ဒုက္ခသည် လတ်မှတ်ရရှိရေး အတွက် CRC က ရင်းဂစ် ၃၅၀၀ (ကျပ် ၁၀ သိန်းကျော်) ခန့် တောင်းဆိုကြောင်း၊ မှတ်ပုံတင်ရန်အတွက် တခုတည်းကိုမူ ရင်းဂစ် ၁၂၀၀ (ကျပ် ၃ သိန်းခွဲကျော်) ပေးရကြောင်း ဆိုသည်။

“ဒုက္ခသည်ဖြစ်ပြီးတော့ တတိယနိုင်ငံမှာ အခြေချဖို့ အတွက် ရင်းဂစ် ၃၅၀၀ ပေးရတာ တန်တယ်လို့ သူတို့က ပြောတယ်၊ UN မှာ အင်တာဗျုးအတွက်လည်း သူတို့က ရေးပေးတယ်” ဟု ၎င်း ကဆိုသည်။

သြဂုတ်လကုန်အထိ ဒုက္ခသည် ၉၀၃၀၀ ခန့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် စာရင်းပေးခဲ့ကြောင်း၊ ယင်းတို့ အထဲတွင် ၈၃၀၀၀ သည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း၊ ချင်း ၃၈၅၀၀၊ ရိုဟင်ဂျာ ၁၉၇၀၀၊ မြန်မာ မွတ်ဆလင် ၇၄၀၀၊ မွန် ၃၉၀၀၊ ကချင် ၃၅၀၀ ခန့် ဖြစ်ပြီး တခြား တိုင်းရင်းသား လူနည်းစုများလည်း ပါဝင်ကြောင်း မလေးရှား UNHCR အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံသည် ပါဝင် လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ်အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ်ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

© ဧရာဝတီ

UNHCR Affiliates Accused of Refugee Corruption

UNHCR Affiliates Accused of Refugee Corruption
By KO HTWE Saturday, October 2, 2010

KUALA LUMPUR—Several Burmese organizations in Malaysia, which are affiliated with the United Nations High Commissioner for Refugees (UNHCR), are selling resettlement registrations for profit to refugees, according to victims of the scheme and witnesses in the Malaysian capital of Kuala Lumpur.

The groups in question include the Chin Refugee Committee (CRC), the National League for Democracy (Liberated Area) Malaysia (NLDLA), the Burma Refugee Organization (BRO) and the Arakan Refugees Relief Committee (ARRC). But sources say other affiliated groups, including several ethnic representatives, are also involved.

Earlier this year, the UNHCR began delegating the authority for issuing resettlement registration documents to Burmese groups based in Malaysia. Refugees who are recommended for resettlement by the agencies are then interviewed by the UNHCR. The exception is the CRC, which was first authorized to register its people for resettlement in 2001.

The UNHCR began issuing registration documents for Burmese refugees on Aug. 17 in a process that ended on Sept. 19. According to the sources, some 6,000 refugees from Burma were recommended for resettlement during that period.

Speaking to The Irrawaddy, Ko Maung, a member of both the BRO and NLDLA, said, “I became a member of two organizations doing business with the Burmese refugees. I have paid a so-called 'membership fee' of 60 Malaysian Ringgit (US $20) per month to each group for one year now. But when the UNHCR began registering refugees, I was overlooked for others who had paid more money.

“I’ve no document to live in Malaysia,” he added. “I am frustrated that the UNHCR passed responsibility [for the registration process] to other organizations and that it is not involved directly with the refugees.”

Possession of UNHCR registration documents are highly prized among Burmese refugees in Malaysia because it offers them some protection if they are arrested by the Malaysian authorities. Registered refugees also qualify for half-price medical services at several local hospitals.

Fees to register with brokers such the CRC, the BRO and the NLDLA have gone up since the process began from 310 Ringgit ($100) to 700 Ringgit ($225), say sources. In each case, the Burmese groups then promise to put the paying refugees on a priority list with the UN, the sources said.

“I heard that the BRO was charging 500 Ringgit ($160) to register a refugee while the NLDLA was charging 700 Ringgit,” said Sunny, a Burmese migrant worker who came to Malaysia with a work permit. “I cannot decide whether I should register or not.”

Burmese refugees who are registered for resettlement by the UNHCR frequently wait for up to one year or longer for resettlement toa third country.

“In general, many Burmese migrants think that the Malaysian-based NLDLA is organizing a boycott for the upcoming election, but what they are really doing is cheating money out of people who want refugee registration.” said Kyaw Htoo Aung, a social worker who works with illegal Burmese migrants. “I cannot stand it. I have interviewed victims of the scheme and posted their testimonies on my blog.”

Both the NLDLA and the ARRC refuted the accusations when contacted by The Irrawaddy. The BRO said it has no spokesperson who can comment on the matter.

Ethnic Burman and Arakanese people were not recognized as “refugees” by the UN until this year. About 50 Arakanese protested on June 6 outside the UNHCR office in Malaysia, saying the UN was discriminating between different Burmese ethnic groups and religious affiliations.

Yan Naing Tun, the editor of Thuriya, a bi-monthly journal based in Kuala Lumpur, said, “The UNHCR give first priority to Chins and Rohingyas. They discriminate against other ethnicities. It has become very difficult for real refugees to get registered.

“As far as I can remember, the UNHCR employed a Chin translator when it started the operation,” he added. “However, they did not employ translators for other ethnicities, including Burmese.”

The UNHCR did not respond to the accusations when contacted by The Irrawaddy.

The CRC said that in 2001 several Chin leaders urged the UNHCR to grant refugee registration to their people and that the process began that same year. 

It said that between June 2009 and March 2010 some 10,000 to 15,000 Chin refugees were registered with the UNHCR.

Speaking to The Irrawaddy on Friday, Kennedy Lal Ram Lian, the coordinator of CRC, said, “There are so many registered [Chin] refugees that we cannot monitor them all. We had to form a subcommittee.”

He added that the CRC did not collect money for registration from the refugees, only a fee for transportation, phone calls and expenses—about 30 Ringgit ($10) per person.

However, according to several of those who consider themselves victims of the scheme, a person who wants to get refugee status through the CRC must pay at least 3,500 Ringgit ($1,133) to cover the entire process. They told The Irrawaddy that others pay the minimum fee, which is 1,200 Ringgit ($390), just to register with the CRC.

“The CRC told me it was worth paying the full [3,500 Ringgit] fee because it would guarantee me a place on the resettlement list,” said Ko Aung, who spoke on condition of a pseudonym.

The Malaysian government has cooperated with the UNHCR on humanitarian grounds since 1975 even though Malaysia has not signed the “UN Convention Protocol Relating to the Status of Refugees.” Burmese refugees have since been sent to third countries including the United States, Canada, Australia, France, New Zealand, Sweden, Finland, Denmark and Norway.

According to the Malaysia UNHCR website at the end of August, there are some 90,300 refugees and asylum-seekers registered with their office; of which about 83,000, or 90 percent, are from Burma. Of that number, about 38,500 are Chins, 19,700 are Rohingyas, 7,400 are Burmese Muslims, 3,900 are Mon, and 3,500 are Kachins or from other smaller ethnic minorities.

© Irrawaddy Publishing Group.

A

B

C

The Kitchen မီးဖိုချောင်