Showing posts with label aung san suu kyi. Show all posts
Showing posts with label aung san suu kyi. Show all posts

Tuesday, September 7, 2010

တတိယလှိုင်း

တတိယလှိုင်း

ရှစ်လေးလုံးလူထုအရေးတော်ပုံတုန်းက အာဏာသိမ်းပြီး နောက်တရက် စက်တင်ဘာ ၁၉ရက် ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန်စစ်မှုထမ်းဟောင်း ၁၆ယောက်က သေနတ် ၁၆လက်နဲ့ အာဏာသိမ်း နဝတစစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထု ဘက်တော်သား စစ်သည်ဟောင်းတယောက်ပဲ နိုင်ငံနဲ့ ပြည်သူအတွက် အသက်ပေးလှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁ဝ ယောက်ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေကတော့ ကုန်သွယ်ရေးရုံးအရေးအခင်းမှာ သိမ်းရထားတဲ့ လက်နက်တွေ ဖြစ်ပုံရပါတယ်။

တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့အနှံ့ ဖြန့်ကျက်ပြီး လူထုဘက်တော်သား စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေ လက်ထဲမှာ ရှိနေရင်၊ တနည်းအားဖြင့် ကျောင်းသားလူငယ် ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်းမာန်ဟုန်သာမက တတိယလှိုင်းမာန်ဟုန်ကိုပါ အရှိန်ပြည့် စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲခေါင်းဆောင်တွေဟာ တပ်မတော်သားတွေ လက်နက်နဲ့တကွ လူထုဘက် ပူးပေါင်းလာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူစမှာတင် အညွန့်ချိုးခံလိုက်ရပါတယ်။

လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက်ကြီးလာတတ်တဲ့အပြင်၊ အထူးသဖြင့် စစ်တပ်ပုန်ကန်မှုဆိုတာ ရေခံမြေခံ မှန်သွားတဲ့အခါမှာ snowballing effect လို့ခေါ်တဲ့ တစက်မှတမျက်နှာ ပျံ့နှံ့သွားတတ်ပါတယ်။

ဒါကြောင့် လူထု တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင် စနစ်ကို လက်နက်နဲ့ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာထင်ရှားတဲ့ အရေအတွက်မြင်နေရပြီဆိုရင် နောက်ထပ် တပ်မတော်သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက်ကူးပြောင်းရေး အတွေးအခေါ် ကူးစက်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်းဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမား-လယ်သမားတွေ၊ သာမန်မြို့ပြပြည်သူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။

ဒုတိယလှိုင်းကတော့ ပါဝါအပျော့ဖြစ်တဲ့ ရှေ့ဆောင် နာမ်ပိုင်းအင်အားလှိုင်း (သို့မဟုတ်) တွေးခေါ်မြော်မြင်မှု အင်အားလှိုင်းဖြစ်ပြီး ရဟန်းသံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ်တဲ့ တရားရေးပိုင်းတို့ ပါဝင်ပြီး တချို့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။

တတိယလှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေးအင်အားစုတွေ ပါဝင်ပါတယ်။ ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မလက်နက်ကိုင်အင်အားစုဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်ရေး မဖက်ရေးဟာ အဓိကမကျဘဲ လက်နက်ကိုင်တပ် အင်အားပြရေးကသာ အဓိက ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်မှုမဖြစ်၊ လက်နက်ကိုင် မတိုက်ရဘဲနဲ့လည်း လူထုတိုက်ပွဲတွေ အောင်မြင်သွားတာကို တွေ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အကြီးအကျယ် လက်နက်ကိုင် တိုက်ရတာ (သို့မဟုတ်) နည်းနည်းပါးပါးလောက် အကြမ်းဖက်ရတာလည်း ရှိနိုင်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံကိုင်ထားတဲ့ လက်ရုံးတထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည် တွေ အပေါ်အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီမြေကိုသက်သေပြုတဲ့ အတွက် ဝသုန္တရီနတ်သမီးက စစ်ကူလာပြီး ဆံရေကိုညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ပဉ္စမအောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာနကိုဆုံးမခန်းမှာတော့ ကိုယ်ဝန်အတုပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတု ချီထားတဲ့ ကြိုးတွေကိုကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာပေါ်ပြီး အနိုင်ရတာဖြစ်ပါတယ်။

သတ္တမအောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒ နဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလန်ကို တာဝန်ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့နဂါးပုံ ဖန်ဆင်းပြီး ဖိညှစ်ပစ်တာ၊ ပိုကြီးတဲ့မီးလျှံလွှတ် ‘ကျွေးတာ’၊ ဂဠုန်ယောင်ဆောင်ပြီး လိုက် ‘ဗျင်းတာ’၊ နတ်ဘီလူးကြီးယောင်ဆောင်ပြီး ခြိမ်းခြောက်တာစတဲ့ လက်ရုံးရည်အင်အားကို အထူးတလည် သုံးခဲ့ရပါတယ်။ ကျန်တဲ့ အောင်ခြင်းငါးပါးမှာပဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်းပျောင်းစွာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘုရားနဲ့ စစ်ပြိုင်လို့ ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂ဝဝ အသောကမင်းလက်ထက်မှာ ရဟန္တာရှင်ဥပဂုတ်ကို ထပ်မံစိန်ခေါ် တိုက်ခိုက်ပြန်တဲ့အခါ မာရ်နတ်က နွားရိုင်းကြီးပုံ ဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံဖန်ဆင်း ပြန်ချ၊ မာရ်နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆပိုကြီးတဲ့ ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူးအယောင်ဆောင် မာရ်နတ်ကိုလိုက်ရိုက်၊ မာရ်နတ်က လူကြီးလူကောင်းပုံ ဖန်ဆင်းတဲ့ အခါမှာတော့ လောက်တွေဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင်ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ်နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက် တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂ဝဝ၇)၊ တိဘက် (၁၉၈၉ နဲ့ ၂ဝဝ၈)၊ တရုတ် (၁၉၈၉)၊ နီပေါ (၁၉၉ဝ နဲ့ ၂ဝဝ၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈ဝ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ကြရပါတယ်။

ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂ဝဝ၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှား တို့ ဖြစ်ပါတယ်။ အာရှအပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆားဘီးယား (၂ဝဝဝ)၊ ဂျော်ဂျီယာ (၂ဝဝ၃)၊ ယူကရိန်း (၂ဝဝ၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲခံခဲ့ကြပါတယ်။ အောင်ပွဲ အားလုံး (အားလုံး)ဟာ တိုက်ရိုက် လက်နက်ကိုင်တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက် တပ်မတော်အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယလှိုင်းကို စီးနိုင်လို့ အောင်ပွဲရတာတွေချည်းပဲ ဖြစ်ပါတယ်။ တတိယလှိုင်းနဲ့ ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေကတော့ အရှုံးကိုပဲ ပွေ့ပိုက်ခဲ့ရပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် အိန္ဒိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ မဟတ္တမဂန္နီကြောင့် အိန္ဒိယပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္နူ-မွတ်ဆလင် ဘာသာရေးသမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလုံးကြီးတွေ အရှိန်အဟုန်ကြီးကြီးနဲ့ ထကြွ လှုပ်ရှားလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှနယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ဗြိတိသျှကိုလိုနီစစ်တပ်ထဲက အိန္ဒိယစစ်သားတွေကို စိတ်မချရတော့တဲ့ အခြေဆိုက်လာတာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ သဘောပေါက်ခဲ့လို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ဂျာမဏီလက်ထဲ စစ်သုံ့ပန်း အဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှစစ်တပ်တွင်းက အိန္ဒိယအမျိုးသားတွေဟာ ဟစ်တလာနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အိန္ဒိယလွတ်မြောက်ရေး တပ်ဖွဲ့ထဲ ထောင်နဲ့ချီ ဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ် အံ့သြချောက်ချားသွားခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက်ပါ အကျိုးပြုသွားခဲ့ပါတယ်။

၁၉၈၆ ခု ဖိလိပိုင်လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန်အကွီနိုက အာဏာရှင်မားကို့စ်ကို အတိအလင်း အံတုပြီး သောင်းချီတဲ့ လူထုကြီးက ဝိုင်းရံလို့ သမတကျမ်းသစ္စာကျိန်ဆိုပွဲ တဖက်သတ် လုပ်ခဲ့ပါတယ်။

ဒုတိယလှိုင်းကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီသာသနာပိုင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ်အသံလွှင့်ရုံကနေပြီး ဘာသာဝင်တွေနဲ့ သာသနာ့ဝန်ထမ်း ဘုရင်ဂျီ ရဟန်း သီလရှင် အားလုံးကို အံတုပုန်ကန်သူတွေထံ သွားအားပေးဝန်းရံဖို့ ဆော်သြလှုံ့ဆော်ခဲ့ပါတယ်။

၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့ တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖိလိပိုင် အာဏာရှင်မားကို့စ်ရဲ့ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ပါတယ်။

ပုန်ကန်တဲ့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက်ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ်ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တွေက ဗီလာမော်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ် ဘက်သား စစ်ရဟတ်ယာဉ်တွေနဲ့ စစ်ကားတွေကို ဖျက်ဆီးပစ်ခဲ့သလို မားကို့စ်နေတဲ့ မာလာကာနန်နန်းတော်ကိုလည်း ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီညနေမှာဘဲ ဖိလိပိုင်စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်အများစုဟာ ကာကွယ်ရေးဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ်ရားမို့စ်တို့ရှိရာ ပြည်သူလူထုဘက် ကူးပြောင်းခဲ့ကြပါတယ်။

နောက်တရက်မှာ မားကို့စ်သစ္စာခံတပ်တွေ နေရာယူပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန်တပ်မတော်သားတွေက တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။ မကြာခင်မှာဘဲ နောက်ထပ် ရုပ်သံလွှင့်ရုံတွေကိုပါ ပြည်သူ့ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၉၈ ခု အင်ဒိုနီးရှားနိုင်ငံ လူထုတိုက်ပွဲမှာ အာဏာရှင်ဆူဟာတို သစ္စာခံတပ်မတော်က လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် အသေအချာစီစဉ်လှုံ့ဆော်ပေးခဲ့ပေမဲ့ သမတဆူဟာတို ပြည်ပရောက်နေချိန် လက်အောက်ခံ ဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက်လုရာက ဒီမိုကရေစီတိုက်ပွဲဝင် လူထုပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်းမိသွားတာ ဖြစ်ပါတယ်။

ဆူဟာတို့သားမက်ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထုနှိမ်နင်းဖြိုခွဲရေး အကြမ်းဖက်မှုတွေဟာ တခြား ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်သွားစေတဲ့အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီအောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလို အခြေအနေမျိုးနဲ့ကြုံပြီး ဒီမိုကရေစီထွန်းပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေးကြေညာ၊ အာဏာကုန်ယူလိုက်တဲ့အခါ အတိုက်အခံ နိုင်ငံရေးပါတီ ၇ ပါတီက မဟာမိတ်အဖွဲ့ဖွဲ့ပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန် လွှတ်တော်ထဲမှာ အမတ်နေရာ ၉ဝ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။

၇ ပါတီမဟာမိတ်အဖွဲ့က မော်ဝါဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှုစာချုပ် ချုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ၂ဝဝ၆ ဧပြီ အထွေထွေသပိတ်ကြီး ဖြစ်တဲ့အခါ မော်ဝါဒီသူပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းနားလည်မှုအရ အပစ်အခတ်ရပ်စဲပေးထားပြီး မြို့တော်ပတ်လည်မှာ အစိုးရတပ်တွေ မြို့တော်ကိုချီတက်ပြီး လူထုကိုမနှိမ်နင်းနိုင်အောင် လမ်းတွေပိတ်ဆို့ ခြိမ်းချောက်ထားတာဘဲ လုပ်ခဲ့ပါတယ်။

မော်ဝါဒီ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးထိုးစစ်တွေကြောင့် အထိနာစစ်ပန်းနေရုံမက မော်ဝါဒီတွေနဲ့အတူ အတိုက်အခံ ပါတီအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီတညွတ်တည်း ဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့အတွက် နီပေါဘုရင့်တပ်မတော်ဟာလည်း ဘုရင်ကို တက်တက်ကြွကြွ ထောက်ခံဖို့ စိတ်မပါတော့ပါဘူး။

နီပေါတော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့ နယ်နိမိတ်ချင်းစပ်အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာဘဲ ဖြစ်ပါတယ်။ နီပေါစစ်တပ်အတွက် လက်နက်ခဲယမ်းကအစ ထောက်ပံ့ ကူညီပေးပြီး နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကို ဖြုတ်ချပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယာန် သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလိုဆိုထားပါတယ်။

“ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူအပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည့် အကြောင်း မြစ်တားတော်မူလျက်၊ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု ဆုံးမသြဝါဒ ပေးတော်မူ၏။-”

ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာဆိုရင် ထာဝရဘုရားသခင်က မိစ္ဆာဓိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီးလက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက် သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီးရှိခဲ့ပါတယ်။

၂ဝဝဝ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော် လို့ခေါ်တဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီ ညွန့်ပေါင်းဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ်အတိုက်အခံအဖွဲ့ ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။

မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံးတွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြပါတယ်။ ညနေပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အတင်းဝင်စီးနင်းတဲ့အခါ လုံခြုံရေးယူနေတဲ့ လုံထိန်းရဲတချို့ဟာ လက်နက်နဲ့တကွ လူထုကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေးသွားပါတယ်။ ပါလီမန်လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက် လောင်သွားပါတယ်။

အဲဒါပြီးတော့ လူထုကြီးဟာ သမတမီလိုဆီဗစ် တပြည်လုံးသို့ အဓိကဝါဒဖြန့်ချိဆက်သွယ်ရာ အာဏာရှင်စနစ်ရဲ့ အဓိက ပြယုဂ်ဖြစ်တဲ့ ဆားဘီးယားရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။

ဘူဒိုဇာမောင်းသမား လျူဘိုဆက်ဗ် ဂျိုးကစ်က သူ့ဘူဒိုဇာကိုမောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို အကြမ်းဖက်ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံလုံခြုံရေး လုံထိန်းတွေကတဖက် ပြည်သူ့ဘက်တော်သား လုံထိန်းတွေ အပါအဝင် လူထုကြီးကတဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် သိတ်မကြာခင်မှာဘဲ အသံလွှင့်ရုံတခုလုံးကို လူထုကြီးက စီးမိသွားခဲ့ပါတယ်။

အသံလွှင့်ရုံကိုလည်း မီးတင်ရှို့လိုက်လို့ မီလိုဆီဗစ် ရုပ်သံလွှင့်အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာဘဲ ပြည်သူလူထုဘက်က ရုပ်သံလွှင့်အစီအစဉ်တွေကို စတင်ထုတ်လွှင့်နိုင်ခဲ့တယ်။) ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမဲ့ ကံကောင်း ထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီးယား တော်လှန်ရေးဟာလည်း ဘူဒိုဇာတော်လှန်ရေးလို့ နာမည်တွင်သွားခဲ့ပါတယ်။

ဖက်ဆစ်အာဏာရှင် မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှားနဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ်မရှိတဲ့ လူမျိုးကြီးဝါဒ နယ်ချဲ့စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင်ဘော့စနီးယားနဲ့ ခရိုအေးရှားပြည်သူတွေ၊ လက်နက်ကိုင် ကိုဆိုဗိုပြည်သူတွေနဲ့တကွ နေတိုးတပ်တွေရဲ့ အပြင်းအထန် လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံးနာစရာကောင်းလှတဲ့ လူမျိုးတုံးသတ်ပွဲတွေကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သိက္ခာကျနေရတဲ့ ဆားဘီးယားစစ်တပ်ကလည်း ဒီလူထုအုံကြွမှုမှာ မီလိုဆီဗစ်ခိုင်းသမျှကို မလုပ်တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။

စစ်တပ်ကို စည်းရုံးနိုင်ခဲ့လို့ စစ်တပ်ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာမဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ဆိုတဲ့ တတိယလှိုင်းက ပွဲသိမ်းပေးသွားတာ ဖြစ်ပါတယ်။

၂ဝဝ၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီတော်လှန်ရေးမှာ ပထမလှိုင်းခေါင်းဆောင် ဆာကာ့ရှ်ဗီလီ ဦးစီးတဲ့ ပြည်သူလူထုတွေဟာ ပါလီမန်လွှတ်တော်ကို အတင်းဝင်စီးတဲ့အခါ ဂျော်ဂျီယာအာဏာရှင် ရှဗာ့ဒ်နာဇေ က အရေးပေါ် အခြေအနေကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေ ဆင့်ခေါ်ပြီး အင်အားသုံး ရှင်းလင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့ အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂သန်း အကုန်ခံ ထိုးဖောက်စည်းရုံးထားတဲ့ ဂျော်ဂျီယာ တပ်မတော်က အမိန့်နာခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် တတိယလှိုင်း သြဇာအောက်မှာ သမတရှဗာ့ဒ်နာဇေ အာဏာစွန့်ခဲ့ရပါတော့တယ်။

၂ဝဝ၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကို အံတုတဲ့ သမတလောင်း ယူရှင်ကိုရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထုအုံကြွမှု ပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှုစီရင်ချက် ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။

ဒီလိမ္မော်ရောင်တော်လှန်ရေးမှာ တတိယလှိုင်းအဖြစ် (ယခင် ကေဂျီဘီထောက်လှမ်းရေး) ယခု ယူကရိန်း လုံခြုံရေးရာ ဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူလူထုဆီကို အရေးကြီး သတင်းအချက်အလက်တွေ၊ မဲမသမာမှုနဲ့ ပတ်သက်တဲ့ အတိအကျ အချက်အလက်တွေ ပေးခဲ့သလို (အက်စ်ဘီယူ) ယူကရိန်း ထောက်လှမ်းရေး ဌာနကြီးမှူး ဗိုလ်ချုပ် စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော် ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် အလက်ဇန်းဒါးဂါလာကာ၊ တပ်မတော် တန်ပြန်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကို တို့က လူထုကို နှိမ်နင်းဖို့ အမိန့်ပေးခံရတဲ့ လုံထိန်းတပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေး တားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲမခံရဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမတ ဖြစ်လာရင် သူ့အမိန့်နာခံ လုပ်ကိုင်ရမှာကို မလိုလားကြတဲ့ အတွက်လည်း အတိုက်အခံ သမတလောင်း ယူရှင်ကိုဘက် ထောက်ခံကြတာ ဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ တုံးက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉ဝ မှာ နိုင်ငံ ရေးပါတီတွေရဲ့ရွေးကောက်ပွဲအောင်ပွဲနဲ့ သံဃာတော်တွေကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂ဝဝ၇ စက်တင်ဘာမှာတော့ သံဃာတွေရဲ့ဒုတိယလှိုင်းဟာ တနိုင်ငံလုံးသာမက တကမ္ဘာလုံး တုန်ခါသွားအောင် အရှိန်အဟုန် ကြီးမားစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲမရခဲ့ကြပါဘူး။

နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ အရှိန်အဟုန်ကို ကြီးထွား ပြင်းထန်အောင်လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လိုအပ်ပါတယ်။ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါ။

ဂါမဏိ
(ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်)ဂုရု ABSDF ၏ ‘တတိယလူထုလှိုင်းဆီသို့’ စာတမ်း၊ ဆရာ လူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့ကို ထပ်ဆင့်ခံစားခြင်း ဖြစ်ပါသည်။)
ဒေါင်းအိုးဝေ၊ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉၊ မှ။
http://damaahdama.blogspot.com/

Sunday, June 14, 2009

IOWA UNITED TRIBES OF BURMA
(DES MOINES, IOWA)
FOR IMMEDIATE RELEASE:
JUNE 11, 2009

Contact:
Zaw Myo Lwin
(515) 468-8215
zawmyolwin@yahoo.com

64th Birthday of 1991 Nobel Peace Prize Laureate Dr. Aung San Suu Kyi

Des Moines - Dr. Aung San Suu Kyi was born in Rangoon on June 19th, 1945 to Burma’s independence hero and national leader General Aung San (Assassinated in July 19th 1947) and Daw Khin Kyi. She was educated in Burma, India and the United Kingdom. While studying at Oxford University, she met Michael Aris, a British citizen who she married in 1972. They had two sons, Alexander and Kim.

Aung San Suu Kyi life was simply start with losing a politician father and living outside the country after her mother has appointed as an ambassador to India and Nepal in early 1960s. She graduated Bachelor of Arts in philosophy, politics, and economics. In addition, joins UN secretariat as Assistant Secretary for Advisory Committee on Administrative and Budgetary Questions.

She had returned to Burma to nurse her dying mother and immediately plunged into the country’s nation wide democracy uprising in 1988. 26 years long, Burma Socialist Programme Party stopped by that, but military reestablished and formed the military regime by killing thousands. She had insisted with calling a democracy government and formed National League for Democracy (NLD) party.

Her mother Daw Khin Kyi, died at the age of seventy-six on December 27th 1988. Aung San Suu Kyi vows as her father and mother had served the people of Burma, so she would even unto death.

Aung San Suu Kyi has been in and out of arrest ever since. She was under house arrest from 1989 to 1995 and from 2000 to 2002. The regime’s militia attacked her in May 30th 2003, up to one hundred people were dead and she was under house arrest again.

After 6 years under house arrest, she was been taking to notorious Insein prison in Rangoon by accusation of breaching the terms which refer to an intruded American citizen. John William Yettaw, who swam across near by lake to her house and stayed for two days in early 2009 May.

She has won numerous international awards, including the Nobel Peace prize (1991), the Sakharov Prize (1991) from the European Parliament, the United States Presidential Medal of Freedom (2000) and Congressional Gold Medal (2008). She has called on people around the world to join the struggle for freedom in Burma, saying, “Please use your liberty to promote ours.”

Temporarily founded the Iowa United Tribes of Burma in Des Moines had planned to hold becoming anniversary birthday of 64 years old, Aung San Suu Kyi to fulfill her wishes as promptly promoting and raise her voice echoes in above. Same as many more millions people around the world worriedly watch on her facing unforeseen injustice trial result, the Burmese people have gather and try to make a powerful wishes for her happily freedom before the birthday June 19th. The ceremony will be start evening 5pm to 7pm at Polk County Hall, River Place 2309 Euclid Ave, Des Moines on Sunday, June 14th.

As to hope is to believe, to believe is to pray would never be fail. The Burmese people live in Des Moines, have put their voices for a silence nation; Burma to get free with its beloved Aung San Suu Kyi by peace, justice and rights from their united hearts in that day.

And renown totally, the City of Des Moines, would have been recognize a woman’s lonely struggles to free from all fear and her truly effort for being deliver a genuine democracy in which deserted land by unbelievable courage.

-8888-
(The only real prison is fear, and the only real freedom is freedom from fear. -Daw Aung San Suu Kyi)

Tuesday, May 26, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် Iowa ပြည်နယ် Des Moines မြို့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ


အမေရိကန် အနောက်အလယ်ပိုင်း ပြည်နယ်တခုဖြစ်သည့် Iowa ပြည်နယ် Des Moines မြို့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို မေလ (၂၅)ရက်နေ့ ညနေ (၉)နာရီတွင် ပြူလုပ်ခဲ့ပါသည်။ ဤနေ့သည် အမေရိကန်နိုင်ငံ၏ “စစ်သည်တော်များ အထိမ်းအမှတ်နေ့” (Memorial Day) လည်း ဖြစ်ပါသည်။

Des Moines မြို့၏ အစိုးရရုံးများ တည်ရှိရာ Locust နှင့် 3rd St. လမ်းထောင့်ရှိ ပြည်သူ့ရင်ပြင်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိခြင်း၊ ခရစ်ယာန်၊ အစ္စလမ်၊ ဗုဒ္ဓဘာသာဝင်တို့က မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အမည်ပါ မိုးပျံပူစီပေါင်းများ လွှတ်တင်ခြင်း စသဖြင့် နွေဦးကာလ ကွက်ကြားမိုးများ ကြားထဲတွင် မြန်မာတိုင်းရင်းသား အယောက် (၁၂၀) ခန့်သည် တက်ညီလက်ညီ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

ဤ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ပါတ်သက်ပြီး တာဝန်ရှိသူတဦးမှ “Des Moines မြို့မှာ ရောက်နေကြတဲ့ မြန်မာ တိုင်းရင်းသားတွေ အားလုံးဟာ ယခု အမိမြန်မာပြည်တွင် ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေတွေနဲ့ မျက်ခြေပြတ်မှု မရှိကြောင်း၊ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းတဲ့ကိစ္စနှင့် ပါတ်သက်ပြီး သူမအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားသွားစေနိုင်ရန် ရည်ရွယ်ပြီး ဒီနေ့ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း” ပြောကြား သွားပါတယ်။

ဤပွဲကို Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများ Community မှ ကြီးမှူး ကျင်းပခဲ့ပါသည်။ ၎င်းတို့၏ သဘောထား ကြေငြာချက်တွင် Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများအနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း၊ တိုင်းရင်းသားပေါင်းစုံတို့၏ ခံစားနေသော လူမှုဒုက္ခ အ၀၀ကို ဦးဆောင် ဖြေရှင်းပေးနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ လက်ရှိ မြန်မာ စစ်အစိုးရ၏ မတရား အမှုဆင် ဖမ်းဆီးခြင်း၊ နှစ်ရှည်လများ အကျဉ်းကျခြင်းကို ခံစားနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး ဘက်တော်သားများကို ချွင်းချက်မရှိ လွှတ်ပေးသင့်ကြောင်း၊ အကယ်၍ စစ်အစိုးရသည် အာဏာကို မတရား ဆက်လက် သိမ်းပိုက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား မတရား ချုပ်နှောင်ခြင်း ဆက်လက်ပြုလုပ်ပါက နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အတူ လက်တွဲ ဆင်နွှဲသွားမည် ဖြစ်ကြောင်း ရေးသားထားပါသည်။

Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများသည် ယခင်နှစ်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲများ ကျင်းပခြင်း၊ ၂၀၀၇-ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကာလအတွင်း ထောက်ခံ ဆန္ဒပြပွဲများ၊ Campaign များကို Iowa ရှိ တက္ကသိုလ်တချို့တွင် ကျောင်းသားများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံ ပေးပို့ပေးခြင်း၊ အမေရိကန် သမတ ရွေးကောက်ပွဲ မဲဆွယ်ပွဲများ တက်ရောက်၍ မြန်မာ့အရေး တင်ပြခြင်း၊ Des Moines မြို့တွင် နှစ်စဉ် ကျင်းပသည့် အာရှ အမွေအနှစ် ပွဲတော် (Asian Heritage Festival) တွင် ပူပေါင်း ပါဝင်ခြင်း၊ Oregon ပြည်နယ်မှ New York အထိ မိုင်(၃၀၀၀)ကျော် လမ်းလျှောက်ချီတက်လာကြသည့် ကိုအေသင်နှင့် ကိုဇော်မင်းထွေးတို့ နှစ်ဦး Iowa ကို ဖြတ်လျှောက်သွားစဉ် လမ်းခရီးတလျှောက် အကူအညီများ ပေးခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့ပါသည်။ Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများ သည် မြန်မာ့အရေးနှင့် ပါတ်သက်ပြီး နောက်တန်းတွင် မရှိခဲ့ကြောင်းလည်း တာဝန်ရှိသူတဦးမှ ထပ်မံ ပြောကြားခဲ့ပါသည်။

လှုပ်ရှားမှု ဓါတ်ပုံများကို အောက်ပါနေရာတွင် ရရှိနိုင်ပါသည်။
http://picasaweb.google.com/BurmeseActivists/CandleLightVigilInDesMoinesIA#

သတင်းပေးပို့သူ ဇော်ထွဋ္ဋ်
burmeseactivists@gmail.com

Saturday, March 29, 2008

“ရာဇဝင်မှာအရေးခံမယ့် လူစားမျိုးတွေလား”


“ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးတွေလား” ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)

မြန်မာတိုင်းရင်းသားအပေါင်း၏ အတုမဲ့ယုံကြည်မှုဖြင့် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် နယ်ချဲ့ကိုလိုနီ လက်အောက်က အကြွင်းမဲ့ လွတ်မြောက်စေခဲ့သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဦးအောင်ဆန်း၏ ဝံ့ဝံ့စားစား မေးလိုက်သည့် ခေါင်းစဉ်ပါ ခံ့ညားထည်ဝါသော အသံကို မကြာခဏ ကြားယောင်မိသည်။

ထိုစဉ်က ဆင်းရဲသား အများနည်းတူ တမတ်တန်းမှ ရုပ်ရှင်ကြည့်ခဲ့သူ၊ အစိုးရဝန်ကြီးဘဝ လမ်းဘေးက ပလာတာဆိုင်မှာ ပိုက်ဆံမပါပဲ ခြေကျင်ကျိတ်ခဲ့သူ၊ အမြင်မတော်၍ ကားပေါ်ခေါ်တင်သည်ကိုမှ သူ့အစိုးရထံက အခွင့်အရေးတောင်းမည် စိုးသောကြောင့် တွန့်ဆုတ်ခဲ့သူ၊ ရေမကူးတတ်သော၊ စက်ဘီးစီးမကျွမ်းကျင်သော၊ မိန်းမမည်သို့ ပိုးရသည်ကို မသိသော၊ အထူးအားဖြင့် ပြည်သူထဲက ပြည်သူသာလျှင်ဖြစ်သော ရှေးဦးပထမ မူလတပ်မတော်ကြီးအား တည်ထောင်ပေးခဲ့သူ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းအထုပ္ပတ်က တွေးမိတိုင်း နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြည်နူးဖွယ်ရာပါပေ။

သူ့နိုင်ငံ၊ သူ့ပြည်သူ၊ သူ့တပ်မတော်သားများ အရေးအတွက် သူ့အသက်ကိုပင်လျှင် နှမျောတွန့်တို ကြောက်ရွံ့ခြင်းမရှိ ပေးလှုရက်ရောခဲ့သူ…။ သူ့အကြောင်းအထုပ္ပတ္တိကို ရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ရာ မြန်မာအနုပညာရှင်အချို့က ယနေ့ခေတ်မှာ ကြိုးပမ်းအားထုတ်နေကြသည့် သတင်းတွေ ကြားသိရသဖြင့် ကျေးဇူးတင်စွာ ကြိုတင်သာဓုခေါ်မိသည်။

ထို့အတူ မည်သူတွေက ပါဝင်သရုပ်ဆောင်ကြမည်ဆိုသည်ကို စိတ်ဝင်တစားရှိရသလို စိတ်ကူးများနှင့်လည်း ကြိုတင်မြင်ယောင်တွေးမိသည်မှာ ရုပ်ရှင်ကြည့်ပြည်သူတိုင်း၏ထုံးစံ။ တပ်မတော်၏ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း စသည့်ဝိသေသများစွာကို စံနမူနာတင် ရိုက်ကူးသရုပ်ဆောင်ပြနိုင်မည့် အနုပညာရှင်အဖြစ်က တော်ရုံနှင့်တော့ လွယ်မည်မထင်၊ ရလိမ့်မည်လဲမဟုတ်။

ယနေ့ခေတ် စစ်ဗိုလ်ချုပ်ဆိုသူတစုနှင့် ၄င်းတို့၏အခွင့်ထူးခံ ပေါက်လွှတ်ပဲစား လူချမ်းသာ ဆွေမျိုးသားမယားတို့ ခံစားကြည့်မြင် ဆင်ခြင်နိုင်အပ်ကုန်သော ဦးတည်ချက်၁၂ရပ်ပါ ဖျော်ဖြေရေး ဇာတ်ကားမျိုးမဟုတ်သည့်အတွက် ဖေါက်လွဲဖေါက်ပြန် ပြုနိုင်လွန်းသည့် အဖျော်ဖြေခံ မြန်မာ့အနုပညာရှင်ဆိုသူများ ပါဝင်ရိုက်ကူးရန်မသင့်သလို တန်လည်းမတန်။ လုပ်ရပ် စိတ်ဓါတ်နှင့် ခံစားချက်တို့က သခင်အောင်ဆန်းနှင့် ထပ်တူမဟုတ်လျှင်သော်မှ ငွေမြင်တိုင်းခံသည့် ကျွန်စိတ်တော့ ကင်းသင့်သည်။

အနုပညာသည် ပြည်သူအတွက်၊
အနုပညာသည် တိုင်းပြည်အတွက်၊
အနုပညာသည် အနုပညာအတွက်။

အမျိုးမျိုးအဖုံဖုံ စုံတကာစေ့အောင် ကြွေးကြော်နေကြသော်ငြား တကယ်တမ်း လက်တွေ့မှာတော့မူ အကြွင်းမဲ့ဥသုံ ဆင်းရဲဒုက္ခအလုံးစုံကို ခါးစည်းရင်နင့်ခံနေရသော ပြည်သူ့ဘက်မှာ လက်ချိုးရေတွက်၍ ရသည့် အနုပညာရှင် အနည်းစုမျှသာ ရှိနေသည်။

ဦးအောင်ဆန်းလောက် ပြည်သူအပေါ် မေတ္တာစေတနာ ကြီးမားလှစွာ အနစ်နာခံသောသူ၊
ဦးအောင်ဆန်းလောက် တိုင်းပြည်အပေါ် မြတ်နိုးခြင်း ကြီးမားလှစွာ သစ္စာရှိသောသူ၊
ထို့ထက်ပို၍ ဆိုရပါမူ ဦးအောင်ဆန်းလောက် အနုပညာမြောက်သောသူ...။

သေချာသည်ကတော့ ဦးအောင်ဆန်း၏ ထည်ဝါခံ့ညားလှသည့် ဂုဏ်ပုဒ်တို့ကို ကိုယ်စားပြုရန် ယနေ့အနုပညာရှင် အများအပြား ခံယူထားကြသော မြွေမသေဒုတ်မကျိုး အယူအဆမျိုးတို့နှင့် လားလားမျှ မဆီလျှော်၊ မထိုက်တန်သလို ဆက်စပ်၍လည်းမရ။ အနုပညာအစဉ်အလာ ကြီးမားလှပါသည် ဆိုကုန်သော မြန်မာဖျော်ဖြေရေးသရုပ်ဆောင်များ ကိုယ့်ကိုကိုယ် ပြန်လည်ဆင်ခြင် သုံးသပ်သင့်လှသည်။

အာဇာနည်ဦးအောင်ဆန်း၏ အထုပ္ပတ္တိအား ရိုက်ကူးရန် ထိုက်ထိုက်တန်တန် ပါဝင်ကိုယ်စားပြု သရုပ်ဆောင်မည့် မြန်မာအမျိုးကောင်းသား အောင်ဆန်းဇာနည်ဘွား အနုပညာရှင်တို့ မရှိသလောက် ဆွံ့အ ရှားပါးလျှက် နေကုန်သော တိုင်းပြည်၏ တန်ဘိုးမဲ့ အနုပညာနှင့် နောင်အနာဂတ် ဖါမျိုးဆက်တို့ နိုင်ငံအဖြစ် မရောက်ရစေရေးကို ပြည်သူအပေါ် သြဇာညောင်းသည့် ပြည်သူချစ်သော အနုပညာရှင်များက ပြည်သူတို့နှင့် အတူတကွ လက်တွဲ သမိုင်းရေးပြင်ရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။

“အမျိုး ဘာသာ သာသနာ အကျိုး ကောင်းစွာသယ်ပိုး ထမ်းရွက်နိုင်သောကိုယ် ဖြစ်ရပါလို၏။”

ဇော်မျိုးလွင်

Sunday, January 6, 2008

Alone

Alone
by Maya Angelou

Lying, thinking
Last night
How to find my soul a home
Where water is not thirsty
And bread loaf is not stone
I came up with one thing
And I don't believe I'm wrong
That nobody,
But nobody
Can make it out here alone.

Alone, all alone
Nobody, but nobody
Can make it out here alone.

There are some millionaires
With money they can't use
Their wives run round like banshees
Their children sing the blues
They've got expensive doctors
To cure their hearts of stone.
But nobody
No, nobody
Can make it out here alone.

Alone, all alone
Nobody, but nobody
Can make it out here alone.

Now if you listen closely
I'll tell you what I know
Storm clouds are gathering
The wind is gonna blow
The race of man is suffering
And I can hear the moan,
'Cause nobody,
But nobody
Can make it out here alone.

Alone, all alone
Nobody, but nobody
Can make it out here alone.

From Oh Pray My Wings Are Gonna Fit Me Well By Maya Angelou. Copyright © 1975 by Maya Angelou. Reprinted with permission of Random House, Inc. For online information about other Random House, Inc. books and authors, visit the website at www.randomhouse.com.

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you
But make allowance for their doubting too,
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream--and not make dreams your master,
If you can think--and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with kings--nor lose the common touch,
If neither foes nor loving friends can hurt you;
If all men count with you, but none too much,
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And--which is more--you'll be a Man, my son!


By Rudyard Kipling (1865-1936)

A

B

C

The Kitchen မီးဖိုချောင်