Monday, May 18, 2009

May 17th Trial Update: မေလ ၁၇ရက် ရုံးချိန်းမှတ်တမ်း


(Updated by Debbie Stothard)
Trial update from activists & an insider who has seen Daw Aung San Suu Kyi's cell.

UPDATE: Late Afternoon Monday May 18
Trial finished. lawyers are back. four lawyers represented Daw Aung San Suu Kyi and three represented the mother and daughter who have been taking care of her. Police officer read the statement of the case and lawyers were able to submit questions to that officer. Trial will resume tomorrow - may 19th.
Among those gathered in front of the Insein Prison (where trial is being held) - some youths and monks were seen wearing headbands and holding placards which says, "Daw Aung San Suu Kyi is not guilty".

UPDATE: Afternoon Monday May 18
There was small hit and run strike at Hle Dan and Thahime junction. No one was arrested.
Aung San Suu Kyi's lawyers are being transported by military trucks. they are not allowed to talk to press. Trial finished at 14:15 PM

UPDATE: Morning Monday May 18
A friend who has actually seen the so-called house that Daw Aung San Suu Kyi is being detained in says it is actually 2 adjoining cells. The toilet is outside and only partially covered, so that guards can see the legs and feet of occupants, to monitor what they are doing. The place is filthy and the small compound containing the "house" is absolutely depressing. It is "better" than the usual cells at notorious Insein Prison because one can look out the window easily, and see the sky.



(Updated Event by Zaw Win)

NYT11:32am May 18:
ဒေါ်အောင်ဆန်းစုကြည် အမှုအား ထပ်မံစစ်ဆေးရန် အတွက် မနက်ဖြန် ၁၀နာရီ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်။

NYT11:31am May 18:
ဒေါ်အောင်ဆန်းစုကြည်ဟာ စိမ်းပြာရောင်အ၀တ်အစား ၀တ်ဆင်ထားပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရှိရပါတယ်။

NYT2:20am May 18:
စစ်တပ်အရပ်ဝတ်များက ဓါတ်ပုံလိုက်ရိုက်နေကြောင်းသိရသည်။

NYT2:07am May 18:
အင်းစိန်ထောင်ရှေ့ နောက်ဆုံးအခြေအနေ...ငှက်ပျော်သီးတွေဝေ.. ရေသန့်တွေသောက်ပြီး ဆက်စောင့်နေကြဆဲ ...။

NYT2:04am May 18:
အင်းစိန်ဈေးအနီးရှိလူထုအား စစ်တပ်က ငြိမ်ငြိမ်သက်သက်နေပေးရန် လက်ကိုင်အသံချဲ့ စက်နဲ့ ကြေညာနေပါတယ်။

NYT2:04am May 18:
အင်းစိန်ထောင်တွင်းမှ သေနတ်ပစ်ဖောက်သံကြားရပြီးနောက် အပြင်ရှိ လုံထိန်းနှင့် စစ်သားများ အသင့် နေရာယူကြသော်လည်း ပြည်သူလူထု အင်အား ပိုများလာကြောင်း သိရပါတယ်။

NYT1:29am May 18:
ထောင်ဝင်းသို့  အန်အယ်ဒီလူငယ် (၁၀၀) ကျော် ၀င်သွားပြီးတဲ့အချိန်မှာ ထောင်ဝင်းတွင်းက အော်ဟစ်သံတွေ ထွက်ပေါ်နေပါတယ်။ သတင်းဆက်လက် ဖေါ်ပြပေးပါမယ်။

NYT1:21am May 18:
အင်းစိန်ထောင်ထဲမှာ အော်သံများ စတင်ကြားနေရပြီ။

NYT1:19am May 18:
အင်းစိန်ထောင်ရှေ့ မှာ ဦးဝင်းတင်မှ ဦးဆောင်ပြီး ဆန္ဒပြနေပါတယ်။

NYT1:17am May 18:
ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမှ NLD အဖွဲ့များ၊ ဧရာဝတီတိုင်းမှ NLDများ ရန်ကုန်ရောက်လာကြပြီဟု သတင်းရရှိ။ အင်းစိန်ထောင်ရှေ့ သွားရောက်ပူးပေါင်းကြမည်ဟု သိရ။

NYT1:12am May 18:
အင်းစိန်ထောင်တွင်းသို့ ဆရာကြီးဦးဝင်းတင် ဦးဆောင်သည့် အန်အယ်လ်ဒီလူငယ် ၁၀၀ကျော် အတားအဆီးများကို ကျော်ဖြတ်ဝင်ရောက်သွားပြီ။ လုံခြုံရေးများနှင့် ပြဿနာ အကြီးအကျယ်တက်ပြီး ၀င်ရောက်ရခြင်းဖြစ်။

NYT1am May 18:
လှည်တန်းဘက်တွင် ကျောင်းသားများ ထွက်လာရာ လုံထိန်းတွေနဲ့  ရင်ဆိုင်နေကြပါတယ်။

NYT12:57am May 18:
မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။ အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်ကလာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။

NYT12:55am May 18:
ရန်ကုန်မြို့ မှ ပြည်သူလူထုကိုဘဲ ပြောတာမဟုတ်ပါ။ နယ်မြို့ အချို့ မှာလည်း လူတွေစုနေကြပါပြီ။ ပူးပေါင်းဝိုင်း ဝန်းကြပါ။ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မလွှတ်ပေးရင် တိုက်ပွဲအရှိန်အဟုန် ဆက်မြှင့်ပါမယ်။

NYT12:50am May 18:
မအေလိုးတွေ အမေစုကို ပုံစံထိုင်ခိုင်းနေတယ်။ ထောင်ထဲမှာ ရုံးထုတ်တာကို အန်တီက မကျေနပ်လို့ တရားရုံးမှာပဲ ထုတ်ဖို့ပြောတာ မရဘူးတဲ့။

NYT12:50am May 18:
သံရုံး၈ခုမှ ကားများ အင်းစိန်ထောင်ဖက်သို့ ဝင်ရန် ရောက်လာနေပါပြီ။ ကားများကို အ၀င်မခံပဲ ပိတ်ထားသဖြင့် အချင်းများလျက် ရှိနေပါတယ်။

NYT12:49am May 18:
အင်းစိန်ထောင်ရှေ့ တွင် တိုက်ပွဲစပါပြီ။ သဗ္ဗေသတ္တာ ကမ္မသကာ သန်းရွှေပုံကြီးအား အမှိုက်များနဲ့အတူ မီးစတင် ရှို့ပါပြီ။

NYT12:40am May 18:
ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄)ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။

NYT12:38am May 18:
လိုင်းကား ဆိုက်ကား သွားမရအောင် ပိတ်ထားလိုက်ပါပြီ။


NYT12:36am May 18:
အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီနဲ့  သြစတြေးလျမှ သံအမတ်များအား အင်းစိန်ထောင်တွင်းသို့  ပေးမ၀င်ပါ။ ဒီသတင်းကို သက်ဆိုင်ရာနိုင်ငံများ သိစေရန် ဖြစ်ပါတယ်။

NYT12:34am May 18:
အင်းစိန်ထောင်သို့ရောက်နေသော နိုင်ငံခြားသံတမာန်အချို့ကို ပေးမ၀င်ကြောင်းသိရ၊ အခြေအနေ အနည်းငယ် တင်းမာလာပါပြီ။ ပြည်သူများအားဖြည့်ပေးကြပါ။

NYT12:24am May 18:
ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည်ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ထောင်ဝန်ထမ်း များဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေးခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူးတရားရုံးအတွင်း အမှု စစစ်ပါတော့မည်။

NYT11:56pm May 17:
အင်းစိန်ကိုသွားပြီး အားဖြည့်လိုသူများ အင်းစိန်ထောင် အ၀င်ပေါက်များမှာ ပေါက်တောဝ တစ်မှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို့ရပါတယ်။ နောက်တနေရာက မြို့သစ်ဈေးဘက်မှတဆင့် မဟာမြိုင်ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင် ရှေ့သို့ ထွက်လို့ ရပါတယ်။

NYT11:55pm May 17:
အင်းစိန်ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀)ကျော် ထောင်ဗူးဝဘက်သို့ ချဉ်းကပ် သွားပါတယ်။ လုံထိန်းများမှ ရှေ့က ပိတ်ဆို့ ထားပါတယ်။ အခြားသော ပြည်သူများလည်း ၀ိုင်းရံ ထားကြပါတယ်။

NYT11:37pm May 17:
ဝန်ထမ်းတွေက ဒေါ်စုကြည် လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်စုက ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟုခေါ်မှ ထွက်နိင်မယ်လို့ဆိုတဲ့အတွက် အခြေအတင် ဖြစ်နေကြောင်းသိရပါတယ်။ ဒေါ်စုကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သတ္တိရှိစွာဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်နေပြီး လာခေါ်သော ထောင်ဝင်ထမ်းများကို မလိုက်ဟု ရာဇသံပေးလိုက်ကြောင်းသိရပါတယ်။

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်