Thursday, January 28, 2010

ဒေါင်းမိခင်သို့ ပန်ကြားချက်


ဒေါင်းမိခင်သို့ ပန်ကြားချက်

ဖျက်စေဖျက်စေ၊ တက်လေပြီးမှ
သမဂ္ဂကို၊ မြစ်ကဖြိုလှဲ
ကွဲအောင်ခွဲသည်
မိုက်မဲသူတို့ ကြံစည်တကား။
ပမာဆိုသော်၊ ပင်ပျိုရိပ်အောက်
ခိုပြီးနောက်မှ၊ ကိုင်းခြောက်ကိုချိုး
မီးဝယ်ထိုးသို့...။

ရပ်စေရပ်စေ၊ သက်သေပြီးမှ
ဒို့ဘဝကို၊ သုညနှင့်ရေး
အအောင်ပေးသည်
စာမေးပွဲလည်း မပီတကား။
ပမာဆိုသော်၊ ရွှမ်းစိုလှတင့်
မီးနှယ်ပွင့်သည်၊ ပေါက်ပွင့်ရဲရဲ
နံ့မစွဲသို့...။

သိစေသိစေ၊ ဖိခြေပြီးမှ
ပယောဂဟု၊ ယုံကြစတမ်း
ချုပ်ကိုင်ဖမ်းသည်
ငြိမ်းချမ်းလွတ်ခွင့် မမြင်တကား။
ပမာဆိုသော်၊ ရန်လိုမူလုပ်
သင်မဟုတ်လျှင်၊ သင့်မိခင်ဟု
စားချင်ရဲရဲ သူစွပ်စွဲသို့...။

သားလှမျက်ရှင်၊ ဒေါင်းမိခင်
သိကြားမြင်လော့၊ ဆောင်ဦးလော့တည့်
လည်မော့ခြေကြွ၊ ကနေ၍ချည်း
မပြီးသေးချေ။
အိုးဝေတခွန်း၊ မာန်သစ်သွန်း၍
နစ်မွမ်းသည့်သား၊ ဒို့အများကို
ညွှန်ကြား ခေါင်းဆောင်ပါလေဦး...။ ။

ဂုဏ်ဝင်း (၁၉၅၆-၅၇ အိုးဝေမဂ္ဂဇင်း)

1 comment:

  1. Regardless of whether said...
    Love, apart for a heart and by the word. Intention to accept each other's everything, all the intentions to love each other..........................
    January 29, 2010 1:58 AM
    (Translated by Google WordTranslator)

    Thanks to your kind comments and have a nice one!
    Zaw Myo Lwin

    ReplyDelete

A

B

C

The Kitchen မီးဖိုချောင်