Wednesday, April 27, 2011

တီဗီဆိုရင် ပြားရမယ် ကြီးရမယ်ဆိုတဲ့ ဒုက္ခသည်


TV ဆိုရင်ပြားရမယ်၊ ကြီးရမယ်ဆိုတဲ့ ဒုက္ခသည် 

ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။


သြစတျေးလျနိုင်ငံကိုနယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြန်မာဒုက္ခသည်တွေရောက်လာကြတယ်။ ပြည်တွင်းကလည်း လာကြတယ်။

လေးငါးခြောက်လလောက်နေပြီးတော့ သူတို့က TV ဆိုရင် အပြားမှ။ ကြီးမှ ကြိုက်ကြတယ်။ Flat TV လို့ခေါ်တဲ့ TV အပြားက နောက်ဆုံးပေါ်ဖြစ်တော့ သြစီက မြန်မာတွေ အိမ်တိုင်းနီးနီးရှိကြတယ်။

တချို့ လည်း အပြိုင်အဆိုင် သူဝယ်ရင် ကိုယ်လည်းဝယ်တယ်။ ကိုယ်ကြီးရင် သူလည်းလိုက်ကြီးကြတယ်။ TV အပြားကလည်း High Definationက ကောင်းတော့ ရုပ်တော်တော်ရှင်းတယ်။ လူတော်တော်များများ ကြိုက်ကြတယ်ပေါ့။

ဒုက္ခသည်စခန်းနဲ့ မြန်မာပြည်မှာ နေတုန်းက TV အပြား မပြောနဲ့ ဂေါ်ပြားလောက်ပဲကိုင်ဖူးတဲ့လူက အခုဆိုရင် TV အလုံးမကြည့်ချင်။ အလုံးရှိနေရင် ဂုဏ်ငယ်သလိုမျိုး။ ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။

လုပ်တဲ့အလုပ်က စက်ရုံမှာ။ ဈေးဆိုင်တွေမှာ။ သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်သမား။ ၀င်ငွေကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာ။ အတူတူလောက်ပဲ။ ဒါကိုများ TV အပြားပြိုင်ရတာနဲ့ ဘာနဲ့။

ဗဟုသုတကလည်း ရှိသလားမမေးနဲ့။

တချို့ သော မြန်မာဒုက္ခသည်တွေက TV ပြားရင်၊ ကြီးရင် ပြီးရော ကျန်တာသူတို့စိတ်မ၀င်စား။ TV အပြားက Plasma လား၊ LCD လား၊ LED လားလည်းမသိ။ ဘယ်ဟာက ပိုပြီး မီးတာခပိုသက်သာ၊ ပိုပြီးတိကျရှင်းလင်းလည်းမသိ။ သူတို့သိတာက ပြားရမယ်၊ကြီးရမယ်။

Flat TV ဆိုပြီး ဘိုလိုမခေါ်တက်တော့ ဘယ်လိုခေါ်လဲသိလား။ "ဟို TV ပြားပြားလေးကွာတဲ့"..ရီလည်းရီရတယ်။

အနေကြာတော့ ဘိုလိုတက်တယ်လို့ထင်လား?။

ဖပ်နဲ့ ရှစ်နဲ့တော့ အလွတ်ရတယ်။ နှစ်ပေါင်း ၁၅-နှစ်လောက်နေခဲ့တဲ့ ကိုရွှေတို့ ဘိုလိုလည်း ကျွမ်းသလားမမေးနဲ့။ ရုံးကိစ္စ၊ အလုပ်ကိစ္စပြောပြီးဆိုရင် ခွေးအ,ကြီးလှည်းနင်းထားသလို။ အရေးအကြောင်းရှိရင် ဟိုလူ့ခေါ်ရ ဒိလူ့ခေါ်ရနဲ့။ ဘာသာ ပြန်ပေးပါအုံးဟဲ့။ အဲ...တခုတော့ရှိတယ်။ ဗမာတွေ ကိုယ့်အချင်းချင်းစုဝေးပြီဆိုရင် ပါးစပ်က တဖပ်ဖပ် Fuck ၊ တရှစ်ရှစ် (Shit) ပြောလိုက်တဲ့ ဘိုလို။ သူ့လောက်တက်တဲ့ လူ, မရှိတော့ဘူး။ လူအထင်ကြီးအောင်။

အားလုံးက ဓာတ်သိတွေပဲဆိုတော့ ဒီကောင်ဖပ်လည်း၊ ဖပ်တာပဲ အဖပ်တင်တယ်။ ဒီလူရှစ်လည်း ရှစ်တာပဲအဖတ်တင်တယ်။ ဘယ်သူမှလည်း အထင်မကြီး။

ထိုင်း၊ မလေးမှာရှိတဲ့ အလုပ်သမားတွေ သုံးလေးနှစ်ဆိုရင် ထိုင်းနဲ့မလေးစကားကို ကောင်းကောင်း ပြောနိုင်ပြီ။ သြစတျေးလျက ရွှေမြန်မာတွေ ၁၀-နှစ်နေလည်း တဖပ်ဖပ်၊ တရှစ်ရှစ် နဲ့ပဲ နိဂုံးချုပ်နေတော့တယ်။

ဒါ့ကြောင့် TV ဆိုရင်ပြားရမယ်။ ကြီးရမယ်။ ကျန်တာနားမလည်တဲ့ ကိုရွှေဗမာတွေ ဖြစ်နေကြတာပေါ့။

TV ပြီးတော့ ကား,အလှည့်။ ဒုက္ခသည်ဘ၀မှာတုန်းက ကားဆိုရင် ဆန်သယ်တဲ့ကားလောက်ပဲအနီးကပ်မြင်ဘူးတဲ့ လူတွေက အခုဆိုရင် ကားဆိုရင် Four Wheel မှ။ သူများတွေက Four Weel ကို တောတောင်တွေထဲမှာ စီးဖို့ အတွက်ပဲ ၀ယ်ကြတယ်။ မြန်မာတွေနဲ့  ဗီယမ်နမ်တွေကတော့ တောထဲလည်းစီးတယ်။ မြို့ ပေါ်မှာလည်းစီးတယ်။ Four Wheel ရှိမှ ခေတ်မှီကြလေတယ်။

သူက လေးဖက်ယက်ဆိုရင်၊ ကိုယ်လည်း လေးဖက်ယက်လုပ်ကြတဲ့ဓလေ့။ ဘယ်လို နားလည်ပေးရမှန်း မသိတဲ့ မြန်မာတွေပါလားလို့ဆိုပြီး တွေးနေမိတယ်။ မြန်မာတွေရဲ့ စိတ်ဓာတ်ကိုပြောတာပါ။ အားလုံးတော့ မဟုတ်ပါဘူး။

သူများလုပ်တိုင်း လျှောက်လုပ်တဲ့လူစားတွေက အထက်ကပြောတဲ့အတိုင်း TV ဆိုရင် ပြားမှကြီးမှ။ Plasma လား၊ LCD လား၊ LED လား ခွဲခြားမသိတဲ့ လူစားမျိုးတွေပါပဲ။ ပြီးတော့ ပါးစပ်ကလည်း တဖပ်ဖပ် နဲ့ တရှစ်ရှစ်နဲ့။

ခေတ်မှီကြလေသတည်း။

ရေးသူ - ဘုန်းကျော်

A

B

C

The Kitchen မီးဖိုချောင်