Wednesday, June 24, 2009

ဇကောလောက်မှ ဇောက်မနက်

ဇကောလောက်မှ ဇောက်မနက်
ဆောင်းပါး
မင်းဒင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 13:56 - မြန်မာစံတော်ချိန်

တောင်မရောက် မြောက်မရောက်၊ ကပေါက်တိ ကပေါက်ချာ ဗိုလ်သခင်ဆရာ၊ စုံစီနဖာ စွယ်စုံကျော်ထင် ကျွန်ုပ် ဆြာမင်းဒင်ကား၊ ဤရက်ပိုင်းအတွင်း အကြီးအကျယ် စိတ်လေလျက်ရှိချေ၏။ လေရခြင်းအကြောင်းရင်းတွင် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ၊ အတ္တအရေး တစေ့ တရွေးသား၊ လားလားမျှ မပါချေ။ ဤနေရာ၌ စာဖတ်သူတို့ နားရှင်းရန်အလို့ငှာ အလေဋီကာကို စဉ်းငယ်ချဲ့ပါအံ့။

လေခြင်း၏ မူလဘူတ အစပထမ တရားခံကား စိန်မဟာ ဝီလျံ ရွှေမန်း ပန်တျာ ယက်ထော ပေတည်း။ ဘုရားသခင်က လွှတ်လေသလော၊ ကိုယ့်ဖာသာ စတိုင်အသစ်၊ မော်ဒန်အသစ်ဖြင့် အရူးထလေသလော ဂဃနဏ မသိရသော်ငြား၊ အထူအထဲချထားအပ်သော လုံခြုံရေးများကို ဖြတ်ကျော်လျက် အကျယ်ချုပ် နေအိမ်တွင်း ဝင်ရောက်မှုကြောင့် ကျွနုပ်တို့ အမျိုးသားခေါင်းဆောင်ကြီး၏ ရင်နှစ်သည်းချာ၊ မြန်မာ့ဒီမိုကရေစီ လမ်းပြကြယ်ကား အင်းစိန် တောရသို့ ဘုမသိဘမသိ ချဉ်းရလေ၏။ ဒေါ်စု၏ ကံကြမ္မာကား အံ့ဖွယ်ကောင်းလေစွ။ ချုပ်ရက်ပြည့်ခါနီးတွင်မှ ယက်ထောကို ဘုရားသခင်က သူ့ခြံအတွင်း စေလွှတ်သည် ဆိုလေ၏။ ယက်တော၏ ဘုရားသခင်ကား ချုပ်ရက်ပြည့်တော့မည်ကို မသိယောင်တကား။ အဖြေမှန်ကို သိရန်အလို့ငှာ “ဟယ်လို … ဘုရားသခင်၊ ဆြာမင်းဒင် စပိကင်း၊ အရှင် … အမှန်စေ လွှတ်ပါသလား“ ဟူ၍ ဖုန်းဆက်ရမည်လော။ စေလွှတ်သော ဘုရားသခင်ကို ကျေးဇူးတင်ရလေမည်လော။ ယက်တောကို နားရင်းခေါ်အုပ်ရမည်လော၊ မဝေခွဲနိုင်ချေ။

…………………………………..

နောက်ဆက်တွဲ ဖြစ်လာပုံကား အများပြည်သူ သိရှိတော်မူကြပြီး ဖြစ်သည့်အတိုင်း နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ်က မြန်မာပြည်သို့ ကိုယ်တိုင်ကြွမြန်းမည်ဟု ရုတ်ချည်း မိန့်လေ၏။ မြန်မာ့အရေးကို “ချော့ချော့မော့မော့ လုပ်မဟ“ စိတ်ကူးယဉ်နေသော မဟူရာ စင်္ကြာဝဠေးမင်းကလေး အိုဘားမားနှင့် သမ္မတဟောင်းကတော် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလည်း ကြိမ်းမောင်း၏။ အာဆီယံကလည်း အလွန်မနိပ်လှသော၊ ကြည့်မကောင်းလှသော ပွဲပေတကားဟု ဝီစီခရာ မှုတ်လေ၏။ ဥရောပသမဂ္ဂက မောင်းမဲ၏။ မြန်မာ့ပညာတတ်၊ မြန်မာ့ထွက်ကုန် အဆီအနှစ်တို့ကို ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အမြိန့်သား ရိုက်စားနေသော၊ စင်္ကာပူလို နိုင်ငံပင်လျှင် ထိုင်မရ ထမရ ဖြစ်ကုန်၏။ နိုင်ငံတကာရောက် မဟာမြန်မာတို့လည်း လက်ရိုးလမ်းဟောင်းကြီးအတိုင်း ရောက်ရာနိုင်ငံ၏ သံရုံး၊ သတ္ထုရုံး၊ ရုံးတကာ ရုံးရှေ့ တရုံးရုံးစုကာ အသံကုန် အော်ကြလေ၏။ ပြည်တွင်းမှ လူထုကား ထောင်ပြင်တွင် ဝိုင်း၏။ သတ္တိပြောင်သော လေတပ်ဗိုလ်ကြီးဟောင်းကား အင်းစိန်ထောင်ရှေ့တွင် ပြောင်ပြောင်တင်းတင်း ဆန္ဒပြ၏။

……………………………..

လူ့အခွင့်အရေး နေနေသာသာ သူ့အခွင့်အရေးပင် မရခဲ့ရှာဘဲ၊ အင်းစိန်ထောင်အတွင်း ဦးဝင်းတင်နှင့် တွေ့ဆုံစဉ် အသံခိုးဖမ်းခံခဲ့ရသည့် ကျမ်းတတ်ပုဂ္ဂိုလ်ကျော်၊ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) ကလည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာမင်းများ၏ လူသားမဆန်သော ရာဇဝတ်မှု ကျူးလွန်ချက်တို့ကို စစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံး ဖွဲ့စည်းသင့်ကြောင်း နယူးယောက် တိုင်းမ်စ် သတင်းစာကြီးမှနေ၍ ရွှေပေလွှာတစောင်ရေးပြီး တိုက်တွန်းခဲ့ပြန်၏။



အိုင်အယ်လ်အိုကလည်း အခြေခံဥပဒေများကိုပါ ပြင်ပစ်ရန် ဆော်သြတောင်းဆိုပြန်၏။ ဖရန်စစ်သူကြီး ဇာကိုဇီ၊ ဂျာမဏီ ချန်ဆယ်လာနှင့်တကွ အင်ဒိုနီးရှား၊ ထိုင်းပါမကျန် အဖွဲ့ပေါင်းစုံ၊ လူပုဂ္ဂိုလ်ပေါင်းစုံက သံစုံအော်ဟစ်ကြလေ၏။ ချုပ်၍ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အကျယ်လောင်ဆုံးသော အသံမျိုးစုံ ကမ္ဘာနှင့်အဝှန်းမှ ရိုက်ခတ်လာလေ၏။

……………………………….

စင်စစ် ဤကစားကွက်ကား ဂိုးသမားနှင့် စည်းဝါးရိုက်ကာ ဒိုင်လူကြီးနှင့်ပင်း၍ အပိုင်ကန်သွင်းလိုက်သော ဂိုးကဲ့သို့ နှင်နှင်ပေတည်း။ စင်စစ် အစိုးရမင်းတို့ ထွက်ပေါက်ပိတ် နေရောင်တကား။ ဤသို့သော သူခိုးဂျပိုး အစီအမံ၊ အကျင့်အကြံထက် ပို၍သင့်နိုးသော အကြံမရှိတော့ ဟန်တကား။ ဥဒါဟရုဏ်ဆောင်ရသော် ကျွန်ုပ်ကဲ့သို့ ဖွတ်ကလိ ဒင်္ဂါးကောင်ပင်လျှင်၊ မတော်တဆ ကံကွက်ကြား၍ အာဏာရနေသည် ဆိုငြားအံ့။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် အကယ်တန္တု အယူအဆ ကွဲပြားသည် ဆိုငြားအံ့။ ပြောင်ပြောင် မဲပုံးထောင်ကာ ရှုံးပါက၊ မိဘမျိုးရိုးနှင့် ကျွန်ုပ်၏ သိက္ခာအလို့ငှာ ကြိုးစင်သို့တိုင် ရဲရဲတက်သွားရန်သာ စိတ်မျိုးရှိပေ၏။ (ဤကား သိသာ မြင်သာရန် စကားချပ်သာ ဖြစ်၏။)

………………………….

ယုတ်လို့ရတာ အကုန်ယုတ်လျက် နားထင်တင်မက ငယ်ထိပ်ပါ သွေးရောက်နေသော မြန်မာ စစ်ဧတဒဂ်တို့၏ မှန်းချက်နှင့်၊ အရပ်ရှစ်မျက်နှာမှ ပေါ်ထွက်လာသော ပြစ်တင်ဝေဖန်ကဲ့ရဲ့ သံတည်းဟူသော နှမ်းထွက်ကား၊ ကိုးဆယ်ဆ ကွာလေ၏။ မြောက်ကိုးရီးယားနှင့် တူသော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေသော မောင်များကား ထိုင်နေ အကောင်းသား ထသွားမှ ကျိုးရုံမက အိပ်ခ်ျအိုင်ဗီပါ၊ ဝင်ကိန်းဆိုက်လေတော့သည်။ အစားရချောင်လို၍ ဇာတ်ထဲ လိုက်မိရာမှ နှဲတက်နင်းမိသူ ကဲ့သို့လည်းကောင်း၊ လည်လွန်းသောဘီး အီးအီး နင်းမိကိန်း ကြုံသကဲ့သို့လည်းကောင်း၊ ခုတ်ရာတခြား ရှာရာတလွဲ ဖြစ်ကုန်တော့၏။ ငါ့မြင်းငါ့စိုင်း၊ ငါ့လှေငါထိုးကာ၊ တိုင်းပြည်နှင့် လူထုကို ပတ်ချင်တိုင်း ပတ်နေသော မင်းတရားကြီးခမျာ အရူးမီးဝိုင်းကာ တိုင်ပတ်လေတော့သည်။

…………………………….

ဇာတ်ထဲတွင် ပုဏ္ဏားက ဇာတ်လိုက်ကို ရက်စက်လွန်းရာမှ ပြောင်းဖူးတိုရော၊ အုတ်နီခဲကျိုးတွေပါ ဝဲပျံလာသည့် ကိန်းနှင်နှင်တည်း။ စစ်အာဏာရှင်တို့ကား ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် ဟုတ်ဟုတ်နှင့် တဟုတ်တည်း ဟုတ်နေရာမှ ဟုတ်ကနဲ ငြိမ်းမည့် အတိတ်နိမိတ်အဖြစ် ဓနုတ်ဘုရားကြီးကပင် မိဖုရားကြီးကိုယ်တော်တိုင် တင်လှူသော ထီးတော်ကို ကိုယ်တော်တိုင် မြေခအောင် ခါချသည့် အဖြစ်သို့ တိုင်သတည်း။

…………………………..

ဤအချိန်၊ အနှီအချိန်၌ မင်းတရားကြီး၏ အရူးဘက်တော်သားတို့ သခင်အားရ ကျွန်ပါးဝ၊ မြွေပူရာ ကင်းမှောင့် ဆတ်ဆတ်ထိမခံ တုံ့ပြန်ပုံတို့ကား လွန်စွာစိတ်လေ ဖွယ်ကောင်းလှ ပါဘိတောင်း။ ဆွဲခန့် နိုင်ငံခြားရေးဝန်ကြီး ပီသလှသော ဦးဉာဏ်ဝင်းက ယက်တော အမှုသည် အတိုက်အခံတို့ လက်ချက်ဆိုသတည်း။ အတိုက်အခံတို့ လက်ချက်မှန်ပါက တမျိုးသားလုံးအရေး ဤမျှလောက် အရေးကြီးနေချိန်တွင် အမှုမဖွင့်ဘဲ နေယုံမဟုတ်တုံ လော။ အတိုက်အခံတို့ ဓားခုတ်ရာကို အစိုးရက မင်းများက ဘာကြောင့် လက်ဝင်လျှိုရပါသနည်း။ စိတ်လေဖွယ် ကောင်းပေစွ။

…………………………..

စိတ်လေစရာကား ဤတွင် မရပ်သေး။ ရဲမြင့်အောင် အမည်ရှိ ကောင်စစ်ဝန်မင်းက သဘောက်မသား လေသံဖြင့် စုံထောက်လော၊ ရည်းစားလော ဟူ၍ ဟောင်ကောင်တွင် နေသူပီပီ ကျယ်ကျယ်လောင်လောင် အိပ်ရေးပျက်လောက်အောင် အသံပေးပြန်လေ၏။ ကိုယ့်ကျင့်တရား ဟူသည်ကို စကောလောက်ရှိသော စာလုံးများဖြင့် ရေးပြလျှင်ပင် နားလည်အံ့မထင်ချေ။ ဘယ်သို့လျှင် ကောင်စစ်ဝန် ရာထူးကို ရလေသနည်း။ ပြည်တွင်းမှ ကြံ့ဖွံ့ငမိုက်သားများကို ဝါးရင်းတုတ်သင်တန်း ပေးစေခဲ့သော ဉာဏ်ကြီးရှင်မင်းတရားသည် ပြည်ပမှ ကောင်စစ်ဝန်ကိုလည်း “ယုတ်ရင်ပြီးရော ဆဲသာဆဲ“ ဟု လက်ချာရိုက်လိုက်လေသလော။ ကျွန်ုပ်ကား ယင်းတို့အစား ရှက်လွန်းလှသည်ဖြစ်ရာ။ ဘိုင်းကနဲ၊ လဲသေချင်စိတ်သာ ပေါ်တော့၏။ အလေကြီး လေရန် ကောင်းလေစွ။

………………………….

ထို့ပြင်တဝ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဘိုအေးမြင့်ကလည်း နိုင်ငံတကာ အစည်းအဝေးတွင် ဒေသဆိုင်ရာ လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း သဟောက်သဟမ်း လုပ်ပြန်လေ၏။ ဘယ်စကား ဘယ်ရောက်၍၊ မိမိပြောသော စကားအနက်ကိုပင် မိမိသိဟန်မရှိချေ။ အရည်အချင်းနှင့် ရလာသော ရာထူးမှ ဟုတ်ပါလေစ။ “ချဲသာ ချဲကွာ ဘာဖြစ်ဖြစ်“ မြန်မာ့ရေမြေ့ရှင်က မှာဟန်တကား။ စိတ်လေစရာပင်တည်း။ မျက်လှည့်ဆရာ စစ်ဝါဒီတို့ကား ဝိုင်းကြည့်နေသော ပရိသတ် တယောက်မကျန် လိမ်မှန်း အထာပေါက်နေလင့်ကစား လိမ်ပွဲရှေ့သို့ ဆက်မြဲဆက်ရန်၊ ကြံမြဲကြံလျက်ပေတကား။

…………………..

ဘာသားနှင့်မျှ ထုထားသည် မဟုတ်လေသော၊ လူသာမန် ကျွန်ုပ်သည်လည်း ဤဖြစ်ရပ်အပေါ် မခံနိုင်လွန်းသည်ဖြစ်၍ အများနည်းတူ မိုးခါး ရေသောက်၊ မဟာမြန်မာ သွေးပီပီ၊ ဘင်လာဒင်ထုံး နှလုံးမူလျက် တတိုင်းပြည်လုံးကို မီးတင်ရှို့ရန် ရွှေဉာဏ်တော် စူးရောက်ပြီး သကာလ ဘလော့ပေါ်တွင် လူတွင်ကျယ် လုပ်မိလေရာ အမည်မဖော်ရဲသူ မေတ္တာရှင်တဦးက ကျွနုပ်ကိုရော မှတ်ချက်ပြုသူများကိုပါ ပါးတန်းစီရိုက်လိုကြောင်း မှတ်ချက်ပြုပြန်လေ၏။ တန်းစီနှင့် ပါးရိုက် စကားလုံးနှစ်လုံးကြောင့်ပင် စတာလင် မြေရောက် ဒေါ်လာ ၂ဝဝ စား စစ်မျိုးဆက်သစ် ကလေးမှန်း လွန်စွာ သိသာလေသည်။ အလေမရပ်ခင် ထပ်၍ လေရပြန်လေ၏။

လေခြင်းသည် ဒေါသအဖြစ်သို့ ပြောင်းလေတော့သည်။ စင်စစ် ကျွန်ုပ်မှာ သူ့ဦးရီးဖခင် အရွယ်ဖြစ်သောကြောင့် သကောင့်သားကား ကံကြီးထိုက်သူတည်း။ ဇရာပိုင်း ဝင်လာနေလင့်ကစား နတ်မောက်သွေး ဆြာမင်းဒင်၏ စိတ်တွင် အဆိုပါ ဗိုချွတ်စကီးထံ လေယာဉ်လက်မှတ်ပို့ကာ၊ အီဂျစ်နှင့် အင်္ဂလန် နိုင်ငံခြားသာမက ဗင်နီဇွဲလားတွင်ဖြစ်စေ ကြိုက်ရာ တိုင်းပြည်မှာ ချိန်းဆိုလျက်၊ ဝမ်းဘိုင်ဝမ်း ဖိုက်တင် ပလေးလိုစိတ်ပင် ပေါက်လောက်အောင် စိတ်လေ လေ၏။

………………………..

ထိုထိုဤဤသော လေခြင်း၏ အဆုံးတွင် ကျွနုပ်၏ စိတ်အတွေးအာရုံဝယ် အဘယ်အကြောင်းကြောင့်လျှင် ဤကမ္ဘာမြေအပြင်၌ နည်းပညာခေတ်၊ ကမ္ဘာ့ရွာခေတ်ကြီးတွင် မြန်မာဟူ၍ပင် မပြောဝံ့လောက်အောင် အရှက်မဲ့စွာ ပြုမူကြပါလေသနည်း။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်မှသည် ယနေ့တိုင် မြန်မာဖြစ်ရသော ဒုက္ခကား ကြီးလေစွ။ ယင်းသို့လျှင် အရှက်တကွဲ အကျိုးနည်းရသော ဖြစ်ရပ်တို့၏ လက်သည် တရားခံသည် အဘယ်အရာနည်း။ မည်သို့သော အကြောင်းရင်းခံသည် မြန်မာပြည်ကြီးကို ဆက်တိုက် ဆုတ်ယုတ်စေခဲ့ပါသနည်း။ အကြိမ်ကြိမ်စေ့ငုလျက်၊ ရုပ်ရှင်ဖလင်ကို နောက်ပြန်ရစ်ကာ ကြည့်ဘိသကဲ့သို့ သမ္မာသင်္ကပ္ပမိသည်၏ အဆုံး၌ သူရိန်နေမင်းသည် အရှေ့ဗြုဗ္ဗာမှ ထွန်းလင်းလာသကဲ့သို့လည်းကောင်း၊ အမိုက်တိုက် တိမ်ထုကို ဖြိုခွင်းလေသော စန္ဒာလမင်းကဲ့သို့လည်ကောင်း၊ အသိဉာဏ်တွင် ဝင်းကနဲ လက်ကနဲ ပေါ်လာခဲ့လေသည်ကား …..

ယက်ထောအစ၊ ဒီပဲယင်းက ဒီပဲယင်းအစ၊ စစ်ဝါဒပေတည်း။ အဓိက လက်သည်တရားခံကား စစ်ဝါဒဆိုးကြီး ဖြစ်သည်ဟူသတည်း။

…………………………..

နောက်ကြောင်းကို အနည်းငယ်ကောက်ကြပါအံ့။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးတိုက်ပွဲကာလ စွမ်းဆောင်မှုတို့ကြောင့် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်ခဲ့၏။ မြန်မာ့သွေးကို နှမပေးချင်သူတို့လည်း မရှား။ ဤမှသည် ပြည်တွင်း ဆူပူသောင်းကျန်းမှု၊ တရုတ်ဖြူကျူးကျော်မှု၊ အာဏာရပါတီ၏ ဦးဗိုလ်သခင် အက်ကြောင်းများမှသည် စစ်တပ်သည် အကွဲတွင် ဂွကောင်းကို တက်ထိုင်ကာ အာဏာယူသော အလေ့တွင် ကျယ်လာပြီး စစ်ဝါဒ ခေါင်းထောင်လာလေတော့သည်။ တိတိကျကျ အားမနာစတမ်း ပြောရလျှင် တပ်မတော်ခေါင်းဆောင်ကြီး ဘိုနေဝင်းက မြန်မာပြည်အလုံးကို သိမ်းကြုံးစိုးစံသည်မှ တိုင်းပြည်ပျက်ကိန်း စလေတော့သည်။

…………………………..

ကိုယ်တိုင်မှတ်မိသမျှ တဆင့်ဖောက်သည်ချရသော် စစ်အာဏာသိမ်းပြီးစ ၁၉၆၃ တွင် ပါလီမန်အငွေ့အသက်၊ မကုန်သေးချေ။ ကျွနုပ်ကိုယ်တိုင် ပြည်သူ့ဆိုင်တွင် ဂါလံပုံးကိုင် တန်းစီခဲ့ဖူးသောကြောင့် ရေနံဆီတဂါလံ ပြား ၆ဝ၊ မီးဒုံး၊ ငကျွဲ တပြည် ၆၅ ပြားသာဖြစ်ကြောင်း မှတ်မှတ်ရရ ရှိနေ၏။ ထိုမှသည် မဆလခေတ် ရောက်ခဲ့ရာ စစ်ဗိုလ်ဟောင်းတို့ ကောင်စီအဆင့်ဆင့်၊ ယူနစ်ကော်မတီဝင်များ ဖြစ်လာလေ၏။ လူငယ်မှန်သမျှ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဖြစ်ကုန်ကြလေ၏။ စာအုပ်ပြာပါ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား၊ စကားလုံး၊ စကားရပ်တို့ကို အဓိပ္ပာယ် စိုးစေ့မျှတွင်တွင်ကြီး သုံးစွဲကြလေ၏။ ဆိုက်ကားသမားတို့ တရားသူကြီး ဖြစ်လာလေ၏။

ရီစရာ အပြောင်အပျက်အဖြစ် ပြက်လုံးတခုပင် ပေါ်ခဲ့လေရာ မှတ်မိနေသေး၏။ “တရားခွင်တွင် ရုံးထိုင်နေသော တရားသူကြီးက တရားခွင်မှ ရုံးအပြင်သို့ ခဏခဏ ကြည့်လျက်နေရာ ရှေ့ဖတ်စာရေးက တရားသူကြီး ဘာများ ကြည့်သလဲ မေးသည်ဟူ၏။ ဤတွင် တရားသူကြီးက သူ့ဆိုက္ကား ပျောက်မှာစိုး၍ဟု ဖြေသတည်း။ အူကြောင်ကြားခေတ်ကြီးကို ဇာတ်ပေါင်းသော် နောက်ဆုံးရလဒ်ကား မြန်မာပြည်ကြီးသည် တကမ္ဘာလုံးတွင် အဆင်းရဲဆုံးနိုင်င်ငံများအုပ်စုတွင် စာရင်းပေါက်ရခြင်းပင်။

……………………………….

၁၉၈၈ သို့ တိုင်သော် တတိုင်းပြည်လုံး ဆူပူကန့်ကွက်ကြလေ၍၊ တိုင်းပြည် ဖရိုဖရဲ ဖြစ်လေ၏။ ဦးစိန်လွင်၏ အခါပေးဆရာမြိုင် ကျောင်းသား ၅ ထောင် သတ်လိုက်ရင် တိုင်းပြည်အေးမည်ဆိုကာ သတ်၏။ နောက်ဆုံး မဆလပါတီ နိဂုံးချုပ်လေရာ၊ ထိုအချိန်တွင် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်ဆိုကာ တပ်မတော်ကြီးက အာဏာကို ယူပြန်လေ၏။ (ဤနေရာ၌ ခြွင်းချက်အားဖြင့် မြန်မာ့ဒီမိုကရေစီရေး ဘက်တော်သားတို့ အာဏာအကြောင်း နားမလည်မှုသည်လည်း အားနည်းချက်အဖြစ် ဝန်ခံရမည်ဖြစ်၏။) နောက်ဆက်တွဲ ရလဒ်ကား စစ်ဗိုလ်ချုပ် မှန်သမျှ မီလျံနာ ဖြစ်ကုန်၏။ ဗိုလ်မှန်သမျှ အခွင့်ထူးခံ ဖြစ်လာ၏။ စစ်တပ်သည် လူထုနှင့် ကင်းကွာလာ၏။ တိုင်းပြည် ချစ်သူမှန်သမျှ ထောင်ထဲရောက်ကြကုန်၏။ ထိုင်း၊ မလေးနှင့် စင်္ကာပူတို့တွင် မြန်မာတို့ သန်းနှင့်ချီကာ ကျွန်သံသရာ လည်ကုန်ကြ၏။ ဝါးရင်းတုတ်ကိုင် လူမိုက်တို့ ခေတ်ကောင်းလေ၏။ မကြားဖူးသော နှစ်ရှည်ထောင်ဒဏ်တို့ ပေါ်လာလေ၏။ အဝေးထောင်ပို့စနစ် ထောင်ဝင်စာ ပိတ်ပင်သော စံနစ်တို့ ပေါ်လာ၏။ ငါနှင့်မတူ ငါ့ရန်သူဝါဒ ထွန်းကားလာလေ၏။

……………………………..

နောက်ဆုံးတွင် မဟုတ်တာမှန်သမျှ အကုန်လုပ်တော့၏။ ယနေ့ ဘယ်ပုံဆိုက်နေသည်ကို အများသိပြီးဖြစ်၍ အကျယ် မရေးလိုတော့ပြီ။ နိဂုံး ကောက်ချက်ဆွဲရသော် စစ်ဝါဒကြီးကြောင့် အာဏာရှိသူတို့ သိက္ခာတပြားသားမျှ မရှိဘဲ နေပြည်တော် ပလ္လင်ထက်တွင် မြိန့်မြိန့်ကြီး လူညွန့်တုံးလျက် ရှိ၏။ အဖိနှိပ်ခံ ပြည်သူတို့က စားခွက်ပျောက်ကာ လူညွန့်တုံး လျက်ရှိ၏။ ပြည်ပရောက် မြန်မာတို့ကား အလိုလိုနေရင်း အမျိုးယုတ်စာရင်း ဝင်လျက် လူညွန့်တုံး၏။ တတိုင်းတပြည်လုံး၊ ပြည်တွင်းပြည်ပ မြန်မာပြည်ဖွား မှန်သမျှ စတိုင်မျိုးစုံနှင့် လူညွန့်တုံးနေကြလေ၏။ ဤဘဝမျိုးဖြင့် ရှေ့ဆက် အသက်ရှင်နေကြရတော့လေမည်လော။

၂ဝ၁ဝ မှာ ဘာဖြစ်လေမည်နည်း။ စနစ်ဆိုး မပျောက်သရွေ့၊ လမ်းစဉ်မပြောင်းသရွေ့ ဖွတ်သထက် ညစ်ရန်သာတည်း။

မြန်မာ့ထွက်ရပ်လမ်းသည် တကြောင်းတည်းသော လမ်းဟူ၍ ကျွန်ုပ် ယုံကြည်သည်။ စနစ်ဆိုးကို ရိုက်ချိုးဖျက်ဆီး ကြရုံမှတပါး အခြားမရှိချေ။ တိုက်ပွဲမပါဘဲ ခေတ်တခေတ်ကို ဖြတ်နိုင်သည်ဟူ၍ ကျွနုပ် မကြားဘူးချေ။ ပြောက်ကျားစစ်ကိုသော်လည်းကောင်း ပြင်ဆင်သင့်သည်ကို ကျွန်ုပ် သဘောတူသည်။ လူးလွန့်လှုပ်ရှား၍ မရသော အချိန်ကာလတို့ ကုန်ဆုံးပေတော့မည်။ စစ်ဝါဒဆိုးကြီးလည်း ပြိုခါနီး အရူးမီးဝိုင်း နေချိန်တွင် အားကုန်စိုက်ထုတ် ရုန်းကန်ကြရမည် မဟုတ်လေသလော။ ကျွနုပ်ကိုယ်တိုင်နှင့်တကွ များစွာသော မြန်မာတို့၏ အကျင့်ဆိုး၊ အကျင့်ဟောင်း မှန်သမျှ ခဝါချကြရမည့် သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီး တပြိုင်တည်း စွန့်လွှတ်ကြရမည့် အချိန်တည်း။

……………………………

တကမ္ဘာလုံး ပြောင်းလဲနေချိန်တွင် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့ကို မေ့လျော့လျက် ငါ့ တပ်မတော်အတွက်သာ ကာလလေးမြင့်စွာ ရပ်တည်ခဲ့ကြသော တပြားသားမှ သိက္ခာမရှိတော့ဘဲ ကိုယ်အမျိုးကိုယ် ညှဉ်းနေဆဲဖြစ်သည့် စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်း တို့သည်လည်း လူလိုနေရရေး မြန်မာ့ဒီမိုကရေစီ တိုက်ပွဲဆီသို့ မျက်နှာမူသင့်သော အချိန်တည်း။ မျိုးရိုးမတိမ်အောင် ကြံဆောင်သင့်ချိန်တည်း။ ထိုသို့လျှင် ဥမင်လိုဏ်ခေါင်းများ အတွင်းမှ အနီးကပ်ဆုံး ပြည်သူရန်သူတို့ကို ချေမှုန်းပါမူ၊ ကောင်းလှောင့်တေး ကောင်းလှောင့်တေး ဂွတ်စွ ဟုတ္တာဟု ဥဒါန်းကျူးလျက် ကျွန်ုပ်ကို ပါးနားရိုက်ချင်သော တူတော်မောင် ဖြစ်စေဦး၊ ၎င်း၏ နောက်တော်ပါးမှ ထီးဖိနပ်ထမ်းရန် ကျွန်ုပ် အဆင်သင့်ရှိပါ၏။

ထို့သို့ မဟုတ်မူဘဲ လူထုလွတ်မြောက်ရေး တိုက်ပွဲကို ကျောခိုင်းကာ စိန်စီသော သတို့သမီး မိသားစုဘက်မှ ကြောင်တောင်ကန်း ရပ်တည်နေသော စစ်ဗိုလ်စစ်သားတို့နှင့် ဓားကို ဓားချင်း၊ လှံကိုလှံချင်း သာမက၊ ခြေမကို ကုန်းကိုက်ရန်အထိပင် အဆင့်သင့်ရှိနေကြောင်း ကြေညာမောင်းခတ်သည်ဆိုပါမူ ကျွနုပ်သည် မစ္စတာ ဝီလျံယက်ထော ကဲ့သို့ စိတ်ပေါ့သွပ်သူဟု ဆိုလေမည်လော။ ။

http://www.mizzimaburmese.com

Saturday, June 20, 2009

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအဖမ်းခံရ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  ပတ်တလင်းဂျာရာ အမ်းကော့မောအနီး ပန်းခြံတွင်း၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်၏ ခြောက်ဆယ့်လေးနှစ်မြောက် မွေး နေ့ ပွဲအခမ်းအနားကို 19. 6 . 2009 တွင် မလေးရှားအတိုက်အခံပါတီParkatan Rakyat (PKR) - People Justice Party မှ ကြီးမှူး၍ပြုလုပ်ခဲ့ပြီး မြန်မာအဖွဲ့အစည်းများအားလည်း အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ အခမ်းအနားမှာ ည ၈ နာရီမှ ည ၁၀ ထိဖြစ်သည်။

အခမ်းအနားမစတင်မီမှာပင် မလေးရှားအာဏာပိုင်များမှ အရပ်ဝတ်များဖြင့် ရောက်ရှိလာကာ အခမ်းအနားအနီးတ၀ိုက်ရှိ လူများအား စစ်ဆေးမေးမြန်းမူများ စတင်ပြုလုပ်ခဲ့သည်။ အချိန်အနည်းငယ်အတွင်း၌ပင် အာဏာပိုင်များသည် ယူနီဖောင်းဝတ်များဖြင့်ထပ်မံရောက်ရှိလာပြီး ပီကေအာရှိ တာဝန်ရှိသူများဖြင့် စစ်ဆေးမေးမြန်းမူများထပ်မံပြုလုပ်ခဲ့ကြသည်။

ထို့နောက် နာရီဝက်ခန့် အကြာတွင် ရောက်ရှိနေကြပြီးဖြစ်သော မြန်မာအဖွဲ့အစည်းများမှ တက်ရောက်လာကြသူ အားလုံးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ မလေးရှားလူမျိုးများကို ဖမ်းဆီးခြင်း မရှိခဲ့ပေ။ အများစုမှာ ဖမ်းဆီးမှု သတင်းကို ကြားသည့်အတွက် လမ်းတ၀က်ကပင် လှည့်ပြန်သွားခဲ့ကြသောကြောင့် အဖမ်းခံရမှုမှ လွတ်မြောက်ခဲ့ကြသည်။

ယင်းအခမ်းအနားသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ဆုတောင်းသည့် အခမ်းအနားတခုသာဖြစ်ပြီး အတိုက်အခံပါတီခေါင်းဆောင် ဒေါက်တာ ၀မ်အာဇီဇာ လာရောက် စကားပြောကြားမည်ဟု သိရပါသည်။

အဖမ်းခံရသည့်သူများမှာ အဖွဲ့ အစည်းများမှ ခေါင်းဆောင်များဖြစ်ကြပြီး သူတို့ ကိုဖမ်းဆီးထောင်ချမည်ဆိုပါက မလေးရှားနိုင်ငံအတွင်း မြန်မာ့ ဒီမိုကရေစီအင်အားစုအဖွဲ့ များ အင်အားယိမ်းယိုင်သွားနိုင်ဖွယ်ရှိပါသည်။

သို့ ပါ၍ ဤအဖြစ်အပျက်အား ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မီဒီယာများက မလေးရှားအစိုးရအား ၀ိုင်းဝန်းဖိအားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

အဖမ်းခံရသည့်လူများနှင့် အဖွဲ့ အစည်းများစာရင်း

၁။ ထက်အောင်ရှိုင်း NLD
၂။အောင်ကျော်သူ NLD
၃။ အောင်သူရ NLD
၎။ ငြိမ်းချမ်း NLD
၅။ ကိုကိုဝင်း NLD
၆။ အောင်ကျော် NLD
၇။ကျော်ကိုကိုကျော် NLD(Youth)
၈။ ဆန်းဝင်း bwrpc
၉ ။ ကိုမင်းသိမ်း dpns
၁၀။ သန်းဦး ARRC
၁၁။ သန်းထွန်းအောင် ARRC
၁၂။ တော်မီမြတ်ဦး
၁၃။ ကျော်ကျော် ARRC
၁၄။ ပြည့်ဖြိုးနိုင် ARRC
၁၅။ ထင်ကျော် BWRPC

Sunday, June 14, 2009

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်ရောက် မြန်မာတိုင်းရင်းသားများမှ ၆၄နှစ်မြောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပ


အမေရိကန် အနောက်အလယ်ပိုင်း ပြည်နယ်တခုဖြစ်သည့် Iowaပြည်နယ် Des Moines မြို့တွင် မြန်မာ့အရေး လှု ပ်ရှားတက်ကြွသည့် ညီညွတ်သော မြန်မာတိုင်းရင်းသားများအဖွဲ့မှ ဦးဆောင်ကာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၁၄ရက်၊ တနင်္ဂနွေနေ့ ညနေ ၅နာရီမှ ည၈နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

မွေးနေ့ပွဲကျင်းပရာ Des Moines မြို့ စည်းဝေးခန်းမသို့ ကရင် ကယား ကရင် ချင်း မွန် မြန်မာ ရခိုင် ရှမ်း အစရှိသော တိုင်းရင်းသား အသီးသီးအပြင် နီပေါလ် ဘူတန် လာအို အစရှိသော မြန်မာ့အရေး စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ အပါအ၀င်၂၀၀ခန့် တက်ရောက်ကြပါသည်။

ထို့အပြင် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော် Iowa ပြည်နယ် အစိုးရ အရာရှိ အာရှလူ့ခွင့်အရေး မြင့်တင်ရေးဆိုင်ရာဋ္ဌာနမှ Mrs. Cyndi Chen ကိုယ်တိုင်တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း အမှာစကားပြောကြားသွားခဲ့ပါသည်။ သူမ ပြောကြားရာတွင် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်အနေဖြင့် မွေးနေ့ပွဲကို ကိုယ်တိုင် ပါဝင်ခွင့် မရခြင်းကို အင်မတန်မှ စိတ်မကောင်းဖြစ်မိပါကြောင်း နောင်လာမည့်မွေးနေ့တွေမှာ သူမကိုယ်တိုင် ပျော်ရွှင်စွာ ပါဝင် ဆင်နွဲနိုင်ပါစေဟု ဆုတောင်းပေးပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်များ အသီးသီးမှ မွေးနေ့သ၀ဏ်လွှာ ပေးပို့ရာတွင် ယ္ခုမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေးပြဿနာများစုမှာ ပြည်သူက လေးစားအားထားသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှသာလျှင် ပြေလည်မည်ဖြစ်ပါကြောင်း၊ ယ္ခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို မတ၇ား အမူဆင် ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်းက မြန်မာ့နိုင်ငံရေးပြဿနာကို ပိုမိုပြီး ဆိုးရွားစေကြောင်း စသည်ဖြင့် တိုင်းရင်းသား ကိုယ်စားလှယ်များမှ သ၀ဏ်လွှာများကို ဖတ်ကြားသွားခဲ့ကြပါသည်။

ထို့အပြင် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သို့ ကြွရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များမှ မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာများအလိုက် ဆုတောင်းမေတ္တာပို့သခြင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များမှ မွေးနေ့ကိတ်လှီးခြင်းအပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျာများကိုလည်း ဖတ်ကြားသွားခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးမင်းစိုးမြတ်က မြန်မာ့အရေးကို Iowa State အစိုးရအနေဖြင့် ပိုမိုထိရောက်စွာ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားအောင် အထူးဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

အခမ်းအနားကို တက်ရောက်လာသူ အားလုံးက ကမ္ဘာကျော်အဆိုတော် Paul McCartney ၏ Freedom သီချင်းအား ဝိုင်းဝန်း သီဆိုကာ ည ၈နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

သတင်းပေးပို့သူ ခေမာနန္ဒ
Khaymarnanda@gmail.com
Posted by Picasa
IOWA UNITED TRIBES OF BURMA
(DES MOINES, IOWA)
FOR IMMEDIATE RELEASE:
JUNE 11, 2009

Contact:
Zaw Myo Lwin
(515) 468-8215
zawmyolwin@yahoo.com

64th Birthday of 1991 Nobel Peace Prize Laureate Dr. Aung San Suu Kyi

Des Moines - Dr. Aung San Suu Kyi was born in Rangoon on June 19th, 1945 to Burma’s independence hero and national leader General Aung San (Assassinated in July 19th 1947) and Daw Khin Kyi. She was educated in Burma, India and the United Kingdom. While studying at Oxford University, she met Michael Aris, a British citizen who she married in 1972. They had two sons, Alexander and Kim.

Aung San Suu Kyi life was simply start with losing a politician father and living outside the country after her mother has appointed as an ambassador to India and Nepal in early 1960s. She graduated Bachelor of Arts in philosophy, politics, and economics. In addition, joins UN secretariat as Assistant Secretary for Advisory Committee on Administrative and Budgetary Questions.

She had returned to Burma to nurse her dying mother and immediately plunged into the country’s nation wide democracy uprising in 1988. 26 years long, Burma Socialist Programme Party stopped by that, but military reestablished and formed the military regime by killing thousands. She had insisted with calling a democracy government and formed National League for Democracy (NLD) party.

Her mother Daw Khin Kyi, died at the age of seventy-six on December 27th 1988. Aung San Suu Kyi vows as her father and mother had served the people of Burma, so she would even unto death.

Aung San Suu Kyi has been in and out of arrest ever since. She was under house arrest from 1989 to 1995 and from 2000 to 2002. The regime’s militia attacked her in May 30th 2003, up to one hundred people were dead and she was under house arrest again.

After 6 years under house arrest, she was been taking to notorious Insein prison in Rangoon by accusation of breaching the terms which refer to an intruded American citizen. John William Yettaw, who swam across near by lake to her house and stayed for two days in early 2009 May.

She has won numerous international awards, including the Nobel Peace prize (1991), the Sakharov Prize (1991) from the European Parliament, the United States Presidential Medal of Freedom (2000) and Congressional Gold Medal (2008). She has called on people around the world to join the struggle for freedom in Burma, saying, “Please use your liberty to promote ours.”

Temporarily founded the Iowa United Tribes of Burma in Des Moines had planned to hold becoming anniversary birthday of 64 years old, Aung San Suu Kyi to fulfill her wishes as promptly promoting and raise her voice echoes in above. Same as many more millions people around the world worriedly watch on her facing unforeseen injustice trial result, the Burmese people have gather and try to make a powerful wishes for her happily freedom before the birthday June 19th. The ceremony will be start evening 5pm to 7pm at Polk County Hall, River Place 2309 Euclid Ave, Des Moines on Sunday, June 14th.

As to hope is to believe, to believe is to pray would never be fail. The Burmese people live in Des Moines, have put their voices for a silence nation; Burma to get free with its beloved Aung San Suu Kyi by peace, justice and rights from their united hearts in that day.

And renown totally, the City of Des Moines, would have been recognize a woman’s lonely struggles to free from all fear and her truly effort for being deliver a genuine democracy in which deserted land by unbelievable courage.

-8888-
(The only real prison is fear, and the only real freedom is freedom from fear. -Daw Aung San Suu Kyi)

Thursday, June 4, 2009

ကျေးဇူးတင်ပါတယ်

မိတ်ဆွေများကို ကြိုတင်အသိပေး ဖိတ်ခေါ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်မယ်လို့ ပြည်ထောင်စုဘွား တိုင်းရင်းသားအားလုံးက လက်ခံထားသူ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (ဇွန်လ ၁၉ရက် ၂၀၀၉ခုနှစ်)မှာ ကျရောက်မယ့် ၆၄နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ အခမ်းအနားကို (ဇွန်လ ၁၄ရက် ၂ဝဝ၉၊ တနင်္ဂနွေ)နေ့
ဒီမွိုင်းမြို့ခံ မြန်မာတိုင်းရင်းသားများက ကိုယ်စားပြု ကျင်းပဖို့ ရှိတာကြောင့် မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားသွေးချင်းတွေကို ကြိုတင်အသိပေး ဖိတ်ကြားလိုက်ပါတယ်။ မည်သူမဆို ကြွရောက် အားပေးချီးမြှင့်စေချင်ပါတယ်။
Date: June 14th 2009 (Sunday)
Time: 5pm to 7pm
Place: Polk County Hall
River Place, 2309 Euclid Ave, Des Moines, IA 50309

Monday, June 1, 2009

နှစ်ထောင့်တစ်ဆယ် သို့ ရက်ပေါင်း နှစ်ရာတစ်ဆယ့်သုံး

နှစ်ထောင့်တစ်ဆယ် သို့ ရက်ပေါင်း နှစ်ရာတစ်ဆယ့်သုံး
Sunday, May 31, 2009

ကျွန်ုပ် တုတ်ကြီးသည် နိုင်ငံရေးခေါင်းဆောင်တယောက်မဟုတ်။ ပညာဟုတ်တိပတ်တိ တတ်လှသည်မဟုတ်။ လုပ်ချင်ရာလုပ်သလို နေချင်ရာနေတတ်သည့် လူတယောက်ဖြစ်ကြောင်း ကနဦးအသိပေးလို၏။ သို့ သော် တုတ်ကြီးသည် အမိမြန်မာ အဖမြန်မာမှ မွေးဖွားသော မြန်မာပြည်သူတယောက် ဖြစ်၏။ ထို့ ကြောင့် ပြည်သူတယောက်အနေဖြင့် ပြည်သူတယောက်၏ အမြင်အား တင်ပြ ခြင်းသာဖြစ်၏။ ရှင်းရှင်းကလေးပင်။ ထိုအချက်အလက်များအား လက်ခံမှသာလျှင် သင့်အနေဖြင့် ဆက်လက်ဖတ်ရှုသင့်ကြောင်း အသိပေး မေတ္တာရပ်ခံပါ၏။ ဂရုစိုက်သည် မစိုက်သည်က ကိုယ်တော်တို့ ၏ ကိစ္စဖြစ်ပေသည် ဆိုသည်ကိုလည်း ကျွန်ုပ်အနေဖြင့် ကောင်းကောင်း အသိအမှတ်ပြုပြီးဖြစ်ပါကြောင်း.....

မျှော်လင့်ခြင်းဖြင့် မူးယစ်ခြင်း

တောင်းကြ၏။ မေတ္တာရပ်ခံကြ၏။ ဟုတ်ပြီ။
လက်မှတ်များစွာလဲ ထိုးလိုက်ကြ၏။ တင်လိုက်ကြ၏။

နအဖ စစ်အာဏာရှင်အား တကမ္ဘာလုံးက ရှုံ့ ချကြ၏။ ဒါက သိပ်ထူးဆန်းလှသည့်ကိစ္စ မဟုတ်တော့။ ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ မှလည်း စာထုတ် အပြစ်တင်၏။ နိုင်ငံတကာရောက် မြန်မာပြည်ဖွားတို့လည်း တတ်နိုင်သည့်နည်းပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း စစ်မှန်သော ဒီမိုကရေစီတိုင်းပြည်တရပ်ကို လိုလားကြောင်း နအဖသံရုံးများ ကုလသမဂ္ဂရုံးများ ရှေ့ မှောက် ဆန္ဒပြ ကြွေးကြော်ကြ၏။ တိုင်းပြည်တွင်းမှ ပြည်သူလူထု တရပ်လုံးမှာလည်း ခံပြင်း ဒေါသထွက်ကြ၏။

တပ်မတော်အတွင်းမှ ပြည်သူလူထု ကိုစာနာသော ဒေါ်အောင်ဆန်းစုကြည်ကို လေးစား မြတ်နိုးသော တပ်မှူး တပ်သား ရဲဘော်အပေါင်းတို့လည်း မီးစင်ကြည့်ကနေရင်း ရင်တမမဖြင့် အခွင့်အခါကောင်းကို စောင့်မျှော်နေကြ၏။ ဤနေရာတွင် အာဆီယံအဖွဲ့ အစည်း ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်နှင့်အတူ အီးယူအဖွဲ့ အစည်း၊ အမေရိကန်၊ ကုလသမဂ္ဂတို့၏ အသံကို ဆန်းစစ်လေ့လာကြည့်ရမည် ဆိုလျှင်။

ကမ္ဘာ့ နိုင်ငံများအား ချဉ်းကပ်ခြင်းအကျဉ်း

တရုတ်ကတော့ ခပ်ပြောင်ပြောင်ပင်။ သူ့ ပြည်တွင်းရေးဖြစ်သည် မိမိတို့ဝင်မရှုပ်ဟူသော စကားတစ်လုံးဖြင့် လူကြီးလူကောင်းလိုလို လေသံပစ်ကာ ခေါင်းရှောင်၏။ တကယ်တော့ ထိုကဲ့သို့ ခေါင်းရှောင် စကားကို ပြောခဲ့သည့် တရုတ် အစိုးရသည် တရုတ်ပြည် တော်လှန်ရေးတွင် အသက်ပေးသွားကြသော ၄င်းတို့၏ ရဲဘော်ရဲဘက်များ၏ ရုပ်အလောင်းများကို တက်မုဒိန်းကျင့်လိုက်သည်နှင့် အတူတူပင်ဖြစ်သည့် ကိစ္စဖြစ်၏။

တရုတ် အစိုးရလောက်ဖောက်ပြန်သည့် ကွန်မြူနစ်အစိုးရ ဤကမ္ဘာပေါ်တွင်မရှိသေး။ ကမ္ဘာ့ အဖိနှိပ်ခံ အလုပ်သမားထုကြီးအတွက် အလုပ်အကျွေးပြုနေသည် ဆိုသော ကွန်မြူနစ်ဝါဒကို ၀ါသနာအရ ဖြစ်လာသည့် ဖာသည်မ ဓမ္မတာလာသည့် ဂါဝန်ဖြင့် အလံထူပြီး တရုတ်အစိုးရက အကြိမ်ကြမ် ဗလက္ကာရ တ၀ပြုကျင့်ရင်း နအဖ ဖာခေါင်းနှင့် အကြောင်းသင့်သောကြောင့် ဖောက်ပြန်ပါသည်ဆိုသည့် အရင်းရှင် နိုင်ငံများထက်ပင် ဖောက်ပြန်သည့် လုပ်ရပ်ဖြင့် တောက်လျှောက် မျက်နှာပြောင်နေခဲ့၏။

နယ်ချဲ့ လက်ပါးစေ၊ မြေရှင် ချစ်တီးတို့၏ ဇာတိသား၊ ရထားလမ်းမြင်လျှင် ဖင်မလှန်ပဲ မနေနိုင်သော ကုလားတို့ကလည်း နအဖ စစ်အာဏာရှင်ထံမှ ပေါချောင်ကောင်း အလကားနီးနီးရနေသော မြန်မာ့ သယံဇာတအရင်းအမြစ်တို့အတွက် နအဖ၏ ယုတ်ချင်တိုင်းယုတ် ရမ်းချင်တိုင်းရမ်းနေသော ကိစ္စရပ်တိုင်းအား တုံဏှိဘာဝေ သူနှင့်မဆိုင်သလို နေတတ်သလိုနေကာ ရသမျှ နှိုက်ယူ၏။

တောက်လျှောက် အမြဲတန်း နအဖဖက်က ရပ်တည်ကာ အမြတ်ထုတ်နိုင်သမျှ ထုတ်ဖို့ ရန်သာ စိတ်ကူးရှိသည့် အာစီယံနိုင်ငံများကတော့ ယခုအခါ အီးယူ၏ ဖိအား၊ ကမ္ဘာ့ဖိအားတို့ကြောင့်အပြင် အနည်းငယ် စောက်ရှက်ရှိပုံ ရသေးသော ထိုင်းဝန်ကြီးချုပ်၏ ကောင်းမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မတရား အမှုဆင် ဖမ်းဆီးသော နိုင်ငံရေးလုပ်ကြံမှုကြီးကို ပထမအကြိမ်အဖြစ် ပြစ်တင်ရှုံ့ချလိုက်ကြ၏။

အမေရိကားက ဟီလာရီတို့၊ အိုဘားမားတို့ ကလဲ ဒေါသတွေ ထွက်ပြနေကြ၏။ ဘန်ကီမွန်းဆိုသည့် မျက်မှေး ချဉ်ဖတ်သည် ကလည်း ကမ္ဘာကြီးနှင့် တလေသံထဲ ထွက်စေရန်သူ့ ခမျာ ကြိုးစားသေး၏။

ပကတိ ဖြစ်စဉ်အား ချည်းကပ်ခြင်းအကျဉ်း

ဘိုသန်းရွှေတို့  လေဒီ ဒန်ဒရိုဘီယံသိန်းစိန်တို့  ကတော့ မမှု။

တကယ်တန်း သူတို့ အနေနှင့် အာစီယံထဲမှ အချိန်မရွေးထွက်သွားနိုင်လောက်သည့် အနေအထားများရှိနေ၏။ နအဖ သည် ဆမူဆာနှင့် အီကြာကွေး ရှိနေသမျှ အထီးကျန်ဖြစ်မှာ သိပ်ဂရုစိုက်လှသည်မဟုတ်။ မြောက်ကိုရီးယား၏ အနုမြူစီမံကိန်းအတွက် ကုန်ကြမ်းရောင်းခြင်း၊ ရုရှား၏ အနုမြူ စီမံကိန်းများအတွက် ကုန်ကြမ်းရောင်းခြင်း၊ လောင်စာနှင့်စွမ်းအင် ဆာလောင်နေသော တရုတ်နှင့် ကုလားအား သဘာဝ အရင်းအမြစ်များ ရောင်းချခြင်းတို့ ကို လုပ်နေနိုင်သမျှ၊ နအဖ အနေဖြင့် နည်းနည်းမျှ မမှု။

အမေရိကန် ၊အီးယူနိုင်ငံများနှင့် ထိုင်းပါသော အာစီယံတို့က စာတွေထုတ်၊ ဒေါသတွေထွက်ပြ အပြစ်တွေ ပြောနေကြသော်လည်း တကယ်တန်းတော့ အမေရိကန်သည် နအဖ ထံမှ သွယ်ဝိုက်သောနည်းဖြင့် အကျိုးအမြတ်ရှိနေ၏။ အမေရိကန် အစိုးရအနေဖြင့် မြန်မာပြည်သူလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေးအတွက် အကျဉ်းကျခံနေရသော လွတ်မြောက်ရေးတိုက်ပွဲဝင်သူအပေါင်းအား စာနာပါလျှင် ၄င်းတို့ နိုင်ငံမှ ချယ်ဘရွန် ကုမ္ပဏီအား နအဖနှင့် ပူးတွဲလျှက် အကျိုးအမြတ် ရှာနေသည်ကို ချက်ချင်းရပ်တန်းကရပ်ရန် ဆောင်ရွက်ရမည်ဖြစ်သလို အီးယူအုပ်စုသည်လည်း တိုတယ် ကုမ္ပဏီကို မြန်မာပြည်တွင်းမှ ပြန်လည်ထွက်ခွာလာစေရန် လုပ်ဆောင်သင့်၏။

ပခြုပ်ဆိုင်စကားနှင့် ပြောရသော် အိုဘားမားသည်လည်း ကတုံးရိတ် ဦးထုတ်ဆောင်းလာသည့် အသစ်ကလေးသာဖြစ်၏။ တကယ်တော့ သူလည်း American interest ကို အထိခံကျော်လွန်ပြီး မြန်မာပြည်သူတွေ အတွက် စွမ်းစွမ်းတမံလုပ်မည့် လူမဟုတ်။ နအဖအနေဖြင့် American interest ကို တည့်တည့် ထိမှသာလျှင် ထိထိရောက်ရောက် တုန့် ပြန်မည့်သူ ဖြစ်သည်။

ကုလသမဂ္ဂသည်လည်း ကမ္ဘာ့ အခွက်အပြောင်ဆုံး ဗျူရိုကရက်များ၏ စုရပ်ဆုံရပ်ဖြစ်၏။ အားကိုးလောက်ဖွယ်မရှိ။ နအဖစစ်အာဏာရှင် အနေဖြင့် ထိုအရာအားလုံးအား ကောင်းကောင်းသိပြီးသား ဖြစ်၏။ နိုင်ငံတကာ ခုံရုံးတော်အထိ ဘိုသန်းရွှေနှင့် အပေါင်းပါများ၏ ကုတ်ကို ဆွဲပြီး ပို့ ဖို့ ဆိုသည့် ကိစ္စ စာရွက်ပေါ်မှာပင် အတည်ပြုနိုင်ဖို့ က ခက်နေသေး၏။ သို့ သော် သူတို့ လားရာလမ်းမှာ ထိုလမ်းကိုပင် ဆိုက်ဆိုက်မြိုက်မြိုက် ဖြစ်နေ၏။ သို့ သော် ယခု အခါသည်ကား ၂၀၀၉ ခုနှစ် ဂျွန်လ အတွင်းသို့ ရောက်ရှိလာပြီ ဖြစ်၏။ နအဖ ၏ ၂၀၁၀ ရွေးကောက်ပွဲသည်ကား ဘာမျှမလိုတော့။

ယခုအချိန်တွင် နအဖ စစ်အာဏာရှင်တို့ အား စားမ၀င် အိပ်မပျော်စေသော ကိစ္စသည် ၂၀၁၀ရွေးကောက်ပွဲ ဖြစ်၏။ တပ်မတော်သားများ ဖြစ်၏။ ပြည်သူလူထုကြီး ဖြစ်၏။ နအဖသည် ၂၀၁၀ကို ဖြစ်အောင်လုပ်မည် ဖြစ်၏။ ထိုသို့ ဖြစ်အောင်လုပ်သည့် လမ်းခုလတ်တွင် ၂၀၀၇ခုနှစ် အတွေ့ အကြုံကို ရရှိထားသော ရဟန်းရှင်လူ ပြည်သူလူထု၏ အုံကြွတော်လှန်မှု၊ တပ်မတော်တွင်း အုံကြွလာနိုင်မှု စသည့် အလားအလာများအား ၄င်းတို့လည်း ကောင်းကောင်း မြင်ကြ၏။

ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကလည်း နအဖ စစ်အာဏာရှင်အား ရိုဟင်ဂျာကိစ္စဖြင့် ကျပ်၏။ ရိုဟင်ဂျာတွေ ဘာဆိုသည်၊ ရိုဟင်ဂျာ၏ အရင်းအမြစ် ဘာဖြစ်သည်ကိုလည်း ၄င်းတို့ ကောင်းကောင်းသိ၏။ တရုတ်ပြည် ကျောထောက်နောက်ခံယူထားသော ၀ သ ပ လို အဖွဲ့အစည်းကလဲ ယခုအခါ သူတို့ ကိုယ်သူတို့ အစိုးရဟု တရားဝင် အမည်တပ်ကာ အမြဲတန်း တပ်မတော်တခုကို အခြေတကျ တည်ဆောက်ထားပြီး နအဖ၏ နယ်ခြားစောင့်တပ် မလုပ်နိုင်ဟူသော လေသံပစ်လာ၏။ ဓါးပြသာသာ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများ ကိုတော့ နအဖ က တကယ်တန်း ဂရုမစိုက်။ ယခုအခါ နအဖသည် အလောသုံးဆယ်တွက်ကာ ဂွင်ရိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးလိုက်မှုသည် ပြည်သူလူထုတရပ်လုံး၏ စိတ်နှလုံးကို ကြိမ်မီးအုံးအောင် လုပ်လိုက်ခြင်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ ၄င်းတို့ အနေဖြင့် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး အမြတ်ရလာစရာမရှိ။ ထို့ ကြောင့် ၄င်းတို့ အနေနှင့် လုပ်လာနိုင်သည်မှာ ၂၀၀၇ အရေးတော်ပုံအပြီး ချက်ခြင်း တက်သုတ်ရိုက် အာရုံပြောင်း၍ အခြေခံဥပဒေ အတုအယောင်အား အသက်သွင်းရေး လှုပ်ရှားမှုကဲ့သို့  ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော ကြေငြာချက် တစုံတရာ ထွက်လာနိုင်စရာ အကြောင်းရှိ၏။

အလံနီ လက်နက်ချ သုဝေနှင့် ပေါကြောင်ကြောင် အချောင်သမား ရဲထွန်းတို့  ကဲ့သို့ သော ခွေးမသားကြီးများ အနေဖြင့်ကတော့ ဘယ်သူသေသေ ငတေမာဖို့ လိုသည့်မူအတိုင်း ဆက်လက် စိုင်းပြင်းလုပ်ဆောင်မည်မှာ မုချဖြစ်၏။ တတိယအုပ်စုဆိုသည့် ကောင်များကလည်း လူလည် လူနပ် လူတွင်ကျယ်တို့ ၏ ထုံးစံအတိုင်း ကျားအို ချီလာသော သားကောင်မှ အရိုးအရင်း ကိုက်ရန် ၀ိုင်းအုံ စောင့်စားနေကြသော ခွေးအများကဲ့သို့ အခြေအနေနှင့် အချိန်အခါကို အသုံးချဖို့ရန် ကြိတ်ပုန်းခုတ်နေကြမည် ဖြစ်၏။

လူထုသည်သာ သမိုင်းကိုပြောင်းလဲနိုင်သည့် အင်အားစုဖြစ်၏။ လူထုသည်သာ အာဏာရှင်စနစ်ကို ဖြိုချနိုင်သည့် စွမ်းပကားရှိ၏။ ထို့ကြောင့် လူထုကြီးတရပ်လုံး အနေဖြင့် ငတ်မွတ်ခေါင်းပါး သိက္ခာမဲ့နေသည့် ဘ၀များမှ ရုန်းထွက်ပြီး အုံကြွတော်လှန်မှု မရှိသမျှ စစ်အာဏာရှင်သည် နာမည်ပေါင်းစုံပြောင်း မျက်နှာဖုံးပေါင်းစုံ ထည်လဲသုံးကာ နိုင်ငံတော်၏ အချုပ်အချာအာဏာကို မတရား လုယူ ရက်စက်နေဦးမည် ဖြစ်ပေ၏။

လုပ်ဆောင်သင့်သည်များ

နိုင်ငံခြားရောက် မြန်မာတို့အနေဖြင့်လည်း ၊ နအဖ သံရုံးတို့အား သွားရောက် ဆန္ဒပြသည်ထက် တရုတ်၊ ကုလားတို့၏ စောက်ရှက်မဲ့ လုပ်ရပ်များအား သူတို့ ၏ သံရုံးများရှေ့ တွင် ဖွင့်ချ တောင်းဆို ဆန့် ကျင်ခြင်းဖြင့် လည်းကောင်း ၊ ချယ်ဘရွန် နှင့် တိုတယ်ကဲ့သို့ သော ကုန်မဏီများ၏ ရုံးစိုက်ရာ ဌာနချုပ်များ ဌာနခွဲများရှေ့တွင် ဆန္ဒပြ ဆန့် ကျင်ခြင်းဖြင့်လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုလို နေရာများတွင် ချယ်ဘရွန် ဓါတ်ဆီဆိုင်များအား အမေရိကန် ပြည်သူလူထု တရပ်လုံးမှ ဘွိုင်းကောက်လုပ်လာနိုင်သည်အထိ ကန်ပိန်းများ ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခေါင်းဆောင်များ ဆိုသူတို့ ကလည်း လေကြီးလေကျယ်တွေ ကွန်ပြူတာရှေ့ ထိုင်ကာ စိတ်ကူးပေါက်တိုင်း ဟိုဟာဖြစ်ပြန်ပြီ ဟိုဒင်းဖြစ်ပြန်ပြီ ခင်ဗျားတို့ ချ ကျနော်တို့ ထိုင်ကြည့်ကြမယ် ဆိုသော လုပ်ပေါက်များဖြင့် ရေပွက်ရာ ငါးစာချမနေတော့ပဲ၊ အစီအစဉ်ရှိရှိ မူပေါ်လစီ တကယ် ခိုင်ခိုင်ခန့်ခန့်ဖြင့် ရေရှည် တိုက်ပွဲဆင်နွှဲမည့် အမြုတေများကို မွေးထုတ်ကူညီ အားပေးမြှင့်တင်ခြင်းဖြင့် ပြင်ဆင်ချိန် ကျန်နေသေးသည်ကို အလွဲသုံးစား မလုပ်မိကြဖို့ လို၏။

ယခုအချိန်တွင် ပြည်ပရောက် ခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများအနေဖြင့်၊ ရောင်တော်ပြန်လွှတ်ခြင်း၊ သူကြီးသမီး လင်နောက်လိုက်တိုင်း ပုတ်ထဲဝင်ပုန်းခြင်း ကိစ္စရပ်များအတွက် ခြေရှုပ်လျှက် ပီတိတွေ အဖြာကြီးဖြာကာ မနောခွေ့နေခြင်းများအား ရပ်တန်းကရပ်၍ တိုက်ပွဲဝင် ပြည်သူလူထုကြီးကို ဆရာလုပ် ပဏာယူခြင်းများ မပါပဲ ထိထိရောက်ရောက် ကူညီခြင်းဖြစ်သော တိုက်ပွဲ နည်းနာ၊ အတွေ့ အကြုံ၊ အတွေးအခေါ်၊ အယူအဆ ပြတ်သားခိုင်မာမှုများဖြင့် ကူညီရန် အချိန်ကာလ ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

တုတ်ကြီး တာဝတိံသာ

http://mrtotekyi.blogspot.com/

မြတ်မိခင်


မြတ်မိခင်
ဆောင်းပါးရှင် - အောင်မြေ (တပ်မတော် အရာရှိ တစ်ဦး)

၂၀၀၃ ခုနှစ်မေလ ၂၆ ရက်နေ့။ ကျွန်တော်တို့ တပ်ရင်းတစ်ခုလုံးအား မုံရွာမြို့တွင်း လုံခြုံရေးတာဝန်ယူရန် အနောက်မြောက်တိုင်း စစ်ဌာနချူပ်မှ ညွှန်ကြား လာခဲ့သည်။ လုံခြုံရေးယူရသော အကြောင်းရင်းကား NLD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းအတွင်း စည်းရုံး ရေးခရီးစဉ်အဖြစ် လာမည်ဆိုသောကြောင့် ကျွန်တော်တို့တပ်ရင်းအပါအ၀င် အခြား မုံရွာမြို့ပေါ်ရှိ တိုက်ခိုက်ရေး တပ်ရင်း မဟုတ်သည့် ထောက်ပို့တပ်၊ ပညာရေးတပ်၊ ဘီအီးတပ်နှင့် တိုက်/စည်းကျောင်း တို့ကဲ့သို့သော တပ်ဖွဲ့များမှလည်း မုံရွာမြို့ကို အပိုင်းလိုက် လုံခြုံရေးယူကြရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြု၍ လူထုအုံကြွမှုဖြစ်ပေါ်လာလျှင် ပစ်ခတ်နှိမ်နှင်းရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် တရားဟောမည့် နေရာ အနီးတစ်ဝိုက်ရှိ တိုက်ခေါင်မိုးများပေါ်တွင်လည်း လက်ဖြောင့် တပ်သားများ နေရာ ယူထားကြသည်။

မေ ၃၀ ရက်နေ့။ ထိုနေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိနေပါသည်။ ကျွန်တော်သည် ၈ လေးလုံး ပြည်သူ့အရေးတော်ပုံတွင် အရွယ်မရောက်သေးသော်လည်း ထိုအချိန်က အဖြစ်အပျက်များကို ကောင်းကောင်း မှတ်မိနေပါသေးသည်။

အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူးခဲ့၍ ယခုကျွန်တော် လုံခြုံရေးယူရသည့်ကိစ္စတွင် အလွန်ကျော်ကြားလှသည့် ကျွန်တော်တို့ ခေါင်းဆောင်ကြီးများ မုန်းတီးသည့် ကမ္ဘာကျော် အမျိုးသမီး တစ်ယောက်ကို နဖူးတွေ့၊ ဒူးတွေ့ မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် ရင်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားနေမိသည်။ အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ထိုအချိန်က ကျွန်တော်သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် မမြင်မတွေ့ဘူးခင်ကပင် မနှစ်သက်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့များ၏ ဒါဘာ၊ စည်း/ကော် တို့တွင် ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ တပ်မတော်တစ်ခုလုံး၏ ရန်သူသဖွယ် ထင်မြင်လာအောင် မှိုင်းတိုက်ခံထားရခြင်းကြောင့် ဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင်ကလည်း သူမနှင့်ပတ်သက်၍ နက်နက်နဲနဲ ခံစား တွေးတောခြင်းမျိုးလည်း မရှိခဲ့ပါပေ။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ မရောက်ခင် စစ်ကိုင်းတိုင်းအတွင်း ၀င်ရောက်လာစဉ်ကပင် သူမ၏ စည်းရုံးရေးခရီးစဉ်သည် ကြောက်ခမန်းလိလိ အောင်မြင်နေမှု၊ ပြည်သူလူထု၏ တရကြမ်း ထောက်ခံနေမှုတို့ကို ဆက်သွယ်ရေးစက်များကနေ သိနေ၊ ကြားနေရပါသည်။ ထိုသို့ သတင်းရလေ တိုင်းစစ်ဌာနချူပ်မှ ကျွန်တော်တို့အပေါ်တွင် လုံခြုံရေး ပေါ့လျော့မှု မရှိစေရန် ဖိအားပေးလေ ဖြစ်နေပါသည်။ ထိုအတောအတွင်း လုံခြုံရေးယူထားသော လက်ဖြောင့်တပ်သား အချို့လည်း ဖိအားပေးခံနေရပါသည်။ ဓါတ်ပုံ ရိုက်ယူသူတစ်ဦးအား လက်ဖြောင့်တပ်မှ တစ်ချက်တည်း ပစ်သတ်ခဲ့သေးသည်။ ထိုဖြစ်စဉ်ကို သိမြင်လိုက်သူ အတော်နည်းပါသည်။ ထိုသူမှာလည်း မုံရွာမြို့ပေါ်မှ ဟုတ်ဟန်မတူပေ။

မုံရွာမြို့ပေါ်တွင် ကျွန်တော်နှင့် ရင်းနှီးသည့် နိုင်ငံရေးသမား တော်တော်များများ ရှိပါသည်။ နောက်ပိုင်းတွင် သေဆုံးသွားသူနှင့် ပတ်သက်ပြီး ကျွန်တော် စုံစမ်းခဲ့သော်လည်း သူ၏ လိပ်စာကို မသိခဲ့ရပါ။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိခဲ့ချိန်တွင်မတော့ မုံရွာလူထုသည် မြို့လုံးကျွတ်စုဝေးခဲ့ကြပြီး သူမ၏ ဟောပြောချက်ကို တဝေါဝေါနှင့် ထောက်ခံအားပေးခဲ့ကြသည်။ တိုင်းစစ်ဌာနချူပ် အခြေစိုက် သော မုံရွာမြို့တွင် ဤမျှလောက် နိုင်ငံရေးနိုးကြားတက်ကြွသူရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှုကိုလည်း ကျွန်တော်ယုံကြည်လက်ခံခဲ့ရသည်။ သူမ၏ စကားလုံးတိုင်းသည် ကောက်ကွေ့မှုမပါ။ အရှိကိုအရှိအတိုင်း ရဲရဲရင့်ရင့် ဟောပြောနေဟန်တို့ကို ကျွန်တော်တိတ်တခိုး လေးစားခဲ့ရပါသည်။

ပြည်သူ့ဘ၀ကို စာနာသော သူမ၏ စေတနာတို့ကို ကျွန်တော်အတိုင်းသား မြင်နေရသည်။ ကျွန်တော်၏ ရဲဘော်များပင် သူမ၏ ဟောပြောမှုအောက်တွင် မျက်ရည်ဝဲ၀ဲဖြင့် ငိုင်လျက်သား နားထောင်နေကြရသည်။ ကျွန်တော်ကိုယ်တိုင်လည်း သူမ၏ စကားလုံးတိုင်းကို စိတ်ကူးဖြင့်ပင် ငြင်းဆန်ရန် အင်အားမဲ့နေရပြီး အဝေးမှ မိဘနှစ်ပါးကို တမဟုတ်ချင်း ထူးထူးခြားခြား သတိရနေမိခဲ့သည်။ ကျွန်တော်နှင့် ကျွန်တော်၏ မိဘတို့သည် အလွှာခြားနေပါပြီကော။ ကျွန်တော်တို့မှာ အမိန့်ဆိုသည့် စကားလုံးအောက်တွင် ရိုင်းချင်တိုင်းရိုင်းနေရပြီး မိဘနှင့်ဘ၀တူ ပြည်သူလူထုကို စာနာစိတ် မဲ့နေပါပြီလော။ အို မြန်မာပြည်၏ မြတ်မိခင် အစစ်အမှန်ကို ကျွန်တော် တွေ့နေရပြီကော။ ကျွန်တော့်စိတ်ကူးထဲမှာ သူမရဲ့  စွန့်လွှတ်စွန့်စားမှုတွေ နေရာယူနေပါပြီကော။

ကျွန်တော့်နားထဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စကားများသည် နီးလာလိုက်၊ ဝေးသွားလိုက်ဖြင့် စိတ်အစဉ်မှာလည်း လွင့်ချင်တိုင်း လွင့်လျက် ရှိနေပါတော့သည်။ ဗျူဟာမှ နာရီမလပ် စက်ဖွင့်ခိုင်းထားပြီး ညွှန်ကြားချက်တွေ တရစပ်ပေးနေပါသည်။ ကျွန်တော်စက်ထဲမှနေ၍ ၅၆၊ ၉၆ ပါ။ ၃၅ ပါဟုသာ အလိုက်သင့်ဖြေကြားရင်း တိုင်းကာနယ်ကြီးကို တိုးတိုးလေး ဆဲလိုက်ပါသည်။ ရဲဘော်များကိုတော့ လိုအပ်သည်ထက် ပို၍လုံခြုံရေးလျော့နည်းမှုမဖြစ်စေရန် သတိပေးပြီး အသာလွှတ်ထားလိုက်ပါသည်။ ရဲဘော်လေးများ၏ မျက်ဝန်းတွင် တစ်ခုခုကို ကြေကွဲခံစားနေရဟန်လည်း ရှိနေကြသည်။ ကျွန်တော့် ဘ၀တွင် ဤနေ့ကိုဖြင့် ဘယ်တော့မှ မမေ့နိုင်တော့ပေ။ မမေ့နိုင်စရာလည်း အကြောင်းတရားများက ဖြစ်ပေါ်လာခဲ့လေသည်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ ထိုနေ့ညနေခင်းတွင် ဘုတလင်မြို့ဘက်သို့ ဆက်လက် ထွက်ခွါသွားသည်။ သူမ၏ ရှေ့နောက်ဝဲယာတွင် များပြားလှသော ဆိုင်ကယ်အုပ်ကြီးက ခြံရံလိုက်ပါသွားသည်။ ကျွန်တော်တို့ လုံခြုံရေးယူထားသည့် တပ်ရင်းများလည်း အခြေအနေ အေးဆေးစွာ ပြီးဆုံးသွားသောကြောင့် ယခုမှရဲရဲကြီး သက်ပြင်းချမိသည်။ ဗျူဟာမှ ဘာထူးလဲ။ ဘာထူးလဲ ဆိုသည့် တရစပ် မေးနေသံလည်း ယခုမှ တိတ်ဆိတ်သွားရသည်။ ကျွန်တော် ရဲဘော်များကို လက်ဝှေ့ရမ်းပြပြီး လုံခြုံရေးရုတ်ရန် အချက်ပြလိုက်သည်။ ကျွန်တော်တို့ တပ်ခွဲ ခေတ္တ နားခိုရာ ရယက ရုံးသို့ရောက်ပြီး ကျွန်တော်နားနေခိုက် ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို တခုတ်တရ ၀ိုင်းဖွဲ့ပြောနေကြသည်။ ကျွန်တော် သူတို့ကိုကြည့်ရင်း အလိုလိုမောနေမိသည်။

ညပိုင်းသို့ ရောက်သောအခါ လုံခြုံရေးယူရန် နေရာဟောင်းသို့ ပြန်သွားရသည်။ ကျွန်တော်နှင့် အကူရဲဘော်တစ်ဦး မြို့လယ် ကြေးရုပ်အနီး အအေးဆိုင် တစ်ခုတွင် ထိုင်နေခိုက် စက်ထဲမှ မမျှော်လင့်သော သတင်း တစ်ခုကို ကြားလိုက်ရသည်။

ဒေါ်အောင်ဆန်းစုကျည်နှင့်အဖွဲ့ ကျည်ရွာအနီးတွင် တိုက်ခိုက်ခံရသည်ဟု။ ဗျူဟာမှလည်း သိလိုက်ပုံ မပေါ်။ စက်ထဲတွင် အသံပေါင်းစုံနေသည်။ ဟိုမှ သည်မှ မေးမြန်းနေသံတို့ကို ကြားနေရသည်။ ကျွန်တော့် ရဲဘော်များကို အသိမပေးပဲ အခြေအနေကြည့် ထိန်းထားလိုက်သည်။ မနက်တွင် အကြောင်းစုံသိရမည်သာ။

နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် ကျွန်တော်တိုင်းရုံးဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာခဲ့သည်။ လမ်းတွင် တပ်ထိန်းဂိတ်မှ အရပ်သားများ တိုင်းဘက်သို့ မလာနိုင်အောင် တားမြစ်နေသည်ကို တွေ့ရသည်။ ကျွန်တော် တပ်ထိန်းမှ တာဝန်ကျ ဆရာကြီးကို ခေါင်းညိတ်ပြရင်း ဆက်ထွက်လာခဲ့သည်။ တိုင်းရုံးကြီးရှေ့ စစ်မြေပြင်ဆေးတပ်ရင်း- မဆရ (၇) တွင် လုံခြုံရေးထူးကဲစွာ ချထားသည်ကို တွေ့ရသည်။

ကျွန်တော် မဆရ (၇)သို့ ၀င်ရန် ကြိုးစားသောအခါ လုံခြုံရေး ယူထားသော ဆရာတစ်ယောက်က “ဗိုလ်ကြီး အားတော့နာပါတယ်၊ ၀င်လို့ မရပါဘူး” ဆိုသည်နှင့် သူ့ကို အကျိုးအကြောင်း မေးမြန်းကြည့်သည်။ သူပြောပုံအရဆိုလျှင် မနေ့ညက ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ တိုက်ခိုက်ခံရ၍ လူတော်တော်များများ သေဆုံးကုန်ကြောင်း၊ ယခု ဒဏ်ရာရသူများကို မဆရ (၇)တွင် အရေးပေါ်ကုသပေးနေကြောင်း ပြောပြပါသည်။

ကျွန်တော်လည်း ရင်ထဲတွင် “ဟိုက်” သွားပြီး ထနောင်းရိပ် ထမင်းဆိုင်သို့ ၀င်ကာ အအေးတစ်ပုလင်း မှာသောက်နေမိသည်။ ထိုစဉ် ခလရ (၁၆)မှ တပ်ရင်းမှူး ကားမောင်းသည့် တပ်ကြပ်ကြီး ရောက်လာပြီး ကျွန်တော့်ကို ပြုံးပြသည်။ ထိုဆရာကြီးနှင့် ကျွန်တော် ရင်းနှီးနေသည်မို့ ကျွန်တော့်စားပွဲဝိုင်းတွင် ထိုင်ခိုင်းလိုက်ပြီး “အအေးသောက်ဗျာ” ဟု တိုက်တွန်းလိုက်သည်။ ဆရာကြီးက “ကျေးဇူးပါပဲ ဗိုလ်ကြီး”ဟု ပြန်ပြောရင်း ကျွန်တော့်ကို အကဲခတ်နေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခုကို ပြောလိုသည်ဟု ကျွန်တော်ထင်သဖြင့် “ဆရာကြီး ပြောစရာရှိတာပြော အားမနာနဲ့” ဟု ပြောလိုက်ရသည်။

ထိုအခါတွင် ကျွန်တော်လုံးဝ မထင်မှတ်ထားသော သတင်းကို တုန်လှုပ်စွာ သိလိုက်ရသည်။ ထိုဆရာကြီး ပြောစကားကို စာဖတ်သူတို့အား တင်ပြရလျှင် ခလရ (၁၆) မှ ရဲဘော်များနှင့် ဆရာတစ်ချို့ကို ဂတုံး တုံးပေးပြီး သင်္ကန်းဝတ်စေကာ မုံရွာ၊ အရာတော်မြို့မှ လူမိုက်များ၊ ထောင်ကျများ၊ ခြေချူပ်များနှင့် ကြံ့/ဖွတ်များကို ခေါင်းဆောင်စေသည်။ ၄င်းတို့ကို တိုင်းရုံး (အားကစားသမားများ ထားသည့် အိပ်ဆောင်) ထဲတွင် စုထားပြီး အကြမ်းဖက်နည်းများကို သင်ပေးထားသည်။ သင်္ကန်းဝတ် ရဲဘော်များ၏ လက်ကောက်ဝတ်တွင် ကြိုးများစည်းပေးထားပြီး အရောင်အလိုက် တပ်စု၊ တပ်စိတ်ပုံစံ စုဖွဲ့ပေးထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ရပ်ခိုင်းသည့် သူမှာလည်း ခလရ(၁၆) မှ တပ်ကြပ် သင်္ကန်းဝတ် အရေခြုံပင်ဖြစ်သည်။

အခင်းဖြစ်ပွားပြီး ဒဏ်ရာရသူများကို အသေရိုက်သတ်ကြသည်ဟုဆိုသည်။ အခင်းဖြစ်ပွားရာမှ ဆိုင်ကယ်များကို တိုင်းရုံးထဲသို့ ၁၀ ဘီးကားကြီးနှင့် သယ်လာသည်ဟု ထိုဆရာကြီးက ပြောလေသည်။ (ထိုဆိုင်ကယ်များကို နောင်တွင် စစ်စိမ်းရောင်ဆေးမှုတ်ပြီး တပ်ရင်းများသို့ ပြန်ထုတ်ပေးပါသည်) အခင်းဖြစ်ပွားရာတွင် ပါဝင်သော ခလရ (၁၆)မှ စစ်သည်များကို ရဲဘော်တစ်ဦးလျှင် ၃၀၀၀ ကျပ်၊ ဆရာ အဆင့် ဆိုလျှင် ၅၀၀၀ ကျပ် ထုတ်ပေးပြီး တခြားနေရာကောင်းများသို့ တပ်ပြောင်းရွှေ့ လိုက်ခြင်းအားဖြင့် အစဖျောက် ပေးခဲ့လေသည်။)

ကျွန်တော်လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် မိမိတာဝန်ကျရာ နေရာသို့ ပြန်လာခဲ့တော့သည်။ ကျွန်တော်တို့ တပ်မတော်သားများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့်အစား အပေါစား လူမိုက်ဆန်ဆန် အပြစ်မဲ့ ပြည်သူတို့ကို ကိုယ်ထိလက်ရောက် သတ်ဖြတ်ခဲ့ကြပေပြီ။ အခင်းဖြစ်ပွားစဉ် ပါဝင်သော ရဲဘော်များမှာ စဉ်းစားနိုင်မှု အားနည်း၍ အမှားအမှန်ကို ခွဲခြားနိုင်မှု မရှိသောကြောင့် အမိန့်ကို နာခံခဲ့ရသည်။ အမိန့်ပေး သူများသည် နိုငံတော်တစ်ခုလုံးကို အုပ်ချူပ်နေပြီး အခုလို အောက်တန်းကျသော လုပ်ရပ်ကို ဘာကြောင့် လုပ်ရပါသနည်း။

ကျွန်တော်တို့သည် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ဆိုပေစေကာမူ ကျွန်တော်တို့၏ မိဘများသည် အခြားပြည်သူများနှင့် တန်းတူ သာမန်ပြည်သူလူထုသာ ဖြစ်သည်။ ပြည်သူလူထု ဒုက္ခရောက် ရခြင်းသည် ကျွန်တော်တို့၏ မိဘများ ဒုက္ခရောက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ကိုယ့်မိဘကိုယ် သေနတ်နှင့် ချိန်ပြီး ဆဲဆိုနေပြီလော။ စစ်ခေါင်းဆောင်တစ်စုအတွက် ကျွန်တော်တို့၏ မိဘပြည်သူများကို ညည်းဆဲနှိပ်စက်ခဲ့ပါပြီကော။ “ရဲသော်မသေ သေသော်ငရဲမလား” ဆိုသည်ကား သတ်ရဲဖြတ်ရဲဖို့အတွက် မြောက်ထိုးပင့်ကော်လုပ်နေသော ၀ါဒဖြန့်စာများသာ ဖြစ်နေပေတော့သည်။

ကျွန်တော်တို့မှာ အမှားကို အမှားမှန်း သိနေပြီဆိုလျှင် ရုန်းထွက်နိုင်သော အင်အားများ မရှိပြီလော။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကိုတော့ ခိုင်ခိုင်မာမာ ချလိုက်နိုင်ပါသည်။ ကျွန်တော်တို့သည် အဖိနှိပ်ခံ လူတန်းစားများဘက်မှ ရပ်တည်ရပါလိမ့်မည်။ တနည်းအားဖြင့် ကျွန်တော်၏ မိဘများ အေးချမ်းစွာ နေနိုင်ရေးအတွက် အာဏာယစ်မူးနေသော လူတစ်စုကို တွန်းလှန်ရတော့မည် ဟူ၍ပင်။ ကျွန်တော့်တွင် ထိုဆုံးဖြတ်ချက် ချလိုက်သည်နှင့် တပြိုင်နက် ပေါ့ပါးလန်းဆန်းကာ မွန်းကျပ်မှု အပေါင်းမှ ထွက်ပေါက် ရလိုက်သည့်နှယ် ရင်ထဲမှ ဟစ်ကြွေးမည်ဟီးနေမိသည်မှာ စစ်အာဏာရှင်တို့ တစ်နေ့ မုချကျဆုံးရမည်ဟု။

A

B

C

The Kitchen မီးဖိုချောင်