Saturday, June 20, 2009

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအဖမ်းခံရ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  ပတ်တလင်းဂျာရာ အမ်းကော့မောအနီး ပန်းခြံတွင်း၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်၏ ခြောက်ဆယ့်လေးနှစ်မြောက် မွေး နေ့ ပွဲအခမ်းအနားကို 19. 6 . 2009 တွင် မလေးရှားအတိုက်အခံပါတီParkatan Rakyat (PKR) - People Justice Party မှ ကြီးမှူး၍ပြုလုပ်ခဲ့ပြီး မြန်မာအဖွဲ့အစည်းများအားလည်း အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ အခမ်းအနားမှာ ည ၈ နာရီမှ ည ၁၀ ထိဖြစ်သည်။

အခမ်းအနားမစတင်မီမှာပင် မလေးရှားအာဏာပိုင်များမှ အရပ်ဝတ်များဖြင့် ရောက်ရှိလာကာ အခမ်းအနားအနီးတ၀ိုက်ရှိ လူများအား စစ်ဆေးမေးမြန်းမူများ စတင်ပြုလုပ်ခဲ့သည်။ အချိန်အနည်းငယ်အတွင်း၌ပင် အာဏာပိုင်များသည် ယူနီဖောင်းဝတ်များဖြင့်ထပ်မံရောက်ရှိလာပြီး ပီကေအာရှိ တာဝန်ရှိသူများဖြင့် စစ်ဆေးမေးမြန်းမူများထပ်မံပြုလုပ်ခဲ့ကြသည်။

ထို့နောက် နာရီဝက်ခန့် အကြာတွင် ရောက်ရှိနေကြပြီးဖြစ်သော မြန်မာအဖွဲ့အစည်းများမှ တက်ရောက်လာကြသူ အားလုံးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ မလေးရှားလူမျိုးများကို ဖမ်းဆီးခြင်း မရှိခဲ့ပေ။ အများစုမှာ ဖမ်းဆီးမှု သတင်းကို ကြားသည့်အတွက် လမ်းတ၀က်ကပင် လှည့်ပြန်သွားခဲ့ကြသောကြောင့် အဖမ်းခံရမှုမှ လွတ်မြောက်ခဲ့ကြသည်။

ယင်းအခမ်းအနားသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ဆုတောင်းသည့် အခမ်းအနားတခုသာဖြစ်ပြီး အတိုက်အခံပါတီခေါင်းဆောင် ဒေါက်တာ ၀မ်အာဇီဇာ လာရောက် စကားပြောကြားမည်ဟု သိရပါသည်။

အဖမ်းခံရသည့်သူများမှာ အဖွဲ့ အစည်းများမှ ခေါင်းဆောင်များဖြစ်ကြပြီး သူတို့ ကိုဖမ်းဆီးထောင်ချမည်ဆိုပါက မလေးရှားနိုင်ငံအတွင်း မြန်မာ့ ဒီမိုကရေစီအင်အားစုအဖွဲ့ များ အင်အားယိမ်းယိုင်သွားနိုင်ဖွယ်ရှိပါသည်။

သို့ ပါ၍ ဤအဖြစ်အပျက်အား ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မီဒီယာများက မလေးရှားအစိုးရအား ၀ိုင်းဝန်းဖိအားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

အဖမ်းခံရသည့်လူများနှင့် အဖွဲ့ အစည်းများစာရင်း

၁။ ထက်အောင်ရှိုင်း NLD
၂။အောင်ကျော်သူ NLD
၃။ အောင်သူရ NLD
၎။ ငြိမ်းချမ်း NLD
၅။ ကိုကိုဝင်း NLD
၆။ အောင်ကျော် NLD
၇။ကျော်ကိုကိုကျော် NLD(Youth)
၈။ ဆန်းဝင်း bwrpc
၉ ။ ကိုမင်းသိမ်း dpns
၁၀။ သန်းဦး ARRC
၁၁။ သန်းထွန်းအောင် ARRC
၁၂။ တော်မီမြတ်ဦး
၁၃။ ကျော်ကျော် ARRC
၁၄။ ပြည့်ဖြိုးနိုင် ARRC
၁၅။ ထင်ကျော် BWRPC

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်