Saturday, September 11, 2010

ဘာထင်လို့လဲဟင်

ဘာထင်လို့လဲဟင်

ရန်ကုန်မြို့လည် လူစည်ကားသော ကားဂိတ်တစ်ခုတွင်ဖြစ်သည်။ အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့် အော်နေသည်။

“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ် တက်ထိုင်နေတယ်။

ထိုင်နေတာလဲ ဘယ်လောက်တောင်ကြာနေပြီလဲ။

အလကားလူ၊ ကိုယ့်ဘာသာ ဘာကိုမှလဲ မဆုံးဖြတ်ဘူး။

နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ။”

ထိုစဉ် အဆိုပါ အဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး အဘိုးကြီးကိုမေးသည်။

“အဘိုးကြီး ခင်ဗျားဘယ်သူ့ကို ပြောနေတာလဲ”

“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့”

ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။

မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့ လိုက်လာပြီး အမောတကောမေးသည်။

“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ် ထင်လို့လဲဟင်”


No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်