Monday, March 31, 2008

“အကိုရေ...အမေမျှော်နေပြီဆိုတာ လူကြီးတွေဆီပြောပေးပါ”

အကို,

အလုပ်က နောက်ကျပြီးမှ ပြန်ရောက်တယ်။ ဒီမှာ မိုးတွေက ရွာလို့...။ နွေရာသီအကြို ရွာနေတဲ့မိုးနဲ့အတူ စိတ်ထဲမှာ တခါမှမရနိုင်သေးတဲ့ ဒီမိုကရေစီနဲ့ မရှိဖူးသေးတဲ့ လွတ်လပ်မြေကို တမ်းတရင်း ကိုထီးသီချင်း နားထောင် ပြန်လာခဲ့တယ်။ အဲဒီစိတ်နဲ့ ခံမနိုင်တဲ့အဆုံး ရေးထုတ်တဲ့စာမှာကျတော့ ဒေါသတွေ သင့်နေပြန်တယ်။ ရူးရူးမိုက်မိုက်ကို ဆုနေ့တိုင်းတောင်းပါတယ် အကိုရာ။ သူတို့ကို ဘုရားရိုက်ပါစေလို့။ အကိုပြောတဲ့ အဲဒီနှစ်ဖက်စလုံး (ကိုကျော်သူ၊ ကိုသူရ၊ ကိုစိုင်းမွန်၊ အကျဉ်းစံ အကျယ်ချုပ်နဲ့ မိသားစု တကွဲတပြား ပုန်းအောင်းနေရသူ ဒီမိုကရက်တစ်ခေါင်းဆောင်တို့မပါ)ကို ဘုရားက တအားသာ သိမ်းကြုံးရိုက်ပါစေလို့လေ။

မြန်မာပြည်ထဲက ဆင်းရဲဒုက္ခတွေအတိနဲ့ မိသားစုကစဥ့်ကလျား ပူဆွေးသောကရောက်နေရရှာတဲ့ အမေတွေရဲ့ ရင်ထဲကကျတဲ့ မျက်ရည်၊ အဆင်ပြေနေသူတွေ ကိုယ်ချင်းမစာနိုင်ကြဘူးနော်။ ကျနော်တို့သိပါတယ်။ မြန်မာပြည်မှာနဲ့ ပြည်ပကမ္ဘာတခွင်မှာ တိုက်အိမ်ခြံကျယ်ကြီးတွေနဲ့ အဘအောင်ဆန်းပါခဲ့တဲ့ ချီးလောက်မှ တန်ဘိုးမရှိတဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်များက ဦးနေဝင်းနဲ့ တန်းပြိုင် သူရို့မို့ မရှက်နိုင်တာပါ။ အကို့ကိုပဲ ရင်ဖွင့်ရဲတယ်ဆိုတာလဲ ကျနော်တို့က ဘာကောင်ညာကောင်မှမဟုတ် သူများခေါ်မွေးစားတာခံပြီး အရေးမပါ အရာမရောက်တဲ့ နိုင်ငံပျောက်ဖြစ်နေလို့ပါ။

သိပ်ပြီးတော့စိတ်ဝင်စားစရာ မကောင်းလှတဲ့ နအဖဗိုလ်တွေရဲ့ရာဇဝင်နိဂုံးနဲ့၊ မျှော်လင့်ဘွယ်ရာ ဒီဖက်ကလူတွေရဲ့နိဒါန်းနဲ့ ပတ်သက်လို့ အရိုးသားဆုံးကျနော်ပြောနိုင်တာကတော့ ပြည်သူအတွက် ပြည်သူတွေရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည် အသက်တောင်ပေးလှုဝံ့တယ်ဆိုရင် အနှစ်နှစ်ဆယ်နီးပါး တနိုင်ငံလုံးက ပြည်သူတွေကို သိမ်းကြုံးအတင်းအဓမ္မ ကိုယ်စားပြုပြီးတော့ ဒုက္ခတွေ လှလှခံပေးခဲ့တယ်ပဲပြောပြော၊ စကားတွေ နိုင်ငံတကာ ပတ်ပြောပေးခဲ့တယ်ပဲဆိုဆို ပြည်သူက ဆုံးဖြတ်လို့ထွက်လာမယ့်ရလဒ်ကပဲ အဖြေဖြစ်မှာပါ။

ရူပဗေဒမှာ အလုပ်နဲ့ပတ်သက်လို့ ဥပမာ ဖွင့်ဆိုထားတာက ပစ္စည်းတခုကို ဒီနေရာကနေ ဟိုနေရာရောက်အောင် ရွှေ့ကြပြီ ဆိုရင် အဲဒီပစ္စည်းဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာထဲမှာ ရောက်ရှိစေလိုတဲ့ မူလရည်မှန်းချက် နေရာဆီကိုရောက်မှ အလုပ်ဖြစ် အောင်မြင်တယ်ဆိုပဲ။ အဲလိုမှမဟုတ်ပဲ နေရာလွဲသွားပြီဆိုရင်၊ ဒါမှမဟုတ် လမ်းခုလပ်မှာ အကြောင်းကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာ ပျက်စီးရပ်တံ့ရပြီဆိုရင်၊ ရှုံးနိမ့်အလုပ်မဖြစ်တော့ဘူးတဲ့။ အကိုတို့ရဲ့ ၇၄အရေးအခင်းနဲ့ပတ်သက်ပြီး ကျောင်းသားတွေ အခေါင်းထမ်းလာပုံကို မျက်နှာဖုံးထဲ လျှို့ဝှက်သရုပ်ဖေါ်ထားတဲ့ ဘွဲ့နှင်းသဘင်ခမ်းမမျှော်စင်ပုံကြီးနဲ့ ၁၉၈၀ အလွန် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းက ဝတ္ထုတစ်ပုဒ်ထဲ ဖတ်မိဖူးတာလေး ပြန်သတိရလို့ပါ။ သီဝရီတွေဆိုတာက အမြဲမှန်မမှန်တော့ မသိဖူးလေ။ စံလွဲတဲ့ သီဝရီထက် အကိုပြောသလို ငွေလွှဲတဲ့ ပေါက်ဈေးနှုန်းလောက်ပဲ သိနိုင်ဖို့ လူတွေက အားသန်နေကြတာဆိုတော့ပေါ့။

အဲဒီဥပမာဖွင့်ဆိုချက်ထဲက အတိုင်းဆိုရင် နအဖစစ်အစိုးရက မကြာခင်မှာ အလုပ်ဖြစ်တော့မှာပေါ့နော်။ ၁၉၇၄ ကာလတွေ တဝိုက်ဆီကစလို့ ဒီအာဏာရှင်စနစ်ကို အပြတ်ရွှေ့လာကြတဲ့ အကို့ အပေါင်းအသင်းတွေနဲ့ ဘော်ဒါတွေအတွက် ဒီပစ္စည်းက ရွေ့မသွားတာကြောင့် ရှုံးနိမ့်ကြရတော့မယ်ပေါ့လေ။ အကိုရေးပို့လိုက်တဲ့ စာတွေဖတ်ပြီး ကြေကြေကွဲကွဲ ရင်ထဲမကောင်းခံစားရလွန်းလို့ပါဗျာ။

ပေးဆပ်ခဲ့သမျှ သူတို့တွေရိတ်သိမ်းကြရတော့မှာပါ။ ဗိုလ်ခင်ညွန့်စီခဲ့တဲ့ ဖဲစဉ်လေးကိုင်ပြီး ခပ်တည်တည်ဆက်ရိုက်လာတဲ့ နအဖက အထွေစုံပြီမို့ ကာလာတွေ ခင်းပြီးတော့ ဒေါင်းတော့မယ်။ ဒီဘက်က ဆရာတွေခမျာမှာတော့ ဆွဲဖဲကတက်မလာလို့၊ စားဖဲက အရောင်လွဲနေလို့၊ ခင်းထားတာက အပွင့်ကွာနေလို့နဲ့၊ နောက်ပြီးတော့ တယောက်တပေါက် ဟိုလိုစီပါ၊ ဒီလိုတွဲပါနဲ့ ဖဲကိုင်ထားတဲ့ ပြည်သူတွေခမျာမယ် မျက်လုံးလေးတွေ ပေကလပ်က ပွဲလယ်မှာငုတ်တုတ်။ ဒီကြားထဲ တအိမ်ဝင်ထိုင်မယ်ဆိုပြီးတော့ ဒိုင်ကထုတ်ပေးတဲ့ငွေယူပြီး ခပ်တည်တည်ဝင်လာကြောတဲ့ ဖဲဝယ် ဖဲဆွယ် သဘောက်မသားတွေ(သူရို့အမေတွေကိုတော့ ဆောရီးပဲ)ကတမှောင့်။ အင်အယ်ဒီက မျှော်နေတဲ့ ခေါ်ဖဲလဲ ဟိုဖက်ကဆင်းမလာလို့ ကိုယ့်ဟာကိုယ် ပြန်ကောက်စားဖို့ နောက်ကျနေပြီ။ ကိုယ့်အချင်းချင်း ကျတော့လဲ အဲဒီ အင်အယ်ဒီက ချပေးမယ့် ပစ်ဖဲပဲ ဆွဲစားဖို့ ဝိုင်းမျှော်နေကြတော့ ဒိုင်ကသိပြီပေါ့။

စိမ်ပြေနပြေ အနိုင်နဲ့ပိုင်းကစားတတ်တဲ့ ကျနော်တို့ အမေနဲ့ ဦးလေး အဒေါ်တွေ၊ ညီအကိုမောင်နှမတွေကျတော့ ရှုံးမှာကြောက်လို့ ယုတ်မာပြီး သူ့လူမိုက်တွေနဲ့ ဖမ်းချုပ်ခိုင်းထားတယ်။ နောက်ပြီး ဒိုင်ဘက်မှာကော်မရှင်ယူပြီး ဝင်ရိုက်ပေးနေတဲ့ ဆရာကောင်တွေရှိမှန်းသိတော့ ကိုယ့်ဘက်က ကျွမ်းကျွမ်းကျင်ကျင် ဝင်ရိုက်ပေးမလားလို့ ကာစီနိုပေါတဲ့ အမေရိကန်ကောင်တွေကို ဒိုင်အတွက် ပြိုင်ဘက် ဖြစ်မလားနဲ့ မျှော်လိုမျှော်(တကယ်ပါ၊ အမြင်နဲ့တင် ရှုံးနေပြီဆိုတော့ ဖဲစီကျွမ်းတဲ့လူကိုမျှော်တာပေါ့နော်)။ ဒီလိုနဲ့ ဝိုင်းလုံးကျွတ် ဒိုင်စားပြီး ပွဲကသိမ်းတော့မယ်။ ကျနော်တို့ ဘေးအိမ်လိုက်ထားတဲ့ လူတွေမှာတော့ သေပြီဆရာပဲ။

ဒိုင်က ဖဲလိမ်ရိုက်နေမှန်းသိသိကြီးနဲ့ ကံအားကိုးပြီး မနိုင့်ရင်ကာ အကြမ်းမဖက် ပွဲမဖျက်ပဲ ဆက်ရိုက်နေကြတဲ့ လူကြီးတွေကပဲမှားသလား၊ ဒါမှမဟုတ် အမြင်မတော်ရင် တာဝန်ရှိ ရဲတွေက ဝင်ဖမ်းပေးမလားနဲ့ စောင့်နေတာများလား။ အဲလိုဆိုရင် ဖဲဝိုင်းခံကတည်းက မြို့ပတ်ပတ်လည်လာဘ်ထိုးပြီးသားဆိုတာ အားလုံးလဲ သိကြပြီးသားနဲ့မဟုတ်လား။ ပွဲဖျက်ပြီးဝင်လုရအောင်ကလဲ တယောက်နဲ့တယောက် မျက်စပစ်ပြ အချက်တွေပေးကြနဲ့ ဒိုင်က ရိပ်မိလို့ အိမ်သာတံခါးဖွင့်ပြုပြီး ခွေးတွေကို ခေါ်စောင့်ခိုင်းထားတယ်။ ဖြစ်လာရင် ပြည်သူက လူချင်းရိုက်ရမှာထက် ခွေးတွေနဲ့ အရင်ဆုံးဖက်ကိုက်နေရမှာ။ နောက်ပြီး ခွေးကိုက်ခံရလို့ ကာကွယ်ဆေးဘိုးလေးမှ မရှိရင်လဲ ရူးရချည်ရဲ့ ။ ဒါမှမဟုတ် ခွေးသတ်လို့ သေတယ်ဆိုဦး၊ သေရကျိုးနပ်ဖို့ ပြည်သူက နိပွန်မာစတာ ဂျပန်ဆရာတွေလဲမဟုတ်။

မတရားတာကို မတရားမှန်းသိလို့ မတရားခံနေရတဲ့ တရွာထဲနေ ပြည်သူတွေဘက်က ကျနော်တို့ ရိုးရိုးသားသား အရှုံးခံပြီး မလိုလဲလိုလဲ ဘေးအိမ်လိုက်နေတာပါအကိုရယ်။ တလျှောက်လုံးလဲ ဘယ်တုန်းကမှ ဝင်ပြီးတော့ သြဇာမပေးခဲ့ပါဘူးဆိုရင် လိမ်ရာကျမယ်။ အဲဒါကိုမှ တောင်ရေးမြောက်ရေး မရေးရပါဘူးတို့၊ ရပ်ကွက်ထဲမှာ အရင် လူမှုရေးလုပ်ဘူးအောင် ကြိုးစားတို့၊ ဒီပြည်သူတွေအတွက် ဒို့ကတသက်လုံး အပင်ပမ်းခံလာတာ မင်းက ဘာမို့လို့လဲတို့နဲ့ မဆလာလုပ်ငန်းရှင်တချို့က အတင်း မမိမိရာ လှမ်းကိုင်တာခံလိုက်ရတော့၊ ဟင့်အင်း ကိုယ့်ထက်အရင် ဟိုးနယ်ချဲ့ကိုလိုနီခေတ်ကတည်းက မိုက်ခဲ့ဖူးတဲ့ တို့ဗမာအစည်းအရုံး လူမိုက်ကြီးများကို အားကျပြီး သူတို့ "မိုက်ပါရစေ"ဆိုသလို ကိုယ်လဲပဲ မိုက်ကြည့်ဦးမှလို့ စိတ်ကူးတုန်းဟာက ပြန်သတိဝင်သွားတယ်။ ကျနော်လဲ ငယ်ငယ်က အများကလေးတွေနည်းတူ အရမ်းကို လိမ္မာခဲ့တာပါဗျာ။ ခုမှ အသက်ကြီးလာလို့ လူကြီးဖြစ်ချင်လာတဲ့ ကျနော်တို့က ဒီဖက်မှာ ရွာရိုးကိုးပေါက် ဖဲရိုက်စားလာတဲ့ မြို့ပြင်နေ ကာလသားခေါင်းကြီးများကို ကြားဖူးနားဝနဲ့တင် ချစ်ကြောက်ကြည်ညိုပြီးသားပါ။ ဘယ်ကကြားသလဲဆိုရင် ကျနော်တို့ ကြိုးမဲ့စက်က ကြားတာပါ(ယခုဆိုရင်တော့ ကွန်ပျူတာစက်ကပေါ့)။

တကယ်ပြောတာပါအကို။ ရှုံးကြေးကလဲများလှပြီ။ ငွေမျောငွေနဲ့လိုက်တဲ့။ လူမျောခဲ့တာတွေကျတော့ကော။ ဘုန်းကြီးကျောင်းက ဦးပဉ္ဖင်းတွေပါအဆစ် မျောထားတာ ရေထဲမှာမှောက်ခုံကြီး။ နားမလည်နိုင်သေးတာက ကျနော်တို့တဦးစီထက် ငွေကြေးတပည့်တပန်းတောင့်တင်းတဲ့ အမြဲတမ်းလဲ ဖဲကိုင်ပြည်သူကို ရိုက်စရာ ပိုက်လိုင်းအစား စိုက်ဖို့ကြီးပဲ ဂိုက်လိုင်းချလာပေးနေကျ တောပိုင် တောင်ပိုင်ကြီးတွေ ကိုယ်တိုင်က နှုတ်ဆွံ့လက်တွန့်နေကြတာကိုပါ။ ဝင်ငွေအချိုးအစားအလိုက် အချိုးကျလောင်းကြေးထည့်ဟေ့ဆို ကျနော်တို့က စိမ်ပြီးသားပဲ။ လူကြီးတို့ကသာ ကလေးတွေ ချီပိုးခေါ်လာပြီးတော့ မလိမ်နဲ့ပေါ့။

ဒိုင်က ဝမ်နိမ်ခေါ်နေပြီဆိုမှ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲဘို့ ကိုယ်တိုင်ဖဲဝင်ကိုင်သင့်တာပါနော်။ ဘာဖြစ်လို့လဲ။ ပြည်သူတွေ လက်ထဲစီထားတဲ့ ဖဲအစဉ်က မလှတော့လို့လား။ အဲဒီပြည်သူတွေကို ယုံကြည်ခဲ့တယ်ဆိုပြီးတော့ နှစ်နှစ်ဆယ်နီးပါးဆွဲစားလာခဲ့ကြတာပဲဟာ။ ဒီတချီပွဲသိမ်း အင်အယ်ဒီ တအိမ်လျော့မှာကိုစောင့်ပြီးမှ ကိုယ့်တော ကိုယ့်တောင်မှာ ကိုယ်ပြန်ပြီး ဖဲဒိုင်ကိုင်ဖို့ အစီအစဉ်ရှိလို့ ငွေကို ကြိုချန်ထားရတယ်ဆိုလဲ သဘောပဲ။

အဲသလိုဆိုလဲ ပြည်သူက သူ့ဟာသူ ရှိတာလေး ရင်းနှီးပြီးမှရလာရင် ဆရာကြီးလုပ်ပြီး ဝေစုတော့ သွားမတောင်းနဲ့။ ရွာထဲကမောင်းထုတ်ခံရလိမ့်မယ်။ ပြည်သူတွေရဲ့လက်ထဲမှာ ဝှက်ဖဲတချပ် ကျန်နေသေးတယ်။ ပြည်သူတွေနဲ့အတူရှိနေတဲ့ အကိုတို့တတွေ အားလုံးလဲ ကြံဆောင်သမျှ အောင်မြင်အနိုင်ရကြပါစေ။

ဇော်မျိုးလွင်


မိုက်ပါရစေ
“လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့် ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊ အို-အချင်းတို့ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ”
[တို့ဗမာအစည်းအရုံး ကြေညာစာတမ်း (၁) မှ]

Sunday, March 30, 2008

Hollywood: UN Must Act to help Aung San Suu Kyi and Burma
September 6, 2007

Dear United Nations Secretary General Ban Ki-moon,

We are writing to urge you to personally intervene to secure the release of the world's only imprisoned Nobel Peace Prize recipient, Aung San Suu Kyi. As you know, she has been held under house arrest in the Southeast Asian country of Burma for 12 of the past 17 years. On June 19th, she spent her 62nd birthday under house arrest.

Aung San Suu Kyi is not just a charismatic leader, she is the elected leader of the Burmese people. In Burma's last election, she won 82% of the seats in parliament, yet the military regime cruelly locked her up along with many members of her party. Meanwhile, according to the United Nations expert on human rights in Burma, the ruling military regime has burned down or otherwise destroyed over 3,000 villages in eastern Burma, forcing over 1 million and a half people to flee their homes.

This courageous, brave woman whom many call "Burma's Nelson Mandela" should be released and the military regime should end its attacks on civilians. We urge you to take action to secure her immediate release.

Sincerely,
(In Alphabetical Order)
Jennifer Aniston
Anne Archer
Kabir Bedi
Julie Benz
Jane Birkin
Jim Carrey
Jorja Fox
Kris Hahn
Jack Healey
Dustin Hoffman
Anjelica Huston
Eddie Izzard
Mimi Kennedy
Walter Koenig
Christine Lahti
Padma Lakshmi
Laura Linney
Jimmy Miller
Damien Rice
Christina Ricci
Susan Sarandon
Liev Schreiber
Jason Schwartzman
Eric Szmanda
Bonnie Timmerman
Robin Williams
Owen Wilson
Elijah Wood
Robin Wright

ထမင်းတနပ်အတွက် ကျွန်သက်ဆက်နေရရှာသူ အနုပညာဖက်ခွက်စားများ

နာမည်ကျော် မြန်မာရုပ်ရှင်ဒါရိုက်တာအချို့ ထောက်ခံမဲထည့်ရန် စည်းရုံးလှုံ့ဆော်မည့် ၀ါဒဖြန့်ချိရေးကားများ ရိုက်ကူးရန် စီစဉ်နေ
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်။

မေလတွင် ကျင်းပပြုလုပ်တော့မည့် နအဖလူသတ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးကြဖို့ လှုံ့ဆော်စည်းရုံးသည့် အနေနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ မိနစ်(၄၀)ကြာ ၀ါဒဖြန့်ချိရေး ဇာတ်ကား (၅)ကားကို ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကားများကို နာမည်ကျော် မြန်မာရုပ်ရှင် ဒါရိုက်တာများ ဖြစ်ကြသည့် ဒါရိုက်တာ မောင်တင်ဦး၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်)၊ ဒါရိုက်တာ နောင်ထွန်းလွင်-ညီညီထွန်းလွင်နှင့် ဒါရိုက်တာ ခင်မောင်ဦး-စိုးသိမ်းထွဋ်တို့က ရိုက်ကူးရန် စီစဉ်နေသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ရဟန်းရှင်လူ၊ ပြည်သူလူထုနှင့် ကျောင်းသူ/သားများအပေါ် သစ္စာဖောက်သည့် အဆိုပါ ဒါရိုက်တာများအား ငွေထုတ်ပေးသည့် အလိုတူ အလိုပါ ကုမ္ပဏီများမှာ (၁) အေးအေးဝင်း -လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ ခင်မောင်ဦး - စိုးသိမ်းထွဋ်) (၂) စိန်ဋ္ဌေး ရုပ်ရှင်ထုတ်ရေး (ဒါရိုက်တာ နောင်ထွန်းလွင် - ညီညီထွန်းလွင်) (၃) စနှိုးဝှိုက် ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ စနှိုးဝှိုက်မောင်မောင်ဦး) (၄) ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ မောင်တင်ဦး)နှင့် (၅) Eleven Media Group (ဒါရိုက်တာမီးပွား)တို့ဖြစ်ကြပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ မြင့်သိန်းဖေ၊ အတွင်းရေးမှူး ဒါရိုက်တာ မလိခ စိုးထိုက်အောင်၊ စာရေးဆရာ ချစ်ဦးညို၊ ဇာတ်ညွှန်း ငြိမ်းမင်းနှင့် နအဖ လက်ကိုင်တုတ် အေးလွင်တို့က တာဝန်ယူ ရေးသားကြမှာ ဖြစ်ကြောင်း သတင်းရရှိသည်။

Saturday, March 29, 2008

“ရာဇဝင်မှာအရေးခံမယ့် လူစားမျိုးတွေလား”


“ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးတွေလား” ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)

မြန်မာတိုင်းရင်းသားအပေါင်း၏ အတုမဲ့ယုံကြည်မှုဖြင့် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် နယ်ချဲ့ကိုလိုနီ လက်အောက်က အကြွင်းမဲ့ လွတ်မြောက်စေခဲ့သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဦးအောင်ဆန်း၏ ဝံ့ဝံ့စားစား မေးလိုက်သည့် ခေါင်းစဉ်ပါ ခံ့ညားထည်ဝါသော အသံကို မကြာခဏ ကြားယောင်မိသည်။

ထိုစဉ်က ဆင်းရဲသား အများနည်းတူ တမတ်တန်းမှ ရုပ်ရှင်ကြည့်ခဲ့သူ၊ အစိုးရဝန်ကြီးဘဝ လမ်းဘေးက ပလာတာဆိုင်မှာ ပိုက်ဆံမပါပဲ ခြေကျင်ကျိတ်ခဲ့သူ၊ အမြင်မတော်၍ ကားပေါ်ခေါ်တင်သည်ကိုမှ သူ့အစိုးရထံက အခွင့်အရေးတောင်းမည် စိုးသောကြောင့် တွန့်ဆုတ်ခဲ့သူ၊ ရေမကူးတတ်သော၊ စက်ဘီးစီးမကျွမ်းကျင်သော၊ မိန်းမမည်သို့ ပိုးရသည်ကို မသိသော၊ အထူးအားဖြင့် ပြည်သူထဲက ပြည်သူသာလျှင်ဖြစ်သော ရှေးဦးပထမ မူလတပ်မတော်ကြီးအား တည်ထောင်ပေးခဲ့သူ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းအထုပ္ပတ်က တွေးမိတိုင်း နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြည်နူးဖွယ်ရာပါပေ။

သူ့နိုင်ငံ၊ သူ့ပြည်သူ၊ သူ့တပ်မတော်သားများ အရေးအတွက် သူ့အသက်ကိုပင်လျှင် နှမျောတွန့်တို ကြောက်ရွံ့ခြင်းမရှိ ပေးလှုရက်ရောခဲ့သူ…။ သူ့အကြောင်းအထုပ္ပတ္တိကို ရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ရာ မြန်မာအနုပညာရှင်အချို့က ယနေ့ခေတ်မှာ ကြိုးပမ်းအားထုတ်နေကြသည့် သတင်းတွေ ကြားသိရသဖြင့် ကျေးဇူးတင်စွာ ကြိုတင်သာဓုခေါ်မိသည်။

ထို့အတူ မည်သူတွေက ပါဝင်သရုပ်ဆောင်ကြမည်ဆိုသည်ကို စိတ်ဝင်တစားရှိရသလို စိတ်ကူးများနှင့်လည်း ကြိုတင်မြင်ယောင်တွေးမိသည်မှာ ရုပ်ရှင်ကြည့်ပြည်သူတိုင်း၏ထုံးစံ။ တပ်မတော်၏ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း စသည့်ဝိသေသများစွာကို စံနမူနာတင် ရိုက်ကူးသရုပ်ဆောင်ပြနိုင်မည့် အနုပညာရှင်အဖြစ်က တော်ရုံနှင့်တော့ လွယ်မည်မထင်၊ ရလိမ့်မည်လဲမဟုတ်။

ယနေ့ခေတ် စစ်ဗိုလ်ချုပ်ဆိုသူတစုနှင့် ၄င်းတို့၏အခွင့်ထူးခံ ပေါက်လွှတ်ပဲစား လူချမ်းသာ ဆွေမျိုးသားမယားတို့ ခံစားကြည့်မြင် ဆင်ခြင်နိုင်အပ်ကုန်သော ဦးတည်ချက်၁၂ရပ်ပါ ဖျော်ဖြေရေး ဇာတ်ကားမျိုးမဟုတ်သည့်အတွက် ဖေါက်လွဲဖေါက်ပြန် ပြုနိုင်လွန်းသည့် အဖျော်ဖြေခံ မြန်မာ့အနုပညာရှင်ဆိုသူများ ပါဝင်ရိုက်ကူးရန်မသင့်သလို တန်လည်းမတန်။ လုပ်ရပ် စိတ်ဓါတ်နှင့် ခံစားချက်တို့က သခင်အောင်ဆန်းနှင့် ထပ်တူမဟုတ်လျှင်သော်မှ ငွေမြင်တိုင်းခံသည့် ကျွန်စိတ်တော့ ကင်းသင့်သည်။

အနုပညာသည် ပြည်သူအတွက်၊
အနုပညာသည် တိုင်းပြည်အတွက်၊
အနုပညာသည် အနုပညာအတွက်။

အမျိုးမျိုးအဖုံဖုံ စုံတကာစေ့အောင် ကြွေးကြော်နေကြသော်ငြား တကယ်တမ်း လက်တွေ့မှာတော့မူ အကြွင်းမဲ့ဥသုံ ဆင်းရဲဒုက္ခအလုံးစုံကို ခါးစည်းရင်နင့်ခံနေရသော ပြည်သူ့ဘက်မှာ လက်ချိုးရေတွက်၍ ရသည့် အနုပညာရှင် အနည်းစုမျှသာ ရှိနေသည်။

ဦးအောင်ဆန်းလောက် ပြည်သူအပေါ် မေတ္တာစေတနာ ကြီးမားလှစွာ အနစ်နာခံသောသူ၊
ဦးအောင်ဆန်းလောက် တိုင်းပြည်အပေါ် မြတ်နိုးခြင်း ကြီးမားလှစွာ သစ္စာရှိသောသူ၊
ထို့ထက်ပို၍ ဆိုရပါမူ ဦးအောင်ဆန်းလောက် အနုပညာမြောက်သောသူ...။

သေချာသည်ကတော့ ဦးအောင်ဆန်း၏ ထည်ဝါခံ့ညားလှသည့် ဂုဏ်ပုဒ်တို့ကို ကိုယ်စားပြုရန် ယနေ့အနုပညာရှင် အများအပြား ခံယူထားကြသော မြွေမသေဒုတ်မကျိုး အယူအဆမျိုးတို့နှင့် လားလားမျှ မဆီလျှော်၊ မထိုက်တန်သလို ဆက်စပ်၍လည်းမရ။ အနုပညာအစဉ်အလာ ကြီးမားလှပါသည် ဆိုကုန်သော မြန်မာဖျော်ဖြေရေးသရုပ်ဆောင်များ ကိုယ့်ကိုကိုယ် ပြန်လည်ဆင်ခြင် သုံးသပ်သင့်လှသည်။

အာဇာနည်ဦးအောင်ဆန်း၏ အထုပ္ပတ္တိအား ရိုက်ကူးရန် ထိုက်ထိုက်တန်တန် ပါဝင်ကိုယ်စားပြု သရုပ်ဆောင်မည့် မြန်မာအမျိုးကောင်းသား အောင်ဆန်းဇာနည်ဘွား အနုပညာရှင်တို့ မရှိသလောက် ဆွံ့အ ရှားပါးလျှက် နေကုန်သော တိုင်းပြည်၏ တန်ဘိုးမဲ့ အနုပညာနှင့် နောင်အနာဂတ် ဖါမျိုးဆက်တို့ နိုင်ငံအဖြစ် မရောက်ရစေရေးကို ပြည်သူအပေါ် သြဇာညောင်းသည့် ပြည်သူချစ်သော အနုပညာရှင်များက ပြည်သူတို့နှင့် အတူတကွ လက်တွဲ သမိုင်းရေးပြင်ရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။

“အမျိုး ဘာသာ သာသနာ အကျိုး ကောင်းစွာသယ်ပိုး ထမ်းရွက်နိုင်သောကိုယ် ဖြစ်ရပါလို၏။”

ဇော်မျိုးလွင်

Tuesday, March 25, 2008

ထက်ခြမ်းကွဲ တိုင်းပြည်

ထက်ခြမ်းကွဲ တိုင်းပြည်
ခွန်ဆိုင်း(၁၆ . ၃ . ၂၀၀၈)
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူရဲ့ကိုယ်ပိုင်စိတ်ကူး ပဲလား၊ တယောက်ယောက်က ရေးပေးတာကို ဖတ်တာပဲလား။ တိုင်းပြည်ပြိုကွဲအောင် ပြည် တွင်းပြည်ပ အတိုက်အခံတွေက လုပ်နေကြတယ်လို့ပြောတယ်။ စိတ်ပျက်ဖို့ကောင်းပုံက တိုင်း ပြည်ဟာ သူတို့စစ်အုပ်စု မတရား အာဏာယူကတည်းက ထက်ခြမ်းကွဲနေခဲ့တာ။ တိုင်းရင်းသား တွေအချင်းချင်း ညီညွတ်ရေးတွေ ပိုပြိုကွဲခဲ့တာ၊ ဆက်ပြိုကွဲနေခဲ့တာ၊ စစ်အာဏာရှင်တွေ အဆက်ဆက် နှိပ်ကွပ်မှုတွေအောက်မှာ မခံနိုင်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပိုပိုများ လာခဲ့ရတာ။ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး သူများကို လက်ညှိုးထိုးတယ်။ တရားခံရှာ တယ်။ ဒါမှမဟုတ် ဒါတွေ တကယ်မသိရလောက်အောင် အမြော်အမြင်နဲတာလား။
ဒီနေရာမှာ အရေးတကြီးထပ်ပြောဘို့၊ ထပ်သိဘို့လိုတာက တိုင်းပြည်ဟာ ရှေ့လျှောက် ဆက်ပြီးလည်း အစိတ်စိတ်ပြိုကွဲဦးမယ့် အကြောင်းပါဘဲ။ လောလောဆယ် လူတိုင်း အလွယ် တကူ မြင်သာတဲ့၊ ရင်ဆိုင်ခံစားနေကြရတဲ့ အချက်က ဒေါင်လိုက် ထက်ခြမ်းကွဲနေတဲ့ကိစ္စ။ ဒါက ဒီမိုကရေစီကတဖက်၊ အာဏာရှင်တွေကတဖက် ဖြစ်လာတဲ့ ဧရာမကွဲကြောင်းကြီး။ ဒီကွဲကြောင်း ကြီးက ကြာလေကြီးလေ ကြီးသထက် ကြီးလာတယ်။ အလံဘယ်တော့မှမလှဲမယ့် ဒီမိုကရေစီကို အမှန်တကယ် ယုံသူတွေ၊ အနိမ့်ဆုံး အခြေခံ စံတန်ဖိုးတွေဟာ လူထုတွေနဲ့ ထိုက်တန်တယ်၊ ရယူခံစားစေရမယ်ဆိုတဲ့ ပိုင်းဖြတ်ထားတဲ့ အင်အားစုတွေရယ်၊ ဒီအာဏာရှင်စနစ်ကြီးအောက် မှာ ဘာတွေဘယ်လိုကြိုးစားလုပ်လုပ် မသေရုံကလွဲပြီး ခိုင်မာတဲ့ ဘာစီးပွားတွေမှ ဖြစ်မလာဘဲ ပျက်စီးကြ၊ ဆင်းရဲတွင်းနက်သထက်နက်ကြ၊ ဘာဆက်လုပ်ရမှန်းကို မသိကြတော့တဲ့ ဒုက္ခ ရောက်နေတဲ့ လူထုကြီးက တဖက်။
တခြားတဖက်မှာတော့ ယူနီဖေါင်းဝတ်ထားရင်၊ သေနတ်ကိုင်ထားရင် ဥပဒေဟာ ငါ့ဟာ၊ ငါ့စိတ်ကြိုက်၊ စိတ်ကူးတည့်တာ လုပ်ချင်တာ ဘာမဆိုလုပ်၊ လုပ်ခွင့်ရှိတယ်၊ ခိုင်းလို့ရ တယ်ဆိုတဲ့ အမိန့်ကိုပဲ ပေးတတ်တဲ့၊ အာဏာနဲ့ပတ်သက်လာရင် လူထုဆီက လာရတယ်ဆိုတာ ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေမယ့်၊ ဒီလို ဒီမိုကရေစီစနစ်ကို မယုံပေမယ့်၊ မဆလ လက်ထွက်တွေပီပီ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာ လုပ်ခဲ့ဖူးသလိုမျိုး ဒီမိုကရေစီ(မိတ်အင်မြန်မာ) Democracy ( made in Myanmar ) လုပ်ကြတယ်။ လူထုဆန္ဒနဲ့ ကမ္ဘာ့ဆန္ဒ ကို မလွန်ဆန်နိုင်လို့ ဆေးမီးတိုတခု ဖြစ်သလိုရှာပေးတာမျိုး မပေးချင်ပေးချင် အကွက်ချပေးရ ပေမယ့် ငွေကြေး၊ အခွင့်အရေးနဲ့ သြဇာခံတွေမွေးပြီး ဆက်ချုပ်ကိုင်ရင်ရမှာလို့ ပိုင်းဖြတ် အကွက်ချနေတဲ့ နံမည်ခံ ဒီမိုကရေစီသမားတွေက တဖက်မှာ။
ဒီတိုင်းပြည်ရဲ့ ထက်ခြမ်းကွဲကြောင်းဟာ ရှေ့ကို ပိုပိုဆိုးသွားဘို့ဘဲ ရှိပါတယ်။ နအဖ သံတမန်ပရိယာယ်ကြောင်းနဲ့ သူများကြားကောင်းရုံ ပြောလာခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာလည်း ဘာမှ အနှစ်မပါတာကို ဒီလပိုင်းတွေထဲမှာဘဲ နိုင်ငံတကာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီ။ ကုလရဲ့ မြန်မာနိုင်ငံအရေးကို ကြားဝင်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ပေါင်း (၃၀) ကျော်ကို နှစ် (၂၀) လုံးလုံး သောက်ဂရုမစိုက် ငါတကောဝါဒနဲ့ လုပ်ပြခဲ့တာတွေဟာလည်း သမိုင်းတရားခံဘယ်သူလဲဆိုတဲ့ မေးခွန်းအတွက် အဖြေလုံလောက်တယ်။ ဒီဒေါင်လိုက် ဟက်တက်ကွဲကြောင်းတွေအပြင် အလျားလိုက်ကွဲကြောင်းတွေကလည်း ဆက်တိုက်ပေါ်၊ တိုင်းပြည်ကို ကပ်သုံးပါးဆိုက်အောင် ဆွဲချသွားဘို့ ရှိနေပါတယ်။ စစ်တပ်ထဲမှာ၊ ရပ်ကွက်ထဲမှာ၊ ကျောင်းသားတွေကြားမှာ၊ ဌာနဆိုင်ရာအချင်းချင်း၊ စီးပွားရေလုပ်တဲ့သူအချင်းချင်း၊ လူမှုရေး လုပ်သူအချင်းချင်းတွေကြားမှာ၊ သံဃာတော်တွေကြားမှာ၊ ဘာသာရေးခေါင်းဆောင်တွေကြား မှာ၊ ဘာသာတခုနဲ့တခုကြားမှာ၊ ဗမာလူမျိုးကြီးနဲ့ လူမျိုးငယ်စုတွေကြားမှာ၊ တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြားမှာ၊ တိုင်းရင်းသားလူမျိုး တစုထဲတောင် အချင်းချင်းကြားမှာ၊ အကုန်လုံး အလျားလိုက် ဒေါင်လိုက် ကွဲကြမှာပါ။
စစ်အာဏာကိုခိုင်အောင် အလွှာအသီးသီးမှာ အရပ်ဝတ်ပေးလေလေ၊ နအဖ သဘောကျအဖွဲ့တခု တိုးလေ၊ ကွဲကြောင်းကြီးလေပါဘဲ။ ဘာကြောင့်ပါလဲ။
ဒီအရေခြုံစနစ်မျိုးဟာ အချင်းချင်း သွေးခွဲသပ်လျှိုထားမှ၊ ခွဲထားမှ၊ ကွဲနေမှ ဆက် အသက်ရှင်တတ်တဲ့ စနစ်ဖြစ်လို့ပါဘဲ။ လူတွေ အကြောက်တရားမရှိတော့တဲ့နေ့၊ လွတ်လွတ် လပ်လပ် ထုတ်ဖေါ်ရဲလာကြတဲ့နေ့မှာ သူဟာ ဘုန်းဘုန်းလဲကျသေဆုံးသွားရမယ့် စနစ်ဖြစ်နေလို့ ပါ။ ကွဲကြောင်းတွေ ဘယ်လိုဖြစ်သလဲ။ ဥပမာတခုလောက်နဲ့ရှင်းပြရရင် ကြပ်ပြေးမင်းနေပြည် တော်နဲ့ ဆက်နွယ်တာမျိုးပေါ့။ နေပြည်တော်ကြပ်ပြေးကိုရွေ့ဘို့ ဘယ်သူဆုံးဖြတ်သလဲ။ ဒါ လူထုသိခွင့်မရှိဘူး။ ဒါ လူထုနဲ့ မဆိုင်ဘူး။ ဘယ်သူမှ တိုင်ပင်စရာမလိုဘူး။ စစ်ရေးအမြင်ရှိတဲ့ မင်းသမတ ဆုံးဖြတ်တာ ပြောမလား။ စစ်ရေးအမြင်နောက်တမျိုးရှိတဲ့ နောက်ထပ် မင်းသမတ တက်လာရင်ကော ပိုလုံခြုံအောင် တရုတ်နယ်စပ်ရွှေ့စို့ဆိုလည်း ရွှေ့ကြရဦးမှာလား။ မင်းခစား ဝန်ထမ်းတွေဘ၀က မိသားစုစားဝတ်နေရေးနဲ့ အငတ်မခံနိုင်သေးသမျှ လိုက်ရွေ့ပြီး နအဖ ယန္တယားကို မောင်းကြရဦးပေါ့။ ဒါကို ဗိုလ်ချုပ်တွေ အကုန်သဘောတူတယ်။ ၀န်ထမ်းတွေက အကုန်ပျော်မယ်ထင်သလား။ ဘယ်တူမလဲ။ ဘယ်ပျော်ပါ့မလဲ။ ကြပ်ပြေးဟာ မြို့တော်တခု တည်ရမယ့် နေရာမဟုတ်တာ တွေးတတ်သူတွေ ပါမှာပေါ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တာဝန်ရှိတဲ့ ၀န်ကြီးနဲ့ဌာနလည်း တုတ်တုတ်မှ လှုပ်ရဲလိုက်ဘူး။ ဒီလိုမြို့မျိုးတည်ရင် အနဲဆုံး ပတ်ဝန်းကျင်မိုင် ၅၀ သဘာဝတောရိုင်းတွေ အကုန်ပျက်သွားတာ ဘယ်သူငြင်းမလဲ။ ဒါပေမယ့် အမိန့်နာခံမှုအရ ဘယ်အရာရှိက အဓွန့်တက်ရဲသလဲ။ ဒါ ဒီစနစ်ရဲ့ မွေးရာပါ မေးခိုင်ရောဂါတမျိုး။ မကျေနပ်လည်း တာဝန်အရ ၀တ်ကြေ၀တ်ကုန်လိုက်လုပ်ကြရုံပေါ့။ ဒီမေးခိုင်ရောဂါမျိုးက အမြဲ စိတ်နှစ်ခွ လက္ခဏာပေးတယ်။ ရင်ထဲမှာရှိတာတစိတ်၊ ပါးစပ်ကထွက်တာတစိတ်။
စားပေါက် ချောင် ဗိုလ်ချုပ်တွေက အိမ်တလုံးထပ်ဆောက်ဘို့ကိစ္စ ထမင်းစား ရေသောက်ပေမယ့် အောက်ခြေအရာရှိတွေ၊ အရပ်ဝန်ထမ်းတွေဘ၀က မိသားစုကို ရုံးပိတ်ရက် မှာ ပြန်ပြေးတွေ့ကြရုံ၊ ဆွေတကွဲ မျိုးတကွဲ သားတကွဲ မကြေမနပ်နဲ့ ကြားရက်တွေမှာ ရုံးတက် ရုံးဆင်းလုပ်ရုံ ကူးချီသန်းချီ လုပ်နေကြရုံဘဲပေါ့။ သူတို့ အကောင်းဆုံး မျှော်လင့်ဖြေသိမ့်နေမှာ တွေက အနီးအနားက တသက်လုံး ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်နေထိုင်လာကြတဲ့ တိုင်းရင်းသား လယ်သမားတွေဆီက လယ်မြေတွေကို စစ်အစိုးရပီပီ ထုံးစံအတိုင်း မတရား သေနတ်ပြ ခြိမ်းခြောက် နိုင်ငံတော်အာဏာဆိုတာနဲ့ ဓါးပြတိုက်သိမ်းပိုက်လိုက်တဲ့အခါ အဲဒီမြေတွေထဲက မြေလေးတကွက်လောက် ခွဲတမ်းလေးရမလား မျှော်ကြရတာမျိုးပေါ့။ ကြွေးတင်ဘုရင်ဆပ်လိမ့် မယ်။ ဒီ မတရားသံသရာ အကုသိုလ်ကံကြွေးကလည်း ဘုရင်ဘဲဆပ်ရမှာပ။ လောလောဆယ် တော့ မြေတကွက်ရတဲ့နေ့ ပြန်ရောင်းစား၊ အရင်းအနှီးလေးရှာ၊ ဒီခေတ် ၀န်ထမ်းတယောက်ရဲ့ အစွမ်းကုန်တွေးခွင့်နဲ့ အိပ်မက်က ဒီလောက်ပါဘဲ။ ဒီတော့ ဥမကွဲသိုက်မပျက်သမားနဲ့ ဥကွဲ အသိုက်ပျက်တွေကြားမှာ၊ လယ်သမားတွေနဲ့ အစိုးရကြား အတွင်းကြေ ကွဲကြပေါ့။
အခွင့်ထူးခံဗိုလ်ချုပ်တွေကတော့ ပေ (၁၀၀) ကျော် (၂၀၀) ပတ်လည် တိုက်ကြီးတွေနဲ့ ဇိမ်ကျနေချိန်မှာ ၀န်ထမ်းတွေက ရုံးစားပွဲတွေဆက် ကုတင်လုပ်အိပ်နေကြတုန်းပေါ့။ ဒီတော့ လည်း အခွင့်ထူးခံသမားတွေနဲ့ အောက်ခြေပိုင်းတွေကြား အစိုင်အခဲတွေ အသေအချာနဲ့ အတွင်း ကြိတ်ကွဲနေကြတာ သဘာဝပေါ့။ ဒီဗိုလ်ချုပ်တွေကကွာ၊ ကြပ်ပြေးအိမ်မှာတောင် နိုင်ငံတော် စားရိတ်နဲ့ ရေလောင်းအိမ်သာကို သိန်း ၅၀ အကုန်ခံတယ်။ ငါတို့ကတော့ တသက်လုံးလုပ်တာ တောင် အိမ်တခန်းမပိုင်သေးဘူးပေါ့။ အောက်ခြေမှာဘဲ သူတို့ တိုးတိုးပြောကြ။ ၀၀စား၊ ဝေးဝေး နေ၊ ၀င်မပါနဲ့၊ ၀တ်ကြေ၀တ်ကုန်လုပ်။ ဒီလောက်ဘဲရတာ။ လာမယ့် စနေအိမ်ပြန်ရမယ့် ရက် ကလေး တွက်နေကြပေါ့။
ပတ်ဝန်းကျင်အနီးအနားက တိုင်းရင်းသား ကရင်ရွာတွေခမျာတော့ ရုပ်ရှင်ထဲက အတိုင်း ဗိုလ်ကြီးတို့ရောက်လာမှဘဲ ကျမတို့ရွာလေး ပြေးရပျက်ရပါပြီပေါ့ရှင်။ ချက်ချင်းရွေ့စေ အမိန့်ထုတ်လိုက်တာများ။ သူတို့ရှိနေတာ လုံခြုံရေး စိတ်မချရလို့တဲ့။ သူတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဒါဘဲလား။ ပြည်သူနဲ့တွေ့တော့ ပန်းလိုဆိုတာဒါလား။ သီချင်းက တမျိုး၊ သတင်းစာမှာထည့်ဖို့၊ သူ့ရက်ရောက်ရင်ဖတ်ပြဘို့က တမျိုး၊ တယ်လီဗေးရှင်းထဲမှာ ဒုံးယိမ်းတွေ ကခွင့်ပေးထားတယ်။ သက်ဆိုင်ရာ အမျိုးသားနေ့တွေတော့ သူများနိုင်ငံထဲ သွားလုပ်ကြ၊ မဆလတခေတ်လုံးလည်း အချိန်တန်ရင် ပြည်ထောင်စုအလံလေးပေါ်လာပြီး နိုင်ငံအနှံ့ လှည့် ပေးခဲ့တာဘဲမဟုတ်လား။ ပြီးမှ ထိုးစစ်တွေထိုးတာ။ စည်းရုံးလို့ရတဲ့၊ နဲနဲသြဇာရှိတဲ့ လူမျိုးစု ခေါင်းဆောင်ဆိုရင် သူ့အောက်ခြေနဲ့ လွတ်သွားအောင် သစ်ကွက်လေး၊ ရော်ဘာခြံလေး၊ လိုင်စင်မဲ့ကားလေးတွေ ပေး၊ လုပ်စားပါစေ၊ သတ်ထိုးထားလိုက်တာပေါ့။
မြို့တော်ရန်ကုန်သားတွေက ခုဆို သိပ်သွေးမကြီးနိုင်တော့ပါဘူး။ မြို့တော်က ဈာန် လျှောသွားပြီကိုး။ နအဖလက်ထက် မီးမလာလို့လည်း ဖယောင်းတိုင်မီးနဲ့ နေတတ်ပါပြီ။ ကိုယ်တိုင် ရေလှည်းလည်း တွန်းတတ်နေပြီ။ ခန္တီပါရမီတွေ တက်နေတာပ။ ကိုလိုနီလက်ကျန် ပေမယ့် ခုထိ ခမ်းနားထည်ဝါဆဲ အတွင်းဝန်များရုံးကြီးကတော့ သူ့ကို ဘယ်နေ့ စီးပွါးရေးသမား တယောက်ယောက်လက်ထဲ လက်သိတ်ထိုး အငှားချတာခံရပြီး စားသောက်ဆိုင်တန်းတွေ ဖြစ်ကုန်မလား၊ တော်တော်စုံစုံရတဲ့ ဟော်တယ်တွေဖြစ်ကုန်မလား အတွေးဝင်နေပုံဘဲ။ တရားရုံး ကြီး အဖြစ်လို သူ့ဈာန်လျောမယ့်နေ့ကို မျှော်နေရရှာပြီ။ ပြည်လမ်းနဲ့ အလုံလမ်းထောင့်က လူထုကို ဘာအကျိုးမှပေးမသွားနိုင်တဲ့ ပြည်သူ့လွှတ်တော်ဆိုတာကတော့ မိုင်းလား ကာစီနိုရုံ တွေ သူ့ဆီ နေရာရွေ့မလာရင် ကံကောင်း။ စီးပွါးရေးအကွက်မြင်သူတွေက ဘာလုပ်ရရင် ကောင်းမလဲ၊ ဘယ်သူ့ကိုချဉ်းကပ်ရင် မီးသေမလဲ၊ အမြဲစိတ်ကူးကွက်တွေ ရွေ့ကြည့်နေတာ။ ဟုတ်တယ်လေ။ မြို့တော်မှမဟုတ်တော့တဲ့၊ နောက် သူ့နေရာက လွှတ်တော်ခေါ်ဘို့ ဓါတ်မစီး တော့ဘူး။ တကယ်ဆို ဒါတွေက မဆလတုန်းက လူထုပိုက်ဆံတွေ တနင့်တပိုးနဲ့ နှစ်တွေအကြာ ကြီး အချိန်ကုန်ခံ၊ လူတွေသေ ဆောက်ထားခဲ့ရတာတွေ။
ဒါတွေက အရေးမကြီးပါဘူးဗျာ။ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာလည်း ကမ္ဘာ့ နံပါတ် (၂၂) အမြင့်ဆုံး နံပါတ်ချိတ်တဲ့ အထပ် ၁၀၅၊ အခန်း ၃၀၀၀ ကျော်ပါတဲ့ အံ့ဘွယ် သုံးမြှောင့်ပုံ ဟော်တယ်ကြီးတခု ဆောက်ဖူးပါသဗျား။ တိုင်းပြည်ဝင်ငွေရဲ့ ၂ ရာနှုန်းတောင် သုံးခဲ့ဆိုဘဲ။ ဒီနေ့အထိ ဘယ်သူမှ လာမတည်း၊ ပစ်ထားလိုက်ရတယ်လေ။ ကလေးတွေ၊ လူထုတွေက အငတ်ဘေးကပ်ကြီးသင့်ပြီး လူသိန်းချီသေနေချိန်၊ နှစ်တိုင်း စားဘို့မလောက်လို့ ကုလစားနပ်ရိက္ခာအဖွဲ့က ဒေါ်လာသန်းချီ ထောက်နေရချိန်မှာဘဲ သစ္စာခံလူယုံတော် ဗိုလ်ချုပ် တွေအတွက် ဆုချဘို့ နောက်ဆုံးပေါ် မာစီးဒီးဘင့်စ် (၁၀၀) လောက် ၀ယ်ပစ်ခဲ့သေးတာဘဲ။ ဒါကြောင့် ဒီမှာ ဒီလောက်ငွေကုန်ကြေးကျများတဲ့ နေပြည်တော်ရွှေ့တာ ဘယ်သူဆုံးဖြတ်ခဲ့ပါ လိမ့်ဆိုတာတွေက အရေးမပါဘူး။ မြောက်ကိုရီးယား နျူကလီးယားတက်ကနော်လော်ဂျီလိုမျိုး ပိုင်ဆိုင်လာမှ လိုတာအကူအညီပေးကြလို့ ခြိမ်းခြောက်အကြပ်ကိုင်တဲ့ နည်းသုံးလည်း ငွေနဲ့ အကူအညီ ရနိုင်တာဘဲ။
ခု ဒီကြပ်ပြေးမှာ ဧရာမဆောက်လုပ်ရေးကန်ထရိုက်ကြီးတွေ လုပ်ငန်း ကြီးတွေ ရှိနေပြီ။ အဲဒီမှာ ကန်ထရိုက်အလုပ်တွေက တသက်လုပ်မကုန်ဘူး။ အဲဒါရဘို့က ဘယ်သူ့ကို ချဉ်းကပ်ရမလဲ။ ဘယ်သူ အဓိကလဲ။ ဒါက အခရာကျတယ်။ ဒီလိုအသားကျ အာဏာရှင်နိုင်ငံ တိုင်းမှာ သား-တူ-ညီနှင့် ပတ်သက်များ တစုတစည်း ကောင်းစားရေးဝါဒဟာ ခေတ်စား ထွန်းကားမြဲ။ တွက်ချက်မှု အခြေခံကလည်း ဈေးတွက်လောက် မခက်ဘူး။ တက်လမ်းရှိတဲ့ ဗိုလ်ချုပ်ကို ခမီးခမက်တော်မိဘို့နဲ့ ဆရာတင်မိဘို့ရယ်၊ ကျလမ်းရှိတဲ့ ဗိုလ်ချုပ်ကို ယောက်ခမ မတော်မိဘို့ လိုတယ်။ ဥပမာ - န၀ရတ်ဟော်တယ်နဲ့ မြရိပ်ညို ရွိုင်ရယ်တို့ကို နှိုင်းယှဉ်ကြည့်လို့ ရတယ်။ အလုပ်က သူ့အချိန်နဲ့သူဘဲ ဖြစ်တယ်။ အရည်အချင်းမှီ ဖြစ်ထွန်းနေတဲ့ စီးပွါးရေးတွေ မဟုတ်ဘူးလေ။ လူမှီရတာ။ ဒါကြောင့်လည်း စစ်ဗိုလ်ချုပ်တွေကြားမှာ ကွဲကြောင်းရှိတယ်လို့ ပြောတာ။ အောက်ခြေပိုင်းမှာ တပ်ထောက်ကိုင်ရတဲ့ ဗိုလ်နဲ့ သင်တန်းပြရတဲ့ ဗိုလ်တို့ နဲနဲကွဲမှာ ပေါ့။ နယ်စပ်ဂိတ်တံတားထိပ်လုံခြုံရေးကျတဲ့ တပ်စုနဲ့ တပ်ထဲ မြက်ပေါက်ထုံးဖြူးလုပ်နေရတဲ့ တပ်စု ကွဲမှာပ။ အောက်ခြေမှာလည်း လုပ်ခလစာနဲ့ စားစရိတ်မမျှရင် အခွင့်အခါကို သူ့နည်းနဲ့သူ ရှာဖွေကြ။ ဒါနဲ့ ကွာဟမှုကွဲကြောင်းတွေ ဖြစ်ကြရတာဘဲ။
နအဖရဲ့ ဆရာဒကာစီမံချက်က ဆရာတော်ကြီးတွေနဲ့ တပည့်သံဃာတော်တွေကြားမှာ ကန့်လန့်ဖြစ် ကွဲကြောင်းထစေတယ်။ နအဖက နိုင်ငံရေးနဲ့ဘုန်းဘုန်းတွေ မပတ်သက်ခိုင်းဘူး။ ဓမ္မစက်နဲ့ပြီးရင်ပြီး၊ မပြီးရင် အာဏာစက်ရှိတယ်။ သာသနာညှိုးနွမ်းပုဒ်မနဲ့ တွေ့သွားချင်သလား ပေါ့။ နအဖလုပ်တာတွေကို ဘာမှမဝေဖန်ကြဖို့ ကိုယ်တော်တွေကို အမိန့်ထုတ်တော့ ဆရာတော် ကြီးတချို့ သံဃာထိန်းတပ်မှူးတွေ ဖြစ်လာတယ်။ ဘုန်းဘုန်းတွေမှာ နိပါတ်တော်အကိုး၊ သမိုင်း အကိုးတွေက အများကြီးသား။ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလက သာသနာ့အာဇာနည်တွေ တပုံတပင်။ ဘုရားရှင်လက်ထက်တော်က မြတ်စွာဘုရား ကိုယ်တော်တိုင် မြစ်ရေလုရင်း စစ်ဖြစ် တော့မယ့် တိုင်းပြည် ၂ ခုကြားဝင်၊ ငြိမ်းချမ်းရေးတမာန်လုပ် မဟာသမယသုတ်နဲ့ ဒုက္ခတွေ ကယ်တင်၊ တရားပြနားချ ဖြန်ဖြေခဲ့ရဘူးတာပ။ ဂျာမဏီမှာ နာဇီတွေလက်ထက်တုန်းက နာဇီ တွေက ဂျူးတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်နေတဲ့အချိန်မှာ ဘာသာရေးအရ တာဝန်ရှိတဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ရေငုံနှုတ်ပိတ်နေတာ၊ တချို့ ဟစ်တလာကိုအားပေး ခဲ့မိတာ မှားခဲ့ပါတယ်လို့ ဒီနေ့ခေတ်မှာ ပြန်ဝန်ခံတာတွေ လုပ်နေရပြီ။ အဲဒီတုန်းက နာဇီတွေကို ဆန့်ကျင်ခဲ့လို့ လုပ်ကြံခံရတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပြန်လည်ဖေါ်ထုတ်ပြီး ဂုဏ်ပြု အောက်မေ့ ချီးကျူးနေကြရပါပြီ။ သံဝေဂတွေက ယူသော်ရ၏ပေါ့။ ဘာသာရေးကို ခုတုံးလုပ် အသုံးချပြန်ရင်လည်း ဘာသာချင်းတွေကြားမှာ အထင်လွဲစရာ ဖြစ်တတ်ပါတယ်။
စစ်တပ်ဟာ မဆလခေတ်မှာထဲက ဌာနဆိုင်ရာတွေကို ချုပ်ကိုင်ဘို့ ညွှန်မှူးညွှန်ချုပ် ရာထူးကြီးတွေကို သူ့လူတွေ အရပ်ဝတ်ဝတ်ခိုင်း၊ တချို့လည်း ယူနီဖေါင်းမချွတ်ဘဲထိုးထည့်တာ အစဉ်အလာဖြစ်နေတယ်။ စစ်ကျောင်းဆင်းရင် အကုန်တတ်ပြီးသားဆိုတဲ့ အတော်ဆိုးတဲ့ ဗိုင်းရပ်စ်တမျိုးက ဘယ်ဒေသမျိုးစိတ်လဲတော့မသိဘူး။ ကုရခက်တယ်။ ဌာနဆိုင်ရာတွေဟာ မတတ်သာလို့ လက်ခံရပေမယ့် လုပ်ငန်းအောင်မြင်ဘို့ အတော်စိတ်ညစ်ကြရပါတယ်။ ဒါတွေ ကြောင့်လည်း (back-rock) မရောက်သေးရင် အမြန်ပို့ပေးလိုက်ဆိုတဲ့ ညွှန်ကြားချက်တွေ ရေနံ ရှာတဲ့နေရာက ကြားရတာ။ မင်္ဂလာဒုံလေယာဉ်ကွင်းသွားစစ်ရင်း လေယာဉ်ပြေးလမ်းဘေးက မြက်ခင်းတွေကို ပန်းခြံလုပ်ခိုင်းတာတွေဖြစ်တာ။ ဒီလို အိမ်ကျယ်လုပ်နေလည်းရနေတော့ နိုင်ငံ တကာကို လှမ်းကြည့်ဘို့၊ ယှဉ်ဖို့ မလိုဘူးလေ။ ဒီနေ့ ရုံးတွေ၊ ကျောင်းတွေမှာ (၂၄) နာရီ ဂျူတီ ဆိုတာ၊ စနေ တနင်္ဂနွေ လုံခြုံရေးဆိုတာတွေက စစ်တပ်ယဉ်ကျေးမှုမှာ မြစ်ဖျားခံလာတာ အတိအကျပေါ့။ ပညာမတတ်တဲ့ လက်လုပ်လက်စားတွေ ခဏအသာထားလို့ ပညာတတ် ကျောင်းလောက၊ ရုံးလောကအသိုင်းအ၀ိုင်းက လူတွေတောင် ကိုယ့်မူလအခွင့်အရေးတွေက ဘာ၊ ကိုယ့်ပိုင်ခွင့်တွေက ဘယ်လောက်အထိ နစ်နစ်နာနာ ချိုးဖေါက်ခံနေရသလဲဆိုတာ မသိရှာ ကြတော့ဘူး။
နအဖက ထူးထူးခြားခြား မဆလအမွေကို မြတ်မြတ်နိုးနိုး သိမ်းထားတာတွေမှာ ဖေါင်ကြီးယူနီဗာစီတီ ပါတယ်။ ဖေါင်ကြီးယူနီဗာစီတီဆင်းတွေဟာ ပုံစံခွက်နဲ့ ၄ လကျော် လောက် ထမင်းစားလိုက်ရလို့လားမသိဘူး။ တချို့ အာစလျှာစညံ့သွားတယ်။ ဘာမှပြန်ပြော နိုင်စွမ်း မရှိတော့ဘူး။ လူထုကို အမြင်စောင်းချင်စောင်း၊ အစိုးရကို အမြင်စောင်းချင်စောင်း၊ တခုခုစောင်းသွားတာတော့ သေချာတယ်။ အမြင်တည့်အောင် ကျောင်းက မသင်ပေးနိုင်တာ သေချာတယ်။ ဘယ်တည့်မလဲ။ သင်တန်းမှာအောင်ဘို့ သူသင်တာဖြေလေ။ ငါသိတာ၊ ငါယုံတာ ဖြေလို့မှမရတာ၊ မအောင်တာ။
ဒီခေတ်ထဲမှာ ငွေကြေးတင်မဟုတ်ဘဲ ဖေါင်းပွလာခဲ့တာတွေထဲ ယူနီဗာစီတီတွေ၊ ဝန်ကြီးတွေ၊ ဌာနတွေ ပါတယ်။ တကယ်မှာ တနိုင်ငံလုံးက တက္ကသိုလ်ကောလိပ် အကုန်ပေါင်း လိုက်မှ သူများတိုင်းပြည်က တကယ့်တက္ကသိုလ်လို့ခေါ်တဲ့ ကျောင်းတကျောင်းကို တယ်အဆင့် မမှီချင်ဘူး။ တိုးတက်မှုကို အရေအတွက်နဲ့ပြရင် လုံလောက်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးရှိသူတွေကြောင့် ဖေါင်ကြီးယူနီဗာစီတီတွေ ပေါ်တယ်။ တခါ ကိုယ့်နိုင်ငံအစိုးရ ဝန်ကြီး အဖွဲ့ဝင်နဲ့ ဌာနဆိုင်ရာအရေအတွက်တွေက ကိုယ့်တိုင်းပြည်ထက် ပိုကြီး၊ ကိုယ့်တိုင်းပြည်ထက် လူဦးရေအဆ ပိုအများကြီးများတဲ့ နိုင်ငံထက် ပိုများနေ၊ ပိုဖေါင်းပွနေသေးတယ်။ အင်ဒိုနီးရှားနဲ့ ချိန်ကြည့်ပါ။ ဒါတွေဖြစ်တာက သူကောင်းပြုရမယ့်သူတွေ မွေးရင်းမွေးရင်း သူကောင်းတွေ များပြီး နေရာကမရှိ၊ ရှိအောင်ရှာတော့ ဖေါင်းပွလာရတာလေ။ ဒီစနစ်ဟာ အလိုလိုဘဲ အခွင့်ထူး ခံ လူတန်းစားတရပ် မွေးဖွားလာစေတယ်။ ခက်တာက ဒီလူတန်းစားဟာ အချိန်တိုတိုနဲ့ ဘီလျံနာ ဖြစ်ချင်တဲ့ ရောဂါလည်း ကပ်လေ့ရှိတယ်။ တိုင်းပြည်ဒုက္ခရောက်တဲ့ ရောဂါပေါ့။ တချို့က ဖြစ် သလို တွေးမယ်။ နအဖ ဓါတ်ငွေ့ထုတ်ရောင်း၊ တဖြေးဖြေး တနိုင်ငံလုံး တပြေးညီ ချမ်းသာကြ ကုန်လေသတည်းပေါ့။ ရေနံတွင်းတွေ ဖင်ခုထိုင်ထားတဲ့ ဆော်ဒီတောင် လူတွေ ခုထိ အကုန် မချမ်းသာလာဘူး။ စော်ဘွားတွေဘဲ အဆမတန် ပိုပိုချမ်းသာသွားတာ။
ရန်ကုန်သားတွေ ကောင်းကောင်းသတိထားမိတဲ့ အချက်က ဗိုလ်ချုပ်ဈေးရှေ့က ပနက်ချလက်စ ရပ်သွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတခု။ ကန်တော်ကြီးစောင်း တိရိစ္ဆာန်ရုံ ဘေးက ဆောက်လက်စတန်းလန်း လက်စမသိမ်းနိုင်ခဲ့တဲ့ ဧရာမဟော်တယ်ကြီးတခုအကြောင်း။ ဆူဟာတိုသမီး ဆောက်နေတုန်း ဆူဟာတိုပြုတ်သွားတော့ ငွေကြေးမသမာမှုတွေ တသီကြီးနဲ့ အမှုတန်းလန်းဖြစ်ပြီး ရပ်သွားရတယ်လို့ ပြောကြတယ်။ ဒီလိုဘဲ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေ ကြား၊ ၀န်ငယ်ဝန်ကြီးတွေကြား အချင်းများကွဲပြဲကြတော့ သင်္ကန်းကျွန်း၊ မင်္ဂလာတောင်ညွန့် တဝိုက် စစ်တပ်ဦးပိုင်က ပိုင်တဲ့ ဆောက်လက်စတန်းလန်းနဲ့ ဧရာမအဆောက်အဦကြီးတွေဟာ အများကြီးဘဲ။ တာဝန်ဆက်ယူဘို့ လူမရှိတော့တာလား၊ မူမရှိတော့တာလား၊ ငွေမကျတော့တာ လား။ ဒါမှမဟုတ် ကြပ်ပြေးနေပြည်တော် စီမံကိန်းဝင်လာ အတည်ဖြစ်သွားလို့ ချက်မတဲ့တော့ တာ၊ နေရာရွေ့ရတာလား၊ အရင်လူလုပ်ခဲ့တာတွေ ဘောင်မ၀င် အကုန်ရပ်စေဆိုတဲ့ ဖြစ်နေကျ တွေလားမသိ။ အကုန်ရပ်၊ မိုးထဲရေထဲပစ်ထား။ မြက်၊ ခြုံတောတွေထ။ နေစရာ စားစရာမရှိ လူတွေအဖို့ကတော့ နှမြောစရာပေါ့ဗျာ။ ရှေ့လျောက်လည်း ဒါမျိုးတွေကြုံရမှာဘဲ။ ရန်ကုန်က ရွှေ့ရမယ့် အဆောက်အဦးတွေထဲမှာ စိတ်ဝင်စားဘို့ကောင်းတာက စစ်သမိုင်းပြတိုက်မျိုး။ တိုင်းပြည်ငွေတွေ တော်တော်သြထားတာ။ ဒီလို ဦးသူက စိတ်ကူးတည့်ရာ နေရာယူ၊ ညွန့်ပေ့ ဆိုတဲ့နေရာတွေ သိမ်းပိုက်။ လူထုဘဏ္ဍာ ကိုယ့်ဟာမှတ်၊ တဖက်သတ် သုံးသွားသမျှ တိုင်းပြည် မှာ အကွဲအပြဲ အယိုအဖိတ်တွေနဲ့ မွဲပြာကျ ဖြစ်နေရဦးမှာချည်းဘဲ။
ကျောင်းသားတွေထဲမှာ ကြံ့ဖွံ့ဝင်ထားရင် ကွန်ပြူတာသင်တန်း တက်ခွင့်ရမယ်။ အင်္ဂလိပ်စာသင်တန်း အခမဲ့ တက်ရမယ်။ နိုင်ငံခြားသွားခွင့်ကြုံရင် ပိုဦးစားပေးမယ်ဆိုတဲ့ မက်လုံးတွေပေး၊ လူစုရင်း ကျောင်းသားတွေကြား အခွင့်ထူးခံ အာဏာပိုင်လက်သတ်မွေး အလွှာတရပ် မွေးစားပါတယ်။ ဒီကလေးတွေရဲ့ မှန်ကန်တဲ့ အတွေးအခေါ်တရပ်နဲ့ အောင်မြင် ကြီးပွားခွင့် ဖျက်ဆီးခံလိုက်ရပြီ။ ရပ်ကွက်ထဲမှာ စွမ်းအားရှင်ထဲဝင်ရင် ဧည့်စာရင်းတိုင်စရာမလို၊ ချဲရောင်းခွင့်ရှိမယ်။ လမ်းဘေးကျူးကျော်ဆိုင်လေး စည်ပင်က မမြင်ချင်ယောင်ဆောင်ပေးမယ်၊ ဒါလေးတွေနဲ့ အခွင့်ထူးခံအလွှာလေး ဖန်ပေးထားမယ်။ သေနတ်နဲ့ စစ်သားဆိုရင် ရွာထဲဝင်သာ သွား၊ ရွာသူကြီးက ပြာပြာသလဲ ကြိုရ၊ စားရေးသောက်ရေးစီစဉ်ရယူရတဲ့ ဦးစားပေးအလွှာတခု ပေါ့။ တပ်ကြပ်ကြီးလောက်ဆိုရင် ရဲအုပ်လောက်ကို ဟောက်နိုင်တယ်လို့ အထင်ရောက်နေတတ် တဲ့ အလွှာတခု။ ထောက်လှမ်းရေးဆို တိုင်းမှူးက သာမန်တပ်မှူးလေးကို ပြန်ကြောက်ရတဲ့ ခေတ်ဖြစ်အောင် တန်ခိုးထွားဖူးတယ်။ အရာရှိဦးထုပ်လေး ကားစက်ဖုံးပေါ်တင်ပြထားရင်တော့ မရှာနဲ့တော့ဆိုတဲ့ အဓိပ္ပါယ်၊ ရှာဖွေရေးတွေကလည်း တောသူတောင်သားဆိုရင် နင်ပဲငဆ။ စစ်တပ်နဲ့ပတ်သက်လာရင် အေးစေသွားစေ၊ လက်ပြတတ်နေတဲ့ ခေါက်ရိုးကျိုး အရိုးမဲ့ဝန်ထမ်း တွေ ဖြစ်သွားကြတယ်။
ရန်ကုန်က ယာဉ်ထိမ်းရဲတွေဘ၀က ကားမဲတွေ၊ ငြိမ်းနံပါတ်တွေ၊ မင်းမနိုင်သားလေး တွေရဲ့ ကားတွေကို မကျွမ်းရင်၊ ခွဲခြားသိမထားရင် နယ်ပြောင်းတာ ကောင်းတယ်။ မူရင်း လူမှု ဝန်ထမ်းလုပ်ငန်းဖြစ်တဲ့ မီးသတ်ကို ရ၀တအကူ ဧည့်စာရင်းစစ်အာဏာလေး ထည့်ပေးလိုက်တာ နဲ့ ဟောက်စားအလွှာလေးတခု ဖြစ်သွားတယ်။ လူတွေဟာ ဒီစနစ်ကြီးရဲ့ စနစ်တကျ ဖျက်ဆီး ပုံသွင်းမှုအောက်မှာ ဒေါင်လိုက်တွေ အလျားလိုက်တွေ အစိတ်စိတ်ကွဲကြ၊ ဇာတ်တူသားစားစိတ်၊ ဘယ်သူသေသေ ငတေမာစိတ်၊ ဘနဖူးလည်း သိုက်တူးကောင်းတဲ့ ငါ့ဘို့အဓိကစိတ်တွေ ဖြစ် လာရတယ်။ စစ်အာဏာရှင်တွေလိုချင်တာ ပုံသွင်းတာကလည်း ညီညတ်တဲ့၊ အကြောက်တရား ကင်းတဲ့စိတ်နဲ့ ရင်ကော့နေတဲ့ လူမျိုးမဟုတ်ဘူး။ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတွေ။ အတွေး တိမ်တိမ်၊ မျက်လုံးတဖက်ကန်း၊ နားတဖက်ပင်းတွေ။ လူထုကလည်း အကြောက်တရား ကင်းကင်းနဲ့ ညီညွတ်သွားပြီဆိုရင်တော့ သေနတ်တွေကို အရည်ကြိုပစ်ကြမြဲဘဲ။ နှစ် ၇၀ ကျော် သက်တမ်းရင့် အာဏာရှင်တွေကို ရက်ပိုင်းနဲ့ ပုလ္လင်ပေါ်က ဆွဲချပစ်နိုင်စွမ်းတယ်။ သံမဏိ အင်ပါယာကြီးတွေဟာ ရက်ပိုင်းနဲ့ အငွေ့ပြန် ကောက်ကွေးသွားတယ်။ အတိတ်သမိုင်းသင်ခန်း စာ မယူသူတွေကတော့ ပစ္စုပ္ပန်က လက်တွေ့ပေးတဲ့ သမိုင်းသင်ခန်းစာကို ထပ်ယူရမှာ အသေအချာဘဲ။
လာမယ့်မေမှာ ဆန္ဒခံယူပွဲ။ အဲဒီမှာ တိုင်းပြည်ဟာ အမှောင်ထဲကနေ အနာတရနဲ့ ရုန်းထလိမ့်မယ်၊ အဲဒီမှာ မိုးကောင်းကင်ဟာ ဟက်တက်ကွဲလိမ့်မယ်။ အဲဒီမှာ ရာဇ၀င်ဟာ ထပ်ရိုင်းပြီး သမိုင်းဟာ ထပ်လှလိမ့်မယ်။ အဲဒီမှာ အာဇာနည်ထောင်သောင်းဟာ အမိမြေ အတွက် အမျိုးသားလွတ်မြောက်ရေး ဂန္တ၀င်မော်ကွန်းတေးကို သူတို့နှလုံးသွေးတွေနဲ့ ထပ်ရေး ပြီး ပူဇော်ကြလိမ့်မယ်။

(ရိုးမ၃ အင်တာနက် စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။)

Monday, March 24, 2008

“မိုက်ပါရစေ”

မိုက်ပါရစေ
“လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့် ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊
ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊
အို-အချင်းတို့ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ”
[တို့ဗမာအစည်းအရုံး ကြေညာစာတမ်း (၁) မှ]

“အကျိုးအကြောင်း သံသရာ”


သေသေချာချာပြန်ကြည့်လျှင် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် အိမ်နီးခြင်းနိုင်ငံများက မြင်တွေ့လိုသည်မှာ စီးပွါးရေးကောင်းမွန်သော၊တိုးတက်သော၊ တိုင်းရင်းသားလူမျိုးအားလုံး ချစ်ခင်စွာ အတူတကွနှင့် တည်ငြိမ်သောဖွဲ့ စည်းအုပ်ချုပ်ပုံ နိုင်ငံရေးဥပဒေအောက်တွင် နေထိုင်နေကြသည်ကို မြင်လို ကြသည်ဆိုတာတော့ စာတွေပေတွေအထက်မှာရှိပေမဲ့ လက်တွေ့ မှာ၊ ရှင်းရှင်းနဲ့ပြတ်ပြတ်ပြောရရင် အားတော့နာပါရဲ့ အားလုံးကတော့ စီးပွါးရေးအတွက်ကိုသာကြည့်သွားကြတာပါ။ ကိုယ်အတွက်အဆင်မချော၊ မပြေလို့ ပြောတာမဟုတ်ပါ၊ တကယ်တန်းကတော့  ဆယ်စုနှစ်ပေါင်းများစွာမှ လေးစားပါ၊ တန်ဖိုးထားပါဟုပြောဆိုနေခဲ့ကြသော၊ သဘောတူခဲ့ ကြသော၊ လူတိုင်းလူတိုင်း သာတူညီမျှနှင့် အခြေခံလူအခွင့်အရေး တူညီရေးဆိုတာတွေကတော့ ယနေ့အချိန်ထိ အပြည့်အ၀မဖေါ်ဆောင်နိုင်သလို စာရွက်ပေါ်မှာ၊ လေထဲမှာဘဲရှိနေခဲ့တာကတော့များသောအားဖြင့်အာရှတိုက်နှင့် မြေထဲပင်လယ်တွင် အများဆုံးဟုပင်ပြောရလောက်အောင်ဖြစ်နေပါသည်။
ထိုအပြင်ထိုလူအခွင့်ရေးဆိုတာကြီးကိုဘဲ လွဲမှားစွာ ကမ္ဘာတွင်အသုံးချစရာ၊ လုပ်စားစရာ၊ အစဆွဲထုတ်ကာ၊ အင်ပါယာတစ်ခုအဖြစ်၊ စကားစုအဖြစ် မိမိတို့ ရဲ့ အာဏာကိုအခြေခံပြုပြီး ကွဲပြားစွာရှိနေတာကတော့ အသေအချာပါ။ သို့ သော်မည်သို့ သောအခြေခံသဘောထားတွေရှိစေကာမှု မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာစစ်အာဏာရှင်စံနစ် ကျင့်သုံးခဲ့သောကြောင့် ကျွန်တော်တို့မျိုးဆက်တွေ တော်တော်များများတွင်ဆိုးဝါးစွာအတွေးခေါ်တွေက ထူးထူးခြားခြား ပြောင်းလဲတိုးတက်ခြင်းကတော့မရှိသေးပါ၊ သို့ သော်လည်း ပြည်တွင်း၊ပြည်ပ တိုင်းရင်းသားလူမျိုးစုအားလုံးကလည်း သာတူညီမျှရှိရေး၊ မျှတရေး၊ စီးပွါးရေးကောင်းမွန်သော၊ တိုးတက်သော၊ တိုင်းရင်းသားလူမျိုးအားလုံးချစ်ခင်စွာနှင့် အတူတကွ တည်ငြိမ်သော ဖွဲ့ စည်းအုပ်ချုပ်ပုံ နိုင်ငံရေး ဥပဒေအောက်တွင် နေထိုင်နေကြသည်ကို မြင်လို တမ်းတမ်းတတ တောင်းဆိုကြသည်။
ယနေ့ အချိန်တွင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဘက်ကရော၊ အတိုက်အခံများဘက်ကပါ သင့်မြတ်ရေးအတွက် ဆန္ဒရှိကြောင်း အမြဲတမ်းပြောခဲ့ကြပါတယ်။ တပ်မတော်ဘက်ကတော့ ပြောနေကြစကားနှင့် အနှစ်၂၀လုံးလုံးစာရွက်ပေါ်တွင် ရေးချကာ ပြည်သူကိုအော်ရင်း၊ စည်းရုံးရင်း တိုင်းရင်းသား အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးဆိုတာနဲ့ ပြောနေသလို၊ ဒီမိုကရေစီအင်အားစုတွေကလည်း အမျိုးသားပြန်လည် ညီညွတ်ရေး၊ သင့်မြတ်ရေးကို အကောင်းဆုံးဖြစ်အောင်နှင့် တစ်ဦးနှင့်တစ်ဦးဆိုတာထက် ကွဲပြားနေသောအုပ်စုတွေကို ပြန်လည်စေ့စပ် သင့်မြတ်ရေးလုပ်ကာတိုင်းပြည်ကိုပြန်လည်တည်ထောင်လိုတဲ့ ဆန္ဒတွေရှိနေကြောင်း ပြောဆိုနေတာကတော့ အားလုံးသိပြီးသားပါ။ သို့ ပါသော်လည်းတစုံတခုသောအတိုင်းတာထိ ဘာမှမဖြစ်လာသေးလာတော့အမှန်ပါ၊
ဘာကြောင့်လည်းဆိုတော့ ဘက်မလိုက်ဘဲပြောရလျှင် စစ်တပ်ကြောင့်ပါ၊ ဒီထက်ပိုပြောရရင် မဆလအသွင်ပြောင်း တစညတို့ ၏အာဘော်၊ စစ်တပ်၏ပုဂ္ဂိုလ်ရေးအမြင်တို့ပေါ်တွင် ဖြစ်နေသောကြောင့် ပြောရပါမည်။ ထို့ အတူစာစကား၊ပေစကားတွေ နဲ့ အားလုံးကပြောဆိုနေကြတာတော့ နားလည်မှုတွေရဖို့ အရေးကြီးကြောင်း၊ ဒို်င်ယာလော့(ခ်)တွေနဲ့အတူဆိုရင် ဆောင်ရွက်နိုင်မယ်၊ တချို့ဆိုရင် ဒို်င်ယာလော့(ခ်)မရှိဘဲ စမ်းတ၀ါးဝါးနှင့်လျှောက်လှမ်းသောနိုင်ငံ၊ ဒို်င်ယာလော့(ခ်)ဆင်းရဲသောနိုင်ငံဟုပင်ဆိုကြပါသည်။
မှန်ပါသည်။ သို့ သော်ကျွန်တော်တို့ ၏ နိုင်ငံတွင် အာဏာကို လက်နက်နှင့်ဗိုလ်ကျကာ သူပုန်အဆင့်ထက် နည်းနည်းပိုသောသူတွေက ထိုသို့ သော ဒို်င်ယာလော့(ခ်)တွေကိုလည်းဂရုမစိုက်၊ Non Banding ဆိုသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြောဆိုသော အကြောင်းတွေကိုတောင် လိုက်နာခြင်းမရှိတာကိုကြည့်ပြီး အနှစ်၂၀အတွင်းရှိသောအတွေ့ အကြုံများနှင့်ပေါင်းစပ်ကာ ဒီမိုကရေစီလိုလားသောမြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ မှသေသေချာချာခွဲခြားမြင်သင့်နေပါပြီ။
ဒါတွေကဒီလိုရှိတယ်၊ ဟိုလိုရှိတယ်ဆိုသော အခြေအနေတွေ၊ မူတွေ၊ ဘောင်ထဲမှာတွေ့ ဆုံဆွေးနွေးရေးကိုသာ မျှော်လင့်တကြီးအော်ရင်း၊ ကျွန်တော်ကျွန်မတို့ ပူပေါင်းလက်တွေ့ လုပ်ဆောင်ညှိနိုင်းကာ အဖြေရှာရင်း အပြုသဘောတွေ၊ ဘာတွေ၊ ညာတွေနဲ့အတူ ယုံကြည်ချက်တွေကို တည်ဆောက်ကာ တစ်ဘက်နဲ့တစ်ဘက် နားလည်မှုပိုရလာမယ်လို့ သာပြောလာကြတယ်၊ တဘက်ကတော့ ဒါတွေကိုအခွင့်ကောင်းယူကာ မည်သည့်နိုင်ငံတွင်မှမရှိသော သောက်မြစ် ကပ်ပုဒ်ထီး၊ ပုဒ်မများကို ပေါ်ပေါ်ကြီး သုံးစွဲလာတာကို တွေ့ရတာကတော့နေစဉ်နှင့်အမျှပါ။ တချိန်တည်းမှာဘဲ စာမျက်နှာသစ်များစွာကို တရွက်ပြီးတစ်ရွက်၊ ပုံစံတူရေးမှာကို ထူးဆန်းစွာဘဲလုပ်တော့မယောင်နှင့်ပြောဆိုကာ စာရွက်တွေပေါ်မှာနဲ့ အချိန်ကိုဝယ် ယူသွားခြင်းကို ခံရတာလည်း သိသိကြီးပါလို့ ပြောရမှာဖြစ်ပါသည်။ ဒါကို ကျွန်တော်တို့ ဘက်က အခင်းအကျင်း ဆရာကြီးများ၊ လေ့လာရေးဆိုသူများ၊၊အဖွဘုရင်လေလှိုင်း ဆရာကြီးများကတော့ ကိုယ်လုပ်ခဲ့သောအခင်းအကျင်းကိုဘာမှမသိချင်ယောင်ဆောင်ပြီး အခြအနေလိုက်ကာ ရာသီပေါ်အစားစာတွေကိုရောင်းရင်း နှစ်၂၀ထိတိုင်အောင်ဖြတ်သန်းပေးခဲ့ကြတာကတော့ မည်သူမှမငြင်းနိုင်ခဲ့ကြဟုထင်ပါသည်။ အားလုံးသောသူတွေရဲ့ ပြောလိုက် ခင်းကျင်းလိုက်တာတွေကတော့ အပေးအယူ အလျှော့အတင်းတွေကိုနည်းဗျူဟာတွေချပြီးတော့လုပ်ဆောင်နေခဲ့ကြတာ ဒီနေ့ မဟုတ် မနက်ဖြန်ဆိုသော မျော်လင့်ချက်တွေနဲ့ လိုက်ခဲ့၊စောင့်စားခဲ့ကြတာကတော့ အထဲတွင်ရှိသော ပြည်သူတွေကအစ၊ အပြင်တွင်ရှိနေသော လူတန်းစားအလွာပေါင်းစုံပါ။ ကျွန်တော်တို့ နားလည်သင့်သော ယခုထိ အားလုံးသော ဗိုလ်ချုပ်ဟောင်းကြီးများ၊ နိုင်ငံရေးသမားဟောင်းကြီးများ ၀န်ခံဖွင့်ဟ မပြောဆိုရဲသော အတိတ်ကမှားဟွင်းခဲ့သောသမိုင်းကြောင်းတစ်ခုကိုတော့သိသင့်ပါသည်။ ပြည်သူကတင်မြှောက်ထားသော အစိုးရကိုယ်တိုင်ကိုက အမှန်တကယ် အဖြစ်အပျက်ကို သေသေချာချာ အမှန်ကိုအမှန်တိုင်းမပြောဘဲ မှားသယောင်ယောင်၊ ပုံမှားရိုက်ကာ စစ်တပ်နဲ့ပေါင်းပြီးတော့ လက်ဝါးခြင်းရိုက်ကာ ဇာတ်လမ်းပေးခဲ့သော၊ တနည်းဆိုသော် ငါ့ဝါဒနှင့်ငါတို့ သာဆိုသော လမ်းစဉ်မှုကို လုပ်ဆောင်ချင်လိုကြ၍၊ ဖန်တီးခဲ့သော အခင်းအကျင်းတွင်၊ သူထက်သာသော နိုင်ငံရေးဘောင်းဘီဝတ်များရဲ့ လက်ဦးခြင်းကို ခံရလိုက်ကာမှ ဘာဖြစ်တယ်ညာဖြစ်တယ်နှင့် ဒီမိုကရေစီဆိုတာကို တွင်တွင်ကြီးပြောင်းအော်ခဲ့ကြတာလည်း သေသေချာချာ စဉ်းစားမိပေးကြပါ၊ သိထားမိကြပါလို့ တင်ပြပါသည်။
မြန်မာစစ်တပ်ကတော့ အမြဲတမ်းပဲ အာဏာ မတရားသိမ်းပိုက်ပြီးခဲ့ပြီး အနာဂါတ်မြန်မာနိုင်ငံကို ခေတ်အခြေအနေကြည့်ပြီး မည်သို့ လုပ်ဆောင်လိုကြောင်း ပြောဆို၍ အကွန့် တွေတက်ခြင်းကလည်း ဗိုလ်ချုပ်နေ၀င်းမှစကာ ဗိုလ်ချုပ်သန်းရွှေထိပါဘဲ။ မြန်မာ့နည်း မြန်မာ့ဟန်ဆိုသောမှုတွေ စကားလုံးတွေ၊ စည်းကမ်း၊ ညီညွတ်ခြင်း၊ တန်းတူ၊ ညီတူဆိုသော၊ အလုပ်သမား၊ လယ်သမားအားတွေကို ဘယ်ကနေဘယ်လိုဆိုသော မစားရ၀ခမန်းပြောဆိုမှုတွေနဲ့ အတူဟောင်ဖွာရင်း၊ ၄င်းတို့  ရေရှည်တည်တံ့ရန်အတွက် အခြေခံကြသော ရှိပြီးသားအရပ်သား မြို့ပြအုပ်ချုပ်ရေးများကို ဖျက်ဆီးကာ အသွင်ပြောင်း တပ်မတော်သားများဖြင့် ပြန်လည်အစားထိုးတည်ဆောက်ခဲ့ခြင်းကိုလုပ်ဆောင် သောကာလအတွင်းတွင် စစ်တပ်အားငါတို့ ခံယူသောဝါဒ၊ ငါတို့  သဘောထားနဲ့ တူတာတွေရှိတယ်၊ ဘာဘဲပြောပြော၊ ငါတို့ နိုင်ဖို့ ငါတို့ အလုပ်ဖြစ်ဖို့ အရေးကြီးတယ်ဆိုသောငါဆိုသော၊ ငါ့ဝါဒ( တကယ်တန်းသူတို့ဝါဒကလည်းပေါ့ပျက်ပျက်ပါ၊ ဘာမှသဘောတရားလည်းကြေလည်တာမရှိသလို၊ သူများဝါဒကိုလည်း သေသေချာချာ နားထောင်လက်ခံဝေဖန်နိုင်ခြင်းနှင့် ကိုယ်ကိုဝေဖန်ခံနိုင်ခြင်းဆိုတာလည်းမရှိကြပါ)နှင့် သံသရာအမှားကို ပျော်ပျော်ကြီး၊ဂုဏ်ယူစွာနှင့် ကိုယ်ကဘဲ တိုင်းပြည်လူမျိုး၊ သာသနာကိုပိုချစ်ပြီး၊ အနှစ်နာခံနိုင်သယောင်ယောင်ကို စံနှစ်တကျလုပ်ဆောင်သူများမှာ မြန်မာစစ်တပ်က (ဘောင်းဘီဝတ် ယောင် တောင်တောင် နိုင်ငံရေးသမားများ အပါအ၀င်)၊ နှင့်ဘောင်းဘီမ၀တ်သော နိုင်ငံရေးလွယ်အိပ်လုပ်သူများ ထိပ်ဆုံးမှာရှိပါသည်။
ထိုသို့ သောပုံစံတူကလည်း ယခုတွေ့ မြင်နေရပါသည်။ ပြည်တွင်းတွင် (ဥပမာ)ချီးထုပ်အေးလွင်နှင့် အပေါင်းပါများ၊ ၀ံသာနုဟုဆိုကာလုပ်ဆောင်နေကြသောသူများ၊ ကြံဖွတ်များ၊ စွမ်းအားရှင်ဆိုသူများ၊ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမည်သို့မှနေရာရစရာ၊ လူတွင်ကျယ် လုပ်ခွင့်မရတော့သောကြောင့်၊ ထွက်လာကာ၊ စစ်တပ်နှင့်ပေါင်းသင်း ကိုယ်ကောင်းစားရေးကိုကြည့်သူများနှင့် စစ်တပ်မှမွေးထုပ်လိုက်သော တတိယလိုင်း အုပ်စုဝင်များတို့ ဖြစ်ပါသည်။ ထိုအတူ ပြည်ပတွင်တော့ လုပ်စား နိုင်ငံရေးဆရာကြီးများ၊ ဘာအလုပ်မှမရှိဘဲ ဒီအလုပ်ပေါ်တွင် လုပ်ကိုင်ကာ ဘ၀ရှင်သန်ရေးကို အမှီပြုနေရသောသူများနှင့် ၄င်းတို့ ၏ မျှဝေခံစားနေကြသောသူတွေဖြစ်ပါသည်။
ကျွန်တော်အမြင်တစ်ခုအနေနှင့် ပြောရရင်တော့ အခင်းအကျင်းဆရာများက တော်တော်လေး အပြုသဘောကိုကြည့်သည်ဆိုတာထက်၊ ကြိုးတမ်းပေါ်မှာ လမ်းလျှောက်ချင်သော အနေအထားကိုဘဲကြိုက်နေလို့လား၊ ၀ါသနာဘဲပါလို့လား၊ သိုတည်းမဟုတ် စစ်အာဏာရှင်အောက်မှာ နေသားကြခဲ့သောကြောင့် အတွေးတွေကဘဲ မကျော်လွန်နိုင်တော့တာလားမသိပါ၊ ပုံစံအမျိုးမျိုးနှင့်တင်ပြခြင်း၊ ခင်းကျင်းခြင်းတွေကို ပုံစံမျိုးစုံမှနေ၍ ခွဲခြမ်းစိတ်ဖြာ သုံးသပ်လာကြတာကို တွေ့ ရပါသည်။
ထိုအပြင် မျိုးစုံသောအတွေးတွေနဲ့အတူ ထွက်ပေါက်၊ လွတ်မြောက်ရေးလမ်းစကိုရသလိုနည်းနည်းမှသော်၎င်း ဆိုသောအကြောင်းတွေ၊ ပြီးမှ နောက်ပိုင်းကို ကြည့်ရှင်း ကြည့်လုပ်ကြမယ် ဆိုသောနည်းတွေ(၁၉၇၄ မဆလ ပေါ်ပေါက်ရန်ဝိုင်းအားပေးသော နိုင်ငံရေးအူကြောင်ကျားတို့ ၏ မျက်တောင်တခတ်အကြည့်တွေကဲ့သို့ ကြည့်ကာ) ဒလဟော ပေါ်ထွက်လာတာကိုလည်း သေသေချာချာ တွေ့လာရတာနဲ့ နှစ်အပိုင်းအခြားကို ပြန်ပြီးတော့ကြည့်လျှင် ၂၀၀၃ကျော်လောက်ကစပြီး ကျယ်ကျယ်လောင်လောင်တွေအော်လာကြပါတယ်။ သုတေသနစာတမ်းတွေ၊ ကိုးကားတာတွေကလည်း ကမ္ဘာနိုင်ငံအသီးသီးတွင်ရှိသော နိုင်ငံရေးသမိုင်းဆရာတွေတောင်မျက်စိလည်ကာ၊ အူလည်လည်ဖြစ်သွားရပါတယ်။
ကျွန်တော်တို့ ရဲ့ အနာဂါတ်က ကျွန်တော်တို့ လက်ထဲမှာဘဲရှိတယ်လို့ဆိုရမှာထက် နောင်လာနောင်သားတွေနဲ မြန်မာနိုင်ငံရဲ့ အနာဂါတ်တွေကို ကျွန်တော်တို့ကဘဲ ဖန်တီးယူဆောင်ပေးခဲ့မှာလား။ ကျွန်တော်တို့ ဆယ်စုနှစ်ပေါင်းများစွာ ခံစားရခဲ့တာတွေကို ဆေးမြီးတိုသောက်သလိုသောက်ပြီး ရောဂါကိုအပြီးမကုဘဲ နောင်မျိုးဆက်တွေကို ပေးခဲ့တော့မှာလား သေသေချာချာ ပြတ်ပြတ်သားသား စဉ်းစားကြပါ၊ ရန်စည်းလည်း ပြတ်ပြတ်သားသား ခြားရတော့မှာပါ။ မြန်မာနိုင်ငံရေးကို ကုလသမဂ္ဂလဲ ဘောင်တွေအတွင်းကနေ ပြောင်းလဲဖို့ ကြိုးစားနေတာကတော့ ကြာပါပြီ။
သို့ ပေမဲ့ အမြင်မကြည် မှုတွေကြားထဲမှာ စီးပွါးရေးကို ဦးစားပေးလုပ်ကြသော အင်အားကြီး တရုပ်နိုင်ငံနဲ့ ဘယ်သူဘဲဖြစ်ဖြစ်ငါတို့ ရသလောက်ချိုင်မယ်ဆိုသော ပါးစပ်ကဘုရား လက်ကကားယား လုပ်နေတတ်သော အိမ်နီးချင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်ကြသော ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှား၊မလေးရှား၊တို့ ရဲ့  ရေအေးတစ်ဖက်၊ ရေပူတစ်ဖက်ကိုင်သောမှုအောက်တွင် န၀တမှ အိပဲ့အိပဲ့နှင့်သွားခွင့်၊ အုပ်စိုးခွင့် ရနေသွားတာကိုတော့ ဘယ်လိုမှ မငြင်းနိုင်သော အချက်ကိုတွေ့ ရပါသည်။
ယခုလည်းလာပါပြီး န၀တကနေတိုက်စစ်ထပ်ပြီးဆင်ခြင်းဆိုတာထက် ၊ပြည်သူတွေကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး၊ ဗြောင်တမျိုးပြောဆိုဝေဖန်သုံးသပ်နေရန်အတွက်၎င်း၊ ပြီးခဲ့သော ၁၉၉၀ရွေးကောက်ပွဲကိုချောင်ထိုး၍ရမရ၊ ပြည်သူအားဘယ်လောက်ရှိမရှိ ကမ္ဘာနိုင်ငံတစ်ခုလုံး နှင့်ပြည်သူများတအုံနွေးနွေးဖြစ်နေခဲ့ကြသော စက်တင်ဘာလ အမျိုးသာသနာကိုပက်ပက်စက်စက်ဆော်ကားခြင်း၊ အတွင်းလူကိုပြန်လည်တည်ဆောက်ခြင်းတို့ ကိုငြိမ်းသပ်နိုင်ရန်အတွက်၎င်း၊ အလုပ်မရှိ အလုပ်ရှာပြီး ဖွနေကြသော ဆရာအဖွများကို သူလိုခြင်သောလိုင်းပေါ်တွင် ပြောင်းလဲလုပ်ကိုင်ပြောဆိုရန်အတွက် လုပ်ချလိုက်ပါပြီ။ ဒါကတော့ အခြေခံဥပဒေအပြီးရေးဆွဲခြင်း၊ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲတို့ကို ကြေငြာလိုက်ခြင်းဖြစ်ပါသည်။
ယခုဆိုလျှင် ကုလသမဂ္ဂကတောင် သူတို့ပြောနေသောတွေ့ ဆုံဆွေးနွေးရေးဆိုတာကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်မပြောတော့ဘဲ ပျော့ပြောင်းဆက်ဆံကာ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထဲ ပြန်ပါခွင့် ရအောင်တောင် သံတမာန်လေသံစကားပြောဆိုခြင်း (တောင်းတောင်း ပန်ပန်ပြောရမဲ့)အခြေအနေကို ရောက်အောင်လုပ်သွားနိုင်တာရယ်၊ တရုပ်ရဲ့ အားကို အပြည့်အ၀ ပေါ်ပေါ်ကြီးယူနေတာထက် တရုပ်မှ ပေါ်ပေါ်ကြီး မျက်နှာလိုက်ပြောဆို၊ ညွန့် ကြားနေတာကိုသိရက်နဲ့ လည်း ကျွန်တော်တို့ ကဘာလို့ ဘာကို အပြုသဘောတွေ၊ ညာသဘောတွေ ၊အလည်လတ်သဘောတွေ၊ သဘောထားကြီးမားခြင်းတွေကို ပြေဆိုနေရတော့မှာလဲ။
ရေးဆွဲသော အခြေခံ ဥပဒေက ဒီမိုကရေစီစံများနဲ့အပြည့်အ၀ကိုက်ညီမှု မရှိဘူး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးမှာလည်း ကန့်သတ် ချက်တွေနဲ့အတူ၊ တိုင်းရင်းသားတွေ တင်ပြတောင်းဆိုတာကိုလည်း လစ်လျှူကာ လုပ်ချင်တာလုပ်နေတာကိုသိရက်နဲ့ (၁၉၇၄ မဆလ ကဲ့သို နားလှည့်ပါးရိုက်သော ညှစ်ပတ်သောမှုတွေနဲ့အတူ) ဘာလို့ ဝိုင်းပြီးတော့ အရင်ကတောင်မရသောအခွင့်ရေးတွေကို အခုရပြီမို့ ရ သလောက်နဲ့  ဆက်လက်သွားကြရအောင်ဟုပြောသော၊ ယူဆသောသူများကို သေသေချာချာပြန်ကြည့်တော့ အားလုံးဟာများသောအား ဖြစ်အလံရှုးတွေဆိုတာ တွေ့ လာရပါတယ်။
ဒီလိုအဖြစ်ပျက်တွေကို ပြတ်ပြတ်သားဆန့်ကျင်သူတွေကတော့ ၁၉၇၄ကဲ့သို့ မဖြစ်ရေးဆိုသောသူတွေကစပြီး၊ ပြည်တွင်းပြည်ပရှိသော ဒီမိုကရေစီကိုလိုလားသော မြန်မာတိုင်းရင်းသားအားလုံးနီးပါးသွားပြီတူညီနေတာကို တွေ့ ရသလို၊ ဆန့်ကျင်ကန့် ကွက်မှုကိုအပြည့်အ၀လက်ကိုင်ထားကြတာကိုတွေ့ ရပါသည်။
သို့ သော် တုန့် ပြန်ပြောဆို ၊ရွေးချယ်ချပြသောမှုတွေ၊ အခင်းအကျင်းတွေက ပြည်တွင်းကလူများအတွက် ဇဝေဇ၀ါ ဖြစ်နိုင်သောနိုင်ငံရေးစကားနုန်းအသုံးများနှင့်အတူ၊ တစ်ခါတစ်ရံတွင် ပြည်ပတွင်ရှိနေသောသူတွေ အချင်းချင်းပင် မျက်စိလှည်လောက်အောင်ကို မရှင်းမရှင်းတွေက ပေါ်နေဆဲဖြစ်ပါသည်။ ပြည်သူတွေကို ပြောရမည့်စကားကို တိုရင်းလိုရှင်း ထိရောက်အောင် ပြောဆိုခြင်းမရှိကြပါ။ ကျွန်ပ်မြင်သည်မှာ န၀တမှ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ပြည်သူကိုယ်စားလှယ်တွေကရေးဆွဲသောအခြေခံဥပဒေကို ပြည်သူမှအတည်ပြု၍ ပေါ်လာသော အစိုးရမှ တိုင်းပြည် အာဏာကိုကိုင်ဆောင်ကာ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ပေးရန်အတွက် ပြည်သူကို ရှင်းလင်းပြတ် သားသော စကားလုံးတိုတိုကို ပေးသော အခင်းအကျင်းတစ်ခုတည်းကိုသာလျှင် လုပ်ဆောင်ရမည်ဟုယုံကြည်ပါသည်။ ထိုမှတခြားသောလမ်း၊ အခင်းအကျင်းလုပ်၍မရပါ။
ထိုသို့ ၁၉၇၄ကဲ့ သို့ဒီတစ်ခါဝိုင်းဝန်း၍ ခင်းကျင်းကြသော် ကျွန်တော် သေချာပေါက် ပြောရဲသော အကြောင်းကတော့ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကိုမငြိမ်းသတ်နိုင်သလို တိုင်းပြည်မှာ တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားကဲ့သို့ နှစ်ပိုင်းတိတိ ကွဲကိုကွဲမည်ဟု ပြောနိုင်ပါသည်။ ထိုကြောင့် ဆရာဇော်ဂျီရဲ့  တို့ တိုင်းပြည် ကဗျာကဲ့သိုပင် ထလော့မြန်မာ၊အိုမြန်မာတို့  ဟု တိုက်တွန်းကာ ကျွန်တော်တို့ ပြည်တွင်းပြည်ပ တွင်နေကြသော မြန်မာတိုင်းရင်းသားတွေ အားလုံး မျက်တောင်တစ်ခတ်ကိုဘဲကြည့်မှာလား၊ ထာဝရလမ်းကိုကြည့်မှာလားဆိုတာ ခွဲခြားသင့်ပြီဟု တိုက်တွန်းတင်ပြပါသည်။
မြန်မာမြေပေါ်တွင် စစ်အာဏာရှင်စံနစ်ဖြုတ်ချရေး ဒို့အရေး
မြန်မာမြေပေါ်တွင် စစ်အာဏာရှင်စံနစ်ကျဆုံးရေး သည် ပထမ
မြန်မာမြေပေါ်တွင် စစ်အာဏာရှင်းစံနစ် ထာဝရပပျောက်ရေး နိုင်ငံသားတိုင်းမွေးရာပါတာဝန်
စိုင်းမွန်၂၀၀၈ မတ်လ (၃) ရက်။

“ဘာလို့ဒီအတိုင်းငုံ့ခံနေကြတာလဲ”

စက်တင်ဘာရဲ့ မမေ့ရက်တဲ့ နေ့ရက်ဆိုးများ
မြန်မာအမျိုးသမီးတဦး
စက်တင်ဘာ… မှသည်… ဒီဇင်ဘာ၊ ဒီဇင်ဘာမှသည် မတ်လ။ အချိန်တွေကို အဲသလို ကျော်ဖြတ်ခဲ့ပေမယ့် နှစ်ဟောင်းမှာ ကြေကွဲစရာတွေကို ချန်ထားရုံ ချန်ထားခဲ့ရက်မှာလား။ ပုံမှန် လှုပ်ရှားရုန်းကန် သွားလာမှုတွေနဲ့ အေးဆေး တည်ငြိမ်နေပြီဆိုတဲ့ ကျမတို့ မြန်မာပြည်။ ဖြစ်ခဲ့သမျှတွေဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွားတော့မှာလား။
ဒီလိုပဲ ပြီးခဲ့ရတာပါပဲလို့ ပြောတဲ့သူတွေကို တခုတော့ ကျမပြောချင်ပါတယ်။ ဒီလိုနဲ့ပဲ ကျမတို့ ကြုံခဲ့သမျှတွေကို ခေါင်းငုံ့ခံခဲ့ကြလို့ ခုချိန်ထိ အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်နိုင်ခဲ့သေးတာ ဆိုတာကိုပါ။ တကြိမ်တည်းနဲ့တော့ မရနိုင်ဘူး။ နောက်အကြိမ်တွေအတွက် ပြည်သူတွေ သွေးအေးမသွားကြပါနဲ့ဦးလို့ ကျမပြောချင်တယ်။ ကျမတို့ရဲ့ သားတွေ မြေးတွေ နောင်ရေးအတွက် ကျမတို့မှာ တာဝန်ရှိပါတယ်။
အာဇာနည်တွေ ပေါများလှတဲ့ ကျမတို့ မြန်မာပြည်။ ဒီလောက်တောင် စဉ်းစားဉာဏ် နည်းပါးပြီး တိုင်းပြည် ဆုတ်ယုတ်ပျက်စီးအောင်၊ စုတ်ပြတ် သတ်အောင် လုပ်နေတဲ့ လူတစုရဲ့ လက်အောက်က ဘာဖြစ်လို့ ကျမတို့ မလွတ်မြောက်နိုင်ကြတာလဲ။စက်တင်ဘာ အရေးအခင်း ဖြစ်လာတာ ဆီဈေးနှုန်းတွေ ရုတ်တရက် တက်သွားတာ သက်သက်ကြောင့်လို့ တော့ ကျမအနေနဲ့ မထင်မိဘူး။ မြန်မာပြည်သူ ပြည်သားတွေမှာ ခံစားနေရတဲ့ ဒုက္ခတွေ ခါးသီးပြည့်နှက် နေတဲ့အချိန် နောက်ထပ်တိုးလာတဲ့ ဒုက္ခတခုအတွက်တောင် ခံစားနိုင်စွမ်းမရှိတော့လို့ ပေါက်ကွဲထွက်သွား ရခြင်းလို့ပဲ သာမန်နားလည်မိပါတယ်။
ကျမက နိုင်ငံရေးတွေ ၀ါဒတွေ မသိတဲ့၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲလည်း မရှိတဲ့ သာမန်ပြည်သူတဦးပါ။ ကျမတို့ ပြည်သူတွေဟာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေပြေလည်လည်နဲ့ အေးအေးချမ်းချမ်း နေရတဲ့ (ကိုယ့်အိမ်ထဲ ကိုယ်နေပြီး ဗိုလ်တကာ့ ဗိုလ်တွေကို ကြောက်နေရတဲ့ အခုလို ဘ၀မျိုးမဟုတ်တဲ့) ဘ၀မျိုးကိုတော့ လိုချင်ကြမှာပါပဲ။ ပြည်သူတွေ ဘာတွေ လိုအပ်နေကြသလဲ၊ ဘာတွေ အဆင်မပြေ ဖြစ်နေကြသလဲ ဆိုတာကို မကြည့်ဘဲ မျက်မှောက် အခြေအနေကို မျက်ကွယ်ပြု၊ ပြည်သူ့အသံတွေကို နားခါးနေတဲ့ အစိုးရကို ဘယ်ပြည်သူက ကြည်ဖြူပါ့မလဲ။ ကျမလို သာမန်လူတယောက်တောင် ဆီဈေးတွေ ရုတ်တရက် တက်သွားပြီး ပြည်သူတွေ ဟိုပြေး ဒီပြေး ဒုက္ခရောက်နေတာ တွေ့မြင်လိုက်ရတော့ မုန်တိုင်းရဲ့ အနံ့အသက်ကို ခံစားမိလိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်ချင်နေတဲ့သူတွေ ရှိသမျှအခွင့်အရေးတွေ အချင်းချင်း လုယူဖို့၊ ကိုယ့်စားခွက် ဘယ်သူဝင်လုမလဲ မာန်စောင်နေရတာတွေ အတွက်ပဲ အချိန်ကုန်နေကြလို့ ဒါတွေကို မသိမမြင်ကြတာလား။ ပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခတွေ၊ ပြည်သူတွေရဲ့ တကယ့် အခြေအနေ မှန်တွေကို မမြင်လောက်အောင်ကို လစ်လျူရှူထားလို့ပဲလို့ ကျမ ရင်နာနာနဲ့ သဘောပေါက်လိုက်ရပါတယ်။
တနေ့ထက် တနေ့ ပိုတိုးတိုးလာတဲ့ ဒုက္ခတွေကို အသံတိတ် ကြိတ်မှိတ်လို့ ခါးစည်းသာ ခံကြပေတော့။ အသံမထွက်နဲ့ …၊ အစိုးရကို အကြည်ညိုပျက်အောင် မလုပ်နဲ့။ စိတ်နဲ့တောင် မပြစ်မှားနဲ့။ လက်ထဲမှာပဲ ဥပဒေရှိတယ်။ လက်ထဲမှာပဲ အမှားအမှန် ရှိတယ်၊ လက်ထဲမှာ သေစေတတ်တဲ့ သေနတ်တွေ ရှိတယ်။ ကျည်ဆံတွေမှာ မျက်စိမပါဘူး။ အဲသလို ခြိမ်းခြောက်မှု များစွာအောက်မှာ၊ မမျှတမှုတွေကြားမှာ၊ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေနဲ့ ကြီးပြင်းလာကြရတဲ့ ပြည်သူတွေ ကြောက်တတ်ကြတာ အပြစ်လို့ မယူဆမိဘူး။
ကဲ … ဒီလောက် ကြောက်တတ်တဲ့ ပြည်သူတွေ ဆန္ဒပြပွဲထဲ ထွက်လာကြတဲ့ အဖြစ်ဟာ ဘာကြောင့်လဲ။ သတ္တိရှိပြီး ပြည်သူတွေဘက်မှာ အမှန်တရားဘက်မှာ ရပ်တည်ရဲတဲ့ ခေါင်းဆောင်တွေကို ယုံကြည်ကြလို့လို့ ကျမပြောရဲပါတယ်။ ရှေ့ဆုံးမှာ ကိုယ်တိုင်နေပြီး တရားမျှတခြင်းနဲ့ ရဲရင့်ခြင်းကို ပြသခဲ့တယ်။ ဒါဟာ လုပ်ကြံညာဖြီးလို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။ ၈၈-မျိုးဆက်ကျောင်းသားတွေက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြီးတဲ့နောက် ဆန္ဒမှန် ဖော်ထုတ်ပြရဲတဲ့ ပြည်သူတွေ တဖြည်းဖြည်း ပါလာကြပါတယ်။ အဲဒီဆန္ဒပြတဲ့ သူတွေကို နအဖလက်ကိုင်တုတ်တွေက အတင်းအကြမ်းဖက် ဆွဲလွဲပြီး ကားတွေပေါ် အင်အားသုံး အကြမ်းဖက်ပြီး ဖမ်းဆီးခဲ့ကြပါတယ်။ အခွင့်အရေးလေး နှစ်ပြားတပဲဖိုး ရထားတာကို အဟုတ်ကြီးထင်ပြီး ရှူးတိုက်တိုင်း ကိုက်ဖို့ပြင်နေတဲ့ ယုံကြည်ချက်မရှိ၊ ရည်မှန်းချက်မရှိ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိတဲ့ လူ့အန္ဓတွေကိုပဲ သူတို့(နအဖစစ်အုပ်စု) စည်းရုံးနိုင်ပါလိမ့်မယ်။
လက်နက်လည်းမရှိ လုပ်ပိုင်ခွင့်တွေလည်း မရှိပေမယ့် ပြည်သူတွေနဲ့ တသားတည်း ကျနေတဲ့ (သူတို့မှာ မရှိတဲ့ ) အရည်အချင်းတွေ ရှိနေတဲ့ သူတွေကိုတော့ စစ်အုပ်စုက လုံးဝ လိုလားတာ မဟုတ်ပါဘူး။ အဲလို ပြည်သူတွေနဲ့ တသားတည်းကျတဲ့ သူတွေ ပေါ်လာရင်လည်း ဖြစ်တဲ့နည်းနဲ့ သူတို့ တားဆီးပါလိမ့်မယ်။ ဒါပေမယ့် လူတွေက မတရားတာကို ခံလာရတာ များတော့ ခါးသီးလာကြပါတယ်။ ကိုယ်တိုင် မပါရဲရင်တောင် ဘေးကနေ အားပေးကြတာကိုကြည့်ရင် ပြည်သူ့ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သူတို့သိဖို့ ကောင်းပါတယ်။ အမှန်တရားကို ရင်မဆိုင်ရဲလို့၊ မျက်စေ့မှိတ်ပြီး ဇွတ်ငြင်းနေတာမျိုး မဟုတ်တာတွေ လျှောက်ပြောနေတာမျိုးကတော့ ပြည်သူတွေက ပိုပြီး အယုံအကြည်ပျက်အောင် အရိုအသေတန်အောင် လုပ်နေသလိုပါပဲ။ အဲဒါမျိုးက ကိုယ်တိုင်မလုပ်ရင် ဘယ်သူမှ လုပ်လို့မရပါဘူး။ နအဖအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးနေတယ်ဆိုတာကို သဘောမပေါက်လို့ အဲသလိုလုပ်နေတာပါ။ ပိုပြီးဆိုးတာက မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဖြစ်ပွားလာတဲ့အပေါ် ကိုင်တွယ်တာ တော်တော်ကို ညံ့ဖျင်းလွန်းပါတယ်။
ကျမကတော့ တိုင်းပြည်ကို (သဘောတူတူ၊ မတူတူ) အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့တော့ ဒီလို ကိစ္စမျိုးကို ပါးပါးနပ်နပ် ကိုင်တွယ် လုပ်ဆောင်သွားသင့်တယ်လို့ ယူဆတာပဲ။ အခုတော့ စက်တင်ဘာ အရေးတော်ပုံကို ဖြိုခွင်းလိုက်ပုံကြောင့် စစ်တပ်အစိုးရဆိုတာ အကြမ်းဖက်တာပဲ တတ်တယ်လို့ ပြည်သူတွေက လုံးဝဥဿုံ ယုံကြည်သွားပါတော့တယ်။ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာပြည်အနေနဲ့ ပခုက္ကူမှာဖြစ်တဲ့ ကိစ္စကတော့ တော်တော်ကြီး အရုပ်ဆိုး အကျည်းတန်ပါတယ်။ ကိုယ့်အတွက် ကိုယ့်နေရာတခုကလွဲရင် ကိုးကွယ်ယုံကြည်ရာ ဘာသာ သာသနာကိုပါ နင်းချေရဲတဲ့ တဖက်စွန်းရောက်နေတဲ့ အာဏာရူးမှုကို အဲဒီပခုက္ကူကိစ္စမှာ သေသေချာချာ မြင်လိုက်ရပါတယ်။
တကယ်ဆို သာသနာ့အနွယ်ဝင် ရဟန်းတော်တွေပဲ။ သင်္ကန်းမြင်တာနဲ့ ဘုရားသားတော် သာသနာတော်ထမ်းပဲဆိုပြီး ကြည်ညို ဦးချရမှာပါ။ အဲသလိုလုပ်လိုက်ရင် ကိုယ်မှားသွားကို တောင်းပန်ဝန်ချတာ အောက်ကျတယ်လို့ ထင်မြင်ယူဆစရာ မရှိတဲ့အပြင် မှားတာကို ၀န်ခံရဲတဲ့ သတ္တိတော့ ရှိရှာသားပဲလို့ အဆိုးတွေထဲက အကောင်းမြင်စရာ တကွက်တော့ ရှိလာပါဦးမယ်။ သတင်းတွေ ကြားစကတော့ မယုံတ၀က်ရယ်။ လုပ်လိမ့်မယ် မထင်ခဲ့မိကြဘူးလေ။ ပုံကြီးချဲ့သတင်းတွေ ဖြစ်မှာပါလို့ပဲ နေခဲ့ကြတာ။ ရဟန်းတော်တွေ ဒေါသထွက်နေကြတာ သတင်းထဲပါလာတော့ အခြေအနေတွေ ပိုဆိုးကုန်ကြတော့မယ် ဆိုတာကို သိလိုက်တယ်။ သူတို့အနေနဲ့ လုပ်လို့ရတာတွေ အများကြီးပါ။ ရဟန်းတော်တွေကို တောင်းပန်၊ ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူပေးလိုက်ရင်ကို တော်တန်ရုံ ပြီးသွားမယ့်ဥစ္စာ …။ မိုက်တွင်းနက်လိုက်လေတော့ အ၀ိစိထိ ဆင်းဖို့ပဲ ကျန်တော့တာပေါ့လေ။
အဲဒီရက်ပိုင်းတွေမှာ မုန်တိုင်းရှိတော့ ရာသီဥတုက မှုံမှုံမှိုင်းမှိုင်း။ သံဃာတော်များက ပခုက္ကူမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းတော်များအား လူသိရှင်ကြား ၀န်ချတောင်းပန်ဖို့ တောင်းဆိုတဲ့အနေနဲ့ အေးချမ်းစွာ ပရိတ်ရွတ်ဖတ် လမ်းလျှောက်ဆန္ဒပြပွဲတွေ နေရာအနှံ့ ပေါ်ပေါက်လာတယ်။ တကယ်ဆို မြန်မာပြည်လို ဗုဒ္ဓဘာသာတိုင်းပြည်မှာ သံဃာ့အားက ကြီးမားလှပါတယ်။ သံဃာထု နောက်မှာလည်း ဗုဒ္ဓဘာသာဝင် ပြည်သူလူထုက အများအပြား။ ယုံကြည် သဒ္ဓါအားကောင်းတဲ့ မြန်မာပြည်သားများအတွက် ကိုယ့်စော်ကားတာမှ သည်းခံနိုင်သေးရဲ့။ ကိုယ်အထွတ်အထိပ်ထား အမြတ်တနိုးထားတဲ့ သူတွေကို စော်ကားတာမျိုးကျတော့ ပိုနာတတ်ကြသေးသည်ပဲ။ အဲဒီမှာ သူတို့လွန်မှန်း မှားမှန်းသိသွားတော့ စစ်အုပ်စုက နည်းနည်း ကိုယ်ရှိန်သတ်သွားတယ်။
နောက်ပိုင်း သံဃာတော်တွေ ပရိတ်ရွတ်ဖတ် ဆန္ဒပြပွဲများတွေမှာ ၀င်ရောက်တားဆီးခြင်း မပြုခိုင်းဘဲ အသာစောင့်ကြည့်စေခဲ့တယ်။ သံဃာတော်တွေက သူတို့သံဃာ့အရေးမို့ ပြည်သူများမပါဝင်ဖို့ ဒေါသထွက်နေတဲ့ ပြည်သူတွေကို မေတ္တာရပ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၇-ရက်နေ့ နောက်ဆုံးထားပြီး လူသိရှင်ကြား ၀န်ချတောင်းပန်ခြင်းမပြုက နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ကျမတို့ကတော့ အခုမှ ကြုံဖူးတဲ့ ရဟန်းတော်တွေပါဝင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ကံဆောင်မှုတွေကို စိတ်အားထက်သန်စွာ မျှော်လင့်ထားခဲ့ကြပါတယ်။ တကယ်ပါပဲ။ သံဃာတော်တွေ ကံဆောင်ခဲ့ကြပါပြီ။ အဲဒီအချိန်တွေမှာ မိုးတွေကလည်း ကောင်း၊ မိုးတွေ ရေတွေကြားမှာ ၀ိနည်းတော်နဲ့အညီ လွှမ်းခြုံထားတဲ့ သင်္ကန်း စိုစို လေးလေးတွေနဲ့ ဒေါသမပါ ငြိမ်းအေးစွာ မေတ္တာသုတ် ရွတ်ဆိုနေတဲ့ အသံတွေ လမ်းတွေပေါ်မှာ ကြားလာရပါတယ်။
မြင်တဲ့သူတွေ ဘယ်လို ခံစားရမလဲ။ မတုန်လှုပ် ဘယ်သူ နေနိုင်မလဲ။ ပြောကြဦးလေ။ အာဏာကို အချောင် ဖြတ်လမ်းက လိုချင်နေကြတဲ့ ဘုန်းကြီးတွေလို့။ သံဃာတော်တွေရဲ့ မေတ္တာဓာတ်မှာ မေတ္တာအရင်းခံ ရှိပြီးသားဖြစ်တဲ့ ပြည်သူတွေအနေနဲ့ အလွယ်တကူ စီးကူး ပေါင်းစည်းမိသွားကြပါတယ်။ သနားစရာ ကောင်းလောက်အောင် မေတ္တာကို မခံစားခဲ့ဖူးကြတဲ့ သူတွေကတော့ သရဲတစ္ဆေတွေ ပရိတ်တရား မနာဝံ့သလိုဘဲ ဖြစ်နေခဲ့မယ် ထင်တယ်။ စနစ်ကျလှစွာ စည်းကမ်းတကျ ပရိတ်ရွတ်ဖတ် လမ်းလျှောက် ကံဆောင်လာကြတဲ့ သံဃာတော်များကို ပြည်သူတွေ ကျောင်းသားအရွယ် လူငယ်လေးတွေသာမက လူကြီးတွေပါ ၀ိုင်းဝန်းကာရံ ပေးထားကြတာ မြင်တွေ့ရတဲ့ ကျမတို့ရဲ့သွေးတွေ ပြန်လည် ပူနွေးလာကြပါပြီ။ ဒါ ဗမာဟေ့။ ဘယ်တော့မှ ပျောက်ကွယ် ငုတ်လျှိုးမသွားမယ့် တို့မြန်မာတွေရဲ့ အမှန်တရားဘက်က သတ္တိသွေးတွေဟေ့ …။ လူငယ်လေးတွေက ဆံပင် နီကြောင်ကြောင်လေးတွေ၊ ကိုးရီးယား မင်းသားစတိုင်လေးတွေ ပါမယ်။ မိန်းကလေးတွေက ခြေသလုံးတ၀က် ဘောင်းဘီစကတ်လေးတွေ။ ဂျင်းဘောင်းဘီရှည်တွေ ၀တ်ထားကြတာတွေလည်း ပါမယ်။ ထိုင်မသိမ်းနဲ့ ရင်ဖုံးဝတ်မှ မြန်မာပီသမတဲ့လား။ ယဉ်ကျေးမှုဆိုတာ အပေါ်ယံထိန်းသိမ်းရုံနဲ့ ရမတဲ့လား။ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တို့ မြန်မာလူငယ်တွေရဲ့ အသွေးအသားထဲမှာ ရှိနေတယ်လေ။ ကျမ အားတက်ခဲ့ရတယ်။ သံဃာတော်များ ကြွချီလာတဲ့ လမ်းတလျှောက်မှာ ပြည်သူတွေ တခဲနက် အားပေးနေကြတာကို ကြည့်ပြီး ရင်တွင်း ဆန္ဒအမှန်တွေကို မြင်နိုင်ခဲ့ကြပါတယ်။ ကြောက်ရွံ့စိုးထိတ်မှုတွေရဲ့ နောက်ကွယ်က တကယ့်ဆန္ဒ အစစ်အမှန်တွေကို မြင်တွေ့ကြရတာပါ။
ဒီနေရာမှာတော့ တိုင်းပြည်ချစ်တဲ့ တာဝန်သိ ပြည်သူတွေရဲ့ မီဒီယာလက်နက်က အရေးပါခဲ့ပါတယ်။ အရေးကြီးရင် သွေးစည်းတတ်ကြတာလည်း ကျမတို့ မြန်မာတွေရဲ့ ချစ်စရာ အစဉ်အလာလေးပါ။ တဖြေးဖြေး ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာပေမယ့် သူတို့စစ်အုပ်စုဘက်က စောင့်ကြည့်နေဆဲ။ နောက် ၂၅ရက်နေ့ ညဘက် ၁၁နာရီလောက်မှာ လော်စပီကာနဲ့ လိုက်အော်ပါတယ်။ ကျမတို့လည်း သဲသဲကွဲကွဲ မကြားရပါဘူး။ ဒါပေမယ့် အင်တာနက်ထဲမှာ သတင်းတွေ ရောက်လာလို့ `လူ ၅ဦးထက် ပိုမစုရ။ စီတန်း လှည့်လည် လမ်းလျှောက် ဆန္ဒပြခြင်း မပြုရ´ဆိုတဲ့ ပုဒ်မ ၁၄၄ လိုမျိုး ကြေညာချက်ထုတ်မှန်း သိရတယ်။
ညဖက်မှာ သတင်းထူးမယ် ထင်တယ်ဆိုပြီး ဖွင့်ကြည့်မိကာမှ မျက်နှာမကောင်းတဲ့ သံဃာ့နာယက ဆရာတော်တွေကို သာသနာရေးဝန်ကြီးက ကျက်သရေမဲ့တဲ့ မျက်နှာထားနဲ့ ခြိမ်းခြောက်နေတာကို တွေ့လိုက်ရပါတယ်။ ၈၈ - တုန်းကလို ဦးနေ၀င်း တီဗွီထဲကနေ တိုင်းပြည်ကို “ … တည့်တည့်ပစ်မယ် …” လို့ ခြိမ်းခြောက်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ သူတို့ လူမစုရ ပြောပေမယ့် ပြည်သူတွေအင်အားက ပိုပြီးများလာပါသေးတယ်။ နေ့လည် တနာရီလောက်ဆိုရင် လူစုပြီး ထွက်ကြပါတယ်။ ကိုယ်တတ်နိုင်သလောက် ၀ိုင်းဝန်းနေကြတာပါ။
နောက်တနေ့ … တော်သလင်းလပြည့်နေ့ …။ ကျမတို့ စိတ်တွေ လှုပ်ရှားနေမိတယ် …။ သံဃာတွေနဲ့ ပြည်သူတွေ ဘေးရန်ကင်းစေဖို့ပဲ ဆုတောင်းမေတ္တာပို့ဖို့ ကျမတတ်နိုင်ခဲ့ပါတယ်။ ၀ါတွင်းကာလ အခါကြီးရက်ကြီးမို့ ဥပုသ်သီလ ဆောက်တည်ဖို့ သွားတဲ့သူတွေကို ပြန်လွှတ်တယ်။ ဘုရားဖူးတွေကိုလည်း ဘုရားပေါ် ပေးမတက်ဘူး။ ဘယ်လောက်တောင် ဓမ္မန္တရာယ်ဖြစ်နေပြီလဲ။ လူတွေကတော့ သံဃာတော်တွေ ကြွလာမယ့်နေရာတွေမှာ သွားစောင့်နေကြတယ်။ အခြေအနေ ဆိုးလာနိုင်တယ်ဆိုတာ သဘောပေါက်ကြတော့ သတိတော့ ထားနေကြတယ်။
နေ့လည်ပိုင်းမှာ သတင်းဆိုးတွေ ဆက်တိုက် ၀င်လာပါတယ်။ ဒီလိုပဲ မိုက်ရိုင်းလိမ့်ဦးမှာပဲလို့ သိထားပေမယ့် သံဃာတော်တွေကိုတော့ မလုပ်လောက်ပါဘူးလို့ မယုံချင်သမျှ …။ကျမတို့ သမိုင်းမှာ သွေးစက်တွေ ထပ်ပြီး စွန်းထင်းခဲ့ပြီလေ။ စတေးခဲ့ရတဲ့ သွေးချောင်းထဲ သံဃာတော်တွေရဲ့ သွေးတွေပါ ပေါင်းစည်းလာခဲ့ရပြီ။ အကုန်လုံးဟာ တယောက်မျက်နှာ တယောက်ကြည့်၊ တောက်ခေါက်သံတွေ ညံ။ မျက်လုံးတွေထဲမှာလည်း မခံမရပ်နိုင်တဲ့ ဒေါသမီးလျှံတွေ၊ ဆို့နင့်ကြေကွဲမှုတွေ၊ ယူကြုံးမရတဲ့ ဒေါသမုန်တိုင်းတွေ ထန်ခဲ့ကြရတယ်။ အဲဒီနေ့က မိုးတွေကလည်း ခြိမ်းလိုက်တာ …။ မိုးကြိုးပစ်သံတွေကိုလည်း ကြားနေရတယ်။ သကြားမင်းကတော့ သတိပေးရုံ သက်သက်ပဲထင့်။ မိုးကြိုးလက်နက်ဟာ သူတို့အပြစ်နဲ့စာရင် သက်သာလွန်းနေလို့ ဖြစ်မှာပဲ။
လမ်းတွေပေါ်မှာ လူသူတွေ ခြောက်ကပ်၊ ဆိုင်တွေ စောစောပိတ်၊ ရုံးသူရုံးသားတွေလည်း စောစောပြန်ကြနဲ့။ လမ်းပေါ်မှာ စစ်ကားတွေ … စစ်ကားတွေ။ လက်နက်မရှိတဲ့ သူတွေကို ရင်ဆိုင်ဖို့ သေနတ်တွေထောင်၊ ဒိုင်းတွေနဲ့ အကာအကွယ်ယူ။ လည်စည်း အနီတွေ၊ ခရမ်းတွေ။ မျက်နှာတွေကို စေ့စေ့ မကြည့်ချင်ပေမယ့် ဘယ်လိုမျက်နှာထားတွေမျိုးနဲ့ နေကြပါလိမ့်လို့ စက်ဆုပ်စွာ ကြည့်မိတော့ … အံ့သြစရာ …။ တင်းမာခက်ထန် နေရမယ့်အစား မောပန်းနွမ်းနယ် နေကြလေရဲ့။ အော်… သူတို့တွေလည်း “ … သံဃံ သရဏံ ဂစ္ဆာမိ…” ရွတ်ဆိုဖူးခဲ့ကြသူတွေ ဖြစ်မှာပါ။ အဇာတသတ်လို ဒေ၀ဒတ်ကို ဆရာတင် မှားမိလေတော့ …။
ကျမတို့တွေလည်း သတင်းတွေ နားထောင်၊ တယောက်နဲ့ တယောက်ဖလှယ် အင်တာနက်ထဲကနေ အချင်းချင်း ဆွေးနွေး တိုင်ပင်ကြနဲ့ သွေးတွေ ပွက်ပွက်ဆူနေခဲ့ကြပါတယ်။ လုပ်ရက်လေခြင်း၊ မိုက်ရိုင်းလိုက်ကြတာ။ ဘာတဲ့ … သံဃာ အတုအယောင်တွေပါတဲ့။ သံဃာတွေကို စော်ကားပြီးရင်း စော်ကားနေလိုက်ကြတာ …. နောက်ဆုံးတော့ သံဃာစင်ပါ မှောက်ခဲ့ရပြီလေ။ ငွေကြာယံ ဘုန်းကြီးကျောင်းကို ၀င်စီးတယ်တဲ့။ ဘယ်လိုမှ ကြားလို့ မသင့်တော်။ ရန်သူ့စခန်း သိမ်းသလိုမျိုး ဘုန်းကြီးကျောင်းကို ၀င်၊ ရိုက်နှက် လုယက် လုပ်သွားလိုက်ကြတာ။ သူတို့ ဘယ်လိုစစ်သား အရိုင်းအစိုင်းတွေကို ဘုန်းကြီးကျောင်းထဲ ၀င်ဖျက်ဆီးခိုင်းသလဲ။ အရင်က ရွာတွေဝင် မီးရှို့ဖျက်ဆီး မုဒိမ်းကျင့်တာ တပ်မတော်က လုပ်တယ်ပြောရင် သိပ်မယုံလှဘူး။ အခုလို အထင်ကရ ရန်ကုန်မြို့ကြီးပေါ်မှာ ဒီလို အဖြစ်အပျက်တွေ ဖြစ်ခဲ့တာကို ကိုယ်တိုင်သိလိုက်ရတဲ့ အခါကျမှ လူမသိ သူမသိ ရိုင်းစိုင်းနှိပ်စက် အနိုင်ကျင့်ခံရတာတွေကို မှန်းကြည့်လို့ ရခဲ့ပါတယ်။
သူတို့အနေနဲ့ အရင်ကလို တခုတည်းသော အစိုးရ မီဒီယာတွေနဲ့ လိမ်ချင်တိုင်းလိမ်၊ ညာချင်တိုင်း ညာလို့ မရတော့တဲ့အတွက် ခေတ်မီ နည်းပညာတွေကို ကျမတို့ ပြည်သူတွေ ကျေးဇူးတင်လို့ မဆုံးပါဘူး။ စစ်အစိုးရသတင်းက လိမ်ဖို့ ညာဖို့ ပြင်ဆင်တုန်း အင်တာနက်ထဲမှာ ပုံတွေနဲ့ သတင်းတွေ နောက်ဆုံးမိနစ်ပိုင်း အချိန်အထိ ပြည်သူ့သတင်းတွေက ဦးနှင့်နေပြီ။ သူတို့ဘက်ကို ထိလာတော့ ထုံးစံအတိုင်း ညစ်ပတ်ပြီပေါ့။ မျက်စေ့ထဲ သဲနဲ့ ပက်လိုက်တာလေ။ အင်တာနက် ကွန်နက်ရှင်တွေ အကုန်ဖြတ်၊ ဖုန်းတွေ ခေါ်မရ၊ မိုဘိုင်းဖုန်းတွေ အကုန်ပိတ်၊ မက်ဆေ့ခ်ျတွေလည်း ပို့မရ။
အဲဒီတော့လည်း ရေဒီယိုတွေ နေ့ချင်းညချင်း အ၀ယ်လိုက်ကြတာ။ ပြည်သူတွေ နားထောင်ချင်တာ တကယ့်သတင်းမှန်။ ကိုယ့်အခြေအနေ ပြန်စစ်ကြည့်ရင် သူတို့ရဲ့ မီဒီယာတွေ ဘယ်အဆင့် ရောက်နေပြီလဲ သိသင့်တာကြာပြီ။ ပြောချင်ရာပြော ရေးချင်တာရေးထားတဲ့ သတင်းတွေကို သူတို့ကိုယ်တိုင်ရော နားထောင်ဖြစ်၊ ဖတ်ဖြစ်မယ်မထင် (ကိုယ့်ပုံကိုယ်ကြည့်ဖို့ကလွဲရင်)။ မသိနားလည်သေးတဲ့ စကားမပြောတတ်သေးတဲ့ ကလေးကတောင် ကိုးရီးယားဇာတ်လမ်းပြီးလို့ သတင်းလာတာနဲ့ ရုပ်မြင်သံကြားကို လာပိတ်တော့တာပဲ။ မီဒီယာတွေရဲ့ အမှန်တရားရိုက်ချက်က တော်တော် အထိနာသွားလို့ သူတို့တွေ ဟန်ကိုယ့်ဖို့တောင် မလုပ်နိုင်တော့။ နိုင်ငံပိုင် သတင်းစာ တမျက်နှာ အပြည့်နီးပါး သွေးရူးသွေးတန်း ထအော်တော့တာပဲ။ ပြည်သူတွေကတော့ ရပ်ကွက်ထဲက အော့ကြောလန် အရက်သမား လူရမ်းကား အရက်မူးပြီး ရမ်းနေသလိုသာ သဘောထားတော့တယ်။ အမူးသမား စကားတော့ ဘယ်လိုအော်အော် ဘယ်သူမှ အရေးမထားပါဘူး။ သိက္ခာမရှိတဲ့သူရဲ့ စကား ဘယ်သူယုံလို့ နားထောင်မှာလဲ။
ကျမတို့တွေကတော့ သတင်းမှန်သိနိုင်မယ့် နောက်ကိုသာ အတင်းလိုက်ကြတော့တယ်။ ရေဒီယိုသတင်း၊ ဂြိုလ်တုစလောင်းတွေက သတင်းတွေကိုသာ ကြည့်ကြတယ်။ ဘယ်လိုမှ ဖုံးလို့မရ၊ ဖိလို့မရ။ ကမ္ဘာ့အလယ်မှာ သူတို့ အရှက်တကွဲ အကျိုးနည်းခဲ့ရပြီ။ ကျမတို့မှာလည်း သတင်းတွေကြည့် နားထောင်နဲ့။ အစားအသောက်လည်း ကောင်းကောင်း မ၀င်၊ အိပ်လို့လည်း မပျော်။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ညအခါသမယမှာ ကားကြီးသံတွေ လမ်းမပေါ်မှာ ကြားနေရတော့ `အော်… ဘယ်သူတွေကို ထပ်ဖမ်းလာပြီး နှိပ်စက်ဦးမလဲ´လို့ စိတ်မချမ်းသာ အိပ်မရ။ ထထိုင်ပြီး တွေးနေမိပြန်။ ငါတို့တွေ ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်မှ ငါတို့တိုင်းပြည် လူလူသူသူ ပြန်ဖြစ်လာမလဲ။ တွေးရင်း တွေးရင်း စိန်တုံး စိန်ခဲတွေကို မြင်လာ၊ `စိန်အစစ်ဆိုတာ ဒါမျိုးကို ခေါ်သတဲ့´။ စိန်အစစ်လည်း ပြည်သူတွေ မမြင်ဖူးချင်ပါဘူး၊ ပြည်သူတွေက အလင်းရောင်လေးနဲ့ နေချင်ရုံလေးပါ။ အဖမ်းခံရတဲ့သူတွေ အနှိပ်စက်ခံရတဲ့သူတွေ မပြောနဲ့။ ပြည်သူတွေအားလုံး စိတ်မချမ်းမသာ ဖြစ်ခဲ့ရတဲ့ ရက်တွေပါ။ နောက်တခါ ထပ်ရှုံးခဲ့ရင်ဖြင့် နောက်ထပ် ၁၉-နှစ် အနှစ်နှစ်ဆယ် နီးပါး အဖိနှိပ်ခံရမယ့် အရေးကိုလည်း တွေးမိတိုင်း အခုပွဲကို အမှန်တရားဘက်ကပဲ အနိုင်ရစေချင်နေကြပါတယ်။
ရှုံးလို့မဖြစ်ဘူးလို့ အချင်းချင်း အားပေးပေမယ့် လက်နက်ကိုင်နဲ့ လက်နက်မဲ့တို့ရဲ့ တိုက်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာကို သူတို့ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဆန္ဒပြသူတွေရဲ့ စိတ်ဓာတ်အင်အားကိုတော့ သူတို့ယှဉ်လို့မရခဲ့ပါဘူး။ ရပ်တည်တဲ့ ဘက်ကပဲ ကြည့်ကြည့်၊ ယုံကြည်ချက်နဲ့ စွန့်ရဲနိုင်မှုကပဲ ကြည့်ကြည့် တာဝတိံသာနဲ့ အ၀ိစိလောက်ကွာပါတယ်။ သူတို့တွေ သတင်းတွေ ဒီလောက်ပိတ်ထားတဲ့ ကြားက မြင်ရတဲ့ အနိဌာရုံ မြင်ကွင်းတွေကို မမြင်ချင် မကြည့်ချင်ပေမယ့် အမှန်တရားကို သိအောင်တော့ အားတင်းပြီး ကြည့်ကြရ။ ရင်ထဲမှာလည်း ဆို့နင့်နေလို့။ ကလေးတွေ မမြင်အောင်တော့ ကွယ်ထားရသေးတယ်။ ဘယ်သူတွေက လုပ်လို့ ဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလဲ မေးရင် ကျမ ဘယ်လိုဖြေရမလဲ။ နုနယ်လှတဲ့ ကလေးတွေကို အစိုးရ မကြိုက်တာ လုပ်မိလို့ အမှန်တရားဘက်က ရပ်တည်မိလို့ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံရတယ်လို့ အမှတ်မမှားစေချင်ဘူး။
ဒီလို ဆိုးဝါးရက်စက်တဲ့ သူတွေကို ဘာလို့ မေမေတို့က ဒီအတိုင်း ငုံ့ခံနေကြတာလဲလို့ မေးလာခဲ့ရင်လည်း ကလေးတွေရဲ့ သူရဲကောင်းကြီးပဲ လုပ်ချင်တဲ့ ကျမ ဖြေရမှာ ရှက်တယ်။စွန့်ဝံ့တဲ့ သူတွေကတော့ စွန့်သွားကြတယ်။ ကိုယ့်အသိုက်အမြုံလေး ပြိုကွဲမယ်မှန်း သိပေမယ့် ၊ ကိုယ့်ချစ်တဲ့ သူတွေနဲ့ ခွဲသွားရမယ်မှန်း သိပေမယ့်၊ ကိုယ့်အတွက် ယုံကြည်ချက်ကလွဲလို့ ဘာမှ မယူဆောင် သွားနိုင်ခဲ့ကြတဲ့ အသက်စွန့် သွားကြတဲ့၊ ကိုယ်ပင်ပန်း စိတ်ဆင်းရဲ ခံနေကြရတဲ့ သူတွေအတွက် ကျမတို့ အေးအေးသက်သာ မေ့မေ့လျော့လျော့ နေရက်ကြမှာလား။ ရောက်တဲ့နေရာမှာ ကိုယ်ယုံကြည်တာတွေကို မေ့ပြီး ပျော်နေသင့်သလား။
ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သူချစ်လှစွာသော မိသားစုနဲ့ အေးအေးချမ်းချမ်း နေနိုင်တဲ့ ဘ၀ကိုထားခဲ့ပြီး ဘာအတွက် မြန်မာပြည်မှာ ဒုက္ခခံပြီး နေနေရသလဲဆိုတာကို ကိုယ်ချင်းစာကြည့်ပေးကြပါ။ ကိုယ့်သားသမီးတွေ ကောင်းစားဖို့ စဉ်းစားနေတဲ့ အချိန်မှာ သွေးမြေကျခဲ့ရတဲ့ ကျောင်းသားလေးတွေကို သတိရပေးကြပါ၊ ဘုရားရှိခိုး အာရုံပြုတိုင်းလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာ မေ့မထားကြပါနဲ့။ နောက်ဆုံးတော့ ဆရာကြီးဇော်ဂျီရဲ့ ‘တို့တိုင်းပြည်’ကဗျာထဲကလိုပဲ တောကပြိတ္တာ မဖြစ်ရလေအောင် တစိပ်တ၀မ်းညီညီနဲ့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်စီတာဝန်ယူတတ်ကြရင်တော့ရွှေပြည်တော်မျှော်တိုင်းမဝေးလောက်တော့ပါဘူးလို့ ယုံကြည်ပါတယ် …။ ။
မြန်မာအမျိုးသမီးတဦး

Saturday, March 22, 2008

မိမိကိုယ်ကို မီးရှို့ခြင်းဖြင့် ဆန္ဒပြကုန်ကြပြီ


ရန်ကုန် နဲ့ မြို့ကြီးတော်တော်များများမှာ ခုဆိုရင်မြေအောက်တော်လှန်ရေးတွေကို စနေကြပါပြီ။ ပြည်သူတွေလဲ ဖိနှိပ်မှုတွေကို မခံချင်တဲ့စိတ် ဆင်းရဲလွန်းလို့ ငတ်မွတ်နေရတဲ့ဘဝတွေက လွတ်မြောက်ချင်တဲ့စိတ် စစ်ဖိနပ်အောက်မှာ အနင်းခံထားရတဲ့ လူ့အခွင့်အရေးတွေကို ငတ်မွတ်တဲ့စိတ် ဒီစိတ်တွေရဲ့ ဖိစီးမှုကြောင့် အားလုံးက သေမထူးနေမထူး ဆိုတဲ့ စိတ်တွေဖြစ်နေကြပါပြီ။
စစ်အစိုးရဟာ လူတွေရဲ့ကြောက်ရွံ့မှုကို အသုံးချပြီး မတရားအုပ်ချုပ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် သူတို့က လူသားတစ်ဦးရဲ့ သည်းခံနှိုင်မှု အတိုင်းအတာကို ထည့်မတွက်ခဲ့ပါဘူး။ အခုဆိုရင် ပေါက်ကွဲလုနီးနီး ဖြစ်နေတဲ့ ပြည်သူတွေရဲ့ ခံစားမှုတွေဟာ နောက်ဆုံးငြိမ်သက်ခြင်းဆိုတဲ့ အခြေအနေကိုရောက်နေခဲ့ပါပြီ။ မကြာခင်အကြီးအကျယ် ပေါက်ကွဲပွင့်ထွက် လာပါတော့မယ်။
မနေ့ကဘဲ အမျိုးသားတစ်ဦးက ခုလို သက်သေပြခဲ့ပါတယ်။ မတ်လ၊ ၂၁ရက် သောကြာနေ့ ဟာ တပေါင်းလပြည့်နေ့ဖြစ်တဲ့အတွက် ရွှေတိဂုံဘုရားရင်ပြင်မှာ ညနေခင်းဘုရားဖူးများနဲ့ ပြည့်နှက် စည်ကားနေခဲ့ပါတယ်။ ဒီလိုအေးချမ်းနေတဲ့ ညလေးရဲ့ ၈ နာရီလောက် မှောင်စပျိုးချိန်မှာတော့ ဒီအေးချမ်းမှုလေးက အားလုံးလန့်နိုးခဲ့ရပါတယ်။
သောကြာထောင့်မှာ ဘုရားဖူးနေသူတွေထဲက အမျိုးသားတစ်ဦးက ဘာမပြောမဆိုနဲ့ အသင့်ယူလာတဲ့ ဓါတ်ဆီပုလင်းကို ထုတ်ပြီး သူ့ကိုယ်သူ စလောင်းပါတော့တယ်။ ဘေးကလူတွေလဲ အံအားသင့်ပြီး ကြောင်နေကြတုန်းဘဲ သူကမီးခြစ်ကို စခြစ်ပြီး ကိုယ့်ကိုယ်ကို မီးစရှို့လိုက်ပါတော့တယ်။ ဒီတော့ဘေးက ဘုရားဖူးတွေလဲ သတိပြန်ဝင်လာပြီး ဂေါပက အဖွဲ့တွေလဲ ရုပ်ရှင်ထဲကလို တော်တော်ကြာတော့ ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ဘေးက တာဝန်သိသူတွေရဲ့ ကူညီမှုနဲ့ အဲဒီလူကို အသက်မဆုံးခင် ဝိုင်းပြီး မီးငြိမ်းပေးနှိုင်ခဲ့ပါတယ်။ ပြီးတာနဲ့ ဆေးရုံကားတော့မခေါ်ဘဲ ဂေါပကရုံးကို ထမ်းခေါ်သွားခဲ့ကြပါတယ်။ ဂေါပကရုံးထဲအရောက်မှာ တကိုယ်လုံးမီးကျွမ်းထားလို့ မဲနက်စုတ်ပြတ်နေတဲ့လူက သတိပြန်ရလာပါတယ်။ ဒီမှာတင် သူဘာကြောင့်ခုလို လုပ်ရတယ် ဆိုတာအားလုံးသိလိုက်ရပါတော့တယ်။
သူသတိပြန်လည်လာတာကို ဘယ်သူမှ မသိလိုက်ခင်မှာဘဲ ဂေါပက ရုံးခန်းထဲကနေ ရုတ်တရက် အပြင်ကို ဒါဏ်ရာတွေနဲ့ ထပြီးပြေးပါတော့တယ်။ ပြီးတော့…စစ်အစိုးရကျဆုံးပါစေ စစ်အစိုးရကျဆုံးပါစေ စစ်အစိုးရျကဆုံးပါစေ ဆိုပြီး အသံနက်ကြီးနဲ့ အော်တော့တာပါဘဲ။ အင်မတန်ကြေကွဲတုန်လှုပ်စရာကောင်းတဲ့ မြင်ကွင်းပါလို့ မျက်မြင်သက်သေ တချို့က မျိုးချစ်မြန်မာ ရဲ့ မိတ်ဆွေကို ပြောပြခဲ့ပါတယ်။ ဒီမှာတင် ဂေါပကတွေလဲ မျက်လုံးပြူးပြီး သူ့ကို ကမန်းကတမ်း ဖမ်းချုပ်လို့ တနေရာကိုထပ်ခေါ်သွားပါတော့တယ်။ သေချာတာကတော့ အဲဒါ ဆေးရုံကို မဟုတ်ဘူးဆိုတာပါဘဲ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ကိစ္စဟာ ဗုဒ္ဓဘာသာအရမှားယွင်းပါတယ်။ အဖန်ငါးရာငါးကမ္ဘာ ပြန်ငရဲခံရပါတယ်လို့ ဆိုရိုးရှိခဲ့ပါတယ်။ ဒါပေမယ့်ဗျာ။ အခုလုပ်ခဲ့တဲ့သူကတော့ သနားစရာပါဘဲ။ နည်းနည်းနောနော နာကျည်းမှုနဲ့ သတ္တိမရှိဘဲနဲ့တော့ ဒီလိုလုပ်ဖို့ မဖြစ်နှိုင်ပါဘူး။ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေ ဒီအတိုင်းသာ ဆက်ပြီး အဖိနှိပ်ခံနေရမယ်ဆိုရင်တော့သူ့ခြေရာနင်းပြီး အသက်စွန့်ရဲတဲ့ ပုန်ကန်သူတွေ ထပ်ပေါ်လာတော့မှာပါ။
ကျွန်တော်စိုးရိမ်ထားသလို မြန်မာပြည်ရဲ့ ပြည်တွင်းသတင်း စာမျက်နှာတွေဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေလို တစ်ပတ်တစ်ခါ အသေခံဗုန်းခွဲမှုတွေနဲ့ ပြည့်မလာပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။
မျိုးချစ်မြန်မာ
(မှတ်ချက်။ သတင်းပေးပို့ သူအား အထူးကျေးဇူးတင်ပါသည်)
နောက်ဆက်တွဲဖြည့်စွက်ချက်။ ။
ချင်းမိုင်။ ။ ရွှေတိဂုံဘုရားပေါ်တွင် မိမိကိုယ်ကို မီးရှို့ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ လူငယ်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားပြီ ဖြစ်ကြောင်း ရန်ကုန်မှလာသော အေပီ သတင်းတပုဒ်က ဆိုသည်။
ဆေးရုံမှ အရာရှိတဦးကို ကိုးကားသော သတင်းအရ ခန္ဓာကိုယ်တွင် (၆၀)ရာခိုင်နှုန်းကျော် မီးလောင်ခံထားရသူ အသက် (၂၆) နှစ်အရွယ် ကိုကျော်ဇင်နိုင်သည် ယခုလ (၁၇) ရက်နေ့ ကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိဖြစ်သူ ကိုဇင်နိုင်သည် မတ်လ (၂၁)ရက်နေ့၊ သောကြာနေ့က ရွှေတိဂုံ ဘုရားပေါ်တွင် လူစည်ကားချိန်၌ ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာ လုံခြုံရေးများက ၀ိုင်းဝန်း ဆေးရုံပို့ခဲ့သည်။
မျက်မြင်သက်သေများကို ကိုးကားသော အစောပိုင်း သတင်းများအရ ကိုကျော်ဇင်နိုင်သည် ကိုယ်ကို မီးရှို့ခြင်း မပြုလုပ်မီတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုပြီးနောက် "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။
စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် ကုန်ဈေးနှုန်းကြီး ကျဆင်းရေး ဆန္ဒပြမှုများ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆက်တိုက် ဖြစ်ပွားခဲ့သည်။
သို့သော် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်တွင် အစိုးရအပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည်သည်အထိ စွန့်စားမှုမျိုးသည် ပထမဦးဆုံး ဖြစ်သည်။

Thursday, March 20, 2008

In Solidarity with the Tibetan People


"No man is an island, entire of itself; every man is a piece of the continent, a part of the main...... any man's death diminishes me, because I am involved in mankind, and therefore never seek to know for whom the bell tolls; it tolls for thee."

"Meditation XVII"---John Donne

“ဒို့ဗိုလ်ချုပ်က ပြောခဲ့တယ်”


“ဟေ့ … သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။

ရန်သူကမိရင် ‘လက်’အားရင် လက်နဲ့ထိုး၊ ‘ခြေ’အားရင် ခြေနဲ့ကန်ပါ။

နောက်ဆုံး ‘ပါးစပ်’အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲသာသေပြလိုက်တာပေါ့။”

(ဗိုလ်ချုပ်အောင်ဆန်း - ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား)

Wednesday, March 19, 2008

“အမျိုး၊ ဘာသာ၊ သာသနာ အတွက်”


“ကျနော်တို့ဟာ
ဘာအလုပ်ပဲလုပ်လုပ်
ပြီးတဲ့အထိ...၊
နောက်ဆုံးတနေ့ ပြီးတဲ့အချိန်မယ်
ရှုံးမယ်ထင်သည်ဖြစ်စေ...
နိုင်မယ်ထင်သည်ဖြစ်စေ...
မလျော့တမ်းဇွဲနဲ့
ကျနော်တို့ သွားရမယ်။”

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)

Friday, March 14, 2008

နိုးလော့ ထလော့ ကျောင်းသားတပ်မတော်


လွတ်မြောက်ရေး မုန်တိုင်းများ၏ နိဒါန်း
သားချစ် (ဟစ်တိုင်)

မကြာမှီရောင်နီ လာတော့မည်၊ ကျောင်းသားရဲဘော်များ၏ နှင်းမြူများကြားမှ ထွင်းဖေါက်ထွက်လာသော နံက်စောစော လေ့ကျင့်ရေးကွင်းဆီမှ ညီညာစွာ အော်ဟစ်လိုက်သော "ဘာစိတ်ဓါတ်လဲ….ခွပ်ဒေါင်းစိတ်ဓါတ်" အသံများက တောင်နံရံတ၀ိုက်၌ ဟိန်း၍ ပဲ့တင်ထပ်နေသည်၊ ကျနော်ရဲ့ ဘေးတွင်လည်း ခွပ်ဒေါင်းစစ်သည် နှစ်ဦး၏ အသံများသည်လည်း အေးစက်စက် ဆောင်းလေတိုး၍ စကားပြောသံများ တိုးသွားလိုက် ကျယ်သွားလိုက် မီးပုံကိုအာရုံပြုကာ ရှင်းပြဆွေးနွေးလျှက်၊ ကျနော်သည်လည်း မနောတောင်တန်းများ၏ အအေးဒါဏ်ကို ကြံ့ကြံ့ခံလျှက် သူတို့ပြောသမျှကို ကြုံးငုံ့၍ ရေးလျှက်မှတ်လျှက်၊ လက်များကတော့ ခဲသွားမလား လို့ပင်ထင်ရအောင် အေးစက်နေသည်၊ သို့သော် သူတို့ပြောတဲ့ အရှိန်ကြောင့် ခန္ဓာကိုယ်မှ သွေးများက အရှိန်ပြင်းစွာ လည်ပါတ်နေသည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့သိမ်းတိုက်ပွဲသည် ထိုနေ့က လိုင်စင်ဒေသနံနက်ခင်း ရေခဲများကို အရည်ပျော်စေခဲ့သည်။

တိုက်ပွဲ အတွက် ကနဦးပိုင်း အခြေအနေ

မိုးညှင်းတိုက်ပွဲသည် ကျောင်းသားပြည်သူအားနှင့် လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သဖြင့် လူထုတရပ်လုံး ထောက်ခံမှုရခဲ့သော မြို့သိမ်းတိုက်ပွဲကြီး၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကို န.၀.တစစ်အုပ်စုက ရက်ရက်စက်စက် ဖြိုခွဲပြီးနောက် မိုးညှင်းမြို့ခံလူထုများ၏ အနာဂါတ်ရင်သွေးငယ်များ၊ အရေးတော်ပုံနှင့် ပါတ်သက်နေသောသူများအား ဖမ်းဆီးချုပ်နှောင် ထောင်သွင်း အကျဉ်းကျခံမူများမှ လွတ်မြောက်စေခဲ့သော တိုက်ပွဲကြီးဖြစ်သဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်၏ အရေးပါအရာရောက်သော တိုက်ပွဲတပွဲ၊ ခွပ်ဒေါင်းတို့၏ လွတ်မြောက်ရေး တပ်လှန့်သံဟုပြောလျှင် ရပေမည်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုကျောင်းသားပေါင်းစပ်မှု အရှိန်ကြီးကြောင့် ထိုကျောင်းသား လူငယ်များ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြရသည်။

ထိုတိုက်ပွဲထဲတွင် လူထုအားနှင့် ကျောင်းသားအား။ လက်နက်ကိုင်အင်အားကို အထူးပေါင်းစပ် ပေးနိုင်ခဲ့သူများမှာ ကျောင်းသားတပ်မတော်မှ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦး၊ ဗိုလ်ထွန်းလွင်တို့ ဖြစ်ကြသည်၊ ဗိုလ်ဇော်ဦးသည် ရှမ်းပြည်တောင်ပိုင်းတောတွင်းတနေရာ၌ တိုက်ပွဲတွင် ကျဆုံးသွားခဲ့သူတဦးဖြစ်ပြီး ဗိုလ်ပီတာသည် ၁၉၉၄-မေလခန့်က ဖားကန့်ဒေသ၌ ရန်သူလက်ချက်နှင့် အသက်စွန့်သွားသူဖြစ်သည်၊ ဗိုလ်ဦးဝင်းသည် ကေအိုင်အိုအခြေစိုက် လိုင်ဆာဒေသ နောင်လာပါစခန်းတွင် ငှက်ဖျားရောဂါဖြင့် ၁၉၉၆တွင် ကွယ်လွန်ခဲ့၍ သူ၏ရုပ်ကလပ်သည် ထိုစခန်း၌ ငြိမ်းချမ်းစွာလဲလျောင်းလျှက်၊ ဗိုလ်စိန်အေး(အတွင်းရေးမှူး ကျောင်းသားတပ်မတော်)မြောက်ပိုင်းသည် ၁၉၉၈တွင်နယ်စပ်တနေရာ၌ အဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သရက်အကျဉ်းထောင်တွင် ၁၇-နှစ်နှစ်ချုပ်နှောင်ထားခြင်းကို ခံနေရသူတဦးဖြစ် သည်။ ၁၉၈၈မှ ယခုတိုင် ဒီမိုကရေစီလွတ်မြောက်မှု တိုက်ပွဲများအတွက် မြောက်ပိုင်း ကျောင်းသားရဲဘော်များက အယောက်တရာကျော် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည်။

ယခင်ကာလများ၌ မိုးညှင်း၊ နမ္မား၊ မော်လူး၊ မော်ဟန် ထိုရှမ်းနီအများစုနေသော ဒေသများသို့ ကေအိုင်အိုသည် အနီးသို့ပင် ခြေချခွင့်မရနိုင်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် အတိတ်သမိုင်းများတွင် ရှမ်းနီနှင့် ကေအိုင်အိုတို့ကြီးစွာ ပတိပက္ခဖြစ်ခဲ့ကြ၍ လူမျိုးစုခြင်း သွေးချောင်းစီးခဲ့ကြရဖူးသည်။ သို့သော်မိုးညှင်းတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ထိုဒေသမှလူထုတရပ်လုံး၏ လေးစားချစ်ခင် ယုံကြည်မှုကို ကေအိုင်အိုမှ ရရှိလိုက်သည်။ ယနေ့လူထုတရပ်လုံး၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက သင်ခန်းစာယူ၍ ရှေ့သို့တဟုန်ထိုးတက်ရန် လိုအပ်လာသည့်အချိန် ကျရောက်နေပြီ။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်မှု အရှိန်သည် ကြီးစွ။ ယနေ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတချို့၏လက်နက်များသည် န.အ.ဖ၏ မက်လုံးပေးမှုများ အောက်တွင် အရည်ပျော်နေလျှက်ရှိသည်။ သူတို့သည် သူတို့၏ တကိုယ်ရေအကျိုးစီးပွားကြောင့် လူထုနှင့်တော်လှန်ရေးကို ကျောခိုင်းနေကြသည်။ ထို့ကြောင့် စစ်ဖိနပ်အောက်၌် ဖိနှိပ်မှုများစွာ ဆက်၍ဆက်၍ ဖြစ်ပေါ်လျှက်ရှိနေသည်။ လူထုအကျိုးကိုလိုလားသော လူမျိုးစုလက်နက်ကိုင် အင်အားစုများမှ ရဲဘော်များ၏ လက်များသည်လည်း သေနတ်မောင်းခလုပ်ထဲ၌ လက်ညှိုးထည့်လျှက်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ စနစ်တကျပေါင်းစပ်နိုင်မည့်အချိန် ကျရောက်လာလျှင်ဖြင့် ရန်သူသည်မကြာမှီ ကသောကမျှော ပြေးကြရတော့မည်ကို ဤမိုးညှင်းတိုက်ပွဲက သက်သေပြုလျှက်ရှိနေသည်။

တိုက်ပွဲ အတွက် ကျနော်အသိချင်ဆုံးအရာသည်ကား ထိုသုံးခု ………
မိုးညှင်းမြို့၏ ပထ၀ီဝင် အနေထား၊
ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ ရေးဆွဲမှု၊
ကျောင်းသားပြည်သူများ၏ အားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်းချေပေါ့လေ …. ။

မိုးညှင်းမြို့၏ ပထ၀ီဝင် အနေအထား

မိုးညှင်းမြို့၏ အရှေ့ဘက်တွင် ကြီးမားသောတောင်ကြီးက မားမားမတ်မတ် ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းညှို့ညှို့ မှုံမှိုင်းလျှက်၊ လယ်ကွက်တချို့က တောင်ခြေနှင့်ထိစပ် ယှက်နွယ်လျှက်၊ လူနေရပ်ကွက်တချို့က တောင်ခြေကို ဦးခိုက်လျှက်၊ ထိုတောင်ခြေနှင့်ကပ်လျှက် ရပ်ကွက်များ ဖြစ်သော အောင်သပြေ၊ အရှေ့စု၊ မိုးတားစု တို့တည်ရှိကြသည်၊ ထိုမှတဆင့် ဆင်းလာလျှင် ကားလမ်းမကြီးက တောင်မြောက်သွယ်တန်းလျှက်၊ မြောက်ဘက်သို့ယွန်းသော မြစ်ကြီးနား၊ တောင်ဘက်တွင် မန္တလေး၊ ထိုမှအနောက်ဘက်သို့ ဦးတည်လျှင် သာယာလှပသော နမ့်ရင်းချောင်းကြီးက မိုးညှင်းမြို့ကြီးကို ရစ်ခွေပတ်ကာ စီးဆင်းလျှက်။

ထိုနမ့်ရင်းချောင်းပေါ်၌ ကြိုးတံတား၊ အုတ်ကျင်းတံတား၊ သံတံတား၊ နောင်စွန်းတံတား တို့ ဖြတ်သန်းလျှက်ရှိသည်၊ ထိုမှအနောက်လွန်လျှင်မန္တလေး၊ မြစ်ကြီးနားသံလမ်းကြီးက ဖြောင့်တန်းစွာ မြို့အလယ်၌ လဲလျောင်းလျှက်၊ ထိုမိုးညှင်းဘူတာဘေးတွင် ရှေတန်းတပ်ရင်းရုံးက ကပ်လျှက်တည်ရှိပြီး မိုးညှင်းတောင်ဘက်တွင် တပ်ရင်း(၁၅)က မဲပုတ်ပုတ် ၀ပ်တွားတည်ရှိလျှက် ရှိနေသည်။

ကချင်ပြည်နယ်၌ လွင်ပြင်ကြီးသုံးခုရှိသည်။ ကောက်ကွေ့လွင်ပြင်၊ နမ့်ရင်းလွင်ပြင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် တို့ဖြစ်ကြသည်။ ထိုထဲမှ နမ့်ရင်းလွင်ပြင်သည် ကချင်ပြည်နယ်တခုလုံးသာမက အထက်မြန်မာတပြည်လုံးကိုပင် ကျွေးမွေးသုတ်သင်နေသလို ရှိလျက်နေသည်။ နမ့်ရင်းလွင်ပြင်ပေါ်၌ မိုးညှင်းမြို့က ထီးထီးမားမား တည်ရှိနေသည်။ မိုးညှင်းဒေသရှိ လူထုတရပ်လုံးသည် လယ်ယာဖြင့် အသက်မွေး ၀မ်းကြောင်းပြုကြသည်။ သူတို့သည် ရိုးသားသော တောင်သူလယ်သမား ရှမ်းလူထုများဖြစ်ကြပြီး ဖိနှိပ်ခံစနစ်ဆိုးကြောင့် စစ်အုပ်စုကို တူးတူးခါးခါး ရွံရှာမုန်းတီးကြသည်။ မိုးညှင်းမြိုနယ်ထဲ၌ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီး အိုင်သည် လှပစွာငြိမ်ဝပ်စွာတည်ရှိနေပြီး ထိုအိုင်မှာ မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအိုင်ကြီးဖြစ်ကာ ရေအိုင်အလယ်၌ အင်းတော်ကြီးရွှေမဉ္ဇူ ဘုရားကလည်း သပ္ပါယ်စွာ တည်ရှိနေသည်။ ဗုဒ္ဓဘာသာဝင် တောင်သူများတည်ရှိသောမြို့ ဖြစ်သဖြင့် အေးချမ်းသော လုပ်ငန်းများဖြင့် ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်သော လူထုများဖြစ်ကြသည်။ လယ်ယာလုပ်ငန်းမှ ရရှိလာသော သူတို့၏ အရင်းအမြစ် ချွေးနဲစာများသည် လှူရေးတန်းရေးသာ ဖြစ်ကြသည်။ လယ်ယာလုပ်ငန်းပြီးစီးလျှင် ကျောင်းကန်ဘုရား သွားကြမည်။ လူငယ်များက ဖါးကန့် ကျောက်စိမ်းမှော်ထဲသို့ သွားကြသည်။

ထိုဒေသရှိ တောင်သူလယ်သမားများအပေါ် စစ်အုပ်စု၏ ဗိုလ်ကျဖိနှိပ်ဂုတ်သွေးစုပ်မှုများက ရှစ်လုံးလေး အရေးတော်ပုံကြီးတွင် တက်ကြွစွာပါဝင်လာစေရန် မီးပွားကြီးတခုဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ထိုသမိုင်းဝင် အရေးတော်ပုံကြီးတွင် မိုးညှင်းလူထုတရပ်လုံးမှ လေထဲမိုးထဲရေထဲ၌ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။ မြန်မာတပြည်လုံး လူထုတရပ်လုံး၏ တောင်းဆိုမှုများနှင့် တထပ်တည်း တသားတည်း ကျခဲ့သည်။ ၁၉၈၈ စက်တင်ဘာလတွင် စစ်အုပ်စုက အာဏာသိမ်းလိုက်သည်။ အာဏာသိမ်းပြီး မိုးညှင်း ကျောင်းသား ကျောင်းသူများကဇွဲမလျှော့သေး။ မကြောက်တမ်း ဆက်လုပ်ကြပြန်သည်။ ထိုသို့ဆက်လုပ်သည့် ကျောင်းသား ကျောင်းသူများ အယောက်နှစ်ဆယ်ခန့်အား န.၀.တက ဖမ်းချုပ်ပြီး မိုးညှင်းရဲစခန်းသို့ ဂုတ်ဆွဲ၊ ရိုက်နှက်၍ ပို့လိုက်ကြသည်။ ထိုကျောင်းသားများအား ဖမ်းဆီးထားမှုသည် မိုးညှင်းမြို့လူထုတရပ်လုံးအား စိတ်နှလုံးပူပန်သောက ရောက်စေခဲ့သော အဖြစ်ဆိုးကြီးပင် မဟုတ်ပါလား။

ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ

မိုးညှင်းမြို့၏ ပထ၀ီတည်ရှိမှုကို အခြေခံ၍ ကေအိုင်အိုက ဗျူဟာဆွဲသည်၊ အဓိကကျသည့် အရေးကြီး စဉ်းစားရမည့် အချက်တွင် ကျောင်းသားပြည်သူ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်။ ရန်သူက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက် အဘက်ဘက်မှ ၀င်ရောက်လာနိုင်သည်။ ထိုနေရာများကို အဖွဲ့များစွာ ဖွဲ့၍ ပိတ်ရမည်၊ ဆို့ရမည်၊ ကာရမည်၊ တိုက်ရမည်၊ စီမံချက်သည် လုံးဝအသေးစိတ်ကျမှ ဖြစ်မည်။ ထို့အတွက် ကျောင်းသားပြည်သူများ၏ အင်အားများစွာ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုလိုလာသည်။ စစ်အောင်နိုင်ရကြောင်း အခြေခံအချက်များစွာထဲတွင် လူထုတရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များက ပို၍ အရေးကြီးသည်။ မြောက်ဘက်ရှိ စစ်ဌာနချုပ်များရှိရာ မြစ်ကြီးနားဘက်မှ ရန်သူကိုလည်း ဂရုစိုက်ရမည်။ တောင်ဘက်က ခ.လ.ရ(၁၅)ကိုလည်း အပြတ်တွယ်ကာ ဖိထားမှရမည်။ မိုညှင်းမြို့ကို ပတ်ခွေစီးဆင်းနေသည့် နမ့်ရင်းချောင်းအနောက်ဘက် တဖက်ကမ်းမှ ၀င်လာနိုင်သည့် ရန်သူများကိုလည်း အလေးထားရမည်။ ဘူတာနှင့်ကပ်လျှက်ရှိသော ရှေတန်းရုံးက ကောင်တွေကိုလည်း အသေးစိတ်ကြည့် မျက်ခြေမပြတ် နေမှရမည်။ မြို့တွင်း ရန်သူ၏အုပ်ချုပ်ရေး ယန္တရားမှန်သမျှ အကုန်လုံးအစုံ လုံးဂရုစိုက်ရတော့မည်။ ဤနေရာ၌ တိုက်ပွဲ၏ မြောက်ပိုင်းကျောင်းသားများ အခန်းကဏ္ဏက ပို၍ အရေးကြီးလာသည်။

ဖမ်းဆီးခံ ကျောင်းသားများကို ကယ်ထုတ်ရန်ကြိုတင် ကြိုးပမ်းအားထုတ်မှုများ

ကျောင်းသားများအားကယ်ထုတ်ရန် ကိုထွန်းလွင်၊ ကိုသံချောင်း၊ ကိုကျော်ကျော်နှင့် ကိုအောင်ကြီး၊ ကိုမင်းဌေး (ရမ်ဘို-၄ ဇါတ်ကားမှ ဗီလိန်)တို့က ပထမစောလျင်စွာ ကေအိုင်အိုဗဟိုနှင့် လိုင်စင်ဒေသ၌ တွေ့ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ကိုထွန်းလွင်က မိုးညှင်းသို့ကြို၍ ဆင်းသွားသည်။ ကေအိုင်အိုအရာရှိတဦးနှင့် ကျနော်က မြို့တွင်းသို့ ရန်သူ့အခြေအနေကို လေ့လာသည်။ တပ်ရင်း၁၅ အခြေအနေကို ဘက်ပေါင်းစုံလေ့လာသည်။ မိုးညှင်းဘူတာအနီးရှိ ရန်သူအင်အားကို တွက်သည်ဆသည်။ ထိုစဉ်က ရှေ့တန်းရုံးအနားသို့ ညနေပိုင်း ကျနော်တို့ ရောက်သွားသည်။ တန်းစီချိန်ဖြစ်သဖြင့် လူစေ့တက်စေ့ကို မြင်လိုက်ရပြီ။ ရန်သူအ၀င် အထွက်လမ်းကြောင်းများကို လေ့လာသည်။ ကျနော်(ထွန်းလွင်)သည် မိုးညှင်းပြည်သူ့စစ်များနှင့် စီမံကိန်းအသေးစိတ်ကို ဒူးတိုက်ဆွေးနွေးသည်၊ အချိန်ကာလ တလအတွင်း ကြိုးပမ်းအားထုတ်သဖြင့် ရန်သူ၏ဘက်ပေါင်းစုံ အခြေအနေများကို ခြုံငုံလေ့လာမိတော့သည်။ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦးတို့ လိုင်စင်ကျောင်းသားဗဟိုမှ ဆင်းလာကြဦးမည်။

တာဝန်ခွဲဝေခြင်း

ခလရ (၁၅)ကို တွယ်မည်။ ဗျူဟာတော့ဆွဲပြီးသွားပြီ။ သဲမြေပုံများနှင့် တာဝန်ခွဲဝေကြသည်။ မြို့တွင်းသို့ ဒူကမ္ဘာ လဆန်အောင်ဝါတာဝန်ယူမည်။ တပ်ရင်း၁၅ကို ဒူကမ္ဘာဇော်တူးက တွယ်မည်။ မြစ်ကြီးနား၊ မိုးကောင်းမှ မီးရထားဖြင့်လာနိုင်မည့်ရန်သူကို ပိတ်ဆို့ဖြတ်တောက်ရန်တာဝန်ကို ဗိုလ်ဦးဝင်းနှင့်ဗိုလ်ဇော်ဦးက တာဝန်ယူကြမည်။

မြို့တွင်း နမ့်ရင်းချောင်းအနောက်ဘက်ကမ်း ရှေ့တန်းရုံးမှ ၀င်လာနိုင်သော ရန်သူများကို ဗိုလ်ထွန်းလွင်က တာဝန်ယူကြမည်။ အချုပ်စခန်းသို့ ၀င်စီးထိုးဖေါက်ရေးနှင့် ကျောင်းသားကျောင်းသားများအား ကယ်ထုတ်ရေးတာဝန်ကို ဗိုလ်ပီတာက တာဝန်ယူမည်။ ဗိုလ်စိန်အေးက မျက်စိမကောင်း၍ ဗျူဟာကုန်း၌သာ ကျန်နေရစ်တော့သည်။ ဒီ…မိုးညှင်းမြို့ ၀င်စီးသည့် တိုက်ပွဲသည် ကျောင်းသားတပ်မတော် သမိုင်းတွင် အစောဆုံးသေနတ်ပေါက်ခဲ့သည့် တိုက်ပွဲအဖြစ် မြန်မာပြည်မြောက်ဖျားက ဒေါင်းများက မနောမြေတွင် ၁၉၈၉ခုနှစ် ဖေဖေါ်ရီလလည်ပိုင်းတွင် သမိုင်းကမ္ဗည်း ရေးထိုးကြတော့မည်……. ။

စစ်ပြင်ခြင်း

အချိန်က ညမှောင်ပြီ။ မြို့ကို ကပ်တော့မည်။ ဆောင်းတွင်း အအေးဓါတ်က ကျနော် (ဗိုလ်ထွန်းလွင်)ကို နှိပ်စက်လျှက်ရှိသည်။ ရဲဘော်များက ခုန်ဆွခုန်ဆွဖြစ်နေသည်။ ကျနော်သည်လည်း အင်္ကျီအပါးလေးဖြင့် အချမ်းဒါဏ်ကို ခုခံကာကွယ်လျှက်။ ငါတို့ကျောင်းသားတွေ အရေးက ပိုအရေးကြီးသည်ဟု စိတ်ထဲတွင်တင်းထားလျှက် အအေးဒါဏ်အား စိတ်ဖြင့်ကာလျှက်။ ကေအိုင်အိုရဲဘော်များ၏ သေနတ်မောင်းထိုးသံများ ဂျောက်ဂျက်ဂျောက်ဂျက်၊ လူစစ်ဆေးနေသံများနှင့် စိတ်ထဲမှာတော့ ဂယောက်ဂယက် ဒီကောင်တွေ အရေးတော်ပုံကိုလည်းဖြိုခွဲသည်။ ငါတို့မန္တလေးဘုန်းကြီးတွေကို ပစ်သတ်သည်။ ငါတို့စစ်ကိုင်းလူထုကိုလည်းပစ်သတ် မြစ်ထဲမျှောချသည်။ ငါတို့ ကျောင်းသားများကိုလည်း ဖမ်းဆီးထားသည်။ ကျားနှင့်ဆင်တော့ လယ်ပြင်မှာ တွေ့ကြတော့မည်။ အာဏာသိမ်းစစ်ဘီလူးစောမောင်ရေ …….. ! နိုင်တုံးလုပ်ထားကွလို့သာ စိတ်ထဲကတေးနေမိသည်။

ချရတော့မည်ဆိုသည့် အသိကရင်ထဲသို့ ဆောင့်တက်လာသည့်နှယ် တလှိမ့်လှိမ့် တက်လာနေသည်။ ဆူနာမီရေလှိုင်းထက်ပင်လျှင် အဆထောင်သောင်းကြီးမားနိုင်သည်။ ဒီကောင်တွေကို ချမှရတော့မည်ဟု စိတ်ကူးအတွေးဝေစီလျှက်၊ တပ်ရင်း(၁၅)ကို ညလင်းအားကြီး နှစ်နာရီတွင် တိုက်မည်။ သတ်မှတ်ထားသော အချိန်ရောက်ရန် ကျနော်သည် စိတ်စောလျှက်၊ စိတ်မောလျှက်၊ စောင့်ရသည့်အလုပ်သည် ကမ္ဘာမှာ အပင်ပန်းဆုံးအလုပ် ဖြစ်သည့်အတွက် ကျနော်ကမချင့်မရဲ ဖြစ်နေမိသည်။ ကျနော်၏ စိတ်အရှိန်သည် အထွတ်အထိပ် အဖျားသို့ ရောက်လျှက်။ နှစ်နာရီတွင် ချတော့မည်။ ထိုးပါတော့ ဒီနှစ်နာရီဟု "တ"နေမိသည်။ နှစ်နာရီထိုးပြီ ၀င်တော့ဟု စက်မှ ပြောလာသည်နှင့် ချရတော့မည်ဟူသော စိတ်အလျင်နှင့်အတူ မြို့အတွင်းသို့ အရှိန်ဖြင့်ပြေးဝင်မိသည်။ ထိုစိတ်အလျင်၏ ရိုက်ခတ်လာသဖြင့် ၀မ်းသာကြည်နူးစိတ်များကြောင့် ကျနော်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ သူ့အလိုလိုကျဆင်းလာသည်။
ထိုစဉ်မြို့အနီးသို့ ကပ်၍၀င်ရောက်နေသော ကျနော်တို့ တပ်ဖွဲ့ကို ဆုတ်ပါဆုတ်ပါ ဟု ပြောလိုက်သံကြီးက နားထဲသို့ သံရေပူနှင့်လောင်းချနေသကဲ့သို့ ဖိစီးဝင်လာသလို အသံတွေ၊ ကျနော်၏ သေနတ်ဖျားတွင် တပ်ထားသော ချွန်မြနေသော ဘက်နက်ကို "မင်း" ဖြုတ်သိမ်းလိုက်ပါဟု ပြောဆိုနေသကဲ့သို့။ သို့လော သို့လော …။ စစ်ဆိုသည်မှာ မထင်မှတ်သောအရာများက ၀င်ရောက်လာတတ်သည်။ ဆုတ်ပါဟုပြောခြင်းကို မကျေနပ်နိုင်။ ဘေးဘီကြည့်လိုက်တော့လဲ အားလုံးက နေမြဲ။

မြို့တွင်းသို့ ၀င်ရောက် ထိုးဖေါက်တိုက်ခိုက် စီးနင်းခြင်း

ထိုစဉ် လက်နက်ကြီးသံ အုန်း … ဂျိန်းဆိုသည့် အသံများ တပ်ရင်း ၁၅ဖက်က ကြားလိုက်ရသည်။ ဂျီသရီးအသံ၏ ဒုတ်…ဒုတ်…ဒုတ် ဟုအသံများက ဖေါက်ထွက်လာသည်။ အေကေ၄၇ အသံများကလည်း ကျွက်ကျွက်ဆူလာသည်။ လက်နက်ကြီးကျသံ၊ သေနတ်ပေါက်သံများက မိုးညှင်းမြို့၏ မနက်ဦးယံကို လှုပ်ခါနိုးထစေသည်။ မြောက်ပြန်လေနှင့် အတူသယ်လာသော ကာဘိုက်ယမ်းနံ့က ကျနော်၏ စစ်သွေးစစ်မာန်ကို ဒိုင်းကနဲဆောင့်တက်စေလာသည်။ ကျနော်တို့ မြို့ဝင်မည့်တပ်ဖွဲ့သည်လည်း နော်မန်ဒီကမ်းခြေသို့ တက်၍ထိုးသော စစ်သည်များလို တရှိန်ထိုး တိုး၍ မြို့တွင်းသို့ တဟုန်ထိုး ၀င်ကြလေပြီ။

မိုးညှင်းမြို့ မြောက်ဖက်တွင် ဗိုလ်ဇော်ဦးနှင့်ဗိုလ်ဦးဝင်း ဦးဆောင်သည့်အဖွဲ့က ရန်ကင်းတံတားကိုလည်း ဖေါက်ခွဲကုန်ပြီ။ အားလုံးတိုင်ပင်ကိုက် လှုပ်ရှားကြပြီ။ ၀ုန်း … ဂျိန်း။ ဒုတ်ဒုတ်ဒုတ်ဒုတ်အသံများက ဆူကျွတ်ဆဲ။ တောင်ဖက်၊ မြောက်ဖက်အရှေ့ဖက် အနှံ့သေနတ် ပေါက်ကုန်ကြလေပြီ။ အောင်သပြေ၊ နတ်ကြီးကုန်းလမ်းကြောင်းအတိုင်း ကျနော်က နမ့်ရင်းချောင်းဘက်သို့ ဦးတည်နေသည်။ ကျနော်နှင့်အတူ ကေအိုင်အိုစစ်ကြောင်းသည်လိုက်ပါလျှက်။ ချောင်းဘက်မှ ၀င်လာနိုင်မည်ဖြစ်သော ရန်သူများတွင်သာမက ဘူတာဘေး၌ ရှိသော ရှေ့တန်းခွေးရုံးများကိုလည်း ကျနော်တာဝန်ယူထားရသည်။ ကျနော်၏ တာဝန်ကလည်း အရေးကြီးနေသည်၊ မြို့ထဲမှလျှံ လာနိုင်သည့် ရန်သူ၊ မြို့တွင်းရန်သူ ၀င်လာနိုင်သည့်လမ်းများကို ကျနော်တို့ ပိတ်ဆို့ရလေပြီ။

ရန်သူ့ သေနတ်ပစ်မိုးပေါ်ထောင်ဖေါက်သံများက တမြို့လုံးဆူညံလျှက်ရှိနေသည်။ သေနတ် ကျည်ဆံများ၏ မီးရောင်များကလည်း တလက်လက်တဖိတ်ဖိတ် ထွက်လျှက်ရှိသည်။ ကျနော်တို့ရဲဘော်ရဲဘက်များ၏ ၂၂အမျိုးအစားသေနတ် သုံးလက်၏ မီးရောင်အရှိန်များသည်လည်း ကားမီးထွန်းသည့်ပမာ အရောင်များက ဖွေးဖွေးလှုပ်လျှက်။ ကျနော်သည် ထိုနေရာမှ မြို့အ၀င် ကြိုးတံတားရှိရာသို့ ဖေါက်ထွက်သွားရသည်။ ထိုနေရာရောက်သည်နှင့် ကျနော်၏ တပ်စုကို ကမန်းကတန်း နေရာချပြန်ရသည်။ ပြီးလျှင် သံတံတားရှိရာဘက်ဆီသို့ အပြေးအလွှား သွားရပြန်သည်။ ထိုနေရာမှ ခုခံနေသောရန်သူကို ကျနော်တို့ သွား၍ ဖြိုခွင်းရပြန်သည်။ ရန်သူက ကြောက်လန့်တကြားဆုတ်ခွာသော်လည်း ကာပစ်တော့ ပစ်နေသေးသည်။ ရန်သူဆုတ်ခွာသည့်သတင်းကို ကြိုးတံတားရှိရာ ကျနော်၏ မဟာမိတ်များဘက်သို့ ထိုသတင်းပေးပို့ရန် သွားရပြန်သည်။ ရပ် … ဘယ်သူလဲ ! ဘယ်သူလဲ ! ဟု မေးသံကြားလိုက်ရသည်၊ ကျနော်၏ ရဲဘော်က ကချင်လိုပြောလိုက်သဖြင့် ကျနော့်တို့ကို စပစ်တော့သည်။ ဟိုက်!!ဟုသာအော်နိုင်သည်။ အလျှင်အမြန်ဝပ်လိုက်ရသည်။ အကွာအဝေးသည်ကား ၁၀ကိုက်မျှသာ။ ရန်သူက ကြောက်ကြောက်နှင့် ပစ်၍သာ ကျနော့်နှင့် ရဲဘော်များကို မထိခြင်းပင်။ ကျနော်က လှိမ့်၍ လှိမ့်၍ နေရာယူသည်။ လက်ပစ်ဗုံးနှင့် ပစ်ခွဲရန်ကြံစည်မိသော်လည်း အခြေအနေမပေးလိုက်။

တိုက်ပွဲဖြစ်စဉ်များသည်ကား ရူပ်ထွေးလျှက်ရှိနေသည်။ ရန်သူပစ်သော သေနတ်မီးရောင်များက ဖွာကနဲဖွာကနဲ ရဲကနဲရဲကနဲထွက်လာနေသည်။ ကျနော်က မြို့လည်ဘူတာရုံအနီးရှေ့တန်းရုံးမှ အန်ထွက်လာနိုင်မည့် ရန်သူမှန်သမျှကို ပိတ်ဆို့ကာဆီး ပစ်ရှင်း ရှင်းနေရသည်။ သေနတ်သံများကလည်း ရေနွေး ပွက်ပွက်ဆူ နေသကဲ့သို့ဖြစ်နေသည်။ အသံကိုမြှင့်လျှက် လက်သီးကိုဆုပ်ကာ … ယော်အေ့ ယော်(ကချင်စကား) (ချဟေ့ … ချကွ)ဟု ကျနော်သည် ဟစ်ကြွေးလျှက်ရှိနေသည်။ အနောက်ဘက် သံတံတားဘက်မှ ရန်သူပစ်လိုက်သည့် ကျည်ဆံမီးကျည်များသည် ကျနော်တို့ ဘက်ရှိရာသို့ တန်းကနဲတန်းကနဲ။ ကျနော်တို့ မဟာမိတ်ကလည်း ရဲရဲတင်းတင်း လမ်းမပေါ် စက်သေနတ်ကို ထောက်ကာ ရန်သူကို တဒက်ဒက်နှင့်ပစ်ခတ်နေသည်။

သေနတ်သံများကလည်း လူထုကို ဆွဲရမ်းနှိုးနေသကဲ့သို့။ မိုးညှင်းပြည်သူလူထုကြီးကလည်း သေနတ်သံများကြောင့် အိပ်မောကျရာမှ နိုးထလာကုန်ကျပြီ။ သေနတ်ပေါက်သံများက လူထုကြီးကို လှုပ်ရမ်း နိုးခါနေသည်။ ထိုခဏတွင်ပင်လျှင် အသံနက်ကြီးများ တမြို့လုံး ဟိန်း၍ ဟိန်း၍ ထွက်လာသည်။ ထိုအသံကြီးက ရန်သူကို တုန်လှုပ်ခြောက်ခြားစေသည်။ ထိုအသံနက်ကြီးက မနက်ခင်းအရုဏ်ဦးတွင် ကျယ်လောင်စွာ မြည်ဟည်းလျှက်။ ကျယ်လောင်စွာထွက်ပေါ်လျှက်။ ထိုအသံကြီးကား ရန်ငါစည်းခွဲခြားသံ။ ထိုအသံသည်ကား ရန်သူကို ပုန်ကန်သည့်အသံ။ ထိုအသံသည်ကား ….ချကွ၊ ချကွ ….ဒီကောင်တွေကို ချကြကွဟု နေအိမ်များတွင်းမှ အားပေးသံများကြားရသည်။ လူထုက အသံဖြင့် စစ်အုပ်စုကို ပုန်ကန်ကုန်ကြပြီ ….။ မိုးညင်းမြို့ကြီးကို ထိုအသံဖြင့် လှုပ်နိုးလှုပ်ခတ်လှုပ်ရမ်းသွားစေခဲ့ပြီ။

န၀တ ခလရ (၁၅)တပ်ရင်းမှူးဗိုလ်မှူးကြီး၏ ထွက်ပြေးခြင်း အဖြစ်သနှစ်

တမြို့လုံး ဒိန်းဒိန်းဒိုင်းဒိုင်းဖြစ် မိုးလုံးညံကာ ဝေသာလီပြည် ဘီလူးစီးသလို ဖြစ်နေသည်။ တပ်ရင်း(၁၅) တပ်ရင်းမှူးကြီးသည် သွေးလေ ခြောက်ခြားနေသည်။ သူသည်ပြေးပေါက်ရှာ ကြံလျှက်ရှိနေသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ကျောင်းသားပူးပေါင်းမှုကြီးက သူကိုယူနီဖေါင်းတောင် ဝတ်ချိန်မပေးနိုင်။ ဆောင်းကာလကြီးတွင် မာရသွန်အပြေးသမားတယောက် လုပ်ခိုင်းလိုက်သည်။ လန်ကွတ်တီနှင့် ဒိုးမှရတော့မည်။ သူ၏ လန်ကွတ်တီ အောက်ခံအနီရောင် ဘောင်းဘီတိုကိုပင်လျှင် မြင်နေရပြန်သည်။ မဲပြောင်ပြောင် ကိုယ်လုံးကြီးပေါ်၌ အတွင်းခံဘောင်းဘီတထည်မျှသာ တင်နိုင်တော့သည်။ တမြို့လုံး လက်နက်ကိုင်ပျောက်ကျားများ စိမ်းစိမ်းလှုပ်နေသည်။ နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက် ဟုသူတွေးမိလိုက်သည်ထင်ရဲ့။ ထိုမှစ၍ သူသည် ဖနောင့်နှင့် တင်ပါးတသားတည်းကျကာ အသကုန် ခြေကုန်သုတ်လေတော့သည်။ အဝေးမှ ပြေးလာသော ထိုမဲမဲလုံးလုံးကြီးကို (ဈေးထွက်ရောင်းလာကြသော ဈေးသည်မများက ဤသို့ မြင်၍ နောက်ပြန်ပြောပြချင်မျှသာ)ဟယ် …. ဝေလီဝေလင်းမှာ ၀ိရိယ ကောင်းလိုက်တာ ….ဟယ်၊ စောစောစီးစီးကြီး အင်္ကျီမပါဘဲ အပြေးကျင့်နေလိုက်တာ ဟု မှတ်ချက်ချနေကြသည်။ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုပေါင်းစပ်မှုကြီးက သူကို အမှုန့်ကြိတ်ကြတော့မည်၊ ပြေးနိုင်မှ လွတ်ပေတော့မည်။

သူသည်မြို့တွင်းသို့ သွေးရူးသွေးတန်း ပြေးမိရာပြေးနေသည်။ သေငယ်ဇောဖြင့် ပြေးနေသဖြင့်နောက်သို့ ပင်မလှည့်ကြည့်နိုင်တော့။ ဖနောင့်နှင့် တပ်ပါးတသားတည်းကျနေသည်။ သူသည် မိုင်ငါးမိုင်ကျော်ခရီးကို သက်လုံအပြည့် ၀ိုင်းကြီးပတ်ပတ်ပြေးနေသည်။ တံတားဂိတ်ရန်သူရဲဘော်တပ်စိတ် တစိတ်ဆီသို့ သူသည်ကြောက်လန့်တကြား မောကြီးပမ်းကြီး ရောက်လာ၍ ကျနော်တို့ပြန်အတက်လမ်းကို သွားရောက်ပစ်ခတ်ရန် အာဏာပြအမိန့်ပေးလျှက်ရှိသည်၊ အမိန့်ပေးပြီးသည်နှင့် သိုကိုယ်၌ကား ဘန်ကာထဲ၌ အချိန်မှီခုန်ချလိုက်ကာ ဇက်ပု၍ ၀ပ်၍နေသည်။

ကယ်ဆယ် လို့ရပြီ ….!

မိုးညှင်းရဲစခန်း၌ ကျောင်းသားများကို ချုပ်နှောင်ထားသည်။ ထိုကျောင်းသားများကို ကယ်ထုတ်ရန် ဗိုလ်ပီတာ စစ်ကြောင်းက တာဝန်ယူရသည်။ ရဲစခန်း၊ ကောင်စီရုံးများရှေမှ ဘန်ကာထဲက ရန်သူက ကန့်လန့်ကန့်လုပ်နေသည်။ ကျောင်းသားတပ်မတော်ဝင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားနေသည်။ ဒီကောင် တွေကိုရှင်းမှ ရတော့မည်။ ဘဇူကာ တလုံးပစ်ထည့်လိုက်သည်။ ဘဇူကာက အပေါ်သို့ ထောင်တက်ကာ ထိုဘန်ကာထဲရှိ အကုသိုလ်ကောင်များဆီသို့ တန်း၍ မတ်၍ ၀င်သွားချေပြီ။ ဒုန်း … ဂျိန်း။ ဘဇူကာသီးကြီး၏ အစွမ်းကထက်လေစွ။ စစ်ကြောင်းသည် အရှိန်ဖြင့် ထိုး၍ ရဲစခန်းဝင်းထဲသို့ အပြေးဝင်ရောက်သည်။ အချူပ်ခန်းသော့ကို သေနတ်များဖြင့် ပစ်ချိုးဖျက်စီးလိုက်ကြသည်။ သံတိုင် အချုပ်စခန်းကြား၏ ကျနော်တို့ သွေးသောက်ကျောင်းသား ရဲဘော်များ။ ငြိုးလျစွ နွမ်းဖတ်ဖတ်နှင့်သူများ။ ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများကြောင့် တချို့ကမထနိုင်။ တချို့က သံတိုင်များကို ကိုင်၍ငေး၍။ စစ်ကြောင်းဝင်လိုက်သည်နှင့် ရဲဘော်များရေထိသော ပန်းများကဲ့သို့ လန်းဖြာကုန်သည်။ ကျောင်းသားကျောင်းသူလေးများ၏ မျက်ဝန်းအိမ်များ၌ အားငယ်စိတ်။ ကြောက်ရွံ့စိတ်များမှ ၀မ်းသာကြည်နူးမှုများကို သေနတ်သံများကြားမှ တွေ့လိုက်ရသည်၊ ဗိုလ်ပီတာ၏ လက်နှင့်သူတို့လက်များ လက်ချင်းယှက်သွားကြသည်၊ သူတို့၏ လက်များက ခိုင်မြဲလို့နေပြီ။ အောင်ပြီ….။ အောင်ပြီ….။ အောင်ကြပြီဟု ကြွေးးကြော်သံများက ကျောင်းသားရဲဘော်များနှင့် ပြည်သူများ၏ နူတ်ဖျားမှ ပွင့်အံ ထွက်လာကြသည်။ ဒို့အရေး …..၊ ဒို့ အရေး အသံများကလည်း မိုးလုံးညံလျှက် ချကွ ….။ ချကွ ….။ အောင်ပြီ ….။ အောင်ပြီ ….။ ဒို့အရေး ဒို့အရေး…. တို့ပြည်သူများ အရေးပင် မဟုတ်ပါလား။

ရန်သူကိုဖမ်းဆီးရမိခြင်း

တရားရုံးထဲက စာရွက်စာတမ်းများကို မီးရှို့လိုက်သည်။ ရဲစခန်းကိုမီးတိုက်သည်။ ဒီနေရာတွေဟာ လူထုကို မတရားဖိစီးသည့် နေရာများမို့ ဤသို့ပြုကြရသည်။ ညီနောင်ကျောင်းသားများကို ခေါ်ဆောင်လာခဲ့ပြီး မလိုအပ်သော သူများအား ရဲစခန်းမှ လွှတ်ပေးလိုက်ကြသည်။ ထိုဟုန်းတောက်နေသော မီးရောင်များက မိုးညှင်းမြို့တမြို့လုံးကို ထိန်ထိန်လင်းလျှက်ရှိသည်။ ကျနော်တို့ ရည်မှန်းချက်ပြီးဆုံးပြီ။ သတ်မှတ်နေရာသို့ရောက်အောင် စစ်ကြောင်းက အမြန်ဆုတ်ခွာကြကုန်လေပြီ်။ ကျနော်သည်လည်း တောင်ခြေဘက်သို့ဦးလှည့်၍ စစ်ကြောင်းများနှင့် နောက်ကြောင်းပြန်ဆုတ်ခွာသည်။ တောင်ခြေစပ်ကလေးတနေရာသို့ ရောက်သွားသည်။ ထိုနေရာ၌ ဗိုလ်မှူးသိန်းတင့် အူယာဖားယားပြေး၍ ပစ်ရန်အမိန့်ပေးခဲ့သော တံတားထိပ် တပ်စိတ်မှရန်သူ သုံးကောင်ကို တွေ့လိုက်ရသည်။ ကျနော်က ဟိတ် … ! လက်နက်ချ၊ လက်နက်ချ ဟု အော်ပြောသည်။ ထိုသုံးယောက်သည် ကြောက်ဒူးများတုန်လှုပ်ရှိနေသည်၊ သူတို့၏ မျက်နှာသည် ကြောက်ရွံမှုများကြောင့် ဘီးလူးသံပုရာသီး ကျွေးသကဲ့သို့ဖြစ်နေသည်။ ကျနော်တို့ ကျောင်းသားတွေပါ ခင်ဗျားတို့ အသက်တွေကို ကျနော်တို့ လုံးဝအာမခံတယ်ဟု အော်ပြောနေသော ကျနော့်ကို သုံ့ပန်းပေါ်လစီကို နားမလည် မသိသေးသော ကေအိုင်အေရဲဘော်များက ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။ ကျနော်က လမ်းမကြီး၌တကိုယ်လုံးပေါ်၍ ထွက်အော်နေသည်။ ဘာအကွယ်မှမရှိ။ ထိုကြောင့် ကေအိုင်အိုရဲဘော်များက ကျနော်တို့ကျောင်းသားများ၏ ရဲတင်းမှုကို အံ့သြလျှက်ကြည့်နေသည်။ တပ်ကြပ်ကြီးတဦးနှင့် တပ်ကြပ်နှစ်ယောက် သစ်ပင်အကွယ်မှ ထွက်လာကြသည်။ ဂျီသရီး၊ ဂျီဖိုးသေနတ်များကိုင်ဆောင်လျှက်။ ကျနော်၏ ရှေ့ ဒေါက်ထောင်လျှက်သား လက်နက်လာချသည်။ ကျောင်းသားများအပေါ် ယုံကြည်ကိုစားလွန်း၍ သူ့အသက်၏အရံ လက်ပစ်ဗုံးကိုပင် သူ့အိတ်ထဲ၌ နိုက်ယူသွားရန် ဆိုခဲ့သည်။ ထိုမှစ၍ သူတို့တပ်ရင်း(၁၅)တပ်ရင်းမှူးကြီး၏ ဖြစ်အင်သနစ်ကို ကျနော်တို့ သူတို့ထံမှ စုံလင်စွာသိလိုက်ရသည်။ သူတို့တပ်ရင်းမှူးကြီးတောင် အသကုန်ပြေးမှတော့ဖြင့် သူတို့သည်လည်း ဤကဲ့သို့ လက်နက်ချရလေပြီ။ ပြည်သူ့ချဉ်ဖတ် ရဲအလောင်းများသည်လည်း မီးစက်ဝင်းထဲမှာ ပိုးလိုးပက်လက် မြင်ခဲ့ရသည်။

ကျနော်တို့အဖွဲ့များသည် အောင်ပွဲရခဲ့သည့် စစ်သည်တော်ကြီးများပမာ ဆုတ်ခွာလာခဲ့ကာ နှုတ်မှတော့ "တိုင်းပြည်ကို… ရှေ့ဆောင်ကာ… တို့ကျောင်းသားတွေသည်… စံနမူနာတင်… ကျောင်းသား သမဂ္ဂတို့ဖြစ်သည် ကမ္ဘာတ၀ှမ်းမှာ … မြန်မာစွမ်းတာ … မော်ကွန်းတင်ပါမည်၊ ဒို့တတွေသွေးစည်းမည်။ မြန်မာပြည်ဆိုင်ရာ … ကျောင်းသားသမဂ္ဂသည်…ရာဇ၀င်တင်လောက်ပေသည်… တော်လှန်ရာတွင် ရှေ့ကပင်ဦးစီးသည် သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့ပေသည်၊ ကိုယ်ကျိုးအတွက်ဆို…. မငဲ့ကွက်နိုင်ပါသည် ကျောင်းသားများရဲ့ … ကောင်းကျိုးတွေကို…ထမ်းရွက်မည်…….။ "ကျောင်းသားသမဂ္ဂ"သီချင်းဆိုသံများသည် မိုးညှင်းအရှေ့ တောတောင်တခွင်လုံးကို ရိုက်ခတ်သွားသည်။ အချုပ်ခန်းထဲမှ ရရှိခဲ့သော ရိုင်ဖယ်သေနတ် ဖေါက်သံများကလည်း "ကျောင်းသားသမဂ္ဂ"သီချင်းကို ဘရာဇီးတွေ တီးခတ်သည့် ဆမ်ဘားတေးဂီတလို နရီစည်းဝါးလိုက်လျှက်နေသကဲ့သို့ပင်… ရှိလေ၏။

စစ်ထွက်တော့မည့် မြောက်ပိုင်း ခွပ်ဒေါင်းစစ်သည်တော်များ

မားမားမတ်မတ် ထိုးထိုးထောင်ထောင် ရှိသော မနောမြေ စိမ်းညှိ့ညှိ့တောင်တန်းကြီးများက ကျနော်တို့ကို ရင်ဖွင့်၍ ကြိုဆိုနေသည့်နှယ်၊ မိုးညှင်းနမ့်ရင်းချောင်းကြီးသည်လည်း သာယာသော အလျင်အဟုန်ဖြင့် စီးဆင်လျှက်၊ ကျနော်တို့သည်လည်း အေးမြ၍ လွတ်လပ်စိမ်းစိုသော တောရိပ်တောင်ရိပ်၏ ရင်ခွင်သို့ ခိုလှုံမိကြသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုကျောင်းသားများ၏ အစွမ်းထက်လှသော လက်စောင်း ကို န.၀.တ ကောင်းကောင်ကြီး ခံစားလိုက်ရချေပြီ။ မိုးညှင်းတရားရုံး၊ ရဲစခန်းများမှ ထွက်ပေါ်လာသော မီးခိုး မှိုင်းမှိုင်းကြီးများက သက္ကရာဇ်၁၉၈၉ရဲ့ ဖေဖေါ်ဝါရီလ ကောင်းကင်တိမ်တိုက်များ အကြား အမှန်တရားကို ရေးချယ်နေသလို မနောမြေတောင်တန်းများပေါ်မှ သမင်လည်ပြန်ကြည့်မိတဲ့ ကျနော်တို့ မြင်တွေ့လိုက်ရသည်။

ထိုနေ့က ကေအိုင်အိုနောက်တန်း တပ်ရင်း(၅)မီးပုံပွဲကြီး၏ စစ်ဇောမာန်တက်နေတဲ့ မီးရောင်အရှိန်များဟာ တတောလုံးတတောင်လုံး လင်းထိန်လျှက် ရှိလို့နေသည်။ ကျနော်တို့ ကချင်ပြည်ကျောင်းသားများသည် အောင်သေအောင်သား စားလျှက်၊ ပျော်လျှက်၊ မော်လျှက်။

ဒါတွေသည် စစ်အာဏာရှင်တွေကို အန်တုမည့် အနှစ်၂၀ကျော် ဒီမိုကရေစီ ခရီးရှည်ကြီးရဲ့ အစလို့ အဲဒီအချိန်က ကျနော်တို့ မတွေးမိသေးတာတော့ အမှန်ပါ။

တိုက်ချိန်တန်ပြီ

တိုက်ချိန်တန်ပြီ
ဒေါက်တာလွဏ်းဆွေ(၂၀၀၆ ခုနှစ် ဇွန်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

၁၉၈၈ခုနှစ် သြဂုတ်လ(၈)ရက်နေ့ကစပြီး မြန်မာပြည်အနှံ့ မြို့နယ်ဒေသအသီးသီးမှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံ ချီတက်ဆန္ဒပြပွဲကြီးဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှာ အရှိန်အဟုန် တော်တော် မြင့်မားလာခဲ့တယ်။ မဆလအစိုးရလက်ထဲမှာ အာဏာစက်ဆိုတာ လုံးဝမရှိတော့သလောက် ဖြစ်နေပြီ။ မြို့တိုင်းနယ်တိုင်းမှာ သံဃာတော်တွေနဲ့ သပိတ်ကော်မတီဝင်တွေ လက်တွဲပြီး အုပ်ချုပ်နေကြရတယ်။ အဲဒီအချိန်အထိ စစ်တပ်က ဘယ်ဘက်ကိုမှ ၀င်မပါဘဲ ကြားနေခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ စုပေါင်းပြီး မဆလအစိုးရထံ ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ တောင်းဆိုနေခဲ့တယ်။ မဆလအစိုးရဟာ အာဏာစက် မရှိတော့ပေမယ့် အတိုက်အခံတွေ တောင်းဆိုတာကိုလည်း မလိုက်လျောဘဲ တင်းခံနေခဲ့တယ်။ အဲဒီလို တောင်းဆိုရင်းနဲ့ ဆန္ဒပြတဲ့ ရက်တွေ ရှည်ကြာလာခဲ့ပြီး တိုက်ပွဲက အီလည်လည် ဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာ ၁၉၆၂ ခုနှစ်က အာဏာရှင် ဗိုလ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုက သူ့ဆီက ဗိုလ်နေ၀င်း လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ နိုင်ငံတော်အာဏာကို ပြန်လည်ရယူလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ(၉)ရက်နေ့မှာ ကြေညာလိုက်ပြီး အစိုးရအဖွဲ့စာရင်းပါ တပါတည်း ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲကို (၆)လအတွင်း ကျင်းပပေးမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအကင်းပါးသူက မဆလအစိုးရရဲ့ သမ္မတဖြစ်တဲ့ ဒေါက်တာမောင်မောင်လို့ ပြောရမယ် ထင်ပါတယ်။ ဒေါက်တာမောင်မောင်ဟာ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ခြေလှမ်းကို ချက်ချင်း ရိပ်မိတယ်။ ဦးနုအစိုးရအဖွဲ့ ကြေညာတာကို ပြည်တွင်းက အဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံတကာက တပြိုင်နက်ထောက်ခံလိုက်ရင် သူ့ရဲ့မဆလအစိုးရ ပြုတ်ကျတော့မယ် ဆိုတာကို လုံးဝသဘောပေါက်တယ်။
အဲဒီလို သဘောပေါက်တဲ့အတွက် ပြည်တွင်းပြည်ပက ဦးနုရဲ့ အစိုးရအဖွဲ့ကို ထောက်ခံသင့်မသင့် ချိန်ဆနေကြချိန်မှာပဲ ဒေါက်တာမောင်မောင်ဟာ ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူတဲ့အကြောင်း အလျင်အမြန် ကြေညာခဲ့တယ်။ အဲဒီအချိန်တုန်းက ဆန္ဒပြပွဲတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတုကြီးကို ဒေါက်တာမောင်မောင် တယောက် အရေးပေါ် ကျင်းပပြီး မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ရတယ်။ ဘယ်လောက်တောင် ရုပ်ပျက်သလဲဆိုရင် ဒေါက်တာမောင်မောင် မိန့်ခွန်းပြောတာကိုပဲ ရိုက်ကူးပြီး အရင်လွှတ်တော်အစည်းအဝေးတွေတုန်းက တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပုံတွေနဲ့ ဖြတ်ညှပ်ကပ်လုပ်ပြီး လွှင့်ထုတ်ခဲ့တာပါ။ ဒါကိုကြည့်ရင် ဒေါက်တာမောင်မောင်ဟာ ဦးနုရဲ့ တိုက်ကွက်ကို အလွန်ပဲ စိုးရိမ်ထိတ်လန့်တယ်ဆိုတာ ပေါ်လွင်တယ်။
ဒါပေမယ့် ဦးနု အဲဒီလို စင်ပြိုင်အစိုးရအဖွဲ့ ကြေညာတာကို အတိုက်အခံတွေထဲမှာ တချို့အဖွဲ့တွေ၊ တချို့ခေါင်း ဆောင်တွေက ပွဲလန့်ဖျာခင်းတယ်လို့ အထင်အမြင်မှားပြီး မထောက်ခံတဲ့အတွက်ကြောင့် ဦးနုရဲ့ စင်ပြိုင်အစိုးရဖွဲ့စည်းမှု တိုက်ကွက်ဟာ အောင်မြင်မှုမရဘဲ ဖြစ်ခဲ့ရတယ်။ တကယ်တော့ ဦးနုဟာ အာဏာမက်မောလို့ မဟုတ်ဘဲ အီနေတဲ့ ဆန္ဒပြပွဲကြီးကို အဆုံးသတ်ပေးဖို့ နိုင်ငံရေးအဆင့်တဆင့် မြှင့်လိုက်တာပါ။ အာဏာမမက်မောလို့လည်း (၆)လအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပါတည်း ကြေညာခဲ့တာပါ။ အတိုက်အခံအဖွဲ့တွေ အားလုံးကသာ တညီတညွတ်တည်း ထောက်ခံမှုပေးခဲ့ရင် အဲဒီအချိန်ကတည်းက မဆလအစိုးရ ပြုတ်ကျပြီး ပြည်သူလူထုက တင်မြှောက်တဲ့ အရပ်သားအစိုးရ စောစီးစွာ ပေါ်ထွန်းခဲ့မှာပါ။အဲဒီတိုက်ကွက်ကို ဒေါက်တာမောင်မောင်က သိမြင်ပြီး ဦးနု အစိုးရဖွဲ့တာ မအောင်မြင်အောင် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးမိန့်ခွန်းမှာ (၃)လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရအောင်လို့ မက်လုံးပေး ပြောကြားခဲ့ရတာပါ။ ဒါပေမယ့် အတိုက်အခံတွေဘက်က ဦးနုစင်ပြိုင်အစိုးရကိုလည်း တညီတညွတ်တည်း မထောက်ခံ၊ ဒေါက်တာမောင်မောင် မက်လုံးပေးတာကိုလည်း လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့ပေးဖို့သာ ဆက်လက် တောင်းဆိုနေခဲ့တယ်။ အဲဒီလို ဆက်လက် တောင်းဆိုနေစဉ်မှာပဲ သူခိုးလက်က သူဝှက်လု ဆိုသလို နိုင်ငံတော် အာဏာကို န၀တစစ်အုပ်စုက လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ကြားနေနေတဲ့ စစ်တပ်က အာဏာသိမ်းရဲသွားတဲ့ အကြောင်းအရင်းတွေထဲမှာ အတိုက်အခံအုပ်စုတွေ ညီညွတ်မှု မရှိတော့တာကို သိရှိသွားတာကလည်း အဓိက အချက်အနေနဲ့ ပါဝင်မယ်လို့ ယူဆပါတယ်။ ဒီကနေ့ အချိန်ထိလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံ အုပ်စုတွေကြားမှာ အဓိကဖြစ်နေတဲ့ ပြဿနာက ညီညွတ်မှုမရှိဘဲ တယောက်တပေါက် ထင်ရာမြင်ရာ လုပ်နေကြတဲ့ ကိစ္စပါပဲ။ အဲဒီအချက်ကို နအဖက အခွင့်ကောင်းယူ အုပ်ချုပ်နေတာပါ။
တကယ်က ဦးနုစင်ပြိုင်အစိုးရ ကြေညာတာကို မထောက်ခံသည့်တိုင် အတိုက်အခံ ခေါင်းဆောင်တွေ ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းကြေညာနိုင်ခဲ့ရင်လည်း မဆလအစိုးရ ပြုတ်ကျမှာ သေချာပေါက်ပါ။ အဲဒီလို စင်ပြိုင်အစိုးရ ကြေညာပြီး ‘တိုက်ရမှာ’ကို ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ ‘တောင်းနေရင်း’နဲ့ ညီညွတ်မှု ပြိုကွဲပြီး န၀တကျားဆွဲတာကို ခံလိုက်ရတာပါ။ ဒါက ပထမဆုံးအကြိမ် တောင်းဆိုရင်းနဲ့ ကျရှုံးခဲ့ရတဲ့ နစ်နာဆုံးရှူံးမှုကြီး တခုပါ။
ဒုတိယအကြိမ် တောင်းဆိုရင်းနဲ့ ဆုံးရှူံးခဲ့ရတဲ့ နစ်နာမှုကတော့ ၁၉၉၀ပြည့် ဇူလိုင်လ (၂၈၊၂၉)ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဂန္ဓီခန်းမ အစည်းအဝေးမှာဖြစ်ပါတယ်။ ၁၉၉၀ပြည့်နှစ် မေလ (၂ရ)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ စုံညီစွာ တက်ရောက်ကြတဲ့ အစည်းအဝေးပွဲပါ။ အဲဒီအချိန်မှာ န၀တ စစ်အုပ်စုကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ရဲ့ ၈၀ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး အစိုးရအဖွဲ့ ကြေညာမှာကို စိုးရိမ်ကြောက်လန့်လို့ ၁/၉၀ အမိန့်ကြေညာချက်ကို ဇူလိုင်လ (၂၇)ရက်နေ့မှာ တရက်ကြိုတင်ထုတ်ပြန်ပြီး ဟန့်တားခဲ့တာ ဖြစ်တယ်။ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ ကြေညာရင် တခဲနက် ထောက်ခံအားပေးဖို့ ဂန္ဓီခန်းမ အပြင်ဘက်မှာ စုရုံးရောက်ရှိနေခဲ့တယ်။ ဒါပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင်တွေက ပြည်သူ့လွတ်တော်ခေါ် ယူပေးဖို့ပဲ တောင်းဆိုခဲ့လို့ ပွဲသိမ်းမယ့် အခွင့်အရေးတခု ဆုံးရှူံးခဲ့ပြီး လူထုကြီးရဲ့ မျှော်လင့်ချက်တွေ မပြည့်ဝဘဲ ဖြစ်ခဲ့ရပါတယ်။
န၀တ စစ်အုပ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ ကြေညာမှာကို စိုးရိမ်ထိတ်လန့်ပြီး ၁/၉၀ကို အရေးပေါ် ထုတ်ပြန်ခဲ့တယ်ဆိုတာ အဲဒီအမိန့်ကြေညာစာ အပိုဒ်(၁၅)မှာပါတဲ့ ‘လွတ်လပ်ရေး ရရှိခဲ့ကြသည့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင် ရပြီးမှသာ တိုင်းပြည်ပြည်ပြု လွှတ်တော်ကို ခေါ်ယူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြသည့် အစဉ်အလာရှိသည်’ ဆိုတဲ့ စာကြောင်းကို ဖတ်ကြည့်ရင် သိသာထင်ရှားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာ (၄၈၅)နေရာမှာ (၃၉၂) နေရာရရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်း ကျော်တဲ့အတွက် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ ကျင့်ထုံးအတိုင်း အစိုးရတရပ်ကို ခိုင်မာစွာ ဖွဲ့စည်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် န၀တ ခြောက်လှန့်တဲ့ ၁/၉၀ကို လိုက်နာပြီး ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုသာ တောင်းဆိုခဲ့လို့ ဒုတိယအကြိမ်မြောက် ပွဲသိမ်းမယ့် အနေအထားကို လက်လွှတ်ခဲ့ရတဲ့ နစ်နာဆုံးရှူံးမှုကြီး ဖြစ်ခဲ့ရတာပါ။
အဲဒီနောက်မှာတော့ စစ်အုပ်စုက ဆက်တိုက်ဖိနင်းလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုခဲ့သမျှကို အကြိမ်ကြိမ် လစ်လျူရှုခဲ့တာ ဒီကနေ့အထိပါပဲ။ နအဖဘက်က သဘောထား တင်းမာဆဲဖြစ်ပြီး ဆက်လက် ဖိနှိပ်မြဲ ဖိနှိပ်နေပါတယ်။ အလျှော့ပေးမယ့် အရိပ်အယောင် လုံးဝမတွေ့ရဘဲ မိုက်တွင်းနက်နက် ဆက်တူးဖို့ ပြင်နေတာကိုသာ တွေ့နေရပါတယ်။ ဒီမိုကရေစီတိုက်ပွဲကို (၁၇)ကျော်ကြာတဲ့အထိ အပြီးမသတ်နိုင်သေးတဲ့ အတွက်လည်း ပြည်သူတွေ အတိဒုက္ခ ရောက်သထက် ရောက်နေကြရပါပြီ။ ပြည်သူတွေကတော့ အတုံးအရုံးလည်း သေခဲ့ပြီးပါပြီ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်လည်း ဆန္ဒပြခဲ့ပြီးပါပြီ။ အခွင့်အာဏာကုန်ပေးတဲ့ အနေနဲ့လည်း တခဲနက် မဲပေးခဲ့ကြပြီးပါပြီ။ အခုလည်း နအဖကို အားမတန် မာန်လျှော့ပေမယ့် တိတ်တဆိတ် ဆန့်ကျင်လျက်ပါပဲ။
မြန်မာပြည်လူထုလောက် တော်လှန်ရေးမှာ တာဝန်ကျေတဲ့ ပြည်သူတွေတော့ ကမ္ဘာမှာ ရှိမယ်မထင်တော့ပါဘူး။ ဒါကလည်း ပြည်သူတွေကို အပြစ်ဖို့ချင်တဲ့ လေသံတွေ ကြားကြားနေရလို့ ပြောရတာပါ။ အဲဒီတော့ ပြည်သူတွေ ထပ်သေမှာစိုးလို့ တွေ့ဆုံဆွေးနွေး ရေးလမ်းစဉ်နဲ့ အဖြေရှာဖို့ ကြိုးစားနေတာပါဆိုတဲ့(လက်ရှိအပြင်မှာ ဦးဆောင်နေတဲ့) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို (၁၇)ကျော် ကြာလာတဲ့အခါမှာ ပြည်သူတွေသေမှာ စိုးတာလား ခေါင်းဆောင်တွေကိုယ်တိုင် မစွန့်စားချင် (risk မယူချင်)တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။
စစ်အုပ်စုထံကို တောင်းဆိုနေတဲ့ လမ်းစဉ်ဟာ ထိရောက်မှု မရှိဘူးဆိုတာကို (၁၇)ကျော်ကြာ တိုက်ပွဲကာလက သက်သေပြခဲ့ပါပြီ။ ဒုက္ခအ၀၀ကို ခါးစည်းခံနေရတဲ့ လူထုကို ငဲ့ညာတဲ့အနေနဲ့ တိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ တောင်းတဲ့ လမ်းစဉ်ကို ရပ်သင့်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အနေနဲ့ တောင်းတဲ့ လမ်းစဉ်အစား စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေညာစာအမှတ် ၁/၉၀ အပိုဒ်(၁၅)ပါ စာသားအတိုင်း အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင် ရပြီးမှ လွှတ်တော်ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် အစိုးရအဖွဲ့ကို အရင်ကြေညာပြီး ပြတ်ပြတ်သားသား တိုက်ပွဲဝင်သင့်ပြီလို့ ထင်မြင်မိပါကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။

A

B

C

The Kitchen မီးဖိုချောင်