Sunday, February 14, 2010

သာချင်းသည် သို့

သာချင်းသည် သို့

ကိုယ့် အကြောင်း
ကိုယ် ကောင်း ပြောယင်း။
မကောင်းခြင်း ဖြစ်တတ်တယ်။

ကိုယ့်တတ် ကိုယ်ထက်
ကိုယ့် လက်မကို ထောင်လွှားယင်း။
သူ့ ပျော့ညံ့ချက်
ကိုယ့် လက်ညှိုးက ထိုးတတ်တယ်။

သူ့လည် နင်း၍
သာချင်း ငြိမ့်ငြိမ့် ဆိုချင်သလား။
သူ့ မျက်ရည်ပူ
ခြေဆေးသူ အဖြစ်
အောင်လံထူ ဟစ်လိုသလား။

ကဲ ... စဉ်းစား
"ငါးပုပ် ဝယ်ကြဦးမလား ...." လို့
ဘယ်သူများ ကြွေးကြော်လို့လဲကွယ်။

ကိုယ့်လမ်း ကိုယ်သာ
လမ်းထွင်ပါ
လမ်းဆုံးတဲ့ခါ ရွာတွေ့မှာ ...။ ။

မောင်စံဗြော
ရှုမဝ ရုပ်စုံမဂ္ဂဇင်း
အတွဲ ၃၉၊ အမှတ် ၄၅၈ ဇူလိုင်လ ၁၉၈၅။

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်