Monday, December 28, 2009

မဆီမဆိုင်


နော်နော်လေးက ဘော်လုံးအဖွဲ့ဝင်ထားတယ်ဆိုတော့ သူလေ့ကျင့်ချိန်ဆို ကိုယ်ကပါ လိုက်ပေးရတယ်..။ ကျောင်းဘော်လုံးကွင်းမှာ ကျောင်းသားတွေ သူ့အရွယ် သူ့ အတန်းအလိုက် လေ့ကျင့်နေကြတာ ဘော်လုံးကွင်း ၄ကွင်းလုံး အပြည့်ဘဲ..။

ခဏနားနေချိန်မှာ တခြားကျောင်းသားကြီးတွေဘက်က ကန်လိုက်တဲ့ ဘော်လုံးက ဒီဘက်ကို ကျွံလာတာ.. နော်နော်ဆီ တည့်တည့်ပါဘဲ..။ သားက ကျောပေးနေတော့ ဘယ်မြင်မလဲ...။ ကိုယ်ကဘဲ ကာကွယ်ရင်း လက်နဲ့ ပုတ်ထုတ်လိုက်ရတာ..။

ဒီတော့မှ နော်နော်က သိပြီး အဖေကိုကြည့်ရင်း မေးခွန်းတွေ ထုတ်တော့တာဘဲ..။

“သားဆီလာတဲ့ ဘော်လုံးကို အဖေ ဘာလို့ ကာလိုက်တာလဲ..။”
“သားကို ထိရင် နာသွားမှာ စိုးလို့ ပေါ့။”
“မနာဘူး ဆိုရင်ရော...”

“မနာဘူး ထင်ရင်လဲ ကာကွယ်ပေးမှာဘဲပေါ့”
“ဘာလို့ လဲ...”
“မိဘဖြစ်နေလို့ ပေါ့”

“အယ်မီးလ်(သူ့ သူငယ်ချင်းလေး) အဖေဆိုရင်ရော..”
“ကာမှာဘဲပေါ့.. သားရ.. ကဲ.. အဖေက ပြန်မေးမယ်.. အယ်မီးလ်ကို မထိအောင် သူ့ အဖေက ဘာဖြစ်လို့ ကာတာလဲ..”
“မိဘ ဖြစ်နေလို့ ပေါ့”

“Ja, du er flink” (ဟုတ်တယ်... မင်းတော်တယ်)
(အမှန်က နော်နော်ကချည်း နော်ဝေစကားနဲ့ ပြောနေတာ... ကိုယ်က နားလည်ပေမယ့် သူ့လောက် လျှာမသွက်ဘူး... မှတ်မှတ်ယယ.. နောက်ဆုံးစကားလေးဘဲ ကိုယ်က နော်ဝေလိုပြောထှာ... ကြုံလို့ ကြွားတာ)...။
.............
.............

မနေ့ တနေ့ ကမဟုတ်ပေမယ့်... အကြောင်းတိုက်ဆိုင်ရင် မနေ့ တနေ့ ကအဖြစ်လိုဘဲ..။
တွေးမိရင် ပြုံးချင်တယ်..။ ပြုံးရင်းနဲ့လဲ မဆီမဆိုင် စာတန်းတခုက ခေါင်းထဲ ပြေးပြေးဝင်လာတာဘဲ..။ ပြီးမှ သေသေချာချာ ပြုံးရယ်မိတာ..။

ကြာပါပြီ... ၁၀နှစ်ကျော်လောက်ကပါ..။
ကျနော်တို့ဇာတ် ထားဝယ်မြို့နယ်ဘက်အထိ သွားကတုန်းကပေါ့..။ ကလိန်အောင်တောင်ဆိုတာ ထားဝယ် အထက် ရေဖြူမြို့နယ် ဘက်မှာ ရှိတယ်..။ ကပြရမှာက ကလိန်အောင်ဆံတော်ရှင် ဘုရားပွဲ..။ အဲဒီ ဘုရား တစ်ဝိုက်မှာ စစ်တပ်တွေလဲ ထိုင်ထားတယ်..။

နေ့ခင်းဘက်မှာ အနီးအနားနေထိုင်သူတွေကိုဘဲ တွေ့ရပေမယ့် ညဘက်ပွဲကချိန်ဆို လူတွေမနည်းဘဲ..။ ပွဲစပြီးနောက်ရက်ကစလို့  နေ့ ရောညပါ လူကတော့ စည်နေတာဘဲ..။

ပွဲကပြီဆိုတော့လဲ အကပညာနဲ့ပါတ်သက်ရင် လက်တောင်ကောင်းကောင်းမချိုးတတ်တဲ့စစ်တပ်မှာ ပွဲမိန့်ယူထားရတာပေါ့ဗျာ...။ ပွဲလုံခြုံရေးလဲ သူတို့ပါဘဲ...။ အဲ....ပွဲခင်းထဲမှာ အရက်လေးတမြမြနဲ့ လမ်းသလားတာလဲ သူတို့ ပါဘဲ..။ အောက်လက်ငယ်သား ဗိုလ်အဆင့်လောက်ဆိုတော့ ပေါင်းသင်းဆက်ဆံရေးကတော့ မဆိုးပါဘူး..။ ခင်ခင်မင်မင်ပါဘဲ..။

သူတို့ တပ်ထိုင်ထားတာက တောင်ကုန်းမို့ မို့ လေးမှာ..။ ဇာတ်စင်နဲ့ တပ်ထိုင်ထားတာနဲ့က ကားလမ်း ဟိုဘက် သည်ဘက်ပေါ့လေ..။ သူတို့ ဘ၀တွေကလဲ သနားဘို့ ကောင်းပါတယ်.. အစာရေစာ မပြည့်မစုံ၊ ငှက်ဖျားကလဲပေါ.. လူမုန်းကလဲများ..။

ကျနော်ကတော့ ရောက်တဲ့ ညနေက ချောင်းထဲ ဆင်းတော့တာဘဲ... အားရပါးရ ရေငုတ်ပစ်လိုက်တာ (ရေမှ မကူးတတ်တာ)။ ရေချိုးကောင်းနေတုန်းဘဲ ရှိသေးတယ်.. စစ်သားလေးတစ်ယောက်က ဗိုလ်ကြီးခေါ်နေတယ်.. အခုချက်ခြင်း လာပါ ဆိုပြီး..လာခေါ်တာဘဲ။ ကိုယ်ကလဲတွေးရပြီပေါ့.. အခုဘဲရောက် အခုဘဲခေါ်.. ဘာများဖြစ်တာလဲပေါ့..။

ရေချိုးတာ ငုတ်တာရပ်၊ အ၀တ်အစားလဲပြီး သူ့နောက်လိုက်သွားတော့ တောင်ကုန်းလေးထိပ်မှာ မီးပုံကြီး ဖိုထားတယ်..။ စစ်သားလေးတွေလဲ ထိုင်တချို့ ၊ ရပ်တချို့ ပေါ့..။ အဲဒီမှာ ဗိုလ်ကြီးဆိုသူကတော့ စစ်အကျီအဟောင်းနဲ့ ပုဆိုးဟောင်းလေးနဲ့ ပါ..။

“လာဗျ... ထိုင်၊ ခင်ဗျားက မင်းသားမဟုတ်လား၊ ခင်ဗျား... ဗျာ မမေးမစမ်းနဲ့ ..”
“ဘာကိုလဲဗျ...”

“ရေဆင်းချိုးတာလေ... ဒီမှာငှက်ရှိတယ်ဗျ.. ရော့... ရေနွေးသောက်... ဒါမှမဟုတ် အာမီရမ်တော့ အိပ်ဆောင် ရှိတယ်ဗျ...သောက်မလား..”

“နေပါစေ... ကျနော် မသောက်ပါဘူး.. ရေနွေးဆိုရပါပြီ.. ကျေးဇူးဘဲ”

“ဆေးလိပ်ရှိတယ်ဗျ... ပွတ်ချွန်းဘဲ.. (ဆေးလိပ်အစား၊ ရရာသစ်ရွက်နဲ့ ဆေးကြမ်းကို လိပ်ထားသော ဆေးလိပ်)”
“ရတယ်... ကျနော့်မှာ.. ပါတယ်..”

ဒီလိုနဲ့ ရေနွေးသောက် ဆေးလိပ်သောက်ရင်း အလာပ သလာပ ထိုင်ပြောရင်း ခင်ခင်မင်မင် ဖြစ်သွားတာပါဘဲ..။
သူတို့ ဘ၀အကြောင်း ညည်းချင်းတွေ နားထောင်ပြီးတော့လဲ သက်ပြင်းတွေ တူတူချရင်း... တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိတော့တာဘဲ..။ ထားပါ.. ဒီလိုနဲ့ ပွဲကရောဆိုပါတော့..။

ပထမည အောင်အောင်မြင်မြင်ပါဘဲ...။
နောက်နေ့ မိုးလင်းတာနဲ့ ဗိုလ်ကြီးက ခေါ်တွေ့ တာပါဘဲ (အခုထိုင်ထားတဲ့ တပ်မှာ အကြီးဆုံးဗျာ)....။

အခု ဒုတိယည ကပြမယ့် ပြဇာတ်ကို တိုက်ပွဲခန်းလေးတွေ ထည့်ကပြပါပေါ့... စစ်တပ်နဲ့ သောင်းကျန်းသူ ဇာတ်လမ်းပေါ့ဗျာ...။

သူ့ သဘောက ကြိုက်သလိုသာချ ဇာတ်လမ်းဆုံးရင် စစ်တပ်က အောင်ပွဲတွေနဲ့ပေါ့ဗျာ...။ ကျနော်က မြန်မာစစ်ဗိုလ်နေရာက နေပေါ့တဲ့..။

(သူကလဲ နပ်တယ်ဗျ.. ခေါင်းဆောင်မင်းသား သူပုန်နေရာက ကခဲ့ရင် ပရိတ်သတ်က သောင်းကျန်းသူ မင်းသားဘက်က အားပေးမှာကိုး...။ ကောင်မလေးတွေ ဆိုတာကလည်း သေရင်တောင် သောင်းကျန်းသူ ဘက်က အမာခံ ငိုမယ့်သူလေးတွေပေါ့)။

“ဘာတွေလိုအပ်လဲ ပြောပါ”
“ဟိုဘက်ဒီဘက် တပ်သားတွေအတွက် အီိကွေးမဲန့်တွေ လိုတယ်... သေနတ်တွေ ဝတ်စုံယူနီဖောင်းတွေ လိုတယ်ဗျ”

“၀တ်စုံကတော့ ရပါတယ်... လက်နက်က ပြသနာဗျ... ကျနော်တို့နဲ့ မကွာရှိနေရမှာ... ဒီနယ်မြေအကြောင်းလဲ မင်းသားသိတာဘဲ...အမဲရောင်နယ်မြေဗျ..”

“ဟာ.. ဗိုလ်ကြီးကလဲ.. ဒါဘုရားပွဲတော်လေ... သူတို့ လဲ သိပါတယ်... မနေ့ညက ကတာတောင် အေးဆေးပါဘဲ... ဘာမှ မဖြစ်ပါဘူး..”

“ကဲ... ဒါဆိုလဲ ယူနီဖောင်းတွေတော့ စောစောယူထားပေါ့... လက်နက်နဲ့ အီကွေးမဲန့်တွေတော့ ပြဇာတ်မထွက်ခင် အချိန်မှီ လာပို့ပေးမယ်.. ဖြစ်မလား”

“ဖြစ်တယ်... စိတ်ချမယ်နော်.. တော်ကြာ ကနေမှ ဟိုဟာမရ ဒီဟာမရဆို... ခက်တယ်”
“ဟာ.. စိတ်ချပါ..”
..... ....

ဒီလိုနဲ့ ကပြရော ဆိုပါတော့ဗျာ...။
ဇာတ်လမ်းကတော့ အရေးပေါ် ထိုးဇာတ်ပေါ့...။

ကိုယ့်လူတွေကလဲ ယူနီဖောင်းအပြည့်အစုံနဲ့ ကပြတာဆိုတော့ ခပ်ကြွကြွ...။
ပွဲခင်းကလဲ လှလှ...။

ပွဲရှေ့ ဆုံးတန်းမှာ စားပွဲတွေ ဆက်တီတွေ နဲ့ ... ကော်ဖီ၊ရေနွေးအိုး (ရေနွေးအိုးက ဟန်ဆောင်... လူမြင်ကောင်းအောင် လုပ်ထားတာ...အထဲမှာ အရက်) အစုံအလင်နဲ့ ဗိုလ်ကြီး၊ ဗိုလ်လေး၊ တပ်သားတွေနဲ့ ... ကတော်စုံကလဲ စတိုင်ကျကျ..။

ထိုးဇာတ်သာပြောတာ ပြဇာတ်က လမိုင်းကပ်ပြီး ကလို့ ကောင်းတာဆိုတော့...။

အဲသလို ကပြနေရင်း... တဖက်လူ စကားပြောနေတုန်း ကိုယ်က ဇာတ်စင် ဘယ်ထောင်းကို လှည့်လို့  မျက်နှာပေးလေးနဲ့ ပေါ့လေ...။

ကြည့်နေတုန်းဘဲ... ကိုယ်မျက်နှာမူရာအရပ် တောင်ကြောမြင့်မြင့်ကြားက မီးပွင့်တပွင့် မြောက်တက်လာပြီး... နီးလာတာ ... မျက်စိတမှိတ် လျှပ်တပြက်ပါဘဲ...။

ကိုယ့်စိတ်ထဲမှာ ဘုရားပွဲအောင်မြင်လို့  သီိတင်းကျွှတ် မီးကျည် လွှတ်တယ်ထင်နေတာ...။
နောက်မှ ပွဲခင်းတည့်တည့်ကို ... လာတာ..။

“ရွှီး... ကနည်းလိုလို.. ကျွီးန် ကနည်းလိုလိုနဲ့ ...။

“၀ုန်း...” ဆိုတဲ့ အသံကြီးနဲ့... လူကြီးမင်းများ စားပွဲရှေ့တည့်တည့်ပါဘဲဗျာ... မြေကြီးတွေရော၊ စားပွဲတွေရော... ဖွာလန်ကြဲ သွားတာဘဲ... ဗိုလ်တွေလဲ ဝပ်နေတာ ပြားနေတာဘဲ...။

ပွဲခင်းတခုလုံးလဲ အုန်းအုန်းထ ပွက်လောရိုက်သွားတာ...နောက်တလုံးထပ်ကျတာက ပွဲခင်းနဲ့ ဝေးတယ်...။
လူတွေ ပြေးလိုက်ကြတာဗျာ...။ ဗိုလ်တွေလဲ ပြေးတာဘဲ....။
အထိအခိုက်တော့ မရှိဘူးဗျ...။

ပထမတော့ ဇာတ်စင်ပေါ်က လူတွေက ကြောင်ကြည့်နေတာဗျ... နောက်မှ သတိဝင်လာပြီး ပြေးကြတာ တန်းနေတာဘဲ...။

ကျနော်က မီးသမားကို မီးတွေပိတ်ဘို့ ပြောနေတုန်း... ဘယ်သူမှန်းကို မသိဘူး... ကျနော့်ကို လာဆွဲချသွာတာ...။

“ခင်ဗျား... သေသွားမယ်... ဟိုက ထုနေပြီ... ခင်ဗျားက မီးရောင်အောက်မှာ... ထင်းထင်းကြီး...”
“ဟာ... သူတို့ လူတော့မှားမှာ မဟုတ်ပါဘူး...”

“အာ... သေတော့မှာဘဲ.... သူတို့ ကအဝေးက ရမ်းချနေတာ... နောက် ... ခင်ဗျားက ယူနီဖောင်းကြီးနဲ့ ...”
သူပြောမှ သတိရတာ.... ဘုရားဘုရား.... ယူနီဖောင်းအီကွေးမဲန့် လက်နက်အပြည့်အစုံနဲ့ ... မိတ်ကပ်အဖွေးသားကြီးနဲ့ ဂန့်သွားရင်...။
.........

လုံးဝ မှောင်မှောင်မဲမဲ... ထဲမှာ... အချင်းချင်း အသံပြုနေရတာ.. တချို့ လဲခေါ်လို့ ရတယ်...
... တချို့ လဲ ခေါ်လို့ မရ...။

အဲလို ဆူညံ အော်ဟစ်ပြေးလွှားနေတဲ့ ကြားမှာ...
“ဇော်ဇော်... ဘယ်မှာလဲ... မင်းသား ဘယ်မှာလဲ...”
“ဇော်ဇော်... ဇော်ဇော်.....”

“ရှုးးးးးးးး မထူးနဲ့ ... မင်းသားကို ဟိုဟာတွေ လာဆွဲပြီ ထင်တယ်...”
“... ဟမ်... ဘာဖြစ်လို့ လဲ”

“စစ်ဗိုလ်နေရာက.. ကလို့.. ခေါ်ပြီး သမပြီ ထင်တာဘဲ... ဒါမှမဟုတ် ပြန်ပေးဆွဲမယ် ထင်တယ်..”
ဟင်.... ကြားရ.. ကြားရ နားဝမှာ မသက်သာ... ဆိုပြီး နောက်ပိုင်း ငိုချင်းတောင် ဆိုချလိုက်ချင်တာ...
ပုန်းနေတာချင်းအတူတူ... စိတ်ချမ်းသာစရာ တခွန်းမှ မပြောဘူး...။
..........
..........

“ဇော်ဇော်... ဘယ်မှာလဲ....”
“... ဇော်ဇော်... လက်နက်တွေ ပြန်ပေးဦး.... ချစ်တိုး.... ပေါ်ဦး.... ဟေ့လူတွေ... ဘယ်ရောက်ကုန်ပြီလဲ...”

ဟာ... ရဲဘော်တွေ....။
ဟေ့.. ကျနော်တို့ ဒီမှာ...။
”ဟာ... ကိုဇော်ဇော်လား.... လုပ်ဦး လုပ်ဦး... တပ်ရင်းမှုး ပစ္စတိုက ခင်ဗျားဆီမှာလေ... ပြန်ပေးဦး...”

ဟုတ်တာပေါ့... အဲဒီကျမှ မှောင်ကြီးမဲကြီးထဲ...
“ကျနော်ဒီမှာ... ခင်ဗျား လာဖြုတ်ပေး... ကျနော်ထုတ်လို့ မတော်တဆ ကျည်ထွက်သွားမှဖြင့်...”
“ဟုတ်ပြီ ဟုတ်ပြီ... ဘယ်မှာလဲ ခင်ဗျား...”
“ဒီမှာ...”

“ချစ်တိုးတို့ တွေရော...”
“ပြေးကုန်ကြပြီ.. ဘယ်ရောက်ကုန်လဲ မသိဘူး...”
“ဟာ... ပြသနာဘဲ... လက်နက်တွေ ကျည်တွေက ခင်ဗျားတို့ ဆီမှာ...”

“ခင်ဗျားတို့ မှာ သေနတ်တွေ အများကြီးဘဲ မဟုတ်လား...”
“တချို့ကင်းစောင့်နေတယ်... တပ်ထိုင်ထားတဲ့ဆီက ဒီကိုဆင်းလာလို့မရဘူး... တောင်ကုန်းကို ဝင်မစီိးနိုင်အောင်.. ကာကွယ်ရမှာ...”

“အော်... ဆောရီးဗျာ... ကျနော်တို့ လဲ လန့်ဖျပ်ပြီး ပြေးပုန်းတာကိုး..”
“ရတယ်၇တယ်... ဗိုလ်ကြီးကို လက်နက်သွားပေးလိုက်ဦးမယ်... နောက်မှ ပြန်လာမယ်.. ခင်ဗျားလူတွေ ခေါ်စုပေးဦး... ကျနော်တို့ လက်နက်တွေ ပြန်ယူရဦးမှာ... အခြေအနေက စိတ်မချရသေးဘူး... စောင့်ကြည့်ရဦးမှာ”
.......။

တနာရီနီးပါး ကြာသွားမှ... လူသူသံတိတ်ဆိတ်သွားသလိုလို... စကားသံတွေ ပြန်ထွက်လာသလိုလိုနဲ့ ..။
ဟိုဒီသွားလာနေတဲ့ လူရိပ်တွေ ပြန်တွေ့ လာရတယ်..။

ခဏကြာတော့ မီးခွက် မီးရောင်.. လက်နှိပ်မီးရောင်တွေ ပြန်တွေ့ လာရတယ်...။ ကိုယ့်ဇာတ်စင်မှာလဲ.. အလျှိုလျှို ပြန်ထွက်လာကြပြီး တွတ်တွတ် တွတ်တွတ်နဲ့ ...။

ချစ်တိုးတို့  လူရွှင်တော် အုပ်စုတွေနဲ့  လူကြမ်းအုပ်စုတွေလဲ မရဲတရဲ ပြန်ကပ်လာကြတယ်..။
“ဟေ့... မင်းတို့ ဘယ်လစ်နေတာလဲ... ဟိုမှာ သေနတ်တွေ လိုက်တောင်းနေတာ ကြာနေပြီ...”

“ဟာ.. ကိုယ့်ဆရာကလဲ... တည့်ရာပြေးရတာပေါ့.. သူတို့ ဟာကြီးတွေ လွယ်သာလွယ်ထားတာ... ပြန်ပေးဘို့  သတိတောင် မရဘူး..”
“လေးတာ....”

တော်နေလောက်ကြာတော့..ရဲဘော်တွေ လာတာပါဘဲ...။
သေနတ်တွေ ပစ္စည်းတွေ ပြန်လာယူပြီး... မီးစက်မထွန်းဘို့ .. ပွဲကိုလဲ ရပ်ထားလိုက်ဘို့ .. လာပြောတာဘဲ..။
ဖြစ်ပုံများ...။

နောက်ရက်တော့.. ပွဲခင်းက ပုံမှန်နီးပါးတော့ ပြန်ဖြစ်လာပါတယ်...။
တတိယည အစီအစဉ်ကတော့ ပုံမှန်အတိုင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ပုံမှန်ပြဇာတ်ပါဘဲ...။

ညနေပိုင်းလောက်ကတော့ သွားမေးခိုင်းသေးတယ်... မနေ့ ညက ပြဇာတ် ပြန်ကပြပေးရဦးမှာလားဆိုတော့...
ကလဲ မကနဲ့တော့.. သေနတ်လဲ မငှားနိုင်တော့ဘူးတဲ့ ..။

ညကတောင်.. အရေးကြီးတဲ့ အချိန်မှာ လက်နက်က ကိုယ်နဲ့ မကွာ ရှိနေရမယ့်ဟာ... လူနဲ့ တခြားစီဖြစ်နေလို့ .. ဒဏ်ပေးတယ်ဆိုဘဲ..။

မကနဲ့ ဆိုတော့လဲ.. မကဘူးပေါ့..။
မငှားလဲနေပေါ့... ကိုယ့်ပြဇာတ်က သေနတ်မှ မလိုတာ...။

တတိယညကျတော့ ကပြတာ အေးဆေးဘဲ...။ ဘာမှကို မဖြစ်ဘူး...။
ညနေကတည်းက ပွဲခင်းကို စနည်းနာပြီး ကြည့်မိတယ်... ရဲဘော်တွေ တစ်ယောက်မှ လမ်းသလားတာ မတွေ့ဘူး...။

ရှင်းရှင်းပြောရရင်... ပွဲခင်းလုံခြုံရေးတောင် တာဝန်မယူတော့တာဗျာ...။
.......
.......

ဒီအဖြစ်အပျက်က ကြာနေပြီဆိုတော့ အမြဲတမ်းကြီးတော့ သတိမရပါဘူး...။
တိုက်ဆိုင်မှပါ... တိုက်ဆိုင်မှ ဆိုတာကလဲ တခြားတော့ မဟုတ်ဘူး...

ဆိုင်းဘုတ်ကြီိးတွေလေ....
“တပ်မတော်သာအမိ၊ တပ်မတော်သာအဖ”
ဆိုတာကြိးတွေ့ ရင်... ခုနကပြောတဲ့ အတွေ့ အကြုံကို ပြန်သတိယပြီး ပြုံးချင်ရော...။

ကျနော်ဘဲ အတွေးခေါင်တာလား၊ အတွေးနက်တာလား မသိပါဘူး...။
ဒါကြောင့်လဲ ဒီိပို့ စ်ကို နာမည်ပေးထားတာ...
“မဆီမဆိုင်” လို့ .........ဆို။။။
ဆိုင် လို့ လား...။

သစ်နက်ဆူး
http://thitnetsue-tns.blogspot.com/

Tuesday, December 15, 2009

နောက်ကြည့်မှန်

Ko Min Ko Naing(နောက်ကြည့်မှန်)

မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး

(က) မိတ်ဆက်

စာရှုသူ အပေါင်း ခေါင်းစဉ်ကိုဖတ်ပြီး “ဘာကြီးပါလိမ့်”လို့ ထင်စရာ ရှိပါတယ်။ နပ်သူ၊ လျင်သူ စာဖတ်သူများကတော့ “ငပုတစ်ယောက် အပေါက်ဖာနေပြီ”လို့ သိကြမှာပါ။ ဘယ်အပေါက် ဖာတယ် ထင်ပါသလဲ၊ ရှင်းပါတယ်၊ အခုတလော ကျွန်တော့် ဘလောဂ်မှာ အရေးများတဲ့ “မြန်မာပြည်မှာ သွားသွားလာလာ”လိုစာမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ပေါ့။ ဒါဖြင့်ရင် ဘာအပေါက်လဲ၊ ကျွန်တော်ဆိုလိုတဲ့ “အပေါက်” pitfall ဆိုတာက ကျွန်တော်တို့တတွေ မြန်မာပြည် နိုင်ငံရေး (စကားလုံးကတော့ အကြီးကြီးပဲ၊ အမှန်ဆိုလိုတာက ကျွန်တော်တို့လို သာမန်ပြည်သူများ အနေနဲ့ သိသင့် သိထိုက်တဲ့ ကိစ္စရပ်တွေကိုသာ ဆိုလိုတာပါ၊ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး) အကြောင်း လေ့လာတဲ့ ခရီးမှာ ကြမ်းကျွံပြီး အန္တရာယ်ဖြစ်နိုင်တဲ့ တွင်းပေါက် ထောင်ချောက်များ အကြောင်းပါ၊ အဲဒီအပေါက်တွေကို ဖာထေးဖို့၊ မဖာနိုင်တောင် အနည်းဆုံးတော့ ရှိကြောင်း အသိပေးချင်လို့၊ ဒီတခါတော့ လူပုသလောက် အမြင့်ကြီး မှန်းပြီး ကြိုးစား လက်တည့်စမ်းကြည့်လိုက်ပါတယ်။ ကျွန်တော်က ဒီ “မြန်မာပြည်မှာ သွားသွားလာလာ”လို စာမျိုးကို ဘာသာပြန်တယ်၊ ဟိုဟာ သိသင့်တယ်၊ ဒီဟာ သိသင့်တယ်၊ လူငယ်တွေ လေ့လာရမယ်၊ ဘာဘာညာညာ လျှောက်ပြောမိတဲ့အတွက် လေ့လာရင်လည်း လေ့လာတဲ့ ခရီးလမ်းမှာ ဖြစ်တတ်တဲ့၊ တချို့ ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးတဲ့၊ အန္တရာယ်တွေ အကြောင်းကိုပါ ရေးဖို့ တာဝန်ရှိတယ်လို့ ထင်လို့ ဒီလိုစာမျိုး ရေးတာပါ။ ဒါ့ကြောင့်လည်း “မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး”လို့ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်လိုက်မိတာပါ။

(ခ) မသိခြင်း၏ အန္တရာယ်

မသိခြင်း၏ အန္တရာယ်ကတော့ ရှင်းပါတယ်၊ မြန်မာပြည်မှာ ဖြစ်နေတဲ့ အကျပ်အတည်း၊ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်း၊ အကြောင်း မသိတဲ့လူတွေ များလေလေ၊ အဲဒီ မသိသူ ကျွန်တော်တို့လို သာမန်ပြည်သူအများရဲ့ အကြားအမြင် ဗဟုသုတ နည်းပါးမှုအပေါ် အခွင့်ကောင်းယူပြီး လက်တစ်ဆုပ်စာ လူတစ်စုက သူတို့ လုပ်ချင်တာလုပ်လို့ “ကျော”သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့တတွေရဲ့ ဒုက္ခကို အလေးမထားဘဲ သူတို့အတွက်၊ သူတို့လုပ်ချင်ရာသာ လုပ်သွားကြမှာပဲ။ အဲဒီလို အလုပ်မခံနိုင်ဘူး၊ အဲဒီလို အကျော မခံချင်ဘူး ဆိုရင် ကျွန်တော်တို့အနေနဲ့ သိသင့် သိထိုက်တာတွေကို သိရမယ်၊ လေ့လာရမယ်။ “မ အ အောင် သမိုင်းသင်ရမယ်”လို့လည်း ဆရာတွေက ပြောခဲ့ကြတယ် မဟုတ်လား၊ “သမိုင်းထဲမှာ အိပ်ပဲ မနေဖြစ်အောင်”တော့ သတိထားရမှာပေါ့။ မသိခြင်းရဲ့ အန္တရာယ်က ရှင်းလွန်းတော့ ဒါနဲ့ ပတ်သက်ပြီး ဘာဆက်ရေးရမှန်းကို မသိတော့ပါ။

(ဂ) သိခြင်း၏အန္တရာယ်များနှင့် လေ့လာမှုခရီး

အဲဒီလို မသိခြင်းရဲ့ အန္တရာယ်တွေကို ရှောင်ရှားလိုလို့ သိဖို့ လေ့လာတဲ့ အခါမှာလည်း အဲဒီ လေ့လာတဲ့ ခရီးမှာ အန္တရာယ် တွင်းပေါက်တွေက ရှိနေပြန်တယ်။ မြန်မာ့နိုင်ငံရေးကို လေ့လာတဲ့ သာမန်ပြည်သူ လူကြီးလူငယ်မရွေး၊ အထူးသဖြင့် ပညာတတ် လူလတ်တန်းစားများ၊ ဖြစ်လေ့ရှိတဲ့၊ ဖြစ်ရိုးဖြစ်စဉ်လို့တောင် ပြောလို့ရတဲ့ ပုံစံကို ကျွန်တော် မြင်သလို ပြောကြည့်ပါမယ်။ ဘယ်လောက်ထိ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သလဲဆိုတာ စာရင်းနဲ့ အင်းနဲ့တော့ ကျွန်တော် သုတေသန လုပ်မပြနိုင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော့် ပြည်တွင်း ပြည်ပ ပတ်ဝန်းကျင်မှာ တွေ့နေရတာတွေကို ပြောပြတာပါ။

ပထမအဆင့်က မသိခြင်းနဲ့ လက်ရှိဘ၀ကို မကျေနပ်ခြင်းက စ ပါတယ်၊ ဘာတွေ ဖြစ်နေသလဲ သိပ်မသိပါ၊ ဒါပေမယ့် လက်ရှိဘ၀ကိုတော့ မကျေနပ်ပါ၊ ဒုက္ခသုက္ခတွေက သိသာ ထင်ရှားလွန်းပါတယ်၊ (အသက်ငယ်သူတချို့၊ ကျွန်တော် ထပ်ပြောပါတယ် တချို့ လိုပဲ ပြောတာပါ၊ ဆိုရင် လက်ရှိ အခြေအနေဟာ ပုံမှန်လို့ပဲ ထင်တယ်၊ ဘာလို့လဲဆိုတော့ လက်ရှိကလွဲလို့ တခြားနေရာ၊ တခြားဖြစ်နိုင်ခြေ စတာတွေကို ဘာမှမသိလို့၊ အင်္ဂလိပ်လို ပြောကြတာကတော့ they don’t know any better ဆိုပါတော့၊ အဲဒါကိုတော့ ပထမအဆင့် မတိုင်မီ သုည အဆင့်လို့ပဲ ခေါ်ကြပါစို့။ ကျွန်တော်တို့လည်း မဆလခေတ် ကလေးဘ၀တုန်းက ဒီလိုပဲ ထင်ခဲ့ကြတာ မဟုတ်ပါလား။)

ဒုတိယအဆင့်က ပထမအဆင့်မှာ ရောက်နေတဲ့ လူလတ်တန်းစား မြန်မာတွေဟာ လက်ရှိဘ၀က ဒုက္ခတွေကို ကျော်လွှားရင်ဆိုင်ဖို့ ပြဿနာကို လေ့လာခြင်းက စပါတယ်၊ အထူးသဖြင့် နိုင်ငံရေး အကျပ်အတည်းအကြောင်း၊ သတင်းတွေ၊ စာအုပ်တွေ တတ်နိုင်သလောက်ဖတ်တယ်၊ ပြည်ပမှာ ရောက်နေတဲ့ သူတွေဆိုရင် လေ့လာစရာ စာအုပ်စာတမ်းကအစ တပုံတပင်၊ ပြည်တွင်းမှာကတော့ ရေဒီယိုတွေ နားထောင်တယ်၊ အစိုးရသတင်းစာတွေက ပြောတာကို စားသင့်တာစား၊ မြှောက်သင့်တာမြှောက်၊ ပြောင်းပြန်ယူသင့်တာယူပြီး အမှန်နဲ့ နီးစပ်အောင် လေ့လာကြတယ်။ (အစိုးရပြောတိုင်း ယုံလို့မရဘူး ဆိုတဲ့ ဘ၀ပေး အသိက ရှိတာကိုး။) အဲဒီ အဆင့်ကတော့ ဒုတိယအဆင့်ပေါ့၊

အဲဒီ ဒုတိယအဆင့်မှာ သိတန်သလောက် သိပြီးနောက်ကျတော့ လေ့လာသူရဲ့ ပင်ကိုယ် စရိုက်၊ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်၊ လက်ရှိဘ၀ထဲက ပုဂ္ဂလိက အကျိုးစီးပွား စတာတွေအပေါ် မူတည်ပြီး လေ့လာသူတွေ လေ့လာမှုအပေါ် တုံ့ပြန်ပုံက မတူတော့ပါ။ အဲဒီ ဒုတိယအဆင့် သိတန်သလောက် သိပြီးနောက်မှာ အောက်ပါ အန္တရာယ်များကို ရင်ဆိုင်မိကြတယ်လို့ ထင်ပါတယ်။ အောက်ဖော်ပြပါ အန္တရာယ် တွင်းပေါက် လေးမျိုးထဲက တချို့ထဲကို ကျွန်တော် လုံးလုံးလျားလျားလည်း ကျဖူးတယ်၊ တချို့ထဲကို ကျွန်တော် ကျတော့မလိုလည်း ဖြစ်ဖူးတယ်၊ အစကတည်း ရှောင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းများလည်း တွင်းအမျိုးမျိုးထဲကို ကျပုံ ကျနည်း အမျိုးမျိုးနဲ့ ကျကြတယ်။

(ဃ - ၁) ပထမ အန္တရာယ်တွင်းပေါက် (“ရှုပ်နေတာပဲ”)

ပထမဆုံး ကျွန်တော် သတိထားမိတဲ့ တွင်းပေါက်ကတော့ လန့်ပြီး ထုံသွားခြင်းပဲ။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအကြောင်း မသိလို့ သိအောင်လေ့လာတယ်၊ သိတော့ အကျပ်အတည်းက ကိုယ်ထင်ထားတာတက် အများကြီး ရှုပ်ထွေးတယ်၊ အန္တရာယ်များတယ် ဆိုတာ သိရတဲ့ အခါကျတော့ ထုံ သွားတယ်၊ လန့်သွားတယ်၊ နောက်ဆုတ်သွားတယ်။ ဥပမာ အခု ကျွန်တော် ဘာသာပြန်ပြန်နေတဲ့ “မြန်မာပြည်မှာ သွားသွားလာလာ” ကို ကြည့်ပါ၊ “ဗမာ အများစုဟာ ဒီမိုကရေစီရေးသည် တစ်ခုတည်းသော ပြဿနာ လို့ ထင်နေကြတယ် […] ကျုပ်တို့ အမြင်ကတော့ ဘယ်အစိုးရတက်တက် ဂရုမစိုက်ဘူး၊ အားနည်းလေ ကောင်းလေပဲ” ဆိုတဲ့ တိုင်းရင်းသား တစ်ယောက်ရဲ့ ပြောစကားကို ဖတ်မိသူ ပြည်မက ဗမာလူငယ်တစ်ဦးအနေနဲ့ ဘယ်လို ခံစားမိမလဲ၊ သူပြောတာ ဟုတ်သားပဲ၊ ဒီမိုကရေစီခေတ် ဆိုတဲ့ အချိန်ကတည်းက ပြည်တွင်းစစ်ကြီးက ဖြစ်ခဲ့တာ၊ မြန်မာ့ အကျပ်အတည်းက စစ်တပ်က အာဏာသိမ်းမှ စခဲ့တာ မဟုတ်၊ ရှေးကတည်း စခဲ့၊ ဖြစ်ခဲ့တာ၊ ပြဿနာက နိုင်ငံတော်အာဏာ တရားမ၀င် ယူထားတဲ့ အစိုးရ တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလာရင် ဘယ်လို ခံစားရမယ် ထင်ပါသလဲ၊ သေချာတာပေါ့၊ “အင်း… မလွယ်ပါလား”ဆိုတာက ပါလာမှာပါပဲ။ မလွယ်ပါလားရဲ့ နောက်ကနေ “ကိစ္စတွေ၊ လူတွေက ငါထင်သလောက် မရိုးရှင်းပါလား၊ ရှုပ်နေတာပဲ၊ ငါ့လို့ လူတစ်ယောက် ဘာများ လုပ်နိုင်မှာမို့လဲ၊ တော်ပါပြီ၊ ပိုနေမြဲ ကျားနေမြဲပဲ ကောင်းပါတယ်” ဆိုတဲ့ဆင်ခြေရလာပြီး လေ့လာတဲ့ ကိစ္စကို ရပ်ပစ်လိုက်တယ်၊ “Ignorance is a bliss” ဆိုတဲ့ စကားကို လိုက်နာပြီး မေ့ပစ်လိုက်ကြတယ်။ မသိတုန်းကလည်း မသိလို့၊ သိတဲ့အခါကျတော့လည်း ရှုပ်လို့ ဆိုပြီး ဒီကိစ္စကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ကြတယ်။ အဲဒီလို ဖြစ်သွားတာကို ကျွန်တော်ကတော့ လေ့လာမှုခရီးမှာ ပထမ အပေါက်ကျွံတယ်လို့ ပြောချင်တယ်။

ဒီအတွက် ကျွန်တော် ပြောချင်တာကတော့ ရိုးရိုးလေးပါပဲ၊ “ဇွဲ မလျှော့ပါနဲ့”။ ရှုပ်တာ မှန်ပါတယ်၊ ကိုယ်က ရှင်းရှင်းလေး မြင်တတ်ဖို့ကသာ အရေးကြီးတယ်၊ အကုန်လုံးကို လိုတာထက် ပိုပြီး ရှင်းပစ်ဖို့၊ oversimplify လုပ်ပစ်ဖို့ ပြောတာမဟုတ်ပါ၊ ဒါပေမယ့် အနည်းဆုံး ကိုယ့်ရပ်တည်ချက်နဲ့ ပတ်သက်လို့ကတော့ ကိုယ်က ရှင်းနိုင်ရင် ရှင်းပါတယ်၊ မရှုပ်ပါ။ ဒီ ပထမ pitfall အပေါက်ထဲ ကျွံပြီး ဆက် မလေ့လာလို့ကတော့ အရင် လေ့လာသမျှလည်း အလကားဖြစ်၊ လက်တွေ့လည်း ဘာမှ အလုပ်မဖြစ်ဘဲ အဟောသိကံ ဖြစ်မှာပဲ။ ဇွဲမလျှော့ဘဲ ဆက်လေ့လာရင် ကိုယ်က ဘယ်လိုရပ်တည်ချက် ရှိရှိ၊ အမြင်တွေ ဘယ်လောက် ကွဲပြားကွဲပြား၊ “လက်ရှိ အခြေအနေသည် လက်မခံနိုင်သော အခြေအနေ” “လမ်းကြောင်းမှားနေတဲ့ အခြေအနေ” ဆိုတာကို လက်ခံလာလိမ့်မယ်၊ “လက်ရှိ ပုံစံနဲ့တော့ အနာဂတ် ချောက်ကျ ကြမယ်”ဆိုတဲ့ အသိကို ဆက်လက် လေ့လာသူ လူတိုင်း ရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒီပို့စ်ရဲ့ နိဂုံးပိုင်းမှာလည်း ဒီအကြောင်း နည်းနည်း ထပ်ရေးပါဦးမယ်၊ အဲတော့ ဒီ ပထမတွင်းပေါက်နဲ့ ပတ်သက်လို့ကတော့ “ဇွဲမလျှော့ပါနဲ့၊ ဆက်လေ့လာပါ” လို့။ လျှော့လိုက်ရင်တော့ ကုန်ခဲ့သမျှ စွမ်းအင်တွေ အလဟဿဖြစ်ပြီး “လုပ် အလကား” ကြီး ဖြစ်တော့မှာပဲ။

(ဃ - ၂) ဒုတိယ အန္တရာယ်တွင်းပေါက် (“ဒီပုပ်ထဲက ဒီပဲ”)

နောက်တစ်ခုကတော့ “ဒီပုပ်ထဲက ဒီပဲ”ဆိုတဲ့ အန္တရာယ် တွင်းပေါက် ဖြစ်ပါတယ်။ လေ့လာရင်းနဲ့ အစိုးရ မကောင်းတာတွေအပြင် အစိုးရကို နည်းအမျိုးမျိုးနဲ့ အတိုက်အခံလုပ်နေတဲ့ အင်အားစုတွေထဲက တချို့ရဲ့ အားနည်းချက်တွေ၊ အမှားတွေကိုပါ လေ့လာသိမြင်သွားတယ်၊ ပြဿနာတွေရဲ့ အတိမ်အနက်ကို မှန်းမိလာတဲ့အခါ အစိုးရပြောတဲ့ တချို့ အမြင်တွေက မှန်သယောင်ယောင် ဖြစ်လာတတ်တယ်၊ အထူးသဖြင့် ဒီအစိုးရ တပြားသားမှ မကောင်းဘူးဆိုတဲ့ ဒေါသစိတ်အခံ တဘက်စွန်းရှိခဲ့ရင် အတိုက်အခံဘက်ကလည်း တချို့က မကောင်းတာ၊ အားနည်းတာလေးတွေကို သိလာတဲ့အခါ အရင်က အစွန်းရောက်ခဲ့အယူက တန်ပြန်သက်ရောက်ပြီး အားလုံး ဒီပုပ်ထဲက ဒီပဲဆိုတဲ့ ကောက်ချက်ကို အလွယ်လေးပဲ ချကြပါတော့တယ်။ အစိုးရနဲ့ အတိုက်အခံကို အာဏာလုနေတဲ့ ကျွဲနှစ်ကောင်၊ တိုင်းရင်းသားတွေပါ ပါရင် သုံးကောင်၊ လို့ ယူဆလိုက်ပြီး ကိုယ့်ကိုကိုယ်ကျတော့ သနားစရာ မြေစာပင်ပေါ့။ အဲဒီလို အပြစ် တစ်ပိဿာနဲ့ အပြစ် တစ်ကျပ်သားကို အတူတူလို့ သဘောထားတဲ့ “ဒီပုပ်ထဲက ဒီပဲ”ဆိုတဲ့ ချိန်ခွင်ပျက် စကားထဲမှာ စိတ်ပျက်အားလျော့တာ၊ ကိုယ့်ကိုကိုယ် ပြုသမျှ နုရမယ့် မြေစာပင်လို သဘောထားတာ၊ တနည်း ကိုယ့်ကိုကိုယ် တန်ဖိုးမထားတာ၊ ကိုယ့်ကိုကိုယ် victimize လုပ်တာ၊ စ တဲ့ အရိပ်အယောင် undertone တွေ ပါ ပါတယ်။ မွေးကတည်း နေ့စဉ်နဲ့အမျှ ကြားခဲ့ရတဲ့ အစိုးရရဲ့ ၀ါဒဖြန့်မှုတွေကလည်း ဒီနေရာမှာ အစွမ်းပြပါတယ်။

ဒီအတွက် ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လောကမှာ လူကောင်းနဲ့ လူဆိုး နှစ်မျိုးတည်း မရှိပါ၊ အများအားဖြင့် ကောင်းလေ့ရှိသူနဲ့ အများအားဖြင့် ဆိုးလေ့ ရှိသူလို့ ခွဲဖို့တောင် ကိုယ်က ဘယ်စံနဲ့ ကြည့်မလဲ ဆိုတဲ့အပေါ် မူတည်ပြန်တယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချိန်၊ အရေးကြီးတဲ့ ကိစ္စတွေမှာ လူကောင်း လူဆိုး ကွဲပြားမှုဟာ ပြတ်သားလာတတ်တယ်၊ အဲဒီ အချိန်မျိုးကို စောင့်ကြည့်လို့ရတယ်၊ ကိုယ်ပိုင် ဉာဏ်အားနဲ့ ပိုင်းခြားလို့ရတယ်၊ ဘယ်သူမှ ပြီးပြည့်စုံ ကောင်းမွန်တယ်ရယ်လို့ မရှိဘူးဆိုတာကို လက်ခံပြီးတဲ့ နောက်မှာတော့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ ချိန်ခွင်ပျက်စကားကို ပယ်ရှားနိုင်ဖို့က၊ လွယ်လွယ်လေးပဲ။ လက်တွေ့ အဖြစ်အပျက်တွေကိုသာ ကြည့်လိုက်ပါ၊ ဘယ်သူက မတရားလုပ်နေသလဲ၊ ဘယ်သူတွေ မတရားခံနေရသလဲ၊ အဖြေက ရှင်းလာပါလိမ့်မယ်။

ဒီလိုပြောလို့ ကိုယ်ကြိုက်တဲ့၊ ထောက်ခံတဲ့ ဘက်မှာ အကျင့်ပျက်တွေ ရှိရင် မဝေဖန်ရဘူးလို့ မဆိုလိုပါ၊ ဝေဖန်နိုင်ပါတယ်၊ ကိုယ့်ဝေဖန်မှုရဲ့ ရည်ရွယ်ချက်ကို သန့်စင်အောင် ဆေးကြောပြီးရင်၊ ကိုယ့်ဝေဖန်မှုရဲ့ အကျိုးအပြစ် အဆက်ဆက်ကို ချင့်ချိန်ပြီးရင် ဝေဖန်နိုင်တယ်၊ ဝေဖန်ဖို့လည်း တာဝန်ရှိပါတယ်။ အစိုးရနဲ့ နိုင်ငံရေး သမားတွေ အားလုံး ဒီပုပ်ထဲက ဒီပဲ ပါပဲ၊ ငါတို့ကသာ မြေစာပင် ဖြစ်ရတယ်လို့ ပြောရင်၊ ကိုယ်က တကယ့်ကို မြေစာပင် ဖြစ်မှာပဲ၊ ခိုင်မာတဲ့ ရပ်တည်ချက်ထားပြီး ကိုယ်နိုင်သလောက် လုပ်မှသာ မြေစာပင်ဘ၀က သက်သာရာ ရမှာပဲ။

(ဃ - ၃) တတိယ အန္တရာယ်တွင်းပေါက် (“သူတို့ လုပ်နေပုံ မဟုတ်လို့ ငါဝင်မလုပ်တာပေါ့”)

ဒီအန္တရာယ် တွင်းပေါက်ကတော့ မာန တမျိုးမျိုးကို လိုတာထက် ပိုထားမိတဲ့ လေ့လာသူတွေ၊ ကိုယ့်ကိုကိုယ် အသားကုန် ကာကွယ်တတ်သူတွေ ကျတတ်တဲ့ တွင်းလို့ မြင်ပါတယ်။ အတော်လေး တတ်သိနားလည်လာတဲ့ လူလတ်တန်းစား ပညာတတ် ပြည်သူတချို့မှာ အများအားဖြင့် တွေ့ရလေ့ ရှိတယ်။ ရှားရှားပါးပါး ကျွန်တော် တခါမှ မကျဖူးတဲ့ တွင်းလည်းဖြစ်တယ်။ ကိုယ်တိုင် မကျဖူးလို့လား မသိဘူး၊ ဒီတွင်းထဲကို ကျတတ်သူများကို ကျွန်တော် သိပ် အသည်းယားတယ်။

ဒီတွင်းကတော့ လေ့လာရင်း ကိုယ်သိတာတွေ များလာတယ်၊ ကိုယ့်မှာ လက်ရှိ နိုင်ငံရေးသမားတွေ လုပ်ဆောင်ပုံနဲ့ ကွဲပြားတဲ့ အကြံတွေ ဉာဏ်တွေ ပေါ်လာတတ်တယ်။ အဲဒီအခါမှာ ကြာညောင်းလာတဲ့ တော်လှန်ရေးထဲက နိုင်ငံရေး အင်အားစုတွေ လုပ်ပုံကိုင်ပုံကို ကြည့်ပြီး “သူတို့ လုပ်နေပုံ မဟုတ်ဘူး၊ ဒီလို လုပ်လို့မရဘူး၊ ဒီလို အချိုးမပြေတဲ့ ကောင်တွေကြောင့် ငါဝင်မလုပ်တာပေါ့၊”ဆိုတဲ့ ဆင်ခြေ ပေးမိခြင်းပဲ။ ပညာတတ်သူများကလည်း ဒီတော်လှန်ရေးသမားတွေ ဘာမှမတတ်ဘဲ လျှောက်လုပ်နေတယ်၊ ဒါလေးတောင် မသိဘဲ လျှောက်အော်နေတယ်၊ ဒီလို လုပ်လို့ မရဘူး၊ ဒါ့ကြောင့် ကျွန်တော်/ကျွန်မတို့က ၀င်မလုပ်တာပေါ့ ဆိုပြီး ပြောကြတယ်။

ကျွန်တော့် သဘောကတော့ ဒီတော်လှန်ရေးဆိုတာကို ကျဆုံးသွားတယ် ပြောပြော၊ တန့်နေတယ် ပြောပြော၊ မအောင်မြင်သေးတာတော့ အမှန်ပဲဆိုတာ လက်ခံပါတယ်။ နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မရသေးဘူး၊ မအောင်မြင်ရသေးခြင်း အကြောင်းရင်းတွေ အများကြီးရှိမှာပဲ၊ ထောက်ပြပါ၊ ဝေဖန်ပါ၊ အကြံပေးပါ။ သူ့ကြောင့်၊ ကိုယ့်ကြောင့်၊ “ကြောင့်” တွေ တပုံတပင် ထွက်လာ ပါလိမ့်မယ်။ (လက်ရှိ လုပ်နေတဲ့ တော်လှန်ရေး သမားများကလည်း အပြုသဘော ထောက်ပြ ဝေဖန် အကြံပေးတာတွေကို ခံနိုင်တဲ့ အရည်အချင်း ရှိသင့်တယ်လို့ မြင်ပါတယ်။) ဒါပေမယ့် ဒီ “ကြောင့်” တွေဟာ “ငါ ၀င်မလုပ်ရခြင်း” ရဲ့ အကြောင်းရင်းတော့ ဟုတ် ကို မဟုတ်ဘူး။ ငါ ၀င်မလုပ်ရခြင်းရဲ့ တကယ့် “ကြောင့်”က “ငါ ကြောက်သောကြောင့်၊ ငါ မလုပ်ရဲသောကြောင့်၊ ငါ မစွန့်ရဲသောကြောင့်”ပဲ ဖြစ်တယ်ဆိုတာ မိမိ ကိုယ်ကို ရိုးရိုးသားသား ဝေဖန်ကြည့်ရင် တွေ့ပါလိမ့်မယ်။

စဉ်းစားကြည့်ပါ၊ လက်ရှိ လုပ်နေတဲ့ သူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ဘူးပဲထား၊ (ဟုတ်တာတွေ ရှိသလို မဟုတ်တာတွေလည်း ရှိနိုင်တယ်ဆိုတာ ကျွန်တော် လက်ခံတယ်)။ ဒါတွေကို မှန်တဲ့ လုပ်ပုံကိုင်ပုံ သိပါတယ်ဆိုတဲ့ သူက ဝေဖန်ပြောပြပြီး ကိုယ်တိုင် ၀င်လုပ်ဖို့ လိုတယ် မဟုတ်ဘူးလား၊ သိရင် သိတဲ့သူက လုပ်ပြရမှာပေါ့။ ကိုယ်သိတဲ့၊ နားလည်တဲ့ အချက်ကို မသိသေး၊ နားမလည်သေးသူတွေကို နားဝင်အောင် ရှင်းပြရမှာ ကိုယ့်တာဝန်ပဲပေါ့။ ဒါကို ရှင်းမပြရင်၊ ဒါမှမဟုတ် တခါနှစ်ခါလောက် ကြိုးစားပြီး မရရင်၊ ငါပြောသားပဲ သူတို့မှ လက်မခံတာ တော်ပါပြီ၊ ငါ ဘာမှ မလုပ်တော့ပါဘူး ဆိုပြီး နေလိုက်ရော။ အခြေအနေ အချိန်အခါအရ နားသင့်လို့ နားတယ်ဆိုရင် လက်ခံပါတယ်၊ ဒါပေမယ့် “ဒီလူတွေ လုပ်ပုံမဟုတ်လို့ ငါ ၀င် မလုပ်တာ” ဆိုတဲ့ ဆင်ခြေကြီးကတော့ ကိုယ့် အကြောက်တရားကို မ၀န်ခံရဲဘဲ မရိုးသားရာ ကျပါတယ်။

မသိစိတ်က စွန့်ရမှာ ကြောက်နေတယ်၊ မလုပ်ရဲဘူး၊ အဲဒီတော့ ကိုယ် မလုပ်ရဲတာကို သူတပါးအပြစ်ကြောင့်လို့ လက်ညှိုးထိုးဖို့ ဆင်ခြေရှာတဲ့အခါ “နိုင်ငံရေးသမားတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်လို့”ဆိုတဲ့ ဆင်ခြေကို ရှာတွေ့သွားတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ပါ၊ အဲဒါ လေ့လာမှုခရီးရဲ့ အန္တရာယ် တွင်းကြီးပဲ။ “လုပ်ပုံ ကိုင်ပုံ မဟုတ်ရင်၊” “လုပ်ပုံ ကိုင်ပုံ အမှန်ကို သိတယ်” ဆိုတဲ့ လူက လုပ်ပြရမှာပဲ မဟုတ်ဘူးလား။

ကျွန်တော်နဲ့ အမြင် သိပ်မတူသူ နိုင်ငံရေး သမား တချို့ အကြောင်းကို ဖတ်ဖူး ကြားဖူးပါတယ်၊ သူတို့က လက်ရှိ ပင်မ နိုင်ငံရေးအင်အားစုတွေ လုပ်နေ ကိုင်နေပုံတချို့ကို သဘောမကျပါ၊ အဲဒီတော့ သူတို့ မှန်တယ်ထင်တာကို လုပ်ပြတယ်၊ သူများတကာကို လက်ညှိုးထိုး အပြစ်ဖို့ပြီး ဆင်ခြေကန်မနေဘူး၊ ကျွန်တော် သူတို့ အမြင်တချို့ကို လက်မခံနိုင်ပေမယ့် သူတို့ ဒီလို လုပ်ပြတာကို သဘောကျတယ်၊ လေးစားတယ်။

တခုတော့ ရှိပါတယ်၊ ရိုးသားဖို့တော့ အများကြီး လိုပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း (က) နဲ့ (ခ) နှစ်မျိုးရှိတယ် ဆိုပါစို့၊ (က)က အဖြစ်သင့်ဆုံး၊ အထိရောက်ဆုံး လုပ်နည်းဖြစ်ပြီး လုပ်သူအတွက် အန္တရာယ်ကတော့ များတယ်၊ (ခ)ကတော့ (က)နဲ့စာရင် ထိရောက်မှုအား အင်မတန်နည်းပေမယ့် လုပ်သူအတွက် အန္တရာယ်ကတော့ မရှိသလောက်ပဲ၊ အဲဒီ အခါမှာ (ခ)ကို ရွေးပြီး လုပ်တာက အပြစ်မဟုတ်၊ (ခ) ကို ရွေးရခြင်းသည် “ငါ (က) ကို မလုပ်ရဲလို့” ဆိုတဲ့ ကိစ္စကို ရိုးရိုးသားသား ၀န်ခံသင့်တယ်၊ ကိုယ် လုပ်ရဲတဲ့ အလုပ်ပဲ လုပ်တာက အပြစ်မဟုတ်၊ ကိုယ်က (ခ)ပဲ လုပ်ရဲလို့ (ခ)ပဲ လုပ်တာကို (က)က လုပ်ပုံမဟုတ်လို့ ဆိုတဲ့ ဆင်ခြေမျိုး မရိုးမသား ပေးမိရင်သာ အပြစ်ဖြစ်တယ်။ အဲဒီတော့ ဒီ တတိယတွင်းပေါက်နဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောချင်တာကတော့ “ရိုးသားပါ၊ ကိုယ်ကိုကိုယ့် မညှာတမ်း ဝေဖန်ပါ။”

(စကားကြုံလို့၊ အန္တရာယ် ဘယ်လောက်များများ လုပ်ရဲသူတွေ ရဲရဲတောက်တွေကို တောင်းပန်ချင်တာကတော့ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ခင်ဗျားတို့ ရဲရဲတောက်တွေလို သတ္တိမရှိဘူး၊ မစွန့်ရဲဘူး၊ အဲဒီတော့ အဲဒီလို သတ္တိ အလုံအလောက် မရှိသူတွေ သတ္တိရှိမလာခင် လောလောဆယ် လျှောက်နိုင်တဲ့ လမ်းကိုလည်း ပြကြပါ၊ သတ္တိမရှိသူတွေကို ကိုယ့်လောက်မှ သတ္တိမရှိရကောင်းလားလို့ ဝေဖန်ပြစ်တင်နေရုံနဲ့ သတ္တိတွေ ရှိလာမဟုတ်ဘူး၊ အလုပ်မဖြစ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဥပမာ - ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး စတဲ့၊ ၈၈ ကျောင်းသားတွေ လုပ်သလို “ပြည်သူလူထု အများ လိုက်ပါနိုင်တဲ့ နည်းလမ်း” ရှာဖွေ လုပ်ကိုင်ခြင်း နဲ့ “အနည်းဆုံးတော့ နိုင်ငံရေးသမားတွေနဲ့ လူမှုရေး ဆက်ဆံပါ” စတဲ့ guideline ချပေးခြင်း စသည်တို့လိုမျိုး လုပ်ပေးကြပါ။)

(ဃ - ၄) စတုတ္ထ အန္တရာယ်တွင်းပေါက် (“ငါ့တသက်တော့ လွတ်လမ်းမမြင်ပါ”)

ဒီတွင်းကတော့ ပထမ “ရှုပ်နေတာပဲ”ဆိုတဲ့ အန္တရာယ်တွင်းနဲ့ ဆက်စပ်ပါတယ်။ လေ့လာမှု များလေလေ၊ ပြဿနာ အတိမ်အနက်ကို သိလေလေ ဖြစ်လာပြီး ကိုယ်က မှန်ရာကို လုပ်ရဲတဲ့ သတ္တိ အလုံအလောက် မရှိတာကိုလည်း မချင့်မရဲ ဖြစ်လာတဲ့အခါ “ငါအပါအ၀င် လူတွေ ဒီလိုသာ ကြောက်နေလို့ကတော့ ငါတို့ တသက်တော့ လွတ်လမ်း မမြင်ဘူး”ဆိုပြီး စိတ်ပျက် အားလျော့ ဖြစ်လာတတ်တဲ့ အန္တရာယ်ပဲ။ ကျွန်တော် ခဏခဏ၊ တဖုတ်ဖုတ် ပြုတ်ကျတဲ့ တွင်းပေါ့။

ဒါနဲ့ပတ်သတ်ရင်တော့ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် အမြဲပဲ သတိပေးပါတယ်၊ သူများတကာက ထောင်တန်း အကျခံ၊ ဘ၀ပျက်ခံပြီး ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကိုယ်က စိတ်ပျက် အားလျော့ နေမိတာ ရှက်ဖွယ်လိလိ ဖြစ်တယ်၊ လုပ်နိုင်သလောက် လုပ်ရဲ သလောက် လုပ်ရမယ် ဆိုတာကိုပေါ့။ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်မှာ မအောင်မြင်ခဲ့လို့ ကျွန်တော်တို့ ခံရတယ်၊ ကျွန်တော်တို့ မအောင်မြင်ရင် နောက်မျိုးဆက်တွေ ခံရမယ်လို့ ခေါင်းဆောင်တွေ မကြာမကြာ ပြောလေ့ရှိကြတယ် မဟုတ်လား။ “ငါ့တသက် လွတ်လမ်း မမြင်”လည်း နောက်လူတွေအတွက် လုပ်ရဲသလောက်၊ လုပ်နိုင်သလောက် လုပ်သင့်တယ်၊ “ငါ ဘာလုပ်နိုင်သလဲ”လို့ အမြဲပဲ ကိုယ့်ကိုကိုယ် မေးပြီး လုပ်နိုင်တာကို လုပ်နေသင့်တယ်လို့ ယူဆကြောင်းပါ။ (အပြောလွယ်ပြီး အလုပ်ခက်ပါတယ်၊ ဒါ့ကြောင့်လည်း ကျွန်တော် အပါအ၀င် မိတ်ဆွေသူငယ်ချင်းများ ဒီအန္တရာယ်တွင်းထဲ တဖုတ်ဖုတ် ပြုတ်ကျကြတာပေါ့။)

(င) မျှော်မှန်းမိသော လေ့လာမှု၏ စတုတ္ထအဆင့် နဲ့ နိဂုံး မဟုတ်သော နိဂုံး

မြန်မာပြည်မှာ သွားသွားလာလာကို ဘာသာပြန်ရင်း ကျွန်တော် တာဝန်မကင်း ဖြစ်လာတယ်လို့ ယူဆမိတဲ့အတွက် မသိခြင်းရော သိခြင်းရောရဲ့ အန္တရာယ်တွေကို ကျွန်တော် အပါအ၀င် မိတ်ဆွေ ပြည်သူတွေရဲ့ အတွေ့အကြုံတွေ အပေါ် မူတည်ပြီး ရေးလိုက်ပါတယ်။ သိလွန်း တတ်လွန်းလို့ ရေးနေတာ မဟုတ်ဘူးဆိုတာ ဒီစာကို ဖတ်လိုက်ရင်ပဲ သိသူ၊ တတ်သူ စာဖတ်သူအချို့ ကောင်းကောင်းသိပါတယ်။ သတ္တိ ဘယ်လောက် ရှိပြီး ဘာတွေ လက်တွေ့ လုပ်နေလို့ ဒါတွေ ပြောရတာလဲလို့ မေးရင် “ကျွန်တော် ကြောက်လို့ ပုဆိုးခြုံထဲကပဲ လက်သီးပြရဲတာသာ ကြည့်ပါတော့” လို့ ဖြေရမှာပဲ။ ကျွန်တော်က လေ့လာသင့်တယ် ပြောမိလို့၊ လေ့လာဖို့ စာတချို့ ဘာသာပြန်မိလို့၊ အဲဒီစာတွေ၊ လေ့လာမှုတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ပြောဖို့လည်း ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ယူဆလို့ ပြောခြင်း သက်သက်ပါ။

အကျဉ်းချုပ်ပြောရရင်တော့၊ မသိခြင်းဟာ အန္တရာယ် ကြီးသလို၊ သိခြင်းကြောင့်လည်း အန္တရာယ်တွေ ဖြစ်နိုင်တယ်၊ ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့က “ဇွဲမလျှော့ပါနဲ့”၊ “ပြတ်သား ခိုင်မာတဲ့ ရပ်တည်ချက်ထားပြီး လုပ်နိုင်သလောက် လုပ်မှသာ မြေစာပင်ဘ၀က သက်သာရာရမယ်”၊ “မိမိကိုယ်ကို ရိုးရိုးသားသား ဝေဖန်ပါ”၊ “ငါဘာလုပ်နိုင်သလဲ၊ ငါဘာလုပ်လို့ ရသလဲ” လို့ အမြဲပဲ မေးနေ လုပ်နေပါ။

အဲဒီလို သိခြင်း၏ အန္တရာယ်တွေကို ကျော်လွှားနိုင်ရင် လေ့လာသူ အားလုံးဟာ နောက်ဆုံးမှာ “လက်ရှိ အခြေအနေသည် ပုံမှန်မဟုတ်၊ မှားနေတယ်၊ ဒါ့ထက် အများကြီး ကောင်းနိုင်ရက်သားနဲ့ လမ်းကြောင်းလွဲနေတယ်၊ ငါတို့ လုပ်နိုင်သလောက် တခုခုတော့ လုပ်မှ ဖြစ်မယ်” ဆိုတဲ့ ဘုံ သဘောတူညီချက် ရပြီး တက်ညီလက်ညီ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လေ့လာမှုတစ်ခုဟာ၊ (ကြီးကြီးကျယ်ကျယ် ပြောရရင် “ဘ၀” ဆိုတာကြီးကပါ) နိဂုံးတစ်ခု၊ ပန်းတိုင် တစ်ခုတော့ မဟုတ်ပါ၊ ခရီးတစ်ခု ဖြစ်ပါတယ်။ (ဒီစကားမျိုး ကြားရလွန်းလို့ နားခါးပြီးတောင် ဖြစ်လောက်ပြီ။) ပြီးပြည့်စုံခြင်း ဆိုတာကလည်း ဘယ်တော့မှ ဆိုက်ရောက်မှာမဟုတ်ပါ၊ ဒါပေမယ့် ပြီးပြည့်စုံခြင်းကို ဦးတည်ပြီး အမြဲပဲ သွားလာနေဖို့တော့ လိုပါတယ်၊ ဒါမှ မဆုတ်ယုတ်မှာပါ။ မြန်မာပြည်နိုင်ငံရေးဟာ ဘာနဲ့တူသလဲဆိုတော့ ရေစီးသန်တဲ့ မြစ်ကို ဆန်နေသလိုပဲ၊ မြစ်ဖျားထိတော့ ရောက်ချင်မှ ရောက်မယ်၊ ရောက်မှာ မဟုတ်လို့ ဆန်နေတာကို ရပ်လိုက်ရင်တော့ တခါတည်း ဟိုးအောက်ထိ စုန်ဆင်းသွားမှာပဲ၊ တပ်မတော် အစိုးရရဲ့ လက်ရှိအခြေအနေဟာ ဆန်ရမယ့် ကိစ္စကို မဆန်ဘဲ၊ ရပ်နေတဲ့ အဆင့်တောင် မဟုတ်ဘဲ၊ အားရပါးရ စုန်ဆင်းနေတယ် ဆိုတာကို လေ့လာသူများ မြင်နိုင်ရင်၊ ဆန်တက်နိုင်ဖို့ တတပ်တအား ကြိုးစားကြမယ် ဆိုရင် ရေးရကျိုးနပ် ပါကြောင်း။

(ဟူး… မောလိုက်တာ... :D)

ရေးသူ- ပုထုဇဉ်
(8/24/07)
--
Respect for Diversity!!!!

http://kopaw07.blogspot.com/

ငွေရာသီ

ငွေရာသီ


ငွေရာသီ၂

ငွေရာသီ ၃

ငွေရာသီ ၎

Friday, December 4, 2009

First a refugee, now homeless

Soe Win, originally from Burma, is staying at Urban Ministry’s Weaver House until the winter emergency shelters open at local churches next month.
First a refugee, now homelessSaturday, November 28, 2009 (Updated 7:19 am)
By Lorraine Ahearn
Staff Writer


GREENSBORO — In a case that highlights thinning assistance for incoming refugees, a Burmese exile resettled through the United Nations has taken emergency shelter at Greensboro Urban Ministry.

Soe Win, 56, arrived in 2007 to be resettled by Lutheran Family Services. Now destitute and suffering from a breakdown, he arrived in mid-

November at the homeless day center on East Bessemer Avenue.

There, volunteer social workers contacted Lutheran Family Services, but no services were available. Win is now staying at Urban Ministry’s Weaver House until the winter emergency shelters open at local churches next month.

“It may be the first case like this,” State Refugee Coordinator Marlene Myers said this week, “but it won’t be the last.”

Myers was in Greensboro this week to meet with a network of local providers who are expected to help resettle 800 of the state’s anticipated 2,100 new refugee arrivals this year.

Guilford County has led the state in resettling political refugees because four local nonprofit agencies have contracts to do so: Lutheran Family Services, Church World Services, World Relief of High Point and N.C. African Services Coalition. Refugees are resettled within a 50-mile radius of the agencies.

Until now, Myers said, the resources have seemed to suffice — a “reception and placement” allowance of $850 per person, plus a $181 per month stipend in the initial months after arrival — with nearly every service directed at getting refugees jobs.

“In the past, it was very realistic. For the most part, it worked,” said Myers, who said few refugees had received cash assistance such as Aid to Families with Dependent Children.

“Lots of us have felt it would be great — on a federal level — to respond to the increased length of time it’s taking for them to find employment.”

Win, who speaks no English, spent 20 years in a Thai refugee camp after escaping from Myanmar, formerly known as Burma. He left family behind to come to the U.S., working briefly in a plastics factory, he said through an interpreter, the Rev. Thang Lian Kaap of Myanmar Community Church.

Suffering severe depression and occasional hallucinations, according to social workers, Win stayed with Burmese friends who supported him for as long as they were able. After his friends moved, Win was left alone and was evicted from his apartment.

At the Interactive Resource Center on East Bessemer, where Win showed up earlier this month, social workers contacted Lutheran Family Services to ask for help. Win’s caseworker, Halat Mlo, said Friday that the agency has no Burmese interpreters and that no services were available beyond a client’s initial year.

UNCG social work graduate student Jennifer Clark said LFS gave her the same answer earlier this month when Win showed up at the day center where Clark interns and the staff tried to find help for him.

“I was in desperate need of an interpreter, and I was kind of shocked that this (LFS) was the agency that everybody was referring me to,” Clark said.

“It would be like calling the health department for medication and being told, 'We don’t do medication.’ ”

Myers, who oversees the N.C. Office of Refugee Resettlement, said follow-up services average 12 months . They revolve around finding work, and rental assistance is usually limited to one month per person .

In 2008, Guilford County resettled at least 35 percent of the state’s refugees, although Myers said that percentage might be low.

At Weaver House, assistant manager Randy Dale said he believed Win was the first refugee to become homeless here. Clark said she had spoken to two African men who also checked into the shelter this week, one from Ethiopia and another from an unidentified country in northern Africa. She was uncertain whether they had arrived as refugees.

Win said he was grateful to be sheltered and fed, but his main concern was that he had no job.

Both the pastor and the social workers said Win needs treatment for depression and other symptoms before he can work.

With so many North Carolinians out of work, Myers’ assistant, Pat Priest, observed that it might be human nature to question the importance of refugee resettlement.

In Angela Chavis’ view, however, refugees are what defines the United States. Recognizing the increasing need this winter and the lack of resources and coordination, she has organized a mutual assistance agency, HeavensGate World Services.

The group is set up to marshal the community to help with refugee needs.

“If we can’t put our arms out there to greet these people, what does it mean to be an American?” Chavis said.

“These people are not here by choice. They’re displaced because of civil war and trying to find a sustainable life,” she said. “They’re going to be an asset to us.”

Contact Lorraine Ahearn at 373-7334 or lahearn@news-record.com

http://www.news-record.com/

Wednesday, December 2, 2009

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောဌေးမောင်နှင့် နအဖ ဗိုလ်ချုပ်တို့၏ ဆွေးနွေးခန်း



မြန်မာ ဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု

၂၀၀၈ ခု ဒီဇင်ဘာ လအတွင်းက ကွာလာလမ်ပူမြို့ UNHCR ရုံးရှေ့တွင် လာရောက် ဆန္ဒပြသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် အတူတွေ့ရသော ဒုက္ခသည် ကလေးငယ်တဦး (ဓာတ်ပုံ - အေပီ)

မြန်မာ ဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု
Wednesday, 02 December 2009 17:54 ကိုထွေး

မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ချင်းနှင့်မွန် တိုင်းရင်းသား ၃၀၀၀ ကျော် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လတ်မှတ်များ ထုတ်ပေးလိုက်ကြောင်း မလေးရှား အခြေစိုက် မွန်နှင့်ချင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့များက ဆိုသည်။

ချင်းလူမျိုး ၁၀၀၀နှင့် ၁၅၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Refugee Status Determination (RSD) ကတ်များ ရရှိခဲ့ကြောင်း ချင်းဒုက္ခသည် ကော်မတီ (Chin Refugee Committee-CRC)က ဆိုသည်။

CRCမှ ကိုဟယ်ရီက“မြန်မာပြည်က အခက်အခဲ ကြားထဲကနေ ဒီကိုရောက်လာ တယ်၊ UNHCRက ဒီလို အသိအမှတ်ပြုတော့ ၀မ်းသာတယ်၊ ဒီကိုရောက်လာတာက ဘာမှ သက်သေအထောက်အထားမရှိတဲ့ အခါ ကျတော့ UN အနေနဲ့ စာရွက် စာတမ်းတွေ ထုတ်ပေး တော့ ရဲတွေဘာတွေကိုတွေ့တော့ ပြစရာ နည်းနည်း ရှိတာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ၂၇ ရက်နေ့ အထိ ယင်းသို့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နာမည် စာရင်း တင်ထားသလောက် လာရောက်နိုင်ခြင်းမရှိသဖြင့် အတိအကျ စာရင်းမယူနိုင်ခဲ့သော်လည်း ၁၀၀၀နှင့် ၁၅၀၀ ကြားရှိကြောင်း၊ ဒုက္ခသည်များအဖြစ် ချင်းလူမျိုးများကို ၂၀၀၁ မှ စတင်၍ အသိအမှတ် ပြုလာသည် မှာ ယခုဆိုလျှင် လူဦးရေ ၂၀၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး စုစုပေါင်း ၃၀၀၀၀ နီးပါး နေထိုင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

မလေးရှားအခြေစိုက် Alliance of Chin Refugee အဖွဲ့မှ အကူဝန်ထမ်း ကိုကျော်ဦး(ခေါ်) ရော်ဂျာ၏ အဆိုအရ ယခုနှစ် ၂၀၀၉ အတွင်း UNHCRက ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရသူ ၁၁၀၀၀ ရှိပြီး ချင်းတိုင်းရင်းသား အများ ဆုံးဖြစ်ပြီး ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

၂၀၀၇-၀၈ ခုနှစ်တွင် မွန်လူမျိုး ၅၀၀ ခန့်သာ အသိအမှတ်ပြုခံရသော်လည်း အောက်တိုဘာလတွင် မွန် လူမျိုး ၁၈၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရကြောင်း၊ မလေးရှားနိုင်ငံတွင် မွန်လူမျိုး ၂၀၀၀၀ခန့် နေထိုင်ကြကြောင်း မလေးရှား အခြေစိုက် မွန်ဒုက္ခသည် ကူညီရေး အဖွဲ့က ဆိုသည်။

နိုင်ရိုင်မွန်က“ ၃၀၀၀ လောက်လျှောက်တယ်၊ ၁၅၀၀ လောက်လက်ခံတယ်ဆိုတော့ ဒီနှစ်က မွန်တွေ အတွက် ကံကောင်းတာပေါ့၊ UNHCRကထုတ်ပေးတဲ့ ကတ်ရှိရင် အဖမ်းခံရရင်တောင် ထိန်းသိမ်းရေး စခန်းတွေအထိ UNHCRက လာထုတ်ပေးတယ်၊ ဒီမှာ အလုပ်လုပ်တဲ့သူတွေ အတွက်တော့ အကျိုး ရှိတာပေါ့” ဟု ပြောသည်။

အသက် ၁၈နှစ်အောက် ကလေးများ၊ ဖခင်မရှိဘဲ ကလေးများသော မိသားစုများ၊ အသက် ၅၀ကျော် လူကြီးများကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရန် ပိုမို အခွင့်အရေး ရရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မလေးရှား UNHCRက အောက်တိုဘာ ၂၀၀၉ အထိ ဒုက္ခသည် ၆၇၈၀၀ ခန့် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုရန် စာရင်းပေးခဲ့ကြောင်း၊ ယင်းတို့ အထဲတွင် မြန်မာလူမျိုး ၆၂၀၀၀ခန့်ပါဝင်ပြီး၊ ရိုဟင်ဂျာ ၁၆၁၀၀၊ ချင်း ၂၈၂၀၀၊ မြန်မာ-မွတ်စလင် ၃၇၀၀နှင့် အခြားသော တိုင်းရင်းသားများ ပါကြောင်း ဆိုသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံသည် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယ နိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ် အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် UNHCR၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ် ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

http://www.irrawaddy.org/bur

UN in Malaysia Grants More Burmese Refugee Status

A young Rohingya refugee participates a demonstration outside the Office of the UN High Commissioner for Refugees (UNHCR) in Kuala Lumpur, Malaysia, last year. (Photo: AP)

UN in Malaysia Grants More Burmese Refugee Status
By LAWI WENG Wednesday, December 2, 2009

About 11,000 Burmese refugees in Malaysia including Chin, Mon, Shan and Kachin were recognized by the United Nations Higher Commissioner for Refugees (UNHCR) in 2009, making them eligible for resettlement in third countries.

Of the total, Chin numbered about 5,000 people; Mon, 1,800; followed by Kachin and Shan at about 1,000 and other ethnic groups. Arakan were not recognized this year.

It was first time the UNHCR recognized such a large number of Burmese refugees. Burmese refugees experienced difficulties earlier this year when Thailand launched a crackdown on illegal Burmese migrants attempting to enter the country from the Malaysia-Thai border, said a member of the Alliance of Chin Refugees (ACR).

According to ACR, about 50,000 Chin currently live in Malaysia. An estimated 20,000 Chin have been granted UNHCR refugees status in Malaysia since 2001.

Nai Roi Mon, an official with the Mon Refugee Office (MRO) in Malaysia, told The Irrawaddy on Wednesday that it processed about 3,000 Mon for UNHCR refugee status.

According to the MRO, no Mon were granted refugee status in 2007, and only 500 were recognized in 2008.

“They have given favorable recognition to children under age 18, especially from families with many children, but no husband. They also favor older men, over 50, as well,” he said.

There are about 20,000 Mon living in Malaysia, many illegally, according to the MRO.

“If you have an UNHCR card, if you are arrested the UNHCR can help you during detention. This is an advantage for people who work here,” he said.

Burmese refugees recognized by the UNHCR may wait for up to one year or longer for resettlement to third countries.

About 500,000 Burmese migrants work in Malaysia, legally and illegally, according to the Kuala Lumpur-based Burma Workers’ Rights Protection Committee.

At the end of October 2009, about 67,800 refugees and asylum-seekers were registered with the UNHCR in Malaysia, according to the UNHCR.

Of those, 62,000 are refugees from Burma, comprising 28,100 Chin, 16,100 Rohingya, 3,700 Burmese Muslims, 2,900 Kachin and other ethnic minorities.

The UNHCR said a large number of Burmese refugees remain unregistered. The refugee community estimates that unregistered refugees and asylum-seekers could number 30,000 people.

Burmese refugees living in Thailand continue to relocated to Malaysia to apply for refugee status. Many pay 18,000 Thai baht (US $500) or more to enter the country illegally.

The Malaysian government has cooperated with the UNHCR on humanitarian grounds since 1975 even though Malaysia has not signed the UN Convention Protocol Relating to the Status of Refugees.

Burmese refugees have been sent to third countries including the United States, Canada, Australia, France, New Zealand, Sweden, Finland, Denmark and Norway.

http://www.irrawaddy.org

Friday, November 13, 2009

အိုဘယ့် ဒို့ မီဒီယာ

အိုဘယ့် ဒို့ မီဒီယာ
အုပ်စိုးနိုင်၊ နိုဝင်ဘာ ၁၄၊ ၂၀၀၉။

ဘုရားဒကာ ဗိုလ်ခင်ညွန့်နဲ့ စီအာရ်ပီပီထဲ ၀င်မယ့်သူများ

လွန်ခဲ့သော ငါးနှစ်လောက်က ကျနော်တို့ဆီကို ပဲခူးကျေးလက်ဘက်က လူငယ်တဦး ရောက်လာပါသည်။ သူ့အသက်က ၂၀ ဝန်းကျင်လောက်ပဲရှိပါသေးသည်။ ပြည်တွင်းမှလာသော လူငယ်တဦးအနေဖြင့် မြန်မာပြည်တွင်းမှာ ပြောခွင့်မရခဲ့ သော စကားပေါင်းစုံ၊ မကျေနပ်ချက်ပေါင်းစုံနှင့်၊ မြိုသိပ်ထားရသမျှ ကိစ္စအဝဝကို၊ အိတ်သွန်ဖာမှောက် ကျနော်တို့အား ပြောပြခဲ့ပါသည်။

သူတို့ဒေသက ရ-ဝ-တ တွေ မကောင်းကြောင်း၊ ကြံ့ဖွံ့တွေ လူပါးဝကြကြောင်း၊ ဒေသခံတပ်ရင်းတွေက အနိုင်အထက် ပြုကြကြောင်း၊ စီကာစဉ်ကာပြောပြရာ ကျနော်တို့ကလည်း လူထုအသံ အစစ်အမှန်ကိုကြားနေရပြီဟုဆိုပြီး ကျေနပ်ပီတိ ဖြစ်နေခဲ့ရပါသည်။ သို့သော် ကျနော့်စိတ်ထဲတွင် တခုခုလိုနေသလိုခံစားရသဖြင့် သူ့အား ကျနော်တို့အသိချင်ဆုံးမေးခွန်းကို မေးခဲ့ကြပါသည်။

“ညီလေးပြောတာက ရ-ဝ-တ တို့၊ ကြံ့ဖွံ့တို့၊ တပ်ကြပ်ကြီး ဗိုလ်ကျတာတို့တော့ တော်တော်စုံသွားပြီပဲ။ ဒါတွေကလည်း ညီလေးတို့နဲ့ တိုက်ရိုက်ထိတွေ့နေရတာဆိုတော့၊ အမှန်အတိုင်း ပိုသိရတာပေါ့။ နောက်ပြီး ညီလေးတို့အနေနဲ့ အခု အုပ်ချုပ်နေတဲ့ အစိုးရအပေါ် ဘယ်လိုမြင်သလဲ၊ ဥပမာ ဗိုလ်ခင်ညွန့်တို့ ဘာတို့ကိုပေါ့”

ချာတိတ်သည် ဆယ်စက္ကန့်လောက် ငြိမ်သက်သွားပါသည်။ ပြီးမှ တလုံးချင်း သူ့အမြင်ကို ခပ်ဖြည်းဖြည်း ပြောပြပါ သည်။

“ဗိုလ်ခင်ညွန့်ကတော့ ဘုရားဒကာဗျ၊ ဗမာတပြည်လုံး သူလှူထားတဲ့ တံတားတွေကလည်း အများကြီးဗျ” … တဲ့။

စဉ်းစားသာ ကြည့်ကြပါကုန်။ ကျနော်တို့အားလုံး ပက်လက်လန်သွားပါသည်။

နောက်ထပ်ကြုံရသော လူငယ်တယောက်မှာ ရန်ကုန် ရွှေပြည်သာမှ ဖြစ်ပါသည်။ သူက ကျနော့်ကို ပြည်တွင်းမှ လူထု၏ ဒုက္ခပေါင်းစုံကို တနာရီခန့် စီကာပတ်ကုံး ပြောပြပါသည်။ ပြည်ပမှ မြန်မာဘာသာဖြင့်လွှင့်သော ရေဒီယိုအစီအစဉ်များကို လည်း သူနားထောင်လေ့ရှိသည့်အကြောင်း၊ စစ်အစိုးရကိုဆန့်ကျင်သည့် အဖွဲ့အစည်းတခုခုကို ဝင်ရောက်လုပ်ကိုင်ရန် ဆုံးဖြတ်ထားကြောင်း၊ အားတက်သရော ပြောပြခဲ့ပါသည်။ ကျနော်က သူ့ကို …

“ဘာအကူအညီပေးရမလဲ” … ဟု ပွင့်ပွင့်လင်းလင်း မေးခဲ့ပါသည်။ သူကလည်း ယတိပြတ်ဆုံးဖြတ်ထားပြီးပုံဖြင့် ခိုင်ခိုင်မာမာ အဖြေပြန်ပေးခဲ့ပါသည်။

“ကျနော် CRPP ဝင်ချင်လို့ အကို …”

ကျနော်တို့ ဘာများမှားသွားခဲ့ကြသလဲဟု ကျနော် အထပ်ထပ်စဉ်းစားခဲ့ပါသည်။ ကျနော် ရန်ကုန်မှာရှိစဉ်က ဝါရင့်နိုင်ငံရေးသမားကြီးတဦးပြောခဲ့သော သူ၏ကောက်ချက်ကို အမှတ်ရမိပါသည်။

“ဒီကောင်တွေ အာဏာကိုဘယ်လိုချုပ်ကိုင်ထားသလဲဆိုတဲ့ အချက်အလက်အကြောင်းအရာတွေကတော့ အမျိုးမျိုးရှိနိုင်တာပေါ့ကွာ။ ဒါပေမယ့် အဘ အမြင်ကတော့ ဒီကောင်တွေ အဓိကထိမ်းချုပ်နိုင်အောင် ကြိုးစား ထားတာက ၂ ခု တည်းကွ၊ အဲဒါက စစ်တပ်နဲ့ မီဒီယာ (ဝါဒဖြန့်ချိရေးယန္တယား) ပဲကွ”

မှန်ပါသည်။ ရန်သူ၏ ဝါဒဖြန့်ချိရေးယန္တယား အားသာမှုကို ကျနော်တို့ သွားတွေ့ပါသည်။ တပြိုင်နက်တည်းမှာပင် ကျနော်တို့၏ ဝါဒဖြန့်ချိရေးယန္တယား အားနည်းမှုကို သတိပြုမိပါသည်။ နှစ်ချက်စလုံးသည် လူထုအကျိုးကို ထိခိုက်စေကြောင်း ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါသည်။

‘လိမ်စရာရှိရင် ရဲရဲတင်းတင်း လိမ်ရမည်’ ဆိုသော၊ ဟစ်တလာနှင့် သူ၏ပြန်ကြားရေးဝန်ကြီးတို့၏ ကမ္ဘာကျော် လိမ်နည်းကား ကြီးသည်၊ မြန်မာစစ်အုပ်စုအတွက်တော့ အလုပ်ဖြစ်သင့်သလောက်ဖြစ်နေခဲ့တာ သေချာပါသည်။ ရာစုနှစ်ထက်ဝက်ခန့်လောက် မျက်စိပိတ်၊ နားပိတ်ခံထားရသော မြန်မာလူထုမှာ စစ်အုပ်စုမီဒီယာမှ တပါး၊ ရွေးချယ်စရာ မရှိခဲ့ပါ။ အမှားကြာ၍ အမှန်ဖြစ်တတ်သော မိုးခါးရေ ပင်လယ်ကြီးထဲမှာ မြန်မာပြည်သူတွေ နစ်နေခဲ့ရတာလည်း ကြာပါပြီ။ ကျနော်တို့အတွက် အတိုက်အခံမီဒီယာဟူသည်မှာ ခိုင်ခိုင်မာမာ မရှိလှပါ။

မီဒီယာကို မီဒီယာနဲ့ တိုက်ကြစို့ ဟု … ဘယ်သူက စ

စစ်တပ်က လက်နက်ဖြင့် အကြမ်းဖက် နှိမ်နင်းပါ သည်။ သူတို့မှာ သူတို့ ဘာလုပ်လုပ် မှန်သည်ဟုပြောသည့် မီဒီယာ ခိုင်မာစွာရှိပါသည်။ လူထုက အဖိနှိပ်ခံရပါသည်။ လူထုဘက်က ရပ်တည်ပေး၊ ပြောပေး ကာကွယ်ပေး မည့်ကိုယ်စားပြုအသံဟူ၍ မည်မည်ရရ မရှိပါ။ သည်ကွက်လပ်၊ သည်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျနော်တို့လူတွေ တလျှောက်လုံး ကြိုးစားခဲ့ကြပါသည်။ မြန်မာပြည်ထဲမှာတော့ အကျပ်အတည်းပေါင်းစုံကြားမှ ပင် လူထုဘက်မှ ကျားကန်ရပ်တည်ပေးသော မီဒီယာသမား၊ စာနယ်ဇင်းသမားများကို တွေ့ရပါသည်။ စွန့်စွန့်စားစားဖြင့် စစ်အုပ်စုကို နားရွက် တံတွေးဆွတ်ဝံ့သော မီဒီယာသမားများကို တွေ့ရပါသည်။ ကျနော်တို့ လေးစား၍မဆုံးပါ။

ကျနော်တို့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာကြသော အတိုက်ခံအဖွဲ့အစည်းများအနေဖြင့်၊ လူထုဘက်က ရပ်တည်မည့် မီဒီယာတရပ်ကို အာသာငမ်းငမ်း တောင့်တခဲ့ကြပါသည်။ လိုနေတဲ့ကွက်လပ်ကို ကျနော်တို့ ဖြည့်မည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ မီဒီယာအမျိုးမျိုးရှိရာတွင် အထူးသဖြင့် အသံလွှင့်အစီအစဉ်များကို ပိုမို တောင့်တခဲ့ပါသည်။ အားလုံး၏ အထွေထွေပေးဆပ်ခဲ့ရသော ရလဒ်များအဖြစ် ဒီမိုကရက်တစ်မြန်မာ့အသံကို ကျနော်တို့ ထူထောင်ခွင့်ရခဲ့ပါသည်။ နောက် လွတ်လပ်သော အာရှအသံ ပေါ်လာပါသည်။ ကျနော်တို့အားလုံး ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။

ကျနော်တို့အားလုံးအတွက် လိုအပ်သောကွက်လပ်ကို ဖြည့်ခွင့်ရခဲ့ကြပါပြီ၊ ကျနော်တို့လည်း မီဒီယာတပ်မှူး အသီးသီးကို အားကိုးမျှော်လင့်တကြီး ရွေးချယ်ခဲ့ကြပါသည်။

… ကိုင်း … မီဒီယာစစ်မြေပြင်ရှေ့တန်းကို မနားတမ်း သွားလိုက်ကြပေရာ့။ … အောင်သပြေကို ညောင်ရေပါ လောင်းပေးလိုက်ပါသည်။

စစ်အုပ်စုမှာ သူ ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်သော မီဒီယာပေါင်းစုံရှိပါသည်။ MRTV၊ မြဝတီ၊ MRTV 3 နေ့စဉ်ထုတ် သတင်းစာအမျိုးမျိုး၊ ဂျာနယ်၊ စာနယ်ဇင်းအမျိုးမျိုး။

နောက်ပြီး သူ ပြောချင်၊ ဆိုချင်၊ ဝါဒဖြန့်ချင်တာမှန်သမျှကို ကာတွန်းစာအုပ်နှင့် သီချင်းစာအုပ်ပါမကျန် ရှေ့ဆုံး စာမျက်နှာမှာ ဦးစားပေးဖော်ပြခွင့်ရနေသော အာဏာပိုင်ဖြစ်ပါသည်။ သူတို့မှာရှိသော ဝါဒဖြန့်ချိရေး တင်းပုတ်ကြီးဖြင့် ပြည်သူလူထုကို အားမနာတမ်း ထုနှက်ပါသည်။ အဖိနှိပ်ခံပြည်သူလူထုကြီးမှာ တုံးအောက်က ဖား၊ ပြားမှ ပြား။

ကျနော်တို့မှာ တင်းပုတ်လောက် မကြီးသော်လည်း၊ သွားကြားထိုးတံလောက်တော့ရှိသည့် မီဒီယာအချို့ကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် သွေးမြေကျခဲ့သူများစွာတို့၏ကျေးဇူးကြောင့် လက်ဆောင်အဖြစ် ရခဲ့ပါသည်။ သွားကြားထိုးတံမှာလည်း သူ့အရွယ် သူ့အစွယ်နဲ့ပေပဲ အားတက်ခဲ့ကြရပါသည်။

ကျနော်တို့မှာ မြန်မာ့မြေပေါ်နှင့် ကင်းလွတ်ခဲ့သောအခါ လွတ်လပ်ခွင့်အနည်းငယ်ကို မြည်းတို့ခွင့်ရခဲ့ကြပါသည်။ သည် ကမ္ဘာကြီးမှာ ကျနော်တို့အတွက် လိုချင်စရာတွေ များလွန်းလှပါသည်။ ဒီမိုကရစီရေး၊ လူ့အခွင့်အရေးနှင့် တဦးချင်း ဗဟိုပြုဝါဒတွေကို ပိုမိုလေ့လာခွင့်၊ သိခွင့်ရကြသည်။ Freedom of media, Freedom of Journalism, Individualism စသည်ဖြင့် ဖြစ်ပါသည်။

နောင်တချိန် မြန်မာပြည်ဒီမိုကရေစီ ကောင်းကင်ကြီးအောက်တွင် ထွန်းလင်းခွင့်ရလို့ကဖြင့် ပွင့်သောပန်းတိုင်း မွှေးအောင် အပြိုင်အဆိုင် ကြိုးစားခွင့်ရကြလိမ့်မည်။ ခေတ်ရေစီးကိုဆန်ပြီး တားဖို့က တစထက်တစ ပိုပြီး ခက်လာတာကိုလည်း ကျနော်တို့ မြင်နေရသည်။ ကျနော့်အယူအဆကလည်း၊ အခွင့်အရေး တန်းတူညီမျှရှိနေ သည့် အခြေအနေဆိုလျှင်၊ အရာအားလုံးကို လွတ်လပ်စွာ ရှင်သန်စေချင်သည်။

သို့သော် … … …။

ကေအဲန်ယူက လူ့အခွင့်အရေး ချိုးဖောက်သည်။ ABSDFက လူသတ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာသည်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသေဆုပ်ကိုင်ထားတာ တင်းမာသည်။ ဒီပဲယင်းကိစ္စမှာ လူတွေအများကြီးသေတယ်ဆိုတာ မဟုတ်ပါဘူး။ စီးပွားရေးပိတ်ဆို့ရင် လူတွေငတ်ကုန်ကြမှာပေါ့။

သည်အသံ၊ သည်သတင်းတွေကို ကျနော်တို့မျှော်လင့်မထားသောနေရာများက ကြားခဲ့ကြရပါသည်။ မြန်မာ တိုင်း(မ်)သတင်းစာ၊ မအူပင် ခြင်ကျားရဲ့ဆောင်းပါးတွေထဲက အချက်အလက်များ၊ နအဖ၏ သတင်းစာရှင်းလင်းပွဲကအသံ စတာတွေနှင့် တသဝေမတိမ်းတူသော အသံများလည်းဖြစ်ပါသည်။ သည်အသံများကို ကျနော်တို့၏ အတိုက်အခံကိုယ်စားပြု မီဒီယာများက အော်ကြီးဟစ်ကျယ် ပြောခဲ့သည်ဟုဆိုပါလျှင် သင် အံ့သြပါသလား။

အိပ်မက်မဟုတ်ပါ။ ဤအရာများအားလုံး တကယ်ဖြစ်သွားပြီးခဲ့ပါပြီ။

သွားကြားထိုးတံ အာခေါင်ပြန်စူးခြင်း

‘ဝါလေခီး’မှာ ကျနော်နှင့် အလွန်အင်မတန် ရင်းနှီးသော သတင်းသမားတယောက်က သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသည်။

“န-ဝ-တ မကောင်းကြောင်းတွေချည်းပဲပြောရတာ ညည်းငွေ့လာပြီဗျ၊ ဒါတွေက သိပ်ပြီး သတင်းမဖြစ်ချင်တော့ ဘူး၊ ကိုယ့်တို့လည်း တိုးတက်သင့်သလောက် တိုးတက်မလာဘူး ရပ်နေတယ်”တဲ့ …

ကျနော်က ရင်းနှီးသူပီပီ သူ့ကို ပြန်ပြောခဲ့ပါသည်။

“န-ဝ-တ ကောင်းကြောင်းရေးမှ တိုးတက်မယ်ဆိုရင်လည်း ကိုယ့်တက်လမ်းကိုယ်ရှာပေါ့ကွာ” ဟု ပြောဖြစ်ခဲ့ပါ သည်။

သူသည် ကျနော် ခွတိုက်ပြီးအကြံပေးခဲ့သလို ဘယ်တော့မှလုပ်မည့်သူ မဟုတ်ပါ၊ သူ့ရင်ထဲမှာ ဘာရှိသည် ဆိုတာကို ကျနော် သေသေချာချာ သိပါသည်။ သူသည် န-ဝ-တ ကောင်းကြောင်းဝါဒဖြန့်ခြင်းကို လုပ်မည့်သူမျိုး မဟုတ်ပါ၊ သို့သော် နောက်ပိုင်းတွင် အတိုက်အခံ မကောင်းကြောင်း မထိခလုတ် ထိခလုတ်လုပ်ရင်းဖြင့်၊ သူ့ တိုးတက်လမ်း ရှာတွေ့သွားပုံရ ကြောင်းကိုတော့ သတိပြုမိခဲ့ပါသည်။ ဖြစ်မှဖြစ်ရလေခြင်း။

သတင်းထောက်တဦးနှင့် သတင်းကိစ္စများကို ဆွေးနွေးဖူးပါသည်။ သူက … မှန်တာဆိုရင် ဘာပဲဖြစ်ဖြစ် ရေးရ ပြောရမည် ဟု အကြောက်အကန်ရပ်တည်ပါသည်။ အရှိအတိုင်းဖော်ပြတာ သူ့တာဝန်ဟု ဆိုပါသည်။

သည်တရားကို ကျနော် မငြင်းလိုပါ၊ ကျနော်တို့ အားလုံး ဒီဘဝမှာ ရပ်တည်နေကြတာကိုက အမှန်တရားအတွက်ပဲ ဖြစ်ပါသည်။ သို့သော် ကျနော်တို့နေထိုင်ကြသော လောကကြီးသည် အခါခပ်သိမ်း သိမ်မွေ့နေပြီ မဟုတ်သေးပါ၊ တခါတရံ အမှန်တရားအတွက် အချိန်ယူရပါသည်။ အချိန်ပေးရပါသည်။ မှန်ပြီး အကျိုးမရှိသောစကားကို မပြောအပ်ဟုဆိုသော ဒဿနအချို့ကိုလည်း ကျနော်တို့သတိထားရပါသည်။

ကျနော်တို့အင်အားစုများနှင့်ပတ်သက်သော စွပ်စွဲချက်များကို ကြည့်လျှင်လည်း သေသေချာချာသိ၍ ပြောခြင်းထက် မှန်းဆ၍တင်ပြခြင်းများရှိသည်ကိုလည်း တွေ့ရဖူးပါသည်။ နစ်နာစရာရှိလျှင် ကျနော်တို့က ပိုပြီးနစ်နာပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့အဖွဲ့အစည်းများသည် တလျှောက်လုံး လူထုဘက်ကသာ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ခဲ့ကြသော အင်အားစုများဖြစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ န-ဝ-တ ပြောတာ များကိုမူ ကျနော်တို့ လုံးဝ ဂရုမစိုက်ပါ၊ န-ဝ-တ သည် ကျနော်တို့ရန်သူဖြစ်သဖြင့် သူ့အလုပ် သူလုပ်ခြင်းကို ထူးပြီး မပြောချင်တော့ပါ။

ကျနော်ကတော့ နာမည်ကျော်စာရေးဆရာကြီး လူထုဦးစိန်ဝင်း ရေးခဲ့ဖူးတာလေးကို သဘောကျမိပါသည်။ သူ့အဆိုအရ ရဲဘော်သုံးကျိပ်ဝင်တွေ ပြည်ပကို ခိုးထွက်ကြတုန်းက ရန်ကုန်က စာနယ်ဇင်းသမားတွေ အတော် များများ သိခဲ့ကြသည်ဟု ဆိုပါသည်။ အချို့ဆိုလျှင် ထိုသူများကို သူတို့ပင် ရှာဖွေစုဆောင်း ပို့ဆောင်ပေးခဲ့ကြရ သည်။

သို့သော် အရှိအတိုင်းဖော်ပြတာ သတင်းသမားတာဝန်ပဲဆိုပြီး ဘယ်သူကမျှ မဖွခဲ့ကြသည့်အကြောင်း၊ သူတို့ခေတ်က စာနယ်ဇင်းသမားတွေ လူထု ဘက်တော်သားတွေဘက်ကသာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြ သည့်အကြောင်း ရေးခဲ့ပါသည်။ အိုးဝေ ဦးညိုမြတို့လို၊ ဆရာကြီး လူထုဦးစိန်ဝင်းတို့လို ဂျာနယ်ကျော် ဦးချစ်မောင် တို့လို၊ စာနယ်ဇင်းသမားများသည် ကျနော်တို့အတွက်တော့ စံပြဇာတ်ကောင်များ ဖြစ်ခဲ့ပါသည်။

ဘီအိုင်အေ၊ ဘီဒီအေ ခေတ်ကလည်း တော်လှန်ရေး လိုအပ်ချက်အရ၊ တော်လှန်ရေးတပ်များကို ဖုတ်ပူမီးတိုက် ဖွဲ့ခဲ့ကြရသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ကိုသာအခြေခံလျှက် ဖွဲ့ခဲ့ကြခြင်းဖြစ်ပြီး စည်းရုံးရေးအတွေ့အကြုံနှင့် စည်းကမ်းပိုင်းများမှာ အားနည်းခဲ့ကြပါသည်။ well trained army ကြီးလုပ်ဖို့ အချိန်များစွာ မရခဲ့ကြပါ။ သည့်အတွက် အမှားအယွင်းအချို့ရှိခဲ့သည်။ သို့သော် ယင်းကိစ္စများကို နယ်ချဲ့မှတပါး မည်သူကမျှ ရေးကြီးခွင်ကျယ် Highlight မလုပ်ခဲ့ကြ။ တခုချင်းကိစ္စထက် တခုလုံးကိစ္စကိုသာ ပိုမိုဦးစားပေးခဲ့ ကြပါသည်။

နောက်ပိုင်း တစုံတရာပွင့်လင်းခဲ့သော ခေတ်များတွင်မူ ရေးနိုင် သလောက် ပြန်ရေးကြတာ တွေ့ရှိခဲ့ပါသည်၊ ကျနော်တို့လည်း ဖတ်ခဲ့ရပါသည်။ ပြဿနာ မရှိလှပါ။ တိုက်ရိုက် ပတ်သက်သူများက သို့မဟုတ် သေသေချာချာသိသူများက တစုံတရာ ပြန်လည် ခုခံဖြေရှင်းနိုင်၊ ငြင်းခုံနိုင်သောဝန်းကျင်အောက်တွင် ကိုယ့်တာဝန် ကိုယ်ယူနိုင်ကြပါသည်။

ငါကိုယ်တိုင်က “ဘာ” လဲ “ဘယ်” လဲ …

သည်လိုပြောသည့်အတွက် ကျနော်တို့အင်အားစုများအား Watchမလုပ်ရဘူးဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျနော်တို့ Movementမှာလည်း အားနည်းချက်များ ရှိပါသည်။ တပြိုင်နက်ထဲမှာပင်လျှင် မီဒီယာ၏ အားနည်းချက်များကိုလည်း ကျနော်တို့က တွေ့ပါသည်။

တခါတရံ ကျနော်တို့ လူတွေက Activistလို လုပ်ကြပါသည်။ တခါတရံ Academicလို လုပ်ကြပါသည်။ တခါတရံ Journalistလို လုပ်တာတွေလည်း တွေ့ပါသည်။ တဦးထဲက သုံးမျိုး လေးမျိုးစလုံး လုပ်ကြတာလည်း တွေ့ပါသည်။ ဒီကနေ့ မီဒီယာသမားတွေရဲ့ Roleက ဘာလည်းဆိုတာ လေ့လာရပါဦးမည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့လည်း Audience ပရိသတ်တွေ ဖြစ်သောကြောင့် ဖြစ်ပါသည်။

နောက်တချက် ‘ဘက်’ကိစ္စဖြစ်ပါသည်။ ‘ဘက်’ ရပ်တည်မှုမရှိသော မီဒီယာမျိုးဖြစ်လာအောင် ကြိုးစားချင်သူများ ရှိကြပါသည်။ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီအလင်းရောင်အောက်မှာ လင်းလင်းချင်းချင်း ရှိလာမည့် တချိန်ချိန်တွင် ဒီကိစ္စကို ကျနော်တို့ အားကို အားပေးကြရပါမည်။ ကိုယ့်ဘာသာကိုယ် ဘယ်ဘက်ကပဲ ရပ်ရပ်၊ အဲ့သည်လို မီဒီယာမျိုး ခိုင်ခိုင်မာမာရှိလာဖို့လည်း ကျနော်တို့ လိုလားပါသည်။

ယခုလောလောဆယ်မှာတော့ ကမ္ဘာပေါ်မှာ ဘက်မရှိသော မီဒီယာမျိုးကတော့ ကျနော်တော့ မမြင်မိသေးပါ။ (ကျနော် ညံ့တာလည်း ဖြစ်နိုင်ပါသည်) အစိုးရတခုခု၊ နိုင်ငံရေး အဖွဲ့အစည်းတခုခု၊ ဘာသာရေး အဖွဲ့အစည်းတခုခု၊ စီးပွားရေးအုပ်စု တခုခု၊ အင်ဂျီအို တခုခု …တခုခုသော တခုခု၏ဘက်တွင် ရှိနေကြသည်သာ ဖြစ်သည်ဟု မြင်နေရပါသည်။ ‘ဘ-ခြောက်လုံး’ အခြေခံပေမင့် ဖွဲ့စည်းထားသော နာမဝိသေသနများ၊ ကြိယာဝိသေသနများ၊ ခေါင်းစဉ်တပ်ပုံများကို ကြည့်လိုက်ရုံနှင့်ပင် ဘယ်ဘက်ကရပ်ပြီး ပြောချင်နေတာလဲဆိုတာ ရိပ်မိရပါသည်။

သို့သော် သူတို့နှုတ်ဖျားက လွတ်လပ်ချင်စိတ်များကိုတော့ တပြားသားမျှ မလျှော့ကြပါ။ အချို့သတင်းများဆိုလျှင် သတင်းသမား၏ Preconceived idea ကို ရုပ်လုံးမပေါ်ပေါ်အောင် ဖော်ထားမှန်း သိသာလှပါသည်။ သတင်းသမားများ သည် Comment ပေးလို့ရပါသည်။ News Commentary ဆရာကြီးတွေကို ကျနော်တို့တွေ့ဖူးပါသည်။ အားလုံးက လေးစားရသော ဆရာကြီးများလည်း ရှိပါသည်။ သူတို့မှာ သင့်တင့် လုံလောက်သော အတွေ့အကြုံနှင့် ဗဟုသုတ၊ ရိုးသားသော စိတ်နေသဘာဝတို့ ရှိပုံရပါသည်။ သည့်အတွက်လည်း အောင်မြင်ကြပုံ ပေါ်ပါသည်။

ငွေတမတ်နှင့် ငါးကြင်းခေါင်းကိုင်သူများကိုလည်း တွေ့ဖူးပါသည်။ ငါ့မှာလည်း ပြောခွင့်ရှိတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အလကားလူကြီးပါဟု လက်လွတ်စပယ် ပြောကြလျှင်ရပါရိုးလား။

ကျနော်တို့ အင်အားစုများက ကိုယ့်အမြင်ကို ကိုယ်ပြောလျှင် အဆိုးမြင်လွန်းသည်၊ Negative တွေများလွန်းသည်ဟု တံဆိပ်ကပ်လေ့ ရှိကြပါသည်။ သို့သော် မိမိကိုယ်မိမိ ကြားနေများဟု ကြွေးကြော်သူများကိုယ်တိုင် တင်ဆက်သည့် သတင်းများ၊ ဆောင်းပါးများ၊ အစီအစဉ်များကို လေ့လာကြည့်သောအခါ တခါတရံ၊ သူတို့ကပင် နိုင်ငံရေးသမားတွေထက် ပိုပြီး ကဲနေကြတာကိုလည်း ဖတ်ရ၊ ကြားရပါသည်။ အော် … သည်လိုတော့လည်း လုပ်လို့ရပေကသားပဲဟု တွေးမိခဲ့ပါသည်။

တပ်မှူးကြီးလား ဒိုင်လူကြီးလား

မနှစ်က ကျနော့်ကို ဖုန်းဖြင့် အင်တာဗျူးတခု လုပ်ခဲ့ပါသည်။ မြန်မာပြည်တွင်း အခြေအနေတချို့နှင့် ပတ်သက်ပြီး ကျနော့် အမြင်ကို ပြောပြပေးဖို့ဖြစ်ပါသည်။ မပြောပြခင် ကြိုတင်စည်းကမ်းတခု သတ်မှတ်ပေးပါသည်။ အခြားသူများ၏ Comment နှင့် မတူအောင် ပြောပေးဖို့၊ အခြားသူတွေ ဘာပြောထားတယ်ဆိုတာကိုလည်း ကျနော့်ကိုပြောပြပါသည်။ မေးသူမှာ လူချင်းကလည်း အတော်ခင်နေသူဖြစ်သည့်အတွက် ကျနော် စိတ်အနှောင့်အယှက် ဖြစ်သွားပါသည်။

“ကျနော်မြင်တာ ကျနော်ပြောလို့မရဘူးလား။ အခြားသူတွေနဲ့ တူချင်လည်း တူမှာပေါ့” ဟု ပြန်ပြောမိပါသည်။ “သတင်းတွေက လှအောင် လုပ်ရတာဗျ၊ ဘာပဲဖြစ်ဖြစ် ပြောကြည့်ပေါ့” လို့ သူက ကျနော့်ကို ပြောခွင့်ပြုခဲ့ပါသည်။ ကျနော်က အခြားခေါင်းဆောင် တယောက်နှင့် တူကောင်းတူနေနိုင်မည့်အမြင်ကိုပင် ပြောပြမိပါသည်။ သို့အတွက် ကျနော့်အသံကို သူ မသုံးခဲ့ပါ၊ ဒါက သူ့လုပ်ပိုင်ခွင့်ထဲက ကိစ္စဖြစ်သော်လည်း တခုခုတော့ မှားနေသလို ကျနော်ခံစားရပါသည်။ သတင်းတွေကို ဘာကြောင့် လှအောင်လုပ်ဖို့လိုသလဲဆိုတာ ကျနော် တကယ်မသိပါ။

တခါကလည်း Economic sanction ကိစ္စနှင့်ပတ်သက်ပြီး ကျနော့်ကို မေးရာ ကျနော်က sanction လုပ်ကို လုပ်ရမယ်၊ ထောက်ခံတယ်လို့ ပြန်ပြောခဲ့ပါသည်။ ကျနော့် အင်တာဗျူးအပြီးမှာ အင်တာဗျူးလုပ်သူက ကျနော့်ကို ဝမ်းသာကြောင်း ပြောခဲ့ပါ သည်။ “ကျေးဇူးပဲဗျာ … တချို့လူတွေက sanction လုပ်တာ မကောင်းဘူးလို့ပြောထားတာရှိတော့၊ ခင်ဗျားပြောလိုက်တာ သိပ်ကောင်းသွားတယ်၊ ကျနော့်သတင်းကို Balance လုပ်ဖို့ ကောင်းသွားတာပေါ့ … ဒါမှ မျှသွားတယ်”ဟု ပြောခဲ့ပါသည်။

သတင်းသမားဟာ တကယ်ကော Balance ဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိလို့လား၊ ကျနော် စဉ်းစားခဲ့ဖူးပါသည်။ နောက်တကြိမ် အကြောင်းတိုက်ဆိုင်၍ ဖုန်းပြောကြရသောအခါ ထိုကိစ္စကို ကျနော်က အရင်ဆွေးနွေးခဲ့ပါသည်။ သူက ကျနော့်ကို ကောင်းကောင်းမွန်မွန်ပဲ ပြန်ရှင်းပြပေးပါသည်။ “ကျနော်တို့က သတင်းသမားဆိုတော့ ကြားလူတွေ ဖြစ်သွားပြီ၊ နှစ်ဘက် စလုံးကို တတ်နိုင်သလောက် မျှအောင် စဉ်းစားပေးရတာတွေ ရှိလာတယ်”ဟု သူ့ခံယူမှုကို ရိုးရိုးသားသား ပြောပြခဲ့ပါသည်။

လူတဦးချင်းစီ၏ စိတ်ဓာတ်ခံယူမှု၊ ယုံကြည်မှုများကို ကျနော်တို့က ဘာမျှကန့်ကွက်လိုစိတ် မရှိပါ။ ကန့်ကွက်လျှင်လည်း တရားမျှတမှာ မဟုတ်ပါ၊ ပြဿနာက ကျနော့်ရင်ထဲမှာ ကိုယ့်ဘာသာကိုယ် ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကျနော်တို့က သူ့ကို တင်းပုတ်နဲ့ သွားကြားထိုးတံ တိုက်တဲ့တိုက်ပွဲမှာ၊ ရှေ့တန်းစစ်မျက်နှာက ကျနော်တို့ရဲ့ မီဒီယာတပ်မှူးလို သဘောထားခဲ့ တာ ဖြစ်ပါသည်။

သူက ‘တပ်မှူး’ မလုပ်ချင်တော့ဘဲ ‘ဒိုင်လူကြီး (ကြားလူ)’ ပဲ ဖြစ်ချင်သည်ဟု ပြောလာသောကြောင့် ဖြစ်ပါသည်။ ကျနော့် မိတ်ဆွေ ထိုသူသည် တသက်လုံး အဖိနှိပ်ခံနှင့် ဖိနှိပ်သူတို့၏ပဋိပက္ခတွင် အဖိနှိပ်ခံဘက်ကသာ ပြတ်ပြတ်သားသား ရပ်ခဲ့သူဖြစ်ပါသည်။ သူ ‘တပ်မှူးဘဝ’ ကနေ၊ ‘ဒိုင်လူကြီး’ ဘယ်အချိန်က ဖြစ်သွားခဲ့မှန်း ကျနော်ပင် သေသေချာချာ မသိခဲ့ပါ။ အခြားသူတွေရော သိခဲ့ပြီလား ကျနော် မသိပါ။ ကျနော်ဆိုခဲ့ပါပြီ၊ တဦးချင်း၏ ကိုယ်ပိုင်ရွေးချယ်မှုများကို ကျနော် အလေးထားပါသည်။

သို့သော် ကျနော် ကြားလူပဲ လုပ်တော့မယ်ဆိုပြီး ကျနော်တို့ရဲ့ ကတုတ် ထဲကနေ သူထွက်သွားတာကို လက်ခံနိုင်အောင် ကျနော် အချိန်အတော် ယူခဲ့ရပါသည်။ သူ့ ဖြတ်သန်းမှု၊ သူ့ ကျွမ်းကျင်မှုနှင့် အတတ်ပညာ၊ သူ့ စိတ်စေတနာကောင်းတွေကို ကျနော်တို့ အပြည့်မရနိုင်တော့ဘူး ဆိုသောအသိသည် ကျနော့်စိတ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တာ အမှန်ဖြစ်ပါသည်။

အခြားခေါင်းဆောင်ကြီးတဦးက ကျနော့်ကို ပြောပြဖူးပါသည်။ သူ့ကို နယ်မြေခံသတင်းထောက်တဦးက အင်တာဗျူး လုပ်သည့်အကြောင်း၊ သူ့ကို မလေးမစား အလုပ်ခံရသည်ဟု ခံစားလိုက်ရသည့်အကြောင်း ရင်ဖွင့်ပါသည်။ ထိုသတင်းထောက်က သူ သတင်းပို့ရန် အချိန်ကပ်နေသဖြင့်၊ ပြောချင်တာတခုခု မြန်မြန် ပြောပေးရန် တောင်းဆိုသည်ဟု ဆိုပါသည်။

ခေါင်းဆောင်ကြီးက “ခင်ဗျား တခုခုတော့မေးလေ … ကျနော်က ဘာပြောရမှန်း မသိဘူးဗျ” ဟု ပြန်ပြောပါသည်။ “ရပါတယ် ကိစ္စမရှိဘူး … ဆရာ့အသံပါရင်ပြီးရော၊ ဘာပဲဖြစ်ဖြစ် ပြောသာပြောချလိုက်၊ သင့်တော်တဲ့အပိုင်းကို ကျနော်ကြည့်ပြီး ထည့်လိုက်မယ်”ဟု ပြောကြောင်း ဆိုပါသည်။ “အတော်ခွကျတဲ့လူဗျာ အသံပါရင်ပြီးရော ဆိုတော့ ကျနော် လက်ခေါက်မှုတ်ပြီး ထည့်ပေးလိုက်ရင် ကောင်းမလား ဆိုပြီး စဉ်းစားမိသေးတယ်” ဟု ကျနော့်ကို ရယ်ရယ်မောမော ပြောပြခဲ့ဖူးပါသည်။

အမှန်တရား"ဘက်" က ရပ်ကြတဲ့နေရာ …

ဒီပဲယင်းကိစ္စဖြစ်သောအခါ သတင်းတွေက အမျိုးမျိုးထွက်လာခဲ့ပါသည်။ ဖြစ်ရပ်ကြီးကျယ်ခဲ့တာကိုတော့ အားလုံး သိပြီးဖြစ်၍ အကျယ် မရေးလိုပါ၊ ကျနော်တို့ကလည်း ကျနော်တို့ ပူပန်စိတ်နှင့်မို့ အဖြစ်မှန်တွေလူထုသိဖို့ Media တွေကို အားကိုးတကြီး ချဉ်းကပ်ရပါသည်။ သတင်းအများစု မှန်ကန်ကြောင်း နောက်ပိုင်းတွင် အတည်ပြု၍ ရသော်လည်း၊ အချို့သတင်းများမှာ ခုထိအတည်မပြုနိုင်သေးပါ၊ အချို့မှာ မှားယွင်းပါသည်။

ကျနော်တို့တင်ပြသည့် သတင်းအချို့ မှားယွင်းသောအခါ အတိုက်အခံ တွေဟာ ဒီလိုပဲဆိုပြီး အပြစ်ပုံချပါသည်။ နအဖ က မဟုတ်ပါ၊ ကျနော်တို့၏ ကြားလူများက အပြစ်တင်တာ ဖြစ်ပါသည်။ ကျနော်တို့ ကလည်း အခြေအနေကို ရှင်းပြရပါသည်။ “မြန်မာပြည်မှာ စစ်အုပ်စုတက်လာကတည်းက ဘယ်သူကများ ရာနှုန်းပြည့် အမှန်အတိုင်း သိခွင့်ရလို့လဲ၊ ဘာမှအတည်ပြုလို့ မရတာ၊ အတည်ပြုဖို့ ခက်ခဲတာကိုက မြန်မာပြည်ရဲ့ အခြေအနေမှန်ပဲ။ အမှန်အတိုင်း သိခွင့်မရလို့ မှားတာဟာ အပြစ်မဟုတ်ဘူး”လို့ ပြန်ပြော ခဲ့ရပါသည်။ မီဒီယာသမားအချို့က ကျနော်တို့ကို မျက်မာန်တော် ရှသွားခဲ့ပါသည်။

အတိုက်အခံ (အဖိနှိပ်ခံ) ဘက်က ရပ်တည်သည်ဟုအထင်ခံရသဖြင့် နဝတ နိုင်ငံခြားရေးဝန်ကြီးကို အင်တာဗျူး တောင်းလို့မရဘူးဆိုကာ ဝမ်းနည်းပက်လက်ဖြစ်နေပုံရသော ကျနော်တို့လူများကို မြင်ခဲ့ရ ဖူးပါသည်။ ပြည်သူ့ သစ္စာဖောက်တွေက ရန်သူလို့ သတ်မှတ်ခံ ရတာကို ဂုဏ်ယူပုံမရသည့်အပြင် ကိုယ့်ကိုယ်ကိုယ် အားငယ်နေပုံပင် ပေါက်နေပါသည်။

ကျနော်တို့ အင်အားစုတွေအနေနှင့် တလျှောက်လုံးတွင် တတ်နိုင်သမျှ လူထုဘက်ကရပ်တည်ပြီး စွမ်းသလောက် ဆောင်ရွက်ခဲ့ကြပါသည်။ ဒီကနေ့ မီဒီယာရဲ့အရေးပါမှုကိုလည်း ကျနော်တို့က အလေးထား ပါသည်။ သတိပြုမိကြပါသည်။ Media Ethic အရ ဆောင်ရွက်ကြရတာတွေ ကိုလည်း နားလည်မှုရှိပါသည်။ Media သမားတွေထဲမှာ၊ ကိုယ်ယုံတဲ့အတိုင်း မှန်မှန်ကန်ကန် ရပ်တည် လုပ်ကိုင်နေကြသူအချို့ ကိုလည်း ကျနော်တို့တွေ့ပါသည်၊၊ အချို့ဆိုလျှင် ကျနော် တလေးတစား ရှိပါသည်။ သို့သော် ကျနော် ယခု တင်ပြခဲ့သည် များမှာ ဝါးလုံးရှည်နှင့် ရမ်းလို၍မဟုတ်ပါ၊ အချို့သော ငါးခုံးမများကြောင့် တလှေလုံး မပုပ်စေလို၍ ဖြစ်ပါသည်။

ကျနော်ကတော့ ကျနော်တို့တပ်မှူးတွေကို ဒိုင်လူကြီး မဖြစ်စေချင်ပါ၊ အဖိနှိပ်ခံဘက်က ရပ်ရတာကို၊ ဂုဏ်ငယ် တယ်လို့ မခံစားစေလိုပါ။ လူထု ဦးစိန်ဝင်းတို့၊ အိုးဝေ ဦးညိုမြတို့၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့၊ အမေ ဒေါ်အမာ တို့လို လူထုဘက်က ပြတ်ပြတ်ရပ်ခဲ့တဲ့၊ မီဒီယာသမားတွေ ဖြစ်စေချင်ခဲ့သူဖြစ်ပါသည်။ ဦးချစ်မောင်ဆိုလျှင် ဘယ် နိုင်ငံရေး ပါတီအဖွဲ့အစည်းကိုမှ တရားဝင်မဝင်ခဲ့ပေမင့် လူထုဘက်ကရပ်ခဲ့သော သတင်းစာဆရာ တယောက် ဆိုသည့်ဂုဏ်ကိုမူ တောင့်တခဲ့သူ ဖြစ်ပါသည်။

မြန်မာပြည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံအချို့က ငွေကြေး အရ၊ ရုပ်ဝထ္တုအရ အကူအညီအချို့ပေးပါသည်။ ထိုခေါင်းစဉ်အောက် ထိုရည်ရွယ်ချက် အောက်တွင်ရှိနေသူများမှာ ကျနော်တို့နှင့် တလှေထဲစီး တခရီးထဲသွားကြသူများဟု ကျနော်တို့က ရိုးရိုးသားသား ယုံကြည်ပါ သည်။ ကျနော်တို့ ရဲဘော်ရဲဘက်များဟုလည်း သုံးစွဲလိုပါသည်။

ထို့ကြောင့်ပင် အချို့အင်အားစုများကို ကျနော်တို့ မီဒီယာဟု ဆိုလိုရခြင်း ဖြစ်ပါသည်။ သည်အဆိုကို သီအိုရီအရ သုံးစွဲတင်ပြခြင်းမဟုတ်ပါ။ လတ်တလော အခြေအနေအောက်မှ ကျနော်တို့ ပြည်သူလူထု အကျိုးစီးပွားကို ချဉ်းကပ်သုံးစွဲခြင်းသာ ဖြစ်ပါသည်။ အားလုံးကိုယ်စီမှာ မိမိနှစ်သက်ရာ သင့်တော်သော နည်းလမ်းပေါင်းစုံ၊ နည်းနာပေါင်းစုံကို ကျင့်သုံးနိုင်ခွင့်ရှိကြပါသည်။ သို့သော် မည်သည့်နည်းနာကမျှ သေနင်္ဂဗျူဟာကို သစ္စာ မဖောက်သင့်ပါ။

မီဒီယာတင်းပုတ်လား သွားကြားထိုးတံကလေးလား

တတ်နိုင်သလောက် ချုပ်၍ဖော်ပြပါမည်။ ရန်သူက မီဒီယာတင်းပုတ်ကြီး နှင့် လူထုကို မညှာမတာ ထုပါသည်။ ကျနော်တို့က မဆိုစလောက်သော မီဒီယာသွားကြားထိုးတံကလေးဖြင့် ပြန်တွန်းလှန် နေရသော အခြေအနေ ဖြစ်ပါသည်။ သွားကြားထိုးတံလေးမှာမှ ယိုင်နဲ့နဲ့ဖြစ်နေရလျှင် ကျနော်တို့ ဘယ်တော့မှ နာလံထူကြတော့မှာ မဟုတ်ပါ။ ကျနော့်အနေဖြင့် ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်ရေးရာပြောဆိုရန် ဆန္ဒလုံးဝမရှိပါ။ မူသဘောများကိုသာ အဓိက ပြောလိုပါသည်။

ကျနော်တို့ အယူအဆက ဒီမိုကရေစီတော်လှန်ရေး ခရီးစဉ်အောက်မှာ မီဒီယာသမားတိုင်းက အဖိနှိပ်ခံ လူထု ဘက်ကသာ ပြတ်ပြတ်သားသား ရပ်စေချင်ပါသည်။ ဒီမိုကရေစီဆန့်ကျင်သူနှင့် ဒီမိုကရေစီလိုလားသူတို့၏ ပဋိပက္ခ ပိုများလာလေလေ မီဒီယာ၏ အရေးပါမှုက ပိုလာလေလေဖြစ်မှာ သေချာပါသည်။

သည်ဆောင်းပါးကို ရေးသားရသည်မှာလည်း ကျနော်တို့လူတွေကို ပိုမိုဦးတည်၍ မေတ္တာရပ်ခံသည့်သဘော ဖြစ်ပါသည်။ မကသော အရုပ်များ ကြိုးရှုပ်နေသည်ကိုတော့ ကျနော်တို့ တားနိုင်မည်မဟုတ်ပါ၊ မီဒီယာသည် ပြည်သူ့အတွက် ဖြစ်စေလိုသော စေတနာဖြင့် ဤစာကို ရေးပါသည်။ ။

လူ့ဘောင်သစ် ဂျာနယ် အတွဲ ၈ အမှတ် ၁ အောက်တိုဘာလ ၂၀၀၃ ခုနှစ် တွင် ဖော်ပြခဲ့ပြီး -
မိုးမခ၀ိုင်းတော်သား ကိုဦး၊ မသန္တာတို့ ဘလော့ဂ်က ပြန်လည် ကူးယူဖော်ပြပါတယ်။
http://oothandar.blogspot.com

Wednesday, November 4, 2009

Daw Aung San Suu Kyi meet with US envoy...


ကမ္ဘာပျက်တော့ ဘာဖြစ်လဲ


ကမ္ဘာပျက်တော့ ဘာဖြစ်လဲ
Wednesday, 04 November 2009 14:17 ရန်ကုန်သားတာတေ

ချိုကုပ်ဒူးကြီး အကြီးအကျယ် စိတ်ညစ်နေသည်။ သူ့ထံ တဖွဲဖွဲ ရောက်နေသော ထောက်လှမ်းရေး တပ်ဖွဲ့တို့၏ အစီရင်ခံစာများ၊ ကမ္ဘာအရပ်ရပ်ရှိ မြန်မာသံရုံးတို့က ပို့လာသည့် ထိပ်တန်း လျှို့ဝှက် သတင်းလွှာများတွင် ၂ဝ၁၂ ခုနှစ်၌ ကမ္ဘာပျက်မည်ဟု သတင်း အတိအကျ ရကြောင်း ရေးထားကြသောကြောင့် ဖြစ်လေသည်။

ထုံးစံအတိုင်း သူ၏ အခါပေး ဗေဒင်ဆရာ၊ နက္ခဗေဒပညာရှင်များကို ဖုန်းဆက်ပြီး ကမ္ဘာပျက်မည်ဟု သတင်းရကြောင်း၊ မည်သည့်အချိန်တွင် ပျက်မည် ဆိုသည်ကို သိလိုကြောင်း မေးလိုက်သည်။ သူ၏ အခါပေး ဆရာကြီးများလည်း ချက်ချင်း အလုပ်ရှုပ်သွားပြီး ကမန်းကတန်း တွက်ချက်ကြရလေသည်။

ဆရာကြီးများထံမှ တွက်ချက် ခန့်မှန်းမှုများ ရောက်လာသောအခါ တွက်ချက်မှု အားလုံးက တူနေကြ၏။ ၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီတိတိတွင် ကမ္ဘာပျက်မည် ဟူသတည်း။

ထို့ကြောင့် ချိုကုပ်ဒူးကြီး အကြီးအကျယ် စိတ်ညစ်နေခြင်း ဖြစ်သည်။ စိတ်ညစ်သဖြင့် အိပ်ရေးပျက်၊ အစားအသောက် ပျက်သည့် ၁၂ ရက်မြောက်နေ့တွင် မြေးတော်မောင် မျောက်မူးလဲက သူ့ထံ ရောက်လာသည်။ ချစ်လှစွာသော သူ၏ ဘိုးအတွက် အကြံကောင်းတခု ပေးလေသည်။

မျောက်မူးလဲ။ ။ ယိုးဒယားမှာ ဘိုးဘိုးကြီး အတိတ်မေ့သွားတုန်းက ပြန်သတိရလာအောင် လုပ်တဲ့နည်း ပေးတဲ့သူကို မှတ်မိလား။

ချိုကုပ်ဒူးကြီး။ ။ အတိတ်မေ့ပါတယ် ဆိုမှ ငါ ဘယ်မှတ်မိမလဲကွ။ သူ ဘယ်သူလည်း၊ မင်းတို့အဘွား ကွိုင်ကွိုင်လား။

မျောက်မူးလဲ။ ။ ဟုတ်ပါဘူး။ အဘွားကြီးက ဘာမှ မသိပါဘူး။ ယိုးဒယား ရောက်နေတဲ့ အဲဒီပုဂ္ဂိုလ်က အရမ်း အစွမ်းထက်တာ။ သူ့မှာ အိုင်ဒီယာ အလန်းစားတွေ အများကြီး ရှိပုံရတယ်။ သူ့ကို မေးကြည့်ပါလား။ ကမ္ဘာပျက်ရင် ဘယ်လို အသက်ဆက်ရှင်မလဲ ဆိုတာ သူသိမှာပေါ့။

ဤသို့ဖြင့် ချိုကုပ်ဒူးကြီးက ချင်းမိုင် ရုက္ခစိုးကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး သူ့အား ကူညီ စောင်မရန် အပူကပ်လေသည်။ ကမ္ဘာပျက်မည်ဟု ယုံကြည်နေသည့် ချိုကုပ်ဒူးကြီးကို နှစ်သိမ့်ရန် ရုက္ခစိုးကြီး နေပြည်တော်သို့ ရောက်သွားလေသည်။

ချိုကုပ်ဒူးကြီး။ ။ ဦးရုက္ခစိုးရေ … ကမ္ဘာပျက်တော့မယ် တဲ့၊ ဘယ်လို လုပ်ကြမလဲ။ ကျုပ်ရဲ့ ဗေဒင်ဆရာတွေကလည်း ပြောတယ် ယတြာချေလည်း မရဘူး၊ ပျက်မှာပဲ … တဲ့။

ရုက္ခစိုး။ ။ ဒါက ဒီလိုရှိတယ် ချိုကုပ်ဒူးကြီးရဲ့။ မြောက်အမေရိကတိုက် မာယာလူမျိုးတွေက … …

ချိုကုပ်ဒူးကြီး။ ။ အဲဒီ မာယာလူမျိုးတွေအကြောင်း ကျုပ် အကုန်သိပြီးပြီ။ သူတို့ရဲ့ ပြက္ခဒိန်က နောက် ၃ နှစ်ဆို ကုန်ပြီ … တဲ့။ ကမ္ဘာလည်း ပျက်ပြီ … တဲ့၊ ကဲ … ဒါထက် သေချာတာ ဘာရှိဦးမလဲ။

ရုက္ခစိုး။ ။ နာဆာ လို့ ခေါ်တဲ့ အမေရိကန် အာကာသသိပ္ပံ လေ့လာရေး အဖွဲ့ကြီးကလည်း အဲဒီသတင်း မှားတယ်လို့ ပြောထားတယ်နော်။

ချိုကုပ်ဒူးကြီး။ ။ အမေရိကန်တွေ ပြောတိုင်း လက်ခံရမှာလား၊ ခက်လိုက်ပါဘိ ဦးရုက္ခစိုးရယ်။ ကမ္ဘာက ပျက်ဖို့ ၃ နှစ်ပဲ လိုတော့တာနော်။ ရုပ်ရှင်တွေထဲမှာ ရိုက်ထားတာ ကွက်ကွက် ကွင်းကွင်းပဲ တဲ့၊ သူတို့ အမေကြီးကားက ကာလီဖိုးနီးယား ပြည်နယ်ကြီးတောင် ရေထဲကို မြှုပ်သွားတာတဲ့။

ရုက္ခစိုး။ ။ အင်း … ဒီလောက်တောင် ကမ္ဘာပျက်မယ် ဆိုတာကို ယုံနေရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပေါ့။ ဒါဆို နာမည်ကောင်း ရမယ်လေ။

ချိုကုပ်ဒူးကြီး။ ။ ကမ္ဘာကတော့ သေချာပေါက် ပျက်မှာ။ ဒါပေမယ့် အောင်ဆန်းစုကြည်ကိုတော့ လွှတ်ပေးလို့ မဖြစ်ဘူး။ မဖြစ်လို့ ထောင်တောင် ၃ နှစ် ချထားတာ မတွေ့ဘူးလား။

ရုက္ခစိုး။ ။ ဟ … ကမ္ဘာပျက်မယ်ဆို လွှတ်ပေးရမှာပေါ့။

ဦးရုက္ခစိုး၏ စကားကြောင့် ချိုကုပ်ဒူးကြီး ဒေါသ အချောင်းလိုက် ထွက်သွား၏။ နဖူးကြောများ ထောင်လာ၏။ ဦးရုက္ခစိုးကို မျက်စောင်းထိုးလိုက်လေသည်။ ချိုကုပ်ဒူးကြီးက ဒဏ္ဍာရီထဲမှ နဂါးမင်း မဟုတ်သောကြောင့်သာ ဦးရုက္ခစိုး မီးတောက်လောင်မသွားခြင်း ဖြစ်၏။

ချိုကုပ်ဒူးကြီး။ ။ ကမ္ဘာပျက်ဖို့ ၃ နှစ် လိုသေးလို့ သူ့ကို ထောင် ၃ နှစ်ပဲ ချထားတာပေါ့။ ၅ နှစ်လိုမယ် ဆိုရင် ၅ နှစ် ချမှာပေါ့။

ရုက္ခစိုး။ ။ ဟိုက် … ဒေါ်အောင်ဆန်းစုကြည်ကို ၁ နှစ်ခွဲပဲ ချထားတာ မဟုတ်ဘူးလား။ ၁ နှစ်ခွဲ လျှော့ပြီးပြီဆို။

ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီးက လည်မလိုလိုနဲ့ တော်တော် တုံးသေးတာပဲ။ ကျုပ်ရဲ့ ကြေညာချက်ကို သေချာ ပြန်ဖတ်လိုက်ဦး၊ ၁ နှစ်ခွဲ လျှော့တယ် သို့သော် စည်းကမ်းရှိရှိ နေရမယ်၊ ရင့်ကျက်ရမယ် ဆိုတဲ့ ခြွင်းချက်တွေနဲ့ ချည်ထားတာ မတွေ့ဘူးလား။

ရုက္ခစိုး။ ။ သြော် … ဟုတ်ပေသားပဲ။

ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး ကျုပ်ကို စကားလမ်းကြောင်း ပြောင်းဖို့ မစဉ်းစားနဲ့။ ကမ္ဘာပျက်တော့မယ် တဲ့၊ လုပ်စမ်းပါဦး၊ ခင်ဗျားကို သစ်ပင် လေးငါးပင် မကဘူး၊ သစ်တောကြိုးဝိုင်း လေးငါးခု ပေးပါ့မယ်။

ကမ္ဘာပျက်တော့မည်ဟု ပြောပြီး သစ်တောကြိုးဝိုင်းများ လက်ညှိုးထိုးပေးမည် ဆိုသဖြင့် ဦးရုက္ခစိုး စိတ်ညစ်သွားသည်။

ရုက္ခစိုး။ ။ ကမ္ဘာပျက်ပြီဆိုမှ ဒီသစ်ပင်တွေမှာ နေလို့ ဘယ်ရတော့မှာလဲ။

ချိုကုပ်ဒူးကြီး။ ။ စဉ်းစားဗျာ။ ခင်ဗျားကြီးမှာ အိုင်ဒီယာ ကောင်းကောင်းလေးတွေ ရှိတတ်တယ် ဆိုလို့ ကျုပ်မြေးကတော့ အင်မတန် အထင်ကြီးနေတာ။

ရုက္ခစိုး။ ။ ကမ္ဘာပျက်မယ့် အချိန်မှာ ချိုကုပ်ဒူးကြီးက ဘာဖြစ်ချင်တာလဲ။

ချိုကုပ်ဒူးကြီး။ ။ ကျုပ်လား … ကျုပ်က ကမ္ဘာပျက်တဲ့အချိန်မှာ အသက် မသေချင်ဘူး၊ ပြီးတော့ အာဏာလည်း ဆက်ပြီး ကိုင်ထားချင်သေးတယ်။

ဦးရုက္ခစိုးလည်း အကြီးအကျယ် စိတ်ညစ်သွားသည်။ ကမ္ဘာပျက်မည်ဆိုသည့် သတင်းမှားများကြောင့် ပျာယာခပ်နေသည့် ချိုကုပ်ဒူးကြီးအတွက် နှစ်သိမ့် ဆွေးနွေး ပညာပေးရမည့် နည်းလမ်းများ အမှန်တကယ် လိုအပ်သည်ဟုလည်း တွေးနေမိသည်။

ချိုကုပ်ဒူးကြီး။ ။ စဉ်းစားစမ်းပါ။ ခင်ဗျားကြီးကို ကျုပ်က မြိုးမြိုးမြက်မြက် ပေးမှာပါ။

ရုက္ခစိုး။ ။ နည်းလမ်းတခုတော့ ရှိတယ်၊ အဲဒါ … အလုပ်ဖြစ်မလားတော့ မသိဘူး။

ချိုကုပ်ဒူးကြီး။ ။ (မျက်လုံးများ ပြူးထွက်လာပြီး) ဘာနည်းလမ်းလဲ၊ ပြောပါဦး။

ရုက္ခစိုး။ ။ နေပြည်တော်မှာ လိုဏ်တွေ အခိုင်အခန့် တူးနေတယ်ဆိုတော့ အဲဒီထဲမှာ ၀င်နေပေါ့ဗျ။ ကမ္ဘာပျက်မှာကို ဘာကြောက်စရာ ရှိမလဲ။

ချိုကုပ်ဒူးကြီး။ ။ မရဘူး … မရဘူး … ၊ ကမ္ဘာပျက်ရင် အဲဒီ တောင်တွေကြားမှာ ဖောက်ထားတဲ့ လိုဏ်တွေလည်း ပျက်မှာပဲလို့ မြောက်ကိုရီးယား ပညာရှင်တွေက ကျုပ်ကို ပြောပြီးပြီ၊ သူတို့လည်း အာမ မခံဘူး တဲ့။ အဟင့် … ငိုချင်လာပြီ။

ငိုမည့်ဟန် ပြင်နေသည့် ချိုကုပ်ဒူးကြီးကို ကြည့်ပြီး ဦးရုက္ခစိုး အကြံတခု ရလာသည်။

ရုက္ခစိုး။ ။ ဒီလိုလုပ်ပါလား။

ချိုကုပ်ဒူးကြီး။ ။ ဘယ်လို လုပ်ရမှာလဲ။

ရုက္ခစိုး။ ။ အခု တူးနေတဲ့ လိုဏ်တွေကို ဆက်တူးလိုက်။ ဒါပေမယ့် လမ်းကြောင်း ပြောင်းရမယ်။ ဟိုး … မြေကြီးအောက်ကို ဆက်ပြီးတူးပေါ့။

ချိုကုပ်ဒူးကြီး။ ။ ခပ်နက်နက် တူးရမှာပေါ့ … ဟုတ်လား။

ရုက္ခစိုး။ ။ ဟုတ်တယ်၊ နက်နက် တူး၊ ငရဲပြည်ရောက်တဲ့အထိတူး။ ကမ္ဘာပျက်လည်း ငရဲပြည်က ပျက်မှာမှ မဟုတ်တာ။ အဲဒီမှာ နေပေါ့။

ချိုကုပ်ဒူးကြီး အနည်းငယ် တွေဝေသွားသည်။ ရင်တဒိတ်ဒိတ် ခုန်လာပြီး ညာဘက်လက်ညှိုးကိုပင် ပါးစပ်ထဲထည့်၍ ကိုက်ထားလိုက်မိသည်။

ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး စိတ်ကူးကတော့ သိပ်ကောင်းတယ်၊ ဂွတ်ရှယ်ပဲ၊ ဒါပေမယ့် ကျုပ်က အဲဒီမှာဆို သာမန်လူ ဖြစ်သွားမှာ။ အာဏာ မရှိတော့ဘူး။

ရုက္ခစိုး။ ။ (ခွက်ထိုးခွက်လှန် ရယ်မောပြီး) ငရဲပြည်မှာ အာဏာရှိဖို့က လွယ်လွယ်လေး။

ချိုကုပ်ဒူးကြီး။ ။ ဟာ … ဟုတ်လား၊ လွယ်သလား။ ယမမင်းက ခင်ဗျားနဲ့ သိသလား။

ရုက္ခစိုး။ ။ သိစရာ မလိုပါဘူး။ ချိုကုပ်ဒူးကြီး ငရဲပြည်ရောက်တဲ့အခါ ငရဲပြည်က ယမမင်းကို အာဏာသိမ်းလိုက်ပေါ့ဗျာ၊ အဲဒါဆို အာဏာရှိသွားမှာပေါ့။

ချိုကုပ်ဒူးကြီး၏ မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ထို့နောက် အကြံကောင်း ဉာဏ်ကောင်း၊ အိုင်ဒီယာကောင်း ပေးသည့် ဦးရုက္ခစိုးကို ၀မ်းသာအားရ ဖက်ပြီး နမ်းလိုက်လေသည်။ ။

http://www.irrawaddy.org/bur

Monday, October 26, 2009

မလေးရှား ဒုက္ခသည်စခန်းများတွင်လည်း ပွဲစားရှိ


မလေးရှား ဒုက္ခသည်စခန်းများတွင်လည်း ပွဲစားရှိ
မင်းနိုင်သူ / ၂၆ အောက်တိုဘာ ၂၀၀၉

တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရန် လွယ်ကူနေသည့် မလေးရှားဒုက္ခသည်စခန်းများတွင်လည်း ပွဲစားများရှိနေကြောင်း အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) မှ ကိုကျော်ကျော်က ပြောသည်။

“ဟိုတပတ်က ကျနော် လင်းခေးဆိုတဲ့ စခန်းတခုကို ရောက်သွားတယ်။ အဲဒီမှာ ယူအန်နဲ့တွေ့တဲ့အခါ အဆင်ပြေအောင် မေးနိုင်မယ့် မေးခွန်းတွေကို ပွဲစားက ကြိုပေးထားတယ်။ အဲဒီအတွက် မလေးရှားရင်းဂစ် (၁,၅၀၀) ပေးရမယ်။ အဲလိုမျိုးလေးတွေက အစပေါ့လေ။ အဓိကက ယူအန်မှာ စကားပြန်လုပ်နေတဲ့သူနဲ့ စခန်းထဲကို အ၀င်အထွက်ရှိနေတဲ့ မလေးရှားလူမျိုးတွေ ပေါင်းပြီး လုပ်နေကြတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း မလေးရှားဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံထွက်ခွာရမှု ပိုမိုလွယ်ကူနေသဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များပင် မလေးရှားစခန်းများသို့ ပြောင်းရွှေ့မှုများ ရှိနေသည်ဟု သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်း (၂၀) ခန့်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း (၆,၀၀၀) ခန့်ရှိနေပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တိုင်းရင်းသားများကို ဒုက္ခသည်အဖြစ် လက်ခံပေးနေသည်။

“အများဆုံးက ချင်း၊ မွန်၊ ကရင်၊ လူမျိုးတွေကိုပဲ ဒုက္ခသည်အဖြစ် လက်ခံပေးထားတယ်။ မြန်မာက တော်တော့်ကို နည်းပါတယ်။ တိုင်းရင်းသားတွေဟာ မြန်မာလူမျိုးကြီးရဲ့ အဖိအနှိပ်ကို ခံရတယ်ဆိုတဲ့သဘောကြောင့် ယူအန်က တိုင်းရင်းသားတွေကိုပဲ အဓိကထားလက်ခံတယ်” ဟု ကိုကျော်ကျော်က ပြောသည်။

ယခုနှစ် မေလမှစတင်ကာ တိုင်းရင်းသားအဖွဲ့အစည်းများမှတဆင့် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်များကို တလအတွင်း ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ဒုက္ခသည် (၂,၀၀၀) ကျော် တတိယနိုင်ငံသို့ ထွက်ခွာခဲ့ပြီးဖြစ်သည်။

မလေးရှားဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ အများဆုံးသွားရသည့်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း သိရသည်။

Sunday, October 25, 2009

ကြေမွနေသော်လည်း တန်ဘိုးရှိနေဆဲ


"Crumpled but still valuable"

A well-known speaker started of his seminar by holding up a 20 dollar bill. In the room of 200 eager participants, he asked, "Who would like this 20 dollar bill?"

Hands started going up. He said, "I'm going to give this 20 dollar to one of you, but first, let me do this." He proceeded to crumple the bill.

He then asked: "Who still wants it?" The hands went up again.

"Well, what if I do this?" He dropped the bill and started to grind it into the floor with his foot. He then picked it up; it was now crumpled and dirty.

"Now who still wants it?" The hands continued to go up.

"My friends, we have all learned a very valuable lesson. No matter what I did to the bill, you still wanted it because it did not decrease in value. It was still worth 20 dollar."

"Many times in our live, we are dropped, crumpled, and ground into the dirt by the decision we make and the circumstances that come our way. We feel as though we are worthless."

"But no matter what has happen, you will never lose your value. Dirty or clean, crumpled or finely creased, you are still priceless to those who love you. The worth of our live lies not in what we do or whom we know, but by who we are."

"You are all special for those who loves you and to those who you love - please don't ever forget that."

"Thank you."

(By Clement Nathan, The Sunday Star Mag/ Star Daily Newspaper, Malaysia)


“ကြေမွနေသော်လည်း တန်ဘိုးရှိနေဆဲ”

လူသိများသော ဟောပြောသူတစ်ဦးက သူ၏စကားပွဲကို ဒေါ်လာနှစ်ဆယ်တန်တရွက် ကိုင်မြောက်ပြလိုက်ခြင်းဖြင့် စတင်ခဲ့သည်။ ဟောပြောခန်းအတွင်းတွင် စိတ်အားထက်သန် တက်ကြွနေသော တက်ရောက်သူ နှစ်ရာရှိသည်။

ဟောဒီ ဒေါ်လာနှစ်ဆယ်တန်ငွေစက္ကူကို ဘယ်သူများ နှစ်သက်ပါလိမ့်မလဲဟု သူကစတင် မေးခွန်းထုတ်လိုက်သည်။ လက်များထောင်ပြကြ၏။

ခင်ဗျားတို့ထဲက တစ်ယောက်ကို ဒီဒေါ်လာနှစ်ဆယ်တန်ပေးပါမယ်။ ဒါပေမဲ့ အရင်ဆုံးဒီလိုလုပ်ပါရစေ။ ငွေစက္ကူကို လုံးခြေလိုက်ပြီးနောက် သူကမေး၏။

ဒါဆို ဘယ်သူလိုချင်မလဲ။ လက်များထောင်လာကြပြန်သည်။

ကောင်းပါပြီ။ အကယ်၍ ယခုကျွန်တော် ဒီလိုလုပ်လိုက်မယ်ဆိုရင်ကော။ ငွေစက္ကူကို အောက်သို့ပစ်ချ၍ သူ၏ဖိနပ်ဖြင့် ဖိနင်းပွတ်ခြေပြီး တစ်ဖန်ပြန်လည်ကောက်ယူပြသည်။ ယခုဆိုလျှင် ငွေစက္ကူမှာ ညစ်ပေကြေမွလျက် ရှိနေ၏။

ကဲ အခု ဘယ်သူကများ ဒီဟာကို လိုချင်ပါသေးသလဲ။ လက်များ ဆက်ထောင်ပြနေကြဆဲပင် ဖြစ်သည်။

မိတ်ဆွေများ။ အလွန်တရာတန်ဘိုးရှိလှတဲ့ သင်ခန်းစာတစ်ခုကို ကျွန်တော်တို့တတွေ သင်ယူနေရပါပြီ။ ဒီငွေစက္ကူကို ကျွန်တော်ဘယ်လိုပဲလုပ်လုပ် ဘာမှဖြစ်မသွားပါဘူး။ အဲဒါကိုပဲ ခင်ဗျားတို့ လိုချင်နေခဲ့ကြတာပါ။

ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့တန်ဘိုးက ဆုတ်ယုတ်လျှော့ပါးမသွားခဲ့လို့ပါပဲ။ ယခုထိလည်း ဒီဟာက ဒေါ်လာနှစ်ဆယ်တန်နေဆဲ ဖြစ်ပါတယ်။

ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်ခဲ့ချက်များအရနဲ့ အဲဒီရဲ့အကျိုးသက်ရောက်မှု အခြေအနေတွေအရ ကျွန်တော်တို့ရဲ့ဘ၀တွေမှာ အကြိမ်ပေါင်းများစွာ နိမ့်ပါးအောက်ကျခဲ့ရတာတွေ၊ ဖိနှိပ်ကြေမွ ဆုံးရှုံးခဲ့ရတာတွေ၊ ညစ်ပေနောက်ကျုနေတဲ့အထဲမှာ နစ်မြုပ်ပျက်စီးခဲ့ရတာတွေကြောင့် ကျွန်တော်တို့တတွေဟာ တန်ဘိုးမဲ့နေတယ်လို့ တွေးထင်ခံစားမိတတ်ကြပါတယ်။

ဒါပေမဲ့ ဘာတွေပဲဖြစ်ခဲ့ခဲ့ ဘာတွေပဲဖြစ်လာလာ ခင်ဗျားရဲ့တန်ဘိုးက ဘယ်တော့မှဆုံးရှုံးပျက်ပြား သွားရလိမ့်မယ်မဟုတ်သလို ညစ်ပတ်ပေရေလို့ပဲဖြစ်ဖြစ်၊ သန့်ရှင်းစင်ကြယ်စွာပဲရှိရှိ၊ လုံးခြေကြေမွလို့ပဲနေနေ၊ တိကျသေသပ်စွာပဲထားထား ခင်ဗျားကိုချစ်ကြတဲ့သူတွေအတွက်တော့ ခင်ဗျားဟာ တန်ဘိုးမဖြတ်နိုင်ပါဘူး။

ကျွန်တော်တို့ဘာလုပ်သလဲ၊ ဘယ်သူ့ကိုသိသလဲ ဆိုတာတွေကြောင့်မဟုတ်ပဲ ကျွန်တော်တို့ဘယ်သူလဲ ဆိုတဲ့အပေါ်မှာသာ ကျွန်တော်တို့တတွေရဲ့ ဘ၀တန်ဘိုးအားလုံးဟာ တည်မှီနေတာဖြစ်ပါတယ်။

ခင်ဗျားကိုချစ်ကြတဲ့သူတွေနဲ့ ခင်ဗျားကချစ်ရတဲ့သူများအတွက်တော့ ခင်ဗျားတို့အားလုံးဟာ အထူးပုဂ္ဂိုလ်တွေချည်းပါပဲ။ ဒါကိုအမြဲတမ်း မေ့မထားလိုက်ကြပါနဲ့။

ကျေးဇူးတင်ပါတယ်။

ဇော်မျိုးလွင်
ဇန္နဝါရီ ၄ရက် ၂၀၀၄။
(မူရင်း။ ။ Crumpled but still valuable By Clement Nathan, The Star Newspaper, Malaysia)

Monday, October 19, 2009

၂ဝ၁၂ ကမ္ဘာပျက်ကိန်းနှင့် ပတ်သက်၍ လေ့လာနေ (ဆရာ စံဇာဏီဘိုနှင့် မေးမြန်းချက်)


၂ဝ၁၂ ကမ္ဘာပျက်ကိန်းနှင့် ပတ်သက်၍ လေ့လာနေ (ဆရာ စံဇာဏီဘိုနှင့် မေးမြန်းချက်)
အင်တာဗျူး နန်းဒေဝီ။ တနင်္လာနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၀၉ ခုနှစ်။

နယူးဒေလီ (မဇ္ဈိမ)။ ။၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့၌ ကမ္ဘာပေါ်တွင် ဆိုးရွားလှသည့် အဖြစ်အပျက်များ ကြုံတွေ့နိုင်သည်ဟု ဝါရင့် နက္ခတ်ဗေဒနှင့် ဗေဒင်ပညာရှင် ဆရာ စံဇာဏီဘိုက ပြောသည်။

ဆရာ စံဇာဏီဘိုက ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖြစ်ပေါ်မည့် မြန်မာနိုင်ငံတွင် အကြာမြင့်ဆုံး နေကြတ်မှု (နေအရစ်ကြတ်မှု)သည် ဆိုးကျိုးဖြစ်ထွန်းမည်မဟုတ်ဟု ဆိုသည်။ မြန်မာနိုင်ငံ အလယ်တည့်တည့်မှ ဖြတ်သန်းသွားမည့် နေအရစ်ကြတ်မှု ဖြစ်စဉ်တွင် မုံရွာနှင့် ရွှေဘိုမြို့များပေါ်က ဖြတ်သွားမည်ဖြစ်ပြီး ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ ၁၇ မြို့မှ ကောင်းစွာ မြင်ရမည်ဖြစ်သည်။

နေကြတ်ခြင်းအပေါ် ဗေဒင်ပညာအမြင်ကို မေးမြန်းရာက ကမ္ဘာပျက်ကိန်းဆိုသည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်နိုင်ချေများကို ဆရာစံဇာဏီဘိုက တပါတည်း ပြောထားခြင်းကို ဖော်ပြလိုက်ပါသည်။

နေအရစ်ကြတ်တာကို မြင်ရမယ့် အလယ်ပိုင်းဒေသတွေမှာ ဗေဒင်၊ နက္ခတ်ပညာအမြင်နဲ့ ဘယ်လို အယူအဆမျိုး ရှိပါသလဲ။

အရင်တုန်းကတော့ ဒီလိုနေကြတ်တာမျိုး တွေ့မြင်ရတဲ့ နိုင်ငံ၊ မြို့တွေအနေနဲ့က အထူးသဖြင့် မြန်မာနိုင်ငံလိုက ဆိုးကျိုးလို့ တစိုက်မတ်မတ် ယူလာခဲ့တယ်။ ဆိုးကျိုးဆိုတာက အုပ်ချုပ်တဲ့လူတွေအတွက် မကောင်းသလို၊ လက်အောက်ခံ တိုင်းပြည်သူတွေအတွက်လည်း မကောင်းဘူး။ ဆန်၊ ရေ၊ စပါး၊ ဒီလိုအခက်အခဲ ရှိတတ်တယ်ဆိုတဲ့ ရှေးအယူအဆ ရှိတယ်။ သူတယောက်ထဲ ဆိုးပြီး၊ တယောက်ထဲ ကောင်းဆိုတာမျိုး မဟုတ်ဘဲနဲ့ အားလုံးပေါ့။ လူတွေအားလုံးအတွက် မကောင်းတဲ့၊ ဆိုးတဲ့ ယာယီဖြစ်ပေါ်မှုလို့ နိမိတ်ဖတ်ကြတာပေါ့လေ။

ကြာမြင့်ချိန်က ၁၀ မိနစ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုအဓိပ္ပာယ် ကောက်ယူနိုင်ပါသလဲ။

သူက လောင်တီကျူ မျဉ်းကြောင်းတခုကို ဖြတ်သန်းရင် ၄ မိနစ်ကြာတယ်။ ၁၀ မိနစ်ဆိုတော့ မျဉ်းကြောင်း ၂ ခုကို ဖြတ်တယ်ဆိုတော့ ကျနော်တို့ခေါ်တာ ၂ အံစာခေါ်တာပေါ့။ ၂ ဒီဂရီနဲ့ တဝက်ဆိုတော့ နည်းနည်းကြာတာပေါ့။ ကြာမြင့်မှု အတိုင်းအတာများရင် ဆိုးတဲ့ သဘော၊ ပိုအားများတဲ့ သဘော ရှိတာပေါ့။

၂၀၁၀ခုနှစ်ကိုရော ဗေဒင်၊ နက္ခတ်ပညာ သဘောတရားအရ ဘယ်လိုရှုမြင်ပါသလဲ။

၂၀၁၀ ကိုတော့ ကျနော်တို့ရော၊ တကမ္ဘာလုံးက ကောင်းတဲ့နှစ်လို့ ကျနော်တို့ မယူဆထားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ နေကြတ်တာထက်ဆိုးတာက ၂၀၁၀ ကျော်ပြီး ၁၄ ရက်ကျော်ပြီးရင် ကျားနှစ်ရောက်ပြီ။ ကျားနှစ်တွေကတော့ တိုင်းပြည်တွေမှာ အကြီးအကျယ်အုံကြွမှုတွေ၊ နိုင်ငံအစိုးရ ပြောင်းလဲတာတွေ၊ ကမ္ဘာကြီးမှာ ဒုက္ခအန္တရာယ် ဖြစ်တာတွေ ရှိတတ်တယ်။

နေကြတ်တာက ဒီလောက်ထိ အန္တရာယ်မရှိပါဘူး။ ဒီထက်ဆိုးတာက ၂၀၁၂ မှာ ကမ္ဘာကြီးပျက်မယ်ဆိုတာ ပိုပြီး ကြောက်စရာကောင်းပါတယ်။ အားလုံးလည်း သိနေကြတာပဲလေ။ ဒီနေကြတ်တာကို ဘယ်သူမှ ခေါင်းထဲ မထည့်ကြတော့ဘူး။ ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာကြီးတခုလုံး ပျက်မယ်ဆိုတာက ပိုအန္တရာယ်ရှိတာပေါ့။ အားလုံးပျောက်မှာ။ အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေ အားလုံးက အဲဒါကို လေ့လာနေတာ။

၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးပျက်မယ်ဆိုတာ ဘာသာရေး အယူသည်းမှု ရှုထောင့်က ပြောတာလား။ မဟုတ်ရင် ဗေဒင်၊ နက္ခတ် သဘောတရားအရ ပြောတာလား။

The end of the world. အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေက စိတ်ဝင်တစားနဲ့ လေ့လာနေကြတာ။ အယူသည်းမှုနဲ့ မဆိုင်ဘူး။ သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်ခံထားတာ။ အဲဒါကို ပိုပြီး စိတ်ဝင်စားပါတယ်။

နေကြတ်တာကို ကျနော်တို့ ခေါင်းထဲမထည့်တော့ဘူး။ ၂၀၁၂ မှာ ကမ္ဘာကြီးတခုလုံး ပျက်မှာ။ အဲဒီနေ့က ပိုပြီးတော့ ကြောက်စရာကောင်းသေးတယ်။ ဒီတခေါက်က အကြီးအကျယ်ဖြစ်မှာ။ လူတွေ အကုန်ဒုက္ခရောက်မယ်။ ရေက အကုန်ကြီး၊ မီးလောင်မယ်၊ အကုန်ပျက်မယ်၊ ကမ္ဘာကြီးတခုလုံးပျက်မယ်။ အဲဒါက ပိုအရေးကြီးတယ်။

ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေကအစ သိတယ်။ အင်တာနက်မှာလည်း ပြန့်နေတာ။ နေကြတ်တာလောက်ကို လူတွေ သိပ်ဂရုမစိုက်တော့ဘူး။

တကယ်လို့များ ကမ္ဘာပျက်မယ်ဆိုတာမှန်ခဲ့ရင် လူတွေ ဘာလုပ်သင့်တယ် ထင်ပါသလဲ။

ကမ္ဘာကြီးအကုန်ပျက်မယ်ဆိုတာ ရှင်းသွားပြီလေ။ အဲဒီမပျက်ခင်မှာ လူတွေဘာလုပ်ကြမလဲ။ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် နေကြမလား၊ စစ်တိုက်ကြမလားဆိုတာ၊ ဒါပဲရှိတော့တာပဲ။ နောက်ဆုံး ကလဲ့စားအပြီးပဲ ချေသွားကြမလား၊ အဲဒါပဲ ရှိတာပဲ။ လူတွေ တယောက်နဲ့ တယောက် မေတ္တာထားပြီး နေထိုင်သွားကြဖို့ပဲ လိုတယ်။

ကမ္ဘာကြီး ငြိမ်းချမ်းအောင်များ ဒီလိုမျိုးနည်းနဲ့ ခြိမ်းခြောက်တာမျိုးများလားရှင့်။

မဟုတ်ဘူး၊ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်တာ မဟုတ်ဘူး။ ဒါ လူတိုင်းသိနေတယ်။ အင်တာနက်ထဲကြည့်ရင် လူတိုင်း သိနိုင်တာပဲ။

သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာ ဒီလို နေကြတ်တဲ့ကိစ္စတွေက ရှေးမြန်မာ အယူအဆတွေနဲ့က အခုထိ ဆီလျော်မှု ရှိနေသေးတယ်လို့ မြင်ပါသလား။

မဖြစ်တော့ပါဘူး။ ရှေးအယူအဆအရ ဒီနေကြတ်တာက အရေးမကြီးတော့ဘူး။ သိပ္ပံအယူအဆရ ၂၀၁၂၊ ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်မယ်ဆိုတာကို ပိုအလေးထားတယ်။ အဲဒါ ကျနော် ပိုလေ့လာနေတယ်။ ပိုပြီးတော့ သေချာပါတယ်။

http://www.mizzimaburmese.com

Monday, September 28, 2009

အရင်က စလီဘရစ်တီ၊ အခုတော့ ရဖျူဂျီ


အရင်က စလီဘရစ်တီ၊ အခုတော့ ရဖျူဂျီ
ရန်ကုန်သားတာတေ

“ဒီမှာ ဒီမှာ ခင်ဗျားက အတုလား အစစ်လား”
“အစစ်ပါဗျာ။ ဘာလုပ်မလို့လဲ၊ ခင်ဗျားမေးခွန်းကလည်း ကြောက်စရာကြီး”
“ဘာလဲဗျ၊ ဘာမေးလို့လဲ ခင်ဗျားက ဘာစစ်တာလဲ”
“နတ်အစစ်လေဗျာ၊ လုံးဝရေမရောဘူး”

ထိုင်း - မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုရှေ့တွင် မယောင်မလည် လုပ်နေသည့် ဦးရုက္ခစိုးကို လူတယောက်က လာမေးသောကြောင့် ပြန်ဖြေနေခြင်းဖြစ်သည်။ “ခင်ဗျားကို အဲဒါမေးတာမဟုတ်ဘူး .. ဒီမှာ ကျုပ်နာမည် မှတ်ထား၊ တာတေတဲ့ … ဒီဒုက္ခသည် စခန်းမှာ ပွဲစားလုပ်တယ်၊ မသိတဲ့သူ မရှိဘူး။ ခင်ဗျားကို ကူညီမလို့ ဒုက္ခသည် အတုလား၊ အစစ်လား မေးတာ” ဟု ထိုသူက ပြန်ပြောလိုက်သည်။

ရုက္ခစိုး။ ။ သြော် တာတေဆိုတဲ့ နာမည်ကလည်း တော်တော်များတာပဲ။ အင်းပေါ့လေ လူတူမရှား နာမည်တူ မရှားပေါ့။

တာတေ။ ။ ကဲပါ .. ကျုပ်မေးတာဖြေဦး။ ခင်ဗျားက ဒုက္ခသည်အတုလား အစစ်လား။

ရုက္ခစိုး။ ။ အတုဆိုရင် ဘာလုပ်မှာလဲ။ အစစ်ဆိုရင်ကော ဘာလုပ်မှာလဲ။

တာတေ။ ။ အစစ်ဆိုရင်တော့ ခင်ဗျား ဒီနေရာကနေ ပြန်လစ်တော့။ အတုဆိုရင်တော့ အမြန်ဆုံး တတိယ နိုင်ငံ သွားရဖို့ ကူညီမယ်။

ရုက္ခစိုး။ ။ သြော ဒီလိုလား။ ကျုပ်က နတ်အစစ် လူအတု၊ ဒုက္ခသည်တော့မဟုတ်ဘူး။ ပျောက်နေတဲ့ ကျုပ် ဘော်ဒါတွေကိုလာရှာတာ။

တာတေ။ ။ ဒါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူမစွမ်းနတ်မပဲ ကြားဖူးတယ် .. ကျုပ်နဲ့ ကျမှပဲ နတ်မစွမ်းလို့ ပွဲစားမတယ် ဆိုပြီး စကားပုံကို ပြင်ရမယ်ထင်တယ် ဟဲဟဲ။

ရုက္ခစိုး။ ။ ဒါကတော့ဗျာ ... ပွဲစားဆိုတာက ဘယ်ဒေသ ဘယ်နေရာမှာပဲဖြစ်ဖြစ် … မတတ်နိုင်တဲ့ကိစ္စမှ မရှိတာဘဲ။ လုပ်စမ်းပါဦး ဖိုးရှုပ်နဲ့ ကြွက်စုတ် တဲ့ …။ တယောက်က ဂျာနယ်လစ် ယောင်ယောင်၊ နောက် တယောက် ကတော့ နိုင်ငံရေးသမားယောင်ယောင်၊ NGO ယောင်ယောင်ပါပဲ။ ရုပ်တွေကလည်း အူကြောင်ကြောင်နဲ့ဆိုတော့ ရှာရ သိပ်ခက်မယ် မထင်ဘူး။

တာတေ။ ။ သိပါ့ဗျာ …။ အဲဒီလို ယောင်ယောင်တွေကို ကျုပ်က သေချာမှတ်ထားတာ။ သူတို့ကို ကျုပ်ပဲ စခန်းထဲ သွင်းပေးထားတာပေါ့။

ရုက္ခစိုး။ ။ ဘာ … စခန်းထဲ သွင်းတယ် ဟုတ်လား။ ဘယ်စခန်းထဲ ဘယ်လိုသွင်းထားတာလဲ။

တာတေ။ ။ သြော် ... ခင်ဗျား ဘော်ဒါတွေက တတိယနိုင်ငံသွားချင်တယ်လေ။ အဲဒီတော့ ဒုက္ခသည် စခန်းကနေ ထွက်ဖို့အတွက် စီစဉ်ပေးထားတာ။ သူတို့က ကျုပ်ကို ဒါပေးတယ်လေ။

တာတေက သူ့လက်ညှိုးနှင့် လက်မကို ဝိုင်းပြလိုက်သည်။

ရုက္ခစိုး။ ။ နေပါဦး။ ဒီကောင်တွေက စခန်းထဲဝင်ရအောင် သူတို့က ဒုက္ခသည်တွေမှ မဟုတ်ဘဲ။

တာတေ။ ။ ခင်ဗျားကြီးကလည်း ဒုံးဝေးလိုက်တာ။ သူတို့က ဒုက္ခသည်ဖြစ်စရာမလိုဘူးဗျ။ ဒုက္ခသည် ဖြစ်ချင်ဖို့ပဲလိုတယ်။ တကယ်ဒုက္ခသည် အစစ်ဆိုရင် ဘယ်လိုလုပ် တတိယနိုင်ငံသွားလို့ရမလဲဗျ။ ပိုက်ဆံမှ မရှိဘဲ။

ရုက္ခစိုး။ ။ မဟုတ်ကဟုတ်ကဗျာ။ ဒုက္ခသည် အစစ်တွေကို တတိယနိုင်ငံပို့တာ မဟုတ်ဘူးလား။

တာတေ။ ။ ခက်ပါလား။ ခုခေတ်ကပြောင်းနေပြီ။ ဒုက္ခသည် အစစ်နည်းနည်းနဲ့ ပိုက်ဆံပေးထားတဲ့ ဒုက္ခသည်ယောင် ဆောင်ထားတဲ့ သူတွေကို ရောသမမွှေပြီး ကျုပ်တို့လိုပွဲစားတွေက တတိယနိုင်ငံ ပို့ပေးနေတာ။ သဘောပေါက်။ ကျုပ်တို့ရဲ့ ပွဲစားဆောင်ပုဒ်တောင် ရှိသေးတယ်။

ရုက္ခစိုး။ ။ ဘာလဲဗျ၊ လုပ်ပါဦး။

တာတေ။ ။ ခေတ်မီသူတိုင်း ဒုက္ခသည်လုပ်ကြသည် တဲ့။ ဒီဆောင်ပုဒ်နဲ့ ကြော်ငြာတာလေ။ ခုဆို ကာစတန်မာတွေ တော်တော်များနေပြီ။

ထိုစဉ် သူတို့နားသို့ ယိုင်ထိုးယိုင်ထိုးနှင့် နေ့ခင်းကြောင်တောင် ဘီယာမူးနေသော လူနှစ်ယောက် ရောက်လာသည်။ ဦးရုက္ခစိုး သေသေချာချာ ကြည့်လိုက်တော့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟာ … ဖိုးရှုပ်၊ ကြွက်စုတ်။ ရှာလိုက်ရတာကွာ။ ဘယ်လိုဖြစ်ကြတာလဲ။

ဖိုးရှုပ်။ ။ ဘယ်လိုမှမဖြစ်ပါဘူး ဦးရုက္ခစိုးရဲ့၊ အမေရိကားသွားချင်လို့လေ။

ကြွက်စုတ်။ ။ ဟုတ်တယ် ချင်းမိုင်မှာ နေရတာ ပျင်းလာပြီဗျ။ ဦးရုက္ခစိုးကော လိုက်ခဲ့ပါလား။ ချင်းမိုင် ရုက္ခစိုးမလုပ်နဲ့တော့၊ ဆန်ဖရန်စစ္စကိုရုက္ခစိုးဖြစ်ဖြစ်၊ နယူးယောက် ရုက္ခစိုးဖြစ်ဖြစ် လုပ်။ ပိုမိုက်တယ်။

ရုက္ခစိုး။ ။ တော်ပါကွာ။ ငါ့ဘာသာ ချင်းမိုင်မှာပဲ အေးအေးဆေးဆေး နေပါရစေ။ နေစမ်းပါဦး မင်းတို့က ဘယ်လိုကဘယ်လို ဒုက္ခသည်စခန်း ရောက်လာရတာလဲ။ မင်းတို့က ဘယ်တုန်းက ဒုက္ခသည်ဖြစ်သွားတာလဲ။

ဖိုးရှုပ်။ ။ ဒုက္ခသည်ဆိုတာ ပိုက်ဆံပေးရင်ဖြစ်လို့ရတယ်လေ ဦးရုက္ခစိုးရဲ့။ ခုဆို ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျနော်တို့ ဆွေတွေမျိုးတွေကိုတောင် လှမ်းခေါ်ထားတယ်။ တာတေနဲ့ညှိပြီး ဒုက္ခသည်လုပ် အမေရိကား သွား မလို့။

ကြွက်စုတ်။ ။ ဟုတ်တယ်၊ ချင်းမိုင်မှာလည်း အနေကမချောင်၊ ရန်ကုန်မှာလည်း လုပ်စရာ အလုပ်ကမရှိ ဆိုတော့ အမေရိကားမှာ ဆူရှီလေး သွားလိပ်မလားလို့။

တာတေ။ ။ စိတ်ကူးမလွဲနဲ့ ဦးရုက္ခစိုးရေ။ ကျနော်ရှိတုန်း ဒုက္ခသည် စာရင်း ပေးချင်ပေးထား။ ကျနော်လည်း အခြေအနေအရ လုပ်စား နေရတာ။ ခေတ်မကောင်းရင်တော့ မိန်းမနဲ့ ကလေးခေါ်ပြီး ဒုက္ခသည် ဝင်လုပ်၊ တတိယနိုင်ငံလစ်မယ်။

ရုက္ခစိုး။ ။ ကောင်းပါ့ကွာ။ မင်းတို့ဟာ မင်းတို့တော့ ဟုတ်နေတာပဲ … ဒါဆို ဒုက္ခသည် အစစ်တွေက ဘယ်လိုလုပ်မလဲ။

တာတေ။ ။ သြော် ဦးရုက္ခစိုးကလည်း၊ မခက်တာကို ခက်အောင် လုပ်နေပြန်ပြီ။ ဒုက္ခသည် ဆိုတာက အရင်ကတည်း ဒုက္ခတွေ ကြုံဖူးပြီးသား၊ ဒုက္ခထပ်ရောက်လည်း ဘာမှမဖြစ်ဘူး၊ ခံနိုင်ရည်ရှိတယ်လေ။ နအဖက နှိပ်စက်ထားလို့ ထုသားပေသား ကျနေပြီ။ သူတို့က အမေရိကား မသွားရလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံပေးပြီး ဒုက္ခသည် လုပ်ရတဲ့သူတွေ ခမျာသာ သနားစရာ။ သူတို့က သူဌေးတွေဆိုတော့ ဒုက္ခလည်း ခံဖူးကြရှာတာ မဟုတ်ဘူး။ အဲဒီတော့ စခန်းထဲမှာ ခဏတဖြုတ်ဒုက္ခခံ … ပြီးတော့ အမေရိကား မြန်မြန်ပို့ပေးလိုက်တာပေါ့။

ထိုစဉ် သူတို့နားမှ မိတ်ကပ်အဖွေးသားမျက်နှာနှင့် ခေါင်းမော့ရင်ကော့ကာ လျှောက်သွားသော အမျိုးသမီးတဦး ဖြတ်သွားသည်။ ထိုအမျိုးသမီးကို တာတေက မေးငေါ့ရင်း “သူ့ကို သိလား” ဟု တီးတိုးမေးလိုက်သည်။

ဖိုးရှုပ်။ ။ မြင်ဖူးသလိုပဲ၊ တော်တော်လေး မြင်ဖူးတယ်။

ကြွက်စုတ်။ ။ ဟာ … သိတယ်၊ သိတယ်၊ အဲဒါ မြန်မာပြည်မှာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးလေ။ ဟုတ်တယ်မဟုတ်လား။

တာတေ။ ။ သိပ်ဟုတ်တာပေါ့ဗျ။ ခု ကျုပ်တို့ ဆောင်ပုဒ်အသစ်တခု ထပ်ထုတ်ထားတယ် … အရင်က စလီဘရစ်တီ၊ ခုတော့ ရဖျူဂျီတဲ့ … မိုက်တယ်မဟုတ်လား။

ရုက္ခစိုး။ ။ ဟင် နာမည်ကြီးမင်းသမီးက ဘယ်လိုလုပ် ဒုက္ခသည်ဖြစ်နေတာလဲ။

တာတေ။ ။ သြော်၊ သူက နာမည်ကြီးဆိုပေမယ့် အသက်နည်းနည်း ကြီးနေပြီဆိုတော့ ဒုက္ခသည် လုပ်လိုက်တာလေ။ ပြီးရင် အမေရိကားသွားမှာပေါ့။ မင်းသားတွေလည်း ဒီလိုပဲ ဒုက္ခသည် စခန်း ဝင်တာပဲ။ အသက်ငယ်တဲ့ မင်းသမီးတွေကတော့ တခြားနည်းနဲ့ ဒုက္ခသည်လုပ်ပြီး သွားတာပေါ့။

ရုက္ခစိုး။ ။ တခြားနည်းနဲ့ ဒုက္ခသည် လုပ်တယ် ဟုတ်လား။ ဘယ်လိုနည်းလဲ၊ လုပ်ပါဦး။

တာတေ။ ။ အဲဒီဘက်မှာလည်း ပွဲစားတွေရှိတာပဲ။ အသက်ငယ်တဲ့ မင်းသမီးလေးတွေကျတော့ ဒီလို ဒုက္ခသည် စခန်းထဲ ဝင်မနေတော့ဘူး။ အမေရိကန် နိုင်ငံသားခံယူထားတဲ့ လူပျိုသိုး၊ လူပျိုဟောင်းကြီးတွေနဲ့ ယူပြီး အမေရိကားသွားကြတယ်လေ။

ဖိုးရှုပ်။ ။ နေပါဦး၊ ယောက်ျားယူပြီး အမေရိကားသွားတာနဲ့ ဒုက္ခသည် ဖြစ်တာ ဘာဆိုင်လို့လဲ။

တာတေ။ ။ ဒါကတော့ စဉ်းစားကြည့်လေ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ဒုက္ခသည် ဖြစ်တာပဲ။ မယူချင်တဲ့ ယောက်ျား ရုပ်ဆိုးကြီးတွေကို ယူရတယ်၊ မြန်မာနိုင်ငံမှာလို ကျော့ကျော့မော့မော့လေး ရုပ်ရှင် မရိုက်ရ တော့ဘဲ ဆူရှီလိပ်နေရတယ်။ ဒါလည်း ဒုက္ခသည် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ အင်း မြန်မာပြည်ထဲမှာ လူမှ ကျန်ပါဦးမလားမသိဘူး။

တာတေ။ ။ ဒါတော့ မေးမနေနဲ့၊ မြန်မာပြည်ထဲမှာ ဘယ်သူမှ မနေချင်ဘူး။ အကုန်လုံး နိုင်ငံခြား ထွက်ချင်ကြတာချည်းပဲ။ အမေရိကားကတော့ ဘယ်သူမဆို သွားချင်တာ။ အဲဒီတော့ ကျုပ်တို့လို ပွဲစားတွေ ထောတာပေါ့ ဟဲဟဲ။

ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ပါးစပ်ကလည်း ရွှတ်ရှက် ဒွတ်ဒတ်များရွတ်ဆိုလာသည်။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ဘယ်လိုက ဘယ်လို ဒုက္ခသည် စခန်းနား ရောက်နေတာလဲ။

ချိုကုပ်။ ။ အိုင်ဆေး အန်ကယ် ရုက္ခစိုး၊ ဝှူးအာယူ … ဆောဒီးဆောဒီး၊ ဟောင်းအာယူ၊ အိုင်အမ် ဖိုင်း၊ ဟောင်းဒူး ယူဒူး ဟဲဟဲ။

ဖိုးရှုပ်။ ။ ဟင် … ချိုကုပ်ဒူးကြီး ဘယ်လိုဖြစ်သွားတာလဲ။

ချိုကုပ်။ ။ အိုင် ဘယ်လိုမှ မဖြစ်ဘူးစ်၊ ခု အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ။

ကြွက်စုတ်။ ။ ဘာလုပ်ဖို့ လန်းနင်း၊ အဲ … အင်္ဂလိပ်စာ သင်နေတာလဲဗျ။ ခုမှ အေဘီစီဒီ စသင်တော့ အသက်ကြီးမှ လက်ပေးသင်တဲ့ ဟိုအကောင်လို ဖြစ်နေမှာပေါ့။

ချိုကုပ်။ ။ အိုး ယူအာရောင်း … ။ ဒီမှာ ပညာလို အိုသည်မရှိတဲ့။ အသက်ကြီးမှ လက်ပေးသင်တော့ ဘာဖြစ်လဲ။ အမေရိကားသွားရဖို့ လိုရင်းပဲဟာ။

ရုက္ခစိုး။ ။ ဟင် လာပြန်ပြီတယောက် … အမေရိကားတဲ့။

ချိုကုပ်။ ။ ဟုတ်တယ်လေ။ ကျုပ်တို့ကို ပိတ်ဆို့ထားတော့ အမေရိကားကို သွားချင်တိုင်း မသွားရဘူး။ ခု UN စည်းဝေးလုပ်မယ်၊ သွားရမယ် ဆိုတဲ့အခွင့်အရေးလေးနည်းနည်း ပြန်ဟလာပြန်တော့ ဟို ဝန်ကြီးချုပ်ဆိုတဲ့ သိန်းဂိန်တို့၊ ဉာဏ်ပျင်းတို့က နည်းနည်း မှုတ်တတ်လို့ သူတို့ကိုလွှတ်ရတယ်။ မတော်တဆ အိုဘားမားက ထမင်းစားဖိတ်လို့ သွားမိရင် ခွေးအကြီး လှည်းနင်းသလို ဖြစ်နေမှာလေ။ ဝက်ထောကြီးလာတုန်းကလည်း အမေရိကန်အင်္ဂလစ်ရှ်ကို မွှတ်နေအောင်ပြောတတ်အောင် သင်ထားဖို့ ကပ်မှာသွားသေးတယ်။ နောက်တခါ အခွင့်အရေး ပေါ်လာလို့ကတော့ ဘယ်သူ့မှ မလွှတ် တော့ဘူး၊ ကိုယ့်ဘာသာ သွားဖို့ အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ ဟဲဟဲ။

ချိုကုပ်ဒူးကြီးဆီက တံတွေးများစဉ်သွားသောကြောင့် သူတို့ မနည်းရှောင်လိုက်ရသည်။

တာတေ။ ။ အင်္ဂလစ်ရှ် လန်းနင်းလုပ်တာတော့ ထားပါတော့၊ ခု ဒုက္ခသည် စခန်းနားကို ဘာလာ လုပ်တာလဲဟင်။

ချိုကုပ်။ ။ ဒါလား … အခင်းအကျင်း လာကြည့်တာလေ။ အခြေအနေ မကောင်းရင် စခန်းထဲ ဝင်ပြီး အမေရိကား သွားမလို့။

ရုက္ခစိုး။ ။ ဟင် ချိုကုပ်ဒူးကြီးကလည်း ဒုက္ခသည် စခန်းထဲ ဝင်မယ် ဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ်လေ၊ မောင်ကွေးတို့၊ ငမန်းတို့က အထိန်းရ အသိမ်းရ ခက်ပါဘိသနဲ့၊ တော်ကြာ ဟိုကောင်ဖင်တွန့်ရဲ့ ဝဋ်တွေ ပြန်လည်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ သေချာအောင် ဒီဘက် လမ်းကိုလည်း စုံစမ်းထားရမယ်။ ကဲ ဘယ်လောက်ပေါက်လဲ ကိုတာတေ လုပ်ပါဦး။ အလုပ်ဖြစ်မယ် ဆိုရင် ပေါက်ဈေးထက် ၃ ဆပိုပေးမယ်ဗျာ။ ခင်ဗျားတို့ ကြော်ငြာကိုလည်း အရမ်းသဘောကျတယ်။

တာတေ။ ။ ဘယ်ကြော်ငြာကို သဘောကျသွားတာလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ သြော် … အရင်က စလီဘရစ်တီ ခုတော့ ရဖျူဂျီ ဆိုတဲ့ ကြော်ငြာကိုပါ။ ကျုပ်လည်း စလီဘရစ်တီ ပဲလေ၊ ဟောဒီက ဖိုးရှုပ်တို့ ကြွက်စုတ်တို့လည်း စလီဘရစ်တီပဲ၊ ဦးရုက္ခစိုးလည်း စလီဘရစ်တီပဲ။ ကျုပ်တို့ အားလုံး ဒုက္ခသည် ဖြစ်ခွင့်ရှိတယ် … ဟုတ်တယ် မဟုတ်လား။

ချိုကုပ်ဒူးကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုးကြီး စိတ်ပါလာပြီး “ဒီလောက်တောင်ဖြစ်တာ ကျုပ်လည်း ဝါရှင်တန် ရုက္ခစိုးပဲ လုပ်တော့မယ်ဗျို့၊ ကဲ ကိုတာတေရေ ဘယ်လောက်ပေါက်လဲ၊ ဘယ်လိုပေးရမလဲ၊ ဒုက္ခသည် အစစ်တယောက် နေရာမှာ ချင်းမိုင်ရုက္ခစိုး ဆိုပြီး စာရင်းထည့်လိုက်ပေတော့။ အမေရိကားကို မတိန်းမစောင်း ဘိန်းဗောင်းနဲ့ အမြန်ဆုံး လစ်တော့မယ် … ပလို့ … ဂျိ” ဟူ၍ ရေရွတ်လိုက် လေတော့သည်။ ။

http://www.irrawaddy.org/

A

B

C

The Kitchen မီးဖိုချောင်