Saturday, February 27, 2010

In the Hands of Human Traffickers

Burmese detainees hold up their documents through a fence at the Lenggeng Immigration Center on the outskirts of Kuala Lumpur in Malaysia. (Photo: AP)

In the Hands of Human Traffickers
By KYAW THEIN KHA
Thursday, February 25, 2010

A phone call from a terrified person in the middle of the night often awakens Min Thant (not his real name). He dares not ignore the call out of fear that someone may lose their life.

Because of his 13 years of experience as an overstayed “guest” in Malaysia, many Burmese migrants in Kuala Lumpur and throughout the country know to call Min Thant when they're in desperate straits.

He has heard many pleas from victims of human trafficking: “Min Thant, please rescue me,” “Min Thant, please save the life of my friend,” “Min Thant, please buy me from the hands of the brokers.”

If he hears that a Burmese migrant is being trafficked and is being held on the Malaysia-Thai border, he jumps into action, contacting friends to borrow money so he can buy the victim's freedom from the hands of a broker.

Sometimes ventures out in the middle of the night for an emergency rescue, even though he knows it is dangerous to go outside at night with a large sum of money.

Nevertheless, Min Thant said he doesn't worry about himself. Instead, he worries about the victims, who are pleading to be rescued from the human trafficking market. The victims are Burmese migrants who come to Malaysia because of economic hardship in their country. Others are political refugees seeking safety. While others still are war refugees whose lands were confiscated by the Burmese regime.

The illegal migrants seek greener pastures abroad in Thailand, Malaysia, India or Bangladesh, where they can easily cross the borders illegally.

In Malaysia, many migrants pass their daily life as undocumented workers without legal papers. When Malaysian police arrest illegal migrants, they are placed in detention centers. Then many will are trafficked by corrupt police or immigration officers into the hands of brokers on the Malaysia-Thai border.

According to Malaysia's Bernama News Agency, on July 20, 2009, “Nine people, including five Johor Immigration Department officers, were arrested in several locations for alleged involvement in an international human trafficking syndicate.”

Before many detainees are released into the hands of traffickers, Min Thant said many are given a cane whipping in the detention centers.

Nyunt Win, 33, shared his story:

“We could say nothing as the court had already decided we would be detained in the camp, including cane whipping as a punishment. They have big men to whip the detainees. The men get paid 100 ringgit ($28) for whipping each person.

While I was being taken for a medical check-up before being whipped, the men were beating the leather boards, testing the canes to see if they were good enough to beat us. The terrible noise scared me. Then, I was dragged to the place for the cane whipping as if I were about to be crucified. I thought about God and prayed to him, making up my mind to be patient being whipped.”

According to the “Malaysia Civil and Political Rights Report 2009 Overview” of Suaram, a human rights group in Malaysia, the Malaysian government announced that it had sentenced 47,914 migrants to be caned for immigration offenses since amendments to its Immigration Act came into force in 2002.

At least 34,923 migrants have so far been caned between 2002 and 2008, according to Prison Department records.

Tamme Lee, a refugee coordinator of Suaram, said, “Of those 34,923 migrants, 3.9 percent (1,362 migrants) were from Myanmar [Burma].”

Nyunt Win continued: “Some detainees who have been caned are withdrawn from the camp by the corrupt police and immigration officers and trafficked into the hands of Thai brokers. Burmese minority groups, including Burmese-Muslim brokers, work under the control of the Thai brokers, sharing profits. Human trafficking is a profession for all of them.”

Investigations have established that corrupt officers take many Burmese migrants—who lived in Malaysia without valid travel documents—to Malaysia's northern border with Thailand and pass them on to human traffickers in exchange for up to 600 Malaysian ringgits (US $170) each. The traffickers reportedly take the migrants into Thailand and tell them to pay 2,000 ringgit ($570) each for their freedom or they will be forced to work in the fishing industry.

A Burmese migrant who was trafficked said, “One of the trafficking victims from our group said that he’d like to meet the head broker.” The men who work for broker Hamid Naung (not his real name), reportedly one of the harshest brokers in the business, told their boss, who came and beat and kicked the man who asked to meet him, saying, “Are you the one who wants to meet me?”

According to one Burmese migrant who was trafficked to the Malaysian-Thai border, Hamid Naung is the leader in the human trafficking market together with his partner, Hassein, a Malaysian. Corrupt Malaysian police tell Hassein how many detainees will be deported to the Malaysia-Thai border. He then buys the deportees from the corrupt officers.

Htun Aung, 32, who was able to buy his freedom, said: “Twenty-seven people who did not have money were trafficked into Thai fishing boats for 35,000 Thai baht ($1,000) per victim. They were bought by the boatmen to use as slaves.”

Even while trying to help trafficking victims, Min Thant said he worries if he is doing the right thing: “I wonder if I am encouraging the brokers to abuse trafficking victims by transferring money into their bank accounts in exchange for the victims. If I said to the brokers that I don’t have enough money to buy the victims, brokers let the victims talk to me on the phone. While the victims are talking, the broker’s men beat and punch them. I can hear the noise of beating and punching. Then, I have to decide.”

Thai and Malaysian authorities and the international community are aware of human trafficking, but they are unable to eliminate the brokers and the corrupt officials. Brokers in human trafficking continue to reap sizable profits.

“I don’t want to deal with the brokers, but I have to,” Min Thant said. “The Burmese government doesn’t have sympathy for its people. The Malaysian government hasn't weeded out corruption. There is also discrimination against poor foreigners.”


Friday, February 19, 2010

မလေးရှားကြောင်နဲ့ မြန်မာကြွက်

တရားမ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမားများကို ချုပ်နှောင်ထားသည့် ကွာလာလမ်ပူမြို့တော် အပြင်ဘက်ရှိ ထိန်းသိမ်းရေး စခန်းတခု မြင်ကွင်း (ဓာတ်ပုံ - AP)

မလေးရှားကြောင်နဲ့ မြန်မာကြွက်
Friday, 19 February 2010 16:43 အဲလက်စ်အဲလ်ဂီး

ချုံထူတဲ့ တောတန်းထဲကို လွှားခနဲ မ၀င်ခင် တောစပ်မှာ ရပ်ရင်း ဘယ်သူကမှ စောင့်ကြည့်မနေဘူး ဆိုတာကို သေချာအောင် ကျနော့် အဖော်တွေက နောက်ဆုံးတချက် ဝေ့ကြည့် လိုက်ကြတယ်။ ခရီးစတင်ပြီး တောထူထူကို တဖြည်းဖြည်း တိုးရင်းနဲ့ နောက်ဆုံးမှာ ကျနော်တို့ လေးယောက်သား တောင်ကုန်းပေါ်ကို ရောက်သွားတယ်။ ကျနော့် အဖော်တွေက အ၀တ်စိုတွေကို သစ်ပင်မှာ ဖြန့်လှန်းကြပြီး အိပ်စရာ အတွက် အုန်းလက်တွေကို မြေကြီးပေါ် ခင်းကြပါတယ်။

“ဒါ ကျနော်တို့ စခန်းလေ၊ ကျနော်တို့ ဒီမှာပဲ လာပုန်းကြတာပေါ့” လို့ တယောက်က ပြောပြပါတယ်။

ဒီလူတွေ အားလုံးဟာ သူပုန်တပ်ကလည်း မဟုတ်သလို ဓားပြတွေလည်း မဟုတ်ကြပါဘူး။ သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှု ကတော့ ဒုက္ခသည်တွေ အပေါ်မှာ စာနာစိတ်နဲ့ မဆက်ဆံ တတ်တဲ့ နိုင်ငံတခုမှာ တရားမ၀င် အလုပ် လုပ်မိခြင်းပါပဲ။

ခိုလှုံခွင့် တောင်းထားတဲ့ ထောင်နဲ့ချီတဲ့ တခြားသူတွေလိုပဲ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က) အာဏာပိုင် တွေရဲ့ ဘေးရန်နဲ့ ဝေးရာ တောခေါင်ခေါင်ထဲ ခြေဦးလှည့် ကြရပါတယ်။ မလေးရှား နိုင်ငံ တောနက်တွေထဲ ပျံ့နှံ့နေကြတဲ့ မြန်မာ ဒုက္ခသည်တွေ ဘ၀က ဆင်ဆင်ပါပဲ၊ အားလုံး ခနော်ခနဲ့ ၀ါးတဲလေးတွေနဲ့ နေကြရတာပါ။ အဖမ်းအဆီး အကြီးအကျယ် လုပ်တဲ့ အချိန်ဆိုရင် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေက မြို့ပြကို စွန့်ခွာပြီး ရဲတွေ ရှာမတွေ့နိုင်တဲ့ နေရာတွေဆီ သွားကြပါတယ်။

“ကာတွန်း ကားထဲက ကြောင်နဲ့ ကြွက်လိုပေါ့ဗျာ” လို့ ကျနော့်ကို လိုက်ပို့တဲ့ တယောက်က ရယ်မောရင်း ပြောပါတယ်။ “ရဲတွေ လာရင် ကျနော်တို့ ပြေးတယ်၊ အခုလည်း အဖမ်းအဆီး နောက်တခေါက် လုပ်ဦးမှာမို့ တောထဲကို ပြေးမယ့် “ကြွက်ကလေးတွေ”အများကြီး ထပ်တိုးလာတော့မှာပေါ့ဗျာ”လို့ သူက ဆက်ပြောပါသေးတယ်။

တရားမ၀င် အလုပ်သမားတွေကို ငှားရမ်းတဲ့ အလုပ်ရှင်တွေကို ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ မလေးရှား အစိုးရက မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ လ၀က ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုအဒူရာမန်အိုဟမ် က တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံထားတာ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ငှားထားတာဟာ လူကုန်ကူးမှု ဆန့်ကျင်ရေး ဥပဒေ (Anti-trafficking Persons Act) နဲ့ တရားစွဲ ခံရနိုင်တယ်လို့ ဆိုပါတယ်။

“သတ်မှတ် ကာလထက် ပိုပြီး နိုင်ငံထဲ နေနေကြတဲ့သူတွေကို ထိန်းချုပ်နိုင်ဖို့ ဒီလို ပြင်းထန် ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်တယ်” လို့ ဒတုအဒူရာမန်အိုဟမ် က ပြောပါတယ်။

တရားမ၀င် ၀င်ရောက်လာသူတွေ နိုင်ငံထဲမှာ အလုပ် လုပ်နေကြတယ် ဆိုတာကို သူတို့အနေနဲ့ ယုံကြည်တယ်လို့ မလေးရှား အစိုးရက ဆိုပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲ့ဒီလူတွေကို နှိမ်နင်းဖို့ အစိုးရက မူဝါဒ ချမှတ်မှု အပိုင်းမှာ ရှင်းရှင်း လင်းလင်း မရှိဘူးလို့ ထင်ကြပါတယ်။ တချို့အဖွဲ့တွေ ဆိုရင် အလုပ်သမားတွေရဲ့ ကောင်းကျိုးချမ်းသာဟာ မလေးရှားရဲ့ အာဏာနိုင်ငံရေး လက်ထဲ ကျရောက်သွားပြီ လို့တောင် စိုရိမ်တကြီး ပြောဆိုကြတာ ရှိပါတယ်။

အစိုးရက တရားမ၀င် ၀င်ရောက်လာသူတွေကို နှိမ်နင်းမယ်လို့ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကြေညာတာမို့ တက်ကြွလှုပ်ရှားသူ တချို့က ဒါဟာ တရုတ်လူမျိုးတွေ အာဏာရပါတီကို ထောက်ခံဖို့ အတွက် တိုက်ရိုက် ခြိမ်းခြောက်တာပဲလို့ ယူဆကြပါတယ်။ အာဏာရပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တရုတ်တွေရဲ့ထောက်ခံမှုကို နည်းနည်းပဲ ရခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ် တီနာဂါနိသ (Tenaganita) လို့ ခေါ်တဲ့ NGO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ အိုင်ရင်းဖာနန်ဒက် ကတော့ ကြေညာချက်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ ပါနေတယ်လို့ ယူဆပါတယ်။

“နိုင်ငံခြားအလုပ်သမားတွေ အပေါ် မှီခိုနေမှုကို လျှော့ချ ဖို့လိုတယ်လို့ အစိုးရက ဆိုတယ်၊ အဲ့ဒါ တကယ် မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အပတ်ကတောင် ရွှေ့ပြောင်း အလုပ်သမား အသစ် တသိန်း အလုပ် လုပ်ခွင့်ကို ၀န်ကြီးက အတည်ပြုပေးခဲ့သေးတယ်လေ” လို့ အိုင်ရင်းဖာနန်ဒက်က ဆိုပါတယ်။

“လူတွေက အဲ့ဒီအလုပ်သမားတွေကြောင့် ပိုက်ဆံ ဖောချင်းသောချင်း ရကြတာ ရှင့်၊ အစိုးရလည်း အတူတူပဲ။ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေကလည်း အစိုးရနဲ့ ထဲထဲဝင်ဝင် ပတ်သက်သူတွေနဲ့ သူတို့ မိသားစုတွေချည်းပဲ။ ရွှေ့ပြောင်း အလုပ်
သမားတွေ ပိုပြီး တရားဝင် ဖြစ်လေလေ သူတို့ ပိုက်ဆံ ပိုရလေလေပဲပေါ့” လို့ သူက ဆက်ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဘယ်လို တဟုန်ထိုး အကျိုးအမြတ်တွေ ရတယ် ဆိုတာကိုလည်း သူက ရှင်းပြပါသေး တယ်။ အလုပ်သမားတွေဟာ အခွန်ဆောင်ရတဲ့ အပြင် ဗီဇာသက်တမ်းတိုးတာ နဲ့ အခြား ၀န်ဆောင်မှုမျိုးစုံ အတွက် ကိုယ့်ဘာသာကိုယ် ပေးရတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ “မလေးရှားအစိုးရက အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ထက် ရေတို နိုင်ငံရေး အကျိုး အမြတ်ရဖို့ ပိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အာဏာ တည်မြဲရေးဆိုတဲ့ မျှော်လင့်ချက်တွေအောက်မှာ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ သူတို့ ပေးထားတဲ့ ကတိတွေကို အစိုးရက ကျောခိုင်း သွားပါပြီ” လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch - HRW) ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖေးရော်ဘာစတင်က မှတ်ချက်ပေးပါတယ်။

အခုလို နှိမ်နင်းမှု ဖြစ်လုဆဲဆဲ အခြေအနေက သူတို့အိမ်တွေကို မလေးရှား အာဏာပိုင်တွေက ၀င်စီးလေမလားလို့ စိုးရိမ်နေကြ တဲ့ ဒုက္ခသည်တွေ အားလုံးကို တုန်လှုပ် ချောက်ချား ဖြစ်စေပါတယ်။ မလေးရှားမှာ အဖမ်းခံရတာဟာ တခြားနိုင်ငံတွေမှာ အဖမ်းခံရတာနဲ့ မတူပါဘူး၊ တခြားနိုင်ငံတွေမှာ ဆိုရင် အဖမ်းခံရသူကို ဆုံးမလိုက်တာမျိုးနဲ့ ဒဏ်ငွေ နည်းနည်း ရိုက်လိုက်တာမျိုးပဲ လုပ်ပါတယ်။ မလေးရှားမှာကတော့ အဖမ်းခံရတဲ့သူကို နိုင်ငံထဲက ထိန်းသိမ်းရေးစခန်း တခုခုဆီ ပို့လိုက်တာ ဖြစ်ပါတယ်။

ကွာလာလမ်ပူနဲ့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ ဒုက္ခသည်အားလုံး နီးပါးဟာ မလေးရှားမှာ နေထိုင်တဲ့ကာလအတွင်း တကြိမ် မဟုတ် တကြိမ် အထိန်းသိမ်း ခံရဖူးတယ်လို့ သိရပါတယ်။ ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူတိုင်းက ဆိုးရွားလှတဲ့ ထောင်တွင်း အခြေ အနေတွေနဲ့ နှိပ်စက် ညှဉ်းပန်းခံရမှုတွေကို ပြောပြကြပါတယ်။

“ရောက်တာနဲ့ ကျနော့်ကို ကျာပွတ်နဲ့ အသားကုန် ရိုက်တာ ကျနော် ရက်တော်တော်ကြာတဲ့အထိ လမ်းမလျှောက်နိုင်ဘူး” လို့ အဖမ်းခံရဖူးသူ တယောက်က ပြောပြပါတယ်။ “ထောင်ထဲမှာနေရတဲ့ ၆ လ လုံးလုံး ကျနော် တောက်လျှောက် အရိုက်ခံရတယ်။ ကျနော့်ဘ၀ရဲ့ တကယ့် အဆိုးရွားဆုံး အချိန်တွေပေါ့ဗျာ။ နေထိုင် စားသောက်ရတဲ့ အခြေအနေကလည်း သိပ် ဆိုးတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေကို အစောင့်တွေက မုဒိန်းကျင့်တယ် ဆိုတာကို သိနေရတာပဲ” လို့ သူက ဆက်ပြောပါတယ်။

ဒုက္ခသည်တွေ အတွက် လှုပ်ရှားနေကြတဲ့ NGO အတော်များများက ထိန်းသိမ်းရေးစခန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ် ပူပန်မိတယ်လို့ ပြောပါတယ်။ NGO ၀န်ထမ်း တယောက်ကတော့ လူတွေ တရားရုံးဝင်းထဲက မြက်တွေ စားနေကြတာကို တွေ့တဲ့သူက သူတို့ကို ပြန်ပြောပြတယ်လို့ ဆိုပါတယ်။ အဲဒီလိုစားတာဟာ ကိုယ့်ကိုယ်ကိုယ် ၀မ်းချုပ်အောင် လုပ်တာဖြစ်ပြီး ဗိုက်ဆာနေတာကြောင့်လည်း စားကြတယ်လို့ ဆိုပါတယ်။ သူ့အပြောအရ ထိန်းသိမ်းရေး စခန်းတွေထဲမှာ သေဆုံးသူ တော်တော်များတဲ့ အပြင်၊ မကြာသေးခင်ကလည်း ကြွက်ရဲ့ ကျင်ငယ်ရည်က တဆင့် ပြန့်ပွားတဲ့ leptospirosis ရောဂါပိုး ကူးစက်နေသူဦးရေ တရိပ်ရိပ် တက်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံက ထောင် ၈ ခုထဲမှာ လူဝင်မှုကြီးကြပ်ရေးအမှု နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၄၀၀ ရှိတယ်လို့ အကျဉ်းထောင် ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုဇူကီဖီလီအိုမာ က မကြားသေးခင်ကပဲ ကြေညာသွားခဲ့ပါတယ်။

အခြား ဒုက္ခသည် တယောက်ကတော့ သူ့ အတွေ့အကြုံက ဆိုးလွန်းတာမို့ ထိန်းသိမ်းရေး စခန်းကို ရောက်ပါစေလို့တောင် ဆုတောင်းမိတယ်လို့ ကျနော့်ကို ပြောပြပါတယ်။ သူဟာ အာဏာပိုင်တွေက ကွာလာလမ်ပူမြို့တော်က သူ့အိမ်ကို ညသန်းခေါင် ၀င်စီးတဲ့အချိန် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမဆုံး သူ့ကို အချုပ်ဆီ ခေါ်သွားတယ်၊ အစောင့်တွေက သူ့ကို ပစ္စည်းခိုးတယ် လို့ စွပ်စွဲပြီး ရိုက်နှက်ကြတယ် လို့ ဆိုပါတယ်။

အဲ့ဒီနောက် တခြား အဖမ်းခံရ သူတွေနဲ့ ပြည့်နေတဲ့ ကားထဲကို အတင်း ထည့်ပြီး မလေးရှား - ထိုင်း နယ်စပ်ကို ညတွင်းချင်း မောင်းသွား တယ်လို့ ပြောပါတယ်။ နယ်စပ် ရောက်လို့ ငွေရှာနိုင်ရင် ပြန်လွှတ် ပေးမယ်၊ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဘယ်သူမှ မသိလိုက်ဘဲနဲ့ အသတ်ခံရ နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက ပြောတယ် လို့လည်း ဆိုပါတယ်။ နယ်စပ်မှာ အဆက် အသွယ် လုပ်ဖို့ မိသားစု မရှိ ဘယ်သူ မှလည်း မရှိတာမို့ သူ ငွေမရှာ နိုင်ခဲ့ပါဘူး၊ ဒါကြောင့် အာဏာပိုင် တွေက သူ့ကို ငါးဖမ်းလှေမှာ အလုပ်လုပ်ဖို့ ရောင်းစား လိုက်ပါတော့တယ်။

“ငါးဖမ်း လှေပေါ်မှာ တနှစ် ကြာတယ်၊ အရိုက်လည်း ခံရတယ်။ နေ့ရော ညရော အလုပ် လုပ်ပေမယ့် လုပ်အားခ တပြားမှ မရဘူး။ ငါ ကျွန်ဖြစ်နေ ပါလားလို့ ခံစားရတာကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး” လို့ သူက ကျနော့်ကို ပြောပြရှာပါတယ်။

သူ့အဖြစ်အပျက်က မလေးရှား အာဏာပိုင်တွေရဲ့ အသိအမှတ် ပြုတာကို မခံရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတာ တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ အသက် ၂၀ အရွယ်တုန်းက စစ်သားတွေက သူ့အမေအိမ်ကို ရောက်လာပြီး သူတို့ကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန် အဝေးပြေးလမ်းမ တည်ဆောက်ဖို့ အတွက် သူတို့မြေကို သိမ်းမှာမို့ အခုလို နှင်ထုတ်ခံရတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက စိတ်လိုက် မာန်ပါ ခုခံ ပြောဆိုတာမို့ ထောင်ချခံရပါတယ်။ နောက်ဆုံး ထောင်က လွတ်တဲ့ အချိန်မှာတော့ မြို့မှာ ဆက်နေဖို့ ဘယ်လိုမှ မလုံခြုံတော့ဘူး လို့ ခံစားရတာမို့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီး အဲ့ဒီကနေ တဆင့် မလေးရှားကို ရောက်လာခဲ့ပါတယ်။ မလေးရှားမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သူ့ကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုပြီး အထောက် အထား လက်မှတ် ထုတ်ပေးထားပေမယ့် ထိုင်းနယ်စပ်မှာ ရောင်းစားခံလိုက်ရပြီးကတည်းက လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူးလို့ သူက ပြောပြပါတယ်။

မလေးရှားမှာ ရလာ (Rala) လို့ လူသိများတဲ့ လူထု စေတနာ့ ၀န်ထမ်းဌာန (Ikatan Relawan Rakyat) အဖွဲ့ဝင်တွေ နဲ့ လ၀က ရဲတွေဟာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူတွေကို ဒုက္ခသည်တွေ အဖြစ် သဘော မထားပါဘူး။ ဒါ့အပြင် UNHCR နဲ့ မလေးရှား အစိုးရကြားမှာ ဘာ သဘောတူညီချက်မှ မရှိတာမို့ အဲ့ဒီ လက်မှတ်တွေဟာ သူတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုပြီး ပြောတယ်လို့ လက်မှတ်ကိုင်ထားသူ တော်တော်များများက ပြန်ပြောပြကြပါတယ်။ မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေ ခိုလှုံ နေထိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်မှာ လက်မှတ် မထိုးထားပါဘူး။

ဒုက္ခသည်တွေ အဖမ်းမခံရအောင် လက်မှတ် တမျိုး ထုတ်ပေးမယ်လို့ မလေးရှားအစိုးရက မကြာသေးခင်ကပဲ ကြေညာပါတယ်၊ ဒါပေမယ့် ဒုက္ခသည်တွေကတော့ အဲဒီ လက်မှတ်တွေဟာ အလုပ် ဖြစ်လိမ့်မယ်လို့ မယုံကြပါဘူး။ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသူတွေကို ရလာတွေက ဘယ်လို ဆက်ဆံတယ် ဆိုတာနဲ့ ပတ်သက်ပြီး အတွေ့ အကြုံရှိပြီး ဖြစ်တာမို့ အခု မလေးအစိုးရက ထုတ်ပေးမယ့် လက်မှတ် ဆိုတာလည်း ရလာတွေအတွက် နောက်ထပ် နည်းလမ်းတခု ဖန်တီးပေးတာလို့ သူတို့ ယူဆကြပါတယ်။ ရလာတွေ အနေနဲ့ အဲ့ဒီကတ်ကို သိမ်းပြီး သူတို့ကို ငွေနဲ့ ပြန်ရွေးခိုင်းနိုင်တယ်၊ ဒါမှမဟုတ်လည်း ကတ်ကို ဆွဲဖြဲပြီး သူတို့ကို ထိန်းသိမ်းရေး စခန်းတွေဆီ ပို့နိုင်တယ်လို့ သူတို့က နားလည်ကြပါတယ်။

ရလာဝန်ထမ်းတွေဟာ အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မကြာခဏ စွပ်စွဲ ခံရသူတွေပါ။ ရလာတွေကို ပညာအရည် အချင်း မဆိုစလောက်ပဲ ရှိပြီး တခြားမှာ အလုပ် မရနိုင်တဲ့ လူ ၃သိန်းလောက်နဲ့ ဖွဲ့ထားတာပါ၊ သူတို့မှာ မလေးရှားနိုင်ငံထဲ တရားမ၀င် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို စုပေးဖို့ အဓိက တာဝန်ရှိပါတယ်။ သူတို့ကို ရက် အနည်းငယ်လောက်ပဲ သင်တန်းပေးပြီး လမ်းမတွေပေါ် လွှတ်ထားတာ ဖြစ်ပါတယ်၊ သူတို့ အလုပ်ကတော့ တရားမ၀င် ၀င်ရောက်လာသူတွေကို မတွေ့ တွေ့အောင် ရှာပြီး ထိန်းသိမ်းရေး စခန်းတွေဆီ ပို့ပေးရတာပါပဲ။

UNHCR အသိအမှတ်ပြုတာကို ခံထားရတဲ့ ဒုက္ခသည်တွေမှာ အဖမ်းအဆီးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ စိုးရိမ်မှုက ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေရဲ့ စိုးရိမ်မှုလောက်တော့ မများပါဘူး။ လက်မှတ် ဒါမှမဟုတ် အထောက် အထား စာရွက်စာတမ်း မရှိတဲ့သူတွေက အဖမ်းခံရနိုင်တဲ့ အန္တရာယ်နဲ့ အဆိုးဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ရလာတွေ ၀င်ရောက်ဖမ်းဆီးတဲ့အခါမျိုးမှာ ဘယ်လို ရက်စက် ကြမ်းကြုတ်တယ်၊ UNHCR လက်မှတ်တွေကို ဘယ်လို ဆုတ်ဖြဲပစ်တယ် ဆိုတာတွေကို ဒုက္ခသည် တော်တော် များများက ကျနော့်ကို ပြောပြပါတယ်။ ရလာတွေက သူတို့ ဘယ်လောက် တာဝန်ကျေတယ် ဆိုတာ အစိုးရသိအောင် လုပ်ပြတာဖြစ်တယ် လို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

အရင်ကဆိုရင် ရလာတွေအတွက် မက်လုံး တခုကတော့ အလုပ်သမားတယောက်ကို ဖမ်းမိတိုင်း မလေးရှား ရင်းဂစ် ၈၀ (၂၅ ဒေါ်လာ) ရတဲ့ အချက်ပဲလို့ ဆိုပါတယ်။ အခု အဲ့ဒီ စနစ် ဖျက်လိုက်ပြီမို့ အရင်လို ဆုကြေး မရကြတော့ပါဘူး၊ ဒါပေမယ့် အဲ့ဒီ မက်လုံးလိုမျိုး ခပ်ဆင်ဆင် ဆုကြေးတွေ ရှိနေသေးတယ်လို့ ကြားသိရပါတယ်။

HRW အဖွဲ့ မလေးရှားဌာနခွဲက “ရလာတွေဆိုတာ ရှာဖွေ ဖမ်းဆီးတဲ့ဝရမ်း မပါဘဲ အာဏာသုံးပြီး ရပ်ကွက်တွေထဲ ၀င်၊ လူတွေကို ဖမ်းနေတဲ့၊ စနစ်တကျ လေ့ကျင့်မထားတဲ့ အရိုင်းအစိုင်း အရပ်သား တပ်ဖွဲ့” လို့ သရုပ်ခွဲပြပါတယ်။

ရာလာတွေကို အစိုးရက အသုံးပြုရတဲ့ အကြောင်းရင်း ၂ ခု ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တော်တော်များများက ယူဆကြပါတယ်။ ဖမ်းဆီးမှုတွေမှာ ရဲတပ်ဖွဲ့ကို မသုံးတဲ့အတွက် ကုန်ကျစရိတ် ချွေတာနိုင်တယ်၊ ရလာတွေအတွက် ပင်စင်နဲ့ ရေရှည် အလုပ်အကိုင် စာချုပ်စာတမ်း ကိစ္စတွေလည်း မလိုဘူး ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ပြောကြပါတယ်။

အခုလို နှိမ်နင်းမှုတွေကြောင့် ရလာတွေ၊ လ၀က အရာရှိတွေနဲ့ ထိပ်တိုက်မတွေ့ချင်တဲ့ မလေးရှား အလုပ်ရှင်တွေလည်း သောက ရောက်နေပါတယ်။

ဒါကြောင့် အလုပ်ရှင် အတော်များများက ဒဏ်ငွေ အများကြီး ဆောင်ဖို့ မတတ်နိုင်ဘူး ဆိုပြီး တရားမ၀င် အလုပ်သမားတွေကို အလုပ် ထုတ်ပစ်လိုက်ကြပါတယ်။ အကျိုးဆက်ကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီး ရပ်တည်ရေးအတွက် အသည်း အသန် ရုန်းကန်နေကြရတော့တာပါပဲ။

တိုင်းရင်းသား ဒုက္ခသည် အဖွဲ့ တဖွဲ့ နေထိုင်ရာ နေရာလေးတခုကို ရောက်သွားချိန်မှာတော့ အဲ့ဒီနေရာရဲ့ တာဝန်ခံက “ဒီမှာ နေစရာက ပြည့်ကျပ်နေပြီ။ မကြာသေးခင်ကပဲ အလုပ်ပြုတ်လာတဲ့ ဒုက္ခသည် ၂၀၀ လည်း ရှိသေးတယ်။ အခြေအနေက အရမ်း စိုးရိမ်စရာ ကောင်းတယ်။ လာမယ့်လတွေမှာ အလုပ် ပြုတ်မယ့်သူတွေ ပိုပို များလာဦးမယ် ဆိုတော့ သူတို့ ဘယ်လို ရပ်တည်ကြမလဲ မသိဘူး” လို့ ကျနော့်ကို ပြောပါတယ်။

တောတွင်း တနေရာမှ ပြင်ပကို ငေးမောနေသည့် မြန်မာ အလုပ်သမား တဦး၊ လိုက်လံ ဖမ်းဆီးသည့် မလေးရှား အာဏာပိုင်တို့နှင့် ပြေးလွှား နေရသည့် အလုပ်သမားတို့၏ အနေအထားသည် ကာတွန်း ကားထဲမှ ကြောင်နှင့် ကြွက်ကဲ့သို့ ဖြစ်နေသည်ဟု အလုပ်သမား တဦးက ဆိုသည် (ဓာတ်ပုံ - အဲလက်စ်အဲလ်ဂီး)


အဲလက်စ်အဲလ်ဂီး ရေးသားသည့် Playing Tom and Jerry in Malaysia ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။
 

Playing Tom and Jerry in Malaysia


Playing Tom and Jerry in Malaysia
By ALEX ELLGEE

KUALA LUMPUR––Standing at the jungle's edge, my companions took one last look around to make sure no one was watching before leaping into the brush. Crawling on all fours through thick jungle, we made our way to the top of the hill where there was a clearing. They hung their wet clothes on a tree and laid palm leaves across the ground for bedding.

"This is our camp. It’s where we come to hide," said one.

These men aren't part of a rebel army, nor are they bandits––the crime they've committed is working illegally in a country which doesn't generally take kindly to refugees.

Like thousands of other asylum seekers, these Burmese migrants have turned to the remoteness of the jungle to hide from immigration authorities. Living in flimsy bamboo huts, Burmese refugees are similarly scattered all over the Malaysian jungle. With a crackdown due to start the next morning, thousands more have reportedly opted to leave the cities to go where the police can’t find them.

"It's like Tom and Jerry," one of my escorts chuckles. "When the police come, we run away. Now that there is another crackdown there will be many more 'Jerrys' running toward the jungle."

Recently, the Malaysian government announced that they would be cracking down on employers who hire illegal migrant workers. Immigration Director-General Datuk Abdul Rahman Otham said harbouring or hiring illegal immigrants could be linked to offences under the Anti-trafficking Persons Act.

"These drastic measures are needed to curb the number of overstayers in the country," he said.

Although the government has said they believe immigrants are taking Malaysian jobs, human rights groups don't think it's transparent why they have made it a national policy to crackdown. Some have expressed concern that the welfare of migrant workers has fallen into the hands of Malaysian power politics.

As the crackdown was announced on Chinese New Year, Feb. 14, some activists around Kuala Lumpur believe this was a direct threat to the Chinese communities to support the ruling party after it received little support from Chinese voters in the last election. Irene Fernandez, an opposition politician and director of human rights NGO Tenaganita believes that there was some political motivation.

“They say they need to lower the dependence on foreign workers, but it’s not true. Just last week the minister approved work permits for 100,000 new migrant workers.

“People are making a lot of money out of migrant workers. The government is making a lot of money out of them,” she said. “All the recruitment agencies are owned by government cronies and family. If more migrant workers are legalised, their businesses make more money."

She went on to explain how soaring profits are made out of the migrant worker communities. Levies are taken off their wages directly by their employers and they all have to pay for visa renewals and various other fees.

Commenting on the human rights situation in Malaysia, Phil Roberston, the deputy Asia Director at Human Rights Watch, said, “The Malaysian government appears to be more interested in pursuing short-term political advantage than safeguarding rights. In the hopes of maintaining control and power, the government has turned its back on its promises to protect people's rights."

The imminent crackdown has sent panic throughout the refugee communities, which live in fear that the Malaysian authorities will raid their homes. Unlike other countries, arrest means more than a telling off and a small fine. In Malaysia, arrested migrants are shipped off to one of many detention centers around the country.

Nearly all the refugees around Kuala Lumphur have been incarcerated at some point during their time in Malaysia, and every one that spoke to The Irrawaddy told of horrific conditions and abuse.

“When I arrived they whipped me so badly I couldn't walk for days,” said one former detainee. “They continued beating me for the entire six months I was there. It was really the most terrible time in my life. We had terrible food and living conditions. The worst thing was knowing that the women were being raped by the guards."

Many of the NGOs working with refugees said they are very concerned.

One NGO member said they had been informed that people are eating grass from the courtyard, partly to constipate themselves and partly because they are so hungry. Many have died in the detention centres, she said, and there was a recent wave of leptospirosis infections, a disease spread by animal faeces in the water.

Prisons Department Director General Datuk Zulkifili Omar recently announced that eight prisons in Malaysia are overcrowded with 5,400 foreigners there for immigration offences.

Another refugee told The Irrawaddy how he wished he had been taken to a detention centre because he believed his ordeal was far worse. Having been arrested in Kuala Lumpur at his home during a midnight raid by the Malaysian authorities he was taken to a holding centre and beaten by the guards who accused him of stealing.

He was then thrown into the back of a van packed with other detainees and driven overnight to the Malaysian-Thai border area where he was told to find money for his release. Otherwise, they told him, he would be killed and no one would know. With no family and no one to contact at the border, he was unable to raise the money and they eventually sold him to work on a fishing boat.

"I spent one year on a fishing boat being beaten. I worked day and night and didn't receive one cent for my work. I can never forget the feeling that I was a slave," he told The Irrawaddy.

His story is one which is shared by thousands of refugees in Malaysia who are often unrecognized by the authorities. When he was 20 years old, the Burmese army came to his mother's home and forced them to leave, saying their land was being confiscated to make way for a highway connecting Arakan State with Rangoon.

Angry at this, he contested the matter and was thrown in prison. When he was finally released, he felt it was no longer safe for him to stay in his hometown so he fled to Thailand and eventually to Malaysia. Although the UN's refugee agency, UNHCR, have recognized him and issued him an ID card, he said he has never felt safe since he was trafficked to the Thai border.

Many of the refugees who have been issued UNHCR cards report that the Ikatan Relawan Rakyat (the People’s Volunteer Core), known as the “Rela,” and immigration police do not treat them as refugees and state that because the UNHCR has no agreement with the Malaysian government, the cards mean nothing. Malaysia has not ratified the 1951 UN convention relating to the status of refugees.

Although it was recently announced that the Malaysian government will issue identity cards for UNHCR refugees so they will not be arrested, the refugees aren't confident it will work. Having already experienced Rela's treatment of cardholders first hand, they believe it could just become another way for Rela to ransom their cards in return for money or simply destroy them and send them to detention centers.

Rela staffers have been frequently accused of abusing their authority. Made up of 300,000 volunteers who are largely uneducated and unable to find jobs elsewhere, they have been put in charge of rounding up illegal aliens in Malaysia. Given just a few days training, they are put onto ther streets to hunt down illegal migrants and send them to detention centers for deportation.

For the refugees who have already been registered and accepted by UNHCR there are concerns about crackdowns, but not as much as there is for the thousands of refugees who are still waiting to be accepted by UNHCR. With no cards or documents they face the highest risk of arrest.

Many Burmese refugees told The Irrawaddy how the Rela are often heavy-handed during the raids and often ripped up their UNHCR cards. Refugees believe they do this to show the government they are doing a good job and meeting their quota.

Another incentive they believe was the 80 Malaysian ringit (US $25) which Rela volunteers used to receive for every migrant worker they arrested. This system has apparently ceased, though similar incentives reportedly exist.

Human Rights Watch Malaysia describe Rela as "an ill-trained, abusive civilian force, [which uses] its authority to enter living quarters and make arrests without search or arrest warrants.”

Many human rights groups believe the only reason the government uses force is to save money by not having to pay the police and commit to pensions and long-term contracts.

The crackdown has sent fear among Malaysian employers who are keen to avoid confrontation with the Rela and immigration officials.

As a result, many have sacked their illegal workers stating that they cannot afford to risk the heavy fines. This has left many migrants unemployed and fighting for survival.

In one ethnic group's shelter, the coordinator said: “Our shelter is packed. We have 200 refugees who have all recently lost their jobs. It’s extremely worrying.

More and more will lose their jobs in the coming months and I don't know how they will survive.”

A Burmese migrant worker looks out from the jungle at an industrial estate where a recent police crackdown took place. (PHOTO: ALEX ELLGEE)

Sunday, February 14, 2010

Invictus အနိုင်မခံ

Invictus

OUT of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.

[William Ernest Henley. 1849–1903]

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ဓါတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။
ညွတ်ကား မညွတ် ။

ဤလောဘ၊ ဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။ ။

ဗိုလ်ချုပ်အောင်ဆန်း (အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
Translated by General Aung San (1915-1947)

သာချင်းသည် သို့

သာချင်းသည် သို့

ကိုယ့် အကြောင်း
ကိုယ် ကောင်း ပြောယင်း။
မကောင်းခြင်း ဖြစ်တတ်တယ်။

ကိုယ့်တတ် ကိုယ်ထက်
ကိုယ့် လက်မကို ထောင်လွှားယင်း။
သူ့ ပျော့ညံ့ချက်
ကိုယ့် လက်ညှိုးက ထိုးတတ်တယ်။

သူ့လည် နင်း၍
သာချင်း ငြိမ့်ငြိမ့် ဆိုချင်သလား။
သူ့ မျက်ရည်ပူ
ခြေဆေးသူ အဖြစ်
အောင်လံထူ ဟစ်လိုသလား။

ကဲ ... စဉ်းစား
"ငါးပုပ် ဝယ်ကြဦးမလား ...." လို့
ဘယ်သူများ ကြွေးကြော်လို့လဲကွယ်။

ကိုယ့်လမ်း ကိုယ်သာ
လမ်းထွင်ပါ
လမ်းဆုံးတဲ့ခါ ရွာတွေ့မှာ ...။ ။

မောင်စံဗြော
ရှုမဝ ရုပ်စုံမဂ္ဂဇင်း
အတွဲ ၃၉၊ အမှတ် ၄၅၈ ဇူလိုင်လ ၁၉၈၅။

Saturday, February 13, 2010

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် (သို့မဟုတ်) ကျွန်ုပ်နှင့် စနိုက်ပါသမားများ


“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်”
(သို့မဟုတ်) ကျွန်ုပ်နှင့် စနိုက်ပါသမားများ
ဒေါက်တာလွဏ်းဆွေ

အိပ်မှုန်စုံမွှား တမနက်သား၏ မျက်ချေးပင် မစင်သေးချိန် အခါသမယ၌ အင်တာနက်ကို ဖွင့်ပြီးသကာလ ကျွန်ုပ်၏ ဘလော့ဂ်စီဘောက်သို့ ကြည့်ရှုလိုက်မိသည်တွင် “ဖွဆွေတယောက် ဘယ်ရောက်နေ ဖာခန်းကို ရောက်နေ၊ ဖာခန်းကနေ ဘယ်လိုပြန် လေးဘက်ထောက်ပြီးပြန်”ဟူသည့် ကျွန်ုပ်အား အတော်ကလေးပင် မြင်ပြင်းကတ်နေပုံရသည့် စနိုက်ပါသမားတဦး၏ ပစ်ခတ်မှုအရေးအသားကို ဖတ်ရှုရလေ၏။

စနိုက်ပါ (Sniper)ဆိုသည်ကို သိုးဆောင်းအဘိဓာန်ဘုတ်အုပ်တွင် လှန်လှောကြည့်ရှုမည်ဆိုပါက စစ်ရေးအရ ဆိုလျှင် ချောင်းမြောင်းပစ်ခတ်သူ၊ နိုင်ငံရေးအရဆိုလျှင် အပုပ်ချသူဟူ၍ တွေ့မြင်ရမည်ဖြစ်လေ၏။ ကျွန်ုပ် ယခု ရေးသားသည့် စာစုသည်ကား အထက်ပါ စနိုက်ပါသမားနှင့်တကွ အောက်တွင် ဖတ်ရှုရလတ္တံ့သော စနိုက်ပါသမားများအား အာဃာတထား၍ တုံ့ပြန်ရေးသားခြင်း မဟုတ်သည့်အတွက် ချောင်းမြောင်းပစ်ခတ်သူဟူသည့် ပို၍ နားဝင်ချိုသော အဓိပ္ပါယ်ဖြင့်သာ နားလည်ဖတ်ကြားပေးကြပါရန် စာရှုသူများအား ကြိုတင်မေတ္တာရပ်ခံလိုက်ရပါ၏။ စနိုက်ပါသမားများအနေနှင့် သူတို့၏ နာမည်အရင်းကို မဖော်ဘဲ ပစ်ခတ်ရေးသားသည့်အတွက်သာ ကျွန်ုပ်က မည်သူမည်ဝါမှန်းမသိရသည့်သူ (၀ါ) စနိုက်ပါသမားဟု ခေါ်ဝေါ်သုံးနှုန်းလိုက်ရခြင်းဖြစ်ပါ၏။

ဆက်ရမည်ဆိုပါက အဆိုပါ စနိုက်ပါသမား၏ ပစ်ခတ်ချက် အနီးအနားတွင် ကျွန်ုပ်အား ထောက်ခံအားပေးပုံရ သည့် ‘ဒေါက်တာလွဏ်းဆွေ-စင်မ်ပသိုက်ဇာ (Sympathizer)’တဦးက “ဒီလူကလည်းလေ မဲဆောက်အမှိုက်ပုံက မြန်မာတွေရဲ့ဘ၀ကို လေ့လာဦးမယ်ဆိုပြီး ခုံဖိနပ်စီး ထွက်သွားတာ မမြင်မစမ်းနဲ့ ၀ဲကုတ်နေတဲ့ ခွေးကို အမြီးတက်နင်းမိပြီနဲ့ တူတယ်”ဟု အနုပညာပါသည့် သွယ်ဝိုက်သော အရေးအသားဖြင့် ကျွန်ုပ်ကိုယ်စား တုံ့ပြန်ချေပ ရေးသားထားသည်ကို တဆက်တည်း ဖတ်ရှုရပေရာ ကျွန်ုပ်မှာ ချောင်းမြောင်းပစ်ခတ်သူ စနိုက်ပါ သမားကိုပင် အားနာသမှု ဖြစ်မိတော့၏။

ကျွန်ုပ်အနေနှင့် စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံရတတ်သည့် သူများသည် ထင်ပေါ်ကျော် ကြား လူသိများသော ပုဂ္ဂိုလ်ကျော်များသာဖြစ်တတ်သည်ဟု မှတ်ယူထားဖူးလေ၏။ ကျွန်ုပ်ပြည်တွင်း၌ရှိစဉ်က ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ၏ အသည်းကျော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နအဖစနိုက်ပါသမားများက သူတို့ပိုင် သတင်းစာများမှတဆင့် နာမည်ဝှက် အမျိုးမျိုးဖြင့် ချောင်းမြောင်းပစ်ခတ်ကြသည်ကို ပျင်းရိငြီးငွေ့စရာကောင်းလောက်အောင် ကာလအတန်ကြာ ဖတ်ရှုခဲ့ရဖူးသကဲ့သို့ ပြည်ပသို့ ရောက်ရှိသည့်အခါတွင်လည်း ထင်ပေါ်ကျော်ကြားသည့် ကျွန်ုပ်တို့၏ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင် ခေါင်းဆောင်ဆိုသူများနှင့် ပတ်သက်၍ စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုများကို ဘလော့များ၊ စီဘောက်များ၊ ဂရုမေးလ်များတွင် ယခုအချိန်အထိ မကုန်မခမ်းနိုင်လောက်အောင်ပင် ဖတ်ရှုခဲ့၊ ဖတ်ရှုနေရဆဲဖြစ်လေ၏။

ယခုမူ အကျွန်ုပ် ဒေါက်တာလွဏ်းဆွေဟူသည့် ထင်လည်းမထင်ပေါ် ကျော်လည်းမကျော်ကြားသည့် ပါမွှား လေးတယောက်အား ဘလော့ဂ်တည်းဟူသော မီဒီယာတခုကို စတင်လုပ်ကိုင်မိချိန်မှစ၍ မကြာခဏဆိုသလို အမည်မဖော်ဘဲ ပစ်ခတ်တတ်သည့် စနိုက်ပါသမားများ တယောက်ပြီးတယောက် ပေါ်ထွက်လာသည်ကို အံ့အားသင့်ဖွယ် တွေ့နေရပေ၏။ ထိုသို့ ပစ်ခတ်ခံရခြင်းများကို အကြောင်းပြု၍ ကျွန်ုပ်မှာ အံ့အားတသင့်ဖြစ်နေမိပြီး စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံရလောက်အောင် “ငါ ဘာတွေများ ကြီးထွားလာနေပါလိမ့်”ဟု တွေးတောမိသည့်အလျောက် မိမိကိုယ်ကိုယ်မိမိ အောက်သို့ ပြန်ငုံ့ကြည့်မိသည်တွင် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲချော်နေသဖြင့် အတော်ကြီးပင် ရှက်သွေးဖြန်းမိလေတော့၏။

ယခင့်ယခင်အခါများက မိမိ၏ ဘလော့ဂ်စီဘောက်မှတဆင့် အပေါ်မှ စနိုက်ပါသမား ပစ်ခတ်သကဲ့သို့ တ တောင့်ထိုးကျည်များဖြင့် ကြိုကြားကြိုကြား ပစ်ခတ်မှုကိုသာ ခံခဲ့ရဖူးသော်လည်း မကြာသေးမီ နေ့ရက်များကမူ တတောင့်ထိုးကျည်ဖြင့်မဟုတ်ပါဘဲ စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်သည့် စနိုက်ပါသမားတဦး၏ ပစ်ခတ်မှုအရေးအသားများကို 8888peoplepowerဂရုမေးလ်တွင် ကျွန်ုပ် ဖတ်ရှုလိုက်ရပေ၏။

အဆိုပါ စနိုက်ပါသမားက ကျွန်ုပ်နှင့်အတူ ကိုထော်ကြီး (ABSDF တပ်ရင်း-၈)၊ နေလင်း (နောင်မှ JACBA အလုပ်သမားအဖွဲ့ ဥက္ကဌ ကိုမိုးကြိုးကို ပြောမှန်းသိရ)နှင့် ကျွန်ုပ် သိကျွမ်းခြင်းအလျဉ်းမရှိသည့် ကျော်မြထူး၊ အောင်မိုးဝင်း၊ မောင်မောင်စိုး၊ ကျော်သိုက်၊ အတာ၊ ရွှေထီး အမည်ရ လူပုဂ္ဂိုလ်တချို့ကိုပါ အတွဲလိုက် ပစ်ခတ်ထားခြင်းဖြစ်၏။ RFAသတင်းဌာနမှ ကိုခင်မောင်စိုးပင် အဆစ်ပါချေသေး၏။ သူ၏ ပစ်ခတ်ပုံအရေးအသားကို ကြည့်၍ ကျွန်ုပ်၏ မျက်စိထဲတွင် ၀န်ကြီးများရုံး၌ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်များ ပစ်ခတ်ခံခဲ့ရသည့် မြင်ကွင်းကို (နှိုင်းယှဉ်ရေးသားခြင်းမဟုတ်ရပါ) ပြန်လည် မြင်ယောင်လိုက်မိပေ၏။

ဂဠုန်ဦးစော၏ တပည့်များက ဗိုလ်ချုပ်တို့ကို မသေမချင်း ဒရစပ် ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျွန်ုပ်ပါမွှား ဒေါက်တာလွဏ်းဆွေမှာကား ဂျာမဏီ မာစီးဒီးဘင့်ဇ်ကားစက်ရုံမှ (ကားဝယ်မစီး နိုင်သော်လည်း) လမ်း ပေါ်တွင် ကျကျန်ခဲ့သည့် ကျည်ကာအင်္ကျီ အကောင်းစားတထည်ကို ကောက်ရ ဝတ်ဆင်ထားမိ၍သာ ကျွန်ုပ် ရေးသားနေသည့် ယခုစာစုကို စာရှုသူသို့ ဖတ်ရှုနေရခြင်း ဖြစ်ပေတော့၏ဟု အောက်မေ့သမှု ပြုမိချေ၏။

ဗိုလ်ချုပ်တို့ ပုဂ္ဂိုလ်ကျော်တစုမှာ ကံမကောင်း အကြောင်းမလှစွာ ချက်ချင်းအသက်ပါသွားကြ၍ မိမိတို့အား ဂဠုန်ဦးစောနှင့် တပည့်များ အဘယ်ကြောင့် လုပ်ကြံသတ်ဖြတ်ကြပါလိမ့်ဟု ပြန်လှန်တွေးတောချိန် မရလိုက်သကဲ့သို့ ပစ်ခတ်လုပ်ကြံသူများအား ခွင့်လွှတ်ကြေအေးပြီးသကာလ ကြိုးစင်မတက်ရလေအောင် ကယ်တင်နိုင်သည့် အခွင့်အရေးမျိုးလည်း ရရှိခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် ကျွန်ုပ်ပါမွှား ဒေါက်တာလွဏ်းဆွေမှာမူကား ယားတယ်လို့ပင် ခါးမတွန့်လိုက်ရဘဲ ပကတိအကောင်းအတိုင်း ကျန်ရစ်ခဲ့သည်ဖြစ်သည့်အတွက် ဤစနိုက်ပါသမားအနေနှင့် ကျွန်ုပ်နှင့် ကျွန်ုပ်လုံးဝသိကျွမ်းခြင်းမရှိသော လူတချို့အား အဘယ်သို့သော အငြိုးအတေးကြောင့် ယခုကဲ့သို့ တရစပ် ပစ်ခတ်ပါလိမ့်ဟု တွေးတောချိန် ရတော်မူခဲ့၏။ ထိုသို့ တွေးတောချိန် ရရှိတော်မူခဲ့သည့်အလျောက် အဖြေကိုလည်း တွေ့ရှိခဲ့သည်ဟု ထင်မြင်ယူဆမိသည့်အတွက် အဆိုပါ စနိုက်ပါသမား အမျက်တော် အမုန်းတရားများ ဖိစီးပြီး စိတ်ပင်ပန်းနေမှုဒဏ် လျော့ကျစေရန် ရည်သန်၍ (ထပ်မံပစ်ခတ်ခံရမည်ကို ကြောက်ရွံ့၍မဟုတ်ဘဲ) ယခုကဲ့သို့ စာတတန် ပေတဖွဲ့ ဖြင့် မေတ္တာရှေ့ထား ရေးသားရှင်းလင်းလိုက်ရခြင်း ဖြစ်ပါ၏။

စနိုက်ပါသမား၏ စာထဲတွင် ကျွန်ုပ်အား ထိပ်ဆုံးမှ စတင်ပစ်ခတ်ရေးသားထားပြီး ကျန်လူများနှင့် ကျွန်ုပ်တို့ ပူး ပေါင်း၍ 88 People Power အဖွဲ့ တည်ထောင်ထားသည်ဟုလည်း အခြေအမြစ်မရှိ စွပ်စွဲရေးသားထားလေရာ နောင်တချိန် မြန်မာ့သမိုင်းအမှန်ကို ရေးသားပြုစုကြရာ၌ ဘာမှမဟုတ်သည့် ကျွန်ုပ်ပါမွှားကို ခေါင်းဆောင်အမှတ်နှင့် ကမ္ပည်းတင်နေမည်စိုးသည့် နောက်အကြောင်း တချက်ကြောင့်လည်း ယခုကဲ့သို့ ရှင်းလင်းရေးသားရ ခြင်း ဖြစ်ချေသည်တမုံ့။

ဦးစွာမဆွ ကျွန်ုပ်၏ ကျည်ကာအင်္ကျီကို တောက်ခနဲ ထိမှန်ပြီး လွင့်စင်သွားသည့် ကျည်ဆံတောင့် အမှတ် (၁) ကို ကောက်ယူစစ်ဆေးတော်မူမိ၏။ အဆိုပါ ကျည်ဆံကို သေချာစွာ စစ်ဆေးကြည့်ရှုမိသည့်အခါကျမှ အဆိုပါ စနိုက်ပါသမားသည် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြပေးခဲ့သော ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’၏ လေထန်ကုန်း ကဏ္ဍပါ ‘ဟီးဟီးဟားဟား ဆွေးနွေးပွဲ’ ဟူသည့် ခေါင်းစဉ်အောက်မှ အရေးအသားများအပေါ် စိတ်ဆိုးဒေါသ ထွက်ပြီးသကာလ ကျွန်ုပ်နှင့်လူတစုအား ယခုကဲ့သို့ တရပ်စပ် ပစ်ခတ်ခြင်းအမှု ပြုခဲ့ခြင်းဖြစ်သည်ကို သိရှိရပေတော့၏။

ထိုကိစ္စနှင့် ပတ်သက်၍ စနိုက်ပါသမား ကျွန်ုပ်အပေါ် အထင်အမြင် လွဲတော်မူနေခြင်းကို ကျွန်ုပ်က ရိုးရိုးသားသား ရှင်းလင်းပြလိုပေ၏။ ကျွန်ုပ်သည် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ဟူသော ပီဒီအက်ဖ်ဖိုင်လေးအား ‘လေထန်ကုန်း’ဟူသည့် အပတ်စဉ်ကဏ္ဍ မပါဝင်မီ ရှေးပဝေသဏီ ကာလကတည်းပင် အပတ်စဉ် ဖော်ပြပေးခဲ့ခြင်းဖြစ်ပါ၏။ 8888peoplepowerဂရုမေးလ်တွင် တွေ့ရှိ ဖတ်ရှုခဲ့ရပြီးနောက် စစ်အာဏာရှင်စနစ်ကို စစ်စစ် မှန်မှန် ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စာစဉ်အဖြစ် သဘောကျ နှစ်ခြိုက်တော်မူမိသည့်အတွက် မည်သူမည်ဝါ ထုတ်ဝေနေသည်မှန်း ကျွန်ုပ် အမှန်တကယ် မသိရှိသည့် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ကို ဂရုမေးလ်မှ ဒေါင်းလုပ်ဆွဲချကာ ကျွန်ုပ်စိတ် ကျွန်ုပ်သဘောနှင့် ဘလော့ဂ်၌ အပတ်စဉ် တင်ပေးခဲ့ခြင်းဖြစ်ပါ၏။ နောင်တွင်လည်း မည်သူတားတား၊ မည်သူမကြိုက်မကြိုက် ကျွန်ုပ်က တင်ဆက်ပေးနေဦးမည်ဖြစ်ပါ၏။

ယခုနောက်ပိုင်းတွင် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’မှ လေထန်ကုန်းဟူသည့် အခန်းကဏ္ဍမှာ တဟုန်ထိုး နာမည်ကြီးလာသည့်အလျောက် ထိုကဏ္ဍနှင့်ပတ်သက်၍ ကျွဲမြီးတိုမိသူများက စနိုက်ပါသမား ထင်မြင်ယူဆ သကဲ့သို့ ကျွန်ုပ် ဒေါက်တာလွဏ်းဆွေ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟူသည့် အတွေးမျိုး တွေးကြမည်ကို ကျွန်ုပ်ကလည်း မျှော်လင့်ပြီးသားဖြစ်ပေ၏။ ထိုသို့တွေးတောကြသည်ကို ကျွန်ုပ်အနေနှင့် ဗွေမယူမိသော်လည်း လုံးဝဆက်စပ်ပတ်သက်မှု အလျဉ်းမရှိကြောင်းကိုတော့ ကျွန်ုပ်က ရိုးသားစွာ ကျိန်တွယ်ပြောဆို လိုပေ၏။

သို့ဖြစ်၍ လေထန်ကုန်းကဏ္ဍနှင့် ပတ်သက်ပြီး စနိုက်ပါသမားကဲ့သို့ ကျွန်ုပ်အပေါ် ကျွဲမြီးတိုသည်ဆိုလျှင် အ ပေါ်တွင် ဒေါက်တာလွဏ်းဆွေ-စင်မ်ပသိုက်ဇာတဦး ပြောခဲ့သလို မရည်ရွယ်ပါဘဲ မတော်တဆ ခုံဖိနပ်နှင့် တက်နင်းခဲ့မိခြင်းမျိုးသာဖြစ်၍ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ကို နှစ်ခြိုက်၍ဖော်ပြပေးမိသူ ကျွန်ုပ်အား ခွင့်လွှတ်ပါရန် စနိုက်ပါသမားနှင့်တကွ ကျွဲမြီးတိုသူအားလုံးအား တောင်းပန်သမှုပြုလိုက်ရပေ၏။ ရှေ့လျှောက်တွင်လည်း ကျွန်ုပ်၏ အာဘော် တစိုးတစိမျှ မပါဝင်ကြောင်း ယုံကြည်ကြမည်ဟု မျှော်လင့်ပါ၏။

စနိုက်ပါသမားက ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’အား အခဲမကျေမှုကို အကြောင်းပြုပြီးသကာလ ကျွန်ုပ် ပါဝင် သည်အထင်နှင့် ကျွန်ုပ်အား ပုဂ္ဂိုလ်ရေးထိုးနှက်သည့် ကျည်ဆံတောင့်များနှင့်ပါ သဲကြီးမဲကြီး ပစ်ခတ်တိုက် ခိုက်ခဲ့ပါသေး၏။ ကျွန်ုပ်ကား ယားတယ်လို့ ခါးမတွန့်မိသော်လည်း စနိုက်ပါသမား တိုက်ခိုက်သည့် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်အချို့နှင့် စပ်လျဉ်း၍ ကြုံတုန်း ကျွန်ုပ်၏ အယူအဆ၊ ကျွန်ုပ်၏ ထင်မြင်ချက်လေးတချို့ကို ပြောကြားလိုက်ချင်မိပေ၏။ ကြုံကြိုက်တုန်းကလေး ပြောကြားခွင့်ရသည့် အတွက်လည်း ၀မ်းသာအယ်လဲဖြစ်မိပေ၏။

စနိုက်ပါသမား ပစ်ခတ်သည့် “မောင်လွမ်းဆွေဟာ ၈၈ တုံးကဘာမှ ဟုတ်တိပတ်တိမလုပ်ခဲ့ဘဲ ယောင်ခြောက်ဆယ် လုပ်နေသူပါ။ ၈၈ အာဏာသိမ်းပြီးတော့ရော။ ဒီအခါမှာလည်း သူဟာ ယောင်ခြောက်ဆယ်ပဲ”ဟူသည့် ပုဂ္ဂိုလ်ရေးကျည်တောင့်နှင့် ပတ်သက်၍ ကျွန်ုပ်က ပြောကြားရလျှင် ကျွန်ုပ်သည် ဘလော့ဂ်ကို စပြီးတင်ဆက် စဉ်ကတည်းကပင် ပြည်တွင်း၌ရှိစဉ်က ကျွန်ုပ် လုပ်ကိုင်ခဲ့သည့် အလုပ်မှန်သမျှကို ဘလော့ဂ်ရှိ ABOUT ME ၌ ရိုးရိုးသားသား ဖော်ပြထားခဲ့ပြီးဖြစ်လေ၏။ ထိုမျှသော အလုပ်ကလေးများကိုသာ မောင်ရင်လွဏ်းဆွေ လုပ်ကိုင်ခဲ့သည့်အတွက် နိုင်ငံရေးလုပ်ကိုင်ခွင့်မရှိဟူသည့် သတ်မှတ်ပြဌာန်းချက်ကလေးများ ရှိခဲ့လျှင်ဖြင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန် သန်းခြောက်ဆယ်ပုံ တပုံစာ တာဝန်ရှိသည်ဟု ယူဆလုပ်ကိုင်နေမိသည့် ကျွန်ုပ်အတွက် အားငယ်စရာ ဖြစ်ချေတော့မည်တမုံ့။

ထို့ပြင်တ၀ တောခိုမှ၊ ထောင်ကျမှ နိုင်ငံရေးသမားဟူသည့် ဂုဏ်ပုဒ်မျိုးကို ရယူနိုင်အံ့ဟူသည့်သဘောမျိုး ပြောဆိုသမှုပြုနေကြမှုများကိုလည်း အနှီပြည်ပနိုင်ငံရေးလောကသို့ ရောက်ရှိမှသာ ကြားသိတော်မူရသည့်အတွက် တောမခို၊ ထောင်မကျရှာဘဲ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့ရှာသည့် ကျွန်ုပ်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား အားငယ်သမှုဖြစ်ရဘိသကဲ့သို့ စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press) အတွက် တသီးပုဂ္ဂလ လွတ်လွတ်လပ်လပ် (Freelance) နေထိုင်လုပ်ကိုင်မည်ဟု အားခဲကာ နိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်သည့် ဘလော့ဂ်တခုကို တစိုက်မတ်မတ် လုပ်ကိုင်နေမိသည့် ကျွန်ုပ်အနေနှင့်လည်း နှစ်ထပ်ကွမ်း အားငယ်သမှု ဖြစ်ရချေတော့သည်တမုံ့။

ထို့နောက် စနိုက်ပါသမားက ကျွန်ုပ်အား “ဆရာဝန်ဆိုတာမှ ဟုတ်ပါရဲ့လားဗျာ” ဟူသည့် ကျည်တောင့်ဖြင့် ပစ်ခတ်ပြန်ပါ၏။ အနှီကျည်တောင့် တောက်ခနဲ မှန်လေသည့်အခါ ကျွန်ုပ်မှာ ရုတ်တရက် အားငယ်သွားပြီး အိတ်စုတ်လေးအတွင်း လဲလျောင်းနေသည့် ၀ါကျင့်ကျင့် ဘွဲ့လက်မှတ်လေးကို အပြေးအလွှား ပြန်ထုတ်ကြည့်မိကာ စနိုက်ပါသမား သိစေရန် စကင်ဖတ်၍ ဘလော့ဂ်မှတဆင့် တင်ပြပေးရမည်လား တွေးနေမိပေ၏။ သို့သော်လည်း စနိုက်သမား ထိုကဲ့သို့ ထင်မှတ်လောက်အောင်ပင် ဘွဲ့ရပြီးပြီးချင်း ဆေးကုသခြင်းအမှုကို ဖင်ပူအောင် မပြုဘဲ စာပေလောကအတွင်းသို့ အပြီးတိုင် သက်ဆင်းသွားမိခဲ့သည့် ကျွန်ုပ်က (၁၅)နှစ်နီးပါး အသုံးမပြုဘဲ ပစ်ထားခဲ့သည့် ဆေးကြိမ်လုံးဖြင့် လူနာများအား မဝှေ့ယမ်း မိတော့ရန် သတိထားဆင်ခြင်ခဲ့ပါ၏။

ထို့အတွက် တချို့ တချို့က ကျွန်ုပ်အား ဘာမှမသိတော့သည့် ‘အလကား ဆရာဝန်’ ဟု ထင်မြင်ကြသည်ကို ကျွန်ုပ် ကျွဲမြီးမတိုမိသလို တခါတရံတွင် “ဆရာ .. ကျနော့်တူမလေးပါးမှာ ပွေးပေါက်နေလို့ ဆေးလေး ရေးပေးပါဦး” ဟုတဖုံ၊ “ဒေါက်တာလွဏ်းရေ အိမ်ကမိန်းမ ညလုံးပေါက် ၀မ်းလျှောနေလို့ ဘာဆေးဝယ်သောက်ရမလဲ”ဟုတနည်း၊ “ဆရာရေ တိုက်ပွဲကျလို့ လုပ်ပါဦး” ဟူသည့် ညီငယ်များက တမျိုး၊ “ဆရာရေ ကျမသူငယ်ချင်းတယောက် မိန်းမကိုယ် ယားနေလို့ ဆေးလေးညွှန်ပါဦး” ဆိုသည်က တလမ်း ဆေးပညာနှင့်ပတ်သက်၍ အကဲမစမ်းချင်တော့ဘဲ ခပ်ကင်းကင်း နေထိုင်လိုသည့် ကျွန်ုပ်အပေါ် ရင်းနှီးသူများက အနို့ကလို သို့ကလို အပူကပ် ကြပြန်လေ၏။ ထိုအခါမျိုးများတွင် ကျွန်ုပ်မှာ ခြေကြွခကို စဉ်းစားဖို့နေနေသာ အိတ်စိုက်ပြီး အလကား ကုသ ပေးလိုက်ရခြင်းမျိုးပင် ရှိတတ်ခဲ့သည့် ‘အလကား ဆရာဝန်’ နောက်တမျိုးလည်း ဖြစ်နေတတ်ပြန်သေး၏။ ဤလောက်ရှင်းပြလျှင် “ဆရာဝန်ဆိုတာမှ ဟုတ်ပါရဲ့လားဗျာ” ဟု သိချင်တော်မူနေသည့် စနိုက်ပါသမား ကျေနပ် မည်ဟု မျှော်လင့်မိ၏။

စနိုက်ပါသမား ပစ်ခတ်လိုက်သည့် ကျည်တောင့်များထဲမှ ကျွန်ုပ်နောက်ဆုံးဆွေးနွေးလိုသည့် ကျည်တောင့်ကတော့ “သူ့အားနည်းချက်ကတော့ သိပ်မရှိပါဘူး။ အရက်၊ မိန်းမ၊ ဘောပွဲနဲ့ ဖာဖြစ်ပါတယ်” ဟူသည့် ကျည်တောင့်ပင် ဖြစ်ပါချေ၏။ အနှီကျည်တောင့်ကား မြန်မာ့လူမှုလောကတွင်လည်းကောင်း၊ ဟိုးယခင် ပါလီမန်ခေတ် နိုင်ငံရေးလောကတွင်လည်းကောင်း၊ ယနေ့ခေတ် အင်တာနက်လောကတွင်လည်းကောင်း လူတယောက် သိက္ခာကျသွားလောက်အံ့ဟု တွေးတောကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြ၊ ပစ်ခတ်နေကြဆဲ၊ နောင်လည်း ပစ်ခတ်နေကြဦးမည့် သမာရိုးကျ ကျည်တောင့်ပင် ဖြစ်ချေတော့၏။ စနိုက်ပါသမားကလည်း မောင်လွဏ်းဆွေလေးတယောက် သိက္ခာကျစေတော့အံ့ ဟူသည့် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်လိုက်ဟန်တူပေ၏။

ကျွန်ုပ်ကား “ပျင်းတောင်ပျင်းသေးတယ်” ဟူသည့် သီချင်းကိုသာ ဆိုညည်းနေမိတော့၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် ပြည်သူကို သစ္စာဖောက်သည့်ကိစ္စ၊ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ထိပါးသည့် ကိစ္စ နှင့် ခိုး၊ ဆိုး၊ လိမ်၊ ညာ၊ လုယက်၊ သူတပါးမယားကို ပြစ်မှားကျူးလွန်သော ကိုယ်ကျင့်သိက္ခာ ပျက်ပြားသည့် ကိစ္စရပ်မျိုးများမဟုတ်လျှင် ဖီလင်ရှိသလို နေထိုင်လုပ်ကိုင်တတ်သည့် အထုံပါရမီ ရှိသည်ကတကြောင်း၊ သူ တပါး စာမူပေါင်းစုံကို တည်းဖြတ်ဖတ်ရှုသမှုပြုရသည့် အယ်ဒီတာဟူသည် ဘ၀စုံအောင် သိထားလျှင် ပို ကောင်းလေစွတကားဟု ယုံကြည်သည်က တနည်း၊ “လူတော်တိုင်းသည် ရှုပ်၏။ သို့သော် လူရှုပ်တိုင်းသည် မတော်”ဟူသည့် ဆောင်ပုဒ်ကို နှစ်နှစ်ကာကာ ကိုင်စွဲထားသောကြောင့်တဖုံ ထိုထိုသော အကြောင်းပြချက် ပေါင်းစုံတို့ဖြင့် ကိုယ်လုပ်ချင်ရာဆိုလျှင် မည်သူ့ကိုမှလှည့်မကြည့်အားဘဲ ကိုယ့်စံ၊ ကိုယ့်ပေတံနှင့် လွတ်လွတ် လပ်လပ် နေထိုင်လုပ်ကိုင်တတ်ခဲ့သူ ဖြစ်ပါချေ၏။

ထို့အပြင် ကျွန်ုပ်သည် လုပ်နိုင်၊ ကိုင်နိုင်၊ စားနိုင်၊ သောက်နိုင်၊ ကန်နိုင်သူများကို မုဒိတာပွား အားကျတတ်သူ တယောက် ဖြစ်သည်နှင့်အညီ ကျွန်ုပ်အား အဆိုပါ ‘အရက်၊ မိန်းမ၊ ဘောပွဲနဲ့ ဖာ’ တည်းဟူသော ဘွဲ့ထူးဂုဏ်ထူးများ အပ်နှင်းသည်ကို အားငယ်ရှက်ရွံ့ခြင်း အလျဉ်းမဖြစ်မိဘဲ ဘလော့ဂ်လုပ်ရင်းတဘက်နှင့် ဤမျှ စားနိုင်၊ သောက်နိုင်၊ လုပ်နိုင်၊ ကိုင်နိုင်၊ ကန်နိုင်နေသေးခြင်းအတွက် မိမိကိုယ်ကိုယ်မိမိ မုဒိတာပြန်ပွားနေမိပြန်လေ၏။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ မှီတင်းနေထိုင်သော အမိမြန်မာပြည်ကြီးတွင် အရက်သမားလည်း အရက်သမားအလျောက် ကောင်းကွက်ကလေးရှိမည်ဖြစ်၏။ ဖဲသမားလည်း ဖဲသမားအလျောက် တော်သည့်အကွက်ကလေး ရှိမည်ဖြစ်၏။ ဖာချသူလည်း ဖာချသူအလျောက် အားသာချက်ကလေး ရှိမည်ဖြစ်၏။ ဘောကန်သူလည်း ဘောကန်သူအလျောက် အားကောင်းချက်ကလေး ရှိမည်ဖြစ်၏။ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေ သည့် လူတဦးချင်းစီမှ ထိုထိုသော ကောင်းကွက်ကလေး အနည်းအကျဉ်းစီကို စုစည်းကာ မျက်ရည်ပင်လယ် ဝေနေသည့် မြန်မာပြည်သူလူထုနှင့် စစ်ဖိနပ်အောက် ရောက်ရှိနေသည့် အမိမြန်မာပြည်ကြီးကို တတ်စွမ်းသမျှ ဆွဲထုတ်ကယ်တင်ကြရမည်ဖြစ်သဖြင့် ဒေါက်တာလွဏ်းဆွေကဲ့သို့ လူရှုပ်လူပွေကြီးများရော၊ ချောင်းမြောင်း ပစ်ခတ်တတ်သည့် စနိုက်ပါသမားများရော၊ ကျွန်ုပ်ကဲ့သို့ပင် မကြာခဏ စနိုက်ပါလက်ချက်မိလေ့ရှိသည့် အိတ်တီအိတ်သူခိုးဆိုသူများရော၊ ဂီးဇောင်ဂျောင်းဆိုသူများရော၊ အလုပ်အကိုင်မရှိ ယောင်ခြောက်ဆယ်များရော၊ အော့ကြောလန်မယ်စွာတေးများပါ ယခုအချိန်မှစ၍ “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေး ကထက် ပိုချစ်ကြမည်”ဆိုသည့် သီချင်းစာသားအတိုင်း ကျင့်ကြံကြဖို့ လိုမည်ဟု စဉ်းစားမိပေ၏။

ထိုသို့စဉ်းစားမိသည့်အလျောက် ညီညွတ်ရေးတည်ဆောက်ရန် ကျွန်ုပ်စဉ်းစားမိသည့် အကွက်တကွက်ကို တင်ပြလိုပေ၏။ ကျွန်ုပ်ကား အချိန်ကြာကြာ ၀ိုင်းဖွဲ့စားသောက်ရတတ်သည့် မူကထ(အသားကင်)ဆိုင်မျိုးတွင် အားလုံးနှင့် စားရင်းသောက်ရင်း ပျော်ပျော်ပါးပါး စကားလက်ဆုံကျကာ ညီညွတ်ရေးကို တည်ဆောက်ချင်ပါ၏။ သို့တည်းမဟုတ် ခေါင်းချင်းဆိုင် ၀ိုင်းဖွဲ့ကစားရသည့် တချပ်မှောက်ဝိုင်းကလေးတွင် သရီးဆက်ရှင်၊ ဖိုးဆက်ရှင်လူလဲကစားကာ ညီညွတ်ရေးကို သဲကြီးမဲကြီး တည်ဆောက်လိုက်ချင်ပါ၏။ သို့သော် မူကထဆိုင်သို့ လာ ရောက်ပြီး ညီညွတ်ရေးတည်ဆောက်လိုသူများရော၊ တချပ်မှောက်ဝိုင်းဖွဲ့ ကစားပြီး ညီညွတ်ရေးတည်ဆောက်လိုသူများပါ ဘတ်ထားသည့် ဘတ်ငွေ အလုံအလောက်မရှိသည့် ကျွန်ုပ်အတွက် အပိုဆောင်း ဘတ်ငွေကလေးများ ဆောင်ကြဉ်းလာကြပါရန် မေတ္တာရပ်ခံရင်း ချစ်သူများနေ့တွင် ရှေ့ပြေးညီညွတ်ရေးလေး စတင် တည်ဆောက်ရန် ဖိတ်မန္တက ပြုလိုက်ရပါ၏။ ဆုံစည်းလိုသူများ ကျွန်ုပ်အား ဖုန်းဆက်ကြပါကုန်။

ဒေါက်တာလွဏ်းဆွေ
(ညီညွတ်ရေးသို့ ရှေးရှုလျက် ချစ်သူများနေ့ အမှတ်တရ ရေးဖွဲ့ပါသည်)

U Win Tin greets U Tin Oo upon his house-arrest release - Photo News

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဦးတင်ဦးကို ဦးဝင်းတင်က နေအိမ်တွင် ကြိုဆိုနှုတ်ဆက်
မိုးမခဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၀
၂၀၀၃ ခုနှစ်ကတည်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရာမှ ယမန်နေ့ကမှ သက်တမ်းစေ့ပြီး ပြန်လည်လွတ်မြောက်လာသူ အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က နေအိမ်သို့ သွားရောက်ပြီး ကြိုဆိုနှုတ်ဆက်ခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကေတီဂျီမိတ်ဆွေများ)

Friday, February 5, 2010

Two Iowa refugee agencies to end resettlements

by Reid Forgrave 01/27/2010

Two agencies that bring the bulk of international refugees to Iowa will cease resettling refugees this year, putting the brakes on a groundswell of Iowa humanitarianism that began when former Gov. Robert D. Ray first opened the state's doors to a group of 600 Southeast Asian refugees in 1975.

More limited finances are forcing the Iowa Bureau of Refugee Services and the nonprofit Lutheran Services in Iowa to stop resettling people who flee from war-torn countries, natural disasters, political oppression or religious persecution.

Catholic Charities - the only other agency that resettles refugees in Iowa - is also having financial difficulties.

"I look (back) at this as a great, great period in Iowa's humanitarian history," said Kenneth Quinn, the former U.S. ambassador to Cambodia who worked with Ray early in the state's resettlement push. "Our state really was a moral leader in the world on behalf of the boat people and the starving Cambodians. If this is the marking of the downturn of it, well, I think all of us involved would feel very sad."

The Bureau of Refugee Services is the only federally funded, state-run refugee resettlement program in the country. It has an annual budget of about $2 million but lost some key federal funds this year that kept refugee resettlement operations afloat. The bureau plans to stop taking new refugees June 30.

Lutheran Services in Iowa plans to stop taking new refugees this month. Agency officials say it now costs more than they can afford - an estimated $3,000 or more - to resettle just one refugee and move that person toward self-sufficiency. Until this month, the federal refugee resettlement program funded less than $1,000 per refugee.

Last week, the State Department raised the federal stipend to $1,800 per refugee. Even so, Lutheran Services officials estimated that the agency would have a funding gap of $300,000 or more if it continued to resettle several hundred refugees annually.

Catholic Charities, part of the Diocese of Des Moines, will continue to resettle refugees, although that agency, too, is worried about finances. It has resettled 129 refugees in the past month.

"We are at same risk right now," said Sol Varisco, who is in charge of the resettlement program. "I thought we were going to be the first ones to close. But we are not so surprised, because we've been talking about how the economy has affected us and how the lack funding from the federal level has affected us."

Sarita Dahal, a refugee from Nepal, works Tuesday on her English at the Bureau of Refugee Services in Des Moines.In the past 35 years, some 30,000 refugees have resettled in Iowa.

People who work at the two agencies expressed deep sadness that the number of refugees who resettle in the state will drop. These agencies resettled 86 percent of the refugees who came to Iowa in the last fiscal year.

"Refugee families are some of the most vulnerable people in the world," said Jill Stuecker, in charge of refugee resettlement at Lutheran Services in Iowa. "To be able to do our little part, in Des Moines, Iowa, of all places, and to help provide a safe and peaceful place for families to live - just experiencing that has been life-changing."

On Tuesday morning, Kemal Delilovic sat in a conference room at the Bureau of Refugee Services office off University Avenue in Des Moines, near a group of recently arrived refugees working on their English.

Delilovic spoke about Lutheran Services, which brought him from war-torn Bosnia to Des Moines in 1994, and the Bureau of Refugee Services, where he's worked as a career development specialist for 13 years.

The 51-year-old man began to cry.

"My life wasn't in my control," Delilovic said of being a refugee. "You come here with one bag with all your belongings, and you start all over again. I'd experienced the worst of the war in Bosnia, the concentration camps, the mass rapes, the ethnic cleansing. I didn't want my children to experience the same. I wanted to come to a safe place, where I could control my own life, where there was hope for me.

"I don't think that I would have been able to do it if I was resettled somewhere else," Delilovic said. "I never felt as a foreigner here, even when I wasn't able to speak English. People were always welcoming and understanding. It's sad that another refugee won't be given the opportunity I was given."

Lucy Hnemi, 35, a Burmese refugee, arrived in Des Moines in July after a year in Malaysia, where she feared being sold into slavery or prostitution. She now works as an interpreter; her husband works at a meatpacking plant.

"Lutheran Services might not be able to give us everything we want, but they do absolutely everything they can," Hnemi said. "They make changes in our life, and they give us hope. Before this, we had no future at all, no hope."

Hope was what Ray was trying to instill when he committed Iowa to resettling refugees 35 years ago. The state's diversity exploded. Some schools began to experience their first real challenges relating to language barriers.

Over the years, the ethnicity of refugees who arrived in Iowa mirrored those of the world's hot spots. The first came from Southeast Asia in the wake of the Vietnam War. Others arrived in the 1990s from Bosnia and Croatia. More recently, the strife in some African countries has brought many refugees here, especially from Sudan.

Between October 2008 and September 2009, Iowa's three resettlement agencies welcomed 909 refugees to Iowa; most were Burmese, Bhutanese, Iraqi or Somali.

When local resettlement affiliates receive notice that a family of refugees will arrive, they begin finding housing and furnishings. They pick up the family at the airport. Over the next three months, staffers walk families through the myriad processes of establishing a new home country: applying for Social Security cards, searching for jobs, getting physicals to address medical concerns, learning English, learning the bus system, learning American laws.

Ray said he's optimistic Iowans will continue the state's tradition of helping refugees. The federal funding to resettle refugees must go to nonprofits, and nonprofits say the future of refugee resettlement in Iowa is on shaky ground.

"Hopefully, there will be a swelling of people who want to be helpful," Ray said.

To Help The Other Is To Help Themself! (Iowa Department of Human Service)

Monday, February 1, 2010

The Questions on the Form (Text Version) - 2010 Census

The Questions on the Form (Text Version) - 2010 Census
သက္ကရာဇ် ၂၀၁၀ပြည့်နှစ် သန်းကောင်စာရင်းစစ်တမ်း ကောက်ယူမှု အခြေပြမေးခွန်းများ

How many people were living or staying in this house, apartment, or mobile home on April 1, 2010?
ဧပြီလ ၁ရက် ၂၀၁၀ ရက်စွဲအရ ဒီအိမ်၊ အငှားတိုက်ခန်း သို့မဟုတ် ရွှေ့ပြောင်းနိုင်သော အိမ်မှာ လက်ရှိ နေထိုင်သူ ဘယ်နှစ်ဦး ရှိပါသလဲ။
We ask this question to help get an accurate count of the number of people in the household on Census Day, April 1, 2010. The answer should be based on the guidelines in the 'Start here' section. We use the information to ensure response accuracy and completeness and to contact respondents whose forms have incomplete or missing information.

Were there any additional people staying here April 1, 2010 that you did not include in Question 1?
ပထမဆုံးမေးတဲ့အထဲမှာ ပါဝင်ခြင်းမရှိသူ ဧပြီလ ၁ရက် ၂၀၁၀ ရက်စွဲအရ ဒီအိမ်မှာ လာရောက် နေထိုင်သူများ ရှိပါသေးသလား။
Asked since 1880. We ask this question to help identify people who may have been excluded in the count provided in Question 1. We use the information to ensure response accuracy and completeness and to contact respondents whose forms have incomplete or missing information.

Is this house, apartment, or mobile home: owned with mortgage, owned without mortgage, rented, occupied without rent?
ဒီအိမ်၊ အငှားတိုက်ခန်း သို့မဟုတ် ရွှေ့ပြောင်းနိုင်သောအိမ်ဟာ အကြွေးနှင့် ဝယ်ယူထားတာလား၊ အပြီးပိုင်ဆိုင်တာလား၊ ငှားရမ်းထားတာလား၊ ငှားရမ်းခ မပေးရပဲ အလွတ်နေထိုင်တာလား။
Asked since 1890. Homeownership rates serve as an indicator of the nation's economy. The data are also used to administer housing programs and to inform planning decisions.

What is your telephone number?
ဖုန်းနံပတ် ဘယ်လောက်ပါလဲ။
We ask for a phone number in case we need to contact a respondent when a form is returned with incomplete or missing information.

Please provide information for each person living here. Start with a person here who owns or rents this house, apartment, or mobile home. If the owner or renter lives somewhere else, start with any adult living here. This will be Person 1. What is Person 1's name?

Listing the name of each person in the household helps the respondent to include all members, particularly in large households where a respondent may forget who was counted and who was not. Also, names are needed if additional information about an individual must be obtained to complete the census form. Federal law protects the confidentiality of personal information, including names.

What is Person 1's sex?
ပထမဆုံး စာရင်းပေးသွင်းသူရဲ့ လိင်အမျိုးအစားက ဘာပါလဲ။
Asked since 1790. Census data about sex are important because many federal programs must differentiate between males and females for funding, implementing and evaluating their programs. For instance, laws promoting equal employment opportunity for women require census data on sex. Also, sociologists, economists, and other researchers who analyze social and economic trends use the data.

What is Person 1's age and Date of Birth?
ပထမဆုံး စာရင်းပေးသွင်းသူရဲ့ အသက်နဲ့ မွေးသက္ကရာဇ် သိပါရစေ။
Asked since 1800. Federal, state, and local governments need data about age to interpret most social and economic characteristics, such as forecasting the number of people eligible for Social Security or Medicare benefits. The data are widely used in planning and evaluating government programs and policies that provide funds or services for children, working-age adults, women of childbearing age, or the older population.

Is Person 1 of Hispanic, Latino or Spanish origin?
ပထမဆုံး စာရင်းပေးသွင်းသူရဲ့ မျိုးရိုးက စပိန်လား၊ လက်တင်အမေရိက ဒါမှမဟုတ် စပိန်နိုင်ငံ ဇာတိလား။
Asked since 1970. The data collected in this question are needed by federal agencies to monitor compliance with anti-discrimination provisions, such as under the Voting Rights Act and the Civil Rights Act. State and local governments may use the data to help plan and administer bilingual programs for people of Hispanic origin.

What is Person 1's race?
ပထမဆုံး စာရင်းပေးသွင်းသူရဲ့ လူမျိုးက ဘာလဲ။
Asked since 1790. Race is key to implementing many federal laws and is needed to monitor compliance with the Voting Rights Act and the Civil Rights Act. State governments use the data to determine congressional, state and local voting districts. Race data are also used to assess fairness of employment practices, to monitor racial disparities in characteristics such as health and education and to plan and obtain funds for public services.

Does Person 1 sometimes live or stay somewhere else?
ပထမဆုံး စာရင်းပေးသွင်းသူဟာ ရံဖန်ရံခါ အခြားတနေရာရာမှာ သွားရောက် နေထိုင်လေ့ ရှိပါသလား။
This is another question we ask in order to ensure response accuracy and completeness and to contact respondents whose forms have incomplete or missing information.

Source: http://2010.census.gov/

A

B

C

The Kitchen မီးဖိုချောင်