Sunday, May 25, 2008

ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်

ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်
မြကြေးမုံ
မြန်မာပြည်မှာ အစိုးရလုပ်ရတာ ဘာမှ ရှက်စရာ မျက်နှာပူစရာ မလိုပါလား။

လူသိန်းနဲ့ချီ သေသွားတဲ့ မုန်တိုင်းကြီးစဲလို့ နှစ်ပတ်ကျော် ကြာမှ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာတဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော်အကြီးအကဲကြီးကို မြင်ရတယ်။ ရွက်ဖျင်တဲတွေရှေ့မှာ တန်းစီရပ်ပြီး လက်အုပ်လေးတွေ ချီနေရတဲ့ ဒုက္ခသည်တွေရှေ့မှာ။ “ဧရာဝတီ မြစ်ထဲမှာ အပုပ်နံ့တွေ လှိုင်နေပြီ”၊ “နွံထဲ ဒိုက်ထဲက အလောင်းတွေ ခုထိ မဆယ်ရသေးဘူး”၊ “ရေပုပ်တွေပဲ ခပ်သောက်နေရတယ်၊ ၀မ်းရောဂါ ဖြစ်ကုန်ပြီ”ဆိုတဲ့ အသံတွေ ရက်ဆက် ကြားနေရတုန်းက ခမျာ ဘယ်များ ရောက်နေပါလိမ့်။

နင်တို့တွေတော့ ဘဲဥ အလုံး ၁၀၀၀ ကို ချဉ်ဟင်းချက်ပြီး လူ ၂၀၀၀ စာ ရအောင် တယောက်တခြမ်း ဝေရင် ကောင်းမလား၊ ပွားပြီး ပွတက်လာအောင် ဆိုဒါထည့်ကြော်ပြီး လူတယောက် ကြက်ဥကြော် တဖဲ့စီပဲ ထမင်းပေါ် ပုံကျွေးရကောင်းမလား မနက်မနက်ဆို စဉ်းစားရင်း ခေါင်းခြောက်နေကြပြီလား။ မယုံမရှိနဲ့၊ ၀က်သား အချိန် ၂၀ ကို လူ ၂၀၀၀ စာ ကျွေးနိုင်တယ်ဟဲ့ ပြောတော့ တပိဿာကို လူ ၂၀၀ နှုန်း ဘယ်လိုများ လောက်အောင် ကျွေးပါလိမ့်လို့ ငါ လိုက်မမီ ဖြစ်ရသေးတယ်။ လက်သည်းခွံလောက် အတုံးသေးသေးလေး တွေ ညီအောင် တုံးနည်းတို့၊ ဟင်းအနှစ်များလာအောင် ကြက်သွန်ငရုတ်သီး များများ ထောင်းထည့်နည်းတို့၊ အသားဟင်းချက်ရင် အာလူး မဖြစ်မနေ ရောနည်းတို့ နင်တို့ ယောက်ျားလေးတွေ တသက်လုံး စိတ်မ၀င်စားခဲ့တဲ့ မီးဖိုချောင်အတတ်တွေ ခုမှ နာဂစ်ကျေးဇူးနဲ့ တဖက်ကမ်းခတ်ကုန်ရောပေါ့။

“ဆန်က တအိတ် ၂သောင်းရှစ်ထောင်ထိတော့ ပြန်ကျသွားပြီ။ ဒါလဲ ဝေရတာ မလောက်တော့ ကယ်ဆယ်ရေးဆန်ပဲ သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ပြီး တအိမ်ထောင် ၄ ဘူးလောက်စီ လိုက်ဝေတော့မယ်။ သူတို့ပြန်ရောင်းတဲ့ ကယ်ဆယ်ရေးဆန်က နီတယ်၊ ကြမ်းတယ်၊ အကျိုးအကြေများတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ရဖို့ အရေးကြီးတယ်။ ဝေရတာ မလောက်လွန်းလို့”

“ရေသန့်ဆိုတာ ချိုလဲ မချိုဘူးတဲ့။ ရေသန့်ဘူးတွေ ဝေတော့ သောက်တဲ့ တောသားကြီးတွေက အံ့သြပြီး ပြန်ပြောတယ်။ မြို့မှာ ပိုက်ဆံပေး ၀ယ် သောက်ကြတဲ့ ဘူးသွတ်ရေဆိုတော့ သူတို့သောက်နေကျ ရိုးရိုးရေနဲ့ အရသာ ကွာမယ် ထင်ကြတာ။ သူတို့ တသက်လုံး မသောက်ဖူးဘူးလေ”

“ဒီနေ့ ထမင်းဟင်းသွားဝေတဲ့ ရွာက ဘယ်သူ့ကြည့်ကြည့် ပိန်ခြောက်နေတာပဲ။ သားတို့ နောက်ရက်လဲ လာပါဦးတဲ့။ ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့ရတယ်။ ငတ်နေတဲ့ ရွာတွေက အများကြီး။ အလှည့်နဲ့ သွားဝေရဦးမှာ။ နောက်ရက်တွေလဲ သူတို့ မျှော်နေမယ်ဆိုတာ သိတော့ သိတယ်။ ဒါပေမယ့်...”

“သူတို့တောင်ယာတွေ အကုန်ရေလွှမ်းကုန်တာ။ ရေကျသွားတော့ စားလို့ရတဲ့ အပင်မှန်သမျှ ဘာမှ မကျန်တော့ဘူး။ စားစရာက မရှိဘူးဆို ဘာမှကို မရှိတာ။ ဆား မရှိဘူး။ ဆီမရှိဘူး။ ဆန်မရှိဘူး”

ဖုန်းထဲက နင်တို့ ညည်းသံတွေကို နားထောင်ရင်း “သဘာဝဘေး ဒုက္ခသည်များအတွက် အကြံပေးချက် လမ်းညွှန်“တွေကို နင်တို့ဆီ ပို့မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အမေရိကားက ကက်တရီးနား မုန်တိုင်းဘေး ဒုက္ခသည်မျိုးတွေအတွက် လိုအပ်မယ့် အကြံပေးစကားတွေ ဟာ ငါတို့ မြန်မာပြည်နဲ့ ဘာမှ မဆိုင်သေးမှန်း သိလိုက်ပြီ။ ဒီအညွှန်းတွေထဲကအတိုင်း ရေချွေတာတဲ့အနေနဲ့ ဟဲယားစပရေးဘူးခွံတို့၊ ဘော်ဒီစပရေး ဘူးခွံတို့ထဲ ရေထည့်ပြီး ကိုယ်ကို ဖြန်းပါဆိုရင် ဒါတွေ တသက်လုံး မသုံးဘူးတဲ့ သူတွေက ဒီဘူးခွံတွေ ဘယ်က လိုက်ရှာရမလဲမသိ ဖြစ်ကုန်မယ်။ အဲဒါတွေက မုန့်နာမည်တွေလား ပြန်တောင် အမေးခံရနိုင်တဲ့ကိစ္စ။ ဆပ်ပြာရှားရင် မုတ်ဆိတ်ရိတ်တဲ့ ကရင်မ်တို့၊ ခန္ဓာကိုယ်လိမ်းတဲ့ ကရင်မ်တို့ကို ဆပ်ပြာအစားထိုး သုံးနိုင်တဲ့အကြောင်းရော ဒီပစ္စည်းတွေ မွေးကတည်းက တခါမှ မမြင်ဖူးတဲ့ သူတွေကို ဘယ်လို သွားပြောရမလဲ။ ဒုက္ခသည်တွေကို စိတ်ဖိစီးမှုတွေ သက်သာစေတဲ့ သကြားလုံးတို့၊ ချောကလက်တို့ ဝေပေးသင့်တယ် ဆိုရင်တော့ ဈေးအပေါဆုံး ဆန်ကြမ်းကိုတောင် တအိမ်ထောင် နို့ဆီဘူး သုံးလေးလုံးစာပဲ မျက်နှာပူပူနဲ့ မလောက်မင လိုက်ဝေနေရတဲ့ နင်တို့တွေက “အဲဒါတွေ နင်ပဲမျို”လို့ ငါ့ကို မေတ္တာပို့လိမ့်မယ်။

ပြည်တွင်းစစ်နဲ့ ငတ်မွတ်ခေါင်းပါးဘေးကြောင့် ဖွတ်ဖွတ်ကျေနေတဲ့ ဆိုမာလီမှာ မယ်မယ်ရရ အစိုးရ မရှိတော့တာ ၁၀ နှစ်ကျော်ပြီတဲ့။ “စစ်ပွဲမရှိရင် ငါတို့နိုင်ငံက အရမ်းနေလို့ကောင်းတာ”လို့ တမ်းတမ်းတတ ညည်းနေကျ ဆိုမာလီသူ ငါ့သူငယ်ချင်းတွေ ပြောဖူးတယ်။ ဒီအတိုင်းဆို ငါတို့မြန်မာနိုင်ငံကတော့ သူတို့နဲ့ ပြောင်းပြန် တတိုင်းပြည်လုံး အစိုးရတွေ ဖြစ်ကုန်ပြီ။ ကယ်ဆယ်ရေးဝန်ကြီး၊ ပြန်လည် နေရာချထားရေးဝန်ကြီး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဝန်ကြီး၊ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီး ဆိုပြီး အချင်းချင်း နောက်ပြောင်ခေါ်ရင်း အထုပ်ကြီးအထုပ်ငယ်တွေ၊ ရေသန့်ဘူးတွေ ထမ်းပြီး မုန်တိုင်းထိသွားတဲ့ အရပ်တွေကို ဆင်းနေကြတဲ့ လူတွေကို အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ပါလိမ့်။ အင်းလေ... ရင်မဆိုင်ချင်လို့ပဲ သူတို့ ရှောင်နေကြတာပေါ့။ တခြားနိုင်ငံမှာ ဒီလိုသွားလုပ်ရင် ပြုတ်သွားတာ ကြာပြီလို့ ကြိမ်းမိရင် “ဒါ မြန်မာပြည်လေ”လို့ အကြောင်သား ကြည့်ပြီး ပြန်ပြောမယ်ထင်တယ်။

ကုလသမဂ္ဂကြီးရဲ့ အတွင်းရေးမှူးချုပ် တယောက်လုံးလဲ မြန်မာပြည်က နိုင်ငံ့အကြီးအကဲဆိုတဲ့ သူနဲ့တွေ့မှ မရှုမလှ ခံရတော့တာပဲ။ “ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဖုန်းဆက်စကားပြောခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ မအောင်မြင်ဘူး”တဲ့။ ဂျော့ဒဗလျူဘုရှ်တို့၊ ဂေါ်ဒွန်ဘရောင်းတို့နဲ့ စကားပြောချင်ရင် ဘယ်တုန်းကမှ အောက်မကျခဲ့ရဖူးတဲ့ ဘန်ကီမွန်းခမျာ ပြောရှာတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံပါမယ့်အရေး အထပ်ထပ် တောင်းပန်နေရတဲ့ နိုင်ငံတကာက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဘ၀ရော ဘာထူးလဲ။ ငါတို့အတွက်ကတော့ မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အစိုးရတခုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီလို နိုင်ချင်တိုင်း နိုင်ဖူးတဲ့အကြောင်း နောက်လာနောင်သားတွေကို ပြန်ပြောပြရတာပေါ့လေ။

“ပစ္စည်းတွေကို ကိုယ်တိုင် လာမဝေပါနဲ့၊ ရပ်ကွက် ကယ်ဆယ်ရေးစခန်းများသို့ လာရောက် အပ်နှံကြပါ”ဆိုတဲ့ နှိုးဆော်စာတွေ နင်တို့ မိတ္တူဆွဲပြီး အီးမေးနဲ့ ပို့ပေးလို့ ဖတ်ရပါတယ်။ “ဒုက္ခသည်တွေဟာ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ ပြန်ဝယ်နိုင်ဖို့ တပြားမှ မရှိတော့လို့ ကိုယ်တိုင်ပဲ ဝေခဲ့ပါရစေ”လို့သာ ပြောလိုက်ကြပါတော့။ ဒီလို လာဝေနေရင် လူတွေ သူတောင်းစား ဖြစ်ကုန်မယ်တဲ့။ အင်း မှန်ပေတယ်။ သူတို့သိမ်းပြီး အောက်ဈေးနဲ့ ပြန်ရောင်းတာ ၀ယ်စားရင် သူတောင်းစား မဟုတ်တော့ဘူးပေါ့။

မိုးကျလာပြီဆိုတော့ ဒုက္ခသည်တွေအတွက် ခြုံစရာစောင်နဲ့ အမိုးမိုးဖို့ တာရပတ်စတွေ လိုတယ်တဲ့။ အိမ်မိုးဖို့ ထိုင်းက လှူတဲ့ သွပ်ပြားတွေတော့ ရောင်းစားလို့ ကျန်မှ ကျန်သေးရဲ့လားမသိ။ ခြုံဖို့စောင်ကတော့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့ နေရာတွေမှာ နင်တို့ လိုက်ဝယ်ရင် ရမှာပါ။ လေယာဉ်ပေါ်က ချပြီးကတည်းက ပို့ထားတဲ့ ဂိုဒေါင်တွေမှာ တိုးတိုးတိတ်တိတ် ပြောပြီး ၀ယ်လဲ ရတယ်ဆို။ ဒါလဲ ကောင်းတာပဲ။ ပင်ရင်းဒိုင်ကြီးက ၀ယ်တော့ ဈေးသက်သာတာပေါ့။

ဒုက္ခသည်တွေအတွက် ဆေးလေးဝါးလေး ၀ယ်ပေးဖို့ ရှည်ပြီး ငါ အကြံပေးမိတော့ “စားဖို့ဆန်က အဓိကပဲ။ ဆန်ဝယ်ပေးဖို့ ပိုက်ဆံထဲက ဆေးဖိုး မဖဲ့နိုင်ဘူး”လို့ နင်တို့ လက်တွေ့ကျကျ ပြန်ဖြေတယ်။ တခြားသူငယ်ချင်းတယောက်က သူ့ငွေနဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ရသလောက် ၀ယ်လှူပေးဖို့ ပြောတုန်းကလဲ “စားလို့မရတဲ့ ပစ္စည်းတွေအကြောင်း ဒီအချိန် လာမပြောရင် ကောင်းမယ်။ ခုနေ ထမင်းမစားရမှ သေမှာ။ ပါးစပ်တွေ ကိုယ်တွေ နံဟောင်နေရုံနဲ့ လူမသေသေးဘူး”တဲ့။ ပိန်ချုံးနေတဲ့ ဗိုက်ပူနံကား ကလေးတွေ၊ မျက်တွင်းဟောက်ကျနေတဲ့ အဘိုးကြီး အမယ်ကြီးတွေ လူ့ဘ၀ထဲက ထွက်မသွားရအောင် စုဆောင်းလို့ ရသမျှ စားရေရိက္ခာနဲ့ တားနေရတဲ့ နင်တို့ စကားတွေဟာ တချက်တချက် မချိုသာနိုင်တော့တာ ငါ နားလည်ပါတယ်။ “မိုးရွာထဲမှာ ဒုက္ခသည်တွေကို အင်္ကျီပါ ချွတ်ပေးခဲ့ရလို့ ပြန်လာတော့ အမျိုးသမီးတွေပဲ အင်္ကျီ ပြန်ပါတယ်။ သွားဝေတဲ့ ယောက်ျားမှန်သမျှ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်တော့ အင်္ကျီင်္ကျွတ်ချည်းပဲ“လို့ ပြောပြတုန်းကတော့ နင်တို့ ရယ်နိုင်ကြသေးတယ်။

ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ကြပ်ပြေးက မထွက်တမ်း ဂူအောင်းနေတဲ့ တယောက်ကို နင်တို့ စိတ်ဆိုးကြမယ်ထင်တာ။ မြန်မာပြည်ထဲက နင်တို့တွေကတော့ “ဒါမျိုး ရိုး...ဟိုးဟိုးနေပြီ”ဆိုတဲ့ ပုံစံအပြည့်နဲ့။ လူတွေ သေပြီး နှစ်ပတ်ကျော်မှ ၀မ်းနည်းကြေကွဲခြင်း သုံးရက် အူကြောင်ကြောင် ကြေညာတော့လဲ နင်တို့ စိတ်မ၀င်စားအားဘူး။ “အာလူးတပိဿာ ၅၀၀ တဲ့။ အိတ်လိုက်ဝယ်ပြီး တအိမ်ထောင် လေးငါးလုံးရရ ဝေပေးရင် ကောင်းမယ်”၊ “ပုစွန်ခြောက်တွေ ငါးခြောက်သေးသေးလေးတွေ လေးငါးအိတ် စုဝယ်ပြီး ငရုတ်သီးနဲ့ ကြော်ရအောင်။ ဆာလာအိတ်တွေနဲ့ သယ်သွားပြီး ဝေရင် နှစ်ရွာလောက်တော့ တနပ်စာ ရမှာပါ”ဆိုတာတွေနဲ့ပဲ ဗျာများနေတယ်။

နင်တို့က ဘယ်လောက်ရရ တနေ့တနေ့ ဝေလို့ မလောက်နိုင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ငရုတ်ကြက်သွန်တွေနဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်မျက်နှာတွေကြား ခေါင်းမဖော်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ သမုဒ္ဒရာတဖက်က ငါလဲ လမ်းတွေ့သမျှ ဖြူဖြူညိုညို လူမျိုးပေါင်းစုံရဲ့ မေးခွန်းတွေကို ဖြေပြီးရင်း ဖြေနေရတယ်။

“အစားအစာတွေ တင်လာတဲ့ သင်္ဘောတွေ နင်တို့အစိုးရက ပေးမ၀င်ဘူးဆို”

“ကယ်ဆယ်ရေးအိတ်စ်ပတ်တွေ မလာရဘူးဆို”

“လှူတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီ အကုန်မရောက်ဘူးဆို”

“...................................... ဆို”

“...............................ဆို”

သေတဲ့သူတွေအတွက် ရက်လည်ဆွမ်းတောင် နှစ်ခါပြန် သွတ်ပြီးလောက်တဲ့ ၁၇ ရက်မြောက်နေ့မှ လူကြားထဲ ခပ်တည်တည် ထွက်လာတဲ့ ငါတို့ နိုင်ငံတော်အကြီးအကဲဟာ တော်တော်တန်တန် နိုင်ငံမှာဆို အရိုးတခြားအသားတခြား ဖြစ်သွားလောက်တယ်။ နိုင်ငံအကြီးအကဲဆိုတဲ့သူရဲ့ မျက်နှာပေါ်က စိတ်မပါ့တပါ အပြုံးတောင့်တောင့်ကြီးရယ်၊ လက်နှစ်ဖက် တောင့်တောင့်ကြီး ဘေးချလို့ လိုက်လာတဲ့ နောက်တော်ပါ ဗိုလ်ချုပ်တွေရယ်၊ လူကြီးလာစစ်မယ်ဆိုလို့ အရေးပေါ် ဆောက်ပြီးစ ရွက်ဖျင်တဲတွေရှေ့မှာ မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီး အသင့်စောင့်နေရတဲ့ ဒုက္ခသည်တွေရယ်ကို မြင်ရတာ သက်သောင့်သက်သာ မရှိလိုက်တာ။ မျက်နှာပေါ်က အကြောအခြင်တွေကလဲ အားလုံး တညီတည်း တောင့်လို့။

ရှေ့ဆုံးကနေ ယူနီဖောင်း လှလှဝတ်ပြီး လက်ယမ်းပြနေတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံကို ကြည့်ရင်း သူ့နိုင်ငံက တောသူတောင်သားတွေဆီ အရောက်ဆင်းပြီး သူ့လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ်တိုင် ဝေတတ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို မြင်ယောင်တယ်။ ပစ္စည်းတွေ ခြင်းတွေနဲ့ထည့်ပြီး ပေးနေတဲ့ ထိုင်းဘုရင်နဲ့ လက်ခံယူနေတဲ့ တောသားကြီးတွေရဲ့ မျက်နှာပေါ်မှာ အပြန်အလှန် နွေးထွေးမှုတွေနဲ့။

၁၉၇၃ ခုနှစ်က တကမ္ဘာလုံးမှာ စွမ်းအင်ပြဿနာ ဖြစ်တော့ နော်ဝေမှာလဲ စွမ်းအင် ချွေတာတဲ့အနေနဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကားမောင်းတာကို ပိတ်ထားတယ်။ သွားစရာ လာစရာ ရှိတဲ့သူတွေ အများသုံး ရထားကိုပဲ သုံးကြပေါ့။

အော်စလို မြို့ပြင်မှာ နှင်းလျှောစီးချင်တဲ့ အသက် ၇၀ အရွယ် အဘိုးကြီးတယောက်ဟာ စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ သူ သုံးနေကျ ကားကို ထားခဲ့ပြီး အများပြည်သူသုံး ရထားပေါ် တယောက်တည်း တက်လာတယ်။ တခုံပြီးတခုံ လက်မှတ်လိုက်စစ်၊ လပေးလက်မှတ် မသုံးတဲ့ သူတွေကို တကြောင်းစာလက်မှတ်ရောင်းနဲ့ အလုပ်များနေတဲ့ လက်မှတ်စစ် သူ့နားရောက်လာတော့ အဘိုးကြီးက လက်မှတ်ခ ပေးဖို့ ငွေအကြွေတွေကို အိတ်ထဲက ထုတ်လိုက်တယ်။

လက်မှတ်စစ်က သူ့ကို လက်မှတ်ခ အကြွေလေးတွေ ကမ်းပေးနေတဲ့ နော်ဝေဘုရင် ပဉ္စမမြောက် အိုလာ့ဗ်ကို အပြုံးနဲ့ကြည့်ပြီး ပြန်ဖြေလိုက်တယ်။

“နောက်ခုံက လူတွေက ဘုရင်မင်းမြတ်အတွက် လက်မှတ်ခ ပေးလိုက်ပြီးပါပြီခင်ဗျား”

တခြားခရီးသည်တွေနဲ့ ရောပြီး ရထားပေါ်မှာ အေးအေးဆေးဆေး စီးလိုက်လာတဲ့ အဘိုးကြီးဟာ နော်ဝေဘုရင်မင်းမြတ်မှန်းသိတော့ လက်မှတ်ခ စိုက်ရှင်းပေးသွားတဲ့ သူ့ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေးက ဒိုးယိုပေါက် နွေးထွေးပွင့်လင်းလို့။ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ လူထုကြားမှာ တယောက်တည်း သွားလာတတ်တဲ့ အိုလာ့ဗ်ဘုရင်ကို သတင်းစာဆရာ တယောက်က “အကာအကွယ်မဲ့ သွားလာရတာ ဘုရင်မင်းမြတ် မကြောက်ဘူးလား”လို့ မေးခွန်းထုတ်ဖူးတယ်။

“ကျုပ်က ဘာကြောက်ရမှာလဲဗျ။ ကျုပ်မှာ ကိုယ်ရံတော် လေးသန်းတောင် ရှိနေတာပဲ”

အဲဒီအချိန်က သူ့နိုင်ငံ လူဦးရေကို ရည်ညွှန်းပြီး ဘုရင်ကြီးက ပြန်ဖြေလိုက်တယ်။

ကြိုမှာထားတဲ့အတိုင်း လက်အုပ်ပြိုင်တူချီပြီး ကြိုနေရတဲ့ ပိန်လှီနွမ်းဖတ် ဒုက္ခသည်တွေ ရှေ့ကနေ အစောင့်အရှောက် အပြည့်နဲ့ တောင့်တောင့်ကြီး ဖြတ်လျှောက်လာတဲ့ ”နိုင်ငံ့ခေါင်းဆောင်”တွေကို ကြည့်ပြီး အိုလာ့ဗ်ဘုရင်ကို မြင်ယောင်မိတယ်။
http://www.hittaing.org
ဟစ်တိုင်မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

Tuesday, May 13, 2008

ဝံသာနုစိတ်ဓာတ်အပြည့်နဲ့ သံဃာတော်များ


ဝံသာနုစိတ်ဓာတ်အပြည့်နဲ့ သံဃာတော်များ
စာဖတ်သူတွေ ရေးတဲ့စာ
ရန်ကုန်က ကျောင်းသား
မေ ၁၃၊ ၂၀၀၈

ဆရာတော် အရှင်ဆေကိန္ဒ ၅ရက်နေ့က လေယာဉ်နဲ့ ပြန် ရောက်ပါတယ်။ မော်တာ ချိန်းလွှစက် အလက် ၄၀ ၀ယ်ပြီး တပည့်အယောက် ၁၀၀ နဲ့ နေ့စဉ် သစ်ပင်တွေဝိုင်းပြီး ရှင်းပေးနေ ပါတယ်။ တစ်ဖက်ကလည်း နောက်ထပ် တပည့် ၁၀၀ ကျော်နဲ့ အနည်းဆုံး ဆန် ၁၀ အိတ် ကျော်ကို နေ့စဉ် ထမင်းအဖြစ် ချက်၊ ဖော့ဗူးထဲမှာ ထမင်းနဲ့ ဟင်းနဲ့ ထည့်ပြီး လိုအပ်တဲ့ နေရာတွေကို လိုက်လံဝေငှနေပါတယ်။

ဆရာတော်ရဲ့ တပည့်တွေ စုပြီးဖွင့်ထားတဲ့ မြေနီကုန်းက ဖြူဖြူစင်စင်ထမင်းဆိုင် မှာလည်း ၃ရက်နေ့ညနေကတည်းက ထမင်းနဲ့ဟင်း တစ်ခါပြင် တပွဲကို ငွေ ၅၀၀ နဲ့ ရောင်းပေးနေတာ အဲဒီနားတစ်ဝိုက်က လူတွေ ပြောမဆုံးဖြစ်နေတာပါပဲ။

ဆရာတော် ကိုယ်တိုင်လည်း နိုင်ငံခြား တရားပွဲစဉ်တွေကို ဖျက်ပြီး ၁၂ ရက်နေ့မှ ပြန်ရမယ့်အစား ၅ ရက် နေ့မှာ ရန်ကုန် ဆိုက်တဲ့ အစောဆုံးလေယာဉ်နဲ့ ပြန်လာတာပါ။

ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ လပွတ္တာ၊ ကွမ်းခြံကုန်း၊ ကျောက်တန်း စတဲ့မြို့တွေကို ဆရာတော်ကိုယ်တိုင် ရောက်ပြီးပါပြီ။ အဲဒီ နေရာတွေမှာ လှူပြီးပါပြီ။

ဆရာတော်ကြီး အရှင် ဉာဏိဿရလည်း ဘိုကလေးဘက် ဆင်းသွားတယ် ကြားပါတယ်။ ဆရာတော် ဦးကောသလ္လ ကတော့ မူဆယ်မှာ လေဘေး ဒုက္ခသည်တွေ အတွက် တရားဟောနေတယ်လို့ ကြားပါတယ်။

ဆရာတော် အရှင် ဇ၀န (မေတ္တ္တာရှင်) က လောလောဆယ် နယ်မှာပါ။ ၂၁ ရက်နေ့မှာ တပည့် တွေနဲ့ အတူ အဲဒီ နေရာတွေကို သွာပြီး လှူမယ်လို့ ကြားပါတယ်။

ဆရာတော် ဦးကောဝိဒကတော့ အဲဒီမုန်တိုင်းတိုက်တဲ့နေ့က ဖျာပုံမှာပါ။ ကိုယ်တိုင်ကြုံခဲ့ရတယ်လို့ ကြားပါတယ်။ အလှူငွေ ကျပ်သိန်း ၂၀၀ မ တည်ထားတယ်လို့ ကြားပါ တယ်။

ဆရာတော်များမှတဆင့် လည်း စုပေါင်းလှူဒါန်းနိုင်ပါတယ်လို့ ပြောပါရစေ။ ဆရာတော်များရဲ့ ဖုန်းနံပါတ် သိတဲ့သူတွေ လက်ဆင့်ကမ်းပေးကြပါ။

ဦးဆေကိန္ဒ - ၀၉ ၅၀၁၅၀၂၄ ၊ ၀၁၇၀၁၇၇၈ ၊ ၀၁၆၅၀၇၀၄၊
ဦးကောသလ္လ - ၀၁၅၈၄၃၁၇၊ ၀၁၅၈၁၄၃၉၊ ၀၉၅၁၃၄၃၈၂၊ ၀၉၅၁၈၅၆၉၀ ၊
ဦးဇ၀န (မေတ္တာရှင်) - ၀၉၅၁၉၃၁၃၄၊ ၀၁၆၁၁၆၂၂၊ ၀၉၅၀၁၆၆၆၃ ၊
ဦးကောဝိဒ - ၀၁၅၄၇၁၃၂၊ ၀၁၅၅၃၀၆၈၊ ၀၉၅၀၂၂၉၈၆ ၊
ဦးအာစာရာလင်္ကာရ - ၀၉၂၁၃၀၈၉၅၊ ၀၁၇၀၈၄၀၃၊ ၀၇၂၂၂၁၇၀၊
ဦးဒေ၀ိန္ဒာဘိဝံသ - ၀၉၂၁၃၁၂၆၅
ဦးဝီရိယ (တောင်စွန်း) - ၀၉၂၀၂၆၀၃၁၊ ၀၁၆၂၀၂၆၅ ၊
တွံတေး ဦးဣန္ဒက - ၀၉၅၀၁၈၀၈၅၊ ၀၁၅၈၀၄၅၄ ၊
ခင်မကန် ဦးခေမိန္ဒ - ၀၁၅၉၁၃၄၈ ၊
မူလဓမ္မ ဦးဝိဇယ - ၀၉၂၀၂၃၇၁၂
ပိုင်းလော့ ဦးဇေယျပဏ္ဌိတ - ၀၉၅၁၉၆၁၂၇
ဦးဆန္ဒာဓိက (ရွှေပါရမီ) - ၀၁၂၁၀၄၆၂၊ ၀၁၂၂၆၅၀၀ ၊
ဆင်ဖြူတောင် ဦးဂုဏိန္ဒ - ၀၁၅၄၀၈၅၀
ရွှေည၀ါ ဦးပညာသီဟ - ၀၁၅၁၀၅၆၆
ဦးဝိလာသဂ္ဂ - ၀၉၅၁၈၉၈၂၈
ရဝေနွယ်အင်းမ ဦးရာဇိန္ဒ - ၀၉၅၁၂၈၅၈၇ ၊
ဦးစန္ဒောဘာသ - ၀၁၅၆၄၅၈၈၊ ၀၁၇၂၆၉၄၀ ၊
အောင်ဆန်း ဦးကိတ္တသာရ - ၀၁၆၄၁၉၆၆ ၊
ဖြူး ဦးနာရပတိ - ၀၁၅၃၀၀၆၈၊ ၀၁၅၀၁၈၄၆ ၊
ဓမ္မဒူတ ဦးဝိမလ - ၀၉၅၁၈၅၅၆၃၊ ၀၁၄၄၁၀၁၄၇

ဆရာတော် ဦးဆေကိန္ဒ နဲ့ တပည့်တွေ ခုဆိုရင် အဲဒီဒေသတွေအားလုံးကို အိမ်သာတွေ လိုက်လှူဖို့ ပြင်ဆင်နေပါပြီ။ ဂျာနယ်အဟောင်းနဲ့ သတင်းစာအဟောင်းတွေ အလှူခံနေတယ်လို့ ကြားပါတယ်။ တတ်အားသမျှ လှူပေးကြပါ။

http://moemaka.blogspot.com/

မုန်တိုင်းအလွန် - ရန်ကုန်က ဒိုင်ယာရီ - ၎


မုန်တိုင်းအလွန် - ရန်ကုန်က ဒိုင်ယာရီ - ၎
(မေ ၉၊ ၂၀၀၈)
သူ
မေ ၁၂၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာက ငါစာရေးလိုက်တယ်။

နင့်ကို ဒီနေ့သတင်းကောင်းနဲ့ စပြောနိုင်ဖို့ ငါအတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ မနေ့က စာထဲမှာ ငါကတိပေးထားသလို သတင်းကောင်းနဲ့ မ စ နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး သတင်းလေးနဲ့ ဒီနေ့စာကို ဖွင့်မယ်လို့ ငါတွေးထားခဲ့တယ်။

ဒါပေမဲ့ …

အခု မနက် မော်လမြိုင်ကျွန်းက ငါ့အမျိုးတယောက် ယောက်လာတယ်။ ညီင်္ဝမ်းကွဲဆိုပါတော့။ ငါသတင်းလုပ်ငန်းကို လုပ်တယ်ဆိုတာ ရိပ်ခြည်သံဖမ်းသိတဲ့ ညီလေးက သူတွေ့ကြုံခဲ့တာတွေကို ပြောပြချင်လွန်းလို့ ငါ့ကို လိုက်ရှာလာခဲ့တာ။

သူကတော့ မော်ကျွန်းတမြို့နယ်ထဲမှာ အနည်းဆုံး ၂ သောင်း တော့ အသက်ဆုံးမယ်လို့ ခန့်မှန်းတယ်။ ပြဿနာက မော်ကျွန်းမြို့ပေါ်မှာရော၊ ရွာတွေမှာပါ ကယ်ဆယ်ရေး အစီအစဉ် ဘာမှ မရှိတာပဲ။ မြို့ပေါ်မှာတော့ ဒုက္ခသည်စခန်း ၇ ခု ရှိတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းဆိုတာ လူစုပေးထားတာပဲ ရှိတယ်။ လိုအပ်တဲ့ ဆေးဝါး စားနပ် ရိက္ခာ မလုံလောက်ဘူး။ ရှေ့ဦးသူနာပြုနည်းပဲ ရှိပြီး အစိုးရက မထောက်ပံ့လို့ မြို့ခံလူထုကပဲ ကျားကန်ထားကြရတယ်။

မော်ကျွန်းမြို့နယ်အတွင်းမှာ ရွာပေါင်း ၁၀၁ ရွာ ရှိပြီး တချို့ကျေးရွာတွေ ရွာလိုက် ပျောက်သွားကြတယ်လို့ ညီလေးက ပြောပြတယ်။ မြို့ပေါ်မှာ တပ်ရင်း ၅၃၄ ရှိပေမယ့် သူတို့လည်း ထွက်မလာကြတော့ဘူး။ ရွာတွေက ထွက်ပြေးပြီး မြို့ပေါ်ကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကို လက်ခံထားဖို့ စားနပ်ရိက္ခာနဲ့ နေရာ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ မြို့ပေါ်မှာ ဒုက္ခသည်တွေ များရင် ဗိုလ်ချုပ်တွေ မျက်နှာညိုမှာစိုးတာရယ်၊ သတင်းတွေ အမှန်အတိုင်း ပေါက်ကြားမှာ စိုးတာရယ်လည်း ဖြစ်နိုင်တယ်။

မြို့ပေါ်က လူုတွေ သိပ်စိတ်တိုနေကြတယ်။ ကယ်ဆယ်ရေးအစီအစဉ် ဘာမှ မရှိတာကြောင့် ဆိုပါတော့။ မီဒီယာတွေမှာလည်း မော်ကျွန်းသတင်းက တက်မလာခဲ့ဘူး။ ညီလေးက ပြောတယ်၊ မြို့ပေါ်က လူတွေကတော့ စိတ်တိုဖို့ ခွန်အားနဲ့ အခြေအနေ ရှိသေးတယ် တဲ့။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေနဲ့ ဒုက္ခသည်စခန်းက လူတွေက ခါးသီးလွန်းတဲ့ ဖြတ်သန်းမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အရမ်းကြီးသွားခဲ့ပြီ။

ညီလေးက ဒုက္ခသည် စခန်း သွားကြည့်တဲ့အခါ စကားလည်း မပြော၊ အစာလည်း မစားဘဲ ငူငူကြီး ထိုင်ပြီး မျက်ရည် ကျနေသူတွေကို တွေ့ခဲ့ရတယ်။

သူက ပြောပြတယ်။ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်အများစုက အမျိုးသားလူငယ်နဲ့ လူလတ်ပိုင်းတွေ တဲ့။ ကြမ်းတမ်းတဲ့ လေပြင်းအားနဲ့ လှိုင်းရိုက်ခိုက်မှုမှာ ကလေး၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးခဲ့ကြရတာပေါ့။


ညီလေးက ဆက်ပြောတယ်။

"အခုတော့ မိသားစုတွေ ဆုံးရှုံးရလို့ ရှော့ခ် ရနေတဲ့ ကျေးရွာသားတွေ ဘာမှ မတွေးနိုင်သေးဘူး။ ခဏနေရင် သူတို့ ဒေါသထွက်လိမ့်မယ်။ အဲဒီပေါက်ကွဲမှုက ပြင်းထန်လိမ့်မယ် …" တဲ့။

ဘိုကလေးမြို့ပေါ်မှာတော့ မေ ၇ ရက်နေ့က ရဲ နှစ်ယောက်ကို ဒေါသထွက်နေတဲ့ လူတချို့က ဓါးနဲ့ ထိုးသတ်သွားကြသတဲ့။ စားစရာ မရှိလို့ ရရာယူမယ်ဆိုတဲ့ ဒုက္ခသည်တွေက မြို့ပေါ်က မုန့်ဆိုင်တဆိုင်ကို ဖျက်ပြီး စားစရာတွေ ယူကြချိန်မှာ ရဲ နှစ်ယောက်က ၀င်တားရင်း ဒေါသထွက်နေတဲ့ လုယက်သူတွေက ဓါးနဲ့ ထိုးသွားကြတာပဲ။

ငါ့ကို ထပ်မေးပါဦး ဟေမန်။ "ကယ်ဆယ်ရေး ကော …" လို့။

ဘိုကလေးမြို့ထဲကို တရုတ်လုပ် စစ်ထရပ်ကား FAW တွေ အစင်း ၃၀ စစ်သားအပြည့်နဲ့ ၀င်လာတယ်။ ဒီတပ်က ဖျာပုံက တပ် ဆိုပါတော့။ ရောက်ရောက်ချင်းပဲ စားစရာမရှိတဲ့ မြို့ကလေးက သူတို့ကို ရှိတာ မျှဝေကျွေးခဲ့ကြရတယ်လို့ ဘိုကလေးသားက ပြောပြတယ်။

ဖျာပုံသား တဦးကတော့ အခုလိုပြောတယ်။

" မြို့ထဲကို တပ်မ ၆၆ က စစ်သားတွေ အများကြီး ရောက်လာတယ်။ ဒီကောင်တွေမှာ စားစရာ ဘာမှ ပါမလာဘူး။ အခု ကျနော်တို့က ပြန်ကျွေးထားရတယ်။" တဲ့။

ကွမ်းခြံကုန်းမှာတော့ ဖြတ်သွားတဲ့ ကားပေါ်က ပစ်ချပေးတဲ့ မုန့်နဲ့ရေဗူးကို လမ်းဘေးက စစ်သားတချို လက်အုပ်ချီပြီး ယူနေကြလေရဲ့။

ပြောရရင် မော်ကျွန်းက ကံကောင်းသေးတယ်။ "ကယ်ဆယ်ရေး"တွေ ရောက်မလာတဲ့ အတွက်။

ဟေမန်ရေ

ဒို့တိုင်းပြည်ကြီး ကမ္ဘာပျက်နေချိန်မှာ သတင်းစာထဲမှာတော့ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလို့ အချို့ယူဆကြတဲ့ ကလောင်ရှင် စိုးမြကျော်က မေလ ၇ ရက်က စပြီး "အကောင်းဆုံး" ဆိုတဲ့ အခန်းဆက် ဆောင်းပါးနဲ့ ပြည်သူတွေကို အခြေခံဥပဒေ ထောက်ခံမဲပေးရေး ဆော်သြနေတယ်။ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ထက် စစ်တပ်ရဲ့ အာဏာကို တရားဝင်ပြုလုပ်ဖို့ပဲ အစိုးရ တဖွဲ့လုံး အာရုံထားနေကြတယ်။

ပြည်ပက အကူအညီတွေ၊ ပညာရှင်တွေ၊ ဘာမှ ၀င်မလာနဲ့။ လက်ကျန်ဒုက္ခသည်တွေ သေသွားပြီးမှ အားလုံးကို ရှင်းပြီး အပြင်ကလူတွေကို တဖြည်းဖြည်း လက်ခံလိမ့်မယ်လို့ ပြည်သူတွေက တွက်ကြတယ်။

မနေ့က ငါ့သူငယ်ချင်း ဓာတ်ပုံသတင်းထောက် တယောက်က လူစုံတုန်း မှတ်ချက်ချတယ်။

"ဒီကောင်တွေ ခွေးထက် မိုက်တဲ့ ကောင်တွေ …" တဲ့။ ဘေးနားမှာရှိတဲ့ ခွေးချစ်သူ စာရေးဆရာတယောက်က ၀င်ပြောတယ်။

"သူတို့ကို ဘယ်တော့မှ ခွေးနဲ့ နှိုင်းမပြောပါနဲ့ဗျာ၊ ခွေးတွေဟာ အင်မတန် သစ္စာရှိပါတယ်။ သူတို့ကို ထမင်းကျွေးတဲ့သူကို ဘယ်တော့မှ ပြန်မကိုက်ပါဘူး" တဲ့။

ဟေမန်ရေ

မော်ကျွန်းက ညီလေး ပြောပြတာလေးတွေ ရှိသေးတယ်။ သူမော်ကျွန်းကနေ မော်တော်နဲ့ မြစ်ရိုးတလျောက် ထွက်လာတော့ မြစ်ရေတွေဟာ နံလိုက်တာတဲ့။ ပြီးတော့ မြစ်ထဲမှာ ကျက်စားလေ့ရှိတဲ့ ရေငှက်တွေလည်း မတွေ့ရတော့ဘူးတဲ့။

လူသားတွေရဲ့ အသက်တွေ၊ လယ်ယာလုပ်ငန်းနဲ့ စီးပွားရေး အခြေခံတွေသာ ပျက်စိးရုံ မကဘူး၊ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံးဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ပါ ယိုယွင်း ပျက်စီးသွားတာ။ လဲကျနေတဲ့ သစ်ပင်ကြီးတွေကို မြင်ရတာ ကြေကွဲစရာ ကောင်းလှတယ်။

ငါသူငယ်ချင်း တယောက်က ပြောတယ်။

" သစ်ပင်ကြီးတွေ လဲကျနေတာကို မြင်ရင် ငိုချင်တယ်။ ကျနော့်စိတ်ထဲမှာတော့ အလောင်းတလောင်း မြင်ရသလိုပဲ …" တဲ့။

ဟေမန်ရေ …

ဒီစာကို သတင်းကောင်းနဲ့ မစနိုင်ပေမယ့် သတင်းကောင်းနဲ့ အဆုံးသတ်တော့မှာပါ။ အခုပဲ ဟိုဖက် ရပ်ကွက်က မိတ်ဆွေက ဖုန်းဆက်တယ်။ သူ့ဖက်မှာ မီးပြန်လာပြီတဲ့။ ငါဒီစာကို ရပ်ပြီး သူ့အိမ်မှာ ဖုန်းအတွက် ဓာတ်ခဲ အားသွင်းလိုက်ဦးမယ်။

မနက်ဖြန် ဆန္ဒခံယူပွဲကို လေ့လာဖို့ တခြား မြို့တမြို့ကို ငါသွားမယ်။ နင့်ကို စာလှမ်းရေးမယ်လေ။ စောင့်နေဦး။

နင့်သူငယ်ချင်း
သူ
ရန်ကုန်
မေ ၉၊ ၂၀၀၈

http://moemaka.blogspot.com/

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ - ၃


မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ - ၃
(မေ ၈၊ ၂၀၀၈)
သူ
မေ ၁၂၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာက ငါစာရေးလိုက်တယ်။

အခုမနက် ပုပ်အဲ့အဲ့ဖြစ်နေတဲ့ ကြက်ဥကျော် တလုံးနဲ့ ထမင်းကြော် ၁ ပန်းကန်ကို ငွေ ၁၀၀၀ နဲ့ စားပြီး မြို့ထဲတ၀ိုက်ကို ငါ လျှောက်ကြည့်တယ်။ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးအဖွဲ့တွေကို တွေ့လို တွေ့ငြားပေါ့။ ပုဇွန်တောင် တနေရာမှာပဲ စည်ပင်သာယာကား ၁ စီးက သစ်ကိုင်းတွေနဲ့ သစ်ရွက်ခြောက်တွေကို ကောက်နေတာ တွေ့ရတယ်။ လမ်းပေါ်မှာ ပိနေတဲ့၊ အဆောက်အဦတွေပေါ်ပိနေတဲ့ သစ်ပင်ကြီးတွေဟာ ဒီအတိုင်းပဲ။ ဖယ်ချင်မှတောင် ဖယ်ဖြစ်ပါတော့မလားလို့ ငါတွေးမိတယ်။ ကဗျာတပုဒ်ကြောင့် အကျဉ်းစံနေရတဲ့ ကိုစောဝေသာ တွေ့ရင် “ဒါ အင်စတော်လေးရှင်း အတ် ပဲ လို့” ပြောမလား မသိ။

ပြီးခဲ့တဲ့ စာ ၂ စောင်ထဲမှာ ငါပြောဖို့ မေ့သွားတဲ့ သတင်းတခု ငါပြောပြမယ်။ ၂ ရက်နေ့ ည မုန်တိုင်းဝင်အပြီး နောက်ပိုင်း ၅ ရက်နေ့ မနက်မှာ ရန်ကုန်ဆိပ်ကမ်း မီးသတ်တပ်ဖွဲ့က အရေးပေါ်အတွက် အရံသင့်ထားရှိတဲ့ ရေဂါလံတွေကို စစ်တပ်က လာထုတ်သွားတယ်။ ပြီးတော့ မီးသတ်တပ်ဖွဲ့က အဲဒီရေတွေကို ၀န်ကြီးတွေနဲ့ ဗိုလ်မှူးကြီးတွေရဲ့ အိမ်အချို့ကို လိုက်ဖြည့်ပေးခဲ့ရတယ်။ နေပြည်တော်မှာ နန်းစံနေတဲ့ ဗိုလ်ချုပ်တွေက ရန်ကုန်က မိသားစုတွေ ရေ ၀၀ လင်လင် မသုံးစွဲရမှာကို စိုးပါသတဲ့။

အပေါ်ဆုံးက မလိုင်ကို အဦးဆုံး ခေါင်းပုံဖြတ်စားချင်တဲ့ စစ်အရာရှိတွေဟာ ဒုက္ခသည်တွေအပေါ်မှာတောင် ချမ်းသာမပေးဘူး။ လျှပ်စစ်မီးမရှိလို့ တမြို့လုံး ဖယောင်းတိုင်နဲ့ နေရချိန်မှာ မီးများ လောင်ခဲ့ရင် …

မေလ ၆ ရက်နေ့က ကြေးမုံသတင်းစာမှာ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားတာလေး နင့်ကို ပြောပြပါရစေဦး။ ခေါင်းစဉ်က “သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေး သတိပေးနှိုးဆော်ချက်” တဲ့။

တစ် အချက်က ရာသီဥတုဒဏ်ခံနိုင်တဲ့ အမိုးအကာအောက်မှာ နေကြရန် … တဲ့။ မုန်တိုင်းတိုက်လို့ အိမ်ပြို ရေမျော ဖြစ်နေချိန်မှာ ပြောစရာလား …။ ဘယ်သူက လုံလုံခြုံခြုံ အိမ်ရှိလျက်နဲ့ ကွင်းလည်ခေါင်မှာ သွားထိုင်နေပါ့မလဲ။

နံပါတ် ၂ က နွေးထွေးသော အ၀တ်အစားများကို ၀တ်ဆင်ပါ တဲ့။ နောက် ၁ ချက်က ရေကို ကျိုသောက်ပါ တဲ့။ ဒါမှမဟုတ် ကလိုရင်း ခတ်သောက်ပါ တဲ့။ ဒုက္ခသည်တွေက ဘယ်က ရေကို ဘာနဲ့ ကျိုပြီး ဘယ်ကရတဲ့ ကလိုရင်းနဲ့ ခတ်သောက်ရမှာလဲ။

အဆိုးဆုံးကတော့ သန့်ရှင်းလတ်ဆတ်သော ပူနွေးတဲ့ အစားအစာများကိုသာ စားသုံးကြပါတဲ့။ ယင်လုံအိမ်သာကို သုံးစွဲကြပါ တဲ့။ ဧရာဝတီတိုင်းရဲ့ ချောင်းရိုးတွေတလျှောက်မှာ တိရစ္ဆာန်အသေကောင် ပုပ်တွေကို စားပြီး ရေထဲမှာ အသက်ရှင်နေရတဲ့ ပြည်သူတွေကို ဒီစကားတွေသာ သွားပြောရင် …

တကယ်တော့ ဒါ စော်ကားနေတာ ဟေမန်။ ဒါ စော်ကားနေတာပဲ။

နင် စိတ်ညစ်သွားပြန်ပြီလား ဟေမန်။ ငါ ဆက်ပြောပါရစေဦး။

စစ်အစိုးရက သတင်းစာတွေထဲမှာ မေလ ၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်တယ်။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲက အချို့ဒေသတွေကို ပုံမှန်အနေအထား ပြန်ရောက်တဲ့အတွက်ကြောင့် အန္တရာယ် ကျရောက်တဲ့ ဒေသများအဖြစ်က ရုတ်သိမ်းလိုက်တယ် တဲ့။ အဲဒီအထဲမှာ ပဲခူးတိုင်း တတိုင်းလုံး၊ မွန်နဲ့ ကရင် ၂ ပြည်နယ်လုံး၊ ရန်ကုန်တိုင်းထဲက မြို့နယ် ၅ မြို့နယ်နဲ့ ဧရာဝတီတိုင်းအတွင်းက ၁၉ မြို့နယ် ပါဝင်တယ်။ ဒီအတွက် အဲဒီဒေသမှာရှိတဲ့ ဒုက္ခသည်တွေ အားလုံးဟာ မေလ ၁၀ ရက်နေ့မှာ မဲပေးကြရတော့မယ်။

အဲဒီမြို့တွေ၊ ဒေသတွေ၊ သူတို့ ပြောသလို ပုံမှန်ပြန်ရောက်ပြီ ထင်လား … ဟေမန်။ အခုအချိန်တို ရက်ပိုင်းအတွင်းမှာ ပုံမှန်ပြန်ရောက်ဖို့ မပြောနဲ့၊ နောင်ဘယ်တော့မှ ပုံမှန်ဖြစ်မယ် ဆိုတာကို ဘုရားတောင် မပြောနိုင်ဘူး။ ပြဿနာက လူပေါင်းမြောက်များစွာရဲ့ အသက်ကို ကယ်ဖို့ထက် စစ်တပ်ရဲ့ အာဏာကို ဥပဒေနဲ့ အတည်ပြုမယ့် ဒီအခြေခံဥပဒေကို အတည်ပြုရေးသာ အစိုးရက ဖိတွန်းနေတာပဲ။

ဒါကြောင့် ၁၀ ရက်နေ့မတိုင်မီမှာ ပြည်ပအကူအညီ အ၀င်မခံဘဲ ဒုက္ခသည်တွေကို စတေးပစ်ခဲ့တယ်။ အပေါ်က ဗိုလ်ချုပ်တွေရဲ့ အကြိုက်ကို သိတဲ့ မယကနဲ့ ရယကတွေကလည်း “ကျနော်တို့ ဧရိယာအတွင်း အပျက်အစီး မရှိပါခင်ဗျား …” ဆိုတဲ့ အစီရင်ခံစာကို မျက်နှာလို မျက်နှာရ အလုအယက် တင်သွင်းကြတယ်။

၆ ရက်နေ့က ငါ့မိတ်ဆွေ ဓာတ်ပုံသတင်းထောက် တယောက် သူ့ရပ်ကွက်က ရယကရုံးကို သွားတယ်။ အဲဒီမှ ရယကစာရေးက မြို့နယ်ကိုတင်ပြဖို့ အစီရင်ခံစာ ရိုက်နေတာ။ ငါ့မိတ်ဆွေက လှမ်းဖတ်ကြည့်တော့ - “ကျနော်တို့ ရပ်ကွက်အတွင်း အပျက်အစီး အထိအခိုက် မရှိပါခင်ဗျား …” တဲ့ ဟေမန်။

ရန်ကုန်မှာ အပျက်အစီး အထိအခိုက် မရှိတဲ့ ရပ်ကွက် မရှိဘူး။ ရယက၊ မယကတွေ ကနေ ထိပ်ဆုံး ဗိုလ်ချုပ်တွေအထိ အဲဒီလိုနည်းနဲ့ အဆင့်ဆင့် လိမ်နေကြတာပဲ။ ကြောက်စရာ အကောင်းဆုံး ပြဿနာကတော့ ခြစားမှု (Corruption)ပဲ ဟေမန်။ မုန်တိုင်းက အခုပဲ လတ်လတ်ဆတ်ဆတ် တိုက်ခဲ့ပြီး အလောင်းတွေ မြစ်ထဲ မျောနေတုန်း ရှိသေးတယ်၊ အာဏာပိုင် အဆင့်ဆင့်က ဒုက္ခသည် ကူညီရေးရန်ပုံငွေတွေနဲ့ ပစ္စည်းတွေကို စ ခိုးနေကြပြီ။ ငါ ရပ်ကွက်ထဲမှာ မြင်နေရတယ်။

၆ ရက်နေ့ ညနေက တိုင်းရုံးက ဒို့ရပ်ကွက်ကို ဒုက္ခသည်တွေ ထောက်ပံ့ဖို့ ငွေ ၁၀ သိန်း နဲ့ ဆန် ၁၀ အိတ် ပေးတယ်။ အခု ဆန် ၁၀ အိတ်တော့ မြင်ရသေးတယ်။ ငွေကတော့ ပြီးသွားပြီ။ တခါ ပျက်စီးသွားတဲ့ အိမ်တွေအတွက် လျှော့ဈေးနဲ့ သွပ်ပြားတွေကို ထုတ်ပေးရေးမှာလည်း စာရင်းတွေ လိမ်ကြတယ်။ သွပ်ပြားက ဘယ်နေမှန်း မသိဘူး။ အာဏာပိုင်တွေက သူတို့အတွက် စာရင်းတွေ လိမ်တင်နေကြပြီ။ သူတို့ လက်ထဲမှာ ရှိတာကိုး။

ဟေမန် ရေ …

ဈေးသူ ဈေးသားတွေကတော့ အားကိုးကြရတယ်။ တချို့ဈေးတွေက သူတို့နိုင်သလောက် ခေါက်ဆွဲထုပ်၊ ငါးခြောက်၊ အ၀တ်ဟောင်းတွေ စုပြီး အသေအပျောက်များလှပြီး ဒုက္ခအရောက်ဆုံးဖြစ်တဲ့ မြို့နယ်တွေကို သွားပို့ဖို့ ပြင်ဆင်နေကြတယ်။ စိတ်ညစ်စရာတွေချည်းပဲ ပြောနေလို့ နင်အာရုံနောက်သွားမှာစိုးလို့ မျှော်လင့်ချက်ကလေးတွေကို ပြောပြတာပါ။

ငါ ဒီစာကို ရေးနေတုန်း မိတ်ဆွေ တယောက်က အင်တာနက်ပြန်ရပြီဆိုလို့ ငါက ကဖေးဆိုင် တဆိုင်ကို ပြေးသွားတယ်။ G Talk ကို တွေ့ရတော့ ချစ်သူမျက်နှာကို မြင်ရသလို ငါ လက်တောင် တုန်တယ်။ G Talk လည်း ဖွင့်လိုက်ရော နင့်ချစ်ချစ်ကို တွေ့လိုက်ရတာပဲ။ သူနဲ့ Chat လုပ်လိုက်ရတာ ငါ့ရင်ထဲမှာ နည်းနည်း ပေါ့သွားတယ်။ မြန်မာပြည်ပက မိတ်ဆွေတွေဟာ မြန်မာပြည်ကြီးကို အင်တာနက် ပြတင်းပေါက်ကနေ ပြုံတိုးပြီး စုဝေးလို့ စောင့်နေကြတယ်။

စိတ်ချမ်းသာစရာလေး တခုပြောပြီးရင် စိတ်ညစ်စရာလေး တခု ထပ်ပြောပါရစေဦး။ တောင်ဒဂုံမှာ ၀မ်းရောဂါ စဖြစ်နေသတဲ့။ ငါ သေချာအောင် Confirmလုပ်ရဦးမယ်။ ရေပြဿနာကို မဖြေရှင်းနိုင်ရင် ဒီနောက်ဆက်တွဲတွေ လာမှာပဲ။

ဒီနေ့လည်း ရန်ကုန်မှာ မိုးတွေ ရွာတယ်။ အမိုးလန်နေတဲ့ အိမ်တွေနဲ့ ဒုက္ခသည်တွေ ဒုက္ခပိုရောက်ပြီပေါ့။

ဟေမန် ရေ …

မနက်ဖြန်တော့ ငါ့စာကို သတင်းကောင်းတခုနဲ့ စ နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်လို့ ငါ ကတိပေးပါတယ်။
နင် စောင့်ဖတ်ပါဦးနော်။
နင့်သူငယ်ချင်း

သူ
ရန်ကုန်
မေ ၈၊ ၂၀၀၈
http://moemaka.blogspot.com/

Sunday, May 11, 2008

"ရန်ကုန်မြစ်ကြီး ညှီပြီင်္း အနံအသက်တွေ ထွက်နေပါပြီ"


မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ
"ရန်ကုန်မြစ်ကြီး ညှီပြီင်္း အနံအသက်တွေ ထွက်နေပါပြီ"
မိုးမခ
မေ ၁၁၊ ၂၀၀၈

ရုပ်ရှင်ပညာရှင်၊ အနုပညာရှင်တွေနဲ့ စာနယ်ဇင်းပညာသည်တွေ စုစည်းလို့ လေဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ ကြိုးစားနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကယ်ဆယ်ရေးကော်မတီဖွဲ့စည်းလို့ အဖွဲ့ချုပ်က လူကြီး၊ လူငယ်တွေက ၀ိုင်းဝန်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ စစ်အစိုးရက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်။ ဒါကြောင့် အခု အရင်ဆုံး အခြေဥပဒေကို အရင်ဆုံး ၀ိုင်းအားပေးကြလို့ ဆိုနေတာကြောင့် မုန်တိုင်းသင့်ထားတဲ့ အလောင်းတွေ၊ လူနာတွေနဲ့ ဒုက္ခသည်တွေအတွက် အားတွေ မပေးနိုင်သေးကြောင်း သူ့အလုပ်တွေနဲ့ သက်သေပြလျက်ရှိပါတယ်။

လမ်းမှာ အပြေးအလွှားသွားနေတဲ့ ပြည်သူ့မိတ်ဆွေ ကိုဇာဂနာနဲ့ မိုးမခတို့ စကားလက်ဆုံ တခဏတာ ပြောဖြစ်ခဲ့တာလေးကို တင်ပြလိုက်ပါတယ်။

မေး - အလုပ်တွေ များနေပါလား။ အပြေးအလွှားတွေချည်း တွေ့နေရတယ်။

ဖြေ - ဟုတ်တယ်။ အခု ဆေးတွေ၊ အစားအသောက်တွေ လိုက် အလှူခံနေတာ။ အ၀တ်အစားတွေ ၂ သောင်းလောက် စင်္ကာပူက ရောက်တယ်။ အခု ကိုကျော်သူတို့ လှည့်ဝေနေပြီ။

မေး - အခြေအနေ ဘယ်လိုရှိသလဲဗျာ။

ဖြေ - ရန်ကုန်မြစ်ကြီး တခုလုံး ညှီနေပြီဗျာ။ ရန်ကုန်မြို့ကြီးမှာလည်း အနံအသက်တွေ မကောင်းတော့ဘူး။ နယ်တွေကို မပြောနဲ့အုံး။ ကလေးတွေ ဆေးရုံတွေမှာ၊ ဆေးခန်းတွေမှာ။ ၀မ်းပျက်တယ်။ ၀မ်းလျှောတယ်။ အနာတွေလည်း ပေါက်တယ်။ ဘာအနာလေးတွေမှန်းတောင် မသိဘူး။

မေး - ဘာတွေ လိုနေသလဲ။ ဘာတွေ ရှိပြီလဲ။

ဖြေ - အကုန်ပဲ။ လိုတာ။ ဘာမှ မရှိဘူး။ လှိုင်သာယာ၊ ကွမ်းခြံကုန်း၊ တောင်ဒဂုံ … ဟာ … နေရာ အနှံ့ပါပဲ။ ဆန်က အရေးကြီးတယ်။ ဆန်ထုပ်ကလေးတွေ ထုပ်ဝေရတာပေါ့။ ရေသန့်ဆေးပြားတွေ လိုတယ်။ ဆေးတွေ လိုတယ်။ အနာလိမ်းဆေးတွေ။ ၀မ်းပျက်ဆေးတွေ။ ၀မ်းပျက်စေတဲ့ဆေး မဟုတ်ဘူးနော်။ ၀မ်းပျက် ၀မ်းကိုက် ပျောက်ဆေး။

မေး - ဟုတ်ကဲ့။ အကိုတို့လို လူမှုရေးနဲ့ အမျိုးသားရေးမှာ တက်ကြွပြီင်္း အတွေ့အကြုံရှိတဲ့၊ ခံနိုင်ရည်တွေ ရှိတဲ့ ၀ိုင်းတော်သားတွေ၊ မိသားစုတွေ၊ အနုပညာရှင်တွေကို ၀ိုင်းပြီး ၀န်းရံကြဖို့ လုပ်အားဝိုင်းပေးကြဖို့ အရေးကြီးတာပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့တွေကိုလည်း လက်တွဲဆောင်ရွက်နေကြပြီပေါ့။

ဖြေ - ဒီအချိန်မှာ အားလုံးက ဒုက္ခသည်တွေချည်းပဲ။ ဒုက္ခနည်းနည်းရောက်တဲ့သူက ဒုက္ခများများရောက်တဲ့သူကို ၀ိုင်းဝန်း ကူညီစောင့်ရှောက်နေရတာ ဖြစ်တယ်။ တမြို့လုံး အနံအသက်မကောင်းတာကနေ အားလုံးဆီ မပျံ့နှံ့ဖို့ လိုတယ်လေ။ အစားအသောက်က အရေးကြီးသလို အခု ကျန်းမာရေးက အရေးပေါ်နေပြီ။ ရေသန့်ဆေး၊ လိမ်းဆေး၊ ဆေးမျိုးစုံတွေ … ကျွမ်းကျင်တဲ့ ပညာရှင်တွေ … လိုအပ်နေပါတယ်။

မေး - မင်းသား မင်းသမီးတွေကိုလည်း လမ်းပေါ်မှာ တွေ့နေရတယ်။

ဖြေ - ဟုတ်တယ်။ ပြည်သူတွေဟာ သူတို့ ထမင်းရှင်တွေပဲ။ အခု အများကြီး အဖွဲ့လိုက် နယ်တွေကို ဆင်းကြလိမ့်မယ်။ ဆင်းနေပြီ။ ခင်ဗျားတို့ ဓာတ်ပုံတွေ မြင်ရင် ဘယ်သူတွေလဲဆိုတာ တွေ့ကြလိမ့်မယ်။

မေး - နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေ အတွက်လည်း ဆက်လက်ဆောင်ရွက်ဆဲပဲပေါ့

ဖြေ - အမြဲတမ်း ဆောင်ရွက်နေပါတယ်။ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေလည်း လက်တွဲပြီး ကူညီနေကြတယ်။ အေးဗျာ … ပေါ်ဦး (ကိုမင်းကိုနိုင်) မျက်စိ ပြခွင့်ရခဲ့တယ်ဗျာ။ ကန်တော်ကြီးမှာ ဆိုပဲ။ အဲဒါလေး သတိရလို့ ထည့်ပြောလိုက်တာ။ အဲဒီနောက်ပိုင်း ထူးတာရှိရင် ပြောမယ်လေ။

မေး - ဟုတ်ကဲ့။ ကျနော်တို့နဲ့ အခုလို အပြေးအလွှားနဲ့ ဖြေကြားတာ ကျေးဇူးတင်ပါတယ်။

ဖြေ - နောက်တွေ့ချင်ရင် လိုက်ရှာပြီးသာ ခေါ်နော်။ ကျနော်တို့မှာ ဘာမှ မရှိဘူး။ မီးမရှိ၊ ဖုံးမရှိ၊ အင်တာနက် မရှိနဲ့။ နို့ဆီခွက်ကို ဟိုဖက် ဒီဖက် နန်းကြိုးဆွဲပြီး ပြောလို့ရရင် အကောင်းသား။

Friday, May 9, 2008

Irrawaddy...

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ ၂

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ ၂

(မေ ၇၊ ၂၀၀၈)
သူ
မေ ၉၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာကနေ ငါ စာရေးလိုက်တယ်။

နင် နေကောင်းရဲ့လား။ ငါရေးလိုက်တဲ့ ပထမစာကို ဖတ်ပြီး စိတ်မကောင်း ဖြစ်နေသလား။ နင်တို့ အဝေးကလှမ်းပြီး စိတ်ပူနေရမှာ စိုးသလို ဒီမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း အမှန်အတိုင်း သိစေချင်နေတယ်။ နင် ဆက်ဖတ်ပေးပါဦး။

မနေ့က ငါ့အဖေက လူတယောက်လွှတ်ပြီး မှာလိုက်တယ်။ သူ့ဆီကို အမြန်ဆုံး လာခဲ့ပါတဲ့။ ငါ့အဖေအိမ်ကို ငါ ရောက်သွားတော့ အဖေ့ရွာက အကို တယောက် ရောက်နေတယ်။ အဖေ့မျက်နှာနဲ့ အကို့ အရိပ်အခြေကို မြင်လိုက်ကတည်းက တစုံတရာ အကြီးအကျယ် မှားယွင်းသွားပြီဆိုတာ ငါ သိလိုက်တယ် ဟေမာန်။

အကိုက ငါ့လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်တွေနဲ့ ပြောတယ်။

“ရွာမှာ ဘာမှ မကျန်တော့ဘူး ညီလေး" တဲ့။

ငါ့စိတ်တွေ လေထဲမှာ ၀ဲပျံသွားပြီးတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ရွာကလေး တရွာကို ရောက်သွားခဲ့တယ်။ ချောင်းတလျှောက် သွယ်တန်းနေတဲ့ အိမ်ကလေးတွေ၊ ဓနိတော၊ အုန်းတောနဲ့ မျက်စိတဆုံး လယ်ကွင်း စိမ်းစိမ်းကြီးတွေ၊ အဝေးက ဘုရားဆည်းလည်းသံနဲ့ ချောင်းထဲက တဘုတ်ဘုတ် မြည်နေတဲ့ မော်တော်သံ။ ကျောင်းဆင်းချိန်ဆိုရင် ရွာကျောင်းသားလေးတွေက ရွာရိုးတလျှောက်မှာ အဖြူအစိမ်းလေးတွေနဲ့ စီရီလို့။ ဒီရွာမှာ ငါ့အဘေး ခေါင်းချခဲ့တာပေါ့။ ဒီရွာမှာ ငါ့အဘိုး နေသွားခဲ့တာပေါ့။ ဒီရွာမှာ ငါ့အဖေ ပညာသင်ခဲ့တာပေါ့။

ငါ့စိတ်တွေ စုစည်းပြီး သတင်းထောက် တယောက်ရဲ့ တာဝန်တွေကို ဆက်လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။

တကယ်တော့ ဒီလောက်ပြင်းထန်တဲ့ မုန်တိုင်းကြီး လာတော့မယ်ဆိုတာကို ရွာသားတွေ ကောင်းကောင်း မသိကြဘူး။ တိုက်မယ့်ညမှာ မြန်မာရုပ်မြင်သံကြားက ၀တ်ကျေတန်းကျေ ထိုးပေးတဲ့ သတင်းစာတန်း တကြောင်း ကိုလည်း ရုပ်မြင်သံကြားစက်ရှိပြီး ကြည့်မိသူတချို့ပဲ နည်းနည်း သတိထားမိလိုက်ကြတယ်။ အကို တယောက်ပဲ ပညာတတ်လည်းဖြစ်ပြီး ရေဒီယိုလည်း ပုံမှန်နားထောင်သူ ဆိုတော့ RFA က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နာဂစ်မုန်တိုင်းအပေါ်မှတ်ချက်ကို နားထောင်ရတဲ့အခါ ဒါဟာ အန္တရာယ်ပဲလို့ သိခဲ့တယ်။

မုန်တိုင်းရဲ့ လေထဲမှာ ရွာက အိမ်တွေအားလုံး ကျွတ်ထွက်ကုန်တယ်။ သစ်ပင်တွေ အားလုံး လဲကျတယ်။ ချောင်းထဲက ရေတွေ လျှံတက်လာပြီး လယ်ကွင်းတွေအားလုံး ရေကမ္ဘာဖြစ်သွားတယ်။ မနှစ်က ငါသွားတုန်းက ထမင်းဟင်းကို စိတ်ကြိုက်ချက်ကျွေးခဲ့တဲ့ ငါ့အဒေါ်ကြီး (ငါ့အဖေရဲ့ အမ) နဲ့ သူ့ခင်ပွန်း ၂ ယောက်စလုံး သစ်ပင်ပိပြီး သေဆုံးသွားတယ်။ ငါ့အမ၀မ်းကွဲ တယောက် မှောင်နဲ့ မည်းမည်းမှာ ကလေး ၂ ယောက်ကို သယ်ပြေးရင်း လေဆောင့် အတိုက်မှာ ကလေး ၂ ယောက်လုံး လက်လွတ်ပြီး ရေထဲကျပျောက်သွားခဲ့တယ်။ ငါ့တူလေး နဲ့ ငါ့တူမလေး …

ဟေမာန်ရယ် … ဟေမာန်ရယ် … ဟေမာန်ရယ် …

ငါတို့မြန်မာပြည်ကြီးမှာ ငိုစရာ မျက်ရည်တောင် ကျန်သေးရဲ့လား ငါမသိတော့ပါဘူး။ ဒို့ တရွာလုံးမှာ ပြိုမသွားတဲ့ အိမ်ဆိုလို့ အကို့အိမ်တအိမ်ပဲ ကျန်ခဲ့တယ်။ တရွာလုံးက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေအားလုံး မတ်တပ်ရပ်နေကြရတယ်။ ချောင်းထဲမှာ လူသေ၊ ကျွဲနွားသေတွေက ပေါလော။ လယ်ကွင်း ရေဖွေးဖွေးမှာ ကောက်မနိုင်တဲ့ အလောင်းတွေက ပက်လက်။ သောက်စရာမရှိတဲ့အတွက် ငန်ပြီး နံနေတဲ့ ချောင်းရေကိုပဲ သောက်ကြရတယ်။ ပုပ်နေတဲ့ ကျွဲနွား အသေတွေကို ဖျက်စားကြတယ်။

ရန်ကုန်ဟာ စစ်မျက်နှာဆိုရင် ဧရာဝတီတိုင်းဟာ “ငရဲ” ပဲ … ဟေမန်။

ကယ်ဆယ်ရေးလား … ။ စားနပ်ရိက္ခာ ဝေငှဖို့ မပြောနဲ့၊ သေစာရင်း ကောက်မယ့်လူတောင် ရောက်မလာပါဘူး။ လူတွေဟာ အခုထက်ထိ ရေထဲမှာ နေ နေ ကြရဆဲ။ ငါ့အကိုက ပြောတယ်။

“လူတွေ ရေထဲမှာ ကြာနေပြီ။ တချို့အခုထိ မသေသေးဘူး။ ဒါပေမဲ့ သေမှာပါပဲ …” တဲ့။

ငါ့ ရင်တွေ ပွင့်ထွက်တော့မယ်။

ဒို့ရွာလေးဟာ ဒေးဒရဲမြို့နယ် အပိုင်ထဲက ဂွကြီး ကျေးရွာ အုပ်စုဝင် ရွာတရွာပါ။ ဒေးဒရဲ မြို့နယ်ထဲမှာ ကျေးရွာစု ၉၂ စု ရှိတယ်။ ဂွကြီးအုပ်စု တစုထဲမှာ လူ ၁၀၀ ကျော် အသက် ဆုံးရှုံးတယ်။ ကျေးရွာ အုပ်စု ၉၂ စု ပေါင်းဆိုရင် နင် မှန်းကြည့်ပေတော့။ ဒေးဒရဲမြို့နယ်ထဲမှာ သောကြာ၊ တံတား၊ တံတားချောင်၊ ကန်ဆိပ်နဲ့ ကျုံဟဲရွာတွေဟာ ရွာလိုက်ပျောက်သွားတယ်။ ငါ့အကို ခန့်မှန်းတယ်။ ဒေးဒရဲ တမြို့နယ်အတွင်းမှာ လူ ၁ သိန်း နီးနီး သေနိုင်တယ် တဲ့။

ဖျာပုံ၊ ဘိုကလေး မြို့နယ်တွေမှာလည်း ရွာလိုက် ပျောက်သွားတာတွေ အများကြီးပဲ။ “ကဇုံကနိ” တို့၊ “မိန်းမလှကျွန်း” တို့ဆိုတာ အင်မတန် နာမည်ကြီးတဲ့ ရွာကြီးတွေပေါ့။ အခုတော့ မြန်မာပြည်ရဲ့ စပါးကျီ မြစ်ဝကျွန်းပေါ်ဟာ နာလန်မထူနိုင်အောင် ပျက်စီးသွားခဲ့ပြီ။ လူ သိန်းချီ သေဆုံးခဲ့ရပြီး လယ်ကွင်းအားလုံး ပျက်စီးသွားခဲ့ပြီ။ ရေချို မြစ် ချောင်း ကန်တွေထဲကို ရေငန်တွေ ၀င်ခဲ့ပြီ။ ဥယျာဉ် ခြံမြေတွေ လဲပြိုသွားခဲ့ပြီ။ ဘယ်တော့မှ နာလန်ပြန်ထူတော့မှာ မဟုတ်ဘူးလို့ ငါ့အကိုက မျက်ရည်တွေနဲ့ ပြောခဲ့တယ်။

“ကယ်ဆယ်ရေး ကော? " လို့ နင်ထပ်မေးအုံးမလို့လား ဟေမာန်။

ကျေးရွာတွေဘက်ကို ခြေဦးလုံးဝ မလှည့်လာတဲ့ အာဏာပိုင်တွေက ဖျာပုံမြို့ပေါ်မှာတော့ ခေါက်ဆွဲထုပ် နည်းနည်း ဝေပြတယ်။ မဝေခင်မှာ ကင်မရာတွေကို အကျအန ဆင်ကြတယ်၊ ဓာတ်ပုံသမားက "ရပြီ"လို့ အချက်ပြတာနဲ့ စ ဝေပြီး ခဏနေတော့ သိမ်းလိုက်ကြတာပေါ့။

ရန်ကုန်မှာလည်း ဒီလိုပါပဲ။ ဘယ်တုန်းကမှ ပေါ်မလာတဲ့ ယူနီဖောင်းတွေက ၅ ရက်နေ့ မနက်မှာ ရှိုးနဲ့ မိုးနဲ့ ပေါ်လာပြီး လဲကျနေတဲ့သစ်ပင်ကြီးတွေ အနားမှာ နေရာယူကြတယ်။ ကင်မရာတွေက မီးတွေလင်းပြီးသွားတဲ့အခါတော့ ကားပေါ်တက်ပြီး ပြန်ပျောက်သွားကြတော့တာပဲ။ ဗိုလ်တထောင် မြို့နယ်ရဲ့ တနေရာမှာတော့ ထရပ်ကားပေါ်က စစ်သားတွေ ဆင်းလာကြတယ်။ လူတွေက ရှင်းလင်းရေးလုပ်ဖို့လို့ ထင်ကြတယ်။ သူတို့က ပါတဲ့ ဓားတွေနဲ့ သစ်ကိုင်းတွေကို ထင်းအဖြစ် ခုတ်ပြီး ကားပေါ်တင်သွားကြတာ။ လမ်းပေါ်မှာ လဲကျ ကျန်နေခဲ့တဲ့ သစ်ပင်ကြီးက ခြေမဲ့ လက်မဲ့ တုံးလုံး ပက်လက်။

သတင်းစာတွေထဲမှာတော့ "ကယ်ဆယ်ရေး အကူအညီများ ထိရောက်စွာ စီမံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းရှင်းလင်းရေးတွေ လုပ်နေတဲ့ ပုံတွေပဲ ဖော်ပြနေကြတယ်။ မိုက်မဲတဲ့ မြန်မာ့အလင်းကတော့ အခြေအနေကို နားမလည်ဘဲ "မိုးဦးကျ ကာလမှာ လျှပ်စစ်မီးသုံးရင် သတိထား" တဲ့။ အောက်မြန်မာပြည်တခုလုံး ကျောက်ခေတ်ကို ပြန်ရောက်သွားချိန်မှာ ဘယ်လျှပ်စစ်မီးကို သတိထား သုံးရမှာလဲ။

သွပ်တွေ တချပ်ကို ၆,၀၀၀ ကနေ ၁၆,၀၀၀ ဖြစ်သွားတယ်။ အခု ၀ယ်လို့ မရတော့ဘူး။ ဧရာဝတီတိုင်းမှာ ဆန်တောင် ၀ယ်လို့ မရတော့ဘူး။ ဆန်ကွဲနဲ့ ရေစိုဆန်ပဲ ၀ယ်လို့ရတယ်။

ဘာလို့ ဒီလောက်တောင် ဖြစ်သွားရတာလဲလို့ နင်မေးချင်နေတာလား ဟေမာန်။ ဒါမှမဟုတ် အစိုးရက ကြိုမသိဘူးလားလို့ မေးမလို့လား။

တကယ်တော့ ပါးနပ်တဲ့ ဗိုလ်ချုပ်တွေဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကိုယ်ပိုင်လေယာဉ် အပါအ၀င် သူတို့သုံးစွဲနေတဲ့ လေယာဉ်တွေအားလုံးကို တံတားဦး နိုင်ငံတကာလေဆိပ်ကို မပျက်စီးအောင် ကြိုပို့ထားပြီးသား …။ ပြီးတော့ ငါတို့ပြည်သူတွေကို ပြောတယ်။ … မစိုးရိမ်ပါနဲ့ … တဲ့။

သစ်ပင်ပိပြီး သေဆုံးသွားတဲ့ အဒေါ်

ရေထဲကို ကျသွားတဲ့ ငါ့ တူလေးနဲ့ တူမလေး …

ပြည်သူတွေ …

ပြည်သူတွေ …

ကလောင်ကို လွှတ်ချပြီး လက်နက်တစုံတရာကို ကောက် မကိုင်မိဘို့ ငါ ခက်ခက်ခဲခဲ ကြိုးစားနေရတယ် ဟေမာန် … ။

နင့် ငါ့စာတွေ ဖတ်ချင်သေးရဲ့လား …။

နင့်သူငယ်ချင်း
သူ
ရန်ကုန်
ရ မေ၊ ၂၀၀၈
http://moemaka.blogspot.com/

Thursday, May 8, 2008

America voices anger at junta’s refusal to accept offers of aid

Martin Fletcher and Joanna Sugden

The Bush Administration expressed outrage at Burma’s obstruction of international relief efforts yesterday, with one senior official even suggesting that the US military drop food aid over parts of the country without the regime’s permission.

That suggestion was quickly shot down by Robert Gates, the US Defence Secretary, but the Administration made no secret of its anger. “We are shocked by the behaviour of the Government. It should be a no brainer to accept the offer made by the international community,” Zalmay Khalil-zad, US Ambassador to the United Nations, declared as the UN announced that 1.5 million Burmese were now in desperate need of help.

“We are on the cusp of a second wave of tragedy . . . It’s a race against time,” Tim Costello, chief executive of the charity World Vision, said from Rangoon. “The urgency is great. The level of suffering is enormous.” Aid was arriving “in a trickle but it needs to be a flood because lives are hanging in the balance”.

Mr Costello said helicopters were the only way to get the supplies needed to avert an epidemic of malaria, dysentry and cholera but the Burmese military did not have enough.

The Pentagon has moved many of the 23 helicopters on board the USS Essex, which has been participating in a multinational humanitarian exercise in the region, to a staging area in Thailand where they are waiting permission to enter Burma. Three giant C-130 cargo planes and a C-17 loaded with relief supplies are also waiting there, and Washington is prepared to send four Navy ships laden with desperately needed provisions.

Thailand’s prime minister has offered to negotiatate on Washington’s behalf, but the regime is refusing to accept US assistance. It asked Washington only for satellite photographs of the devastated area.

A week after the cyclone the first international aid flights were allowed into Burma yesterday. Four UN planes carrying 40 tons of high-ener-gy food and other supplies landed in Rangoon, and a Red Cross plane arrived from Kuala Lumpa carrying shelter kits for 2,000 people.

But other relief flights were still awaiting permission to fly in, scores of disaster experts were struggling to get visas and two of a four-strong UN disaster assessment team were turned back at Rangoon. “This is an unacceptable situation,” Sir John Holmes, the UN Humanitarian co-ordinator, said.

Ban Ki-moon, the UN Secretary-General, urged the regime to postpone Saturday’s constitutional referendum – one reason it is reluctant to admit outsiders – so it could focus all its resources on the relief effort. The British, French and German foreign ministers demanded the regime lift all restrictions on international relief. The Association of Southeast Asian Nations urged it to work with the international aid community “before it’s too late”. Even China, Burma’s closest ally, called on the regime to cooperate with aid efforts.

The regime is letting in planes and ships from countries such as Thailand, Singapore and Bangladesh that it trusts, but remains deeply suspicious of aid from western nations.

It is allowing free access to the disaster areas to nongovernmental organisations (NGOs) already in Burma, Mr Costello said. The problem, he added, was that the NGOs already working in Burma were focused primarily on development, not disaster relief.

The British Disaster Emergency Committee, representing 13 NGOs, launched an appeal for donations yesterday. The UN pledged $10 million in immediate aid, and many governments have offered money and supplies. British charities appear better placed than many to respond. CARE International has 500 employees in Burma, almost all Burmese, distributing food and water in two of the worst-hit districts. Save the Children has more than 500 in Burma and has managed to get aid to 60,000 people.

Burma: 1 million in danger

May 9, 2008 - 6:43AM
AFP

More than one million homeless in Burma are battling to stave off disease and hunger, but the military government maintained tight limits on foreign assistance six days after a massive cyclone.

With death toll estimates near 100,000 and the clock ticking for those who survived, Burma's junta - long suspicious of the outside world - came under new pressure to fully open up to help from abroad.

Aid was only trickling in despite warnings that specialists were needed to deliver food and water into disaster zones strewn with rotting bodies, and it was unclear if the regime had yet given visas to foreign aid staff.

United Nations humanitarian chief John Holmes said he was "disappointed" with Burma over its failure to facilitate entry to more foreign relief workers and supplies to cope with the disaster.

And UN chief Ban Ki-moon urged the regime to focus on mobilising resources to cope with the cyclone disaster rather than on the upcoming constitutional referendum.

The United States, one of the junta's most vocal critics, announced it was not sending an aid flight after earlier saying it was, adding to the sense of confusion and frustration over the international relief effort.

The White House urged Burma to allow US disaster relief into the country while a State Department official said the US was mulling dropping food aid, hinting they may go ahead without Yangon's approval.

There are fears that many of those who survived the first tragedy may succumb to a second, falling prey to hunger and disease while the supplies that might save them languish nearby with no way - or no permission - to get in.

Aid groups said the country needs hundreds of planeloads of supplies and equipment to cope with Cyclone Nargis, which barrelled into Burma last week, unleashing one of the worst natural disasters in history.

They said help was slowly arriving, but not enough -- and not quickly enough -- for most of those in the stricken southwest Irrawaddy delta who saw their villages ripped apart or washed away.

The UN said four disaster experts received permission to travel to Burma, but there was no immediate word for hundreds of others awaiting a green light from the military, which has ruled Burma since 1962.

The UN's Holmes told reporters: "I am disappointed that we have not had more results" from discussions with the Myanmar government.

Holmes said UN chief Ban Ki-moon was trying to talk to junta leader Than Shwe to urge him "strongly to facilitate access" for foreign relief workers.

In a rare break from its policy of non-interference in its members' affairs, the Association of Southeast Asian Nations (ASEAN) pressed the junta to soften its stance, as did China.

It is not known if all the remote delta settlements have been reached by the government. But with the devastation widespread, and apparently thousands of dead rotting on the ground, the regime upped the official death toll by 17.

State-run television gave the latest figures as 22,997 dead, 1430 injured and 42,119 missing.

But a military official in the delta township of Labutta estimated 80,000 dead there alone, and many families there told an AFP reporter most of their relatives had been killed.

"Houses collapsed, buildings collapsed, and people were swept away," one man said. "I only survived by hanging on to a big tree."

Around 5000 square kilometres remain underwater, and more than a million homeless need emergency relief, a UN spokesman said.

"The bottleneck (in aid) is getting it out in the delta. That needs boats, helicopters, trucks," said Richard Horsey, a Bangkok-based spokesman with the UN's Office for the Coordination of Humanitarian Affairs.

Shari Villarosa, US charge d'affaires in Burma's main city Rangoon, said there could be more than 100,000 dead in the Irrawaddy delta, where 95 percent of buildings were reported to have disappeared.

Food prices in Burma, already one of the world's most impoverished nations, have soared.

Petrol on the black market, where most people obtain their fuel, has more than doubled.

Despite the crisis, the government said it plans to go ahead with Saturday's constitutional referendum as part of a slow-moving process to restore democracy -- a process critics say is only intended to cement the army's grip on power.

(AFP)

“နာဂစ်ရေ....”

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ
(မေ ၅၊ ၂၀၀၈)
သူ
မေ ၈၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာက ငါစာရေးလိုက်တယ်။ ဘာအလင်းရောင်မှ မရှိတဲ့ မြို့ပျက်ကြီးရဲ့ ညမှာ ဖယောင်းတိုင်တတိုင်ရဲ့ အလင်းနဲ့ ဒီစာကို ငါရေးနေတာ ဟေမန်။ နင်တို့ သိပ်စိတ်ပူနေမယ်ဆိုတာ ငါသိတယ်လေ။ ငါ့မျက်လုံးကို မှိတ်လိုက်တဲ့အခါ ဆန်ဖရန်စစ္စကိုက နွေးထွေးပျော်ရွှင်ဖို့ကောင်းတဲ့ နင်တို့မိသားစု အိမ်ကလေးကို သတိရနေတယ်။ ဥဏ်ရည်ထက်ပြီး သိပ်ချစ်စရာကောင်းတဲ့ သမီးလေးကိုလည်း ငါသိပ်လွမ်းပါတယ်။

ငါနဲ့ ငါ့မိသားစု အထိအခိုက်မရှိပါဘူး ဟေမန်။ ငါတို့အိမ်အမိုးပေါ်မှာ သစ်ပင်ကြီးကြီးတပင် လာပိနေပေမယ့် အိမ်ကလေးကို ငါတို့ စွန့်ခွာလာခဲ့ရပေမယ့်၊ အခု ယာယီနေ နေရတဲ့နေရာမှာ သောက်စရာ၊ သုံးစရာ ရေမရှိပေမယ့် ငါတို့ ကျန်းမာနေဆဲပါ။

ရန်ကုန်ကို နင်မှတ်မိမှာ မဟုတ်ဘူး ဟေမန်။ ဘာဖြစ်လို့လဲဆိုတော့ ငါတောင် ရန်ကုန်ကို မမှတ်မိတော့လို့ဘဲ။ ဒီမှာပဲ အမြဲနေနေရတဲ့ လူတယောက်တောင် မြို့ကြီးရဲ့ အရင်ပုံရိပ်တွေကို ဖမ်းဆုပ်လို့ မရတော့ရင် နှစ်တွေကြာအောင် ခွဲခွာသွားခဲ့တဲ့ နင့်အတွက် ဒီမြို့က သိပ်စိမ်းနေတော့မယ်။

လမ်းတွေနဲ့ အိမ်တွေပေါ်မှာ ပြိုလဲကြနေတဲ့ တချိန်က ရန်ကုန်မြို့ရဲ့ ဂုဏ်ယူစရာ သစ်ပင်စိမ်းစိမ်းကြီးတွေ၊ ကျိုးပဲ့ပွင့်ထွက်နေတဲ့ သမိုင်းဝင်အဆောက်အဦကြီးတွေ၊ လမ်းပေါ်မှာ ကျီးလန့်စာစား ပြေးလွှားနေကြတဲ့လူတွေ၊ တချိန်က အမြဲတမ်း ဟန်နဲ့ပန်နဲ့ ရှိုးနဲ့ မိုးနဲ့ နေခဲ့ကြတဲ့ ရန်ကုန်မြို့သားတွေရဲ့ မျက်နှာပေါ်က အကြောက်တရား၊ ဒေါသနဲ့ သောကတွေ …။

ရန်ကုန်ဟာ စစ်မျက်နှာပါ ဟေမန်၊ ရန်ကုန်ဟာ စစ်မျက်နှာပါ …။

ဒါပေမဲ့ ဒီစစ်ဟာ သဘာဝဘေးအန္တရာယ်နဲ့ လူသားတွေ အကြားက စစ်ပွဲပဲလို့ ရိုးရိုးရှင်းရှင်း သတ်မှတ်လို့ မရပါဘူး။ ဒီစစ်ပွဲဟာ ဆိုင်ကလုန်းဆိုး "နာဂစ်" နဲ့ မြန်မာပြည်သူတွေအကြားက ပြသနာတခုဆိုတာထက် အဓိပ္ပါယ် အများကြီး ပိုပါတယ်။ ဒီစစ်ပွဲဟာ တာဝန်မဲ့မှုနဲ့ နာကျင်မှုအကြားက စစ်ပွဲ။ ဒီစစ်ပွဲဟာ ရက်စက်မှုနဲ့ အမှန်တရား အကြားက စစ်ပွဲ။ ဒီစစ်ပွဲဟာ ဖိနှိပ်မှုနဲ့ မျှော်လင့်ချက် အကြားက စစ်ပွဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် …

ရန်ကုန်ဟာ စစ်မျက်နှာပဲ ဟေမန်။

မေလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ဟာ အရင်အတိုင်းပဲ စည်စည်ကားကားရှိနေခဲ့တယ်။ ရန်ကုန်မြို့သားတွေလည်း ရုံးတက်၊ ဈေးဝယ်၊ လည်ပတ်နဲ့ ပုံမှန်နိစ္စဓူဝထဲမှာ လည်ပတ်နေတုန်းပဲ။ သမိုင်းတွင်မယ့် ခြောက်ခြားစရာ အပြောင်အလဲတခု လာနေပြီဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး။ သတိထားမိအောင်လည်း ဘယ်သူကမှ ဒီမြို့သားတွေကို ကြိုတင်အသိမပေးခဲ့ကြဘူး။

မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ မိုးတွေ ရွာနေခဲ့တယ် ဟေမန်။ တကယ်တော့ မိုးရွာနေခဲ့တာ ရက်အနည်းငယ်တောင် ရှိသွားပြီ။ မိုးထဲမှာ ပျော်ပြီးသား ရန်ကုန်သားတွေအတွက် မေလရဲ့မိုးဟာ ပန်းနဲ့ပေါက်သလိုပါ။ တချို့က မုန်တိုင်းတခု လာနေပြီဆိုတာကို သိကြတယ်။ တချို့က မသိကြဘူး။ ဒါပေမဲ့ သေချာတာတခုကတော့ သိသူရော မသိသူတွေပါ ဒီမုန်တိုင်းရဲ့ ပြင်းအားနဲ့ ဖျက်ဆီးအားကို မသိခဲ့ကြပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း ရန်ကုန်မြို့ကို ဦးတည်လာနေခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်မှု မလွန်ကဲပါနဲ့ ဆိုတဲ့ အစိုးရရဲ့ တိုတိုတုတ်တုတ် ကြေညာချက်အောက်မှာ ဒီနေ့အိမ်ကို စောစောပြန်ဖို့နဲ့ တခါးလုံအောင်ပိတ်ပြီး အိပ်ယာထဲမှာ ကွေးဖို့လောက်ပဲ မြို့သားအများစုက ယူဆခဲ့ကြတယ်။

ရေကို ကြိုတင်စုဆောင်းထားဖို့၊ စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားဖို့၊ အထပ်မြင့်မြင့်က လူတွေနဲ့ တောရွာကလူတွေ လုံခြုံတဲ့နေရာကို ကြိုတင်ရွေ့ပြောင်းထားကြဖို့ ပြည်သူတွေကို ဘယ်သူကမှ ကြိုတင် သတိမပေးကြဘူး။

တကယ်ကတော့ "နာဂစ်" လာနေပြီဆိုတာကို ရက်တွေနဲ့ ကြိုပြီး သိနေခဲ့ပြီးသား။ မိုးလေ၀သဂြိုလ်တုတွေနဲ့ ပြည်ပသတင်းဌာနတွေက ခန့်မှန်းထားပြီးသား။ "နာဂစ်" ဟာ ကြိုတင်မသိနိုင်တဲ့ ငလျင်တခုမဟုတ်ဘူး။ သူ့ခရီးစဉ်ကို ကြိုတင်အသိပေးပြီး ဟိန်းဟောက်ချီတက်လာတဲ့ မုန်တိုင်းတခု။ ဒါပေမဲ့ ပြည်ပအဖျက်သမားတွေရဲ့ ကြိုးဆွဲရုပ်သေး အစိုးရ ပေါ်ပေါက်လာမှာကို မလိုလားသူတိုင်း - အခြေခံဥပဒေကို ထောက်ခံမဲပေးကြ … ဆိုတဲ့ ကြွေးကြော်သံကိုပဲ ဖိအော်နေကြတဲ့ အစိုးရမီဒီယာတွေက "နာဂစ်" ကို နေရာမပေးခဲ့ကြဘူး။

ဒီလိုနဲ့ သနားစရာကောင်းတဲ့ မြန်မာပြည်သူတွေဟာ ရက်စက်ကြမ်းကြုပ်တဲ့ သဘာဝဘေးအန္တရာယ်ကြီးဆီကို ကူရာ ကယ်ရာမဲ့စွာနဲ့ တလှမ်းချင်းတိုးဝင်သွားခဲ့ကြတယ်။ တကယ်တော့ သတ်ကွင်းထဲကို မတော်တဆရောက်သွားတာ မဟုတ်ပါဘူး။ သတ်ကွင်းထဲကို အပို့ခံလိုက်ကြရတာပါ။

ည ၁၁ နာရီခွဲ လောက်ကတည်းက တဖြည်းဖြည်းမောင်းတင်လာတဲ့လေဟာ ညသန်းခေါင်ကျော်မှာ အရှိန်သိပ်ကောင်းနေပြီ။ မနက် ၃ နာရီလောက်မှာတော့ ကြောက်စရာအကောင်းဆုံး မုန်တိုင်းတခုကို ရင်ဆိုင်နေရပြီဆိုတဲ့ အသိနဲ့အတူ (ဒီတကြိမ်လည်း) အစိုးရရဲ့ သစ္စာဖောက်မှုကို ခံရပြန်ပြီဆိုတဲ့အသိက ရန်ကုန်မြို့သားတွေဆီကို ၀င်ရောက်ခဲ့ပါပြီ။ မုန်တိုင်းဟာ ကြောက်မက်ဖွယ်သတ္တ၀ါကြီးတကောင်လို အော်ဟစ်နေတယ်။ ကောင်းကင်မှာ သွပ်ပြားတွေ ၀ဲပျံနေတယ်။ သစ်ပင်တွေ တ၀ုန်းဝုန်းပြတ်ကျနေတယ်. နောက် တနေ့ နေ့လည်အထိ စက္ကန့်တိုင်းဟာ ကြောက်စရာ အတိပြီးခဲ့တယ်။

နောက်တနေ့ မုန်တိုင်းစဲလို့ လမ်းမပေါ်ကို ထွက်ကြည့်ကြတဲ့အခါ အပျက်အစီးပုံတွေကြားက စစ်မြေပြင်တခုကို ရန်ကုန်မြို့သားတွေ တွေ့ရှိလိုက်ကြတယ်။ လမ်းပေါ်မှာ ပြိုလဲနေတဲ့ သစ်ပင်ကြီးတွေက ပိတ်ဆို့နေတယ်။ ကားတွေ ယာဉ်တွေ ပျက်စီးနေကြတယ်။ အဆောက်အဦတွေ ပြိုကျနေတယ်။ ဓာတ်တိုင်၊ ဖုန်းကြိုး၊ ဘာမှ မရှိတော့ဘူး။ ရန်ကုန်ဟာ "နာဂစ်" ရဲ့ ဖ၀ါးအောက်မှာ ပြားပြားဝပ်သွားခဲ့ပြီ။

လူတွေဟာ ခြောက်ခြားစွာနဲ့ မြို့တော်ကြီးကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြတယ်။ ကြောက်စရာအကောင်းဆုံး မြင်ကွင်းတခုကတော့ ကောင်းကင်မှာ အုပ်လိုက် ပျံသန်းရင်း ထိတ်လန့်အော်ဟစ်နေကြတဲ့ ကျီးကန်းအုပ်ကြီးတွေပဲ။ သစ်ပင်တွေ ပြိုလဲကုန်ကြလို့ နားခိုစရာမရှိပဲ အထိတ်တလန့်ဖြစ်နေကြတဲ့ ကျီးကန်းအုပ်တွေက ရန်ကုန်မြို့ရဲ့ကောင်းကင်မှာ နိမ့်နိမ့်လေးတွေ ပျံရင်း အော်ဟစ်နေကြပုံဟာ ခြောက်ခြားစရာ ကောင်းလှတယ်။

ငါ့မိတ်ဆွေ ပန်းချီဆရာကြီးတဦးကတော့ မှတ်ချက်ချတယ်။ "ဗန်ဂိုး ကိုယ့်ကိုယ်ကို သတ်မသေခင် ရေးသွားတဲ့ပန်းချီကားလိုပဲ၊ ငှက်မည်းကြီးတွေက ပျံလို့ …" တဲ့။

မုန်တိုင်းစဲသွားမှ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မြို့တော်ကြီးကို ပွေ့ဖက်လိုက်ရတဲ့ မြို့သားတွေဟာ တစုံတရကို သတိထားမိသွားကြတယ်။ အဲဒါကတော့ စက်တင်ဘာပြီးကတည်းက လမ်းတွေပေါ်မှာ ဟန်ရေး တပြပြနဲ့ လက်နက်တွေ ဆွဲကိုင်ပြီး လူထုကို ခြိမ်းခြောက်နေခဲ့ကြတဲ့ စစ်တပ်၊ ရဲနဲ့ ကြံ့ဖွံ့တွေ ပျောက်ကွယ်သွားခြင်းပဲ ဟေမန်။ မုန်တိုင်းတိုက်မယ့် ၂ ရက်နေ့ ည ရ နာရီအထိ အလုံလမ်းတလျောက် မောင်းသွားတဲ့ လုံထိန်းကားတွေကို ငါတို့ တွေ့ခဲ့သေးတယ်။ အဓိကရုဏ်း နှိမ်နှင်းရေး ၀တ်စုံတွေ၊ သေနတ်တွေ၊ တုတ်တွေ၊ ဒိုင်းတွေနဲ့အတူ လမ်းပေါ်က ပြည်သူတွေကို စိမ်းစိမ်းကြီးတွေ ကြည့်လို့။ အခုတော့ သူတို့ ပျောက်ကွယ်သွားခဲ့ကြပါပြီ။

ဆရာမြသန်းတင့်သာရှိရင် ရန်ကုန်မြို့ကို မီးလျှံထဲက ပြန်ထတဲ့ ဖီးနစ်ငှက်နဲ့ တင်စားလိမ့်မယ်။ တိုက်ပွဲ အမျိုးမျိုးကို ဖြတ်ကျော်ခဲ့ပြီးတဲ့ ရန်ကုန်သားတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အပျက်အစီးပုံတွေကို မ တင် ရှင်းလင်းဖို့ အားထုတ်ကြတယ်။

၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ကို ပြည်သူတွေ ကိုယ့်ခြေ ကိုယ့်လက်နဲ့ ပြန်လည် ပြုစုကြရတော့တယ်။ အစိုးရဘက်ကတော့ ရေဒီယို၊ ရုပ်သံဝေးလို့ လော်စပီကာနဲ့တောင် လှည့်ပြီး အားပေးဂရုပြုမှု မရှိကြဘူး။ ဘာမှ အရေးယူဆောင်ရွက်မှုမရှိတဲ့အပြင် မုန်တိုင်းတိုက်ခဲ့တယ်ဆိုတာတောင် ကြေညာမှု မရှိခဲ့ဘူး။

တချိန်လုံး တိတ်နေခဲ့တဲ့ အစိုးရဟာ မုန်တိုင်းတိုက်ပြီး နောက်နေ့ ၃ ရက် ညနေ ၅ နာရီမှာ GSM တယ်လီဖုန်းတွေကို MPT (Myanmar Post & Telecomm) ဆိုတဲ့ မြန်မာဆက်သွယ်ရေးလိပ်စာနဲ့ သတင်း မက်ဆေ့ခ်ျ ပေးပို့ခဲ့တယ်။ "မုန်တိုင်း ဒုတိယအကြိမ် ထပ်ဝင်မယ်။ ပြင်းထန်မယ် …" တဲ့။

ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုကြီးကို လတ်လတ်ဆတ်ဆတ် ရင်ဆိုင်ခဲ့ရတဲ့ လူတွေဟာ ဒီသတင်းကို ကြားတော့ သွေးပျက်သွားကြတယ်။ အပျက်အစီးတွေကို ရှင်းလင်းဖို့လုပ်နေကြတဲ့၊ လူတွေကို ကယ်ဆယ်ဖို့ လုပ်နေကြတဲ့သူတွေအားလုံး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားကြတယ်။ သနားစရာကောင်းတဲ့ ပြည်သူတွေဟာ ကိုးကွယ်ရာမဲ့ ဖြစ်သွားကြတယ်။

တကယ်တော့ MPT ဆိုတဲ့ မြန်မာဆက်သွယ်ရေးက ပေးပို့တဲ့ ဒီသတင်းဟာ အမှားပါ။ ဒီ ယူဆချက်အမှားကို နေပြည်တော်က ပုဂ္ဂိုလ်တချို့ကလည်း သံယောင်လိုက်ကြတယ်။ ၃ ရက်နေ့ ညနေ ၅ နာရီနဲ့ ၆ နာရီ အကြားမှာ "နာဂစ်" ထပ်လာမယ်တဲ့။ နာဂစ် ထပ်မလာခဲ့ပါဘူး။ အစိုးရအပေါ် ယုံကြည်မှု အစွမ်းကုန်မဲ့နေကြတဲ့ ပြည်သူတွေအကြားမှာ သူတို့အပေါ် အထင်သေးမှုနဲ့ မုန်းတီးမှုဟာ အပြင်းထန်ဆုံး အဆင့်ကို ရောက်ရှိလာခဲ့တော့တယ်။

ဘာမှ ကူညီ အားပေး ဆောင်ရွက်မှု မရှိတဲ့ အစိုးရဟာ GSM Message တခုပေးပို့ခြင်းနဲ့ လူထုကို သတင်းမှားပေးပြီး ခြောက်ခြားမှု ဖြစ်စေခဲ့တယ်။

ရေကျော်ထိပ်မှာ သစ်ပင်ပိနေတဲ့ ကားတစင်းရဲ့ ပိုင်ရှင် လူလတ်ပိုင်းတဦကတော့ အခုလို အော်ဟစ် ပေါက်ကွဲခဲ့တယ်။ " လူတွေကို သတ်ဖို့ လမ်းပေါ်ရောက်လာတဲ့ အကောင်တွေ၊ အခုကျတော့ တကောင် တမြီးမှ မတွေ့ရဘူး …" တဲ့။

ပျက်စီးနေတဲ့ အိမ်စုတ်ကလေးရှေ့မှာ ရပ်နေတဲ့ အသက် ၅၀ ကျော် အမျိုးသားတဦးကတော့ - " တာဝန်မဲ့တဲ့အကောင်တွေ၊ ဒီတခေါက်တော့ ထောက်ခံမဲ လာတောင်းရင်၊ x - ပဲ ရမယ် …" လို့ ရေရွတ်နေတယ်။

ကယ်ဆယ်ရေး အစီအမံ မပြောနဲ့၊ ယူနီဖောင်းတောင် မမြင်ရတဲ့ ရန်ကုန်မှာ လူတွေနဲ့ မကြုံစဖူး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်။ အဆိုးဝါးဆုံးကတော့ "ရေ" ပေါ့ ဟေမန်။ ရေသန့်ဗူးကြီး တဗူး ကျပ် ၁၀၀၀ ဖြစ်သွားတယ်။ ဒါတောင် ၀ယ်လို့ မရသေးဘူး။ တပေါက်ချင်း ကျနေတဲ့ ရေပိုက်ကို တန်းစီနေတဲ့ လူတွေဟာ မျက်စိတဆုးံပဲ။

လမ်းပေါ်မှာ လူတွေအားလုံးဟာ ရေပုံးအလွတ်လေးတွေကို ကိုင်ပြီး ရေရနိုင်မယ့် နေရာကို ရှာဖွေနေကြတယ်။ အစိုးရက လူထုကို ကယ်ဆယ်ဖို့ ကျောခိုင်းလိုက်ချိန်မှာ ဒီတာဝန်ကို ကြားဝင်ထမ်းရွက်ပေးသူတွေကတော့ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေပဲ။ သူတို့မှာ လက်ကျန်ရှိတဲ့ ရေတွေကို ပြည်သူတွေကို ခွဲဝေပေးခဲ့ကြတယ်။ တချို့ဗလီတွေလည်း လူထုကို ရေ ထောက်ပံ့ကြတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ စားနပ်ရိက္ခာပြသနာကလည်း သိပ်ကြီးမားတယ်။ ဆိုက်ကားခက ဟိုနား ဒီနား ကျပ် ၁၀၀၀။ ဘဲဥတလုံး ၃၀၀။ မုန့်ဟင်းခါး တပွဲ ၅၀၀။ လက်လုပ်လက်စား ပြည်သူတွေဟာ တနေ့စာ စားဖို့တောင် မရှိကြတော့ဘူး။ လုပ်ငန်းတွေ ရပ်ထားရတယ်။ လမ်းပန်းဆက်သွယ်ရေး ရပ်ထားရတယ်။ တနေ့လုပ်မှ တနေ့စားရမယ့် လက်လုပ်လက်စား ပြည်သူတွေအတွက် ဒုက္ခဟာ အရမ်းကြီးမားသွားတော့တယ်။ ဈေးတွေမှာ ဈေးသည်တွေဟာလည်း ခြောက်ချားနေကြတယ်။ ၀င်ငွေလေးရဖို့ကို ကြိုးစားဖွင့်ကြပေမယ့် လူတဦးစ နှစ်ဦးစ ကတော့ ပိုက်ဆံမပေးပဲ ပစ္စည်းတွေကို ကောက်ယူသွားတဲ့အခါမှာ ဈေးသည်တွေ ဈေးပိတ်လိုက်ကြတယ်။ ဒါနဲ့ ကန်စွန်းရွက် ၂ ပင်လောက် ပါတဲ့ အစည်းလေး တစည်းကို ကျပ် ၂၂၀ ပေးပြီး ၀ယ်ရတော့တယ်။

ငါမိတ်ဆွေ တယောက်ရဲ့ အဖြစ်ကို ငါ နင့်ကို ပြောပြချင်သေးတယ်။ သူ့ရဲ့ ဆိုင်ပေါ်မှာ သစ်ပင်ပိနေလို့ သူက ရှင်းလင်းဖို့လုပ်တဲ့အခါ စည်ပင်သာယာက လာပြောတယ်။ ရှင်းချင်တိုင်း ရှင်းလို့ မရဘူးတဲ့။ ဒီအပင်ဟာ ပျဉ်းကတိုး ဖြစ်နေလို့ သစ်တောက ခွင့်ပြုချက်စာကျမှ ရှင်းပါတဲ့။ ဟေမန်ရေ … ရှိသမျှသစ်တောအားလုံးကို ပြောင်အောင် ခုတ်ယူသွားတဲ့ တေဇတယောက် ဒီစကားကြားရင် ဘာပြောမလဲ ငါသိချင်တယ်။

ဟေမန် …

ငါပြောခဲ့သလိုပဲ။ ရန်ကုန်ကို နင်မှတ်မိမှာ မဟုတ်ဘူး။ သမိုင်းဝင် သစ်ပင်တွေ အားလုံးကို ဆုံးရှုံးလိုက်ရပြီး အမိုးတွေ အုတ်ကျွတ်တွေနဲ့ နံရံအချို့ကို ဆုံးရှုံးလိုက်ရတဲ့ အတွင်းဝန်ရုံး (၀န်ကြီးများ ရုံး) ကို နင်မှတ်မိမှာ မဟုတ်ဘူး။ စိမ်းမှိုင်းနေတဲ့ သစ်ပင်ကြီးတွေ မရှိတော့လို့ ရုပ်ပျက်သွားတဲ့ ဗိုလ်ချုပ်လမ်းကို နင်မှတ်မိမှာ မဟုတ်ဘူး။

အခုတော့ ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးမှာ ကျီးကန်းတောင် နားစရာ 'ကိုင်း' မရှိပါဘူး ဟေမန် ရယ်။

ဒီဒုက္ခက ကြီးပေမယ့် ရန်ကုန်က လူတွေ သိကြပါတယ်။ ဘိုကလေး၊ ငပုတော၊ လပ္ပတ္တာ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်းနေရာတွေဟာ ဒို့ထက် ပိုဆိုးတယ်လို့။ တကယ်တော့ အဲဒီနေရာတွေဟာ သင်းချိုင်းတွေ ဖြစ်သွားခဲ့ပါပြီ။

မနက်ဖြန်ဆိုရင် ငါ့ဇနီးနဲ့ သားကလေးကို သယ်သွားမယ့် ဘတ်စကားလေးဟာ မြန်မာနိုင်ငံအလယ်ပိုင်းတနေရာက မြို့လေးတမြို့ကို သွားလိမ့်မယ်။ ငါကတော့ ရန်ကုန်မှာ ဒစ်ဂျစ်တယ် ကင်မရာတလုံးနဲ့ ကျန်ခဲ့ဦးမယ်။ ဓာတ်ပုံတွေ ရိုက်ယူမယ်။ ငါ သိသမျှ ကမ္ဘာကို ဖော်ထုတ်မယ်။ နင့်ကို ပုံမှန်စာရေးမယ်။ ဒီစစ်ပွဲကို ငါ သတင်း ပေးပို့မှ ဖြစ်မယ်။ ငါပြောခဲ့တယ် မဟုတ်လား။

ရန်ကုန်ဟာ စစ်မျက်နှာ …။ ။

နင့်သူငယ်ချင်း

သူ
ရန်ကုန်
မေ ၅၊ ၂၀၀၈
ည ၁၂ နာရီ

http://moemaka.blogspot.com/

Monday, May 5, 2008

“မြန်မာပြည်က သင့်ကိုအလိုရှိသည်”

မုန်တိုင်းအောက်က မြန်မာပြည်၊ သင့်ကို အလိုရှိသည်
(စာဖတ်သူတွေ ရေးတဲ့စာ)
စိုင်းမွန်
မေ ၄၊ ၂၀၀၈

မုန်တိုင်းဝင်တာဗျာ၊ သစ်ပင်လဲတာတို့၊ ခေါင်မိုးတွေလှန်မှာတို့၊ ရေကြီးတာတွေ၊ လမ်းတွေပျက်စီးမှာတွေ၊ ရောဂါတွေ ၀င်လာမှာတွေက ဖြစ်ကိုဖြစ်မှာ၊ ဒါတွေကို ဘယ်လိုပျက်စီးမှုအနည်းဆုံးဖြစ်နိုင်အောင် လုပ်ဆောင်ကာကွယ်လို့ရတယ် ဆိုတာလည်း တိုးတက်လာသောခေတ်နဲ့အညီ ရှိနေကြပါတယ်။

မုန်တိုင်းမ၀င်ခင် ၄၈နာရီလောက်ကို (၃၆နာရီတော့) ကောင်းကောင်းအချိန်ရလိုက်ပါတယ်။ ဘာမှ ကြိုမပြင်ခဲ့ကြပါ။ အခုတော့ မုန်တိုင်း ၀င်ပြီးသွားပါပြီ။ အခု ကျနော်တို့တတွေ ၀ိုင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ကြရပါတော့မယ်။ သတင်းတွေ ပို့ကြရပါမယ်။ အကူအညီတွေ ပေးကြရပါတော့မယ်။ နားစွင့်ကြ။ လက်ဆင့်ကမ်းကြစေလိုပါတယ်။

ပြည်ပက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း ကုလအဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အစီအစဉ်တွေကို လေ့လာပြီး ၀ိုင်းဝန်းပေးကြပါ။ ပြည်တွင်းက ဆွေမျိုးမိဘတွေ မိတ်ဆွေတွေ အဆင့်ဆင့် အကူအညီပေးကြပါ။

စစ်အစိုးရဟာ မြန်မာပြည်ကို ဘယ်မုန်တိုင်းဒဏ်ကမှ ကာကွယ်မပေးနိုင်တာ ထင်ရှားသွားပါပြီ။ သူတို့တွေရဲ့ အခန်းကဏ္ဍသည် မြန်မာပြည်သူတွေအတွက် ဘယ်နေရာမှာမှ မရှိတာကို အခု မုန်တိုင်းအောက်က မြန်မာပြည်သူအချင်းချင်း လက်ချင်းချိတ် ဖောက်ထွက်ခြင်းဖြင့် သက်သေပြကြပါစို့။

မုန်တိုင်းနှင့် စဉ်းစားမိရာ


မုန်တိုင်း စတင် ဖြစ်ပွားရာနေရာကနေ မုန်တိုင်း ဦးတည်ရာကို ကြည့်ရင် ထုံးစံအတိုင်း မုန်တိုင်းဟာ မြောက်ဖက် တည့်တည့်ကို ဦးတည်သွားနေတာကို တွေ့ရမှာပါ။ အဆိုပါ မြောက်ဘက်သို့ ဦးတည်နေရာကနေ မုန်တိုင်း လမ်းကြောင်းဟာ နာရီလက်တံ လမ်းကြောင်းအတိုင် အရှေ့ဘက်ကို စူးစူး ၁၀၀ ဒီဂရီ(N100'E) ခန့် ချက်ခြင်း လမ်းပြောင်းသွားတာကို တွေ့ရမှာပါ။

တစ်စုံ တစ်ယောက်ယာက်က လက်နဲ့ဆွဲပြောင်း လိုက်သလို လမ်းကြောင်းဟာ မြန်မာနိုင်ငံထဲကို ဦးတည်သွားခြင်းဖြစ်ပါတယ်။

မြန်မာ့ ပထဝီ မြေ အနေအထားအရ မုန်တိုင်းဟာ မြန်မာပြည်ထဲကို အခုလို တည့်တည့်ဝင်ဖို့ အင်မတန် ခက်ပါတယ်။ ........ အခုလို မဖြစ်နိုင်တာကြီးက ဘာကြောင့် တည့်တည့် ဝင်လာရတာလဲ..... ရန်ကုန်မြို့ကိုမှ ဘာကြောင့် ဦးတည်ဝင်ရတာလဲ ......ဘာကြောင့် အခုလို ရက်မျိုးမှာ ဝင်ရတာလဲ .... မေးခွန်းတွေ အများကြီးပါ။

ဖြစ်နိုင်ချေတွေကတော့ ...

၁။ သီတဂူ ဆရာတော်ကြီးဟောတဲ့ လူမိုက်တို့ရဲ့ သွားရာလမ်းတရားတော်ထဲကလို သူတော်ကောင်းတွေကို ပြစ်မှားတဲ့ မြန်မာနိုင်ငံကြီးက ပျက်စီးစေဖို့ လမ်းကြောင်း စတင်နေပြီလား

၂။ ရန်ကုန်မြို့မှာ သံဃာ့သွေးတွေ ပေနေတာကို ဆေးကြောဖို့ တမင်သက်သက် ဝင်လာတာလား

၃။ မေလ (၁၀) ရက်နေ့ မှာ လုပ်မယ့် ဆန္ဒခံယူပွဲမှာ သွေးထွက်မှုတွေ အတော်များများ ဖြစ်မှာစိုးလို့ မလုပ်ဖြစ်အောင် တားဆီးဖို့ ဝင်လာတာလား

ဖြစ်နိုင်ချေတွေကို တွေးကြည့်တာပါ။

မုန်းတိုင်းနောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေကလည်း မနည်းပါဘူး။ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ စီးပွားရေးတွေထိခိုက်တာကြောင့် လုပ်ငန်းတွေ လည်ပတ်တာ ရပ်ပြီး လူတွေ ဒုက္ခရောက်နိုင်ပါတယ်။
အဆိုးဆုံးကတော့ ... ဧရာဝတီတိုင်းကို ပျက်စီးစေခဲ့တာပါပဲ။

မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ပျက်သွားတာပါ။ ဒီနှစ် ကမ္ဘာမှာ ဆန်ရှားလို့ ပြဿနာတွေ ဖြစ်နေတာ အားလုံး အသိပါပဲ။ တိုင်းပြည်ရဲ့ အရန် ဆန်တွေကို တွေးတောဆင်ခြင်မူ မရှိပဲ နအဖက နိုင်ငံခြားကို ရောင်းစားထားခဲ့လို့ သိပ်ကျန်နိုင်မယ်တောင် မထင်ပါဘူး။ အခု မုန်တိုင်းဝင်လိုက်တော့ တိုင်းပြည် လက်ကျန်ဆန် ကုန်သွားသလာက်အထိ ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။

ဆန်ဈေးကြီးတာ မဟုတ်ဘဲ ဆန်မရှိတဲ့ ဒုက္ခကို နောင်တနှစ် ဆန်ပေါ်တဲ့အချိန်အထိ ပြည်သူတွေ အငတ်ဘေးနဲ့ရင်ဆိုင်နိုင်စရာ ဖြစ်လာပါတယ်။ အစိုးရက ဆန်ပြန်ဝယ်ပြီး ပြည်သူကို ကျွေးဖို့ ငွေ ရှိပါ့မလား။ ငွေရှိတာတောင် အခြားတိုင်းပြည်တွေက ရောင်းပါမလား။ ငွေမရှိရင် ... ဒါမှမဟုတ် ... မရောင်းရင် ပြည်သူတွေ ငတ်ပါလိမ့်မယ်။ ဒါဆို ဘာတွေ ဖြစ်လာမလဲ ..... ။

ဒါကြောင့် သီတဂူဆရာတော်ကြီးဟောတဲ့ လူမိုက်တို့ သွားရာလမ်းတရားတော်ဟာ ပုံစံပြောင်းပြီး မြန်မာနိုင်ငံတော်ကြီးမှာ စတင်နေပြီလား တွေးမိရင်း ကိုယ်ထိလက်ရောက် ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ ကိုယ်တိုင် ပြစ်မူကို ပါဝင် ကျူးလွန်မိတဲ့ လူတွေကိုယ်စား ရင်လေးမိနေပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

Saturday, May 3, 2008

စစ်အစိုးရက တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ

မဇ္ဈိမသတင်းဌာန
Saturday, 03 May 2008 08:57 - မြန်မာစံတော်ချိန်

ရန်ကုန်တွင် အစိုးရယန္ဒရား ရပ်ဆိုင်း
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၉း၃၀ - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းက ရန်ကုန်မြို့နှင့် မြို့အများအပြားတွင် အစိုးရယန္ဒရားကို ရပ်ဆိုင်းသွားစေသည်။

ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်ဆိုင်းထားရပြီး လူထုနှင့် ဆက်သွယ်ရေး ဖြစ်သော ရုပ်မြင်သံကြား ကြည့်၍မရ၊ ရေဒီယို နားထောင်၍ မရသလို တယ်လီဖုံးလိုင်းများ အားလုံးနီးပါ ပြတ်တောက်နေသည်။ အင်တာနက်ကတော့ လုံးဝ ပြတ်တောက်နေသည်မှာ မနေ့ ညကတည်းက ဖြစ်သည်။

စစ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာသည်ကိုပင် ရန်ကုန်မြို့ခံများ မသိရှိနိုင်ပဲ ဖြစ်နေသည်။

လမ်းမများပေါ်တွင် အပျက်အစီးများကြောင့် အသွားအလာကလည်း ကန့်သတ်မှုများ ဖြစ်သည်။ ရန်ကုန်မြို့သို့ အခြားမြို့များမှ ကား၊ ရထားများ ၀င်ရောက်မှု အားလုံး ရပ်ဆိုင်းနေသည်။

လူအများက အစားအသောက်များကို အလုအယက် ၀ယ်ယူနေကြရာ ဖွင့်လှစ်သော ဈေးဆိုင် အနည်းငယ်မှာ လူများ ပြည့်ကြပ်နေသည်။

လောလောဆယ်အချိန်တွင် စားသောက်ကုန်များ ဈေးတက်မှု မကြမ်းသေးသော်လည်း တက်မည့် အရိပ်အယောင် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်နားထားရသလို ဓာတ်ကြိုးများ ပြတ်တောက်၍ တလအတွင်း ပုံမှန် ဖြစ်နိုင်ဖို့ မလွယ်ဟု လျှပ်စစ်ဌာန ၀န်ထမ်းတဦးက ပြောသည်။

အနည်းဆုံး လူ ၅ ဦး စနေနေ့ မုန်တိုင်းကြောင့် သေဆုံးပြီး ဖြစ်သည်ဟု မဇ္ဈိအထောက်တော်များက သတင်းပေးပို့သည်။

မုန်တိုင်းကြောင့် နေအိမ် ထုတ်တန်းပြိုကျမှု၊ သစ်ပင်ပြိုလဲမှုများကြောင့် သေဆုံးကြရခြင်း ဖြစ်သည်။

သစ်ပင် ပန်းပင် များပြားသော ရန်ကုန်မြို့တော်ဟု ခေါ်ဝေါ်မှု ရှိခဲ့သော်လည်း ယခုအခါတွင် အပင်များ ပြောင်သလင်းခါ နီးပါး ဖြစ်နေသည်။

လမ်းပေါ်တွေ့နေကြ စွမ်းအားရှင်များ၊ ရဲများကိုလည်း မတွေ့ရသလို ရပ်ရွာလုံခြုံရေး၊ သန့်ရှင်းရေးအတွက် ကိုယ်ထူ ကိုယ်ထ တာဝန်ယူ လုပ်ဆောင် နေကြရသည်။

မီးစက် အသုံးပြုသော နေအိမ် အနည်းငယ်မှလွဲ၍ ယနေ့ညဘက် တမြို့လုံး အမှောင်ကျနေသည်။

လမ်းဘေးရပ် ကားအများအပြား ပျက်စီး
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၈း၀၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့သော မုန်တိုင်းသည် ယခုတော့ ရပ်သွားပြီ ဖြစ်သည်။

လမ်းဘေးတွင် ရပ်ထားသော ကားများ သစ်ပင်များ ပိလျှက်နေပြီး လမ်းများလည်း အပျက်အစီးများဖြင့် ပိတ်ဆို့နေသည်။ အစိုးရ အဆောက်အဦး အတော်များများလည်း ပျက်စီးကုန်သည်။

ယနေ့ နံနက်ကူးချိန်မှစ၍ ရန်ကုန်တွင် မိုးရွာစေခဲ့သော နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းကို ဖြတ်သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်းအားမှာ အမြင့်ဆုံး တနာရီ ၁၉၂ ကီလိုမီတာအထိ ရှိခဲ့သည်။ လူအသေအပျောက် များသည်ဟု ကောလာဟလ ထွက်ပေါ်နေသော ဧရာဝတီတိုင်းတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မောင်လမြိုင်ကျွန်း၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ ဂွ ကုန်တွင်းသို့ ရောက်သောအခါ တနာရီမိုင် ၁၂ဝ ထိ ရှိခဲ့သည်။

မိုးစဲ လေငြိမ်ပြီ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၇း၀၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင်းတွင် ယခုအချိန်တွင် မိုးလုံးဝ စဲသွားပြီး လေလည်း ငြိမ်သွားပြီ ဖြစ်သည်။
သို့သော် အပျက်အစီးများဖြင့် လမ်းများ ပိတ်နေဆဲ ဖြစ်သောကြောင့် လိုင်းကားများ ပြေးဆွဲခြင်းလဲ မရှိပဲ taxi များလည်း ပြေးဆွဲခြင်း မရှိသေးပေ။

တောင်ညွှန့်မှာ အိမ်ပြို

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း အိမ်တချို့ ပြိုလဲမှုများ ရှိသည်။

"မနက် ၁၀ နာရီလောက်အထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေတာ ဖုန်းလိုင်းတွေက မနက် ၉ နာရီအထိ ရနေသေးတယ်။ GSM တွေရော လိုင်းဖုန်းတွေရော အခု လုံးဝ မရတော့ဘူး။ အပျက်အစီး၊ အသေအပျောက်ကတော့ မနက်ဖြန်လောက်မှ သိရလိမ့်မယ်။ မီးလိုင်းတွေရော အောက်ကုန်တော့ ကျနော်တို့ သတင်းတွေ ဘာတွေလဲ နားထောင်လို့ မရတော့ဘူး။ MRTV ရော radio ရော နားထောင်လို့ မရတော့ဘူး" ဟု မင်္ဂလာတောင်ညွန့် နေသူတဦးက ပြောသည်။

ရန်ကုန်မြို့သားများ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင်၍လည်း မရဘဲ ဖြစ်နေကြသည်။

မိုးစဲသွားပြီဖြစ်သည့်အတွက် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထသာ ရပ်ကွက်အလိုက် လုပ်ဆောင်နေကြသည်။

"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ"
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၃း၄၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်လူအချို့က အထုတ်အပိုးများဖြင့် ပြေးလွှားနေပြီး လမ်းပေါ်သွားသော ကားမှန်သမျှ တားနေသည်။

"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ" ဟု ရှားရှားပါးပါး ဆက်သွယ် ရရှိသည့် ဒေသခံတဦးက စိတ်လောနေဟန် ရှိသည့် နှုတ်က တတွတ်တွတ်ဖြင့် ထပ်ကာ ထပ်ကာ ပြောသည်။

မိုးတိတ်၍ မြို့တွင်း လှည့်ပတ် ကြည့်ရှုနေသည့် သူက "နောက် ၂ ဖာလုံလောက် ဆက်သွားရင် ကျနော် ဘယ်လိုမှ ဒီအပျက်အစီးကို ရင်ဆိုင်နိုင်မှာ မဟုတ်လို့ ပြန်လှည့်လာတယ်" ဟု ပြောသည်။ သစ်ပင်ကြီးများ၊ ကြော်ငာဆိုင်းဘုတ်များ လမ်းပေါ် အိမ်ပေါ်သို့ ပစ်လဲကျနေဟု ပြောပြသည်။

"တသက်နဲ့တကိုယ် ဒါမျိုး မကြုံဖူးဘူးဗျာ" ဟု သူက ပြောသည်။

ကျောက်တန်းမြို့ဘက်တွင် အပျက်အစီး ပိုမို များပြားသည်ဟု ရန်ကုန်သို့ ရောက်လာသော သတင်းများ အရ သိရသည်။

ရန်ကုန်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၅၅ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို အရေးပေါ် အခြေအနေ ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။

စမ်းချောင်းအခြေအနေ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၄၅ - မြန်မာစံတော်ချိန်

စမ်းချောင်းမြို့နယ် မယက ရုံးမှ ၀န်ထမ်းတဦးက မြို့နယ်အတွင်း လူအသေအပျောက် မရှိနိုင်ဟု ပြောပြီး အပျက်အစီး စာရင်းများ ပြုစုဆဲ ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အတွင်း "သစ်ပင်ပြို ဓာတ်တိုင်လဲ" မှုများ ရှိသည်ဟု ပြောသည်။

မှန်တွေကွဲ၊ မီးတွေပျက်ဆဲ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက "တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်" ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။

ဘားအံမှာလည်း မိုးကြီး
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ နံနက်မှစ၍ မိုးများ သည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေသည်ဟု သိရသည်။ "လမ်းပေါ်တောင် လူမထွက်ရဲဘူး" ဟု ဒေသခံတဦးက ပြောသည်။

လူအသေအပျောက် ရှိနိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ အရာရှိ ခန့်မှန်းဟု အေပီ သတင်းရပ်က ပြော

အမည်မဖော်လိုသူ မိုးလေ၀သနှင့် ဇလဗေဒဌာန အရာရှိတဦးက အေပီသတင်းသို့ ပြောကြားရာတွင် စနေနေ့က တိုက်ခိုက်သော မုန်တိုင်းကြောင့် လူအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

ရန်ကုန်သားတဦး ပြောပြချက်

"စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ" ဟု ဖုံးလိုင်း ပြန်ကောင်းလာသည့် ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

"အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး"

"ရေနွေးအိုးကနေ ရေငွေ့တွေ လွတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ"

"အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရတာ"

"ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်"

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံ ရုံးဝန်ထမ်းတဦးက "ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန်ကုန်တာ ရှိတယ်။" ဟု ပြောသည်။

ဆူးလေရှိ ဗဟိုမီးသတ်ဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပြောပိုင်ခွင့် မရှိလို့ မပြောရပါစေနဲ့" ဟု ပြန်လည်ဖြေကြားသည်။

ရန်ကုန်တွင် မီးပျက်၊ တယ်လီဖုံးပျက်၊ အင်တာနက်ပျက်၊ အပင်တွေလဲ၊ လျှပ်စစ်ကြိုးများ ပြတ်တောက်
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၀း၁၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပျက်စီးကုန်သည်။ “အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက်ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

အားကောင်းလှသော ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်တွင် ကျရောက်၊ သွပ်မိုးများ လွင့်ပျံနေ
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဒေသခံတဦးက "အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ" ဟုပြောပြီး "အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ" ဟု ဆက်ပြောသည်။

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၀၉း၁၅ - မြန်မာစံတော်ချိန်

ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် “အကြီးမားဆုံး မုန်တိုင်းဖြစ်မည်” ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ်လာသည်။

တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည့် အခက်အခဲကြောင့် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

မဇ္ဈိမသတင်းဌာန

A

B

C

The Kitchen မီးဖိုချောင်