Tuesday, May 26, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် Iowa ပြည်နယ် Des Moines မြို့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ


အမေရိကန် အနောက်အလယ်ပိုင်း ပြည်နယ်တခုဖြစ်သည့် Iowa ပြည်နယ် Des Moines မြို့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို မေလ (၂၅)ရက်နေ့ ညနေ (၉)နာရီတွင် ပြူလုပ်ခဲ့ပါသည်။ ဤနေ့သည် အမေရိကန်နိုင်ငံ၏ “စစ်သည်တော်များ အထိမ်းအမှတ်နေ့” (Memorial Day) လည်း ဖြစ်ပါသည်။

Des Moines မြို့၏ အစိုးရရုံးများ တည်ရှိရာ Locust နှင့် 3rd St. လမ်းထောင့်ရှိ ပြည်သူ့ရင်ပြင်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိခြင်း၊ ခရစ်ယာန်၊ အစ္စလမ်၊ ဗုဒ္ဓဘာသာဝင်တို့က မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အမည်ပါ မိုးပျံပူစီပေါင်းများ လွှတ်တင်ခြင်း စသဖြင့် နွေဦးကာလ ကွက်ကြားမိုးများ ကြားထဲတွင် မြန်မာတိုင်းရင်းသား အယောက် (၁၂၀) ခန့်သည် တက်ညီလက်ညီ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

ဤ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ပါတ်သက်ပြီး တာဝန်ရှိသူတဦးမှ “Des Moines မြို့မှာ ရောက်နေကြတဲ့ မြန်မာ တိုင်းရင်းသားတွေ အားလုံးဟာ ယခု အမိမြန်မာပြည်တွင် ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေတွေနဲ့ မျက်ခြေပြတ်မှု မရှိကြောင်း၊ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းတဲ့ကိစ္စနှင့် ပါတ်သက်ပြီး သူမအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားသွားစေနိုင်ရန် ရည်ရွယ်ပြီး ဒီနေ့ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း” ပြောကြား သွားပါတယ်။

ဤပွဲကို Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများ Community မှ ကြီးမှူး ကျင်းပခဲ့ပါသည်။ ၎င်းတို့၏ သဘောထား ကြေငြာချက်တွင် Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများအနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း၊ တိုင်းရင်းသားပေါင်းစုံတို့၏ ခံစားနေသော လူမှုဒုက္ခ အ၀၀ကို ဦးဆောင် ဖြေရှင်းပေးနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ လက်ရှိ မြန်မာ စစ်အစိုးရ၏ မတရား အမှုဆင် ဖမ်းဆီးခြင်း၊ နှစ်ရှည်လများ အကျဉ်းကျခြင်းကို ခံစားနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး ဘက်တော်သားများကို ချွင်းချက်မရှိ လွှတ်ပေးသင့်ကြောင်း၊ အကယ်၍ စစ်အစိုးရသည် အာဏာကို မတရား ဆက်လက် သိမ်းပိုက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား မတရား ချုပ်နှောင်ခြင်း ဆက်လက်ပြုလုပ်ပါက နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အတူ လက်တွဲ ဆင်နွှဲသွားမည် ဖြစ်ကြောင်း ရေးသားထားပါသည်။

Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများသည် ယခင်နှစ်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲများ ကျင်းပခြင်း၊ ၂၀၀၇-ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကာလအတွင်း ထောက်ခံ ဆန္ဒပြပွဲများ၊ Campaign များကို Iowa ရှိ တက္ကသိုလ်တချို့တွင် ကျောင်းသားများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံ ပေးပို့ပေးခြင်း၊ အမေရိကန် သမတ ရွေးကောက်ပွဲ မဲဆွယ်ပွဲများ တက်ရောက်၍ မြန်မာ့အရေး တင်ပြခြင်း၊ Des Moines မြို့တွင် နှစ်စဉ် ကျင်းပသည့် အာရှ အမွေအနှစ် ပွဲတော် (Asian Heritage Festival) တွင် ပူပေါင်း ပါဝင်ခြင်း၊ Oregon ပြည်နယ်မှ New York အထိ မိုင်(၃၀၀၀)ကျော် လမ်းလျှောက်ချီတက်လာကြသည့် ကိုအေသင်နှင့် ကိုဇော်မင်းထွေးတို့ နှစ်ဦး Iowa ကို ဖြတ်လျှောက်သွားစဉ် လမ်းခရီးတလျှောက် အကူအညီများ ပေးခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့ပါသည်။ Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများ သည် မြန်မာ့အရေးနှင့် ပါတ်သက်ပြီး နောက်တန်းတွင် မရှိခဲ့ကြောင်းလည်း တာဝန်ရှိသူတဦးမှ ထပ်မံ ပြောကြားခဲ့ပါသည်။

လှုပ်ရှားမှု ဓါတ်ပုံများကို အောက်ပါနေရာတွင် ရရှိနိုင်ပါသည်။
http://picasaweb.google.com/BurmeseActivists/CandleLightVigilInDesMoinesIA#

သတင်းပေးပို့သူ ဇော်ထွဋ္ဋ်
burmeseactivists@gmail.com

Friday, May 22, 2009

FREE AUNG SAN SUU KYI

Burmese freedom fighter and Nobel Peace Prize Laureate Aung San Suu Kyi has been under government-sponsored house arrest for 13 of the past 19 years. As Suu Kyi awaits an upcoming trial on May 18th on charges meant to extend her imprisonment, Not On Our Watch has organized an international statement calling for her release. Luminaries from across the cultural, political, and social spheres, including Not On Our Watch founders George Clooney, Brad Pitt, and Matt Damon, as well as Bono, Madonna, Steven Spielberg, Nobel Laureates Professor Elie Wiesel and Archbishop Desmond Tutu, Former Secretary of State Madeleine Albright, and Senator John McCain, among others, have united to demand that the Burmese military regime free Aung San Suu Kyi now.

The statement and full list of signatories follow below.

FREE AUNG SAN SUU KYI

Nineteen years ago, the Burmese people chose Aung San Suu Kyi to be their next leader. And for most of those 19 years she has been kept under house arrest by the military junta that now runs the country. She is the world’s only incarcerated Nobel Peace Prize Laureate.

Yesterday Suu Kyi was taken to Burma’s Insein prison to face criminal charges as part of a concerted plan to deny her freedom.

We must not stand by as she is silenced once again. Now is the time for the United Nations and the entire international community to speak clearly, and with one voice: Free Aung San Suu Kyi.
In support,

1. Anjelica Huston
2. Archbishop Desmond Tutu
3. Ashton Kutcher
4. Bono
5. Brad Pitt
6. Daniel Craig
7. Dave Eggers
8. David Beckham
9. Drew Barrymore
10. George Clooney
11. George Soros
12. Helen Hunt
13. Jake Gyllenhaal
14. James Carville
15. John Cusack
16. Julia Roberts
17. Liev Schreiber
18. Madonna
19. Mary Matalin
20. Matt Damon
21. Matthew Broderick
22. Meg Ryan
23. Meryl Streep
24. Michael Chabon
25. Naomi Watts
26. Nicole Kidman
27. Norman Lear
28. Orhan Pamuk
29. Owen Wilson
30. Paulo Sérgio Pinheiro
31. Peter Gabriel
32. Prof. Elise Wiesel
33. Robert De Niro
34. Robert Rodriguez
35. Rose McGowan
36. Sandra Bullock
37. Salman Rushdie
38. Sarah Jessica Parke
39. Scarlett Johansson
40. Sec. Madeleine Albright
41. Sen. John McCane and Cindy McCain
42. Steven Spielberg
43. Wes Anderson
44. Václav Havel


Monday, May 18, 2009

သင်တို့ အဆင်သင့် ဖြစ်ကြပြီလား …


သင်တို့ အဆင်သင့် ဖြစ်ကြပြီလား …
လမ်းပေါ်က မြန်မာပြည်သား

အခုတလော တိုက်ပွဲခေါ်သံတွေ ကြားနေရပါတယ်။ အမေရိကန်နိုင်ငံသား ယက်ထောတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ရေကူးသွားတဲ့ ကိစ္စကစလို့၊ နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူမှုတွေ ပြုလုပ်လာပြီး၊ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေရဲ့ တိုက်ပွဲခေါ်သံတွေ ကြားနေရပါတယ်။

လူစုစုတွေ့ရင် ပစ်ခတ်တတ်တဲ့ မြန်မာနိုင်ငံ စစ်အစိုးရလက်အောက်မှာနေရတဲ့ သူတွေအတွက်တော့ ဆန္ဒပြတယ် ဆိုတာ အသက်နဲ့ မိသားစုကို ရင်းပြီးလုပ်ရတဲ့ အလုပ်တစ်ခုပါ။

မြန်မာနိုင်ငံ မှာ ၁၉၆၂ခု စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကြီးမားသော ဆန္ဒပြပွဲပေါင်း ၁၀ခု ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အသက်ပေါင်း သောင်းချီပြီး ဆုံရှုံးခဲ့ရပါပြီ။ နောက်ထပ်လဲ အသက်ပေါင်း မြောက်များစွာနဲ့ ရင်းပြီး စစ်အုပ်စုကို တိုက်ကြရအုံးမှာပါ။

အမှားတွေကို သင်ခန်းစာ မယူရင် အမှားတွေကို ဆက်တိုက်ကျုးလွန်နေကြမှာပါ။ ရှေ့ပိုင်းက ဆန္ဒပြပွဲတွေကို မသိ၊ မမီလိုက်လို့ မပြောလိုပေမဲ့၊ ၁၉၈၈ နဲ့ ၂၀၀၇ ဆန္ဒပြပွဲ နှစ်ခုကိုပဲ ပြောကြရအောင်ပါ။

စစ်အစိုးရဆိုတာ အာဏာရူးနေတဲ့လူတွေ ဖြစ်လို့ အာဏာဆုပ်ကိုင်ဖို့ကို ဖြစ်တဲ့နည်းနဲ့ လုပ်မှာပါ။ သူတို့လက်ထဲက အာဏာကို ရအောင်ယူရမှာက အတိုက်အခံတွေရဲ့ တာဝန်ပါ။ “အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူး” ဆိုသလို - စစ်အစိုးရဟာလဲ အာဏာကို ဖြစ်တဲ့နည်းနဲ့ ဆုပ်ကိုင်မယ် ဆိုတာ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်း နဲ့ ၂၀၀၈ နာဂစ်မှာ ပြသခဲ့ပြီးပါပြီ။

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးအခင်းမှာ မြန်မာတနိုင်ငံလုံး အစိုးရယန္တရား ရပ်ဆိုင်းသွားပါတယ်။ ရက်ပေါင်း ၄၀ ခန့် အစိုးရယန္တရားရပ်ဆိုင်းပြီး ပြည်သူအများက မထောက်ခံတော့ပေမယ့် အစိုးရယန္တရားကို လွဲပြောင်းယူမယ့် အတိုက်အခံအဖွဲ့အစည်း မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ သိတဲ့အတိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အစိုးရယန္တရားဟာ အကြာကြီးရပ်ဆိုင်းသွားလို့ မရပါဘူး။ နိုင်ငံတော် ငွေကြေးစနစ်၊ ဘဏ်လုပ်ငန်း၊ လုံခြုံရေး၊ ကုန်တင်ပို့မှုစတာတွေဟာ ရပ်ဆိုင်းထားလို့ မရတဲ့ ကိစ္စတွေပါ။ ဘာနဲ့တူသလဲဆိုရင် လူတယောက်အတွက် အစားအစာ၊ ရေနဲ့ သန့်ရှင်းရေးလိုပါပဲ။ ထမင်း(သို့) ပေါင်မုန့်၊ သောက်ရေနဲ့ အညစ်အကြေးစွန့်မှု မရှိရင် လူတယောက်ဟာ အသက်မရှင်နိုင်ပါဘူး။

၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့ဆန္ဒပြပွဲတုန်းကလဲ အစိုးရယန္တရားဟာ ရပ်ဆိုင်းလုနီးပါး ပါပဲ။ နေပြည်တော်မှာ အစိုးရ သွားထားလို့ အစိုးရယန္တရားဟာ နေပြည်တော် ရောက်မသွားပါဘူး။ နိုင်ငံတကာ လေဆိပ်၊ အဓိကကုန်စည်စီးဆင်းမှု၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေးစတာတွေက ရန်ကုန်မှာပါ။ ရန်ကုန်မှာ လှုပ်ရှားလို့ မရတော့ရင် ဘယ်လောက်ပဲ နေပြည်တော်က အမိန့်တွေ ပေးနေပါစေ အလကားပါပဲ။ ဒီအချိန်မှာလည်း အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။ ရဟန်းရှင်လူ၊ ပြည်သူတွေ သေခဲ့ရပါတယ်။

၂၀၀၈ ခုနှစ် မေလ-နာဂစ်မုန်တိုင်းအပြီးမှာ မြန်မာနိုင်ငံ အောက်ပိုင်းတခုလုံး အစိုးရယန္တရား ရပ်ဆိုင်းသွားပါတယ်။ နိုင်ငံရေးသမားတွေက မုန်တိုင်းကယ်ဆယ်ရေးဘက် ရောက်နေပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ကယ်ဆယ်နိုင်ရင် လူ ၂ - ၃ သန်းပါ။ ကျန်တဲ့ သန်း ၅၀ သော ပြည်သူတွေကို မေ့ထားလို့မရပါဘူး။ ဘာနဲ့တူသလဲ ဆိုရင် လူတယောက်မှာ ပါးစပ်ဟာ ထမင်းစားဖို့ပါ၊ စအိုဟာ အညစ်အကြေး စွန့်ဖို့ပါ။ ပါးစပ်ဟာ အရေးကြီးသလို စအိုဟာလဲ အရေးကြီးပါတယ်။ ဘယ်ဟာအရေးကြီးသလဲ ဆိုရင် ဘယ်ဟာမှ မပိုသလို၊ ဘယ်ဟာမှလဲ မ‌လျော့ပါဘူး။ အညစ်အကြေးစွန့်တာ အရေးကြီးလို့ ဆိုပြီး၊ ပါးစပ်က လိုက်ပြီး အညစ်အကြေးစွန့်လို့ မရပါဘူး။

အဲဒီတော့ ဖြစ်သင့်တာက မုန်တိုင်းအပြီး(ပြီးပြီးချင်း)စစ်အစိုးရယန္တရား ရပ်ဆိုင်းတဲ့ နေရာတွေမှာ အာဏာရယူလိုက်ရင်၊ ရန်ကုန်က လေဆိပ်နဲ့ သဘောင်္ဆိပ်ကို စီးထားလိုက်ရင် နိုင်ငံတကာက အကူအညီနဲ့ အမေရိကန်စစ်တပ် ကယ်ဆယ်ရေးအဖွဲ့တွေကို လက်ခံပြီး၊ ဒီထက်ပိုတဲ့ ကယ်ဆယ်ရေးတွေ လုပ်ရင်း စစ်အစိုးရကို ပြုတ်ကျအောင် “လုပ်နိုင်ကောင်း လုပ်နိုင်” ခဲ့မှာပါ။

စစ်အစိုးရက ဒါကို သဘောပေါက်တော့ ကယ်ဆယ်ရေးအရင် သူ့ အာဏာတည်မြဲရေးကို လုပ်ပါတယ်။ ပြည်ပကို ပိတ်ဆို့ထားတာ၊ စစ်တပ်တွေကို စုစည်းတာ၊ စစ်အုပ်စုအခြေခံဥပဒေကို အတည်ပြုတာ စသည်တို့တွေ ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချဖို့ ကြိုးစားတာနဲ့ပတ်သက်ပြီး တိုက်ပွဲခေါ်သံတွေ ကြားနေရပါတယ်။ ပြည်သူလူထုတွေက သတ္တိမရှိဘူး ဆိုပြီး ပြောနေတဲ့ နိုင်ငံရေး သမားတွေဆီက အသံတွေလည်း ကြားနေရပါတယ်။ ပြည်သူလူထုတွေက ထောင်သောင်းချီ “သေပြ” ခဲ့ပြီးပါပြီ။

သင်တို့ကော စစ်အစိုးရဆီက အာဏာ ရယူဖို့ အသင့် ဖြစ်ကြပါပြီလား … ။ ။

http://moemaka.com/

မနက်ဖြန်ဆက်ရန်...


ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အပြစ်ကျူးလွန်သူ မဟုတ်ပါဘူး။ နအဖဟာ မိမိကျူးလွန်တဲ့အပြစ်ကို တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေခြင်း သက်သက်သာ ဖြစ်ပါတယ်။ အမှန်တကယ် အပြစ်ပေး အရေးယူရမှာက ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပဲ နအဖခေါင်းဆောင် အာဏာရူးသန်းရွှေသာ ဖြစ်ပါတယ်။

အာဏာရူးသန်းရွှေဟာ တိုင်းပြည်ကို ထင်ရာစိုင်းခဲ့တာ အနှစ်၂၀ ရှိခဲ့ပါပြီ။ နောက်ထပ်လဲ တစ်တိုင်းပြည်လုံး ဒုက္ခရောက်အောင် နည်းလမ်းမျိုးစုံသုံး ညစ်ပတ်နေပြန်ပါပြီ။ နအဖအာဏာ သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး သန်း၅၀ကျော်သော ရဟန်းရှင်လူ ပြည်သူတွေဟာ ဒုက္ခပင်လယ် ဝေကြရဦးမယ် ဆိုတာ သေသေချာချာ သဘောပေါက် ကြစေချင်ပါတယ်။

ကျနော်တို့အားလုံး ချစ်ခင်လေးစား တန်ဖိုးထားတဲ့ လူထုခေါင်းဆောင် တစ်ယောက်ကို ထောင်သွင်းအကျဉ်းချ၊ စိတ်ဆင်းရဲအောင် အမျိုးမျိုးညှင်းပမ်း နှိပ်စက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့် မနေကြပါနဲ့တော့။ မိမိတို့ စွမ်းနိုင်သည့်ဘက်က ပူးပေါင်းပါဝင် ဆင်နွဲကြပါ။ နအဖစစ်မိစ္ဆာကောင်တွေဟာ ပြည်သူလူထုရဲ့ ညီညွတ်မှုအားကို အလွန်အင်မတန် ကြောက်ရွံ့စိုးရိမ်လျှက်ရှိပါတယ်။

ဒါကိုပြည်သူလူထုကြီးက သဘောပေါက်စွာနဲ့ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ရရှိဖို့ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် တိုက်ပွဲဆင်ကြပါ။ နအဖ စစ်မိစ္ဆာတွေရဲ့ ယုတ်မာမှုတွေကို အပြင်းထန်ဆုံး တုန့်ပြန်ကြဖို့ အထူးတိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

မနက်ဖြန် နံနက် ၉နာရီတိတိ အချိန်မှာ အင်းစိန်ထောင်ဗူးဝသို့ မိမိအစီအစဉ်ဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တော်လှန်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့
(ဆက်လက်ဖြန့်ဝေပေးပါ)

A

B

C

The Kitchen မီးဖိုချောင်