Monday, September 27, 2010

ငါ့သားကင်မရာ ပြန်ပေး


ငါ့သားကင်မရာ ပြန်ပေး
မောင်လတ်နီ
Monday, September 27, 2010

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။

မစ္စတာ နာဂါအိ အုတ်ဂူ (ဓာတ်ပုံ-မောင်လတ်နီ)

မစ္စတာ နာဂါအိ ဟာ ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်က အရမ်းကို ရှက်တတ်ပြီး သတင်းသမားလုပ်မယ်လို့ မထင်ခဲ့ဘူး လို့ သူ့ရဲ့မိဘများက ပြောပါတယ်။

သူသေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် “မစ္စတာ နာဂါအိ ဟာ တမီတာအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုတော့ သူမွေးဖွားရာမြို့ဖြစ်တဲ့ အီမဘာရီမြို့ရဲ့ အိုတာနီသင်္ချိုင်းမှာ ထားရှိပြီး ထူးခြားတာကတော့ သူ့ရဲ့အုတ်ဂူရှေ့မှာ သေဆုံးသွားစဉ်က ကိုင်ဆောင်ထားတဲ့ ဆိုနီ ဒစ်ဂျစ်တယ်ကင်မရာ ပုံစံတူကို ကျောက်သားနဲ့ ထုလုပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများက ကင်မရာနဲ့ တိတ်ခွေ ပြန်ရဖို့အတွက် လက်မှတ် တသိန်းကျော် စုဆောင်းပြီး တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးပါဘူး။ မစ္စတာ နာဂါအိရဲ့ မိဘများနဲ့ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အစိုးရက တရားဝင် တောင်းပန်တာ၊ လျော်ကြေးပေးတာ ဒီနေ့ထိ မရှိသေးပါဘူး။

“အသတ်ခံရတဲ့နေ့ကို ယနေ့တိုင် မမေ့သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုတ်တရက် ဖုန်းဆက်လာပြီး သားသေဆုံးတဲ့အကြောင်းပြောတော့ ပထမ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တီဗီမှာ သူ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ရပြီး အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်” လို့ သူ့ရဲ့မိခင် မိချိကို (၇၈ နှစ်) က ပြောပါတယ်။

အဲဒီတုန်းက ဗီဒီယို ကင်မရာကို ကိုင်ပြီး လဲကျသွားပေမယ့် အခု အဲဒီကင်မရာ ဘယ်မှာရှိလဲဆိုတာ မသိရပါဘူး။ ဂျပန်အစိုးရကလည်း ပြန်ပေးဖို့ တောင်းဆိုပေမယ့် ယနေ့တိုင် မြန်မာစစ်အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိသေးပါဘူး။

အုတ်ဂူရှေ့မှ ကျောက်သားဖြင့်ထုထားသည့် ကင်မရာပုံ (ဓာတ်ပုံ-မောင်လတ်နီ)

မစ္စတာ နာဂါအိရဲ့ မိခင်က “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

“ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ ။

Copyright © 2010 ဧရာဝတီ

Sunday, September 26, 2010

ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ

ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ
အောင်ဇော်
Saturday, September 25, 2010

၁၉၆၆ ခုနှစ်တုန်းက မြန်မာပညာတတ်လူငယ် မင်းလတ်ရဲခေါင် တယောက် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရက်မြို့တော် ၀င်ဆက်ဆလပ်ရင်ပြင်က သူထိုင်နေကျ တက်ထရန် ကော်ဖီဆိုင်မှာ ရှိနေပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာပြည်မှာ အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ လုံခြုံရေးယာဉ်တန်း ဖြတ်သွားပါတယ်။ မင်းလတ်ဟာ ကော်ဖီဆိုင်က ချက်ချင်းထွက်သွားပြီး သူ့မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ဒေါက်တာ ဒက်ဂ်မာ ဘက်ခိုးဗား (Dr. Dagmar Beckova) ကို အကူအညီ တခု တောင်းပါတယ်။

ချက်ကိုစလိုဗက်ကီးယားရောက် ဆရာမင်းလတ်ရဲခေါင် (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

နောက်ရက်ပိုင်း ဗိုလ်နေ၀င်းကို ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပနေတုန်း ဘက်ခိုးဗားနဲ့ မင်းလတ်ရဲ့ မိတ်ဆွေ အတော်များများက ဗိုလ်ချုပ်နေ၀င်းရဲ့ နောက်လိုက်နောက်ပါ အဖွဲ့ဝင်တယောက်ကို ချဉ်းကပ်ပြီး ပါဆယ်ထုပ်တထုပ် ပေးခဲ့ပါတယ်။ အထုပ်ထဲမှာ ဗိုလ်နေ၀င်းကို လိပ်မူထားတဲ့ “မြန်မာပြည်နဲ့ ပတ်သက်ပြီး ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ” ဆိုတဲ့ စာတစောင် ပါရှိပါတယ်။

ဗိုလ်နေ၀င်းကို ထိပ်တိုက် ရင်ဆိုင်လိုက်တဲ့အတွက် သူ သိပ်အန္တရာယ်ကြီးသွားပြီ ဆိုတာ မင်းလတ်က သိပါတယ်။ ပညာတော်သင် မြန်မာတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်မိပြီ ဆိုရင် ပုံမှန်အားဖြင့် မြန်မာပြည်ကို ပြန်ကြရတာပါ။ သူ မြန်မာပြည် ပြန်တဲ့အခါ စစ်အစိုးရက သူ့ကို ကောင်းကောင်းမွန်မွန် ဘယ်ကြိုပါ့မလဲ။ အာဏာရှင်ကို မကြောက်ဘဲ မှန်တာ ပြောမိရင် သူ့ဘ၀က ကြေကွဲစရာအဖြစ်နဲ့ အဆုံးသတ်မယ် ဆိုတာကို အဲ့ဒီအချိန်က သူ မသိနိုင်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ လက်ချက်နဲ့ ဘ၀ ဇာတ်သိမ်းမှာမဟုတ်ဘဲ မြန်မာပြည် မြောက်ပိုင်း တောတွင်းတနေရာမှာ သူ့ရဲ့ ကွန်မြူနစ် ရဲဘော်တယောက်က ပစ်သတ်ခံရမယ် ဆိုတာကို သူ မသိခဲ့ပါဘူး။

ဘာသာဗေဒနဲ့ သမိုင်းပညာရှင် ဆရာမင်းလတ်ဟာ ရန်ကုန်က နာမည်ကျော် စိန့်ပေါလ် ဂရမ်မာ ကျောင်းမှာ ပညာသင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၂၅ မှာ မွေးဖွားပြီး ဒုတိယ ကမ္ဘာစစ်ကာလ ပဲခူးတိုင်းအတွင်း ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့သူပါ။ စစ်ပြီးချိန်မှာ အလံဖြူ ကွန်မြူနစ်ပါတီဝင်တယောက် ဖြစ်သွားပြီး ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရလို့ သိပ်မကြာခင်မှာပဲ တောခိုပါတယ်။

၁၉၅၀ မှာ ချက်ကိုစလိုဗက်ကီးယားကို ရောက်ပါတယ်။ သူဟာ မြို့တော် ပရက်မှာ ပထမဆုံး သွားရောက် ပညာသင်တဲ့ မြန်မာကျောင်းသား သုံးယောက်ထဲက တယောက်ပါ။ ချားလ်စ် တက္ကသိုလ်ရဲ့ ဒဿနိကဗေဒ မဟာဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်း သင်ယူပါတယ်။ သူ့ရဲ့ “အင်္ဂလိပ် အက္ခရာ စာလုံးများနဲ့ မြန်မာပြည်” စာအုပ်ကတော့ ပရက်မှာ မြန်မာစာ သင်ကြားရေး အတွက် ကနဦး ခြေလှမ်းပါပဲ။

၁၉၅၅ မှာတော့ သူက ပရက် ဘာသာစကားကျောင်းမှာ မြန်မာဘာသာ စတင် ပို့ချပါတယ်။ “မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အက္ခရာစဉ် ဝေါဟာရများနှင့် ပရက် နည်းလမ်း မြန်မာဖတ်စာ” ကိုလည်း ပုံနှိပ် ထုတ်ဝေပါတယ်။ ချက်ကျောင်းသားတွေ ခေတ်ပေါ် မြန်မာဘာသာစကားကို ပထမဆုံး ထိတွေ့စေနိုင်ခဲ့တဲ့ စာအုပ်ပါ။

ဒါ့အပြင် ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့တိုင်း တက္ကသိုလ်မှာ သုတေသီ၊ သူ ပညာသင်ခဲ့တဲ့ တက္ကသိုလ်မှာလည်း နည်းပြဆရာ ဖြစ်လာပါတယ်။ ၁၉၆၇ ခုနှစ် ပရက်မြို့တော်ကို ခွာခဲ့ချိန်အထိ ဒီတာဝန်တွေ ယူခဲ့ပါတယ်။

ချက်နဲ့မြန်မာ ဆက်ဆံရေးအတွက် ဆရာမင်းလတ်ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အရေးပါခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က ပရက်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “မြန်မာ- အာရှရဲ့လမ်းဆုံ” စာအုပ်ဟာ မြန်မာပြည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေးတို့အကြောင်း ကို ချက်ပြည်သူတွေနဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်မှာ Burma Center Prague က ထုတ်ဝေတဲ့ ဘက်ခိုးဗားရဲ့ “မြန်မာ့ဆုံချက်” (Focus on Burma) ထဲမှာ အဲဒီလို ရေးထားပါတယ်။

ဘက်ခိုးဗားရဲ့ ရေးသားချက် အရ ဆိုရင် ဆရာမင်းလတ်ရဲ့ အရေး အပါဆုံး သုတေသန လုပ်ငန်းကတော့ “မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ဆရာမင်းလတ်က မြန်မာဘာသာစကားနဲ့ ခေတ် အသုံးအနှုန်းတွေကို နက်နက်နဲနဲ ခွဲခြမ်း စိတ်ဖြာ လေ့လာခဲ့ပြီး မြန်မာဘာသာစကား ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သူ့ရဲ့ အဆိုပြုချက်ကိုလည်း စာအုပ်မှာ ဖော်ပြထားပါတယ်။

အဲဒီ စာအုပ်ဟာ ပညာရေးဆိုင်ရာအရ အရေးကြီးတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက အာဏာရှိသူတွေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒကို တကြိမ် ထပ်ပြီး ပြသလိုက်တာပါပဲ။ ဒီတခါမှာတော့ ဂန္ထ၀င် မြန်မာ စကား အသုံးအနှုန်းက လွဲပြီး တခြား အသုံးအနှုန်းကို လက်မခံတဲ့ ပညာရေးဆိုင်ရာ ချမှတ်ဆောင်ရွက်မှု ပုံသဏ္ဌာန်တွေကို စိန်ခေါ်ခဲ့တာပါ။

ဆရာမင်းလတ်ဟာ ပညာရှင်တယောက်၊ တက်ကြွ လှုပ်ရှားသူ တယောက် အဖြစ်သာ မကဘဲ တက်ကြွနိုးကြားတဲ့ ၀တ္ထုတို တွေ ကဗျာတွေရေးသားတဲ့ စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ ရဲခေါင် ကလောင်အမည်နဲ့ သူ့ဝတ္ထုတိုတွေ၊ ကဗျာ တွေကို မြန်မာပြည်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

သူ ပရက်မှာ ရှိနေတုန်း ချက် လူငယ် ဗားကလက် ဟာဗဲလ် ကလည်း ပြဇာတ်တွေ ရေးသားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ သူတို့ ခေတ်ပြိုင် စာရေးဆရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင်တဲ့နေရာမှာ ကိုယ်စီ ရှိနေတဲ့ အရည်အချင်းတွေကို ဖလှယ် မျှဝေရင်း သူတို့ရဲ့ အသက်ကို ရဲဝံ့ စွန့်စားခဲ့သူတွေပါ။

ဟာဗဲလ်ဟာ ၁၉၈၉ ခု ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့အထိ ဆက်လက် ဆောင်ရွက်ပါတယ်။ ချက်ကိုစလိုဗက်ကီးယားမှာ ကွန်မြူနစ်ဝါဒ ငြိမ်းငြိမ်းချမ်းချမ်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း သူဟာ တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ သူ့ ဆောင်ပုဒ်တခု ဖြစ်တဲ့ “အမှန်တရားနဲ့ ချစ်ခြင်း မေတ္တာတရားဟာ လိမ်ညာမှုတွေနဲ့ အမုန်းတရားကို အနိုင်ရ လွှမ်းမိုးနိုင်ရမယ်” ဆိုတဲ့စကားဟာ ဆရာမင်းလတ် အသေအချာ နှစ်သက် တန်ဖိုးထားတဲ့ စကားပါပဲ။

ဆရာမင်းလတ်ရဲ့ ပညာရေးဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှုတွေက ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်ပေမယ့် သူ့ရဲ့ ဇာတိမြေ ကိုတော့ သူ့နှလုံးသားထဲမှာ ထည့်ထားတာပါ။ မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်တွေကို သူ ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဌာနချုပ် တည်ရှိရာ ပဲခူးရိုးမနဲ့ တရုတ် မြန်မာ နယ်စပ်ဒေသမှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ သူ့ရဲ့ကွန်မြူနစ်ပါတီ ရဲဘော်ရဲဘက်တွေနဲ့ အမြဲ ထိတွေ့ ခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန် နောက်ပိုင်းကာလမှာတော့ ဗကပ ဟာ ၀ တောင်တန်းဒေသကို စတင် ထိုးဖောက် ၀င်ရောက်ခဲ့ပါတယ်။

ပရက်မြို့တွင် တွေ့ခဲ့ရသော ဆရာမင်းလတ်နှင့် ဒက်ဂ်မာ ဘက်ခိုးဗား (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

ဗကပဟာ တရုတ်ပြည်က စစ်ရေး အကူအညီ ရခဲ့တာပါ။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးက ရလာတဲ့ အတွေး အခေါ်နဲ့ ဗကပ က ၁၉၆၇ ခုနှစ်မှာ သူတို့ပါတီရဲ့ “တ၀က်တပျက် ယဉ်ကျေးမှု တော်လှန်ရေး” ကို ဖော်ဆောင်ပါတော့တယ်။

ဗကပ ပါတီဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ အပါအ၀င် ပညာတတ် ပုဂ္ဂိုလ်တွေကို ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် လုပ်ခဲ့တယ်။ သန့်စင် ရှင်းလင်းရေးကို တုံ့ပြန် ရိုက်ခတ်တဲ့ တရုတ် ဆန့်ကျင်ရေး ရုန်းရင်း ဆန်ခတ်မှုတွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာကြား သံတမန် ဆက်ဆံရေး ဆိုးဝါးသွားပြီး ဘေဂျင်းက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ တရားဝင် ရပ်စဲလိုက်ပါတယ်။ သူ့နိုင်ငံက ကျောင်းသားတွေကိုလည်း ပြန်ခေါ်ယူပါတယ်။ ဘေဂျင်း ရေဒီယိုက ဗိုလ်နေ၀င်း အစိုးရကို “ဖက်ဆစ်၊ တော်လှန်ရေးကို ဖျက်ဆီးသူ၊ ဖောက်ပြန်ရေးအစိုးရ” စသဖြင့် အပြင်းအထန် ရှုတ်ချပါ တော့တယ်။

ပရက် နွေဦးရာသီ ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀ါဆောစာချုပ်ဝင် နိုင်ငံတွေက ကျူးကျော် ဝင်ရောက်ပြီး ချေမှုန်းတာတွေ မဖြစ်ခင် တနှစ်အလို ၁၉၆၇ ခုနှစ်မှာ ဆရာမင်းလတ်ဟာ အဲဒီကနေ တရုတ်ပြည်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘေဂျင်းကို သူရောက်ပြီး ရှမ်းဘာသာကို လေ့လာသင်ယူရင်း ၁၉၆၉ ခုနှစ်အထိ နေခဲ့ပါတယ်။ ဒီနောက်တော့ ရှမ်းပြည်နယ်ဘက်ကို ပြောင်းသွားပါတယ်။ တရုတ်မြန်မာ နယ်စပ်က ဗကပ ရဲဘော်တွေနဲ့ ပြန်ဆက်သွယ်ခဲ့ပြီး ၀ နဲ့ ရှမ်း ဘာသာရပ်တွေကို လေ့လာပါတယ်။ ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ သူ့လုပ်ဆောင်မှုတွေထဲမှာ ၀ ဘာသာကနေ လက်တင် ဘာသာကို ပြန်ဆို ရေးသား မှတ်တမ်းတင်မှုတွေ ပါဝင်ပါတယ် တဲ့။

ဒါပေမယ့် အာဏာရှင်တွေကို အမှန်အတိုင်း ပြောတယ် ဆိုတာဟာ အမြင်မတူသူနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ဘူး၊ ကိုယ့် ဘက်တော်သားတွေထဲမှာလည်း အင်အား ကောင်းစေရေးအတွက် ဖြစ်တယ် ဆိုတာကို ဆရာမင်းလတ်က သဘောပေါက်တဲ့သူပါ။ သူက ကွန်မြူနစ်ပါတီရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးတဲ့အနေနဲ့ ဗကပ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေဆီ အစီရင်ခံစာတွေ ရေးပို့ပါတယ်။ သူ့ရဲ့ အငြင်းပွားဖွယ် အစီရင်ခံစာတွေထဲမှာ ဘာတွေပါတယ် ဆိုတာ အခုအထိ မသိရပါဘူး။ သိရသလောက်ကတော့ ပါတီ ခေါင်းဆောင်တွေက အဲဒီ အစီရင်ခံစာတွေကို မကြိုက်ကြဘူး ဆိုတာပါပဲ။

၁၉၇၀ ပြည့်လွန် နောက်ပိုင်းမှာတော့ ပြည်ကွန်မြူနစ်ပါတီက သူ့ကို ရှမ်းပြည် အရှေ့မြောက်ပိုင်းဒေသမှာ ထိန်းသိမ်းလိုက်ပါတယ်။ တိုက်ပွဲမှာ အဖမ်းခံရတဲ့ အရာရှိတယောက် အပါအ၀င် မြန်မာစစ်သား ၁၅ ယောက်နဲ့အတူ ချုပ်နှောင်ခံရပါတယ်။

ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ ၁၉၈၅ ခုနှစ်ထဲမှာ စစ်သားတွေ ထွက်ပြေးဖို့ စီစဉ်တော့ ဆရာမင်းလတ်လည်း သူတို့နဲ့အတူ ပြေးခဲ့ပါတယ်တဲ့။ ဒါပေမယ့် ကွန်မြူနစ်ပါတီတပ်တွေက သူတို့နောက်ကို လိုက်ပြီး ရှင်းတဲ့အတွက် အားလုံး သေဆုံးသွားရပါတယ်။ ကွန်မြူနစ်ဟောင်းတွေကတော့ ဆရာမင်းလတ်ရဲ့ နောက်ဆုံးကာလ အကြောင်းတွေကို ပြန်ပြောချင်စိတ် မရှိကြပါဘူး။ ပါတီဌာနချုပ်ကပဲ သုတ်သင်ပစ်လိုက်ဖို့ အမိန့်ပေးခဲ့သလား ဒါမှမဟုတ် တပ်သားတွေကပဲ သူတို့ ဘာသာ ပစ်ခတ်ခဲ့တာလား ဆိုတာ မသိရပါဘူး။

တောထဲမှာ ကြေကွဲဖွယ် ကျဆုံးခဲ့ရပေမယ့် ဆရာမင်းလတ်ရဲ့ ကြံဆ စိတ်ကူးမှုတွေနဲ့ ပညာရပ် နယ်ပယ်ဆိုင်ရာ သြဇာ သက်ရောက်မှုတွေက မြန်မာပြည်မှာ ရှိနေဆဲပါ။ ဒါ့အပြင် မြန်မာ နဲ့ ချက် နှစ်နိုင်ငံကြား လက်ရှိ ဆက်ဆံရေးအထိ သြဇာ ရှိနေဆဲဖြစ်ပါတယ်။

“လေးနက်တဲ့အကြောင်းအရာတွေကို ဂန္ထ၀င် မြန်မာဘာသာစကားနဲ့ပဲ ရေးရမယ်လို့ ဆိုကြတဲ့ ရှေးရိုးစွဲဝါဒီ ပညာရှင်တွေနဲ့ သဘောမတူကြတဲ့ ခေတ်သစ် မြန်မာပညာရှင်တွေ၊ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေ အတွက်တော့ ဆရာ မင်းလတ် ရဲ့ ‘မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း’ နဲ့ တခြားလက်ရာတွေက အထောက်အကူ ဖြစ်ခဲ့တယ်၊ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးခဲ့တယ်” လို့ ဘက်ခိုးဗားက ဆိုပါတယ်။

နောက်မျိုးဆက် စာရေးဆရာတွေကတော့ ခေတ်ပေါ် မြန်မာဘာသာစကားကို စာပေ နယ်ပယ်မှာသာ မဟုတ်ဘဲ တခြား ရေးဖွဲ့မှုတွေမှာပါ သုံးလာကြတယ်၊ ခေတ်ပေါ်နည်းနဲ့ ရေးတာက ပိုပြီး နားလည်ရ လွယ်စေတယ် ဆိုတာကို ပြသခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ ဒီအစဉ်အလာကို ဒီနေ့ခေတ်အထိ သယ်ဆောင်လာပြီး သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်တွေမှာ ခေတ်ပေါ် ဘာသာစကားနဲ့ ရေးသား ဖော်ပြနေကြပါပြီ တဲ့။

၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆရာမင်းလတ် ပရက်မှာ ရှိနေချိန်အတွင်း တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှုတွေကြောင့်လည်း ချက်ခေါင်းဆောင်ဟောင်း ဟာဗဲလ်နဲ့ လက်ရှိ ချက်သမ္မတနိုင်ငံတို့ဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကို ထောက်ခံအားပေးသူတွေ ဖြစ်လာတာပါ။

ဧပြီလတုန်းက ချက်သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တာနာ ရဲ့ တိုက်တွန်း ပြောဆိုချက်ကို ထောက်ခံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မစ္စတာ ကင်တာနာက မြန်မာနိင်ငံတွင်း စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ တိုက်တွန်းခဲ့တာပါ။

ဧရာဝတီ မဂ္ဂဇင်းကို ပေးပို့တဲ့ ထုတ်ပြန်ကြေညာချက်တခုမှာဆိုရင် ချက် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပျက်နေတဲ့အတွက် ပူပန်နေရကြောင်း ဖော်ပြထားပြီး စစ်အစိုးရ ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံရဲ့ အလားအလာကိုလည်း မေးခွန်းထုတ်ထားပါတယ်။

ချက်အစိုးရဲ့ထောက်ခံမှုဟာ ဆရာမင်းလတ် ချက်ကိုစလိုဗက်ကီးယားက ထွက်ခွာလာပြီး နှစ်ပေါင်း ၄၀ ကျော် အကြာ၊ မြန်မာပြည် မြောက်ပိုင်းတောထဲမှာ သူသေဆုံးပြီး နှစ် ၂၀ ကျော်ကြာမှ ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ဆရာမင်းလတ်နဲ့ သူ့လို ပြည်ပခရီး ထွက်ခဲ့ကြပြီး မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြသူတွေဟာ အနာဂတ် မျိုးဆက်သစ် တက်ကြွ လှုပ်ရှားသူတွေအတွက် အခြေခံ အုတ်မြစ်ချခဲ့ကြသူတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ကူညီ ထောက်ခံလာကြအောင် တံတားထိုးပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်များက ပရက်မြို့ရောက် မြန်မာတို့၏ ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

တခြား မြန်မာ နဲ့ ချက် တက်ကြွလှုပ်ရှားသူတွေလိုပဲ ဆရာမင်းလတ်ဟာ သူ့ဘ၀မှာ သူမြင်ချင်တဲ့ ရလဒ်ကို မြင်မသွားခဲ့ရပါဘူး။ ဒါပေမယ့် အတိုက်အခံတွေသာ ဇွဲကောင်းမယ်ဆိုရင် မျှော်လင့်ချက် ကင်းမဲ့ပြီး ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လို့ရတယ် ဆိုတာ ဒီကနေ့ ဒီမိုကရေစီ တိုင်းပြည် ဖြစ်နေတဲ့ ချက် သမ္မတနိုင်ငံက သက်သေပါပဲ။

တကယ်လို့ မြန်မာပြည်သူတွေဟာ ချက် ပြည်သူတွေလိုပဲ ရက်စက်တဲ့ အာဏာရှင်တွေကို တနေ့မှာ အောင်မြင်နိုင်ခဲ့မယ် ဆိုရင် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့ဖိစီး နှိပ်စက်မှု သံကြိုးတွေကို ဖယ်ရှင်းပစ်နိုင်မယ့် လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာတဲ့အထိ ညီညွတ် ပေါင်းစည်း မျှဝေ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ဆရာမင်းလတ်ဟာ အဲဒီ ပေါင်းစည်း ညီညွတ်မှုရဲ့ ဘိုးဘေးတဦး ဖြစ်နေမှာပါ။ သူသာ တကယ်လို့ ဒီကနေ့အထိအသက်ရှင်နေဦးမယ် ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သူအရင်တုန်းက ဗိုလ်နေ၀င်းကို ပြောဆိုခဲ့ဖူးသလို “ကမ္ဘာကို မှန်တဲ့အတိုင်း ပြောပြပါ” ဆိုတဲ့ စကားကို ပေးပို့မှာကတော့ အသေအချာပါပဲ။ ။

အောင်ဇော် ရေးသားသည့် ‘Tell the World the Truth’ ကို ဆီလျော်အောင် ပြန်ဆိုသည်။

© Irrawaddy Publishing Group

‘Tell the World the Truth’

Tell the World the Truth
By AUNG ZAW
Minn Latt Yekhaun was one of the first three Burmese students to study in Prague during the 1950s. Despite his tragic death more than 20 years ago, his influence on Burmese-Czech relations remains to this day

In 1966, Burmese intellectual Minn Latt Yekhaun was sitting in Tatran, his favorite Wenceslav Square cafe in Prague, Czechoslovakia, when a convoy passed by escorting Gen Ne Win, the authoritarian ruler of Burma who had taken power four years earlier in a military coup. Minn Latt immediately left the cafe and contacted his friend and colleague, Dr. Dagmar Bečková, and made a dangerous request.

Minn Latt Yekhaun photographed in Czechoslavakia. (Photo: Burma Center Prague/Dagmar Bečková)

A few days later, during a reception in honor of Ne Win, Bečková and several other friends of Minn Latt approached a member of the general’s entourage and handed him a parcel. Inside the package was a letter addressed to Ne Win that said simply: “Tell the world the truth about Burma.”

Minn Latt knew he was taking a big risk by confronting Ne Win—Burmese studying overseas who became political were normally required to return home, and the junta would certainly not have given Minn Latt a warm welcome back in Burma. Minn Latt could not have known at the time, however, that while his propensity to boldly speak truth to power would ultimately lead to his tragic death, it would not come at the hands of Ne Win, but from guns fired by his own Communist comrades in the jungles of northern Burma.

Minn Latt was a Burmese linguist, historian and writer who studied at the prestigious St. Paul’s Grammar School in Rangoon. Born in 1925, he joined the Burmese resistance against the Japanese during World War II in the Pegu region of Lower Burma. After the war, he became a member of the White Flag faction of the Communist Party of Burma (CPB) and went underground in 1948, shortly after Burma regained its independence from Britain.

When Minn Latt arrived in Prague in 1950, he was one of the first three Burmese students ever to come to the Czech capital. He studied English and history at the Faculty of Philology of Charles University, and his “Burma in English Letters” became an introduction to Burmese studies in Prague.

In 1955, Minn Latt began teaching Burmese at the Prague Language School. He also published “The Prague Method Burmese Reader with Burmese-English and English-Burmese Alphabetical Vocabularies,” which gave Czech students their first chance to study the modern Burmese language. In addition, Minn Latt became a researcher at the Oriental Institute of the Czechoslovak Academy of Science in Prague and a lecturer at the Faculty of Philosophy at Charles University, positions he held until he left Prague in 1967.

Minn Latt’s contribution to Czech-Burmese relations is significant. “His book ‘Burma – the Crossroads of Asia,’ published in Prague in 1958, was the first introduction to the history, politics and economics of Burma for the Czech public,” Bečková wrote in Focus on Burma, a 2008 publication by Burma Center Prague, a non-profit NGO run by Burmese living in the Czech Republic and supporters of Burma.

Minn Latt’s greatest research milestone, according to Bečková, was his book “Modernization of Burmese,” in which he performed a deep analysis of the Burmese language and its modern usage and offered his own proposal for further development of the language. Not only was “Modernization of Burmese” significant in terms of its academic impact, the book also demonstrated once again Minn Latt’s willingness to openly challenge those in power, this time in the form of the academic establishment who resisted the use of anything other than classical Burmese.

In addition to being an academic and activist, Minn Latt was also an active writer whose short stories and poems were published in Burma under the name Yekhaun. And during the period that Minn Latt was in Prague, a young Czech by the name of Václav Havel was also making a name for himself by writing plays that spoke truth to authoritarian power. The two contemporary author activists shared the ability to stand up and risk their lives in opposition to government oppression. Havel went on to lead the 1989 Velvet Revolution—when Communism fell peacefully in Czechoslovakia—and became the country’s first president.

His personal motto was certainly one that Minn Latt would have appreciated: “Truth and love must prevail over lies and hate.”

Despite Minn Latt’s academic accomplishments in Czechoslovakia, his native land remained close to his heart. Minn Latt closely followed political events in Burma, and kept in touch with his CPB comrades who were operating both on the Sino-Burmese border and in the Pegu Yoma mountains in central Burma where the CPB had established its headquarters. By the late 1960s, the CPB also began to penetrate the Wa Hills in northern Burma.

Min Latt and Dagmar Bečková in Prague. (Photo: Burma Center Prague/Dagmar Bečková)

The CPB received military support from Beijing and in 1967, inspired by the Cultural Revolution in China, the Burmese Communists launched their own “semi-cultural revolution” that included purges and gruesome killings of intellectuals, including CPB members’ own relatives. In reaction to the purge, anti-Chinese riots broke out in Rangoon. Diplomatic ties soured between China and Burma and Beijing officially cut aid to Burma and recalled its students. Radio Beijing blasted Ne Win’s government, calling it “fascist, counter-revolutionary and reactionary.”

Also in 1967, the year before the Prague Spring reformists were crushed by the Warsaw Pact invasion, Minn Latt decided to leave Czechoslovakia for China. He arrived in Beijing and remained there until 1969, studying the Shan language. He then went to Shan State, Burma, where he took up residence on the Sino-Burmese border, rejoined his CPB comrades and studied Wa and Shan. According to former CPB members, his work included transcribing Wa into Latin script.

Minn Latt, however, was a man who understood that speaking truth to power does not only mean confronting those one opposes, but also the powerful within one’s own camp. He courted trouble with the CPB by submitting critical reports to politburo leaders, and although the contents of his reports remain unclear, what is known is that they didn’t please party leaders.

In the late 1970s, Minn Latt was detained by the CPB in the northeastern region of Shan State and kept together with Burmese prisoners of war. The scholar spent his time with 15 Burmese soldiers, including an officer, who were captured in battle.

According to former CPB members, when the soldiers planned an escape in [1985], Minn Latt decided to join them. The CPB learned of the break-out, however, and its troops chased down Minn Latt and the Burmese soldiers, opened fire and killed them all. Former Communists are reluctant to talk about Minn Latt’s final episode, and it is not known whether the CPB headquarters gave a shoot-to-kill order or troops acted on their own.

Despite his tragic demise in a remote jungle, Minn Latt’s inspirational and intellectual influence on Burma and its relationship with the current Czech Republic remain to this day.

“Modernization of Burmese,” along with Minn Latt’s other works, “became a great inspiration and support to modern Burmese scholars, writers and journalists in their fight against traditionally conservative scholars who considered the classical Burmese language the only suitable means of expression for writing serious texts,” said Bečková.

She said the younger generation of Burmese authors began to use modern language not only in literature but in other texts as well, demonstrating that the modern method of expression makes the language clearer and more comprehensible. This has carried over until the present, with more and more articles and studies in Burmese newspapers, magazines and books being written in the modern language.

In addition, due certainly in part to Minn Latt’s trailblazing efforts during his time in Prague in the 1950s and 60s, Havel and the current Czech Republic have become prominent supporters of the Burmese opposition and its struggle for democracy and human rights.

In April, the Czech Republic became the third country to back the recommendation made by the UN human rights special rapporteur on Burma, Tomás Ojea Quintana, that the UN Security Council examine setting up a Commission of Inquiry into war crimes and crimes against humanity in Burma.

In a statement sent to The Irrawaddy, the Czech foreign ministry also said that the Czech Republic “remains concerned at continuous grave human rights violations in Burma/Myanmar” and questioned the efficacy of the regime’s “road map to democracy.”

Although this show of Czech support comes more than 40 years after Minn Latt left Czechoslovakia and more than 20 years after his death in the jungles of northern Burma, Minn Latt and the others like him who traveled overseas and demonstrated a willingness to stand up to the successive Burmese regimes were the ones who laid the foundation for future generations of activists and built the bridges that led to support from foreign nations.

A photograph of Burmese meeting in Prague in the 1960s. (Photo: Burma Center Prague/Dagmar Bečková)

Like many Burmese and Czech activists, Minn Latt did not see the results he wanted in his lifetime. But the current democratic state of the Czech Republic is proof that a seemingly hopeless oppression can be reversed if the opposition perseveres. If the Burmese people are one day able to overcome their persecutors the way the Czechs did, then the two countries will share the further bond of two nations that were able to throw off the chains of totalitarian oppression to become free and democratic states. Minn Latt will have been one of the forefathers of that bond, and if he were alive today, he would most likely deliver the same message to junta chief Snr-Gen Than Shwe that he previously delivered to Ne Win: “Tell the world the truth about Burma.”

© Irrawaddy Publishing Group

Saturday, September 25, 2010

လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်

လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်
ကျော်သူ


ဦးမိုးဟိန်း(သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် တစ်ဘဝ ခန္ဓာကို စွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအား ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)မှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။


ဦးမိုးဟိန်း(သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော်ဦးချစ်မောင် + ဂျာနယ်ကျော်မမလေးတို့၏သား ကဗျာဆရာ၊ စာရေးဆရာတစ်ဦး ဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီတော်မြတ် တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြပရဟိတပျိုးခင်းကို တည်ထောင်ထားသော ပရဟိတလုပ်ငန်း ဦးဆောင်မျိုးစေ့ချပေးခဲ့သူတစ်ဦး ဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင် သံဃာတော်များအား အင်္ဂလိပ်စာကို ပညာဒါနအဖြစ် သင်ကြားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထိုသို့သောစာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ခဲ့သူတစ်ဦး အနေနှင့် မရဏမင်းအား စိန်ခေါ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော လူသားများအား “မှာပါရစေ … ပြောပါရစေ” ဟု မှာတမ်းခြွေကာ မရဏမင်းဆီ ပျော်ပျော်ကြီး လိုက်သွားပြီ ဖြစ်တော့သည်။

  

“ မှာပါရစေ … ပြောပါရစေ ”

(၁)
ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို၊ ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့၊ ပြန်လိုက်ရမယ့် အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာ လည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

  

ယနေ့ ၂၅.၉.၂၀၁၀ (စနေ)နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပပေးခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ၊ စာပေလောကမှ ကဗျာဆရာ၊ စာရေးဆရာများ၊ ပရဟိတ အဖွဲ့အစည်းများမှ လူမှုရေးသမားများ စုံညီစွာ လာရောက်ကြသည်။

  

လူသားများအတွက် လိုအပ်သောသာသနာရေး၊ ပညာရေး၊ အကျိုးပြု ကဗျာ/စာပေနှင့် ပရဟိတလုပ်ငန်းများကို နောက်ဆုံးထွက်သက်အထိ ပေးဆပ်သွားသော ဆရာဦးမိုးဟိန်း (သားဂျာနယ်ကျော်) တစ်ယောက် “လူသာဆုံးတယ် ကျန်တာမရှုံး” ဟုဆရာက ပြောခဲ့သော်လည်း ဤကဲ့သို့ မြင့်မြတ်သော လူသားတစ်ဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် “လူသာဆုံးတယ် ကျွန်တော်တို့ အတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှု တစ်ရပ်ပင်” ဖြစ်တော့သည်။ 

  

ဆရာပြောခဲ့တဲ့ “ဟောဒီချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ” ဆိုတဲ့ စကားရပ်အတိုင်း ကမ္ဘာမြေပြင်ရှိ မြန်မာပြည်တွင်းမှာ ကျွန်တော်တို့ သက်ရှိ ထင်ရှားရှိနေဆဲ အချိန်၌ ဆရာပြန်အလာကို စောင့်စားလျှက်...။

ကျော်သူ


Friday, September 24, 2010

ကလောင်ကိုဖက် ဖောင်ကို ဖျက်၍…


ကလောင်ကိုဖက် ဖောင်ကို ဖျက်၍…

“အသက်ကလေးရယ်တဲ့ တိုသထက်တို၊
သြော်…ဘယ်လို ‘ပြို’ ရပါ့။
အတ္တကိုဖြို၊ ပရမှာပို၊ မြတ်ဘုန်းမို အလိုကျ။”

ဘာလိုလိုနှင့် အသက်(၆၅) နှစ်ထဲ ဝင်လာပါကောလား။ သည် အရွယ်မှာပဲ အမေဆုံးခဲ့ပါ့။ ဗုဒ္ဓဘာသာဝင်တို့ အဆို၊ ယေဘုယျ လူ့သက်တမ်း မှာ (၇၅)နှစ် ဖြစ်သည်။ အကယ်၍ ကံကလည်း မငြိမ်း၊ လူကလည်း ထိန်းမည်ဆိုလျှင်၊ (၁၀)နှစ်ကြီးများတောင် ကျန်ပါသေး။

“(၁၀)နှစ် နေရဦးမယ် ထားပါ။ ရှေ့ဘယ်လိုဆက်သွားမလဲ” ဟု ကျွန်တော်ကိုယ် ကျွန်တော် မေးခဲ့ပါသည်။ ယခု ကိုယ်တိုင် ဘဝဆည်းဆာ ဖြတ်သန်းနေပြီမို့၊ ဘယ်လိုရပ်တည်ပြီ၊ အဆုံးသတ်မည်နည်း။ အချိန်မရှိလှတော့ပါ။

ရှေ့ဆယ်နှစ်အတွက် မျှော်မှန်းချက်ကို မရေးခင်၊ နှောင်းကာလ ဆယ်နှစ်က ဖြစ်ရပ်တွေကို ဆက်စပ်ပြီး ကျွန်တော် ပြန်ပြောင်းပြောပြချင်ပါသည်။ ၁၉၉၉ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်၊ သီတင်းကျွတ်လပြည့်နေ့၊ နံနက်ဝေရီဝေလင်း၊ ရွှေတိဂုံစေတီတော်ရှိ နောင်တော်ကြီးလှေခါးအနီးက စေတီလေးတဆူရှေ့တွင်၊ ကျွန်တော်ဘဝ တဆစ်ချိုးခဲ့ပါသည်။

“အသက်(၅၅)နှစ်ပြည့်တဲ့အခါ အလုပ်ကထွက်မယ်” ဟု မန္တလေးတောင်ပေါ်တွင် သုံးနှစ်ကြို၍ မိသားစုကို ပြောခဲ့သောစကားကို ဘုရားရှင်ရှေ့မှောက်မှာ အကောင်ထည်ဖေါ်ရန် ယူလာသည့် ထွက်စာလျှောက်လွှာကို လက်မှတ်ထိုးလိုက်ပါသည်။ နောက်ငါးနှစ် အေးအေးဆေးဆေး လုပ်နိုင်ပါသေး။ ဒေါ်လာမိုး ခံသွားရုံပါ။ သို့ပေမဲ့ ရပ်ချိန်တန်ပြီ။”

ဘဝကို လောကီအတွက်ဘဲ မဖြစ်စေသင့်ဘူး။ လောကုတ္တရာဘက် လှည့်အုံး” ဟု ကိုယ်ကိုကိုယ် ဆုံးမရင်း နှစ်ပေါင်းများစွာ လုပ်လာသည့် သံရုံးမှ ကိုယ်သဘောနှင့် ကိုယ်ထွက်ခဲ့ပါ့။ “ကိုင်း …ဖောင်တော့ဖျက်ခဲ့ပြီ။ ဘာဆက်လုပ်မလဲ။”

ရုံးကထွက်ခဲ့ပေမယ့် လောကုတ္တရာနယ်မြေကို ကျွန်တော် ရောက်မသွားပါ။ စီးပွာရေးလဲမလုပ်၊ လုပ်မိသည်ကတော့ ကလောင် ပြန်သွေးခြင်း၊ ရုံးကထွက်ခါနီး ကြာမြင့်စွာ အောင်းနေသည့် စာပိုးက တရှိန်ထိုး နိုးထလာသည်မို့ ကလောင်အဖျားမှာ ကဗျာမိုးပေါက်လေးများ တဖြောက်ဖြောက်ရွာလေရဲ့။ အရှိန်ရသည်နှင့် ဆောင်းပါးအသွင်ဖြင့် စီးဆင်းသွားပါသေး။ ကျွန်တော် အရင်က စာရေးဖူးပါသည်။ သို့ပေမဲ့ တခါနှင့် တခါ ခြားလွန်းအားကြီး။

ရုံးကထွက်လိုက်မှ တကိုယ်တော် လွတ်လပ်ရေး ရလိုက်သလို၊ စာလွင်ပြင်တွင် “မိုးဟိန်း(မိုးဟိန်း-သားဂျာနယ်ကျော်) ‘သင့်’ အမည်နှင့် ငုတ်တိုင်လေးများ စိုက်ခွင့်ရလိုက်ပါ့။ အဆက်ပြတ်နေသည့် စာရေအလျဉ်ကို သွယ်တန်းမိပါပြီ။

မြန်မာ-အင်္ဂလိပ် ဘာသာများနှင့် ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်များရေးခဲ့ရာ၊ ယခု ပုံနှိပ်စာအုပ်အနေဖြင့် (၇) အုပ်ထွက်ခဲ့ပြီးပါပြီ။ နောက်ထပ်ထွက်ရန် (၆)အုပ် အဆင်သင့်။ စာလွင်ပြင် လျှောက်နေရင်း အခါအားလျော်စွာ စာပေဟောပြောပွဲ စင်တွေပေါ်တက်ခဲ့ရသေး။ မကြာခင်က ပြည်ပသို့ပင် စာပေခရီး နှင်ခဲ့ရပါ့။

သားသမီးတို့၏ ဝတ္တရားငါးပါးအနက် မွေခံတိုက်စေ ဝတ္တရားကို စာပေဖြင့် ဖြည့်ဆည်းခွင့်ရလိုက်ပါ၏။ ကျွန်တော် အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းမြောက်ပါဘိ။ သို့ပေမဲ့ ကျွန်တော်ဘဝတစ်ဆစ်ချိုးသည် စာလွင်ပြင်ဆီကိုသာ ရှေ့ရှုထားလေသလော။ ကျွန်တော် ဤသို့မထင်။

ရုံးကထွက်ပြီး ကလောင်ကိုင်ရင်းက တခြားလုပ်စရာများပေါ်လာပါသေး။ စာပြခြင်းအလုပ်ပါ။ အထူးသဖြင့် ကျွန်တော်ကျောင်းသားတွေကို အင်္ဂလိပ်စာပြပါသည်။ ဟိုး ယခင်ကလဲ အင်္ဂလိပ်စာ ပြခဲ့ဘူး။ ယခုအခါ၊ ကမ္ဘာရွာတွင် ဥာဏ်အလင်းခေတ်ကြီး ထိန်ထိန်ညီးနေပြီမို့ လူငယ်တွေ အင်္ဂလိပ်စာကို အလုအယက် လေ့လာနေကြပေါ့။ တစ်ဖက်တလမ်းက အကူညီလိုသည်မို့ ရသည့်အချိန်များတွင် အင်္ဂလိပ်စာ ပညာဒါနပို့ချခဲ့ပါသည်။ ပို့ချနေဆဲပါ။

“တနေ့တခြား ကမ္ဘာမှာ ပြန့်ပွားနေတဲ့ မြတ်ဗုဒ္ဓသာသနာကို ပိုပြီးပြန့်ပွားနိုင်အောင် သံဃာတော်တွေကို အင်္ဂလိပ်စာနဲ့ အလုပ်ကျွေးပြုရရင်ကောင်းမယ်။” ဟု ဆန္ဒဖြစ်မိသေး။ မည်သူမှ မတိုက်တွန်းရ၊ မည်သူမှမဖိတ်ခေါ်ဘဲ၊ အင်္ဂလိပ်စာပြလိုကြောင်း ကျွန်တော်လျှောက်လွှာတစောင်ရေးပြီး ၂၀၀၂ ခုနှစ်အဆုံးတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ဆီ လိပ်မူပြီးပို့လိုက်ပါ့။ သာသနာ့ အလုပ်ကျွေးဖြစ် လုံးဝလစာမယူဘဲ စေတနာသက်သက်ဖြင့် နေ့ည အချိန်ခွဲကာ လေးနှစ်ကျော် စာပြပြီး၊ ဘာသာပြန်အလုပ်များ ပြုလုပ်ခဲ့ပါသည်။ “လောကုတ္ထရာ ဘက်လှည့်အုံး” ဟု ပထမတဆစ်ချိုးခဲ့စဉ်က အဓိဌာန်ကို တစ်ပိုင်းတစ်စမျှ အကောင်းထည်ဖော်ရုံပါ။ အကျိုးဆက်အားဖြင့် ဘာသာရေးနှင့် ပတ်သက်သောဟောပြောပွဲများ ဟောပြောခဲ့ရသလို၊ ၂၀၀၄ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလများတွင် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ကျင်းပသည့် ဘာသာရေးညီလာခံကြီးနှစ်ခုသို့ ပရိယတ္ထိတက္ကသိုလ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရပါသေး။

စဉ်စားလိုက်ပါလျှင် ကျွန်တော် ဘဝတစ်ဆစ်ချိုးသည် ကျဉ်းမြောင်းသော ရိုးချောင်းလေးမှ အဆမနှိုင်းသာအောင် ကျယ်ဝန်းသည့် ပင်လယ်ဆီသို့ ကံကရှေ့ရှု့ပို့လိုက်ခြင်းပါ။ သို့ပေမဲ့ စာပေ၊ ပညာ၊ သာသနာ့ကိစ္စများ ဆောင်ရွက်ရင်း “ဒုတိယ တစ်ဆစ်ချိုး” ကို လှမ်းမြင်လိုက်ပါပြီ။

ကျွန်တော် ဦးနှောက်နှင့် နှလုံးသားကို အစဉ်ကိုင်လှုပ်ခဲ့သည့် မြင်ကွင်းများရှိပါ့။ မိမဲ့၊ ဖမဲ့နှင့်ခလေးများ၊ သူတို့လေးတွေ၏ ချို့ချို့တဲ့တဲ့ ဘဝကိုတွေ့တိုင်း ရင်ထဲတွင် လှိုင်းထမိ။ ငယ်စဉ်ကဆို၊ သူတို့ကိုမြင်လျှင် ကိုယ်စားနေသည့် အစာမျိုမကျ၊ ဝတ်ထားသည့် အဝတ်ကပင် ကျပ်လာသလိုလို။ ငယ်စဉ်က သနားရုံမျှဖြစ်ပြီး၊ ကိုယ်တက်နိုင်သလောက် လှူတန်းပေးကမ်း၊ ဒိထက်မပို။ ကြီးလာတော့ ခံစားချက်ထက် တွေးတောမှုတွေက ပိုလာသည်။ ကိုယ့်သားသမီးနှင့် ဆွေမျိုးလူငယ်တွေက ပညာကောင်းကောင်းသင်ပြီး အလုပ်ဟန်ကျသွားသည်ကို ကျွန်တော်ဝမ်းသာကြည်နူးရသလောက်၊ သူတို့လေးတွေ အဖြစ်ကို မြင်တိုင်း ရင်ထဲမှာ ဟာမိ မောမိပါ၏။ “ဘာလုပ်ပေးနိုင်သလဲ – ဘာလုပ်ချင်သလဲ” မေးခွန်းများ ရှည်လျားလာပါတော့သည်။

မိဘမဲ့တွေ နွမ်းပါးကလေးတွေကို လှူတန်းပေးကမ်းယုံမဟုတ် ဘဝထူထောင်နိုင်အောင် ကိုယ့်ဘဝကို မပေးဆပ်နိုင်ဘူးလား”ဟု ကိုယ့်ကိုကိုယ်မေးမိ၊ မေးသင့်သည်။

“ပံ့ပိုးမှုကောင်းကောင်းနှင့် ကံဥာဏ်ဝိရိယလိုက်လို့ ပညာရည်ချွန်တွေပေါ်ခဲ့သလို၊ သူတို့လေးတွေထဲကကော ပံ့ပိုးမှုနှင့် ကြိုးစားမှုကောင်းရင် ပညာလူရည်ချွန်လေးတွေ မဖြစ်နိုင်ဘူးလား။” မုချဖြစ်နိုင်ပါသည်။ ကမ္ဘာ့သမိုင်းကိုကြည့်ပါ။ ဆင်းရဲနွမ်းပါးနိမ့်ကျသည့် ဘဝမှ အထက်သို့ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သူ နိုင်ငံ့ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ လူမှုအကျိုးဆောင်ပုဂ္ဂိုလ်များ ဒုနဲ့ဒေးရှိခဲ့ပါ့။ ထို့ကြောင့်အမှီကောင်း၍ ဘဝလမ်းကြောင်း ပြောင်းခဲ့ရသူများ ယခင်ကလဲရှိခဲ့သလို၊ ယခုလဲရှိ၊ နောင်လဲမုချရှိပါမည်။

ကျွန်တော် မိဘမဲ့နွမ်းပါးသူများ လောကသို့ တိုး၍တိုး၍ ဝင်ကြည့်ပါသည်။ အခါအခွင့်ရတိုင်း ရန်ကုန်အတွင်းသာ မဟုတ်၊ နယ်တချို့ရှိ သူတို့လေးတွေနေရာ ဘုန်းတော်ကြီးစာသင်ကျောင်း၊ သီလရှင်ကျောင်း၊ စေတနာ့ဝန်ထမ်းကျောင်းများသို့ တတ်နိုင်သလောက် သွားကြည့်ပါသည်။ မှန်ပါသည်။ မိဘမဲ့ နွမ်းပါးကလေးများကို စောင့်ရှောက်ပေးနေသူ အများဆုံးမှာ သံဃာတော်နှင့် သီလရှင်များ၊ ကျွန်တော်က သူတို့လေးတွေ၏ နေရပုံကို စုံစုံလင်လင် မေးမိပါသည်။

အခြေအနေလိုက်၍ တစ်နေရာနှင့် တစ်နေရာမတူ။ စောင့်ရှောက်မှူမှာ ထောက်ပံ့မှူအားပေါ်တွင် မူတည်နေပါ့။ များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများတွင် အခြေခံ၊ မူလတန်းနှင့် အလယ်တန်းကျောင်းသားတွေက များပြီး အထက်တန်းတက်သူများက ပြင်ပ ကျောင်းများတွင် လိုက်တက်ရသည်။ အင်အားတောင့်တင်းသည့် ပရဟိတကျောင်းအချို့မှာသာ အထက်တန်းကျောင်းသား အနည်းငယ်တွေ့ရ၏။ (၁၀) တန်းအောင်ပြီး အဝေးစာပေးစာယူ ဆက်သင်၊ အလုပ်ထဲဝင်ကြနှင့် တက္ကသိုလ်တက်နိုင်သည်ကနည်းပါ့။ မည်သို့ဖြစ်ဖြစ် နွမ်းပါးသည့်ဘဝမှ စေတနာ၊ ကရုဏာမိုးတွေကြောင့် ရှင်သန်ပြီး ပြန်လည်လန်းစွမ်းနိုင်မည့် ဘဝကို ရလိုက်သူများအဖို့ ဘဝတော်ပေစွ။ အမှီကို မှီရင်း ကြိုးစားအားယူနေဆဲသူများအဖို့ အားငယ်စရာမရှိ။ အမိုးအရိပ်မဲ့နေသူများအဖို့တော့ အမိုးအရိပ် ရှာဖွေရပါဦးမည်။

မိဘမဲ့နှင့် နွမ်းပါးသူတွေနေရာကို သွားတိုင်း သူတို့အတွက် လှူရုံမဟုတ်၊ ထိထိမိမိ လုပ်ပေးချင်းစိတ်များ ဖြစ်လာပါသည်။ ပညာ၊ အလိမ္မာ၊ဘာသာအသိ၊ ကျန်းမာရေး၊ အသက်မွေး ဝမ်းကြောင်းအတတ်၊ ပတ်ဝန်းကျင်အကျိုးပြု၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းနှင့် ဇွဲ လုံ့ လ၊ ဘဝယုံကြည်ချက်စသဖြင့် သိသင့်သိရာ၊ ရှိသင့်ရှိရာ၊ တတ်သင့်တတ်ရာ၊ လုပ်သင့် လုပ်ရာတွေနှင့် လူတော်လူကောင်းလေးများဖြစ်လာအောင် ပျိုးထောင်းပေးချင်လှပါဘိ။ ဖြစ်နိုင်လျှင် မိဘမဲ့နွမ်းပါးကျောင်းများမှ စာရိတ္တနှင့် ဉာဏ်ကောင်းသူတချို့ကို ရွေးထုတ်ပြီး “Special Orphanage Model” “စံပြပရဟိတကျောင်းလေး” အဖြစ် တစ်ပိုင်တစ်နိုင်တည်ထောင်ချင်ပါ့။ အခြေခံကောင်း၊ အစီမံကောင်း၊ အထောက်အပံ့ကောင်းရဖို့သာ လိုပါတော့သည်။

ဥယျာဉ်မှူးတို့မည်သည် ပန်းမာလာအပင်တို့နှင့်အတူ အမြဲ ရှိနေရမည်။ အစဉ် စောင့်ကြည့်ပြီး ပျိုးထောင်၊ ပြုစု၊ ပြုပြင်နေပါမှ ဥယျာဉ်သည် ပြန့်ပြောသာမောပေစွ။ ထို့အတူ မိဘမဲ့ ကလေးများအကျိုး သယ်ပိုးတော့မည်ဆိုက လက်ဖြင့် ပေးကမ်းရုံနှင့်မပြီး။ လူပါရင်းရမည်။ သို့မှသာ ထိထိရောက်ရောက် ခရဲီးပေါက်နိုင်ပါ့။

အလုပ်ကိုစွန့်ပြီး ပထမတစ်ဆစ်ချိုးခဲ့သော ကျွန်တော့်အဖို့၊ နောက်ထပ်တစ်ဆစ်ချိုးပြီး စွန့်ရန် ဝန်မလေးတော့ပါ။ မိမိ၏ ကျန်ရှိနေသော သက်တိုင်းပိုင်းအတွင်း သူတို့လေးတွေအတွက် ထူထောင်ပေးချင်ပါသည်။ တနည်းပြောရလျှင် “လူပင်” လေးတွေ စိုက်ချင်ပါ့။ အပင်တစ်ပင်သည် ပင်လျှင် အကျိုးများစွာ ဆောာင်နိုင်ပါက ” လူပင်” ဆိုလျှင် ပြောကုန်ဘွယ်ရာမရှိ။

ဆန္ဒသိ၍ ၊ ကျွန်တော့်ကို ကူညီလာသူတစ်ဦးမှာ မန္တလေးမြို့မှ ပန်းချီဖန်တီးရှင် ဦးမျိုးခင်(ထန်းရိပ်ညို)၊ ပြင်ဦးလွင် ကန်ကြီးကုန်းအုပ်စု၊ စည်သာရွာမှာ လာနေဖို့ မြေတစ်ကွက်ပေးပါသည်။ စည်သာရွာအနီးမှာပဲ ” ဒိုးပင်အောင်ကံသာ ပရဟိတ” ကျောင်းရှိပါ့။ ကျောင်းသား ၆၀၀ မျှ။ မိဘမဲ့တွေအတွက် ကျွန်တော့်လို ဘဝကိုပုံပေးချင်သူအဖို့ အထောက်အပံ့သာရမည်ဆိုလျှင် စံပြပရဟိတကျောင်းလေး ပေါ်ပေါက်နိုင်ပါ့။ သံဃာတော်များနှင့် သီလရှင်များ၏ ပရဟိတ ဝန်တာကိုပါ တစ်ဖက်တစ်လမ်းက မျှယူရာကျပါသည်။

ကျွန်တော်သည် ဘဝကို အတ္တနှင့်မချုပ်လို၊ ပရဟိတနှင့်သာ ချုပ်လို။ စာပေ-စာပြနှင့်သာ မပြီးလို။ ပရဟိတနှင့်သာပြီးလို။ ဒိအတွက် ဘဝကို စွန့်စားရန် အသင့်၊ ဖေါင်မဖျက်နိုင်တောင် လက်ဆင့်ကမ်း၍ ကူညီကြမည်ဆိုလျှင်၊ စာဆိုတော်ကြီး ၏ လူမသိ သူမသိ၊ တောကြို တောင်ကြားက “ဒဟတ်ပန်းလေးများ” သည်၊ အံ့ဘွယ်ပန်းလေးများ ဖြစ်လာနိုင်ပါ့။

ဖြစ်လာနိုင်ဖို့အတွက် ကျွန်တော်တစ်ယောက် ကလောင်ကိုဖက်၊ ဖောင်ကိုဖျက်၍ သူတို့လေးတွေအတွက် ရှေ့ဆက်ရင်း ဒုတိယ တစ်ဆစ်ချိုးဆီသို့။ ။

(မှတ်ချက်။ ။ နှစ်သက်လျှင် ကြိုက်ရာစာနယ်ဇင်းတွင် ကူးယူဖေါ်ပြနိုင်ပါသည်။)

မေတ္တာဖြင့်
မိုးဟိန်း ( သား-ဂျာနယ်ကျော် )
(၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ရက်တွင် ကွယ်လွန်သည်။)

Saturday, September 11, 2010

ဘာထင်လို့လဲဟင်

ဘာထင်လို့လဲဟင်

ရန်ကုန်မြို့လည် လူစည်ကားသော ကားဂိတ်တစ်ခုတွင်ဖြစ်သည်။ အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့် အော်နေသည်။

“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ် တက်ထိုင်နေတယ်။

ထိုင်နေတာလဲ ဘယ်လောက်တောင်ကြာနေပြီလဲ။

အလကားလူ၊ ကိုယ့်ဘာသာ ဘာကိုမှလဲ မဆုံးဖြတ်ဘူး။

နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ။”

ထိုစဉ် အဆိုပါ အဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး အဘိုးကြီးကိုမေးသည်။

“အဘိုးကြီး ခင်ဗျားဘယ်သူ့ကို ပြောနေတာလဲ”

“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့”

ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။

မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့ လိုက်လာပြီး အမောတကောမေးသည်။

“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ် ထင်လို့လဲဟင်”


ဒုက္ခပေးတဲ့ အကောင်

ဒုက္ခပေးတဲ့ အကောင်

ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။

အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသည် ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်း လူငယ်အား ပြောသည်။

လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခု ထည့်ထားလိုက်သည်။

လူငယ် ပထမဆုံး အလုပ်စဆင်းသည့်နေ့ ဖြစ်သည်။

ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦး ရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ ပေးသည်။

အိမ်သာခန်းထဲသို့ ၀န်ကြီး ၀င်သွားသောအခါ ကတ်ဆက်ကို လူငယ် ဖွင့်လိုက်သည်။

မြန်မာပြည်သိန်းတန်၏ ရိုင်းတဲ့ စင်ယော် သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။

မကြာမီ အိမ်သာခန်းထဲမှ စောစောက ၀န်ကြီး ထွက်လာသည်။

“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပြီလား”

“ဒီနေ့ ပထမနေ့ပါ ခင်ဗျ”

“အေး... မင်းကို ရာထူး တိုးပေးရမယ်”

မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်။

အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေး သိန်းတန်၏ ``အသီးတစ်ရာ အညှာတစ်ခု`` သီချင်းကို ဖွင့်ပေးလိုက်သည်။

ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာ ရာထူး တိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။

နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိ ခေါင်းဆောင်ကြီးကိုယ်တိုင် ဖြစ်သည်။

“ဒီအနားမှာ အိမ်သာ ရှိသလားဟေ့”

လူငယ်က ခေါင်းဆောင်ကြီးကို လိုက်ပို့သည်။

ထို့နောက် နိုင်ငံတော်သီချင်း(ကမ္ဘာမကြေ) ကို ဖွင့်ပေးလိုက်သည်။

အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီး ထွက်လာသည်။

“မင်း ဒီမှာ လုပ်နေတာ ကြာပြီလား”

“ပထမနေ့ပါ ခင်ဗျာ”

“အေး... ပထမနေ့နဲ့ နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့...”

“ဘာဖြစ်လို့လဲ ခင်ဗျာ... ကျွန်တော် ဘာများ မှားတာ လုပ်မိပါလို့လဲ ခင်ဗျာ”

“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီး စွန့်ရလို့ဟေ့...”

ပျော်ရွှင်ရယ်မောနိုင်ပါစေ။

လွမ်းနောင်

“မော် ဒန် ဇွ ၏ ၂၁ ရာ စု ကျောက် စာ”

“မော် ဒန် ဇွ ၏ ၂၁ ရာ စု ကျောက် စာ”

သျှရီ နမောဗုဒ္ဓာဿ ...

သက္ကရစ် ၂၀၁၀ ခု၊ ရွေးကောက်ပွဲနှစ်၊ စက်တင်ဘာလဆန်း ၉ ရက်၊ စနေနေ့။

ဆိုင်းဆရာ ရွာစားကြီးမြေး၊ အညာသား၊ သည်းသည်းလှုပ်ကျော်ဇွ။

မီးပျက်သောဆင်းရဲ၊ ရေမလာသောဆင်းရဲ၊ အင်တာနက်လိုင်း နှေးကွေးသောဆင်းရဲ၊ လိုင်းဖုန်းများပျက်၍ မိုဘိုင်းလ်များ ဆားဗစ်မမိသောဆင်းရဲ၊ ဧည့်စာရင်း ပုံမှန်တိုင်ရသောဆင်းရဲ၊ လက်ဖက်ရည်ဖိုးလဲပေးရ အဟောက်လဲခံရ၍ အကုသိုလ် များရသောဆင်းရဲ၊ ဘတ်စ်ကား/ရထား အချိန်မမှန်သောဆင်းရဲ၊ လမ်းပျက်/မြောင်းပိတ် မိုးရွာတိုင်း စိတ်ညစ်ရသောဆင်းရဲ၊ အကြောင်းအမျိုးမျိုးပြ အလှုငွေခွဲတမ်းချတိုင်း ပေးရကမ်းရသောဆင်းရဲ၊ အစိုးရကိစ္စ ကြုံကြလေတိုင်း တစ်မေ့တစ်မောစောင့်ရ ဒုက္ခတွေပိုရသောဆင်းရဲ၊ အသက်မွေးမှုအတတ်ပညာ တစ်ဖက်ကမ်းခပ် တတ်ပါသော်လည်း စစ်ဗိုလ်တွေ ဘီပိုးတွေ. အရပ်ဖက်သို. ရွှေ.လာကြသဖြင့် လေ့လာထားသမျှ သုံးခွင့်မရ ပညာရှင်က အခိုင်းပြန်ခံရသောဆင်းရဲ၊ ကိုယ့်နိုင်ငံသံရုံး ကိုယ်ပြန်မုန်းရသောဆင်းရဲ၊ ရိုးသားချင်သော်လည်း ထမင်းမ၀၍ ခိုးရဖွက်ရ အနိုင်ကျင့်ရသောဆင်းရဲ၊ ရိုးရိုးသားသား ဆိုင်ဖွင့်စားသော်လည်း မီးသတ်ကိုအားကိုးမရ ဈေးမီးလောင်တိုင်း စီးပွားပျက်ကြရသောဆင်းရဲ၊ ကြံ့ဖွတ်အလံထောင်မှ အလှုအတန်းလုပ်ခွင့်ရသောဆင်းရဲ၊ ကဗျာ/ဘလော့ရေး၍ အဖမ်းခံရသောဆင်းရဲ၊ မသာချပေး၍ ထောင်ကျရသောဆင်းရဲ၊ စစ်ဗိုလ်နှင့်ရန်ဖြစ်၍ သေနတ်နှင့်အပစ်ခံရသောဆင်းရဲ၊ ဟိုဆင်းရဲ ဒီဆင်းရဲ၊ ဤသို.ကစသော အတိုင်းမသိသော ဆင်းရဲတို.သည် နှိက်စက်သော မြန်မာပြည်၏ လက်ရှိအာဏာရှင်စံနစ်ကို စွန်.ထားခဲ့၍ . . .

စည်းကမ်းရှိသော၊ ဒီမိုကရေစီပြည့်ဝသော၊ ဘွဲ.ရတစ်ယောက် ဖြစ်ခြင်းအတွက် ဂုဏ်ယူနိုင်သော၊ အလုပ်လုပ်နေသမျှ ထမင်းဝသော၊ ကိုယ့်အစိုးရအတွက် ကိုယ်ဂုဏ်ယူရသော၊ ပြည်သူ.ဘဏ္ဍာနှင့် တံတားဆောက်ခြင်းအတွက် ကျေးဇူးတင်စကား ပြောစရာမလိုသော၊ ကိုယ့်စစ်တပ်နှင့်ရဲ ကိုယ့်ကိုကာကွယ်ပေးမှာပဲဟု ယုံကြည်စိတ်ချနိုင်သော၊ သတင်းများကို သတင်းစာတွင်ဖတ်နိုင်သော၊ ဆင်းရဲခြင်း ခပ်သိမ်းကင်းသော၊ ချမ်းသာစွာသော မြင့်မြတ်သော ပါလီမန်ဒီမိုကရေစီစံနစ်ကို ငါလိုသတည်းဟူ၍ ရွှေငွေကစသော ဥစ္စာတို.ကိုစွန်.၍ ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပါဝင်နိုင်ရန် မှတ်ပုံတင်ကြေး ငါးသိန်းကို ငါပေးသွင်း၏။

ဤသို.လျှင် ငါပေးသွင်းသော မှတ်ပုံတင်ကြေးကို အဆုံးမခံရစိမ့်သောငှာ ၂၀၀၈ ခုနှစ်၌ အတင်းအကျပ် တိုင်းသိပြည်သိ အတည်ပြုအပ်သော နာဂစ်ဖွဲ.စည်းပုံကြီးကို ငါလက်ခံခဲ့၏။ ဤငါပြုသော ကောင်းမှုအကျိုးကို ခပ်သိမ်းသော အစိုးရသော ရေမြေ့သခင်ဖြစ်သော တပ်ချုပ်ကြီးလည်း ရစေ၏။ ကြိုင်ကြိုင်အစ၊ ဖိုးလပြည့်အဆုံး ဒင်းတို.တစ်မိသားစုလုံးလဲ ရစေ၏။ အဖိုးကြီး၏ မောင်းမမိသံများနှင့် တစ်ဆွေတစ်မျိုးလုံးနှင့် နအဖ တစ်ဖွဲ.လုံးလည်း အချင်းချင်း အမျက်အဤ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ဤကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်း၌နေသော ကြံ့ဖွတ်အပေါင်းတို.သည် အစီးအပွားကိုရှာလျှက် သက်တော်ရှည်စွာ နေကြ၍ ဤကောင်းမှုကို ထောက်ပံ့စေသတည်း။

ယခုရွေးကောက်ပွဲဝင်သော၊ နောင်ဖြစ်လတ္တံသော အမတ်မင်းအပေါင်းတို.သည်လည်း ကောင်းမှုအကျိုးကို ရစေသတည်း။ တင်ထားသမျှ မှတ်ပုံတင်ကြေးများ အမြန်ဆုံး အရင်းကျေစေသတည်း။ ကတိပေးထားသော ပြုပြင်ပြောင်းလဲရေးများ အဆင်ပြေစေသတည်း။ အရအမိကို လိုသောသူကား အရအမိ ရစေသတည်း။ ကောင်းမှုကို လိုသူကား ကောင်းမှုကို ရစေသတည်း။

ငါလည်း အလှုခံထွက်တိုင်း တရားစွဲခံရသော၊ စည်းဝေးမဲဆွယ်ချင်တိုင်း လျှောက်လွှာတင်ရသော၊ ငါးသိန်းမရှိ၍ နောက်ဆုတ်ရသော၊ လက်တွဲချင်သည့် အမတ်လောင်းမရှိ၍ တစ်ပါတီလျှင် နှစ်ယောက်တစ်ပိုင်း ၀င်ပြိုင်ရသော၊ အခွင့်ထူးခံကြံ့ဖွတ်ကို မနာလိုဖြစ်ရသော၊ ရွေးကောက်ပွဲဝင်တာချင်းအတူတူ အိမ်ဖြည့်သာသာဟု အပြောခံရသော၊ အမတ်ဖြစ်ချင်၍ သမိုင်းကွေးရသော အမတ်လောင်းမျိုး မဖြစ်မူ၍ ပိုက်ဆံချေးပြီး စည်းရုံးနိုင်သော၊ အာဏာပြပြီး စည်းရုံးနိုင်သော၊ ဘတ်ဂျက်တောင့်သော၊ ဟိုတယ်မှာတည်းပြီး စည်းရုံးနိုင်သော၊ ဌာနဆိုင်ရာမှာ မိန်.ခွန်းပြောရင်း စည်းရုံးနိုင်သော၊ ရုံးခန်းဌားခ ပူစရာမလိုသော၊ အလှုငွေထည့်ချင်သူ ပေါသော ကျေးဇူးတို.နှင့် ပြည့်စုံပြီးလျှင် ပါလီမန်၌ ကျင်လည်၍ အမတ်လောင်းဘ၀မှ အမတ်မင်းဘ၀သို. အမြန်ဆုံး ရောက်စေသတည်း။

ငါရေးထိုးအပ်သော အမတ်လောင်းကျောက်စာကို မလိုတမာစိတ်ထား အမုန်းပွားပြီး ဆဲဆိုအံ့။ မကောင်းသောကွန်မန့် ပေးအံ့ ... အကြင်သူသည် ယခုဘ၀မှစ အရိမေတ္တရမြတ်စွာဘုရားပွင့်သည်အထိ သံသရာ၌ အမတ်မင်း မဖြစ်ရစေ။ ။

အမတ်လောင်း ဇွ

မြန်မာမော်ဒန်ကျောက်စာများ

ရေးထိုးနှစ် ၂၀၁၀

(မူရင်းကျောက်စာ မိဖုရား ဖွားစော နှင့် သိင်္ဃသူ.သမီး)

Tuesday, September 7, 2010

တတိယလှိုင်း

တတိယလှိုင်း

ရှစ်လေးလုံးလူထုအရေးတော်ပုံတုန်းက အာဏာသိမ်းပြီး နောက်တရက် စက်တင်ဘာ ၁၉ရက် ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန်စစ်မှုထမ်းဟောင်း ၁၆ယောက်က သေနတ် ၁၆လက်နဲ့ အာဏာသိမ်း နဝတစစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထု ဘက်တော်သား စစ်သည်ဟောင်းတယောက်ပဲ နိုင်ငံနဲ့ ပြည်သူအတွက် အသက်ပေးလှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁ဝ ယောက်ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေကတော့ ကုန်သွယ်ရေးရုံးအရေးအခင်းမှာ သိမ်းရထားတဲ့ လက်နက်တွေ ဖြစ်ပုံရပါတယ်။

တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့အနှံ့ ဖြန့်ကျက်ပြီး လူထုဘက်တော်သား စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေ လက်ထဲမှာ ရှိနေရင်၊ တနည်းအားဖြင့် ကျောင်းသားလူငယ် ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်းမာန်ဟုန်သာမက တတိယလှိုင်းမာန်ဟုန်ကိုပါ အရှိန်ပြည့် စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲခေါင်းဆောင်တွေဟာ တပ်မတော်သားတွေ လက်နက်နဲ့တကွ လူထုဘက် ပူးပေါင်းလာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူစမှာတင် အညွန့်ချိုးခံလိုက်ရပါတယ်။

လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက်ကြီးလာတတ်တဲ့အပြင်၊ အထူးသဖြင့် စစ်တပ်ပုန်ကန်မှုဆိုတာ ရေခံမြေခံ မှန်သွားတဲ့အခါမှာ snowballing effect လို့ခေါ်တဲ့ တစက်မှတမျက်နှာ ပျံ့နှံ့သွားတတ်ပါတယ်။

ဒါကြောင့် လူထု တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင် စနစ်ကို လက်နက်နဲ့ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာထင်ရှားတဲ့ အရေအတွက်မြင်နေရပြီဆိုရင် နောက်ထပ် တပ်မတော်သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက်ကူးပြောင်းရေး အတွေးအခေါ် ကူးစက်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်းဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမား-လယ်သမားတွေ၊ သာမန်မြို့ပြပြည်သူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။

ဒုတိယလှိုင်းကတော့ ပါဝါအပျော့ဖြစ်တဲ့ ရှေ့ဆောင် နာမ်ပိုင်းအင်အားလှိုင်း (သို့မဟုတ်) တွေးခေါ်မြော်မြင်မှု အင်အားလှိုင်းဖြစ်ပြီး ရဟန်းသံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ်တဲ့ တရားရေးပိုင်းတို့ ပါဝင်ပြီး တချို့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။

တတိယလှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေးအင်အားစုတွေ ပါဝင်ပါတယ်။ ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မလက်နက်ကိုင်အင်အားစုဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်ရေး မဖက်ရေးဟာ အဓိကမကျဘဲ လက်နက်ကိုင်တပ် အင်အားပြရေးကသာ အဓိက ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်မှုမဖြစ်၊ လက်နက်ကိုင် မတိုက်ရဘဲနဲ့လည်း လူထုတိုက်ပွဲတွေ အောင်မြင်သွားတာကို တွေ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အကြီးအကျယ် လက်နက်ကိုင် တိုက်ရတာ (သို့မဟုတ်) နည်းနည်းပါးပါးလောက် အကြမ်းဖက်ရတာလည်း ရှိနိုင်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံကိုင်ထားတဲ့ လက်ရုံးတထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည် တွေ အပေါ်အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီမြေကိုသက်သေပြုတဲ့ အတွက် ဝသုန္တရီနတ်သမီးက စစ်ကူလာပြီး ဆံရေကိုညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ပဉ္စမအောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာနကိုဆုံးမခန်းမှာတော့ ကိုယ်ဝန်အတုပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတု ချီထားတဲ့ ကြိုးတွေကိုကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာပေါ်ပြီး အနိုင်ရတာဖြစ်ပါတယ်။

သတ္တမအောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒ နဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလန်ကို တာဝန်ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့နဂါးပုံ ဖန်ဆင်းပြီး ဖိညှစ်ပစ်တာ၊ ပိုကြီးတဲ့မီးလျှံလွှတ် ‘ကျွေးတာ’၊ ဂဠုန်ယောင်ဆောင်ပြီး လိုက် ‘ဗျင်းတာ’၊ နတ်ဘီလူးကြီးယောင်ဆောင်ပြီး ခြိမ်းခြောက်တာစတဲ့ လက်ရုံးရည်အင်အားကို အထူးတလည် သုံးခဲ့ရပါတယ်။ ကျန်တဲ့ အောင်ခြင်းငါးပါးမှာပဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်းပျောင်းစွာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘုရားနဲ့ စစ်ပြိုင်လို့ ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂ဝဝ အသောကမင်းလက်ထက်မှာ ရဟန္တာရှင်ဥပဂုတ်ကို ထပ်မံစိန်ခေါ် တိုက်ခိုက်ပြန်တဲ့အခါ မာရ်နတ်က နွားရိုင်းကြီးပုံ ဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံဖန်ဆင်း ပြန်ချ၊ မာရ်နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆပိုကြီးတဲ့ ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူးအယောင်ဆောင် မာရ်နတ်ကိုလိုက်ရိုက်၊ မာရ်နတ်က လူကြီးလူကောင်းပုံ ဖန်ဆင်းတဲ့ အခါမှာတော့ လောက်တွေဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင်ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ်နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက် တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂ဝဝ၇)၊ တိဘက် (၁၉၈၉ နဲ့ ၂ဝဝ၈)၊ တရုတ် (၁၉၈၉)၊ နီပေါ (၁၉၉ဝ နဲ့ ၂ဝဝ၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈ဝ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ကြရပါတယ်။

ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂ဝဝ၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှား တို့ ဖြစ်ပါတယ်။ အာရှအပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆားဘီးယား (၂ဝဝဝ)၊ ဂျော်ဂျီယာ (၂ဝဝ၃)၊ ယူကရိန်း (၂ဝဝ၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲခံခဲ့ကြပါတယ်။ အောင်ပွဲ အားလုံး (အားလုံး)ဟာ တိုက်ရိုက် လက်နက်ကိုင်တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက် တပ်မတော်အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယလှိုင်းကို စီးနိုင်လို့ အောင်ပွဲရတာတွေချည်းပဲ ဖြစ်ပါတယ်။ တတိယလှိုင်းနဲ့ ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေကတော့ အရှုံးကိုပဲ ပွေ့ပိုက်ခဲ့ရပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် အိန္ဒိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ မဟတ္တမဂန္နီကြောင့် အိန္ဒိယပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္နူ-မွတ်ဆလင် ဘာသာရေးသမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလုံးကြီးတွေ အရှိန်အဟုန်ကြီးကြီးနဲ့ ထကြွ လှုပ်ရှားလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှနယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ဗြိတိသျှကိုလိုနီစစ်တပ်ထဲက အိန္ဒိယစစ်သားတွေကို စိတ်မချရတော့တဲ့ အခြေဆိုက်လာတာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ သဘောပေါက်ခဲ့လို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ဂျာမဏီလက်ထဲ စစ်သုံ့ပန်း အဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှစစ်တပ်တွင်းက အိန္ဒိယအမျိုးသားတွေဟာ ဟစ်တလာနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အိန္ဒိယလွတ်မြောက်ရေး တပ်ဖွဲ့ထဲ ထောင်နဲ့ချီ ဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ် အံ့သြချောက်ချားသွားခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက်ပါ အကျိုးပြုသွားခဲ့ပါတယ်။

၁၉၈၆ ခု ဖိလိပိုင်လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန်အကွီနိုက အာဏာရှင်မားကို့စ်ကို အတိအလင်း အံတုပြီး သောင်းချီတဲ့ လူထုကြီးက ဝိုင်းရံလို့ သမတကျမ်းသစ္စာကျိန်ဆိုပွဲ တဖက်သတ် လုပ်ခဲ့ပါတယ်။

ဒုတိယလှိုင်းကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီသာသနာပိုင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ်အသံလွှင့်ရုံကနေပြီး ဘာသာဝင်တွေနဲ့ သာသနာ့ဝန်ထမ်း ဘုရင်ဂျီ ရဟန်း သီလရှင် အားလုံးကို အံတုပုန်ကန်သူတွေထံ သွားအားပေးဝန်းရံဖို့ ဆော်သြလှုံ့ဆော်ခဲ့ပါတယ်။

၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့ တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖိလိပိုင် အာဏာရှင်မားကို့စ်ရဲ့ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ပါတယ်။

ပုန်ကန်တဲ့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက်ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ်ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တွေက ဗီလာမော်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ် ဘက်သား စစ်ရဟတ်ယာဉ်တွေနဲ့ စစ်ကားတွေကို ဖျက်ဆီးပစ်ခဲ့သလို မားကို့စ်နေတဲ့ မာလာကာနန်နန်းတော်ကိုလည်း ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီညနေမှာဘဲ ဖိလိပိုင်စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်အများစုဟာ ကာကွယ်ရေးဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ်ရားမို့စ်တို့ရှိရာ ပြည်သူလူထုဘက် ကူးပြောင်းခဲ့ကြပါတယ်။

နောက်တရက်မှာ မားကို့စ်သစ္စာခံတပ်တွေ နေရာယူပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန်တပ်မတော်သားတွေက တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။ မကြာခင်မှာဘဲ နောက်ထပ် ရုပ်သံလွှင့်ရုံတွေကိုပါ ပြည်သူ့ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၉၈ ခု အင်ဒိုနီးရှားနိုင်ငံ လူထုတိုက်ပွဲမှာ အာဏာရှင်ဆူဟာတို သစ္စာခံတပ်မတော်က လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် အသေအချာစီစဉ်လှုံ့ဆော်ပေးခဲ့ပေမဲ့ သမတဆူဟာတို ပြည်ပရောက်နေချိန် လက်အောက်ခံ ဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက်လုရာက ဒီမိုကရေစီတိုက်ပွဲဝင် လူထုပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်းမိသွားတာ ဖြစ်ပါတယ်။

ဆူဟာတို့သားမက်ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထုနှိမ်နင်းဖြိုခွဲရေး အကြမ်းဖက်မှုတွေဟာ တခြား ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်သွားစေတဲ့အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီအောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလို အခြေအနေမျိုးနဲ့ကြုံပြီး ဒီမိုကရေစီထွန်းပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေးကြေညာ၊ အာဏာကုန်ယူလိုက်တဲ့အခါ အတိုက်အခံ နိုင်ငံရေးပါတီ ၇ ပါတီက မဟာမိတ်အဖွဲ့ဖွဲ့ပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန် လွှတ်တော်ထဲမှာ အမတ်နေရာ ၉ဝ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။

၇ ပါတီမဟာမိတ်အဖွဲ့က မော်ဝါဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှုစာချုပ် ချုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ၂ဝဝ၆ ဧပြီ အထွေထွေသပိတ်ကြီး ဖြစ်တဲ့အခါ မော်ဝါဒီသူပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းနားလည်မှုအရ အပစ်အခတ်ရပ်စဲပေးထားပြီး မြို့တော်ပတ်လည်မှာ အစိုးရတပ်တွေ မြို့တော်ကိုချီတက်ပြီး လူထုကိုမနှိမ်နင်းနိုင်အောင် လမ်းတွေပိတ်ဆို့ ခြိမ်းချောက်ထားတာဘဲ လုပ်ခဲ့ပါတယ်။

မော်ဝါဒီ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးထိုးစစ်တွေကြောင့် အထိနာစစ်ပန်းနေရုံမက မော်ဝါဒီတွေနဲ့အတူ အတိုက်အခံ ပါတီအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီတညွတ်တည်း ဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့အတွက် နီပေါဘုရင့်တပ်မတော်ဟာလည်း ဘုရင်ကို တက်တက်ကြွကြွ ထောက်ခံဖို့ စိတ်မပါတော့ပါဘူး။

နီပေါတော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့ နယ်နိမိတ်ချင်းစပ်အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာဘဲ ဖြစ်ပါတယ်။ နီပေါစစ်တပ်အတွက် လက်နက်ခဲယမ်းကအစ ထောက်ပံ့ ကူညီပေးပြီး နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကို ဖြုတ်ချပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယာန် သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလိုဆိုထားပါတယ်။

“ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူအပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည့် အကြောင်း မြစ်တားတော်မူလျက်၊ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု ဆုံးမသြဝါဒ ပေးတော်မူ၏။-”

ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာဆိုရင် ထာဝရဘုရားသခင်က မိစ္ဆာဓိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီးလက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက် သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီးရှိခဲ့ပါတယ်။

၂ဝဝဝ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော် လို့ခေါ်တဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီ ညွန့်ပေါင်းဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ်အတိုက်အခံအဖွဲ့ ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။

မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံးတွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြပါတယ်။ ညနေပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အတင်းဝင်စီးနင်းတဲ့အခါ လုံခြုံရေးယူနေတဲ့ လုံထိန်းရဲတချို့ဟာ လက်နက်နဲ့တကွ လူထုကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေးသွားပါတယ်။ ပါလီမန်လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက် လောင်သွားပါတယ်။

အဲဒါပြီးတော့ လူထုကြီးဟာ သမတမီလိုဆီဗစ် တပြည်လုံးသို့ အဓိကဝါဒဖြန့်ချိဆက်သွယ်ရာ အာဏာရှင်စနစ်ရဲ့ အဓိက ပြယုဂ်ဖြစ်တဲ့ ဆားဘီးယားရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။

ဘူဒိုဇာမောင်းသမား လျူဘိုဆက်ဗ် ဂျိုးကစ်က သူ့ဘူဒိုဇာကိုမောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို အကြမ်းဖက်ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံလုံခြုံရေး လုံထိန်းတွေကတဖက် ပြည်သူ့ဘက်တော်သား လုံထိန်းတွေ အပါအဝင် လူထုကြီးကတဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် သိတ်မကြာခင်မှာဘဲ အသံလွှင့်ရုံတခုလုံးကို လူထုကြီးက စီးမိသွားခဲ့ပါတယ်။

အသံလွှင့်ရုံကိုလည်း မီးတင်ရှို့လိုက်လို့ မီလိုဆီဗစ် ရုပ်သံလွှင့်အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာဘဲ ပြည်သူလူထုဘက်က ရုပ်သံလွှင့်အစီအစဉ်တွေကို စတင်ထုတ်လွှင့်နိုင်ခဲ့တယ်။) ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမဲ့ ကံကောင်း ထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီးယား တော်လှန်ရေးဟာလည်း ဘူဒိုဇာတော်လှန်ရေးလို့ နာမည်တွင်သွားခဲ့ပါတယ်။

ဖက်ဆစ်အာဏာရှင် မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှားနဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ်မရှိတဲ့ လူမျိုးကြီးဝါဒ နယ်ချဲ့စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင်ဘော့စနီးယားနဲ့ ခရိုအေးရှားပြည်သူတွေ၊ လက်နက်ကိုင် ကိုဆိုဗိုပြည်သူတွေနဲ့တကွ နေတိုးတပ်တွေရဲ့ အပြင်းအထန် လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံးနာစရာကောင်းလှတဲ့ လူမျိုးတုံးသတ်ပွဲတွေကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သိက္ခာကျနေရတဲ့ ဆားဘီးယားစစ်တပ်ကလည်း ဒီလူထုအုံကြွမှုမှာ မီလိုဆီဗစ်ခိုင်းသမျှကို မလုပ်တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။

စစ်တပ်ကို စည်းရုံးနိုင်ခဲ့လို့ စစ်တပ်ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာမဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ဆိုတဲ့ တတိယလှိုင်းက ပွဲသိမ်းပေးသွားတာ ဖြစ်ပါတယ်။

၂ဝဝ၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီတော်လှန်ရေးမှာ ပထမလှိုင်းခေါင်းဆောင် ဆာကာ့ရှ်ဗီလီ ဦးစီးတဲ့ ပြည်သူလူထုတွေဟာ ပါလီမန်လွှတ်တော်ကို အတင်းဝင်စီးတဲ့အခါ ဂျော်ဂျီယာအာဏာရှင် ရှဗာ့ဒ်နာဇေ က အရေးပေါ် အခြေအနေကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေ ဆင့်ခေါ်ပြီး အင်အားသုံး ရှင်းလင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့ အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂သန်း အကုန်ခံ ထိုးဖောက်စည်းရုံးထားတဲ့ ဂျော်ဂျီယာ တပ်မတော်က အမိန့်နာခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် တတိယလှိုင်း သြဇာအောက်မှာ သမတရှဗာ့ဒ်နာဇေ အာဏာစွန့်ခဲ့ရပါတော့တယ်။

၂ဝဝ၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကို အံတုတဲ့ သမတလောင်း ယူရှင်ကိုရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထုအုံကြွမှု ပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှုစီရင်ချက် ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။

ဒီလိမ္မော်ရောင်တော်လှန်ရေးမှာ တတိယလှိုင်းအဖြစ် (ယခင် ကေဂျီဘီထောက်လှမ်းရေး) ယခု ယူကရိန်း လုံခြုံရေးရာ ဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူလူထုဆီကို အရေးကြီး သတင်းအချက်အလက်တွေ၊ မဲမသမာမှုနဲ့ ပတ်သက်တဲ့ အတိအကျ အချက်အလက်တွေ ပေးခဲ့သလို (အက်စ်ဘီယူ) ယူကရိန်း ထောက်လှမ်းရေး ဌာနကြီးမှူး ဗိုလ်ချုပ် စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော် ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် အလက်ဇန်းဒါးဂါလာကာ၊ တပ်မတော် တန်ပြန်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကို တို့က လူထုကို နှိမ်နင်းဖို့ အမိန့်ပေးခံရတဲ့ လုံထိန်းတပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေး တားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲမခံရဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမတ ဖြစ်လာရင် သူ့အမိန့်နာခံ လုပ်ကိုင်ရမှာကို မလိုလားကြတဲ့ အတွက်လည်း အတိုက်အခံ သမတလောင်း ယူရှင်ကိုဘက် ထောက်ခံကြတာ ဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ တုံးက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉ဝ မှာ နိုင်ငံ ရေးပါတီတွေရဲ့ရွေးကောက်ပွဲအောင်ပွဲနဲ့ သံဃာတော်တွေကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂ဝဝ၇ စက်တင်ဘာမှာတော့ သံဃာတွေရဲ့ဒုတိယလှိုင်းဟာ တနိုင်ငံလုံးသာမက တကမ္ဘာလုံး တုန်ခါသွားအောင် အရှိန်အဟုန် ကြီးမားစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲမရခဲ့ကြပါဘူး။

နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ အရှိန်အဟုန်ကို ကြီးထွား ပြင်းထန်အောင်လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လိုအပ်ပါတယ်။ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါ။

ဂါမဏိ
(ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်)ဂုရု ABSDF ၏ ‘တတိယလူထုလှိုင်းဆီသို့’ စာတမ်း၊ ဆရာ လူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့ကို ထပ်ဆင့်ခံစားခြင်း ဖြစ်ပါသည်။)
ဒေါင်းအိုးဝေ၊ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉၊ မှ။
http://damaahdama.blogspot.com/

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွေ့နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုကလည်း ရှိပါသေးတယ်။ သူတို့တွေ လက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ နိုင်ငံရေးကို ဝေးဝေးရှောင်တာ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ်။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟာ သွယ်ဝိုက်သောအားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာကို သူတို့တွေ မသိရှိကြပါဘူး။

ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ငါတို့တိုင်းပြည်ကို တကယ်ချစ်ရဲ့လားဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ်။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ။ အာဏာရှင်စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိုး ဖျက်စီးနေကြတယ်ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူး ဆိုတာလည်း သိပြီးသားပါ။

အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ်။ ဒါဟာ မတရားဘူးလို့ကျွန်တော်ယူဆတယ်။ သူတို့တွေ လမ်းပြခဲ့ကြတယ်၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့။

နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထုအနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ငြီးငြူ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြနေကြရုံနဲ့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲမှတ်ထားပါ။ တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ရမယ့် တာဝန်တွေ အများကြီး ရှိပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တယ်၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ်ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင် ရုန်းထွက်နိုင်မယ်ဆိုတာ ပြည်သူလူထုအနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ်။

အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထုအနေနဲ့ မေးစရာ ရှိလာတယ်။

အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ်။

အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့နေရာမှာ အရမ်းစိတ်အားထက်သန်ကြတယ်။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင် ၀န်မလေးပါဘူး။ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ အမြဲအသင့်ရှိနေတဲ့ သူတွေ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစုလို့ သတ်မှတ်ထားကြရမှာပါ။

ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့အတွက် ပြည်သူလူထုနဲ့အတူ ဆန္ဒပြခွင့်မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န်မလေးကြသူတွေ။

အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန်၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင်တဲ့ လူတွေက သတင်းဖြန့်ဖြူးပေးနိုင်ပါတယ်။ အထက်ဖော်ပြပါ လူအုပ်စုသုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည်လာအောင် ပြောဆိုပေးလို့ရပါတယ်။

အဲဒီ အုပ်စုလေးခုထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင်ပြန်စမ်းစစ်ကြည့်သင့်ပါတယ်။ အဲဒီအုပ်စုလေးခုထဲက တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါလို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။

ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ...

လက်ရှိမှာ ရာထူးကောင်းကောင်းရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြတဲ့ အာဏာရှင်လူတစ်စု၊ လက်ရှိအာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်ပြီး ကြီးပွားချမ်းသာနေကြတဲ့လူတွေနဲ့ ကြီးပွားချမ်းသာဖို့ ခွင်ဖန်နေကြတဲ့လူတွေ။

ပြည်ပမှာ ဒီမိုကရေစီကို အကြောင်းပြ၊ နိုင်ငံတကာက ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကျိုးအတွက် အသုံးချနေကြတဲ့သူတွေ။

အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေးယူ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့် ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု။

သူတို့တတွေကလည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေးအတွက် အစွမ်းကုန် ကြိုးစားကြပါလိမ့်မယ်။

အဲဒီ အုပ်စုနှစ်ခုကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွေ့နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုကလည်း ရှိပါသေးတယ်။ သူတို့တွေ လက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ နိုင်ငံရေးကို ဝေးဝေးရှောင်တာ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ်။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟာ သွယ်ဝိုက်သောအားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာကို သူတို့တွေ မသိရှိကြပါဘူး။

အစိုးရ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ် မောင်းနှင်ပေးနေကြတဲ့ သူတွေပါ။

အထက်အမိန့်ဆိုတာကို မလွန်ဆန်နိုင်လို့သာ သည်းခံနေကြရတာပါ။ သူတို့တွေရဲ့ ဘ၀ဟာလည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူအရေအတွက်ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် ပိုများနေလို့ပါ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့သလို တိုင်းပြည်ချစ်တဲ့ အုပ်စုလေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ။

နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက၊ ငါ သိတယ် ငါတတ်တယ်ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး၊ ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင်ပြီး ကိုယ့်အမှားကို ဖုံးကွယ်ထားကြတယ်။ အမှားတွေ အများကြီး လုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ။

အချို့ကျတော့လည်း မှားနေတာ သိတယ်။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ်။ ၀န်လေးနေကြတယ်။ ငါဆိုတဲ့ အတ္တကိုရှေ့တန်းတင်၊ ဦးထိပ်ထားခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။

လှုပ်ရှားသူတွေကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး။ အပွင့်လင်းဆုံး ပြောရရင် နိုင်ငံရေးကို ဗန်းပြလုပ်စားနေသူတွေနဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးဟာ များစွာ နှောင့်နှေးခဲ့ရတယ်။

လူတိုင်းဟာ အမှားမကင်းကြပါဘူး။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ်။ ကျွန်တော် ဆိုလိုတာကို နိုင်ငံရေးပညာရှင်များအနေနဲ့ သိရှိပြီးသားပါ။ အဲဒီ အုပ်စုလေးခု ဟန်ချက်ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာပါလိမ့်မယ်။

အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ်။

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထုကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ ယခုလိုကြားနေ၀ါဒကို ကျင့်သုံးတယ်ဆိုတာ အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်တော်တို့ အမြန်ဆုံးကြိုးစား ပြောဆိုလမ်းပြမှ ဖြစ်မယ်။ အမှန်တရားကို သူတို့တွေ သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။

နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပါ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ် အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာက ပြည်သူလူထုညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ်။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှုကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ။ နိုင်ငံရေး လုပ်ရှားသူတွေကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး။

အဲဒီလိုဘဲ အာဏာရှင်စနစ်ကို လက်ခံကျင့်သုံးနေတဲ့ လူတွေကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ်။

အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူတွေရဲ့ မျက်နှာကိုဘဲ ကြည့်ကြပါ။ လုပ်စားနေသူ အနည်းငယ်ရှိတာနဲ့ မယုံကြည်ကြဘူုးဆိုရင် ဘ၀တစ်လျှောက်လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။ 

ဒီနေ့ နိုင်ငံတကာက ဘယ်လောက်ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။

အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေလည်း အများကြီးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

အဲဒီလို ချစ်တဲ့နေရာမှာ လက်တွေ့ကျကျ ချစ်ပြနိုင်ဖို့အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးကြပါလို့ အလေးအနက်ထပ်မံ တိုက်တွန်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသူများအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို လက်တွေ့ကျကျ ချစ်ပြကာ လွတ်လပ်၍ တရားမျှတပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ ချီတက်ကြပါစို့။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

A

B

C

The Kitchen မီးဖိုချောင်