Friday, January 30, 2009

100th Anniversary U Thant



























On 6 February 2009, the United Nations Postal Administration will issue three commemorative stamps on the theme “100th Anniversary U Thant”, in the denominations of US$ 0.94, CHF 1.30 and € 1.15.

The year 2009 marks the centenary of the birth of U Thant, who served as Secretary-General of the United Nations from 1961 to 1971. He was selected to head the world body when Secretary-General Dag Hammarskjöld was killed in an air crash in September 1961.

U Thant was born at Pantanaw, Myanmar (formerly called Burma), on 22 January 1909, and was educated at the National High School in Pantanaw and at University College Yangon (formerly called Rangoon). Prior to his diplomatic career, U Thant’s experience was in education and information work.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961). During that period, he headed the Burmese delegations to the sessions of the General Assembly, and in 1959, he served as one of the Vice-Presidents of the Assembly’s fourteenth session. In 1961, U Thant was Chairman of the United Nations Congo Conciliation Commission and Chairman of the Committee on a United Nations Capital Development Fund. During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General on 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjöld. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966). His term of office continued until 31 December 1971.

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

http://unstamps.un.org/UNPACommerce/en/index.jsp

Thursday, January 29, 2009

Elite ယောင် ဆောင်ခြင်း


Sunday, January 04, 2009
Elite ယောင် ဆောင်ခြင်း
Andy Myint (Sydney)

ကျွန်တော် Elite တစ်ယောက် ဖြစ်ခဲ့ချင်ပေမယ့် မဖြစ်ခဲ့ မဖြစ်နေပါဘူး။ ကျွန်တော် Elite တွေနဲ့လည်း မတွေ့ဆုံဖူးပါဘူး။ ကျွန်တော့်မှာ Elite အတန်းအစားကို ၀င်တိုးဖို့ အရည်အချင်း မရှိလို့ပါ။ တွေ့ဖူးတဲ့ များသောအားဖြင့်ကတော့ Elite ယောင်ဆောင်တွေနဲ့ပဲ တွေ့ခဲ့တာပါ။ Elite တွေဟာ ဉာဏ်ရည်၊ စွမ်းဆောင်ရည် မြင့်မားသူတွေ၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူတွေနဲ့၊ ဥစ္စာဓနကြွယ်ဝသူတွေ အစုအဝေးပါ။ အဲဒါကြောင့်လည်း အခြေအနေ တစ်ရပ် အကြောင်းအရာ တစ်ခုအပေါ်မှာ Elite တွေရဲ့ သုံးသပ် ရှုမြင် အကြံပေးချက်တွေက ၀ိတ် (သြဇာလွှမ်းမိုးမှု) ရှိပြီး လူအများက တလေးတစား လိုက်နာကြတယ်။ Elite တွေရဲ့ အတွေးအခေါ်၊ အပြုအမူတွေကလည်း လူ့ဘောင်လောကအတွက် အခါများစွာမှာ အကျိုးပြုဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Elite တွေဟာ ဦးဆောင်သူတွေ ဖြစ်လာဖို့ အခြေအနေ ပေးလာပါတယ်။ ဒီလို အရသာကို မက်မောလို့ လူတချို့က Elite ယောင် ဆောင်လာကြပါတယ်။

Elite တွေဟာ အကြောင်းအရာ တစ်ခုကို အသေအချာ လေ့လာသလို အဲဒီ နယ်ပယ်မှာလည်း အောင်မြင်မှုတွေ ရရှိထားပါတယ်။ အဲဒီ နယ်ပယ်ထဲမှာ နှစ်ရှည်လများစွာ စူးစူးစိုက်စိုက် ဇောက်ချ လေ့လာပြီး Contribute လည်း လုပ်ပေးခဲ့ပါတယ်။ Expert တွေကို Elite တွေလို့ ပြောလို့ရပါတယ်။

Elite များဟာ တသီးတသန့် နေလေ့ ရှိပါတယ်။ ဒီနေရာမှာ တသီးတသန့် နေတယ်ဆိုတာ ပညာရပ် တစ်ခုကို စိုက်စိုက်မတ်မတ် လေ့လာပြီး တခြားအရာများနဲ့ ရောထွေး ရှုပ်ထွေးခြင်း မရှိအောင် စူးစိုက်ခြင်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်များ ချတဲ့ အခါလည်း တသီးတသန့် ချလေ့ရှိပါတယ်။ ဥပမာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကြောင့် ဆုံးဖြတ်ချက် လမ်းကြောင်း မသွေဖီအောင် မားမားမတ်မတ် ရပ်တည်ခြင်းမျိုး၊ ခြိမ်းခြောက်မှုတွေ မြူဆွယ်မှုတွေကို ဂရုမထားဘဲ တည့်တည့်မတ်မတ် လျှောက်လမ်းခြင်းမျိုးပါ။ Elite ယောင်ဆောင်တွေလည်း တသီးတသန့် နေပါတယ်။ သူတို့ကတော့ Elite တွေ၊ Elite တွေလို့ ထင်တဲ့ သူတွေနဲ့သာ အပေါင်းအသင်း လုပ်ခြင်း၊ သာမန် အရပ်သားလို့ သမုတ်ထားတဲ့ သူတွေနဲ့ အကျွမ်းတ၀င် မနေခြင်းတို့ ဖြစ်ပါတယ်။ ဒီလို နေခြင်းဖြင့် သူတို့ကို သူတို့ အုတ်ရောရော ကျောက်ရောရော မဖြစ်တော့ဘူး တွေးထင်ကြပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ အဖြစ်မှန်တွေနဲ့ ဝေးရာကို ရောက်ရှိသွားတတ်ပါတယ်။

Elite ယောင်ဆောင်များမှာ လူမျိုးကြီး ၀ါဒလည်း ရှိတတ်ပါတယ်။ သူတို့ဟာ လူမျိုးကြီး ၀ါဒတွေကို ကျယ်ကျယ်လောင်လောင် ပြောနေရင် သူတို့ကို လူတွေက အထင်ကြီးမယ် အယူရှိကြပါတယ်။ ကျွန်တော် ဒီလိုမျိုးတွေနဲ့ ဆုံးဖူးပါတယ်။ ဥပမာ မူဆလင်တွေကို မုန်းတီးတယ် ပြောနေသူတွေ၊ တရုတ်တွေကို အမြင်ကပ်ကြောင်း ပြောနေသူတွေပါ။ တရုတ်တန်းက လူချမ်းသာတွေ၊ ဆေးတက္ကသိုလ်က မျက်မှန်နဲ့ တရုတ်လေးတွေ တရုတ်မလေးတွေကို မမြင်ချင်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရှိဖူးပါတယ်။ တိန့်ယန်မင်း ရင်ပြင်မှာ တင့်ကားနဲ့ ကျောင်းသားတွေကို တက်ကြိတ်တဲ့ အကြောင်းကလည်း သူ့လက်စွဲပါပဲ။ လူမျိုးတစ်စုကို မုန်းမှ လူမျိုးကြီး ၀ါဒ မဟုတ်ပါဘူး လူမျိုးတစ်စုကို ရှေ့တန်းတင်ရင်လည်း လူမျိုးကြီးဝါဒ ပါပဲ။ ဘယ်တိုင်းရင်းသားတွေက ဘယ်လို အနှိမ်ခံရတာ၊ ဘယ်တိုင်းရင်းသားတွေက ဘာကြောင့် မြင့်မြတ်ရသလဲ ဆိုတာကို အပြောချည်း သက်သက် လုပ်နေသရွှေ့တော့လည်း Elite ဖြစ်မလာနိုင်ပါဘူး။

Elite ယောင်ဆောင်တွေ လွဲမှားစွာ မှတ်ယူထားတတ်တာကတော့ Elite တွေဟာ အနုပညာမှာ တတ်စွမ်းတယ် ဆိုတာပါပဲ။ အနုပညာရှင် Elite တွေ ရှိသလို Elite တိုင်းလည်း အနုလက်မှုပညာမှာ မဖြစ်ထွန်းပါဘူး။ အနုပညာ အခံ ရှိမှ Elite ဖြစ်နိုင်တာလည်း မဟုတ်ပါဘူး။ Elite ယောင်ဆောင်တွေဟာ ကဗျာတို စာတိုတွေကို အလွတ်မှတ်ထားမယ်။ ကြုံရင်ကြုံသလို ရွတ်ပြမယ်။ ကဗျာတွေ စာတွေ မဖြစ်ညစ်ကျယ် ရေးမည်။ ဒီဟာကိုက Elite ယောင်ဆောင်တွေရဲ့ အမြင်ကျဉ်းမှုပါပဲ။ ကဗျာရေး စာရေးတာလောက်ကိုသာ အနုပညာ ထင်နေတတ်ကြတာ Elite ယောင်ဆောင်တွေမှာ တွေ့နိုင်ပါတယ်။

Elite ယောင်ဆောင်ပါးဝနေသူတွေမှာ လက်သုံး စကားတစ်ခု ရှိပါသေးတယ်။ “ငါဘာမှ မသိသေးပါလား” (The more I know the less I know) ဆိုပြီး လူကြားအောင် ငြီးတွားပြခြင်းပါ။ ဒီလိုဆိုလို့ လူတွေက ပညာမာန်မာန မထောင်လွှားဘူး ဆိုပြီး အထင်ကြီးအောင်ပါ။ ဒီဆိုရိုးဟာ သူ့ဟာနဲ့သူ မှန်သင့်သလောက် မှန်ပေမယ့် Elite ယောင်ဆောင်တွေ အတွက်တော့ လက်စွဲတော်ပါပဲ။

နိုင်ငံရေး၊ နိုင်ငံတည်ဆောက်ရေး နယ်ပယ်မှာ Elite တွေ လိုပြီး Elite တွေကို တွေ့နိုင်ပါတယ်။ နိုင်ငံရေးဟာ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ အတွက် နိုင်ငံရေးနယ်ပယ်မှာ Elite တွေကို တစ်နေရာတည်းမှာ အများအပြား တွေ့ရတာပါ။ စီးပွားရေး ကျွမ်းကျင်သူတွေ၊ စစ်ရေး နိုင်ငံတကာရေးရာ အမှန်တကယ် ကျွမ်းကျင် အကောင်အထည်ဖော် အကျိုးပြုနေသူတွေဟာ Elite တွေပါပဲ။ Elite ယောင်ဆောင်တွေကတော့ နိုင်ငံရေး နယ်ပယ်မှာ တတ်ယောင်ကား ၀င်လုပ်ခြင်းပါပဲ။ နိုင်ငံရေးမှာ ပါဝင်တဲ့ Elite တွေဟာ ရာထူး၊ ဂုဏ်ရှိန် ကြီးသလို ၀င်ငွေကလည်းကောင်းတော့ ဒီနေရာဟာ Elite ယောင်ဆောင်တွေ အတွက် ကြီးကြီးမားမား အိပ်မက်ပါပဲ။ ဒီလောက်အထိ မမှန်းဘဲ လူအထင်ကြီးရုံ သက်သက် နိုင်ငံရေး (စီးပွားရေး) တွေ လူကြားကောင်းရုံ ဟောပြောနေသူတွေကတော့ သိသာတဲ့ Elite အယောင်ဆောင်တွေပါပဲ။

အမှန်အကန် Elite တွေဟာ ရှားပါးပြီး အသုံးဝင်တဲ့ အတွက် Elite တွေနဲ့ အလုပ်လုပ်ဖို့ သူတို့ကို အဖိုးအခ များများပေးဖို့ မတွန့်တိုကြပါဘူး။ Elite ဖြစ်ပြီး ဒါမှမဟုတ် ယောင်ဆောင်ပြီး အဖိုးအခ (လခ) နင့်နေအောင် တောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာပါပဲ။ ဥပမာ စင်္ကာပူ အစိုးရလိုမျိုးပေါ့။ မြန်မာပြည်မှာလည်း ဗိုလ်ခင်ညွန့်တို့ ကောင်းစားစဉ်က (OSS- Office of Strategic Study) `မဟာဗျူဟာ လေ့လာရေး ရုံး´ ဆိုပြီး Elite အဖွဲ့ ဖွဲ့ပါသေးတယ်။ စစ်တပ်ဖက်က ကြည့်ရင်တော့ ဒါဟာ Elite အဖွဲ့အစည်းပါပဲ။ ဒါပေမယ့် သူတို့ အထဲမှာတင် မကျေမလည်တွေ ဖြစ်လို့ ၀ိုင်းပြီး နှိပ်ကွပ်လိုက်တော့ Elite အဖွဲ့လည်း မခံနိုင်ပါဘူး။ Elite တွေဟာ သူဟာနဲ့သူ ကျွမ်းကျင်ကြပေမယ့် လူနည်းစု ဖြစ်တော့ လူပြိန်းတွေ အုပ်နဲ့ ဖိရင်တော့ မခံနိုင်ပါဘူး။

ရေပေါ်ဆီ လူတန်းစားများကလည်း သူတို့ကိုယ် သူတို့ Elite တွေလို့ ထင်တတ်ကြပါတယ်။ ဥစ္စာဓနကြွယ်ဝပြီး အများအတွက် ကောင်းကျိုးပြုဖို့ အသိုင်းအ၀ိုင်းဖွဲ့နေသူတွေက Elite တွေလို့ ပြောလို့ ရပေမယ့် ဒီလို ရေပေါ်ဆီ လူတန်းစားတွေကတော့ Elite မဖြစ်တန်ကောင်းပါဘူး။ ရေပေါ်ဆီ Elite တွေဟာ သူတို့ဘာသူတို့ သုံးနိုင် ဖြုန်းနိုင်သူတွေ စုနေကြပြီး ကျန်တဲ့သူတွေကို လူမထင်တတ်ကြပါဘူး။ ငွေရေးကြေးရေးဟာ အရေးပါလာတဲ့ ခေတ်မှာလည်း "Financial" အကြောင်း "Stock" အကြောင်း နည်းနည်းပါးပါးပြောပြီး Elite ယောင်ဆောင်နေသူတွေလည်း ရှိလာပါတယ်။ အမှန်တကယ် ရင်းနှီးမြုတ်နှံနေတာ မဟုတ်ဘဲ ပြောနေရုံသက်သက်နဲ့တော့ ဒီအပိုင်းမှာ အမှန်တကယ် Elite မဖြစ်လာပါဘူး။

ရှင်းအောင် ပြောရမယ်ဆို မသိတသိ ပြောတဲ့ သူတိုင်းတော့ Elite ယောင်ဆောင်နေတာ မဟုတ်ပါဘူး။ မသိတသိလည်းပြော ကိုယ့်ကိုယ်ကိုလည်း ဆရာကြီး ထင်နေရင် ဆရာကြီးလုပ်နေရင်တော့ Elite ယောင်ဆောင်တာပါ။ ဒါမှဟုတ် ဒီလိုပြောနေတာကို လူအများက ချီးမြောက်လို့ သွေးနထင်ရောက်နေရင်လည်း မသိစိတ်က Elite ဘ၀ကို ကြည်နူးနေတာပါပဲ။ တကယ် Elite ဖြစ်မဖြစ်ကတော့ စောက်ချ လေ့လာ အားထုတ်ပြီး လူ့လောကအတွက် ကူညီ ထောက်ပံ့မှုပေါ်မှာပဲ မူတည်နေပါတယ်။ ။

http://wesheme.blogspot.com

Friday, January 23, 2009

လူပျင်းနှင့် တန်ဖိုးသတ်မှတ်ခြင်း


ခိုင်ထွန်း
သောကြာနေ့၊ ဇန်နဝါရီလ 23 2009 16:37 - မြန်မာစံတော်ချိန်

အကြီးအကဲများနှင့် ထိတွေ့ခဲ့ဖူးသည်။

သူတို့၏ အတွေ့အကြုံ၊ ပညာ၊ ကြိုးစားမှုကြောင့် အုပ်ချုပ်စီမံလုပ်ငန်းများကို ဦးစီးခွင့်ရသောအခါ မည်သို့ပင်ဖြစ်စေ သာမန်အဆင့်ဝန်ထမ်းများ၊ လုပ်သားများထက် ခေါင်းစားရ၊ ကြံစည်ရ၊ ခန့်ခွဲရတော့သည်။ ထိုအခါ နဂိုကမှ တာဝန်ကြီးလျှင် ခေါင်းစားမည်ကြောက်သော ကျနော့်မှာ အကြီးအကဲနေရာကို မမှန်းချင်အောင် ဖြစ်လာသည်။

သို့သောအခါ လောက၀န်းကျင် လူ့ဘောင်လူသားများ မှန်းမျှော်သော၊ လိုချင်မျက်စိရှိသော အကြီးအကဲရာထူးကို မျက်စိမကျသောကြောင့် ရောင့်ရဲပါပေသည်ဟု ပြောဆိုခံရရာ လူအထင်ကြီးမည်ကိုပင် မနှစ်သက်သော ကျနော်က မဟုတ်ရကြောင်းနှင့် ကျနော့်စရိုက်ကိုပြောပြရာ မှတ်ချက်မျိုးစုံ ချကြသည်။

မည်သို့ပင်ဖြစ်စေ ကျနော်ကျင်လည်သော ၀န်းကျင်တိုင်းတွင် ခေါင်းဆောင်ဖြစ်ချင်သူများလည်းမနည်း၊ ဘာသိဘာသာ နေတတ်သူလည်းမနည်း၊ နောက်တချို့ ရွှေဉာဏ်တော် စူးရောက်သူတို့က ခေါင်းဆောင်မဟုတ်သော်လည်း ခေါင်းဆောင်လောက်နီးပါး သို့မဟုတ် ခေါင်းဆောင်လိုပင် အရေးပါသော နောက်ကွယ်က ကြိုးကိုင်သူဘ၀ကိုလည်း နှစ်သက်ကြသေးရာ ကျနော့်မှာ သူများထက် ခေါင်းတလုံးပိုမြင့်ဖို့ မကြိုးစားခဲ့သောကြောင့် လူပျင်းဟု သတ်မှတ်ခံရပြီး မနာလိုမျက်စိက ဝေးခဲ့ရသည်။

ကျနော့်နဂိုအကျင့်ကလည်း လူကြီးလုပ်ရမည်ထက် တာဝန်ကျေသောနောက်လိုက် အလွန်ဖြစ်ချင်သည်။ နိုင်လည်း နိုင်နင်းဖို့လွယ်သည်။ တာဝန်ကြီးမားလှသော ခေါင်းဆောင်ဖြစ်ဖို့ လုံလောက်သည့် အစွမ်းသတ္တိ မရှိပါဘဲလျက် လုပ်ရလျှင် ကိုယ်ကောင်းစားတာက မဖြစ်စလောက်နှင့် အောက်ခြေမှာမူ ဗလပွဖြစ်ကုန်မည်။

ကိုယ်မလုပ်ချင်သည်ဖြစ်စေ၊ လုပ်ချင်သည်ဖြစ်စေ အရည်အသွေးမပြည့်ဘဲ ခေါင်းဆောင်လုပ်ပါက မိမိ၏ အားနည်းချက်ကိုမည်သည့်ငယ်သားမဆိုချက်ချင်းသိမည့်အတွက် ရှက်ရမှာကတကြောင်း၊ ခေါင်းဆောင်နေရာဆိုသည်မှာ နောက်လိုက်နေရာထက် လိုချင်မျက်စိရှိကြသဖြင့် ရန်များမည်ကတကြောင်း စသဖြင့် မသင့်တော်မှုများစွာကို မြင်မိခြင်းကြောင့်အပြင် ခပ်အေးအေးနေရသည့်ဘ၀ကို မည်သည့် ခေါင်းဆောင် ဘ၀နှင့်မျှ မလဲချင်ဘဲ ရိုကျိုးသော နောက်လိုက်အဖြစ် လွတ်လပ်စွာနေရခြင်း၊ တာဝန်ကျဲခြင်းကို နှစ်သက်လျက်ရှိတော့သည်။

ဤတွင်ပင် မကင်းနိုင်သော လောကဓံသဘောအရ ကဲ့ရဲ့ခြင်းကိုလည်း ခံရသေးရာ နောက်လိုက်ဘ၀ကို ရွေးချယ်ခြင်းအား မနှစ်သက်၊ အောက်ကျသည်ဟု အမြင်ရှိသူများကြောင့်ဖြစ်ပါသည်။ ကျနော် မြင်ထားသည့် အမြင်တခုလည်း ရှိသေးသည်။

ကုန်ကားတစ်စီးနှင့်ပတ်သက်သော အဖြစ်အပျက်တခုပင်ဖြစ်သည်။ ကားအုံနာကလည်း ကားပါးမ၀၊ ကားဒရိုင်ဘာကလည်း အသစ်ပြောင်းလာသူမို့ကုန်တင်ရာတွင် ပိုတင်လျှင်ပိုရမည်ဟု ဒရိုင်ဘာ၊ အုံနာ သဘောကျနေခိုက် ကုန်ထမ်းလုပ်သားက ဒီကားပုံစံနှင့် ဒီလောက်တင်ရင် ကားက၀ိတ်ခံနိုင်မှာမဟုတ်လို့ လေးတွေကျိုးလိမ့်မယ်၊ မောင်းရထိန်းရခက်လိမ့်မယ်ဟုမနေသာ၍ ပြောရာ ဒရိုင်ဘာအသစ်ကလည်း လာလာချင်း လာဘ်ဦးဖြစ်ပြီး အုံနာမျက်နှာရမည့်အကွက်မို့ မနှစ်သက်၊ အုံနာကလည်း ၀င်ငွေရော့မည်မို့ ကားအကြောင်း နားမလည်သူပီပီ မနာယူလို၊ ၀န်ထမ်းလုပ်သားကမူ အတွေ့အကြုံ ရင့်ကျက်သူမို့ အကြံပြုမိရာ မလိုက်နာလျှင်လည်း ဘာသိဘာသာ နေရုံပင်။ သူ့တာဝန်မဟုတ်၊ နောက်ဆုံး ခေါင်းမာလောဘကြီးသော အုံနာနှုင့် ဒရိုင်ဘာ လမ်းတွင် ဒုက္ခများတော့သည်။

ဤအဖြစ်အပျက်ကို ကြည့်၍ အောက်ခြေအမြင်သည် အုပ်ချုပ်သူဆုံးဖြတ်သူအတွက် မည်မျှတန်ဖိုးကြီးသည်ကို စဉ်းစားနိုင်လေသည်။ ထိုသို့သောအမြင်မျိုးကလည်း မိမိ၏ အောက်ခြေတာဝန်ထမ်းဘ၀ကို ကျေပွန်ပါက တန်ဖိုးကြီးလှသည်၊ ဂုဏ်ငယ်စရာမဟုတ်ဟူသော အောက်ခြေဘ၀ကို ကျေနပ်နိုင်သော အမြင်ကို ဖြစ်ပေါ်စေလေရာ ခေါင်းဆောင်ချင်လှသော လူများအတွက်မူ ကျေနပ်လောက်သော အမြင်၊ အတွေး ဖြစ်ဖို့ ခက်ပေလိမ့်မည်။

မိမိကြောင့် အသင်းအဖွဲ့ တိုးတက်စေလိုလျှင် ကျရာတာဝန် ကျင်လည်ရာ ကျွမ်းကျင်ရာ တာဝန်သည် အနိမ့်အမြင့် တိုင်းတာရန်မလိုဘဲ၊ အရေးကြီးသည်ဟု ခံယူဖို့ လိုအပ်လှသည်။ အသင်းအဖွဲ့ တိုးတက်လျှင် မိမိလည်း တိုးတက်သည်ဟု မြင်ဖို့လည်း အလွန်လိုအပ်ပါသည်။

အသင်းအပင်း ပျက်စီးကြောင်း သုံးပါးတွင်လည်း -

အကြီးအမှူးလုပ်လိုသူများခြင်း

ပညာရှိဟု မိမိကိုယ်ကို ထင်သူများခြင်း

ရာထူးမက်မောသူများခြင်းဟု ဆိုလေရာ

မိမိကောင်းစား၊ ကျော်ကြား၊ လူစွာလုပ်ရသည်ထက် အသင်းအပင်းကို ပို၍ ဂရုစိုက်အပ်သည်ကို အစစ်အမှန်ကို ထိုးဖောက်တန်ဖိုးထား မြင်တတ်သူများမှသာ နားလည်နိုင်ပေသည်။

လောကဓမ္မတာအရ သာမန်လူပိန်းကြိုက် အဆောင်အယောင် တန်ဖိုးသည် တန်ဖိုးအစစ်မဟုတ်၊ လိုက်နာအပ်သည့် ကျင့်ဝတ်ကို ကျင့်သုံးခြင်းသည်သာ တန်ဖိုးဟု နားလည်သင့်လှပေသည်။

တကယ်ပင် လုံလောက်သည့် ပညာစွမ်းဖြင့် ကြုံတွေ့လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် ခေါင်းဆောင်ကောင်း လိုအပ်သလောက် ၄င်းတို့၏ နောက်ဝယ် တာဝန်ကျေပွန်လှသော မိမိ၏ လုပ်အားအပေါ် ဂုဏ်ယူတတ်သော နောက်လိုက်ကောင်းများ လိုအပ်ပါလိမ့်မည်။

A

B

C

The Kitchen မီးဖိုချောင်