Tuesday, March 11, 2008

သတင်းစာဆရာ ဦးဝင်းတင် (သို့မဟုတ်) ယုံကြည်ချက်အတွက် အလံမလှဲသူ


၂၀၀၈ခုနှစ်၊ မတ်လ ၁၂ရက်နေ့တွင် အသက်၇၈နှစ် ပြည့်မြောက်ပြီဖြစ်သော နှစ်ရှည်ထောင်ကျခံ မြန်မာနိုင်ငံရေး အကျဉ်းသား သတင်းစာဆရာကြီး ဦးဝင်းတင် အမြန်ဆုံးလွတ်မြောက်ပါစေ။

“မြန်မာပြည်မှာ နိုင်ငံရေး လုပ်တော့မယ်ဆိုကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင် တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်က ဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကိုအပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေး အတွက် ဘယ်လမ်းလျှောက်ရမယ် ဆိုတာလောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်ဆွဲကိုင် ချီတက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ စစ်ဝါဒလွှမ်းမိုးရေးဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံမလှဲစတမ်း ယုံကြည်ချက်မြဲမြဲ ဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။” -မြန်မာသတင်းစာဆရာကြီး ဦးဝင်းတင်

(မြန်မာသတင်းသမဂ္ဂထုတ် ဥဒါန်းမဂ္ဂဇင်း အမှတ်(၃)မှ ကူးယူဖေါ်ပြပါသည်။)

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်