Thursday, August 6, 2009

မျှော်


မျှော်

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစက်တွေစိုလူး
အလံဦးမှာကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့တိုက်ပွဲဝင်နေပါတယ်။

အမေတွေမျှော်မှာသိရက်နဲ့
အိမ်အပြန်ခက်သောသားများ
ပျောက်ဆုံးသွားတာ
ကာလကြာပြီ။

ပိတ်မသွားရသေးတဲ့
သားကြီးတို့ရဲ့ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်ကလေးတွေ သားငယ်ဆွဲလို့
မေမေလည်း
မျက်ရည်စို့ကာမျှော်ရော့မယ်။
၁၉၈၈ရဲ့ 
လက်နက်နဲ့လွယ်အိတ်တိုက်ပွဲများ
မူံဝါးပြာဝေ ကမ္ဘာမကြေဘူး
ဘီလူးတခေတ် ဒေါင်းတခေတ်။

တနေ့နေ့လေ
မသေသေးရင်ပြန်လာချင်တယ်
ရင်မှာထွေးလို့ ကြိုပါမေမေရယ်။

ခုတော့
ဗမာပြည်ငြိမ်းချမ်းပါစေ
သွေးစက်တွေစိုလူး
အလံဦးမှာကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့တိုက်ပွဲဝင်နေပါတယ်။

ရွှေဘုန်းလူ
http://8888newgenerations.blogspot.com

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်