Monday, September 28, 2009

အရင်က စလီဘရစ်တီ၊ အခုတော့ ရဖျူဂျီ


အရင်က စလီဘရစ်တီ၊ အခုတော့ ရဖျူဂျီ
ရန်ကုန်သားတာတေ

“ဒီမှာ ဒီမှာ ခင်ဗျားက အတုလား အစစ်လား”
“အစစ်ပါဗျာ။ ဘာလုပ်မလို့လဲ၊ ခင်ဗျားမေးခွန်းကလည်း ကြောက်စရာကြီး”
“ဘာလဲဗျ၊ ဘာမေးလို့လဲ ခင်ဗျားက ဘာစစ်တာလဲ”
“နတ်အစစ်လေဗျာ၊ လုံးဝရေမရောဘူး”

ထိုင်း - မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုရှေ့တွင် မယောင်မလည် လုပ်နေသည့် ဦးရုက္ခစိုးကို လူတယောက်က လာမေးသောကြောင့် ပြန်ဖြေနေခြင်းဖြစ်သည်။ “ခင်ဗျားကို အဲဒါမေးတာမဟုတ်ဘူး .. ဒီမှာ ကျုပ်နာမည် မှတ်ထား၊ တာတေတဲ့ … ဒီဒုက္ခသည် စခန်းမှာ ပွဲစားလုပ်တယ်၊ မသိတဲ့သူ မရှိဘူး။ ခင်ဗျားကို ကူညီမလို့ ဒုက္ခသည် အတုလား၊ အစစ်လား မေးတာ” ဟု ထိုသူက ပြန်ပြောလိုက်သည်။

ရုက္ခစိုး။ ။ သြော် တာတေဆိုတဲ့ နာမည်ကလည်း တော်တော်များတာပဲ။ အင်းပေါ့လေ လူတူမရှား နာမည်တူ မရှားပေါ့။

တာတေ။ ။ ကဲပါ .. ကျုပ်မေးတာဖြေဦး။ ခင်ဗျားက ဒုက္ခသည်အတုလား အစစ်လား။

ရုက္ခစိုး။ ။ အတုဆိုရင် ဘာလုပ်မှာလဲ။ အစစ်ဆိုရင်ကော ဘာလုပ်မှာလဲ။

တာတေ။ ။ အစစ်ဆိုရင်တော့ ခင်ဗျား ဒီနေရာကနေ ပြန်လစ်တော့။ အတုဆိုရင်တော့ အမြန်ဆုံး တတိယ နိုင်ငံ သွားရဖို့ ကူညီမယ်။

ရုက္ခစိုး။ ။ သြော ဒီလိုလား။ ကျုပ်က နတ်အစစ် လူအတု၊ ဒုက္ခသည်တော့မဟုတ်ဘူး။ ပျောက်နေတဲ့ ကျုပ် ဘော်ဒါတွေကိုလာရှာတာ။

တာတေ။ ။ ဒါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူမစွမ်းနတ်မပဲ ကြားဖူးတယ် .. ကျုပ်နဲ့ ကျမှပဲ နတ်မစွမ်းလို့ ပွဲစားမတယ် ဆိုပြီး စကားပုံကို ပြင်ရမယ်ထင်တယ် ဟဲဟဲ။

ရုက္ခစိုး။ ။ ဒါကတော့ဗျာ ... ပွဲစားဆိုတာက ဘယ်ဒေသ ဘယ်နေရာမှာပဲဖြစ်ဖြစ် … မတတ်နိုင်တဲ့ကိစ္စမှ မရှိတာဘဲ။ လုပ်စမ်းပါဦး ဖိုးရှုပ်နဲ့ ကြွက်စုတ် တဲ့ …။ တယောက်က ဂျာနယ်လစ် ယောင်ယောင်၊ နောက် တယောက် ကတော့ နိုင်ငံရေးသမားယောင်ယောင်၊ NGO ယောင်ယောင်ပါပဲ။ ရုပ်တွေကလည်း အူကြောင်ကြောင်နဲ့ဆိုတော့ ရှာရ သိပ်ခက်မယ် မထင်ဘူး။

တာတေ။ ။ သိပါ့ဗျာ …။ အဲဒီလို ယောင်ယောင်တွေကို ကျုပ်က သေချာမှတ်ထားတာ။ သူတို့ကို ကျုပ်ပဲ စခန်းထဲ သွင်းပေးထားတာပေါ့။

ရုက္ခစိုး။ ။ ဘာ … စခန်းထဲ သွင်းတယ် ဟုတ်လား။ ဘယ်စခန်းထဲ ဘယ်လိုသွင်းထားတာလဲ။

တာတေ။ ။ သြော် ... ခင်ဗျား ဘော်ဒါတွေက တတိယနိုင်ငံသွားချင်တယ်လေ။ အဲဒီတော့ ဒုက္ခသည် စခန်းကနေ ထွက်ဖို့အတွက် စီစဉ်ပေးထားတာ။ သူတို့က ကျုပ်ကို ဒါပေးတယ်လေ။

တာတေက သူ့လက်ညှိုးနှင့် လက်မကို ဝိုင်းပြလိုက်သည်။

ရုက္ခစိုး။ ။ နေပါဦး။ ဒီကောင်တွေက စခန်းထဲဝင်ရအောင် သူတို့က ဒုက္ခသည်တွေမှ မဟုတ်ဘဲ။

တာတေ။ ။ ခင်ဗျားကြီးကလည်း ဒုံးဝေးလိုက်တာ။ သူတို့က ဒုက္ခသည်ဖြစ်စရာမလိုဘူးဗျ။ ဒုက္ခသည် ဖြစ်ချင်ဖို့ပဲလိုတယ်။ တကယ်ဒုက္ခသည် အစစ်ဆိုရင် ဘယ်လိုလုပ် တတိယနိုင်ငံသွားလို့ရမလဲဗျ။ ပိုက်ဆံမှ မရှိဘဲ။

ရုက္ခစိုး။ ။ မဟုတ်ကဟုတ်ကဗျာ။ ဒုက္ခသည် အစစ်တွေကို တတိယနိုင်ငံပို့တာ မဟုတ်ဘူးလား။

တာတေ။ ။ ခက်ပါလား။ ခုခေတ်ကပြောင်းနေပြီ။ ဒုက္ခသည် အစစ်နည်းနည်းနဲ့ ပိုက်ဆံပေးထားတဲ့ ဒုက္ခသည်ယောင် ဆောင်ထားတဲ့ သူတွေကို ရောသမမွှေပြီး ကျုပ်တို့လိုပွဲစားတွေက တတိယနိုင်ငံ ပို့ပေးနေတာ။ သဘောပေါက်။ ကျုပ်တို့ရဲ့ ပွဲစားဆောင်ပုဒ်တောင် ရှိသေးတယ်။

ရုက္ခစိုး။ ။ ဘာလဲဗျ၊ လုပ်ပါဦး။

တာတေ။ ။ ခေတ်မီသူတိုင်း ဒုက္ခသည်လုပ်ကြသည် တဲ့။ ဒီဆောင်ပုဒ်နဲ့ ကြော်ငြာတာလေ။ ခုဆို ကာစတန်မာတွေ တော်တော်များနေပြီ။

ထိုစဉ် သူတို့နားသို့ ယိုင်ထိုးယိုင်ထိုးနှင့် နေ့ခင်းကြောင်တောင် ဘီယာမူးနေသော လူနှစ်ယောက် ရောက်လာသည်။ ဦးရုက္ခစိုး သေသေချာချာ ကြည့်လိုက်တော့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟာ … ဖိုးရှုပ်၊ ကြွက်စုတ်။ ရှာလိုက်ရတာကွာ။ ဘယ်လိုဖြစ်ကြတာလဲ။

ဖိုးရှုပ်။ ။ ဘယ်လိုမှမဖြစ်ပါဘူး ဦးရုက္ခစိုးရဲ့၊ အမေရိကားသွားချင်လို့လေ။

ကြွက်စုတ်။ ။ ဟုတ်တယ် ချင်းမိုင်မှာ နေရတာ ပျင်းလာပြီဗျ။ ဦးရုက္ခစိုးကော လိုက်ခဲ့ပါလား။ ချင်းမိုင် ရုက္ခစိုးမလုပ်နဲ့တော့၊ ဆန်ဖရန်စစ္စကိုရုက္ခစိုးဖြစ်ဖြစ်၊ နယူးယောက် ရုက္ခစိုးဖြစ်ဖြစ် လုပ်။ ပိုမိုက်တယ်။

ရုက္ခစိုး။ ။ တော်ပါကွာ။ ငါ့ဘာသာ ချင်းမိုင်မှာပဲ အေးအေးဆေးဆေး နေပါရစေ။ နေစမ်းပါဦး မင်းတို့က ဘယ်လိုကဘယ်လို ဒုက္ခသည်စခန်း ရောက်လာရတာလဲ။ မင်းတို့က ဘယ်တုန်းက ဒုက္ခသည်ဖြစ်သွားတာလဲ။

ဖိုးရှုပ်။ ။ ဒုက္ခသည်ဆိုတာ ပိုက်ဆံပေးရင်ဖြစ်လို့ရတယ်လေ ဦးရုက္ခစိုးရဲ့။ ခုဆို ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျနော်တို့ ဆွေတွေမျိုးတွေကိုတောင် လှမ်းခေါ်ထားတယ်။ တာတေနဲ့ညှိပြီး ဒုက္ခသည်လုပ် အမေရိကား သွား မလို့။

ကြွက်စုတ်။ ။ ဟုတ်တယ်၊ ချင်းမိုင်မှာလည်း အနေကမချောင်၊ ရန်ကုန်မှာလည်း လုပ်စရာ အလုပ်ကမရှိ ဆိုတော့ အမေရိကားမှာ ဆူရှီလေး သွားလိပ်မလားလို့။

တာတေ။ ။ စိတ်ကူးမလွဲနဲ့ ဦးရုက္ခစိုးရေ။ ကျနော်ရှိတုန်း ဒုက္ခသည် စာရင်း ပေးချင်ပေးထား။ ကျနော်လည်း အခြေအနေအရ လုပ်စား နေရတာ။ ခေတ်မကောင်းရင်တော့ မိန်းမနဲ့ ကလေးခေါ်ပြီး ဒုက္ခသည် ဝင်လုပ်၊ တတိယနိုင်ငံလစ်မယ်။

ရုက္ခစိုး။ ။ ကောင်းပါ့ကွာ။ မင်းတို့ဟာ မင်းတို့တော့ ဟုတ်နေတာပဲ … ဒါဆို ဒုက္ခသည် အစစ်တွေက ဘယ်လိုလုပ်မလဲ။

တာတေ။ ။ သြော် ဦးရုက္ခစိုးကလည်း၊ မခက်တာကို ခက်အောင် လုပ်နေပြန်ပြီ။ ဒုက္ခသည် ဆိုတာက အရင်ကတည်း ဒုက္ခတွေ ကြုံဖူးပြီးသား၊ ဒုက္ခထပ်ရောက်လည်း ဘာမှမဖြစ်ဘူး၊ ခံနိုင်ရည်ရှိတယ်လေ။ နအဖက နှိပ်စက်ထားလို့ ထုသားပေသား ကျနေပြီ။ သူတို့က အမေရိကား မသွားရလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံပေးပြီး ဒုက္ခသည် လုပ်ရတဲ့သူတွေ ခမျာသာ သနားစရာ။ သူတို့က သူဌေးတွေဆိုတော့ ဒုက္ခလည်း ခံဖူးကြရှာတာ မဟုတ်ဘူး။ အဲဒီတော့ စခန်းထဲမှာ ခဏတဖြုတ်ဒုက္ခခံ … ပြီးတော့ အမေရိကား မြန်မြန်ပို့ပေးလိုက်တာပေါ့။

ထိုစဉ် သူတို့နားမှ မိတ်ကပ်အဖွေးသားမျက်နှာနှင့် ခေါင်းမော့ရင်ကော့ကာ လျှောက်သွားသော အမျိုးသမီးတဦး ဖြတ်သွားသည်။ ထိုအမျိုးသမီးကို တာတေက မေးငေါ့ရင်း “သူ့ကို သိလား” ဟု တီးတိုးမေးလိုက်သည်။

ဖိုးရှုပ်။ ။ မြင်ဖူးသလိုပဲ၊ တော်တော်လေး မြင်ဖူးတယ်။

ကြွက်စုတ်။ ။ ဟာ … သိတယ်၊ သိတယ်၊ အဲဒါ မြန်မာပြည်မှာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးလေ။ ဟုတ်တယ်မဟုတ်လား။

တာတေ။ ။ သိပ်ဟုတ်တာပေါ့ဗျ။ ခု ကျုပ်တို့ ဆောင်ပုဒ်အသစ်တခု ထပ်ထုတ်ထားတယ် … အရင်က စလီဘရစ်တီ၊ ခုတော့ ရဖျူဂျီတဲ့ … မိုက်တယ်မဟုတ်လား။

ရုက္ခစိုး။ ။ ဟင် နာမည်ကြီးမင်းသမီးက ဘယ်လိုလုပ် ဒုက္ခသည်ဖြစ်နေတာလဲ။

တာတေ။ ။ သြော်၊ သူက နာမည်ကြီးဆိုပေမယ့် အသက်နည်းနည်း ကြီးနေပြီဆိုတော့ ဒုက္ခသည် လုပ်လိုက်တာလေ။ ပြီးရင် အမေရိကားသွားမှာပေါ့။ မင်းသားတွေလည်း ဒီလိုပဲ ဒုက္ခသည် စခန်း ဝင်တာပဲ။ အသက်ငယ်တဲ့ မင်းသမီးတွေကတော့ တခြားနည်းနဲ့ ဒုက္ခသည်လုပ်ပြီး သွားတာပေါ့။

ရုက္ခစိုး။ ။ တခြားနည်းနဲ့ ဒုက္ခသည် လုပ်တယ် ဟုတ်လား။ ဘယ်လိုနည်းလဲ၊ လုပ်ပါဦး။

တာတေ။ ။ အဲဒီဘက်မှာလည်း ပွဲစားတွေရှိတာပဲ။ အသက်ငယ်တဲ့ မင်းသမီးလေးတွေကျတော့ ဒီလို ဒုက္ခသည် စခန်းထဲ ဝင်မနေတော့ဘူး။ အမေရိကန် နိုင်ငံသားခံယူထားတဲ့ လူပျိုသိုး၊ လူပျိုဟောင်းကြီးတွေနဲ့ ယူပြီး အမေရိကားသွားကြတယ်လေ။

ဖိုးရှုပ်။ ။ နေပါဦး၊ ယောက်ျားယူပြီး အမေရိကားသွားတာနဲ့ ဒုက္ခသည် ဖြစ်တာ ဘာဆိုင်လို့လဲ။

တာတေ။ ။ ဒါကတော့ စဉ်းစားကြည့်လေ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ဒုက္ခသည် ဖြစ်တာပဲ။ မယူချင်တဲ့ ယောက်ျား ရုပ်ဆိုးကြီးတွေကို ယူရတယ်၊ မြန်မာနိုင်ငံမှာလို ကျော့ကျော့မော့မော့လေး ရုပ်ရှင် မရိုက်ရ တော့ဘဲ ဆူရှီလိပ်နေရတယ်။ ဒါလည်း ဒုက္ခသည် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ အင်း မြန်မာပြည်ထဲမှာ လူမှ ကျန်ပါဦးမလားမသိဘူး။

တာတေ။ ။ ဒါတော့ မေးမနေနဲ့၊ မြန်မာပြည်ထဲမှာ ဘယ်သူမှ မနေချင်ဘူး။ အကုန်လုံး နိုင်ငံခြား ထွက်ချင်ကြတာချည်းပဲ။ အမေရိကားကတော့ ဘယ်သူမဆို သွားချင်တာ။ အဲဒီတော့ ကျုပ်တို့လို ပွဲစားတွေ ထောတာပေါ့ ဟဲဟဲ။

ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ပါးစပ်ကလည်း ရွှတ်ရှက် ဒွတ်ဒတ်များရွတ်ဆိုလာသည်။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ဘယ်လိုက ဘယ်လို ဒုက္ခသည် စခန်းနား ရောက်နေတာလဲ။

ချိုကုပ်။ ။ အိုင်ဆေး အန်ကယ် ရုက္ခစိုး၊ ဝှူးအာယူ … ဆောဒီးဆောဒီး၊ ဟောင်းအာယူ၊ အိုင်အမ် ဖိုင်း၊ ဟောင်းဒူး ယူဒူး ဟဲဟဲ။

ဖိုးရှုပ်။ ။ ဟင် … ချိုကုပ်ဒူးကြီး ဘယ်လိုဖြစ်သွားတာလဲ။

ချိုကုပ်။ ။ အိုင် ဘယ်လိုမှ မဖြစ်ဘူးစ်၊ ခု အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ။

ကြွက်စုတ်။ ။ ဘာလုပ်ဖို့ လန်းနင်း၊ အဲ … အင်္ဂလိပ်စာ သင်နေတာလဲဗျ။ ခုမှ အေဘီစီဒီ စသင်တော့ အသက်ကြီးမှ လက်ပေးသင်တဲ့ ဟိုအကောင်လို ဖြစ်နေမှာပေါ့။

ချိုကုပ်။ ။ အိုး ယူအာရောင်း … ။ ဒီမှာ ပညာလို အိုသည်မရှိတဲ့။ အသက်ကြီးမှ လက်ပေးသင်တော့ ဘာဖြစ်လဲ။ အမေရိကားသွားရဖို့ လိုရင်းပဲဟာ။

ရုက္ခစိုး။ ။ ဟင် လာပြန်ပြီတယောက် … အမေရိကားတဲ့။

ချိုကုပ်။ ။ ဟုတ်တယ်လေ။ ကျုပ်တို့ကို ပိတ်ဆို့ထားတော့ အမေရိကားကို သွားချင်တိုင်း မသွားရဘူး။ ခု UN စည်းဝေးလုပ်မယ်၊ သွားရမယ် ဆိုတဲ့အခွင့်အရေးလေးနည်းနည်း ပြန်ဟလာပြန်တော့ ဟို ဝန်ကြီးချုပ်ဆိုတဲ့ သိန်းဂိန်တို့၊ ဉာဏ်ပျင်းတို့က နည်းနည်း မှုတ်တတ်လို့ သူတို့ကိုလွှတ်ရတယ်။ မတော်တဆ အိုဘားမားက ထမင်းစားဖိတ်လို့ သွားမိရင် ခွေးအကြီး လှည်းနင်းသလို ဖြစ်နေမှာလေ။ ဝက်ထောကြီးလာတုန်းကလည်း အမေရိကန်အင်္ဂလစ်ရှ်ကို မွှတ်နေအောင်ပြောတတ်အောင် သင်ထားဖို့ ကပ်မှာသွားသေးတယ်။ နောက်တခါ အခွင့်အရေး ပေါ်လာလို့ကတော့ ဘယ်သူ့မှ မလွှတ် တော့ဘူး၊ ကိုယ့်ဘာသာ သွားဖို့ အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ ဟဲဟဲ။

ချိုကုပ်ဒူးကြီးဆီက တံတွေးများစဉ်သွားသောကြောင့် သူတို့ မနည်းရှောင်လိုက်ရသည်။

တာတေ။ ။ အင်္ဂလစ်ရှ် လန်းနင်းလုပ်တာတော့ ထားပါတော့၊ ခု ဒုက္ခသည် စခန်းနားကို ဘာလာ လုပ်တာလဲဟင်။

ချိုကုပ်။ ။ ဒါလား … အခင်းအကျင်း လာကြည့်တာလေ။ အခြေအနေ မကောင်းရင် စခန်းထဲ ဝင်ပြီး အမေရိကား သွားမလို့။

ရုက္ခစိုး။ ။ ဟင် ချိုကုပ်ဒူးကြီးကလည်း ဒုက္ခသည် စခန်းထဲ ဝင်မယ် ဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ်လေ၊ မောင်ကွေးတို့၊ ငမန်းတို့က အထိန်းရ အသိမ်းရ ခက်ပါဘိသနဲ့၊ တော်ကြာ ဟိုကောင်ဖင်တွန့်ရဲ့ ဝဋ်တွေ ပြန်လည်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ သေချာအောင် ဒီဘက် လမ်းကိုလည်း စုံစမ်းထားရမယ်။ ကဲ ဘယ်လောက်ပေါက်လဲ ကိုတာတေ လုပ်ပါဦး။ အလုပ်ဖြစ်မယ် ဆိုရင် ပေါက်ဈေးထက် ၃ ဆပိုပေးမယ်ဗျာ။ ခင်ဗျားတို့ ကြော်ငြာကိုလည်း အရမ်းသဘောကျတယ်။

တာတေ။ ။ ဘယ်ကြော်ငြာကို သဘောကျသွားတာလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ သြော် … အရင်က စလီဘရစ်တီ ခုတော့ ရဖျူဂျီ ဆိုတဲ့ ကြော်ငြာကိုပါ။ ကျုပ်လည်း စလီဘရစ်တီ ပဲလေ၊ ဟောဒီက ဖိုးရှုပ်တို့ ကြွက်စုတ်တို့လည်း စလီဘရစ်တီပဲ၊ ဦးရုက္ခစိုးလည်း စလီဘရစ်တီပဲ။ ကျုပ်တို့ အားလုံး ဒုက္ခသည် ဖြစ်ခွင့်ရှိတယ် … ဟုတ်တယ် မဟုတ်လား။

ချိုကုပ်ဒူးကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုးကြီး စိတ်ပါလာပြီး “ဒီလောက်တောင်ဖြစ်တာ ကျုပ်လည်း ဝါရှင်တန် ရုက္ခစိုးပဲ လုပ်တော့မယ်ဗျို့၊ ကဲ ကိုတာတေရေ ဘယ်လောက်ပေါက်လဲ၊ ဘယ်လိုပေးရမလဲ၊ ဒုက္ခသည် အစစ်တယောက် နေရာမှာ ချင်းမိုင်ရုက္ခစိုး ဆိုပြီး စာရင်းထည့်လိုက်ပေတော့။ အမေရိကားကို မတိန်းမစောင်း ဘိန်းဗောင်းနဲ့ အမြန်ဆုံး လစ်တော့မယ် … ပလို့ … ဂျိ” ဟူ၍ ရေရွတ်လိုက် လေတော့သည်။ ။

http://www.irrawaddy.org/

ဒုက္ခသည် မှောင်ခိုဈေးကွက်


ဒုက္ခသည် မှောင်ခိုဈေးကွက်
Monday, 28 September 2009 19:29 အဲလက်စ် အယ်လ်ဂျီး

၂၀၀၅ ခုနှစ်၊ ဒုက္ခသည်များ တတိယနိုင်ငံတွင် အခြေချရေး အစီအစဉ် အစပျိုးချိန်မှစ၍ မြန်မာနိုင်ငံ အတွင်းမှ ဒုက္ခသည် စခန်းသို့ ၀င်ရောက်အခြေချ ခိုလှုံလိုသူများ၊ ထိုမှတဆင့် တတိယနိုင်ငံများသို့ သွားရောက် အခြေချလိုသူများအတွက် ဆောင်ရွက်ပေးမည့် ကြားပွဲစား ကွန်ရက်များ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရှိလာခဲ့သည်။

ဤမှောင်ခိုဈေးကွက်ကြောင့် ပြောင်းရွှေ့အခြေချရေး သတ်မှတ်စံနှုန်းများနှင့် မလျော်ညီသူများစွာ နိုင်ငံရပ်ခြားသို့ ရောက်သွားခဲ့ကြသည်။

မဲဆောက်မြို့ ပတ်ဝန်းကျင်ရှိ အဓိက ဒုက္ခသည်စခန်းကြီး ၃ ခုတွင် နေထိုင်နေသူများ၊ ပြောင်းရွှေ့ အခြေချရေးကို စောင့်ဆိုင်းနေကြသူများက “ဒုက္ခသည်အတုများ” ၀င်ရောက်လာမှုအပေါ် စောဒကတက် ဝေဖန်လာကြသည်။ သူတို့က ကာလကြာရှည် စောင့်ဆိုင်းနေခဲ့ကြရသော်လည်း ဒုက္ခသည်အတုများက ပို၍စောစီးစွာ နိုင်ငံရပ်ခြားသို့ ထွက်သွားနိုင်ကြသည် ဟု လူအများက ဆိုနေကြသည်။

“ဒုက္ခသည်အတုတွေ အများကြီး စခန်းထဲ ရောက်လာတာကို တွေ့ရတယ်။ သူတို့က ပွဲစားတွေ၊ စခန်းအာဏာပိုင်တွေကို ငွေပေးထားကြတယ်။ ပြီးတော့ သူတို့က အရင်ထွက်သွားလို့ရတယ်”ဟု ဒုက္ခသည် တဦးဖြစ်သူ ကိုဘိုဘိုက ပြောသည်။

ကိုဘိုဘိုသည် မြန်မာစစ်တပ်က မြေယာများကို သိမ်းပိုက်လိုက်မှုကြောင့် မွန်ပြည်နယ်မှနေ၍ ဒုက္ခသည်စခန်းသို့ ရောက်လာသူဖြစ်သည်။

“ပွဲစားတွေက ဒုက္ခသည်အတုတွေကို စခန်းထဲသွင်းလာကြပြီး သူတို့ပဲ အရင် ထွက်သွားခွင့် ရတာကြောင့် ကျနော်တို့က ပိုကြာကြာ စောင့်ရတော့မယ်။ လုံးဝ တရားမျှတမှု မရှိဘူး။ ကျနော်တို့က စခန်းထဲမှာ ဘာမှ မရှိဘဲနေ နေရတဲ့အချိန်မှာ သူတို့က စီးပွားရေးလုပ်ငန်း မပျက်ဘဲ ဆက်လုပ်နိုင်ကြတယ်။ တချို့ဆိုရင် မြ၀တီကနေ ရန်ကုန်တောင် ပြန်လိုက်သေးတယ်” ဟု သူက ဆက်ပြောသည်။

လွန်ခဲ့သည့်နှစ်က ဒုက္ခသည်အတုများစွာ နိုဘိုးဒုက္ခသည် စခန်းတွင်းသို့ ရောက်လာခဲ့ကြပြီး ယခုလ အတွင်းတွင်ပင် ၂၇ ဦး ထပ်မံ ရောက်ရှိလာခဲ့ကြောင်း ပလတ် ဟု ခေါ်ကြသည့် စခန်းအာဏာပိုင် ထိုင်းအရာရှိနှင့် ဆက်နွယ်နေသူ ပွဲစား ၂ ဦးရှိကြောင်း၊ သူတို့က လူများကို စခန်းတွင်း ခေါ်သွင်းလာပြီး နိုင်ငံခြားသို့ အမြန်ထွက်ရလေအောင် လုပ်ဆောင်ပေးနေကြကြောင်း ပြောပြသည်။

စခန်းအာဏာပိုင်များက ကြားပွဲစားများနှင့် တကျိတ်တည်း တဉာဏ်တည်း လက်တွဲလုပ်နေကြပြီး ခြစားမှု အကြီးအကျယ် ရှိနေကြောင်း၊ နိုင်ငံခြား အခြေချရေးလုပ်ငန်းများတွင် လူစားထိုး အတုပြုလုပ်မှု အများအပြားရှိနေကြာင်း ကြားသိရသည်။ ပွဲစားများက ပလတ် ကို ငွေပေး၍ ဒုက္ခသည်အဖြစ် တရားဝင် လက်ခံနိုင်စရာ အကြောင်းမရှိသူများအား စခန်းတွင်း ၀င်ရောက်ခွင့်ရရန် ကြိုးပမ်းပေးကြောင်း စခန်းရှိ ဒုက္ခသည်များက ပြောပြသည်။

မသမာသူ မြန်မာပွဲစားများကြောင့် ဖြစ်ပေါ်လာသော မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာပြီး စခန်းအတွင်း ငွေမှငွေ ဖြစ်နေသည်။ အသစ် ရောက်ရှိလာကြသူများအဖို့ ဒုက္ခသည်စခန်းများအတွင်း ဆင်းရဲကျပ်တည်းစွာ နေထိုင်ရုန်းကန် နေကြရသည်။

“ကျနော်တို့က စခန်းထဲ ၀င်လို့မရဘူး။ ကျနော်တို့မှာ ဘာစာရွက်စာတန်းမှလည်း မရှိဘူး။ ကျနော်တို့က အခုမှ ထောင်က လွတ်လာကြတာ”ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ယခုမှ ရောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းက ပြောသည်။

သူက ၁၉၈၈ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံရပြီး ပြန်လွတ်လာရုံမျှ ရှိသေးသည်။ မြန်မာနိုင်ငံတွင်လည်း အနာဂတ်အတွက် လမ်းမမြင်တော့သည့်အလျောက် ကိုသန်းက ထိုင်းနိုင်ငံသို့ ထွက်လာပြီး အကျဉ်းထောင်အတွင်း သူကုန်ဆုံးခဲ့ရသည့် အချိန်များအတွက် တတိယနိုင်ငံ ပြောင်းရွှေ့ကာဘ၀သစ်ထူထောင် အခြေချရန် စဉ်းစား ထားသည်။

နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူ ကိုသန်းအဖို့ မိသားစုပါအတူခေါ်၍ ထိုင်းနိုင်ငံသို့ ထွက်လာရာ၊ ဒုက္ခသည်စခန်းသို့ ၀င်ရောက်ခွင့်ရရေးပင် အခက်ကြုံနေရသည်။ အကယ်၍ ကားတစီးငှားစီး၍ ဒုက္ခသည်စခန်းသို့ သွားသည်ထားဦး၊ ထိုင်းရဲများက ဖမ်းဆီးနိုင်သည်။ ကံမကောင်းပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သလို၊ ပြန်လည် လွတ်မြောက်နိုင်ရေးအတွက် ငွေအမြောက်အများ လာဘ်ထိုးရဖွယ်လည်း ရှိနေပြန်သည်။

နှိုင်းယှဉ်ချက်အရဆိုလျှင် ဒုက္ခသည်အတုများက စခန်းတွင်း ခိုလှုံခွင့်ရရေး အကြောင်းခြင်းရာ သေသေချာချာ မရှိသော်လည်း၊ သူတို့ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားချိန် ရသည်။ ငွေကြေးအလုံ အလောက် ပြင်ဆင်စုဆောင်း ထားနိုင်သည်။ စခန်းတွင်းရောက်ပါကလည်း ပါလာသမျှငွေကြေးဖြင့် သူတို့ သြဇာ အဆင့်အတန်းကို ၀ယ်ယူနိုင်ပြီး ဒုက္ခသည် အစစ်များထက် ပို၍ ကောင်းကောင်းနေ၊ ကောင်းကောင်းစားကာ သုံးနိုင်ကြသည်။ ဤအခြေအနေကြောင့် စခန်းတွင်း တင်းမာမှုများ၊ မကျေနပ်မှုများ ဖြစ်လာရသည်။

“ဒုက္ခသည်တွေမှာ ငွေရှာဖွေခွင့်၊ သူတို့ဘ၀ကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခွင့် ရှိတယ်လို့ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် အခွင့်အရေးသမားတွေက ငွေနဲ့ပေါက် စခန်းထဲကို ရောက်လာကြပြီး အိမ်ကောင်းတွေယူ၊ ရိက္ခာခွဲတမ်းတွေ ယူနေတာတော့ မတရားဘူး ထင်ပါတယ်။ အရာရာကို စွန့်လွှတ်ခဲ့ရတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်တွေကတော့ ဘာမှ မရကြဘူး” ဟု မဲလစခန်းတွင် နေထိုင်နေသည့် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော်ကြီးက ပြောသည်။

သို့သော်ငြား ပွဲစားများ၏ ဖောက်သည် ဒုက္ခသည်အတုများသည်လည်း ငွေဆုံးရသည့် အဖြစ်များရှိသည်။ အများစုက မြန်မာနိုင်ငံ စီးပွားရေးအကျပ်အတည်းမှ လွတ်ရာလွတ်ကြောင်း နည်းလမ်းရှာကြံ ကြသူများ ဖြစ်ပြီး လွယ်လွယ်ကူကူနှင့် ကိစ္စပြီးလိမ့်မည် ထင်ကြသောကြောင့် ယင်းသို့ လိမ်ညာခံကြရခြင်း ဖြစ်သည်။

ထိုသူများမှာ ထိုင်းနိုင်ငံသို့ ရောက်သည့်အခါ တမျိုးကြုံကြရတော့သည်။ သူတို့ကို ဒုက္ခသည်စခန်းတွင် ထားပစ်ခဲ့ပြီး ပွဲစားများက ထွက်ပြေးသွားကြသည်။ ခိုလှုံခွင့်ရရန် အကြောင်းကလည်း မခိုင်လုံ၊ မြန်မာနိုင်ငံပြန်ရန် ငွေကြေးလည်း မရှိတော့သော အခြေအနေတွင် ဤသို့ လိမ်ညာခံရသူ လူအများက အားကိုးမဲ့ ညှိုးငယ်နေကြရသလို၊ ကြောက်ရွံ့စိုးရိမ်၍လည်း နေကြရသည်။ ဤပြဿနာကို တင်ပြမိသောကြောင့် ဒုက္ခရောက်ကြရသူများလည်း ရှိသည်။ စခန်းမှ နှင်ထုတ်ခံကြရ သူများလည်း ရှိခဲ့သည်။

တချို့ဖြစ်ရပ်များတွင် ပွဲစားများက ဒုက္ခသည်အစစ်များ၏ နိုင်ငံရပ်ခြား အခြေချရေးကိစ္စကို နှောင့်နှေးစေရုံမျှသာမက၊ ထိုသူများ၏ အခွင့်အရေးများကို ခိုးယူ အလွဲသုံးစားပြု ခံရမှုများလည်း ကြုံတွေ့ကြရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး လက်ရှိ မဲဆောက်တွင် နေထိုင်သူ ကိုမြတ်သူက သူ၏မိတ်ဆွေတချို့မှာ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချရန် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော် နောက်ဆုံးအချိန်တွင်မှ ကပ်၍ သူတို့ကို သွားခွင့်မပြုတော့ဟု အာဏာပိုင်များက တားမြစ်ကြောင်း ပြန်ပြောပြသည်။

“ထွက်ခါနီးကျတော့ သူတို့အရာရှိတွေနဲ့ တွေ့ရတယ်။ သူတို့နာမည်တွေနဲ့ စာရင်းသွင်းထားပြီးသား ဖြစ်နေတဲ့ တခြားသူတွေက တတိယနိုင်ငံမှာ အခြေချနေကြပြီးသား ဖြစ်နေပြီလို့ ပြောတယ်။ သူတို့က အစစ်အမှန်ပါ ဆိုတာကို သက်သေပြဖို့ လုပ်ကြတော့ အုပ်ချုပ်သူအရာရှိတွေက ငြင်းပယ်လိုက်ပြီး မှောင်ခိုဈေးကွက် ရှိနေပြီလို့ ပြောတယ်တဲ့” ဟု သူက ဆိုသည်။

လူစားထိုး အတုလုပ် အယောင်ဆောင်မှု ပြဿနာများ ရှိတတ်ကြောင်းကို ပြန်လည်အခြေချရေးကိစ္စ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက အသိအမှတ် ပြုထားကြပါသည်။ သို့သော် ဤပြဿနာကို မည်သူတို့က ခွင့်ပြုနေကြသည်၊ မည်သို့ ဖြစ်စေနိုင်သည် ဆိုသည်ကိုတော့ ဆက်လက် တွေးဆရန်သာ ရှိတော့သည်။

“လူစားထိုးတာက တကယ့်ပြဿနာကြီး တခုပါပဲ” ဟု အမည်မဖော်လိုသူ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၀န်ထမ်းဟောင်း အမျိုးသမီးတဦးက ရှင်းပြသည်။ “ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူ ရှိနေတယ်ဆိုတာ ဘယ်သူမှ သေချာ မသိဘူး။ သေချာတာကတော့ တချို့ UNHCR၀န်ထမ်း တွေ ပါဝင် ပတ်သက်နေကြတယ် ဆိုတာပါပဲ။ သူတို့က စခန်းထဲမှာ အာဏာရှိသလို၊ ဒီကိစ္စတွေ အပေါ်မှာလည်း သူတို့ပဲ ကြီးကြပ်နေကြရတာ" ဟု သူက ဆက်ပြောသည်။

“ဒီပြဿနာက ကိုင်တွယ်ဖို့လည်း ခက်တယ်၊ လူတွေက တိုင်ကြားဖို့ဆိုရင် အလွန်ကြောက်နေကြတယ်။ အမှန်တကယ် ခြစားနေတဲ့ သူကို တိုင်ကြားဖို့ကျတော့လည်း ဘယ်သူဆိုတာ စခန်းထဲက ရှိနေတဲ့သူတွေက မသိကြဘူး။ နောက်ပိုင်း တိုင်တဲ့သူကို သိသွားမှာကိုလည်း သူတို့က ကြောက်နေကြပြန်တယ်”ဟု ၎င်းက ဆိုသည်။

“ဒါတွေ ရပ်တန်းက ရပ်သင့်ပြီ။ ကိစ္စတခုဖြစ်တိုင်းမှာ သူတို့က ဒုက္ခသည်အစစ်တယောက် ရရမယ့် နိုင်ငံခြားမှာ အခြေချ နေထိုင်ခွင့် အခွင့်အရေးကို လုယူလိုက်တာပဲ” ဟု သူက ဖြည့်စွက်ပြောသည်။

မဲဆောက်မြို့ ၀န်းကျင်ရှိ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချ အလုပ်သမားများ အသိုင်းအ၀န်းကမူ UNHCR ၀န်ထမ်းများ အနေနှင့် လူပွဲစား မှောင်ခိုကိစ္စတွင် ပါဝင် ပတ်သက်နေကြကြောင်း ကာလကြာရှည်ကပင် စွပ်စွဲ ပြောဆိုနေခဲ့ကြသည်။ သက်သေပြရန် အထောက်အထား မရှိသော်လည်း၊ လူအများစုက မည်သူ့ကို ငွေပေးလျှင် တတိယနိုင်ငံ အခြေချရေးကိစ္စ ဖြစ်နိုင်သည်ဟု သိနေကြသည်။

“ခင်ဗျားမှာ ပိုက်ဆံရှိရင်တော့ လုပ်ရတာ ပိုလွယ်တာပေါ့” ဟု ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့ဖူးပြီး ယခုအုန်းဖျံ ဒုက္ခသည်စခန်း၌ နေထိုင်သူ ကိုမျိုးသိန်းက ပြောသည်။ “ခင်ဗျားက ဒုက္ခသည်အစစ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ပွဲစားကတဆင့် UNHCR က ၀န်ထမ်းကို ဆက်သွယ်ပြီး ပိုက်ဆံပေးလိုက်၊ ခင်ဗျားလျှောက်လွှာကို တခါတည်း လက်ခံလိုက်မယ်၊ ပြီးတော့ ခင်ဗျားကို အမေရိကန် ပို့ပေးလိမ့်မယ်” ဟု သူက ဆက်ပြောသည်။

ဘန်ကောက်အခြေစိုက် UNHCR ၏ ဒေသဆိုင်ရာရုံးမှ အကြီးတန်း လူထုဆက်ဆံရေးအရာရှိ ကစ်တီ မက်ကင်းဆေးကို ဧရာဝတီ မဂ္ဂဇင်းက ထင်မြင်ချက် တောင်းရာ ၎င်းက ဤသို့စွပ်စွဲပြောဆိုနေမှုများနှင့် ပတ်သက်၍ အလေးအနက် ထားကြောင်း ပြောဆိုသည်။

“အတုလုပ် လိမ်လည်တာတွေ၊ ကျမတို့ဝန်ထမ်းတွေက အလွဲသုံးစားလုပ်နေတာတွေနဲ့ ပတ်သက်လို့ သည်းညည်းခံနိုင်မှု အတိုင်းအတာ 'သုည' ပေါ်လစီကို ချမှတ်ထားပါတယ်” ဟု သူကဆိုခဲ့သည်။

ဤသို့ ပြဿနာများ ရှိနေသော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ ပြန်လည်အခြေချရေး လုပ်ငန်းမှာ ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး လုပ်ငန်းတခုဖြစ်ကြောင်း သိရှိရသည်။

အန်ဂျီအို လုပ်သားတဦးကလည်း “ဒီမှာ ဆောင်ရွက်အောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေကတော့ အတိုင်းမသိပါပဲ။ လူတွေကို တကယ်ပဲ မြန်မြန်ဆန်ဆန်နဲ့ ပြောင်းရွှေ့ အခြေချပေးနေပါတယ်။ တတိယနိုင်ငံတွေမှာ အခြေချဖို့ ပို့ပေးခဲ့သူ ၄၀၀၀၀ လောက် ရှိနေပါပြီ။ စခန်းထဲမှာ ကျပ်တည်းနေရတဲ့ ဘ၀မျိုးကနေ သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ခံစားနေနိုင်တဲ့ နိုင်ငံတွေမှာ အခြေချနေကြပါပြီ” ဟု ဆိုခဲ့သည်။

သို့သော်လည်း ဒုက္ခသည်စခန်းများထဲတွင် ဆင်းရဲဒုက္ခ ဆက်လက် ကြုံနေကြရသည့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ စစ်ပွဲများအတွင်း နစ်နာဆုံးရှုံးခဲ့ကြရသူများ ရှိနေသေးပြီး ဒုက္ခသည်အတုများကြောင့် သူတို့နစ်နာ နေကြရသည်ဟု ခံစားနေကြရဆဲ ဖြစ်သည်။

“ဒုက္ခသည်အစစ်တွေက စခန်းထဲကျန်နေရစ်တဲ့ အချိန်မှာ ဒုက္ခသည် အတုတွေက ကျနော်တို့ခံစားရမယ့် အခွင့်အရေးတွေကို ခိုးယူသွားခဲ့ကြတယ်။ ပွဲစားတွေကိုပဲ အပြစ်ဆိုကြရတော့မှာပဲ”ဟု ကိုမျိုးသိန်းက စိတ်ပျက်စွာ ညည်းညူသည်။

ALEX ELLGEE ရေးသားသည့် Resettlement—the Black Market ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
http://www.irrawaddy.org/

Thursday, September 17, 2009

Resettlement—the Black Market


Resettlement—the Black Market
By ALEX ELLGEE


MAE SOT — Since 2005, when resettlement began, a network of brokers has evolved to assist individuals from Burma who wish to enter the refugee camps and resettle in a third country.

The black market business has helped many to escape Burma— but not always the people who fit the criteria and need resettlement the most.

Residents at the three main camps around Mae Sot, who are waiting for resettlement, blame the influx of “fake applicants” for the long delays they endure. Many claim that the “pseudo-refugees” leave the camps first, deferring the resettlement of real applicants.

“I see many fake refugees coming into the camp. They pay the brokers and the camp authorities. Then they get resettled first,” said Bo Bo, a resident at Nu Po camp.

He explained how he came to the camp in a large group from Mon State where their land was stolen by Burmese government forces. As farmers, they had been stripped of their entire livelihood. So, with nothing left, they fled to the border.

“We have to wait longer because the brokers help the fake refugees into the camp and they leave first. It’s not fair on us, We remain in the camp with nothing while they continue to run their businesses, often returning to Myawaddy and Rangoon,” he said.

Bo Bo claimed that many fake applicants entered Nu Po camp last year and that 27 had already arrived this month [September]. He explained that two brokers are working in conjunction with the palat (camp coordinator) to get people into the camp and sent quickly to a third country.

It has been alleged that the camp authorities are working in cahoots with the brokers and have become immersed in the corruption and fraud that has sprung up around the resettlement process. Residents claim that brokers pay the palat for their clients’ entrance to the camp, allowing people with no valid refugee claim to enter.

As a result of the black market which unscrupulous Burmese brokers have developed, money has become so important in the camps that new arrivals find it very difficult to settle into their new lives as refugees in Thailand.

“We can’t get into the camp because we have no documents and we were just released from prison,” said Ko Than, a recent arrival in Mae Sot on the Thai-Burmese border.

Having just finished a two-year sentence for his part in the 1988 protests, and deciding he had no future in Burma, Ko Than came to Thailand to apply for a new life in a third country where he could make up for the time he lost while in prison.

For ex- political prisoners like Ko Than, coming to Thailand with their families and getting safely to the refugee camps is difficult. If they go by taxi they run the risk of being arrested by the Thai police and either sent back to Burma or paying heavy bribes.

In contrast, the bogus refugees, who have traveled to Thailand without a solid refugee claim, have time to prepare for their trip well in advance and save up the necessary amount of cash. Once in the camp, their money will buy them influence and ultimately a better life than the real asylum seekers—and that creates tension and grievances in the camps.

“I do believe that refugees have the right to make money and better their lives, but it’s not fair that opportunists are allowed to buy their way into the camp and take the good homes and rations— more than the democracy activists who have given up everything,” said Kyaw Gyi, a resident of Mae La camp and former political prisoner.

However, not only are “real” refugees losing out as a result of the broker networks, but also the brokers’ customers—the bogus refugees—who often end up stranded in the camps. Many use their life savings to flee the economic woes of Burma, having been promised an easy trip to the West.

Once in Thailand though, it’s often a different story— they’re left in the camp while the brokers flee. With no realistic case for asylum—or any money to get back to Burma—many are left powerless and afraid.

Those who do complain find themselves in trouble and sometimes are evicted from the camp by the camp authorities.

In some cases, the brokers don’t just cause delays in the resettlement of refugees, they steal their chances of it.

Myat Thu, a former All Burma Students Democratic Front (ABSDF) member based in Mae Sot, told The Irrawaddy how friends of his had been accepted to go to the United States but were told at the last minute that they couldn’t go.

“When it came around to leaving, they met with officials who told them people registered with their names had already been resettled in a third country,” he said. “When they tried to prove who they were, the administrators just shrugged and said, ‘That’s the black market.’”

The issue of identity theft has been accepted by resettlement agencies, but people continue to speculate who and what has allowed this problem to occur.

“Substitution is a major problem,” explained a former UNHCR worker who wished to remain anonymous. “No one is sure who is behind it, but it’s very possible that some UNHCR staff members are involved—they have power in the camps and oversee what goes on.

“It’s hard to tackle because everyone is too scared to complain. People in the camps don’t know if they are complaining to the actual people who are involved in the corruption and are worried that everyone will find out,” she said.

“It needs to be stopped though. Every time it occurs they are robbing the real refugees of their chance to resettle,” she added.

The refugee and migrant worker communities in and around Mae Sot have long accused UNHCR staff of being involved in the broker network. There’s no evidence to prove it, but many say they know people who have paid staff to arrange resettlement.

“If you have money the process is a lot easier,” said Ko Myo Thein, a former political prisoner and resident at Umpiem camp. “You can use a broker who will hand money over to staff at the UNHCR, whether you are a real refugee or not. Then your application will be accepted and you will be sent over to America.”

Speaking to The Irrawaddy on Thursday, Kitty McKinsey, the UNHCR senior regional public information officer in Bangkok, said the agency takes the allegations very seriously. “We have a zero tolerance policy on fraud and misbehavior of any of our staff,” she said.

Despite the problems, the resettlement process on the Thai-Burmese border continues to be one of the most successful in the world.

As one NGO worker put it: “The work which has been done here is unprecedented. People are being resettled extremely quickly. There are around 40,000 who have already been resettled in third countries where they are enjoying fundamental rights and freedom from confinement in the camps.”

However, there are still activists, former political prisoners and victims of conflict, languishing in the refugee camps feeling that they have lost out to bogus refugees.

Ko Myo Thein expressed this frustration, saying: “The real refuges remain in the camps, while fake refugees rob them of the happy new lives they deserve. The broker network is to blame for this.”

A

B

C

The Kitchen မီးဖိုချောင်