Wednesday, July 7, 2010

နှစ်ဘဝစာ အလွမ်း

A condom delivery service in Mexico
နှစ်ဘဝစာ အလွမ်း

မင်းယဉ်ပါးနေတဲ့
ခြံခုန်တမ်းကစားနည်းမှာ
စည်းရိုးတခုငါ မဖြစ်ပါရစေနဲ့။

တခြုံကွယ် တမယ်မေ့ရအောင်
နေ့တွက်မစီသရွေ့
ရမ္မက်သက်သက်နဲ့ ထပ်တိုး
မင်းကိုငါမြတ်နိုး...
တန်ဘိုးဖြတ်ခဲ့တာ မဟုတ်ဘူး။

အသွားအပြန်မရှိတဲ့ မေတ္တာမှာ
မမြင်သာတဲ့ သံယောဇဉ်တွေက
လူတကာနဲ့ ပျော်ပါးကောင်းတဲ့
ကုတင်အဟောင်းတလုံးလဲ မဟုတ်ခဲ့ဘူး။

ကောက်ရိုးတမျှင်ထက်ကို
ပိုလို့ အကြင်နာကြီးရတဲ့ ငါက
မင်းမွှေးသွားတဲ့ မီးတမြိုက်မှာတင်
အကြိမ်ကြိမ် သေပွဲဝင်ခဲ့ရပြီးပါပြီ။

ရှိလက်စသစ္စာတွေကပဲ
နောက်ထပ်နှစ်ဘဝစာ...
ငါ့မှာဘာကျန်သေးတော့လို့လဲ။

ဒါတော့မလုပ်ပါနဲ့ကွာ...
လူကြီးပီပီသသ နေနေရတာကိုက
ပင်ပမ်းလွန်းလှပါပြီ။

သတိထားပါ
မနက်ဖြန်တွေ အများကြီးနဲ့
ကြီးပြင်းလာမယ့် အနာဂတ်မှာ
အခမဲ့ ခံစားရသမျှက
ဘာမှ အရာထင်ကျန်ခဲ့တာ မဟုတ်ဘူးလို့
မင်းမထင်နဲ့။

အပေါ်ယံ အရေပါးနေတဲ့
ခပ်ထူထူ လူကောင်တွေရဲ့
မြူဆွယ်ဘာသာစကားတွေကြားမှာ
ရာဘာသားတွေ ပေါလွန်းတယ်။

ဇော်မျိုးလွင်
http://shwepoem.blogspot.com

7 comments:

  1. ဟားးးး...သိပ်လှတဲ့ကဗျာ
    ကျနော်...ဒီလိုရင်ဘတ်နဲ့ လက် ..တစ်ထပ်တည်းကျအောင်
    ကျိုးစာရဦးမယ်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အပေါ်ကဖျက်လိုက်တာ
    အဓိပ္ပါယ်တမျိုးဖြစ်သွားမှာစိုးလို့ပါ။
    ရေးချင်တာက ...
    အထက်ပါကဗျာကဲ့သို့
    ကဗျာကောင်းလေးများကို
    များများဖတ်ချင်ပါတယ်။

    ကိုခိုင်

    ReplyDelete
  4. ကိုသစ်နတ်ဆူးနဲ့ ကိုခိုင်တို့အတွက် ကျေးဇူးတင်စွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ။

    ReplyDelete
  5. ဒီကဗျာကို တော်တော်လေးကို နှစ်သက်ပါတယ်။

    ReplyDelete
  6. ကဗျာရေးဖြစ်စေခဲ့တဲ့ အကြောင်းရင်းခံလေးကိုရော၊ စိတ်ဝင်တစား ဝိုင်းဝန်းဖတ်ရှု မှတ်ချက်ပြုကြသူ အပေါင်းအားလုံးကိုရော လှိုက်လှဲလှစွာ ကျေးဇူးအထူးတင်နေမိပါတယ်။ အားလုံးလဲ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ။
    ဟန်မဆောင်ရိုးသားစွာ
    ဇော်မျိုးလွင် (ဒီမွိုင်း၊ အိုင်အိုဝါ)

    ReplyDelete

A

B

C

The Kitchen မီးဖိုချောင်